uz
Feedback
The haunted palace MMsub

The haunted palace MMsub

Kanalga Telegram’da o‘tish

Owner-@Chanmyae217 #crd to original Channel

Ko'proq ko'rsatish
2 453
Obunachilar
-424 soatlar
-197 kunlar
-6630 kunlar
Postlar arxiv
ပွဲဆူနေတဲ့ TikTok မှာနာမည်ကြီးနေတဲ့ 𝗧𝗵𝗲 𝗞𝗲𝗿𝗮𝗹𝗮 𝗦𝘁𝗼𝗿𝘆 𝟮 (𝟮𝟬𝟮𝟲) ဇာတ်လမ်းကတော့ ရှေ့ကားက အသက်ရှင်ကျန်ရစ်သူတွေရ
ပွဲဆူနေတဲ့ TikTok မှာနာမည်ကြီးနေတဲ့ 𝗧𝗵𝗲 𝗞𝗲𝗿𝗮𝗹𝗮 𝗦𝘁𝗼𝗿𝘆 𝟮 (𝟮𝟬𝟮𝟲) ဇာတ်လမ်းကတော့ ရှေ့ကားက အသက်ရှင်ကျန်ရစ်သူတွေရဲ့ ထွက်ဆိုချက်တွေကနေတစ်ဆင့်၊ နောက်ကွယ်က ကြိုးကိုင်နေတဲ့ အဖွဲ့အစည်းတွေရဲ့ ခေတ်သစ်စည်းရုံးရေး နည်းလမ်းတွေကို စုံစမ်းထောက်လှမ်းတဲ့ ပုံစံနဲ့ သွားထားပါတယ်။ ပိုပြီး နက်နဲတဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ ပိုပြီး ရင်ဖိုစရာကောင်းတဲ့ ဖော်ထုတ်ချက်တွေနဲ့အတူ လူသားချင်းစာနာမှုနဲ့ ဘာသာရေးအစွန်းရောက်မှုကြားက နုနယ်တဲ့ မျဉ်းကြောင်းကို မေးခွန်းထုတ်ထားတာပါ။ ‌ဇာတ်ကားကြည့်ရန်

The King's Warden (2026) ကြည့်ရှုသူ 16.7 သန်းကျော် ရုံဝင်ထားပြီး ကိုးရီးယားရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ ရုံဝင်သူအများဆ
+4
The King's Warden (2026) ကြည့်ရှုသူ 16.7 သန်းကျော် ရုံဝင်ထားပြီး ကိုးရီးယားရုပ်ရှင်သမိုင်းကြောင်းတစ်လျှောက်မှာ ရုံဝင်သူအများဆုံး နံပါတ် ၂ နဲ့ ဝင်ငွေအများဆုံး နံပါတ် ၁ အဖြစ် စာရင်းချိတ်ထားတဲ့ ရုံတင် နန်းတွင်းရုပ်ရှင်ကားသစ်ကြီး ထွက်ရှိလာပြီဖြစ်ပါတယ်။ ယောင်ဝေါဒေသက ဂွမ်ချွန်းတောင်ကြားဆိုတဲ့ တောင်ပေါ်ရွာလေးရဲ့ ရွာသူကြီး အောမ်ဟွန်းဒိုကတော့ သူ့ရဲ့ ရွာသူရွာသားတွေ စားဝတ်နေရေးပြေလည်စေဖို့အတွက် နယ်နှင်ဒဏ်ပေးခံရတဲ့ မျိုးရိုးမြင့်လူကြီးမင်းတစ်ဦးကို လက်ခံခေါ်ဆောင်လာနိုင်ဖို့ ကြိုးစားနေသူပါ။ တစ်နေ့မှာ ဦးရီးတော် ဆူယန်းမင်းသားကြီးရဲ့ ထီးနန်းလုယူခြင်းကို ခံလိုက်ရတဲ့ ဘုရင်ငယ်လေး အီဟုန်းဝီ က နယ်နှင်ဒဏ်ပေးခံရပြီး ဟွန်းဒိုတို့ရဲ့ ရွာ‌လေးဆီ ရောက်ရှိလာတဲ့အခါမှာတော့... ဇာတ်ကားကြည့်ရန်

The Epoch of Myiu Xu Miyu ရဲ့ ပြီးပြည့်စုံလှပါတယ်ဆိုတဲ့ အိမ်ထောင်ရေးဟာ (၁၀) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ ရစရာမရှိအောင် ပျက်စ
+3
The Epoch of Myiu Xu Miyu ရဲ့ ပြီးပြည့်စုံလှပါတယ်ဆိုတဲ့ အိမ်ထောင်ရေးဟာ (၁၀) နှစ်ပြည့် အထိမ်းအမှတ်နေ့မှာပဲ ရစရာမရှိအောင် ပျက်စီးသွားခဲ့ပါတယ် အိမ်ထောင်ရေးအပေါ်မှာပဲ အရာအားလုံး ပုံအောပေးဆပ်ရင်း မိမိကိုယ်ကိုယ် ပျောက်ဆုံးနေခဲ့တဲ့ သူမဟာ နောက်ဆုံးမှာတော့ ပြတ်ပြတ်သားသား လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ပါတော့တယ် တစ်ဖက်မှာလည်း ဟိုတယ်လုပ်ငန်းရှင် Ji Feng ဟာ သူ့ရဲ့ လုပ်ငန်းခွင် အောင်မြင်မှုလမ်းကြောင်းကို အစကနေ ပြန်စဖို့အတွက် ဖူရုံဟိုတယ်ကို ပြန်လည်ရောက်ရှိလာပါတယ် အရာအားလုံး သုညကနေ ပြန်စရမယ့် Xu Miyu ဟာလည်း အဲဒီဟိုတယ်မှာပဲ အခြေခံ အခန်းသန့်ရှင်းရေးဝန်ထမ်း ဘဝနဲ့ ခြေလှမ်းသစ် စတင်ခဲ့ပါတယ် ဒီလိုနဲ့ ဟိုတယ်အထွေထွေမန်နေဂျာအသစ်အဖြစ် ရောက်လာတဲ့ Ji Feng နဲ့ ဝန်ထမ်းလေး Xu Miyu တို့ ဆုံတွေ့ကြတဲ့အခါ...... ဇာတ်ကားကြည့်ရန်

အကြင်နာနွေးနွေး
+3
အကြင်နာနွေးနွေး

photo content
+3

Once We Were Us (2025) နေရပ်ပြန်တဲ့ ကားပေါ်မှာ အမှတ်မထင် ဘေးချင်းကပ်လျက် ထိုင်မိရာကနေ စတင်သိကျွမ်းခဲ့ကြတဲ့ အီအွန်းဟို နဲ့ ဟန်
+2
Once We Were Us (2025) နေရပ်ပြန်တဲ့ ကားပေါ်မှာ အမှတ်မထင် ဘေးချင်းကပ်လျက် ထိုင်မိရာကနေ စတင်သိကျွမ်းခဲ့ကြတဲ့ အီအွန်းဟို နဲ့ ဟန်ဂျောင်ဝန်းတို့ဟာ အပြန်အလှန် အိပ်မက်ချင်း ဖလှယ်ရင်း မှီခိုအားထားရင်းကနေ ချစ်သူတွေအဖြစ်ကို အဆင့်တက်သွားခဲ့ကြပါတယ်။ သူတို့နှစ်ဦးဟာ ရယ်မောလိုက် ရန်ဖြစ်လိုက် ပြန်ချစ်လိုက်နဲ့ တစ်လောကလုံးကို ပိုင်ဆိုင်ထားတဲ့အလား ပူပူနွေးနွေး ချစ်ခဲ့ကြပေမဲ့လည်း လောကဓံဆိုတဲ့ တံတိုင်းကြီးရှေ့မှာ မတတ်သာတဲ့အဆုံး ကိုယ်စီ မတူညီတဲ့လမ်းကိုပဲ ဆက်လျှောက်ဖို့ ရွေးချယ်လိုက်ကြရပါတော့တယ်။ အဲဒီလိုနဲ့ ၁၀ နှစ်ကြာတဲ့နောက် တိုင်ဖွန်းမုန်တိုင်း တိုက်ခတ်နေတဲ့ ညတစ်ညမှာ အွန်းဟိုနဲ့ ဂျောင်ဝန်းတို့ ပြန်လည် ဆုံစည်းဖြစ်ကြတဲ့အခါမှာတော့... ဇာတ်ကားကြည့်ရန်

အချစ်ဦးနဲ့လွဲဖူးတဲ့သူတိုင်းတစ်ကြိမ်တစ်ခါတော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ
အချစ်ဦးနဲ့လွဲဖူးတဲ့သူတိုင်းတစ်ကြိမ်တစ်ခါတော့ကြည့်သင့်တဲ့ဇာတ်ကားလေးပါ

နောက်လာမယ့်ကားသစ်လေးပါနော် Generation To Generation (2026)
နောက်လာမယ့်ကားသစ်လေးပါနော် Generation To Generation (2026)

photo content

How Dare You (2026) ဝန်ထမ်းအသစ်လေး ဝမ်ချွေဟွာဟာ မထင်မှတ်ဘဲ ဝတ္ထုကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ သူ့လိုပဲ တခြားက
+2
How Dare You (2026) ဝန်ထမ်းအသစ်လေး ဝမ်ချွေဟွာဟာ မထင်မှတ်ဘဲ ဝတ္ထုကမ္ဘာတစ်ခုထဲကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီမှာ သူ့လိုပဲ တခြားကမ္ဘာကနေ ကူးပြောင်းရောက်ရှိလာသူတစ်ဦးဖြစ်တဲ့ ကျန်းဆန်းနဲ့ ဆုံတွေ့ခဲ့ပါတယ်။ ဒါပေမဲ့ ကျန်းဆန်းကတော့ သာမန်လူမဟုတ်ဘဲ လွန်ခဲ့တဲ့ဆယ်စုနှစ်တစ်ခုကတည်းကအစွမ်းအစတွေကိုဖုံးကွယ်ထားတဲ့ "လျှို့ဝှက်ဘုရင်" တစ်ပါး ဖြစ်နေပါတယ်။ တစ်ယောက်က ကံကြမ္မာကို ရုန်းကန်ကျော်ဖြတ်ချင်သူ၊ နောက်တစ်ယောက်ကတော့ ဟန်ဆောင်မှုတွေရဲ့နောက်ကွယ်မှာ အင်အားတွေကို ဖုံးကွယ်ထားသူ... သူတို့နှစ်ဦးဟာ ဒီဝတ္ထုကမ္ဘာထဲမှာ အသက်ရှင်သန်နိုင်ဖို့အတွက် အင်အားချင်းပူးပေါင်းခဲ့ကြပါတယ်။ ဘယ်လိုအလွဲဟာသလေးတွေဆက်ဖြစ်မလဲဆိုတာ... ဇာတ်ကားကြည့်ရန်

D-e-a-t-h W-h-i-s-p-e-r-e-r 3 (2026) Horror Fan တွေရော၊ P'Yak (Nadech) Fan တွေပါ အမျှော်လင့်ဆုံးဖြစ်နေတဲ့ ထီယော့သရီး ထွက်ရှိလ
D-e-a-t-h W-h-i-s-p-e-r-e-r 3 (2026) Horror Fan တွေရော၊ P'Yak (Nadech) Fan တွေပါ အမျှော်လင့်ဆုံးဖြစ်နေတဲ့ ထီယော့သရီး ထွက်ရှိလာပါပြီ။ ဒီတစ်ခါတော့ သာမန်သရဲကားထက် ပိုကြမ်းပြီး လက်စားချေမှုတွေ ပိုပြင်းထန်လာမဲ့ ပွဲပါပဲ။ 2 မှာတုန်းက ယက်တစ်ယောက် သရဲကို မမှု၊ ကျည်တွေကိုအံတုလို့ ဒေါင်ခမုတ်တောအုပ်ကြီးထဲထိ လိုက်ပြီး မကောင်းဆိုးဝါးကို အသေအလဲ တိုက်ခိုက်ခဲ့ပေမဲ့... မကောင်းဆိုးဝါးဆိုတာ အမြစ်ပြတ်ဖို့ ခက်ခဲလွန်းနေပြန်ပါရော...... ဇာတ်ကားကြည့်ရန်

Queen Mantis (2025) ဂျောင်အီရှင်းဟာ Mantis (ဓားခုတ်ကောင်)ဆိုတဲ့ နာမည်ပြောင်ကို အသုံးပြုပြီးကွင်းဆက်လူသတ်မှုတွေကို ကျူးလွန်ခဲ့
+3
Queen Mantis (2025) ဂျောင်အီရှင်းဟာ Mantis (ဓားခုတ်ကောင်)ဆိုတဲ့ နာမည်ပြောင်ကို အသုံးပြုပြီးကွင်းဆက်လူသတ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ လွန်ခဲ့တဲ့နှစ် ၂၀ ခန့်က လူ၅ယောက်ကို ရက်ရက်စက်စက် သတ်ဖြတ်ခဲ့သူဖြစ်ပြီး လက်ရှိအချိန်မှာလည်း ထောင်ထဲမှာ သေဒဏ်ကျခံထားရသူ ဖြစ်ပါတယ်။ သူမရဲ့ သားဖြစ်သူကတော့ ရဲအရာရှိတစ်ယောက်ဖြစ်တဲ့ ချာဆူယောဖြစ်ပြီး ဆူယောဟာ သူရဲ့မိခင်ဖြစ်သူကို သူ့ဘဝတလျှောက်လုံး စက်ဆုပ်မုန်းတီးလာခဲ့တဲ့သူ ဖြစ်ပါတယ်။ တစ်နေ့မှာတော့ လူသတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး . . အဲဒီလူသတ်မှုကို စစ်ဆေးကြည့်တဲ့အခါ တရားခံက လွန်ခဲ့တဲ့ နှစ် ၂၀က Mantis ကျူးလွန်ခဲ့တဲ့ပုံစံမျိုး အတုခိုးထားတာကို တွေ့လိုက်ရပါတယ်။ ဒီအချက်ကြောင့်ပဲ လူသတ်တရားခံကို ဖမ်းနိုင်ဖို့အတွက် ဆူယောဟာ သူမုန်းတီးနေတဲ့ မိခင်ဖြစ်သူ ဂျောင်အီရှင်းရဲ့ အကူအညီကိုယူဖို့ ဖြစ်လာပါတော့တယ်။ ဂျောင်အီရှင်းက အဲဒီလူသတ်မှုနဲ့ ဘယ်လိုတွေများ ပတ်သက်နေမလဲ . .။ ဆူယောကရော မိခင်ဖြစ်သူရဲ့ အကူအညီနဲ့ လူသတ်တရားခံကို နောက်ဆုံးမှာ ဖော်ထုတ်နိုင်မှာလား ဆိုတာကို... ဇာတ်ကားကြည့်ရန်

Typhoon Family (2025) Kang Tae Poong က ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ သူဌေးသားဖြစ်ပြီး Taepoong ရဲ့ ဖခင်ကတော့ Typhoon လို့
+4
Typhoon Family (2025) Kang Tae Poong က ဘဝကို ပေါ့ပေါ့ပါးပါးဖြတ်သန်းနေတဲ့ သူဌေးသားဖြစ်ပြီး Taepoong ရဲ့ ဖခင်ကတော့ Typhoon လို့ခေါ်တဲ့ Trading Companyလေး တစ်ခု ဖွင့်ထားပါတယ်... 1997ခုနှစ် တောင်ကိုရီးယားနိုင်ငံရဲ့ စီးပွားရေးကျပ်တည်းမှုဖြစ်လာတဲ့အခါမှာတော့ အရာအားလုံးပြောင်းလဲသွားခဲ့ပါတော့တယ်.. Taepoongရဲ့ ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး Trading Company ဟာလည်း ပိတ်သိမ်းရတော့မဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်.. ဖခင်ဖြစ်သူကြိုးစားတည်ထောင်ခဲ့တဲ့ Companyကို ကာကွယ်ဖို့အတွက်  Taepoongဟာ တာဝန်ယူမှုအပြည့်နဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့အတွက် CEO နေရာကို ယူခဲ့ပါတော့တယ်.. Oh Misun (Kim minha)ကတော့ မိသားစုမှာ အကြီးဆုံးသမီးဖြစ်ပြီး မိသားစုရဲ့ဝန်ကို ထမ်းနေရသူပါ. Trading Company မှာ တောက်တိုမည်ရတွေကို လုပ်ပေးရင်း ရာထူးမြင့်တဲ့ ဝန်ထမ်းတစ်ဦးဖြစ်ဖို့ အိပ်မက်မက်နေသူဖြစ်ပါတယ်... ဘော်ကြော့နေခဲ့တဲ့ သူဌေးသားလေး Taepoongနဲ့ ကုမ္ပဏီအတွက် စိတ်ရင်းစစ်မှန်စွာနဲ့ ကြိုးစားလုပ်ကိုင်နေတဲ့ Misunတို့ လက်တွဲပြီး ပြိုလဲလုနီးပါးဖြစ်နေတဲ့ Typhoon Trading Company ကို ဘယ်လိုကာကွယ်ပြီး ပြန်ထူထောင်သွားမလဲဆိုတာကို.... ဇာတ်ကားကြည့်ရန်

The Boy and the Dog (2025) ၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး ငလျင်နဲ့ ဆူနာမီ ဘေးအန္တရာယ်ကြီး ဖြစ်ပြီးတဲ့နောက် "တာမွန
+2
The Boy and the Dog (2025) ၂၀၁၁ ခုနှစ်၊ ဂျပန်နိုင်ငံရဲ့ အဆိုးရွားဆုံး ငလျင်နဲ့ ဆူနာမီ ဘေးအန္တရာယ်ကြီး ဖြစ်ပြီးတဲ့နောက် "တာမွန်" ဆိုတဲ့ ခွေးလိမ္မာလေးတစ်ကောင်ဟာ သူ့ရဲ့ သခင်ကို ရှာဖွေဖို့ ခရီးရှည်ကြီးတစ်ခု စတင်ခဲ့ပါတယ်။ ဂျပန်နိုင်ငံ မြောက်ဘက်စွန်းကနေ တောင်ဘက်အရပ်ဆီကို ဦးတည်နေတဲ့ ဒီခရီးလမ်းတစ်လျှောက်မှာ တာမွန်ဟာ စိတ်ဒဏ်ရာကိုယ်စီနဲ့ လူတွေအများကြီးကို တွေ့ဆုံခဲ့ရတာပေါ့။ သူတို့အားလုံးဟာ တာမွန်နဲ့ တွေ့ဆုံချိန်မှာ ခဏတာ စိတ်သက်သာရာရကြ၊ ပြုပြင်ပြောင်းလဲခွင့် ရကြပေမဲ့ တာမွန်ကတော့ ဘယ်သူ့ဆီမှာမှ ကြာကြာမနေပါဘူး။ ဘာလို့လဲဆိုတော့ သူ့နှလုံးသားထဲမှာ "သခင်ဆီ ပြန်သွားမယ်" ဆိုတဲ့ သစ္စာတရားတစ်ခုတည်း ရှိနေလို့ပါပဲ။ မိုင်ပေါင်းထောင်ချီ ဝေးကွာတဲ့ ခရီးလမ်းဆုံးမှာ တာမွန်တစ်ယောက် သခင်လေးနဲ့ ပြန်ဆုံခွင့်ရပါ့မလား... အဲဒီအဆုံးသတ်မှာ ပရိသတ်တွေကို ဘယ်လို မျက်ရည်လည်အောင် လုပ်ဦးမလဲဆိုတာ... ဇာတ်ကားကြည့်ရန်

Heartman: Rock and Love (2026) ချွဲဆွန်းမင်း ကတော့ Ambulance လို့ အမည်ရတဲ့ တီးဝိုင်းအဖွဲ့က အဆိုရှင်တစ်ဦးပါ။ ဆွန်းမင်းဟာ တစ်နေ
+1
Heartman: Rock and Love (2026) ချွဲဆွန်းမင်း ကတော့ Ambulance လို့ အမည်ရတဲ့ တီးဝိုင်းအဖွဲ့က အဆိုရှင်တစ်ဦးပါ။ ဆွန်းမင်းဟာ တစ်နေ့မှာ ဖျော်ဖြေပွဲ လက်ကမ်းစာစောင်တွေ ဝေပေးဖို့ ဆိုးလ်အမျိုးသမီးတက္ကသိုလ်ကို သွားရာက ငယ်စဉ်က အချစ်ဦး ဟန်ဘိုနာ နဲ့ ပြန်လည်ဆုံတွေ့ဖြစ်ခဲ့ပြီး ဖျော်ဖြေပွဲကို ကျိန်းသေပေါက် လာရောက်ပေးဖို့လည်း ဘိုနာ့ကို ဖိတ်လိုက်ပါတယ်။ ဘိုနာက ဖျော်ဖြေပွဲကို လာခဲ့ပေမဲ့ မထင်မှတ်ထားတဲ့ ဖြစ်ရပ်တစ်ခုကြောင့် ဆွန်းမင်းဟာ လူပုံအလယ်မှာ အရှက်ရစရာတွေ ဖြစ်သွားခဲ့ရပြီး အဲဒီနောက်ပိုင်းမှာ သူတို့နှစ်ဦးလည်း ပြန်လည် ဝေးကွာသွားခဲ့ကြပါတယ်။ ဒီလိုနဲ့ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့အခါ ချွဲဆိုယောင်းလို့ခေါ်တဲ့ ချစ်စရာသမီးလေး ရှိနေပြီဖြစ်တဲ့ တစ်ခုလပ်ဖေဖေ ဆွန်းမင်းက သူ့အချစ်ဦး ဘိုနာနဲ့ အမှတ်မထင် နောက်တစ်ကြိမ် ပြန်လည်ဆုံစည်းဖို့ အကြောင်းဖန်လာတဲ့အခါမှာတော့... ဇာတ်ကားကြည့်ရန်

The Woman in the White Car (2025) နှင်းတွေ ဖုံးလွှမ်းနေတဲ့ မိုးသောက်ချိန်မှာ ယူဒိုဂယောင်း ဆိုတဲ့ အမျိုးသမီးဟာ ဓားထိုးခံထားရပြ
+2
The Woman in the White Car (2025) နှင်းတွေ ဖုံးလွှမ်းနေတဲ့ မိုးသောက်ချိန်မှာ ယူဒိုဂယောင်း ဆိုတဲ့ အမျိုးသမီးဟာ ဓားထိုးခံထားရပြီး သွေးအိုင်ထဲမှာ သတိမေ့မြောနေတဲ့ အမျိုးသမီးတစ်ဦးကို ကားနဲ့တင်ဆောင်ပြီး ဆောဝန်းဆေးရုံဆီ ရောက်ရှိလာခဲ့ပါတယ်။ ဒိုဂယောင်းက အဲဒီဓားဒဏ်ရာနဲ့ အမျိုးသမီးကို အစ်မလို့ ခေါ်ပြီးတော့ ကယ်တင်ပေးဖို့ရာ အသည်းအသန် ငိုယိုတောင်းပန်နေပြီး မူဆန်းရဲကင်းစခန်းမှ ဒုရဲအုပ် ဂင်ဟျွန်းဂျူ က ဆေးရုံကို ရောက်ရှိလာတဲ့အခါမှာတော့ ဒိုဂယောင်းဟာ အခင်းဖြစ်ပွားရာနေရာမှာ သူနဲ့ သူ့အစ်မအပြင် ခဲအိုလောင်းဖြစ်သူ ချွဲဂျောင်မန်ပါ ရှိနေခဲ့ကြောင်း ထွက်ဆိုခဲ့ပါတယ်။ ဒါပေမဲ့  စုံစမ်းစစ်ဆေးရေးလုပ်ငန်းစဉ်အတွင်း ဓားဒဏ်ရာနဲ့ အမျိုးသမီးဟာ ဒိုဂယောင်းရဲ့ အစ်မရင်းမဟုတ်ဘဲ ဒိုဂယောင်းရဲ့  တကယ့်အစ်မရင်းက အရင်က ဆောဝန်းဆေးရုံမှာပဲ အလုပ်လုပ်ဖူးတဲ့ သူနာပြုတစ်ဦးဖြစ်ကြောင်း ပေါ်ပေါက်လာတဲ့အခါမှာတော့... ဇာတ်ကားကြည့်ရန်

Even If This Love Disappears Tonight အနိုင်ကျင့်ခံနေရတဲ့ သူငယ်ချင်းကို ကူညီဖို့အတွက် အထက်တန်းကျောင်းသားလေး ဂင်ဂျယ်ဝန်း ဟာ ကျေ
+2
Even If This Love Disappears Tonight အနိုင်ကျင့်ခံနေရတဲ့ သူငယ်ချင်းကို ကူညီဖို့အတွက် အထက်တန်းကျောင်းသားလေး ဂင်ဂျယ်ဝန်း ဟာ ကျောင်းမှာ အရမ်းနာမည်ကြီးတဲ့ မိန်းကလေး ဟန်ဆောယွန်း ကို လူကြားထဲမှာ ဖွင့်ပြောရာကနေ မထင်မှတ်ဘဲ တွဲဖြစ်သွားကြပါတယ်။ ဒီလိုနဲ့ ဂျယ်ဝန်းတစ်ယောက် ဆောယွန်းနဲ့ တဖြည်းဖြည်းချင်း နီးစပ်လာတဲ့အခါ ဆောယွန်းဆီမှာ ဝမ်းနည်းဖွယ် လျှို့ဝှက်ချက်တစ်ခု ရှိနေကြောင်းကို သိလိုက်ရပါတော့တယ်။ အဲဒါကတော့ ဆောယွန်းက အိပ်ပျော်သွားပြီး ပြန်နိုးလာတိုင်း အိပ်မပျော်ခင်က မှတ်ဉာဏ်တွေ အကုန်လုံးကို မေ့သွားတဲ့ရောဂါကို ခံစားနေရတယ်ဆိုတာပါပဲ။ ဒါကြောင့်လည်း ဆောယွန်းဟာ တစ်နေ့တာအတွင်း ဖြစ်ပျက်ခဲ့သမျှတွေကို ဒိုင်ယာရီထဲမှာ ချရေးထားပြီး နောက်တစ်နေ့မနက်မှာ ပြန်ဖတ်ရင်း ဘဝကို ဖြတ်သန်းနေရသူပါ။ ဂျယ်ဝန်းတစ်ယောက် ဆောယွန်းရဲ့ ပျောက်ဆုံးသွားမဲ့ မှတ်ဉာဏ်‌တွေထဲမှာ ပျော်ရွှင်စရာတွေပဲ ဖြည့်စွက်ပေးနိုင်ဖို့ ကြိုးစားတဲ့အခါမှာတော့... ဇာတ်ကားကြည့်ရန်

Project k (2026) တစ်ယောက်အပြင် တစ်ယောက်မရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ယွန်းမီဆွန်း နဲ့ အီဒိုဂယောင်း တို့ဟာ လက်ရှိ အ
+2
Project k (2026) တစ်ယောက်အပြင် တစ်ယောက်မရှိတဲ့ အချစ်ဆုံးသူငယ်ချင်းတွေ ဖြစ်ကြတဲ့ ယွန်းမီဆွန်း နဲ့ အီဒိုဂယောင်း တို့ဟာ လက်ရှိ အောက်‌ခြေဘဝကနေ ရုန်းထွက်နိုင်ဖို့အတွက် ကျားကုတ်ကျားခဲ ပိုက်ဆံစုလာခဲ့ကြပေမဲ့ ကံအကြောင်းမလှဘဲ ဗီလာမှာ နေဖို့ စာချုပ်ချုပ်ထားတဲ့ ပိုက်ဆံ သိန်း ၇ ထောင်က မန်နေဂျာချွဲဆိုသူရဲ့ လိမ်လည်ခြင်းကို ခံလိုက်ရတဲ့အပြင် အဲဒီလူလိမ်က သေပါ သေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ နှစ်ယောက်သား လမ်းပျောက်နေကြစဉ်မှာပဲ သူဌေးထို ဆိုသူက ဂယောင်းဂီဒိုတစ်နေရာမှာ ငွေသား သိန်း ၇ ထောင်ကို မြှုပ်ထားတယ်ဆိုတဲ့ သတင်းကို ကြားသိလိုက်ရတဲ့အခါမှာတော့... ဇာတ်ကားကြည့်ရန်

photo content
+1

Waktu Maghrib 2/2025 လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းကလည်း ဂျက်တီဂျဂျာဆိုတဲ့ ရွာလေးမှာ ညနေပိုင်း မှောင်ရီပျိုးချိန်မှာ ကလေးတွေပျော
Waktu Maghrib 2/2025 လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းကလည်း ဂျက်တီဂျဂျာဆိုတဲ့ ရွာလေးမှာ ညနေပိုင်း မှောင်ရီပျိုးချိန်မှာ ကလေးတွေပျောက်သွားတဲ့အမှုကိစ္စဖြစ်ခဲ့ပါတယ်။ ဒီအကြောင်းကိုတော့ နံပါတ်၁ ဇာတ်ကားမှာ ရိုက်ကူးပြသထားခဲ့ပြီးပါပြီ။ အခုဇာတ်လမ်းမှာတော့ ဂျက်တီဂျဂျာရွာရဲ့ဘေးက ဂီရီတီတိုဆိုတဲ့ရွာလေးမှာ ဂျက်တီဂျဂျာရွာလေးအတိုင်းပဲ မှောင်ရီပျိုးချိန်မှာ ဘေးရွာမှာ ဘောလုံးပွဲပြိုင်လို့အပြီး ကလေးတွေကို ရွာပြန်ခေါ်လာခဲ့တဲ့ကားဟာ လူတစ်ယောက်ကို တိုက်မိရာကနေ ပါလာတဲ့ကလေးရှစ်ယောက်တည်းက နှစ်ယောက်သာ အိမ်ပြန်ရောက်ပြီး ကျန်တဲ့ခြောက်ယောက်ကတော့ ပျောက်ဆုံးသွားခဲ့ပါတယ်။ အိမ်ပြန်ရောက်လာတဲ့ နှစ်ယောက်တည်းက ဝူလန်ဆိုတဲ့ကလေးမလေးဟာလည်း လူကြီးတွေအရှေ့ဆိုရင် အကောင်း ကလေးချင်းတွေ့ပြီဆိုရင် ကြောင်စီစီဖြစ်ပြီး ခြောက်လှန့်မှုတွေ ပြုလုပ်ပါတော့တယ်။ ဒီလိုဖြစ်ရပ်တွေ ဘာကြောင့်ဖြစ်ရတာလဲ ....... ဇာတ်ကားကြည့်ရန်