cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

Reklama postlari
136 219
Obunachilar
+16924 soatlar
+1 6387 kunlar
+9 16830 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
👍 37 2😁 2
တရုတ်စစ်ရေးလေ့ကျင့်မှုအပြီး ထိုင်ဝမ်သမ္မတက တရုတ်နိုင်ငံအပေါ် ချစ်ကြည်ရင်းနှီးမှုရှိကြောင်း ပြောဆို/ အမေရိကန်လွှတ်တော်အမတ်အုပ်စု ထိုင်ဝမ်ရောက်ရှိ ……………………………………… နိုင်ငံတကာ၊ မေ ၂၇ အမေရိကန်လွှတ်တော်အမတ်အုပ်စုတစ်စု ထိုင်ဝမ်နိုင်ငံကို ရောက်ရှိလာချိန်မှာ ထိုင်ဝမ်ကျွန်းအနီး တရုတ်နိုင်ငံ က နှစ်ရက်ကြာစစ်ရေးလေ့ကျင့်မှုပြုလုပ်ခဲ့ပြီးနောက် ထိုင်ဝမ်သမ္မတလိုင်ချင်တီးက တရုတ်နိုင်ငံကို ချစ်ကြည် ရင်းနှီးမှုရှိကြောင်းနဲ့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း တနင်္ဂနွေနေ့ (မေလ ၂၆ ရက်နေ့) က ပြော ကြားလိုက်ပါတယ်။ သတင်းအပြည့်အစုံဖတ်ရန် … https://shorturl.at/DywaM
Hammasini ko'rsatish...
👍 40😁 3
ယနေ့ နံနက်ပိုင်းက ချင်းပြည်နယ်၊တီးတိန်မြို့ရှိ ထွေအုပ်ရုံး၊ဆက်သွယ်ရေးတာဝါတိုင်ကုန်း၊ရဲစခန်းတို့ကို ချင်း စစ်သွေးကြွ အဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ တီးတိန်မြို့ သိမ်းပိုက်နိုင်ရေးကို ချင်းစစ်သွေးကြွများက အင်အားဖြည့်တင်းလျက်ရှိနေသည်။ #PeopleMedia
Hammasini ko'rsatish...
👍 42🤬 12🔥 10😱 3🙏 2
Photo unavailableShow in Telegram
👍 54 1👏 1
တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထပ်မံအရေးယူဆောင်ရွက် ………………………………………… နေပြည်တော်၊ မေ ၂၇ တရားဝင်နိုင်ငံခြားသုံးငွေလုပ်ငန်းလုပ်ကိုင်ခွင့်လိုင်စင်မရှိဘဲ နိုင်ငံခြားငွေများအား Facebook Page များနှင့် အင်တာနက်စာမျက်နှာများမှ ရောင်းချခြင်း၊ ဝယ်ယူခြင်း၊ လဲလှယ်ခြင်း ဆောင်ရွက်သူများအား မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ထပ်မံအရေးယူဆောင်ရွက်ထားကြောင်း ထုတ်ပြန်ထားသည်။ #PeopleMedia
Hammasini ko'rsatish...
👍 80 6👏 2
Photo unavailableShow in Telegram
👍 52😢 21🤬 16 4👎 1🤣 1
မလှိုင်မြို့နယ်တွင် ကျောင်းထိုင်ဘုန်းကြီးတစ်ပါးနှင့် ကြံ့ခိုင်ရေးပါတီထောက်ခံသူတစ်ဦးကို PDF သတ်ဖြတ် ……………………………………… နေပြည်တော်၊ မေ ၂၇ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ ကျွဲခြံအုပ်စု၊ ထနောင်းကိုင်းကျေးရွာတွင် ကျောင်းထိုင်ဘုန်းကြီးနှင့် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူတစ်ဦးကို PDF အဖွဲ့ဝင်များမှ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။ ယနေ့ မေလ (၂၇)ရက် နံနက် (၇)နာရီခန့်က ထနောင်းကိုင်းကျေးရွာတွင် နေထိုင်သည့် ကြံ့ခိုင်ရေးပါတီ ထောက်ခံသူ ကိုမြင့်ဝင်းသည် နေအိမ်ရှေ့တွင် တံမျက်စည်းလှည်းနေစဉ် PDF အဖွဲ့ဝင် သုံးယောက်မှ အရပ်ဝတ်ဖြင့် လာရောက်ကာ သေနတ်ဖြင့် ပစ်ခတ်သွားကြောင်း သိရသည်။ ယင်းသို့ ပစ်ခတ်ခံရမှုကြောင့် ကိုမြင့်ဝင်း၏ ဦးခေါင်းတွင် ကျည်ထိမှန် ဒဏ်ရာများ ရရှိကာ အခင်းဖြစ်ပွါးသည့် နေရာတွင် သေဆုံးသွားကြောင်း သိရသည်။ ယင်းနောက်တွင် ကိုမြင့်ဝင်း၏ နေအိမ်တွင် ရှိနေသည့် ဖုန်း (၇)လုံးနှင့် ငွေကျပ်သိန်း (၁၀၀) ကျော်ကိုလည်း PDF အဖွဲ့ဝင်များမှ ယူဆောင်သွားကြောင်း သိရသည်။ ယင်းအပြင် PDF အဖွဲ့ဝင်များသည် ထနောင်းကိုင်းကျေးရွာ ရွာလယ်ကျောင်းတိုက်သို့ သွားရောက်ပြီး ကျောင်းထိုင်ဆရာတော်ကိုလည်း သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရသည်။ #PeopleMedia
Hammasini ko'rsatish...
🤬 110😢 58👍 38 4👎 1🔥 1😱 1🤣 1
👍 115👏 30 9🔥 2
ပခုက္ကူ PDF အဖွဲ့၏ နိုင်ငံရေးမှူးကို အသေရရှိ ……………………………… နေပြည်တော်၊ မေ ၂၇ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ပခုက္ကူ PDF အဖွဲ့၏ နိုင်ငံရေးမှူးကို အသေပစ်ခတ်နိုင်ခဲ့ကြောင်း သိရသည်။ မေလ (၂၆)ရက် နံနက်ပိုင်းက ပခုက္ကူမြို့နယ်၊ ဖလံအိုကျေးရွာရှိ လုံခြုံရေးတပ်ဖွဲ့ဝင်များကို ပခုက္ကူ PDF အဖွဲ့ဝင်များမှ လာရောက်တိုက်ခိုက်ရာတွင် နှစ်ဖက်တိုက်ပွဲ ဖြစ်ပွါးခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်ကူများ ထပ်မံရောက်ရှိလာခြင်းကြောင့် PDF အဖွဲ့ဝင်များ ပြန်လည်ထွက်ပြေးသွားသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လိုက်လံ ရှင်းလင်းခဲ့ကြောင်း သိရသည်။ ယင်းသို့ လိုက်လံရှင်းလင်းရာ ပခုက္ကူ PDF အဖွဲ့တစ်ဖွဲ့ဖြစ်သည့် People's Liberation Army – PLA အမှတ် (၈၁၅) ၏ နိုင်ငံရေးမှူးတစ်ဦးဖြစ်သူ ထွန်းနိုင် (ခ) ကိုအောင်သူရသည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှု ကြောင့် ဦးခေါင်းကျည်ထိမှန်ပြီး သေဆုံးသွားကြောင်း သိရသည်။ #PeopleMedia
Hammasini ko'rsatish...
👍 174 24👏 22👎 1🔥 1
Photo unavailableShow in Telegram
👍 34😁 11 4💩 1