uz
Feedback
ဒုတိယကမ္ဘာစစ် Movies

ဒုတိယကမ္ဘာစစ် Movies

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
523
Obunachilar
+624 soatlar
+327 kun
+18130 kun
Postlar arxiv
ဒုတိယ ကမ္ဘာစစ်တုန်းက ဂျူးတွေကိုထားဖို့ ဂျာမန်ဆောက်ထားတဲ့ Camp အတွင်းမှ

Sibibor အရမ်းကောင်းတဲ့ ကားလေးပါ ၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်နာဇီတွေ ဂျူးတွေကို Camp သွင်းပြီးညှင်းပန်းနှိပ်စက်တဲ့ ဇာတ်ကားလေးပါ

ESCAPE FROM AUSCHWITZ

All Quiet on the Western Front (2022)MM SUB ဂျာမန်စစ်ကားအသစ်ထွက်လာပါပြီ။🔥 အနောက်ပိုင်းစစ်မြေပြင်မှာ အားလုံးတိတ်ဆိတ်လို့ ဆိုတဲ့ နာမည်အတိုင်းပဲ အနောက်ပိုင်းစစ်မြေပြင်က တိုက်ပွဲတွေအကြောင်းပါပဲ။ 1930 နဲ့ 1973 မှာလည်း ဒီနာမည်နဲ့ ရုပ်ရှင်တွေ ထွက်ခဲ့ပါသေးတယ်။ အနောက်ပိုင်းစစ်မြေပြင်ဟာ ပထမကမ္ဘာစစ်ရဲ့ ကမ္ဘာကျော်တိုက်ပွဲကြီးတွေ ဖြစ်ခဲ့တဲ့နေရာပါပဲ။ တစ်ဘက်နဲ့တစ်ဘက် မီတာ ၁၀၀ လောက် ရှေ့တိုးနိုင်ဖို့ လူ တစ်သန်းလောက် အသေခံခဲ့ရတဲ့ စစ်မြေပြင်လည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ထဲမှာလည်း ပထမကမ္ဘာစစ်အစကနေ အဆုံးအထိ စစ်သားတွေရဲ့ တိုက်ပွဲတွေနဲ့ ဖြတ်သန်းမှုတွေကို တွေ့ရမှာပါ။ သဘောကျစရာကောင်းလာတာကတော့ စစ်ကားအများစုဟာ စစ်ပွဲကို သူရဲကောင်းဝါဒထက် စိတ်ကုန်စရာ စိတ်ပျက်စရာဖြစ်အောင် ပုံဖော်ခဲ့ကြတာ အတော်များလာပါပြီ။ Kingsmen နောက်ဆုံးရုပ်ရှင်မှာ ကဗျာရွတ်သွားတဲ့အခန်းလိုပါပဲ။ ဒီရုပ်ရှင်မှာလည်းဒီလိုပါပဲ စစ်ပွဲပြီးဆုံးရေးကို ဦးတည်မျှော်လင့်နေတဲ့ စစ်သားတွေအကြောင်းပါပဲ။ "ငါ့သားလည်း စစ်ပွဲထဲမှာ သေသွားတာပဲကွ၊ သူတော့ ဘာဂုဏ်သိက္ခာမှ ခံစားမိလိုက်တယ် မကြားပါဘူး" ဆိုတဲ့ စကားမျိုးတွေပဲ ပြောသွားတာပါပဲ။ ပထမကမ္ဘာစစ်ဟာ ၁၉၁၄ ဇူလိုင်လ ၂၈ မှာ စတင်ခဲ့ပြီး ၁၉၁၈ နိုဝင်ဘာ ၁၁ မှာ ပြီးဆုံးခဲ့ပါတယ်။ စတင်ခဲ့တာကတော့ ဩစတြီးယား-ဟန်ဂေရီက ဆားဘီယားကို စစ်ကြေညာတာကနေ စတင်ခဲ့ပါတယ်။ နိုင်ငံပေါင်း ၃၀ ကျော်ပါဝင်ခဲ့ကြပြီး ပင်မအနေနဲ့ ရုရှား၊ ဘယ်ဂျီယံ၊ ပြင်သစ်၊ ဗြိတိန်၊ ဆားဘီးယား၊ အီတလီ၊ အမေရိကန် တို့ဟာ ဩစတြီးယား-ဟန်ဂေရီ၊ ဂျာမနီ၊ ဘူဂေးရီးယား၊ တော့တိုမန်အင်ပါယာတို့နဲ့ တိုက်ခိုက်ခဲ့ကြတာပါ။ အဆိပ်ငွေ့တွေအဓိကသုံးခဲ့ကြတဲ့ စစ်ပွဲလည်းဖြစ်ပါတယ်။ စစ်သား သန်းခန့်သေဆုံးခဲ့ပြီး စစ်ပွဲဘေးဒုက္ခကြောင့် ဒဏ်ရာရ၊ ငတ်မွတ်၊ ရောဂါဘေးတွေနဲ့ လူ ၅ သန်းခဲ့ သေဆုံးခဲ့ပါတယ်။ ကမ္ဘာ့ပထမဆုံးနဲ့အကြီးဆုံး တုပ်ကွေးကပ်ရောဂါလည်း ပထမကမ္ဘာစစ်ကြောင့် ပြန့်နှံ့ခဲ့ပါတယ်။ ဒီတော့ ဒီရုပ်ရှင်ထဲက ပထမကမ္ဘာစစ်တိုက်ပွဲတွေနဲ့ စစ်သားတွေအကြောင်းကို ခံစားကြည့်လိုက်ပါဦး။

The Great War If Archimedes 2019 ရေတပ်ကလူတွေကိုစိတ်နာပြီး အစိုးရနဲ့ကင်းကင်းနေချင်သောအင်ပါယာတက္ကသိုလ်က သင်္ချာဉာဏ်ကြီးရှင်လေးကိုင်တာဒါရှီတစ်ယောက် မုန်းလှပါချည်ရဲ့ဆိုတဲ့ ရေတပ်က ဗိုလ်ချုပ်တစ်ဦးရဲ့ ကူညီပေးမှုနဲ့ရေတပ်မှာ ဗိုလ်မှူးတစ်ယောက်ဖြစ်ခဲ့ပါတော့တယ် သူ့ရဲ့တာဝန်ကတော့ သူ့ကိုအကူညီတောင်းတဲ့ ဗိုလ်ချုပ် ရာမာတိုတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်နေတဲ့ စစ်သင်္ဘောတည်ဆောက်ဖို့ ပြိုင်ဆိုင်နေတဲ့ ဟီယာရာမာရဲ့ ဒီဖိုင်းကုန်ကျစရိတ်အမှန်ကို ဖော်ထုတ်ပေးဖို့ပါပဲ ကိုင် တစ်ယောက် ဘာမှအသေးစိတ် မသိရပဲဘဲနဲ့ ကိန်းဂဏန်းတွေဟာ မလိမ်ညာတတ်ဘူးဆိုတဲ့ ယုံကြည်ချက်တစ်ခုတည်းနဲ့ သူ့တာဝန်တွေကိုပြီးမြောက်အောင်လုပ်ခဲ့ပါတော့တယ်

Sisu [2023] ဇတ်ကားသစ် ဇာတ်ကားနာမည် Sisu ဆိုတာ ဖင်လန် စကားလုံးပါ။ တိုက်ရိုက်တစ်ခွန်းတည်းဘာသာပြန်လို့မရတဲ့ စာလုံးလည်းဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မဆုတ်မနစ်ဇွဲနပဲကြီးကြီး လုံးဝလက်မလျှော့ဘဲ သဲကြီးမဲကြီးလုပ်တတ်တဲ့သူပါတဲ့။ သမိုင်းနောက်ခံကတော့ ဒုတိယကမ္ဘာစစ်ပြီးခါနီးကာလ ဂျာမန်တွေ ဖင်လန်ကနေ ပြန်ဆုတ်နေချိန်ပါ။ မြေလှန်နည်းကိုသုံးပြီး နာဇီတွေဟာ လမ်းတလျှောက် အရာရာတိုင်းကို ဖျက်ဆီးပြီး ဆုတ်ခွာနေပါပြီ။ ဒါပေမဲ့ နာဇီတပ်ခွဲတစ်ခုကတော့ လမ်းမှာ ကံကောင်းပြီး ရွှေတွေအများကြီးသယ်လာတော့ ဘိုးတော်တစ်ယောက်နဲ့တွေ့သွားပါတယ်။ သူ့ဆီက ရွှေတွေကို လုယူလာပြီး သူ့ကိုသတ်ဖို့ကြိုးစားခဲ့ပေမဲ့။ သူတို့တွေ့တဲ့ဘိုးတော်က ဂျွန်ဝစ်ရဲ့အဘိုးအဆင့်လောက်ဖြစ်နေတဲ့အခါ တပ်ခွဲတစ်ခွဲလုံးကို လိုက်သတ်တာကြောင့်ခွေးပြေးဝက်ပြေးပြေးရပါတော့တယ်။ ကျန်တာကတော့ အက်ရှင်အကြမ်းသီးသန့်မို့ အများကြီးပြောစရာမရှိပါဘူး ကြည့်လိုက်ပါဦး။

Stalingrad (1993) ============== စတာလင်ဂတ်တိုက်ပွဲဆိုတာ ဒုတိယကမ္ဘာစစ်ကြီးရဲ့ ၁၉၄၂ ခုနှစ်ဝန်းကျင် အဓိကတိုက်ပွဲထဲက တစ်ခုပဲ လူတွေသန်းပေါင်းများစွာလည်း သေကြေပျက်စီးခဲ့ရတာပေါ့ စစ်တပ်ရဲ့ တစ်သွေးတစ်သံအမိန့်ဆိုတာမျိုးတွေကို ဒီထဲမှာကောင်းကောင်းမြင်ရပြီး ဒီလိုအရာကြောင့်ပဲ ကိုယ့်စစ်တပ်မှာပဲ ကိုယ်က အကျဉ်းသားဘဝရောက်ခဲ့ရတာတွေ သေကောင်ပေါင်းလဲ ရုန်းကန်ခဲ့ရတာတွေ။ အထက်ကလူကြီးကောင်းမှုကြောင့် အသေအလဲတွေစစ်တိုက်ရပြီး လူသားမဆန်မှုတွေ ကြုံရတော့ မခံချင်စိတ်နဲ့ စစ်ပြေးဘဝရောက်ပြီး ဆိုဗီယက်နယ်မြေထဲမှာ ခက်ခက်ခဲခဲတွေ ဖြတ်သန်းပြီး အသက်စွန့်ရတာတွေ။ ဖော်ပြတင်ဆက်ထားတဲ့ စစ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။   https://t.me/tayekar/1323 https://t.me/tayekar/1323

The Forgotten Battle (2020) ======================= The Forgotten war ဆိုတဲ့ နာမည်လေးအတိုင်း သမိုင်းတွင်ခဲ့ပေမဲ့ သမိုင်းစာမျက်နှာထက်မှာ အကျယ်တဝင့်ဖော်ပြခြင်းမခံခဲ့ရတဲ့ စစ်ပွဲလေးအကြောင်းကိုအခြေတည်ရိုက်ထားတဲ့ဇာတ်ကားလေးပါ။ D-Day လို့ဆိုလိုက်တာနဲ့ မဟာမိတ်တွေ ဂျာမာန်တွေကိုအနိုင်ယူခဲ့တဲ့ နောမန်ဒီကမ်းတက်စစ်ပွဲကြီးကို တစ်ခါတည်းတွဲမြင်တတ်ကြပါတယ်။ ဒါပေမဲ့ အဲ့ဒီစစ်ပွဲကြီးဖြစ်တည်ဖို့ လမ်းဖောက်ပေးခဲ့တဲ့ Scheldt တိုက်ပွဲလေးအကြောင်းကိုတော့ လူတွေသိပ်မသိခဲ့ကြပါဘူး။ နော်မန်ဒီတိုက်ပွဲအတွက် ရိက္ခာလက်နက်ထောက်ပံ့ပို့ရန်ဆိပ်ကမ်းတစ်ခုအသည်းအသန်လိုအပ်နေခဲ့တဲ့ မဟာမိတ်တွေဟာ ဘယ်ဂျီယံနိုင်ငံထဲက Antwerp ဆိပ်ကမ်းလေးကိုတွေ့ရှိပြီး စစ်သင်္ဘောတွေဆိုက်ကပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ Scheldt မြစ်ကြောင်းတစ်လျှောက်မှာ ဂျာမာန်တွေကခြေကုပ်ယူထားတဲ့အခါမှာတော့…. ဒီဇာတ်ကားလေးဟာ Scheldt တိုက်ပွဲမှာအောင်ပွဲဆင်နိုင်ဖို့ လူမသိသူမသိအညတရသူရဲကောင်းလေးတွေရဲ့ ကိုယ်စီအားထုတ်ကြိုးစားခဲ့မှုလေးတွေ အခက်အခဲတွေကိုဖြတ်ကျော်ခဲ့ရပုံတွေကို အလေးပေးရိုက်ကူးထားတဲ့ စစ်ကားကောင်းလေးတစ်ကားပါ။