တိမ်ချစ်သူများစုဝေးရာ☁️🤍
Kanalga Telegram’da o‘tish
8 057
Obunachilar
-1624 soatlar
-887 kunlar
-5330 kunlar
Postlar arxiv
ပေးချင်တဲ့ မေတ္တာတွေ...
မရယူချင်တဲ့ လူရှိလာတဲ့အခါ..
ကျွန်တော်တို့ဟာ...
မေတ္တာတွေကို ထွေးပိုက်ရင်း..
လာရာလမ်းအတိုင်းပြန်ရပါတယ်။
-ခန့်မောင်
"ချစ်တယ်"လို့ ပြောလိုက်တိုင်း
ချစ်ခွင့်ပန်တဲ့ အဓိပ္ပါယ် မဟုတ်ပါဘူး
ပြန်ချစ်ပါလို့လည်း မဆိုလိုပါဘူး။
တခါတရံမှာ
သိနေစေချင်ရုံ သက်သက်နဲ့လည်း
ချစ်တယ်လို့ပြောခွင့်ရှိပါတယ်။ ။
-မောင်ဆောင်းခ
Repost from Lori Gaming Store
အထက်ပါ Channel 2ခုရဲ့ ပိုင်ရှင်သည်
Page အက်မင်နဲ့ လုံးဝ မတူတဲ့
တခြားမိန်းကလေးတစ်ယောက်ရဲ့
အဖော်အချွတ်ပုံတွေနဲ့ အက်မင်ရဲ့
Telegram Account Screenshot တွဲပြီး
Telegram 18+ Channel မှာ နာမည်ဖျက် သိက္ခာချနေပါတယ်။
အရင်လက အင်မင်ရဲ့ Channel မှာ စလော့လူခေါ် Post မတင်ပေးလို့ ပြဿနာရှာတဲ့လူပါ Channel နှစ်ခုကပိုင်ရှင်အတူတူပါဘဲလက်ရှိမှာ အဆိုပါ အောက်တန်းစား သုံးနေတဲ့ Wave နဲ့ K Pay နံပါတ်တွေ နံပါတ်တွေရထားပါတယ် တင်ထားတဲ့ Channel ပိုင်ရှင်ကို ဒီနေရာကနေ တင်ထားတာတွေ ပြန်ဖျက်ဖို့ နဲ့ ထပ်မတင်ဖို့ နောက်ဆုံးအနေနဲ့ သတိပေးချင်ပါတယ် သတိပေးထားရက်နဲ့ တင်ထားတာတွေ ပြန်မဖျက်ဘူး၊ ထပ်လဲတင်နေမယ်ဆိုရင် Wave, K Pay သုံးတဲ့ နာမည်ကနေ တစ်ဆင့် တည်ဆဲဥပဒေများအတိုင်း အရေးယူဆောင်ရွက်သွားပါမယ်။ အဆင်ပြေအောင် အဆိုပါ အောက်တန်းစားရဲ့ အချက်အလက်တွေ သိရင်လဲ လာပြောပေးပါ။ ထိုက်ထိုက်တန်တန်ကျေးဇူးဆပ်ပါမယ် UltraA Store Channel က အက်မင်တို့လိုပဲ Mlbb Dia, Pubg Uc တွေ ရောင်းတဲ့ အောက်တန်းစားရဲ့ Channel ဖြစ်ပါတယ် ဒါကြောင့် ဒီအောက်တန်းစားစီကနေ ဘာမှ မဝယ်မိစေဖို့ ဒီ Post ကို များများ Share ပေးကြပါအုံးရှင့်
ကိုယ်ချင်းစာတတ်စမ်းပါ အချစ်ရယ်
တကယ်လို့
ကိုယ်သာမင်းလုပ်သလိုမျိုး ကိုယ်လုပ်ရင်
မင်းမနာကျင်ပဲနေမလား ။
-မိုးစက်ငြိမ်း
နေကောင်းအောင်နေပါ မာရီယာ
နေမကောင်းရင် ကမ္ဘာကြီးက
မင်းကို မောင်းထုတ်ကြလိမ့်မယ်
လူတွေချစ်တယ်ဆိုတာက
သူတို့ကို မထိခိုက်သရွေ့ပဲမဟုတ်လား...။
-မင်းခိုက်စိုးစန်
အနောက်တောင်ဘက်က
မိုးတွေမဲလာရင်
မိုးကာအကျီဝတ်ထားခဲ့တဲ့
ကျောင်းဆင်းချိန်တွေကို သတိရတယ် ။
#ဂန္ဓမာ
တစ်စုံတစ်ယောက်ကို
ကိုယ်နဲ့ယှဉ်ပြီး စိတ်ပူလွန်ခဲ့ဖူးတယ်
ဒါပေမဲ့ သူကကိုယ့်လို
ထိလွယ်ရှလွယ်မှမဟုတ်တာ
သူ့ဟာနဲ့သူ အဆင်ပြေနေတာပါပဲ ။
#မာဂရက်
ဆုတောင်းတွေ မထည့်ပေးလိုက်တော့ဘူး
မှာချင်တာတစ်ခုက ကျွန်တော့်လိုလူမျိုးကို
ဘယ်မှာမှလိုက်မရှာပါနဲ့
ကျွန်တော့်ဆီမှာတောင် ပြန်လာမရှာပါနဲ့
မရှိနိုင်တော့ပါဘူး ။
#အလင်းသင်
အငိုရောင်ကော်ဖီဆိုင် ကဗျာမှ
စကားပြောရင် အဲဒီတုန်းကလို့ ထည့်ထည့်ပြောရတယ်
တချို့အရာတွေက မရှိတော့ဘူး..။
- စိုးခိုင်ညိန်း
ဆုတောင်းတွေ မပြည့်တဲ့အခါလည်း
တန်ခိုးရှင်တွေကို မငြိုငြင်ပါဘူး ။
ရှေ့မှာ စီနီယာတွေများတယ်ထင်ပါရဲ့ ။
ကိုယ့်အလှည့်ရောက်ဖို့ လိုလိမ့်ဦးမယ် ။
- စောနန္ဒာခိုင်
လက်ကလေးတစ်စုံ
လွှတ်ပေးလိုက်နိုင်ရင်တောင်
မှတ်ဉာဏ်နဲ့ အမှတ်တရတွေကိုတော့
ငါတို့ မလွှတ်ချနိုင်ခဲ့ဘူး ။
*ဂန္ဓမာ
*နေသာသောနေ့လည်ခင်းများ
လူတစ်ယောက်ရဲ့စိတ်ကို
ကယ်တင်ပေးတာ
ကုသိုလ်ရတဲ့အလုပ်လို့ မထင်ဘူးလား
ကျေးဇူးပြုပြီး ကိုယ့်ကိုချစ်ပါ။
- ခွန်းညိုသွေး
တစ်ယောက် တစ်ပေါက်ဆိုပေမဲ့
အားလုံး စုစည်းသွားတဲ့ အခါ
မိုးဟာသည်းတော့တာပါပဲ။
#သားဦး
ငါတစ်ခုခုဖြစ်သွားမှာကြောက်တဲ့သူတွေ
ရှိနေသ၍
ဒီနှစ်မိုးလည်း ထီးမလိုဘူးအချစ်။
-ဝဏ္ဏ
စံပယ်ရောင်နှစ်များဆီသို့ ( ၁ )
ချစ်ခြင်းမေတ္တာ ဆိုတာ
တစ်စုံတစ်ယောက်ကို
တစ်ယုတစ်ယပေးချင်တဲ့
ကျူးလစ်ပန်းတွေပါပဲ ။
#ဂန္ဓမာ
လက်ကလေးတစ်စုံ
လွှတ်ပေးလိုက်နိုင်ရင်တောင်
မှတ်ဉာဏ်နဲ့ အမှတ်တရတွေကိုတော့
ငါတို့ မလွှတ်ချနိုင်ခဲ့ဘူး ။
*ဂန္ဓမာ
*နေသာသောနေ့လည်ခင်းများ
Endi mavjud! Telegram Tadqiqoti 2025 — yilning asosiy insaytlari 
