uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

ရင်ဖွင့်ရာ💗💗

ရင်ဖွင့်ရာ💗💗

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
Myanma41 211Toif belgilanmagan
386
Obunachilar
Ma'lumot yo'q24 soatlar
-17 kun
+1930 kun
Postlar arxiv
ဒီနေ့အတွက်ယခုပိုစ်စတင်လက်ခံပါပြီ ပို့စ်မရှိတာက အခက်အခဲမရှ်တာလို့မင်မင်ယူဆတယ့်အတွကိ မရှိခဲ့ရင်လည်းဝမ်းသာပါတယ် Dmကိုစာပို့ရန် @Privateonefor တင်ချင်တာကို အကောင့်ကိုလာသာပို့ပါ အချိန်မရွေးရပါတယ် နော် 👉Username ပြောင်းထားပါတယ်

ကျွန်တော်ကတက္ကသိုလ်ကျောင်းသားတစ်ဉီးပါ ကျွန်တော်ကgayတစ်ယောက်လဲဖြစ်ပါတယ်ဗျ ကျွန်တော်ကျောင်းတက်ရင်းနဲ့ကျွန်တော်နဲ့အဆောင်တူသူငယ်ချင်းကိုအရမ်းသဘောကျမိတယ်လို့ထင်ပါတယ် ကျွန်တော်အဲ့တာနဲ့ သူနဲ့ရင်းနှီးအောင်နေပါတယ် အဲ့လိုနဲ့ပဲသူ့ရဲ့အရင်းနှီးဆုံးသူငယ်ချင်းတစ်​ဦးဖြစ်သွားပါတယ် ​သူကလည်းကျွန်တော့်ကိုကိစ္စတော်တော်များများရင်ဖွင့်ပါတယ် နောက်တော့ကျွန်တော်သိလိုက်ရတာကသူကလည်းကျွန်တော်တို့နဲ့အဆောင်တူအခြားသူငယ်ချင်းတစ်ယောက်ကိုသဘောကျနေတာပါ သူများတွေကိုပေးမသိပေမဲ့သူကကျွန်တော့ကို​ပြောပြပါတယ် ဒါပေမဲ့သူကြိုက်နေတဲ့သူက သူ့ကိုပြန်ကြိုက်ဖို့က ၀.၀၀%ပါ ဘာလို့လဲဆိုတော့သူကြိုက်နေတဲ့သူကလုံးဝရေမရောတဲ့ယောက်ျားပါ သူကသူခံစားချက်တွေကိုကျွန်တော့ကိုရင်လာ,လာဖွင့်ပါတယ် ဒါပေမဲ့ကျွန်တော်သူ့ကိုကြိုက်နေတာတော့သူမသိပါဘူး သူကအရမ်းလည်းချောပြီးစာလည်းတော်ပါတယ် ဒါပေမဲ့တစ်ခါတစ်လေကျွန်တော့ကိုစိတ်ဆိုးတတ်ပါသေးတယ် သူက"ငါဒီအဆောင်မှာမင်းတစ်ယောက်ထဲကိုပဲစိတ်ဆိုးဖူးတာတဲ့ မင်းပဲငါ့ကိုချော့တာမလို့"တဲ့လို့လည်းပြောဖူးပါသေးတယ် သူကအရမ်းသိက္ခာကိုလည်းအလေးထားပါတယ် သူယောက်ကျား လေးတစ်ယောက်ကိုကြိုက်နေပေမဲ့ ကျွန်တော့ကိုပဲ​ပြောပြပါတယ် သူများတွေသူ့ကိုအထင်သေးမှာကြောက်လို့ပါ သူ့ကိုကျွန်တော်ဖွင့်လည်းမပြောရဲပါဘူး အရင်းနှီးဆုံးသူငယ်ချင်းဆက်ဆံရေးပျက်စီးမှာစိုးလို့ပါ သူက ကျွန်တော်gayမှန်းသိပေမဲ့ သူ့ကိုကြိုက်နေမှန်းလုံးဝမသိပါဘူး ဘာဆက်လုပ်သင့်လဲ စိတ်ဖြတ်သင့်လားဆိုတာအကြံလေးပေးကြပါဉီးဗျ

ဒီနေ့အတွက်ယခုပိုစ်စတင်လက်ခံပါပြီ ပို့စ်မရှိတာက အခက်အခဲမရှ်တာလို့မင်မင်ယူဆတယ့်အတွကိ မရှိခဲ့ရင်လည်းဝမ်းသာပါတယ် Dmကိုစာပို့ရန် @Privateonefor တင်ချင်တာကို အကောင့်ကိုလာသာပို့ပါ အချိန်မရွေးရပါတယ် နော်

တစ်နေတာကိုယ့်အကြောင်းတွေပြောပြချင်တယ် ရင်ဖွင့်ဖော် တိုင်ပင်ဖော်သူငယ်ချင်းတစ်ယောက်လောက်လိုချင်တယ်

ဒီနေ့အတွက်ယခုပိုစ်စတင်လက်ခံပါပြီ ပို့စ်မရှိတာက အခက်အခဲမရှ်တာလို့မင်မင်ယူဆတယ့်အတွကိ မရှိခဲ့ရင်လည်းဝမ်းသာပါတယ် Dmကိုစာပို့ရန် @yinpyar တင်ချင်တာကို အကောင့်ကိုလာသာပို့ပါ အချိန်မရွေးရပါတယ် နော်

ဒီရက်ပိုင်းတအားအထီးကျန်ဆန်လွန်းတယ်ကိုယ့်နားမှာဘယ်သူမှမရှိသလိုဘဲ တစ်နေတာကိုယ့်အကြောင်းတွေပြောပြချင်တယ် သူငယ်ချင်းတစ်ယောက်လောက်လိုချင်တယ်

ကျွန်မကောင်လေးတစ်ယောက်ကိုသဘောကျတယ်‌6လကျော်လောက်ကြိုက်ခဲ့ပြီးအဲ့နောက်မှာသူကလည်းကိုယ့်ကိုသဘောကျမှန်းသိနေလို့ဖွင့်ပြောလိုက်တာတွဲဖြစ်သွားတယ်သူကအရာရာမပြည့်စုံပေမယ့်ဘယ်လိုသဘောကျမိသွားလဲမသိဘူး။ကိုယ်ကအရမ်းချစ်ခဲ့လို့ထင်တယ်တွဲနေတဲ့အချိန်မှာသူကကိုယ့်ကိုအချစ်လျော့တယ်ကိုယ့်လောက်မချစ်ဘူးလို့ခံစားရတယ်တွဲပြီး2လအကြာမှာအိမ်ကလူတေသိသွားပြီးသဘောမတူခဲ့ဘူးပြီးတော့ကျွန်မတို့နေတဲ့နေရာမှာကရည်းစားထားခွင့်မရှိဘူးခိုးတွဲခဲ့ကြတယ်2လအကျော်မှာဒီကဆရာတွေကကျွန်မတို့တွဲတာကိုရိပ်မိလာတယ်အမြဲစောင့်ကြည့်ခံလာရတာနဲ့ကျွန်မကသူ့ကိုပြတ်ဖို့ပြောတယ်သူကမပြတ်ပေးနိုင်ဘူးတဲ့အဲ့တာနဲ့ကျွန်မလည်း3နှစ်စောင့်ကြမယ်လို့ပြောတော့ကျွန်မတို့နောင်3နှစ်မှာဆုံမယ့်နေရာနဲ့အချိန်ကိုသတ်မှတ်ပြီးဂတိပေးခဲ့ကြတယ်အဲ့နေ့ကစပြီးသူနဲ့ကျွန်မတစ်ဝန်းထဲနေပေမယ့်စကားမပြောဖြစ်ကြတော့ဘူးကျွန်မသေမတက်ခံစားရတယ်သူလည်းမနေနိုင်ဘူးဆိုတာသိတယ်သူလည်းတမိုင်မိုင်နဲ့အရင်ကဆုံခဲ့တဲ့နေရာ၊စောင့်ခဲ့တဲ့နေရာတွေမှာသူကတယောက်တည်းသွားသွားထိုင်နေတက်တယ်တလလောက်အကြာမှာတော့သူကကျွန်မကိုတခါတလေတွေ့ရင်အရမ်းရှောင်လာတယ်ကျွန်မအရှေ့မှာရှိရင်သူအနောက်မှာပဲနေတယ်အဲ့တာနဲ့သူကျွန်မကိုများမုန်းနေတာလားဆိုပြီးသူ့သူငယ်ချင်းကိုမေးလိုက်တော့မဟုတ်ဘူးတဲ့သူလုပ်နေတာတွေကကျွန်မအတွက်ပဲတဲ့ဒါမပမယ့်အရင်ကအလိမ္မာဆုံးလူကအဆိုးဆုံးလူဖြစ်သွားပြီတရက်တော့သူကျွန်မကိုစကားပြန်စလာပြောတယ်ကျွန်မတခွန်းနှစ်ခွန်းသူနဲ့ပြန်ပြောလိုက်တယ်အဲ့ညကျွန်မအရမ်းပျော်လို့အိပ်လို့တောင်မပျော်ဘူးနောက်နေ့တေရောက်တော့သူကကျွန်မကိုမရှောင်တော့ဘူးကျွန်မဘေးနားလာတယ်ဒါပေမယ့်ကျွန်မနဲ့ကျစကားမပြောဘူးကျွန်မသူငယ်ချင်းတွေနဲ့ပဲစကားပြောတယ်။ကျွန်မကလည်းမာနကြီးတော့စကားစမပြောခဲ့မိဘူး။အခုဒီလိုအချိန်ကျမှညီမသိသွားတာကညီမတို့တွဲခဲ့တုန်းကသူညီမကိုမချစ်ခဲ့ဘူးလို့ထင်ခဲ့တာမှားသွားတယ်အခုချိန်ပြန်စဉ်းစားကြည့်မှသူကညီမကိုချစ်တယ်လို့ခနခနမပြောခဲ့ဘူးအဲ့တာကြောင့်ညီမကိုမချစ်ဘူးလို့ထင်ခဲ့တာအမှန်တော့သူ့အပြုအမူတွေ၊သူ့လုပ်ရက်တွေကကျွန်မန‌ဲ့တွေ့တော့အရမ်းသိမ်မွေ့လွန်းတယ်ဆိုတာအခုမှသိတယ်။သိလိုက်တဲ့အချိန်မှာသူကျွန်မကိုအရင်ကလိုလည်းမရှာတော့ဘူး၊နေနိုင်သွားပြီလားမသိဘူး။သူနဲ့စကားလည်းပြောချင်တယ်မိန်းကလေးမို့စကားလည်းစမပြောချင်ဘူးသူ့အကြည့်တွေကနေတော့ကျွန်မကိုချစ်သေးတယ်လို့တော့ထင်တယ်။စကားလည်းမပြောဖြစ်တွေ့လည်းသိပ်မတွေ့ဖြစ်ကြတော့နောင်မှာပြန်တွေ့မယ်ဆိုတဲ့ဂတိကိုသူတည်ပါ့မလား။ကျွန်မကိုတကယ်စောင့်နေတာလားဆိုတာသူ့ကိုအရမ်းမေးကြည့်ချင်တယ်။သူကိုယ်ကိုတကယ်ချစ်ရင်ဘာလို့စကားအရင်စမပြောတာလဲ။သူကဖုန်းမသုံးရဘူးဆိုပေမယ့်တဝင်းထဲနေတာနေ့တိုင်းတွေ့နေရတယ်အဲ့တော့စကားလည်းမပြောကြတော့နေလို့သိပ်အဆင်မပြေဘူးအဲ့တာဘယ်လိုလုပ်ရမလဲမသိတော့လို့ပါ

သူ့အတွက် ကိုယ်ဆိုတာ မလိုအပ်တော့ရင် စိတ်ကိုတည်​ငြိမ်အောင်ဘယ်လိုဖြေရမလဲရှင့်

ရင်ဖွင့်ရာဖြစ်တယ့်အတွက် မင်မင့်ကို အကြံဉာဏ်တောင်းပြီး အခက်အခဲဖြစ်တယ့်အ‌ ကြောင်းအရာ ကိုပဲ ပို့ပေးပါ ကျန်တာတွေတင်ပေးမည်မဟုတ်ပါနော် အကြံဉာဏ္်တောငိးတာမျိုး အထီးကျန်လို့ အဖော်လိုတာမျိုး ရင်ဖွ့င့်တာမျိုးဆိုတင်ပေးပါမယ် လာပို့တာဖတ်ကြည့်လို့ အပေါ်ကအကြောင်းအရာတေနဲ့ မသက်ဆိုင်ရင်မတင်ပေးပါနော် တင်ချင်တာကို အကောင့်ကို ဟိုင်းပြီးတာနဲ့ တစ်ခါတည်းပို့ထားပေးပါရပါတယ်

ကိုယ်ကမပျော်နိုင်ခဲ့ပေမယ့် သူပျော်နေတယ် အဆင်ပြေနေတယ်ဆိုရင် ကျေနပ်ပါပီ ပေးခဲ့ဖူးတဲ့ မေတ္တာတွေက အစစ်မို့လို့ အချစ်တွေကမင်းကို အေးချမ်းစေမှာပါ.. အစကတည်း ကပိုင်ဆိုင်ချင်လို့ ရယူချင်လို့ချစ်ခဲ့တာမဟုတ်မှန်းမင်းလည်းသိခဲ့မှာပါ...တနေ့တော့ငါလည်းမင်းလည်းရုန်းနိုင်ထွက်နိုင်မှာပါ

အခုတလောအရာရာအဆင်မပြေဘူးဗျာ ကိုယ့်ကိုနားမလည်တဲ့လူတေကြားမှာရှင်သန်နေရတယ်ဆက်လဲမရှိချင်တော့ဘူးဗျာ စိတ်‌ဓာတ်တေလဲတအားကြနေတယ် ပြောလိုက်ရင်ပေါ့သွားမယ်ထင်လို့ပါ အမှားပါရင်တောင်းပန်ပါတယ်

ကျနော်က ဆောက်လုပ်ရေးလုပ်သားတစ်ယောက်ပါ မနက်မိုးလင်းတာနဲ့ အလုပ်သွား ညဆိုအဆောင်ပြန်ရောက် တစ်ယောက်ထဲအထီးကျန်နေရတာ အရမ်း ပျင်းဖို့ကောင်းတယ် စကား‌‌ေပြာပေးမဲ့ ကောင်မလေးတျောက်လောက်တော့ရချင်မိတယ်

ကိုယ့်ကို ၅နှစ်ကျော်လောက်အရမ်းချစ်ပါတယ်လို့ပြောတဲ့သူက ကိုယ့်ကို ခန၂ နာကြင်အောင်လုပ်လဲ ကိုယ့်မှာ အမှတ်မရှိ သူ့နားက မခွာနိုင်ဘူး ကိုယ့်ကို ရင်ထဲမရှိတော့ဘူး လမ်းခွဲမယ် ပြောလဲ ကိုယ်က ခုချိန်ထိ သူများ ကိုယ်ဆီအရင်လိုပဲ စိတ်ပြန်ရောက်လာမလားဆိုပြီး မျှော်လင့်နေမိတယ် သူကတော့ သူဘယ်သူနဲ့မှလည်း စကားမပြောဘူး သူ့အလုပ် သူလုပ်တယ် ခန အားရင် သီးချင်းဆိုတယ် အဲ့လောက်ပဲပြောပေမဲ့ ကိုယ့်မှာတော့ သူအရင်လိုပဲ ကိုယ့်ကို ပြန်ပြီး နွေးထွေးလာမလား မျှော်လင့်နေတုန်း လူလဲ အရှူးလိုပါပဲ အချိန်တိုင်း ဒီစိတ်နဲ့ပဲ မစားနိုင် မအိပ်နိုင် ဘာလုပ်ရမှန်းကို မသိ ကိုယ့်မှာ ရင်ဖွင့်စရာလူလဲမရှိ တိုင်ပင်စရာ သူလဲ မရှိ ဘာပဲ ဖြစ်လာ၂ တယောက်တည်း သေလောက်ခံစား ဘယ်သူ့ကိုမှလည်း ပြောပြလို့မရ. တကယ်ပါ ကိုယ်အခု ဘာလုပ်ရမှန်းမသိလို့ အကြံလေးပေးကျပါအုံး 😭😭😭

ကျွန်တော်ကကျောင်းသားတစ်ဦးပါ တစ်ဖက်ကနေgamerတစ်ဦးလဲဟုတ်ပါတယ် အခုဟာရန်ကုန်မှာကျွန်တော်တို့sqကဖွဲ့ဖို့အဆင်သင့်ဖြစ်နေပြီပေါ့နော် supportပေးမယ့်ကုမ္ပဏီလဲရှိတယ် ကျွန်တော်တို့playerတွေရဲ့လက်မှတ်ဘဲလိုတာ ဒါပေမယ့်gamer lifeထဲဝင်ရင်ကျောင်းအပြီးနားရမှာပေါ့နော်အဲ့တော့ ကျောင်းဆက်တတ်ရင်ကောင်းမလားgamerတစ်ယောင်အနေနဲ့ဘဲရပ်တည်ရင်ကောင်းမလား အကြံပေးကျပါ

သူနဲ့ကိုယ်နဲ့ စသိတာ ခုဆို တစ်နှစ်နီးပါး ရှိပါပြီ ။ သူရော ကိုယ်ရော နှစ်ယောက်လုံး မိန်းကလေးပါ။ ဂိမ်းဆော့ရင်းသိတာပါ။ နှစ်ယောက်လုံး အချင်းချင်းသဘောကျ ကြပေမဲ့ မတွဲဖြစ်ပါဘူး။သူငယ်ချင်းမကျ ချစ်သူမကျအခြေနေပါ။ ကိုယ့်ဘက်က မိသားစုက အာ့လိုကိစ္စဆို လက်မခံတဲ့ ဘက်ကပါ။ ဒါပေမဲ့ အိမ်ကို မိဘကလွဲရင် ကျန်တဲ့သူတွေကို ကိုယ် သူ့ကိုသဘောကျတဲ့အကြောင်းပြောပြဖြစ်တယ်။ သူဘက်ကကျ သူကအဆင်ပြေတယ်ပြောပေမဲ့ ချစ်ပေမဲ့ လွယ်လွယ်မတွဲချင်ဘူးပြောပါတယ်။ သူက tom မဟုတ်ပေမဲ့ မိန်းကလေးလဲ မဆန်ပါဘူး။ ကိုယ်လဲ မိန်းကလေးအရမ်းမဆန်ပေမဲ့ skincare လောက်တော့ လုပ်ပါတယ်။ လိုအပ်တယ်ထင်လို့ပါ။ အာ့လိုအရာတွေဆို သူက အပိုလုပ်တယ်လို့မြင်ပါတယ်။ ပိုက်ဆံဖြုန်းတယ်လို့ထင်တဲ့သူပါ။ တခုခုဆို အထင်လွဲမြန်ပါတယ်။ ဥပမာ. သူငယ်ချင်းတွေနဲ့ မုန့်ထွက်စားရင် ယောကျာ်း​လေးတွေနဲ့ ထွက်တယ်လို့ထင်တာတို့ အာ့လိုမျိုးတွေပါ။ ရှင်းပြရင်တောင် မယုံတာများပါတယ်။ ကျန်တဲ့အရာတွေတော့ ကိုယ်ဘာလုပ်လုပ်သူလိုက်လျောပေးပါတယ်။ ကိုယ်ဘယ်လောက်ဆိုးဆိုး သည်းခံပါတယ်။ အရင်ကတော်တော်များများ စကားပြောဖြစ်ကြပေမဲ့ အရင်လကစပြီး စကားပြောတာ မဆုံဖြစ်သလောက်နည်းသွားပါတယ်။ ဒါလဲသူ့အလုပ်ကိစ္စကြောင့်ပါ။ သူ့အလုပ်ကိစ္စ ဒါမှမဟုတ် တခြားကိစ္စတွေကြောင့် အဆင်မပြေတာရှိရင်​တောင် မေးရင်တောင် မပြောပြပါဘူး။ သူစိတ်ရှုပ်မှာစိုးလို့ မမေးတော့ရင် စိတ်ကုန်နေပြီမလား၊ မစောင့်ချင်လဲ မစောင့်နဲ့၊ တခြားသူနဲ့တွဲချင်လဲ တွဲလိုက်တော့၊တခြားတယောက် ရှိနေပြီမလား အာ့လိုတွေပဲ ပြောလာပါတယ်။ ခုနောက်ပိုင်း ပိုအဆင်မပြေတာများလာပါတယ်။ ကိုယ်လဲ သူ့ကိုရှင်းပြရင်တောင် နှစ်ယောက်ကြားအခြေနေကပိုဆိုးလာပါတယ်။ ခုလိုတွေ အဆင်မပြေတာမဖြစ်ချင်တော့လို့ပါ။ အာ့တာ ဘယ်လိုလုပ်သင့်လဲ။ သူငယ်ချင်းဆိုတာလဲ ရှိတာ လက်တစ်ဖက်မပြည့်ပါဘူး။ အပြင်မှာ တိုင်ပင်ရမဲ့သူလဲ မရှိလို့ပါ။ ကိုယ်လဲသူကို တကယ်သဘောကျနေမိလို့ပါ။ #စာရှည်သွားတဲ့တောင်းပန်ပါတယ်။ အဆုံးထိဖတ်ပေးလို့ ကျေးဇူးလဲတင်ပါတယ်။

ကိုယ်ဟာ... မင်းဆီ အလည် လာတဲ့ ဧည့်သည် တယောက် ပါ ဘယ်လို ဧည့်သည် မျိုးလဲ ဆိုတော့.. မင်းကို ဖယောင်းတိုင် လို ခြင်ဆေးခွေလို ကိုယ်တိုင် အလောင်ခံပြီး အလင်းလည်းပေး အကာကွယ်ပါ ပေးမယ့် ဧည့်သည် ပေါ့ ကိုယ်နေရမဲ့ အချိန်ကုန်လွန် လို့ မင်းလေး မလိုအပ် တော့တဲ့ခါ ဧည့်သည် ဖြစ်တဲ့ ကိုယ်ဟာ အလိုက်သိစွာ ထွက်သွားပေးပါမယ် T.T.T.

မင်္ဂလာပါရှင့်.. ရင်ဖွင့်တယ်ဆိုတာထက် အကြံဉာဏ်လေးတွေလိုချင်တာဆိုပိုမှန်ပါတယ်ရှင့်... ညီမက အခု ကလေးကြည့်ရတဲ့အလုပ်လုပ်နေတာပါ 24hrဝင်ရတယ်ဆိုလည်းမမှားပါဘူး။ ကလေးအိပ်ရင်အိပ်အဲ့လိုပါရှင့်.. ညီမ ဒီမှာရောက်တာ ၂နှစ်ပြည့်တော့မယ် အလုပ်ထွက်ပီး စင်္ကာပူမှာ အလုပ်သွားလုပ်မယ်လို့ စိတ်ကူးရှိပေမယ့် အခုချိန်ထိ အကောင်ထည်မဖော်နိုင်သေးဘူး ၂နှစ်ဆိုတဲ့ အချိန်မှာ ကလေးကိုလည်း သံယောဇဉ်ဖြစ်နေပီ ကလေးကလည်း တစ်ခါတလေဆို သူ့အမေရှိနေရင်တောင် ကိုယ်ကိုကပ်တာမျိုးဆိုတော့ သူ့ကိုလည်း ဘယ်လိုထားခဲ့ရမှန်းမသိဘူး ညီမ ဘယ်လိုလုပ်ရင်ကောင်းမလည်းရှင့် အချိန်ဘယ်လောက်ထိ ဒီမှာနေသင့်လည်းပေါ့... ကိုယ့်နိုင်ငံရဲ့ ကုန်ဈေးနှုန်း နဲ့ဆို ရွာက မိဘကိုလည်း အဆင်ပြေအောင်မလုပ်ပေးနိုင်လို့ပါ🥹

ဘယ်သူ့ကိုမှပြောစရာမရှိလို့ ရင်ဖွင့်ချင်လို့ပါ😓 တစ်ခါတစ်လေ တစ်ခြားသူတွေအကုန်လုံး သူ့သူငယ်ချင်းနဲ့သူရှိကြပြီးး တစ်နေ့တာဘာလုပ်တယ် ဘာဖြစ်တယ် ကျောင်းရောက်ပြီ အိမ်‌ပြန်ရောက်ပြီဆိုတာတွေ ပြောပြဖို့လူတစ်ယောက်မဟုတ် တစ်ယောက်တော့ရှိနေကြတယ် ...အဲ့လိုတွေမြင်ရင်အားကျတယ် ညီမမှာ သူငယ်ချင်းတွေအများကြီးရှိပါတယ် ဒါပေမဲ့ ညီမပြောပြတာတွေစိတ်၀င်တစားနားထောင်ပြီး ဆိုးတူကောင်းဖက်သူငယ်ချင်းဆိုတာတော့မရှိဘူး... တစ်ခါတစ်လေ ကမ္ဘာပေါ်မှာ ကိုယ်တစ်ယောက်တည်းကွဲထွက်နေတယ်ဆိုတဲ့ခံစားချက်ကြီး၀င်လာတယ် စာလုပ်ရတာလဲစိတ်မပါချင်တော့ဘူး စာအတူတူလုပ်ချင်ပေမဲ့ ဘယ်သူမှမရှိဘူး😔 ညီမက 16နှစ်ပါ ခုတော့ Gedတက်ဖို့ပြင်နေပါတယ် engလိုအပ်ချက်ကြောင့် တက်ဖို့အဆင်မပြေသေးလို့ engသင်တန်းတက်ရင်း gedကို self study လုပ်နေတာပါ တကယ်လို့ဒီထဲမှာ ညီမနဲ့သူငယ်ချင်းဖြစ်ချင်တယ် စာတူ"လုပ်ချင်တဲ့သူရှိရင် မန့်ခဲ့ပေးပါနော် တစ်ယောက်တည်းဖြစ်နေတာမကြိုက်လို့ပါ😖😖 တစ်ခါတစ်လေ စာဖတ်ဖို့စိတ်ကူးရှိပေမဲ့ ဘာစာအုပ်ဖတ်ရမှန်းလည်းမသိဘူး ဘာလုပ်လို့ လုပ်ရမှန်းကိုမသိတဲ့ချိန်တွေအများကြီးဖြစ်နေတယ် စာအုပ်လေးတွေ recommend ပေးနိုင်တဲ့သူနဲ့လဲ ရင်းနှီးချင်ပါတယ်😓

ရင်ဖွင့်ရာ Gp link https://t.me/+tabAc3eiWRA5NmI1