တပ်သားလေး ဖိုးထောင် 🇲🇲🪖
Kanalga Telegram’da o‘tish
အောက်ခြေရဲဘော်များကို စာနာသောအားဖြင့် သတင်းတင်မည်။ စစ်မြေပြင်သတင်းမှန်များ ဖတ်ရှုနိုင်ပါသည်။ 🇲🇲🪖
Ko'proq ko'rsatish8 297
Obunachilar
Ma'lumot yo'q24 soatlar
-417 kunlar
-16630 kunlar
Postlar arxiv
Repost from K S News
တရုတ်ပြည်သူ့သမ္မတ နိုင်ငံသတင်း
တွေလည်း တက်နေတယ်။
Crd
What happened in China
---------------------------
တရုတ်ပြည်က သတင်းတွေဟာ ဒီနေ့မှာ တကမ္ဘာလုံးက စောင့်ကြည့်ရတဲ့အခြေအနေထိ ဖြစ်လာနေပါတယ်။ စစ်ကော်မရှင်မှာ ဗိုလ်ချုပ်တယောက်ပဲ ကျန်ပြီး ကျန်တဲ့သူအကုန်ကို ရှီက ထိန်းသိမ်းစွန့်ပစ်လိုက်တဲ့အနေအထားပါပဲ။ ဒီဟာတွေက ဘယ်လိုဖြစ်လာတာလဲဆိုရင် ရှီကျင့်ပင်ရဲ့ တတိယသက်တမ်း ဆက်ယူမှုက စတင်လာတာပါပဲ။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ( PRC) ကို ၁၉၄၉ မှာ မော်စီတုန်းက စတင်တည်ထောင်ခဲ့ပါတယ်။ မော် ကွယ်လွန်ပြီးနောက်ပိုင်း တရုတ်ခေါင်းဆောင်တွေဟာ အပြောင်းအလဲဆက်တိုက်ရှိခဲ့ပါတယ်။ သမ္မတရဲ့ သက်တမ်းဟာ ၂ ကြိမ်ပဲရပါတယ်။ စုစုပေါင်း ၁၀ နှစ်ပါ။ ရှီကျင့်ပင်က ဒါကို ပြောင်းလဲပစ်လိုက်ပါတယ်။ ခြေဥတွေ ပြောင်းလဲတယ်။ သူ့ရဲ့ ဒသနတွေကို ခြေဥထဲကို ထည့်သွင်းပစ်ခဲ့တယ်။ မော်စီတုန်းပြီးတဲ့နောက် ဒါမျိုးလုပ်နိုင်ခဲ့တဲ့ တဦးထဲသော တရုတ်ခေါင်းဆောင်ဖြစ်လာပါတယ်။ အကြွင်းမဲ့အာဏာကို ရယူလိုက်တယ်။ ကွယ်လွန်တဲ့အချိန်အထိ အာဏာကို ဆုတ်ကိုင်ခဲ့တဲ့ မော်စီတုန်းလိုမျိုး သူက လုပ်ဖို့ပြင်ဆင်လိုက်ပါတယ်။ ဒါပေမယ့် သူဟာ မော်စီတုန်းလို တရုတ်ပြည်ကို တည်ထောင်ခဲ့သူ မဟုတ်ခဲ့ပါဘူး။
သမ္မတဟောင်း ဟူကျင်တောင်ကို လူပုံအလယ်က ဆွဲထုတ်မှုအပါအဝင် အာဏာပြမှုတွေ၊ လာဘ်စားတယ်ဆိုပြီး ပြိုင်ဖက်များစွာကို ရှင်းလင်းကာ အာဏာတည်ဆောက်ခဲ့မှုတွေ၊ သမ္မတ၊ စစ်တပ်သေနာပတိ၊ ပါတီအတွင်းရေးမှူး အစရှိတဲ့ရာထူးအကုန်ယူထားပြီး အကြွင်းမဲ့အာဏာကို ချုပ်ကိုင်မှု၊ စစ်တပ်ထဲက အရာရှိများစွာကို ဖယ်ထုတ်မှုတွေကြောင့် မကြေလည်မှုတွေက ရှိပါတယ်။ ဒါ့အပြင် CCP ပါတီထဲမှာကို ရှီရဲ့ အကြွင်းမဲ့အာဏာ ချုပ်ကိုင်ထားမှုကို မလိုလားပဲ တိန့်ရှောင်ဖိန်တို့ ခေတ်ကလို စုပေါင်းခေါင်းဆောင်မှုနဲ့ ခရီးဆက်ချင်တဲ့ အင်အားစုတွေဟာ တိတ်တဆိတ်လှုပ်ရှားနေခဲ့တာပါ။
ရှီဟာ လွန်ခဲ့တဲ့ ၁၀ စုနှစ်မှာ အလွန်တန်ခိုးထွားလာခဲ့ပြီး တရုတ်ပြည်ကို စူပါပါဝါအဆင့်ရောက်တဲ့အထိ တည်ဆောက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် တတိယသက်တမ်းမှာတော့ ပြည်တွင်းမှာ စီးပွားရေးကျဆင်းမှုတွေ၊ အလုပ်လက်မဲ့နှုန်းတွေ မြင့်တက်လာမှု အစရှိတဲ့ ပြသနာတွေအပြင် အာဏာလွန်ဆွဲပွဲတွေ တစစဖြစ်ပေါ်လာခဲ့တာဖြစ်ပါတယ်။ ထိုင်ဝမ်အရေးအခင်း၊ အမေရိကန်နဲ့ ပြသနာတွေ၊ ဂျပန်နဲ့ စစ်ရေးတင်းမာမှုတွေကြောင့် ရှီရဲ့ နေရာကို အစားထိုးဖို့ ပါတီတွင်းမှာ ကြိုးစားသူတွေရှိလာပါတယ်။
မနှစ်က ဧပြီလလောက်ကစပြီး စစ်ကော်မရှင် ဒုဥက္ကဌ( မြန်မာပြည်မှာဆို ဒုကာချုပ်) အဆင့်ရှိတဲ့ ဗိုလ်ချုပ်ကြီး Zhang ဟာ ရှီကျင့်ပင်ကို ဖြုတ်ချမယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်ပေါ်ထွက်လာပါတယ်။ အောက်တိုဘာမှာ ကျင်းပမယ့် တရုတ်ကွန်မြူနစ်ပါတီရဲ့ အစည်းအဝေးမတိုင်ခင်ထိ ဒီသတင်းတွေဟာ ကျယ်လောင်နေခဲ့ပါတယ်။ ဒါပေမယ့် ပါတီအစည်းအဝေးမှာတော့ ဘာမှမဖြစ်ပဲ ပြီးသွားခဲ့ပြီး ဒီသတင်းတွေလဲ ငြိမ်သက်သွားခဲ့ပါတယ်။ ဒီအစီအစဉ်မဖြစ်နိုင်တော့ဘူးထင်ပေမယ့် အတွင်းမှာ ကြိတ်ဖြစ်ပွားနေခဲ့ပုံရပြီး ဇန်နဝါရီလ ၁၈ ရက်နေ့မှာတော့ ဒီပြသနာဟာ ပွင့်ထွက်ခဲ့ပါတယ်။
ရှီက အတွင်းသူလျိုတွေကနေတဆင့် အာဏာသိမ်းမှာကို ကြိုသတင်းရခဲ့ပါတယ်။ သူက ကြိုတင်ပြီး ကျန်းမာရေးကြောင့် ဆေးကုသမှုခံယူနေရသယောင် သတင်းလွှင့်ခဲ့ပါတယ်။ ဒီအချိန်မှာ ဗိုလ်ချုပ်ကြီးတွေဘက်က လှုပ်ရှားလာခဲ့ပြီး အာဏာသိမ်းဖို့ ပြင်ဆင်နေပါတယ်။ အာဏာသိမ်းပြီးရင် တိုင်းပြည်ကို ကြေညာမယ့် Slogan ပါ ပြင်ဆင်ထားပါတယ်။ အဲဒါကတော့ For the Nation, For the Party ပါတဲ့။ ဒါပေမယ့် အဲဒီအချိန်မှာပဲ ရှီရဲ့ တပ်ဖွဲ့ဝင် ၂၀၀၀၀ ခန့်ရှိတဲ့ သစ္စာခံတပ်က ဗိုလ်ချုပ်ကြီး Zhang ရှိတဲ့ Hotel ကို ဝင်စီးပြီး ဖမ်းဆီးနိုင်ခဲ့ပါတယ်။ နှစ်ဘက် အကျအဆုံးတွေရှိခဲ့ပါတယ်။ ထို့အတူ Chief of Staff ဗိုလ်ချုပ်ကြီး Liu Zhenli ကလဲ တပ်အချို့ကို ဘေဂျင်းကို ချီတက်ဖို့ အမိန့်ပေးထားခဲ့ပါတယ်။ ဒါပေမယ့် အဲဒီနောက်မှာ တပ်ရွှေ့ပြောင်းမှုတွေကို ရပ်တန့်လိုက်တယ်လို့ သတိရပါတယ်။ အဲဒီနောက် ကောလဟာလလိုလိုသာ ပြောနေကြပေမယ့် ၂၄ ရက်နေ့မှာတော့ စစ်ကော်မရှင်က ဗိုလ်ချုပ်ကြီး Zhang နဲ့ Liu အပါအဝင် ထိပ်တန်းစစ်အရာရှိတွေကို ဖမ်းဆီးစစ်ဆေးနေတယ်လို့ တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက တရားဝင်ကြေညာခဲ့ပါတယ်။
တရုတ်ပြည်လို သတင်းအမှောင်ချပြီး လျို့ဝှက်တဲ့တိုင်းပြည်က သတင်းတွေ သိရဖို့က ခက်ခဲလှပါတယ်။ သူတို့ရဲ့ ထုတ်ပြန်ချက် တစွန်းတစကိုသာ ကြည့်ပြီး ကမ္ဘာက လေ့လာရတာပါ။ မနေ့ကတော့ ဗိုလ်ချုပ်ကြီး Zhang ဟာ နူကလီးယားလျို့ဝှက်ချက်တွေကို အမေရိကန်ကို ပေးပို့ခဲ့တယ်လို့ သတင်းတွေ ထွက်လာပါတယ်။ တရုတ်ပြည်ရဲ့ ဒုတိယရာထူးအကြီးဆုံးသူက ဒီလိုလုပ်တယ်ဆိုတာ အံ့အားသင့်စရာပါပဲ။ အများစုက မယုံကြည်ကြပဲ ရှီက Zhang ရဲ့ ဂုဏ်သတင်းကို ချေဖျက်ချင်လို့ ထုတ်လွှင့်တယ်လို့ ယူဆကြပါတယ်။ Zhang ဟာ အသက် ၇၅ နှစ်ရှိပြီဖြစ်ပြီး ရှိရဲ့ အယုံကြည်ရဆုံး ညာလက်ရုံးပါ။ ၁၉၇၉ ခုနှစ် ဗီယက်နမ်စစ်ပွဲမှာလဲ စစ်တိုက်ခဲ့ဖူးသူဖြစ်ပါတယ်။ အခုဆို တရုတ်စစ်တပ်ထိပ်ပိုင်းမှာ စစ်တိုက်ခဲ့ဖူးတဲ့ ဗိုလ်ချုပ်တယောက်မှ မရှိတော့ပါဘူး။
စစ်သုံ့ပန်း ၅၀၀ ကျော်ကို ကိုးကန့်လက်နက်ကိုင်အဖွဲ့ ပြန်လွှတ်
ဇန်နဝါရီ ၂၆၊ ၂၀၂၅။
NN(VOM)
အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားတဲ့ ကိုးကန့်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း ၅၀၀ ကိုမနေ့က ပြန်လွှတ်ပေးလိုက်ပါ တယ်။
တရုတ်ရိုးရာ “တာကျောင်းမဟာပူဇော်ပွဲ” ကာလအတွင်း လူသားချင်း စာနာမှုအရ အခုလို လွှတ်ပေးလိုက်တာလို့ ကိုးကန့်တပ်ဖွဲ့က ဆိုပါတယ်။
ပြန်လွှတ်ပေးလိုက်တဲ့သူတွေကို အစိုးရထိန်းချုပ်ထားတဲ့ လားရှိုးမြို့ပေါ်ကို ပြန်ပို့ပေးမယ်လို့ သိရပါတယ်။
“လွှတ်တဲ့အထဲပါတဲ့သူတွေတော့ ဖုန်းဆက်လာကြတယ်။ ကျွန်မတို့အိမ်ကတော့ ပါမပါ မသိသေးဘူး။ အဆက်အသွယ် မရသေးဘူး” လို့ စစ်သုံ့ပန်း မိသားစုဝင်တယောက်က ပြောပါတယ်။
စစ်သုံ့ပန်း ၅၀၀ အပြင် အကျင့်စာရိတ္တကောင်းမွန်ကြောင်း ပြသနိုင်သူ အကျဉ်းသား ကိုးယောက်နဲ့ အခြားအကျဉ်းသား ၄၉ ယောက်ကိုလည်း ပြန်လွှတ်ပေးလိုက်တယ်လို့ ကိုးကန့်တပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြ ထားပါတယ်။
အခုလ ၁၅ ရက်နေ့တုန်းကလည်း စစ်သုံ့ပန်း ၈၀ ကျော်ကို ကိုးကန့်တပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
ကိုးကန့်တပ်ဖွဲ့လိုပဲ တအာင်း (ပလောင်) တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ TNLA ကလည်း သူတို့ရဲ့ ၆၃ နှစ်ပြည့် တအာင်းအမျိုးသား တော်လှန်ရေးနေ့ မှာ စစ်သုံ့ပန်း ၁၀၀ ကျော်ကို ပြန်လွှတ်ပေးခဲ့ပါတယ်။
“ပလောင်က လွှတ်ပေးတဲ့အဖွဲ့တွေလည်း လားရှိုး ရောက်လာပြီ။ မိသား စုတွေတော့ အဆက်အသွယ်ရကြတယ်။ ကျန်တဲ့သူတွေလည်း ထပ်လွှတ် မယ်လို့တော့ ကြားတယ်” ဟု လားရှိုးမြို့ခံ တယောက်က ပြောပါတယ်။
၁၀၂၇ တိုက်ပွဲအတွင်း TNLA နဲ့ MNDAA တပ်ဖွဲ့တွေ ရဲ့ မြို့သိမ်းတိုက်ပွဲများ အတွင်းမှာ အစိုးရတပ်ဖွဲ့ဝင် ထောင်နဲ့ချီပြီး ဖမ်းဆီးခံခဲ့ရပါတယ်။
တရုတ်အစိုးရက ကြားဝင်ညှိနှိုင်းပေးလို့ အစိုးရတပ်နဲ့ TNLA၊ MNDAA တပ်ဖွဲ့ တွေ အပစ်အခတ်ရပ်စဲပြီးနောက်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ တွေဘက်က သူတို့ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်းတွေကို မကြာခဏဆိုသလို ပြန်လွှတ် ပေးနေတာဖြစ်ပါတယ်။
ကိုးကန့်သတင်းကွန်ယက်
တပ်သားလေးဖိုးထောင်
ဖိုးထောင် ချန်နယ်က သူတွေ တော်ချက်
ရွေးကောက်ပွဲမှာ ဘယ်ပါတီအနိုင်ရမယ်ထင်လဲ ကောက်ခဲ့တဲ့ စစ်တမ်းအရ ဖြေဆိုသူတွေအားလုံး ရာနှုန်းပြည့် မှန်ကန်စွာ မှန်းနိုင်ခဲ့ပါတယ်။
တပ်သားလေးဖိုးထောင်
KNA ကို မြဝတီမြို့ပေါ်က ဒီနေ့ နောက်ဆုံးထား ဆုတ်ဖို့ အမိန့်ပေးထားပါတယ်။ ဘာဆက်ဖြစ်မယ် ထင်ပါသလဲ။
Repost from နရီမိုး
+2
SSPP/SSA ဘာလဲ ၊ ဘယ်လဲ ဆိုတဲ့ မေးခွန်းတွေ မေးဖို့ လိုလာပြီ ထင်ပါတယ်။
NCA လည်း မထိုးဘူး။ ဒီကာလမှာ ဖမ်းမိသမျှ မူးယစ်ဆေးဝါးတိုင်းဟာ ဒီကပဲ အဓိက ထွက်တယ် ဆိုတဲ့ သဘော သက်ရောက်နေတာ တွေ့ရတယ်။
ခိုင်သုခ ဘယ်လို ငြင်းငြင်း SSPP နဲ့ AA ကြားမှာ အချိတ်အဆက် ရှိပုံပဲ။ တစ်ခုရှိတာက မူးယစ်ဆေးဝါးချက်ဖို့ လိုအပ်တဲ့ ဓာတု ပစ္စည်းက တရုတ်က တင်သွင်းမှပဲ ရမယ်။ ဒါဆို တရုတ်ဘက်ကလည်း ထိန်းဖို့ မလိုဘူးလားပေါ့။
ပေါ့ပေါ့လေး တွေးလို့တော့ မရတော့ပါဘူး။ အနည်းဆုံးတော့ ဒေသခံ လူငယ်တွေ မူးယစ်ကျေးကျွန် ဖြစ်ပါတယ်။ ဒါက အနိမ့်ဆုံး အဆင့်ကို ပြောတာပါ။ နိုင်ငံတကာမှာ မူးယစ်ထုတ်တဲ့ နိုင်ငံ အဖြစ် နာမည်ကြီးတာတွေက နောက်မှပါ။
အခိုင်အမာ စခန်းတစ်ခုပါ သိမ်းဆည်း ရမိထားပြီဆိုတော့ တော်ရုံ ပတ်သက်မှု မဟုတ်တော့ ဘူး ထင်ပါတယ်။ မူယစ်ဆေးဝါး လက်သည် တရားခံ SSPP/SSA ကို ဘယ်လို လုပ်မှာလဲ ၊ ဒါက အဓိက ပြဿနာ ဖြစ်လာပြီ ထင်ပါတယ်။
(နရီမိုး)
ထိုင်းနှုတ်ခမ်းမွှေး
နှုတ်ခမ်းမွှေးက မြန်မာဆိုရင် အနိုင်ကျင့်ဗိုလ်ကျနေတာ ဖြစ်ပါတယ်။ ဒီအထဲမှာ အနီပါသလို ကြားနေလဲ ပါပါတယ်။ အလုပ်အကိုင်ခက်ခဲမှုကြောင့် ထိုင်းရောက်နေတဲ့ စစ်ဘေးရှောင်လဲ ပါပါတယ်။ တပ်မတော်ချစ်သူလဲ ပါနိုင်ပါတယ်။ ထိုင်းမှာ တပ်မတော်ချစ်သူများမရှိဘူး မထင်ပါနဲ့။ အနိုင်ကျင့်ခံနေရတာ နီပိန်းတွေတင်မကပါဘူး။ မြန်မာဖက်က ငြိမ်ခံနေတော့ တဆင့်ခြင်းတက်လာပါပြီ။
တပ်မတော်အနေနဲ့ မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးပြီး အမှတ်ကောင်းယူလို့ရပါတယ်။ မြန်မာမို့လို့ လုပ်နေတာဖြစ်ပါတယ်။ အဖြူကောင်တွေ၊ အိန္ဒိယတွေကို နှုတ်ခမ်းမွှေး မထိရဲပါ။
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မြန်မာသံရုံးအနေနဲ့လဲ လက်ပိုက်ကြည့်နေတာ တော်လောက်ပါပြီ။
တပ်သားလေးဖိုးထောင်
Repost from K S News
ထိုင်း က နှုတ်ခမ်းမွှေး ရဲ့ ဥပဒေမဲ့
လုပ်ရပ် တွေကို မြန်မာ တွေက
ဥပဒေ ဘောင်ထဲက ရှင်းလို့မရတော့ဘူး
ဆိုရင်
မြန်မာ ဇိုးတွေ ထိုင်းက နှုတ်ခမ်းမွှေးကို
ပညာ ပေးသင့်ပြီ။
မြန်မာ ဆိုတာ ဘာလည်းဆိုတာတော
နှုတ်ခမ်းမွှေး သိသင့်တယ်။
သူရဲကောင်း ရွေးချယ်ပွဲ ပါပဲ။
https://t.me/kyawswar49111
https://youtube.com/@ks-newsmedia?si=QQgZkNKvXwugFwc6
Repost from D.I Thameedaw 🇲🇲
ညနေက ကျမ တတိယပိုင်း မဲဆန္ဒနယ်တွေကို လိုက်ကြည့်ပါတယ်
ပါတီဆိုင်းဘုတ်တွေ ဖြုတ်သိမ်းရမယ့်နောက်ဆုံးနေ့ပါ
ခြောက်နာရီမထိုးခင် ကျမတို့ USDP ဆိုင်းဘုတ်တွေ အရင်ဦးဆုံး ကျကျနန စနစ်ကျကျ အရင်ဆုံး ဖြုတ်သိမ်းနေကြဆဲနှင့် ဖြုတ်သိမ်းပြီးကြပြီဖြစ်ပါတယ်...
စည်းကမ်းလိုက်နာခြင်း စနစ်ကျခြင်း အပိုင်းလိုက်ထောင့်စေ့အောင် စီမံဆောင်
ရွက်မှု့ တွေကြောင့် ပြဿနာတစုံတရာ မတွေ့ရှိရသဖြင့်
USDP အား ကျမယုံကြည်စွာ ဝန်းရံ Support ပေးခဲ့ခြင်းအပေါ် ကျေနပ်ခဲ့ရပါတယ်ရှင်
နိုင်ငံသားတယောက်အနေနှင့်လည်း တာဝန်ကျေလွန်းခဲ့သည်ဟု ကျမကိုယ်ကျမ ဂုဏ်ယူမိပါတယ်
စစ်သည်များ နိုင်ပွဲများနှင့် ပြေးထောင်သော အမိနိုင်ငံအလံတော်
ကျမဝန်းရံသော ပုံရိပ်
အပ်ချည်တမျှင်စာပါခဲ့သည်ဟု ခံစားရပါတယ်ရှင်
ကျမတို့ Admins Team တပ်မိသားစုများ ဆန္ဒကတော့ ပါတီစုံအား ကြိုဆိုပါတယ်
အရည်အချင်းရှိသော ပုဂ္ဂိုလ်များ လွှတ်တော်အတွင်း ရောက်ရှိ တာဝန်ထမ်းဆောင်နိုင်ပြီး တိုင်းပြည်အေးချမ်းသာယာဖို့ ကြိုးစားဦးဆောင်နိုင်လိမ့်မည်ဟု အပြည့်အဝ ယုံကြည်ပါတယ်ရှင့်
မဲပေးရန် မနက်ဖြန် ကြားတစ်ရက်သာ ရှိပါတော့သည်။
နိုင်ငံကြီးသားပီသစွာ မဲရုံသွားပြီး မဲပေးကြပါ မိဘပြည်သူ မိသားစုများရှင်
DI Thameedaw 🇲🇲
Admins Team
https://t.me/Soilderbrother47
Repost from Ma Mi Mi
+2
23,,1,,2026
နောက်ဆက်တွဲ သတင်း
ကရင်ပြည်နယ် မြဝတီ နှင့် အာရှလမ်းမကြီးပေါ်
တပ်မတော် BGF မှလွဲ၍ မည်သည့်လက်နက်ကိုင်မှ
မနေရ
KNAခေါင်းဆောင်တွေ
ရွှေကုက္ကိုမှာအရေးပေါ်အစည်းဝေးပြုလုပ်ပါတယ်..တိုက်မလား..ယှဥ်တွဲနေထိုင်မလား
.ဒါကြောင့်KNA နိုင်မောင်ဇော်တို့ကို
KNA ခေါင်းကိုင်ကြီးက
BGF ပြန်လုပ်ဖို့ ဘက်တပ်ပြီးမြဝတီမှနေဖို့လုပ်ပါတယ်...
လက်ရှိမြဝတီအုပ်ချုပ်ရေးကို
တပ်မတော်ကတာဝန်ယူထားပြီး...
အရင်လို
BGFစည်းကမ်းထိန်းသိမ်းရေးဆိုတာမရှိတော့ပါဘူး....ပလပ်ကျွတ်သွားပြီ
တပ်မတော် ဘက်က ပြည်သူများ၏
သတင်းအရ
KNAဟာ ဖလူးဘက်မှာ
ကော်ဘရာစစ်ကြောင်းကိုထောက်ပံ့မှုများစွာပြုလုပ်ရုံမက.လက်နက်..ပါထောက်ပံ့နေပါတယ်..
ဒီမနက် မင်းလက်ပံရွာထိပ်
မင်းလက်ပံဘုရားကုန်း ကို တီးဝိုင်းနဲ့ဧည့်နေပါတယ်
ဖထီး@ကရင်
http://t.me/+zwYKvcWlC605Mjk1
+1
KNA လက်မောင်းတံဆိပ်တပ်ဆင်ထားသူတွေ မြဝတီမြို့ကနေ ထွက်ခွာရမယ်(23-1-2026)
ရှေ့တောင်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်းက KNA လက်မောင်းတံဆိပ်တပ်ဆင်ထားသူတွေဟာ မြဝတီမြို့ကနေ ထွက်ခွာပြီး သတ်မှတ်နေရာမှာ ပြန်လည်နေထိုင်ကြဖို့ ညွှန်ကြားထားတယ်လို့ သိရပါတယ်။
KNA ဖွဲ့စည်းခြင်းနဲ့ ပတ်သက်ပြီး နိုင်ငံတော်က တရားဝင်ခွင့်ပြုပေးထားတာမရှိတဲ့အတွက် မြို့ပေါ်မှာ နေထိုင်ခွင့်မပြုဖို့ညွန်ကြားချက်တွေရှိထားတယ်လို့ သတင်းအရင်းအမြစ်တွေဆီက သိရပါတယ်။
မြဝတီမြို့လုံခြုံရေးကိစ္စရပ်တွေမှာ (D.K.B.A – KNU-KNLA-PC) NCA တပ်ဖွဲ့တွေက တပ်မတော်နဲ့ ပူးပေါင်းပြီးဆောင်ရွက်မှာဖြစ်ပြီး အမှတ်(၂၇၅)တပ်ရင်း တိုက်ခိုက်ခံရရင် ပြန်လည်ပြီးတုန့်ပြန်ဖို့ မြဝတီမြို့မှာ လေယာဉ်ဗုံးကြဲဖို့ ပွိုင့်(၁၈)နေရာသတ်မှတ်ထားရှိတယ်လို့လည်း သိရပါတယ်။
crd
တပ်သားလေးဖိုးထောင်
ရိက္ခာ ဆန် တစ်ပြည် ရှိရင်
တပ်စု တစ်ခုလုံး.....အသက်ရှင်လို့ ရတယ်
ရိက္ခာ ၂ ပါတ်စာ ရှိရင်
တစ်လလောက် စစ်တိုက်လို့ ရတယ်
ကျည်တတောင့် မှန်ရင်
တစ်ဘဝလုံး....ပျောက်ကွယ် သွားနိုင်တယ်
စစ်သားတယောက်ရဲ့ အသက်ဟာ
လခရ သတိပဲ
ပဲခူး အနောက်..အရှေ့.မှာ
သပုန်က....ပြောက်ကျား စနစ် သုံးလာတယ်
တယောက်ရ တယောက်ဆွဲ
တစ်ဖဲ့ရ တစ်ဖဲ့ဆွဲ ပြီး
ရွှေ့ပြောင်း စနစ်နဲ့....တိုက်တယ်
လခရ .....စခန်းတွေ ကင်းထောက်တယ်
အားနည်းတဲ့ အချိန်....ဝင်ဆောင်တယ်
တောကျွဲအင်း ဖစ်စဥ်ပဲ ကြည့်
ဒီ စနစ်တွေကို
တန်ပြန်နိုင်တဲ့.....စစ်သဘော ရှိတယ်
ပုံစံ...တော့...မပြောတော့ပါဘူး
ဒီချိန်လောက်ဆို
တိုင်းနဲ့ လက်အောက် ခေါင်းပေါင်းတွေ
ဇယား ချနေလောက်ပါပြီ
အုတ်တွင်းတစ်ကြော
ပဲနွယ်ကုန်း....ကညွှတ်ကွင်း
ဒီကြောတွေ.....ပို ပြသနာရှိတယ်
ဒီကောင်တွေ ....ဒီနယ်မှာ
စိမ့်ဝင်နေပြီ
ဒီနေရာတွေ....ကြိုရှင်းရင်...ရှင်း
မရှင်းနိုင်သေးရင်
လခရ သတိ တပ်လှန့်ထားဖို့
လိုတယ်
အကြမ်းဖက်....၁၀၀ ရာ ရ ရင်တောင်
ကို့ဘက်က....တယောက် ပေးလိုက်ရတာနဲ့
မတန်ဘူး
အရေးကြီးဆုံး က
တောင်ငူ ဂွင်ထဲက
KNU...တပ်မဟာ...၂ နဲ့ ၃ ဂွင်ကို
လက်ဦးအောင် ဆော်ဖို့.....လိုပြီ
Myo Min Oo
တပ်သားလေးဖိုးထောင်
တောင်ကြီး ပရိုက်ဗိတ်ကျောင်းက မုဒိမ်းကောင်
မုဒိမ်းကျင့်တာက ပအို့ဝ်မလေးကို
ပအို့ဝ်မလေး အဖေကလဲ PNO က
ရဲစခန်းမှာ စစ်တော့ ရည်းစားတွေပါ နှစ်ဦးသဘောတူပါ ကောင်မလေးက စတာပါ ဗလောင်းဗလဲ လုပ်နေလို့
ကောင်မလေးအဖေ့လူတွေ ဝင် မိတ်ကပ်လိမ်း ပေးလိုက်တာ
အားရချက်
မအေရိုး က ဟိုလူကြီး ဒီလူကြီး နဲ့ ပိုင်တယ် လုပ်နေလို့
သူ့လူကြီး ဆိုတာကိုာဖုံးဆက်မေးတော့
ဟို ဇိုးရုပ်ရှင်ထဲကလိုပဲ
လူကြီးသားဆို စောက်ခွက် နောက်တစ်ချက် ထပ်ရိုက် ဆိုတဲ့ အမိန့်ကျ တာနဲ့ ကျွေးကြတာ ပလာတာ နံပြား နယ်သလိုပဲ အဟက်
ဘယ်လူကြီး မှ မုဒိမ်းကောင် ကို မကယ်ဘူး မှတ်ထား
တောင်ပေါ်ပေသီး
စုကြည်လက်ထက် ICJ နဲ့ တပ်မတော်လက်ထက် ICJ ဘာကွာသလဲ။
ယေဘုယျအားဖြင့် ဘာမှမကွာပါဘူး။ အဖွဲ့ဝင်တွေလဲ တူသလို၊ လျှောက်လဲချက်တွေလဲ ခပ်ဆင်ဆင်ပါ။
ကွာတာကတော့ ခေါင်းဆောင်ကွာပါတယ်။ စုကြည်လက်ထက် သူကိုယ်တိုင်ဦးဆောင်ပြီး ယခု ဦးကိုကိုလှိုင် ဦးဆောင်ပါတယ်။ ကျန်အဖွဲ့ဝင်၊ ရှေ့နေတွေအားလုံးနီးပါး တူတူပါ။
အကြီးအကျယ်ကွာသွားတာ တွေ့ရပါတယ်။ ယခင်က လူမျိုးတုန်းသတ်ဖြတ်မှု မရှိပါဆိုပြီး ဆန္ဒသွားပြကြတဲ့ နီပိန်းတွေက ယခု ရှိပါတယ်ဆိုပြီး ဆန္ဒပြကြပါတယ်။
ယခင်က ICJ ကို သွားရှင်းလို့ဆိုပြီး ကန့်ကွက်ကြတဲ့ တပ်မတော်ထောက်ခံသူများက ယခု ICJ သွားရှင်းဖို့ ထောက်ခံကြပါတယ်။
အဖွဲ့ခေါင်းဆောင်ပြောင်းတာနဲ့ ရပ်တည်ချက်ပြောင်းသွားတာ မထူးဆန်းဘူးလား အမျိုးတို့ရေ 😁
တတိယကမ္ဘာစစ် ဖြစ်ဖို့နီးပြီ ထင်ပါသလား။ မြန်မာနိုင်ငံရော စစ်မြေပြင်တစ်ခု ဖြစ်လာမယ် ထင်ပါသလား။
Repost from K S News
ထိုင်း အမျိုးယုတ်တွေ မြန်မာတွေကို
အုပ်စုဖွဲ့ပြီး အနိုင်ကျင့် နေကြတယ်။
မြန်မာတွေကလည်း မစည်းလုံးတော့
ခံနေရတယ်။
ပြင်းပြင်းထန်ထန်ကန့်ကွက်ဖို့လိုပါတယ်
လိုအပ်ရင် ထိုင်းသံအမတ်ကို ခေါ်တွေ့ပြီး
သတိပေးသင့်ပါသည်။
မှားမှားမှန်မှန် ကိုလူမျိုးဖြစ်ပါသည်။
https://t.me/kyawswar49111
https://youtube.com/@ks-newsmedia?si=2wnkqN0h4eI20Bn6
+1
ဒေါ်သက်သက်ခိုင်
ဖိုးထောင် အောက်တိုဘာ ၂၅ ရက်နေ့ထဲက ဒီမှာ ရေးခဲ့ပါတယ်။
အကြွေးရှိနေတယ်။ အကြွေးဆပ်ဖို့ အလွယ်ဆုံးနည်းလမ်းက နိုင်ငံခြားအထောက်အပံ့ယူပြီး တိုင်းပြည်သစ္စာဖောက်တာပဲ။ စိစစ်ဖို့လိုမယ်လို့ ရေးခဲ့ပါတယ်။
အခုတော့ တကယ်ဖြစ်လာပြီ။ သက်ညှာရမဲ့ ကိစ္စမဟုတ်ပါဘူး။
တပ်သားလေးဖိုးထောင်
Repost from နရီမိုး
လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ လောက်က ခြေဥ မဖြစ်သေးခင်မှာ တနေ့က ပလောင်ရဲ့ တော်လှန်ရေးနေ့ အောင်ပွဲ ဆိုပြီး လုပ်သွားတဲ့ မန်တုံ ဘော်လုံးကွင်းမှာ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲလှယ်ခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့တယ်။ အဲ့ဒီတုန်းက ယခင် သမ္မတ ငြိမ်း ဦးသိန်းစိန်လည်း တက်ရောက်ခဲ့တယ်။
------
ဒီကနေ့ ပလောင်ရဲ့ ထုတ်ပြန်ချက်ကိုကိုကြည့်ရင် ၆၃ နှစ်တာကာလ အုပ်ချုပ်မှု ပြန်ရတယ်ဆိုတဲ့ အရေးအသားရယ်၊ သိမ်းပိုက်ရရှိထားတဲ့ စစ်လက်နက်တွေကို ခင်းကျင်းပြန်နိုင်တာက တချိန်တုန်းက လက်နက်အပ်ခဲ့ရတဲ့ အပေါ်မှာ လက်စားချေနိုင်ခဲ့တယ် ဆိုတဲ့ Mindset ပုံစံမျိူး မြင်နေရတယ်။
------
တာဘုန်းကျော် အပါအဝင် ပလောင်တစ်ရပ်လုံး သိထားရမှာက လက်နက်နဲ့ ငြိမ်းချမ်းရေး လဲခဲ့လို့ ၂၀၀၈ ခုနှစ်မှာ ရေးဆွဲခဲ့တဲ့ ခြေဥမှာ ပလောင်ဟာ မြို့နယ် ၂ မြို့နယ်ကို အခြေခံပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရခဲ့တယ် ဆိုတာကို မမေ့ဖို့ လိုပါတယ်။ ဒီအကြောင်းတရားကြောင့်ပဲ ပလောင်တွေအတွက် သီးသန့် အုပ်ချုပ်ရေ ယန္တရား တည်ဆောက်နိုင်မယ့် နယ်မြေအပိုင်းအခြားတစ်ခုကို သွေးထွက်သံယို မရှိဘဲ ရရှိခဲ့တာပါ။
-------
ဒါပေမယ့် ဒီကနေ့ ဖြစ်လာတဲ့ ၁၀၂၇ စစ်ပွဲဟာ ဖွဲ့စည်းပုံကို ဖောက်ဖျက်တဲ့ နယ်မြေလု ကျူးကျော်စစ်ပွဲ တစ်ခုပါ။ ပြည်နယ် အဆင့် ရချင်တယ်ဆိုတာက စစ်ပွဲနဲ့ နယ်မြေ လုလို့ မရပါဘူး။ ဖွဲ့စည်းပုံအရ လွှတ်တော်မှာ အဆိုတစ်ရပ် ပေါ်ထွက်လာဖို့ မြေပြင်မှာ ၇၅ ရာခိုင်နှုန်းက ပလောင်ပြည်နယ်အဖြစ် ဖွဲ့စည်းမှုကို လက်ခံ သဘောတူပါတယ်ဆိုတဲ့ ကြေညာချက်တစ်ရပ် ရှိဖို့လိုပါသေးတယ်။ တကယ်က တရုတ်လုပ်လာမယ့် တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ့ စီမံကိန်းအရ ဒီလမ်းအူကြောင်းပေါ်က မြို့တွေကို အပိုင်သိမ်းပြီး ပြည်ထောင်စု နဲ့ ဝေစားမျှစားချင်တဲ့ အကွက်ကို ခင်းတယ်ဆိုတာ သာမန်အရပ်သား တွေ တောင် တွေးလို့ရပါတယ်။
-------
ပလောင်တွေ ဘက်ကတော့ လက်နက်အပ်နှံ့ခဲ့ရတဲ့ မန်တုံမြေမှာ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်းတွေ ချပြပြီး အောင်ပွဲ တစ်ခု အနေနဲ့ ကျင်းပနေခဲ့ပါပြီ။ ဒါဆို တချိန်တုန်းက လက်နက်နဲ့ ငြိမ်းချမ်းရေးလဲလှယ်ခဲ့တဲ့ အကျိုးဆက်ကြောင့် ဖွဲ့စည်းပုံမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ပေးအပ်ခဲ့တဲ့အပေါ်မှာ ပြန်သုံးသပ်ဖို့ လိုလာပြီမဟုတ်ဘူးလား ဆိုတဲ့ မေးခွန်း တစ်ခု ရှိလာပါပြီ။ ပလောင်ဟာ ပထဝီနိုင်ငံရေးအရ အိမ်နီးချင်းနိုင်ငံနဲ့ ထိစပ်နေတာလည်း မဟုတ်။ ခြေဥအရလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပြုထားရသလို မူလ လက်နက်ကိုင်ဆိုတဲ့ အခြေအနေကို ပြန်ရောက်သွားတဲ့ အခင်းအကျင်းကို ဘယ်လို ကိုင်တွယ်ကြမလဲ ဆိုတာ တကယ့်ကို စိတ်ဝင်စားစရာ အခြေအနေပါပဲ။
-----
အနာဂတ်အတွက် သုံးသပ်တော် မူနိုင်ကြစေဖို့ ဖြစ်ပါတယ်။
(နရီမိုး)
+2
စ လုံးရေ စ
ဒီကနေ့ ဇန်၁၃မှာတော့ တပခရဲ့ တိုင်းမှုးအသစ်ကြီးဟာ အလုပ်စလုပ်ပြီ ထင်ပါတယ်။
မနက်၊ နေ့လည်၊ ည (ယခုစာရေးနေချိန် ည၇နာရီခွဲဝန်းကျင်ထိ) တိမ်ယံမှာ လေယာဥ် သံမစဲပါဘူးဗျာ။
တစ်နေကုန်နီးပါး ပျံသန်းနေတဲ့ ငှက်တွေဟာ ဂျက်၊ရဟတ် မျိုးစုံပါပဲ။ ဂျိုင်ရိုကော်ပတာတောင် ပါတယ်ထင်ပါရဲ့ဗျာ။ ကောင်းကင်ယံမှာ ဒရုန်းအသံလိုလို ကြားရပြီး ရှာကြည့်တာ လုံးဝမတွေ့ခဲ့ပါဘူး။
တောကျွဲအင်းတိုက်ပွဲနေ့တောင် ဒီနေ့လောက် လေယာဥ် ရဟတ်ယာဥ် ၊Gyrocopter ၊ UAV မစုံဘူးထင်ပါတယ်။ ပုံစံကြည့်ရတာတော့ ပဲနွယ်ကုန်းဂွင်ဘက်ကို တောက်လျှောက်ပစ်ကူပေးနေတဲ့ပုံစံပါပဲ။
ကျောက်ကြီးနဲ့ ဖြူးဂွင်လည်း သို့လောသို့လော ကြားနေရပါတယ်။
မဆိုင်တဲ့ အပြစ်မရှိ၊ အကြမ်းဖက်ကို အားမပေးတဲ့ ရွာသူရွာသားတွေ ဘေးကင်းပါစေ။ အကြမ်းဖက်အားပေးပြီး အလိုတူအလိုပါ ထောက်ပို့ပံ့ပိုး ရောနှောနေကြတဲ့
နီပိန်းရွာသားတွေနဲ့ ငပွေးအမာခံကတော့ ကိုယ့်ထိုက်နဲ့ကိုယ့်ကံပေါ့ဗျာ။
Crd#
တပ်သားလေးဖိုးထောင်
မနက်ဖြန် လခရ အထူးဂရုပြုပါ။
အကြမ်းဖက်များ ယုတ်မာနိုင်ပါသည်။
တပ်သားလေးဖိုးထောင်
ဇန်နဝါရီ ၁၁ ရက် (တနဂ်နွေနေ့) တွင် ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပမည့် မြို့နယ် ၁၀၀
■ကချင်ပြည်နယ်
၁။မချမ်းဘော
၂။မိုးကောင်း
၃။ဝိုင်းမော်
■ကယားပြည်နယ်
၁။ဒီးမော့ဆို
၂။ဖရူဆို
■ကရင်ပြည်နယ်
၁။ ဖာပွန်
၂။လှိုင်းဘွဲ့
■စစ်ကိုင်းတိုင်းဒေသကြီး
၁။ ကလေးဝ
၂။ မင်းကင်း
၃။ ဝန်းသို
၄။ ကျွန်းလှ
၅။ မြင်းမူ
၆။ ချောင်းဦး
၇။ ဘုတလင်
၈။ အရာတော်
၉။ ဖောင်းပြင်
၁ဝ။ မော်လိုက်
၁၁။ ရေဦး
■တနင်္သာရီတိုင်းဒေသကြီး
၁။ ရေဖြူ
၂။ ကျွန်းစု
၃။ တနင်္သာရီ
■ပဲခူးတိုင်းဒေသကြီး
၁။ ဒိုက်ဦး
၂။ရွှေကျင်
၃။ထန်းတပင်
၄။ရေတာရှည်
၅။ ဇီးကုန်း
၆။ ပေါင်းတည်
၇။ကဝ
၈။ သနပ်ပင်
၉။ ပေါက်ခေါင်း
၁၀။ ပန်းတောင်း
၁၁။ မိုးညို
၁၂။ မင်းလှ
■မကွေးတိုင်းဒေသကြီး
၁။ဂန့်ဂေါ
၂။ဆိပ်ဖြူ
၃။နတ်မောက်
၄။ မြို့သစ်
၅။ ငဖဲ
၆။ စလင်း
၇။ စေတုတ္တရာ
၈။ ကံမ
၉။ မင်းတုန်း
၁၀။ မင်းလှ
၁၁။ ဆင်ပေါင်ဝဲ
■မန္တလေးတိုင်းဒေသကြီး
၁။ စဥ့်ကိုင်
၂။ကျောက်ပန်းတောင်း
၃။တံတားဦး
၄။ပြည်ကြီးတံခွန်
၅။မဟာအောင်မြေ
၆။ ဝမ်းတွင်း
၇။သာစည်
၈။အမရပူရ
၉။မတ္တရာ
■မွန်ပြည်နယ်
၁။ဘီးလင်း
၂။မုဒုံ
၃။သံဖြူဇရပ်
၄။ရေး
၅။ပေါင်
■ရန်ကုန်တိုင်းဒေသကြီး
၁။ဗဟန်း
၂။ပန်းဘဲတန်း
၃။လသာ
၄။ကော့မှူး
၅။ကွမ်းခြံကုန်း
၆။ဒဂုံမြို့သစ် (မြောက်ပိုင်း)
၇။ဒေါပုံ
၈။ပုဇွန်တောင်
၉။လှိုင်
၁၀။ရွှေပြည်သာ
၁၁။ထန်းတပင်
၁၂။ လှည်းကူး
၁၃။ တောင်ဥက္ကလာ
၁၄။ကိုကိုးကျွန်း
၁၅။ ကြည့်မြင်တိုင်
၁၆။ အင်းစိန်
■ရှမ်းပြည်နယ်
၁။ရွာငံ
၂။ဆီဆိုင်
၃။ကလော
၄။မိုင်းခတ်
၅။မိုင်းပျဉ်း
၆။မိုင်းဖြတ်
၇။ရပ်စောက်
၈။တန့်ယန်း
၉။မိုင်းရယ်
၁ဝ။ ကွန်ဟိန်း
၁၁။ မိုင်းတုံ
၁၂။မိုင်းယောင်း
၁၃။ မိုင်းယန်း
၁၄။မိုင်းပန်
၁၅။ ခမောက်မယ်
၁၆။ မိုင်းကိုင်
၁၇။ လဲချား
■ဧရာဝတီတိုင်းဒေသကြီး
၁။ကျောင်းကုန်း
၂။ကန်ကြီးထောင့်
၃။သာပေါင်း
၄။ကျိုက်လတ်
၅။ဖျာပုံ
၆။ဘိုကလေး
၇။ပန်းတနော်
၈။ဝါးခယ်မ
၉။အိမ်မဲ
သို့ရာတွင် ယင်းမြို့နယ် ၁၀၀ အနက် မင်းကင်း၊ ဝန်းသို၊မော်လိုက်၊ ရေဦး၊ရေဖြူနှင့် ဂန့်ဂေါမြို့နယ် စုစုပေါင်း ခြောက်မြို့နယ်တွင် ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်းများသာ အမည်စာရင်း တင်သွင်းယှဉ်ပြိုင်ထားပြီး ယှဉ်ပြိုင်ဘက်မရှိသဖြင့် ယင်းခြောက်မြို့နယ်ရှိ ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်များတွင် ပြည်ခိုင်ဖြိုးပါတီ လွှတ်တော်ကိုယ်စားလှယ်လောင်းများက ကိုယ်စားလှယ်များအဖြစ် ရွေးချယ်တင်မြှောက်ခံရသူများဖြစ်ကြောင်း UEC က ထုတ်ပြန်ထားချက်အရ သိရသည်။
ထို့ကြောင့် ရွေးကောက်ပွဲ အပိုင်း (၂) တွင် မြို့နယ် ၉၄ မြို့နယ်၌ ရွေးကောက်ပွဲကျင်းပမည်ဖြစ်သည်။
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
