uz
Feedback
အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F

Kanalga Telegram’da o‘tish

information & communication

Ko'proq ko'rsatish
3 429
Obunachilar
Ma'lumot yo'q24 soatlar
-197 kun
-6930 kun
Postlar arxiv
(၇၆) နှစ်​မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနားပြုလုပ် ---------------------------------- ဇူလိုင်လ ၁၉ ရက်၊ ၂၀၂၃။ ယနေ့ ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သော (၇၆) နှစ်မြောက် အာဇာနည်နေ့အမှတ်တရ အလေးပြုခြင်းအခမ်းအနားအစီအစဥ်များအား နံနက် ၇း၀၀ နာရီအချိန်တွင် အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ ရှေ့တန်းစစ်ကြောင်းများနှင့် တပ်ခွဲများတွင် တပြိုင်နက်တည်း အသီးသီးကျင်းပခဲ့ကြသည်။ အလေးပြုခြင်းအစီအစဥ်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်အလံတော်အားအလေးပြုခြင်း၊ ကျဆုံးခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများအား အလေးပြုခြင်း၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F မှ ကျဆုံးခဲ့ကြသော အာဇာနည်ရဲဘော်များအား အလေးပြုခြင်းနှင့် တောင်ပိုင်းစစ်ဒေသ စစ်ဆင်ရေးမှုးရဲဘော်စောရှားပေးပို့သောအာဇာနည်နေ့သဝဏ်လွှာအားဖတ်ကြားခဲ့ကြသည်။ အာဇာနည်နေ့အမှတ်တရအ​​ဖြစ် အာဇာနည်ခေါင်းဆောင်ကြီးများအကြောင်း၊ S.O.F ၏ အာဇာနည်ရဲဘော်များအကြောင်း ဂုဏ်ယူဖွယ်၊ လွမ်းဆွတ်အောင့်မေ့ဖွယ် မှတ်တမ်းအကြောင်းအရာများ ပြန်လည်ပြောပြခဲ့ကြပြီး အခမ်းအနားအစီအစဥ်အား အဆုံးသတ်ခဲ့ကြပါသည်။ ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

စစ်ကောင်စီ၏ ခုတ်ခွါးရှေ့တန်းစခန်းနှင့် စစ်ကူလာတဲ့စစ်ကြောင်း၊ ကြာအင်းဆိပ်ကြီးရဲစခန်း၊ ထွေအုပ်ရုံးနှင့် မြေစာရင်းရုံးတို့ကို KNLA၊ S.O.F၊ Cloud Wings၊ Federal Wings တို့ပူးပေါင်းတိုက်ခိုက်။ ==================== ဇူလိုင်လ ၁၇ရက်၊ ၂၀၂၃ခုနှစ်။ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့-S.O.F၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် Federal Wings ဒရုန်းတပ်ဖွဲ့တို့ပူးပေါင်းပြီး အကြမ်းဖက်စစ်တပ်ရဲ့အုပ်ချုပ်ရေး၊ လုံခြုံရေးများ ဆောင်ရွက်ပေးနေတဲ့ ကြာအင်းဆိပ်ကြီးမြို့ မြို့နယ်ရဲစခန်း ၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံး တို့အပြင် ခမရ-၅၅၈ ဒုတပ်ရင်းမှူးဦးစီး စစ်ကြောင်း(၂) အခြေပြုနေတဲ့ ခုတ်ခွါးစစ်စခန်းနှင့် ခုတ်ခွါးစခန်းကို စစ်ကူလာနေတဲ့ ခမရ-၅၅၈ တပ်ရင်းမှူးဦးစီး စစ်ကြောင်း(၁)၊ ခမရ-၄၃၂ တပ်ရင်းစစ်ကြောင်း(၂) တို့အား ၁၁.၇.၂၀၂၃ ရက်နေ့မှစတင်ကာ ၁၆.၇.၂၀၂၃ရက်နေ့အထိ နေ့စဉ် ဒရုန်းများ၊ လက်နက်ကြီး၊ လက်နက်ငယ်မျိုးစုံ အသုံးပြုကာ တိုက်ခိုက်ခဲ့ပါတယ်။ အဆိုပါတိုက်ခိုက်မှုကြောင့် ခုတ်ခွါးစစ်စခန်းအပါအဝင် ကြာအင်းဆိပ်ကြီးမြို့ရှိ မြို့နယ်ရဲစခန်း၊ ထွေအုပ်ရုံး၊ မြေစာရင်းရုံးတို့ ကြေမွပျက်ဆီးသွားပြီး ရန်သူစစ်ကောင်စီလက်အောက်ခံတပ်သား (၅)ဦးခန့်သေဆုံးကာ ၁၀ဦးထက်််မနည်း ပြင်းထန်ဒဏ်ရာရရှိခဲ့ပါတယ်။ ရန်သူစစ်ကောင်စီတပ်မှ လေယာဉ်များဖြင့် ဗုံးများလာကြဲခြင်း၊ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ၊ ၆၀မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ KNLA၊ S.O.F၊ Cloud Wings ၊ Federal Wings ပူးပေါင်းတပ်ဘက်မှ ရဲဘော်တစ်ဦးဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ပြီး လက်နက်ခဲယမ်း၊ ပစ္စည်းများ ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာမရှိခဲ့ကြောင်း ပြည်သူသို့လေးစားစွာအသိပေးထုတ်ပြန်အပ်ပါသည်။ ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ S.O.F Cloud wings ဒရုန်းတပ်ဖွဲ့ တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

မော်လမြိုင်-ရေး-ထားဝယ် ပြည်ထောင်စုလမ်းမလုံခြုံရေးအတွက် KNLA၊ S.O.F၊ PDF ပူးပေါင်းတပ်ဖွဲ့များ နေ့စဉ်စစ်ဆေးနေ ================= ဇူလိုင်လ ၁၃ ရက်၊၂၀၂၃။ မော်လမြိုင်-ရေး-ထားဝယ် အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးလုံခြုံရေးအတွက် KNLA၊ S.O.F နှင့် PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေဟာ လမ်းတစ်လျှောက် ဖြတ်သန်းသွားလာနေကြတဲ့ မော်တော်ယာဉ်တွေ စစ်ဆေးခြင်းကို ပြီးခဲ့တဲ့ ဇွန်လ ၁၅ ရက်နေ့ကစပြီး နေ့စဉ်ဆောင်ရွက်လျက်ရှိပါတယ်။ အခုလို ဆောင်ရွက်လျက်ရှိရာ ဒီကနေ့ ဇူလိုင်လ ၁၃ ရက် မနက် ၉ နာရီ ၄၁ ကနေ ၁၁ နာရီအထိ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် လုံခြုံရေးရယူစစ်ဆေးတာတွေကို ဆောင်ရွက်ခဲ့ပြီး ခရီးသွားပြည်သူတွေဘက်ကလည်း အပြည့်အဝပူးပေါင်းဆောင်ရွက်ခဲ့ကြပါတယ်။ အာဏာသိမ်း အကြမ်းဖက်စစ်တပ်ရဲ့ လက်အောက်ခံ တပ်ရင်း၊ တပ်ဖွဲ့တွေဟာ အရပ်သားကားနဲ့ ခရီးသည်တင်ကားတွေကို အသုံးပြုပြီး လက်နက်ခဲယမ်းတွေအပါအဝင် စစ်အင်အားတိုးချဲ့တာတွေ ဆောင်ရွက်နေတဲ့အတွက် မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေအနေနဲ့လည်း ပူးပေါင်းတပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါ ကြည်ဖြူစွာအစစ်ဆေးခံဖို့ ထပ်မံတိုက်တွန်းအပ်ပါတယ်။ [source - ဒုစစ်ဒေသခွဲမှူးရုံး၊ စစ်ဒေသခွဲအမှတ် (၃)၊ တောင်ပိုင်းစစ်ဒေသ၊ J.O.C] #ပြန်ကြားရေး #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး #ပြည်သူ့ကာကွယ်ရေးတပ်မတော်

https://m.facebook.com/story.php?story_fbid=pfbid0Cgq9n1rrZSqG52UnJjtemsJ5PQA4mUbwBN7xTYsT8vS9xEBL3QS3jADE484UfCfRl&id=100084970777184&mibextid=Nif5oz တောင်ကလေးရဲစခန်း၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်ကောင်စီ၏ မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား မိုင်းနှင့်ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက် ================= ဇူလိုင်လ ၉ ရက်၊ ၂၀၂၃ ။ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ် တောင်ကလေးရဲစခန်း၊ ကြာအင်းဆိပ်ကြီးမြို့နယ် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်အသုံးပြုလျှက်ရှိသော ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား KNLA၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် cloud wings ဒရုန်းတပ်ဖွဲ့မှ ရှေ့ထွက်မိုင်းများ၊ ဒရုန်းဗုံးသီးများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ပါသည်။ ဇူလိုင်လ ၆ ရက်နေ့တွင် တောင်ကလေးရဲစခန်းနှင့် ခလယ်တံခွန်တိုင်ရဲစခန်းအား ၆၀မမ၊ ၈၁မမ ဗုံးသီးများဖြင့်တိုက်ခိုက်ခဲ့ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံအား ရှေ့ထွက်မိုင်းများ၊ ၆၀မမ/ ၈၁မမ ဗုံးသီးများဖြင့် ဆက်လက်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြသည်။ ၄င်းတိုက်လိုက်မှုကြောင့် ဇူလိုင်လ (၆) ရက်နေ့တွင် တောင်ကလေးရဲစခန်းရှိ ရဲနှစ်ဦးသေဆုံးပြီး တစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ (၇) ရက်နေ့တွင် ခလယ်တံခွန်တိုင်ရဲစခန်းရှိ အကြမ်းဖက်စစ်သားတစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရရှိခဲ့သည်။ ဇူလိုင်လ (၇) ရက်နေ့တွင် စစ်ကောင်စီအသုံးပြုလျှက်ရှိသော မြို့နယ်လျှပ်စစ်ဓာတ်အားခွဲရုံမှ 66/33 KV(30)MVA Main Transformer(AG) နှစ်လုံး၊ 66/11 KV(30)MVA Main Transformer(AG) နှစ်လုံးနှင့် Control Box များ၊ လျှပ်စစ်ပစ္စည်းများ၊ အဆောက်အဦးများ မီးလောင်ပျက်စီးခဲ့ပြီး ခန့်မှန်းငွေကျပ်သန်းပေါင်း နှစ်ထောင်( ၂ ဘီလီယံကျပ်) ခန့်ပျက်စီးခဲ့ပြီး တော်လှန်ရေးရဲဘော်များ အန္တရာယ်ကင်းစွာပြန်လည်ဆုပ်ခွာနိုင်ခဲ့ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးတင်ပြအပ်ပါသည်။ #ပူးတွဲပြန်ကြားရေး #အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F #Cloud Wings ဒရုန်းတပ်ဖွဲ့

အကြမ်းဖက်စစ်တပ်၏ ခလရ-၂၈၃၊ ခုတ်ခွါးစစ်စခန်း၊ အဘစ် စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းအား ဒရုန်း၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်း ================== ဂျူလိုင်လ ၅ရက်၊ ၂၀၂၃။ KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၊ Cloud Wings ဒရုန်းတပ်ဖွဲ့နှင့် မဟာမိတ်အဖွဲ့များပူးပေါင်းပြီး ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခလရ-၂၈၃ တပ်ရင်းဌာနချုပ်၊ ခုတ်ခွါးစစ်စခန်း၊ အဘစ်စစ်ကောင်စီဂိတ်၊ ခလယ်တံခွန်တိုင်ရဲစခန်းနှင့် အကြမ်းဖက်စစ်တပ်လက်အောက်ခံ စစ်သားများအခြေပြုတပ်ဆွဲထားတဲ့ နေရာအများအပြားကို ဇွန်လ(၂၉)ရက်နေ့က စတင်ကာ (၈၁)မမဗုံးသီးများ၊ (၆၀)မမ ဗုံးသီးများနှင့် လက်နက်ကြီးများအသုံးပြုပြီး နေ့စဉ် အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့ကြပါသည်။ အဆိုပါတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားများရဲ့ အခြေပြုနေရာများ ကြေမွပျက်စီးသွားကာ ရန်သူစစ်ကောင်စီလက်အောက်ခံ အမြောက်တပ် အမတ-၃၁၈မှ ဗိုလ်၁ဦးနှင့် တပ်သား၁ဦးသေဆုံးခဲ့ကြောင်း ကနဦးသိရှိရပြီး စစ်ကောင်စီတပ်သား ( ၅ ) ဦးထက်မနည်း ပြင်းထန် ဒဏ်ရာရရှိခဲ့သည်။ ရန်သူစစ်ကောင်စီတပ်မှ လက်နက်ကြီး ၁၂၀မမ၊ ၈၁မမ၊ ၆၀မမများဖြင့် နေရာအနှံ့ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး မိမိတို့ KNLA ၊ S.O.F ၊ Cloud Wings ပူးပေါင်းတပ်ဘက်မှ လူ၊ ပစ္စည်း ထိခိုက်မှု၊ ဆုံးရှုံးမှု တစုံတရာ မရှိခဲ့ကြောင်း ပြည်သူသို့ လေးစားစွာအသိပေးတင်ပြအပ်ပါသည်။ ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

"KNLA၊ S.O.F နဲ့ ရေးဘီလူးပူးပေါင်း၍ ပြည်ထောင်စုလမ်းမကြီးပေါ် အမဲလိုက်ခြင်း" (18.6.2023 👉 24.6.2023)

"KNLA၊ S.O.F နဲ့ ရေးဘီလူးပူးပေါင်း၍ ပြည်ထောင်စုလမ်းမကြီးပေါ် အမဲလိုက်ခြင်း" (18.6.2023 👉 24.6.2023)

"KNLA၊ S.O.F နဲ့ ရေးဘီလူးပူးပေါင်း၍ ပြည်ထောင်စုလမ်းမကြီးပေါ် အမဲလိုက်ခြင်း" (18.6.2

KNLA ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F နှင့် ရေးဘီလူးပူးပေါင်းစစ်ကြောင်းမှ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီး၊ မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ  မော်လမြိုင်-ရေး-ထားဝယ်ကားလမ်းမပေါ်တွင် နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအရစစ်ဆေးမှုများကို ဇွန်လ ၁၈ ရက်နေ့မှစ၍  နေ့စဥ်လှူပ်ရှားဆောင်ရွက်လျှက်ရှိပါသည်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၀ ရက်နေ့တွင် KNLA တပ်ရင်း ၂၇ မှ၊ မော်လမြိုင်-ထားဝယ်-မြိတ် အမှတ် (၈) လမ်းပိုင်းသွားလာကြမယ့် ကားတွေမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့တဲ့ လူနဲ့ ပစ္စည်းတွေ သယ်ဆောင်လာရင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ ထုတ်ပြန်ချက်မှာ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ (KNLA) တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့စတဲ့ အချက်များပါဝင်ပါသည်။ အခုလို အမိန့်စာထုတ်ပြန်ရတာဟာ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့တွေဟာ ခရီးသွားပြည်သူတွေကို အကာကွယ်ယူပြီး သွားလာနေတာတွေ၊ အင်အားဖြည့်တင်းတာတွေလုပ်နေတဲ့အတွက် ဖြစ်သည်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်စာထုတ်ပြန်ချက်အတိုင်း စစ်ဆေးသွားမှာဖြစ်လို့ အများပြည်သူတွေအနေနဲ့ အမိန့်ကြေညာချက်ပါအချက်တွေအတိုင်း တိတိကျကျ လိုက်နာကြဖို့ မေတ္တာရပ်ခံအပ်ပါသည်။ (စာမူရင်း - အမှတ်(၃)စစ်ဒေသခွဲ၊ ဒုစစ်ဒေသခွဲမှုးရုံး) #S.O.F

ယနေ့နံနက်ပိုင်း မွန်ပြည်နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် KNLA၊ S.O.F နှင့် ရေးဘီလူးပူးပေါင်းစစ်ကြောင်းမှ နယ်မြေစို
+1
ယနေ့နံနက်ပိုင်း မွန်ပြည်နယ်၊ အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးပေါ်တွင် KNLA၊ S.O.F နှင့် ရေးဘီလူးပူးပေါင်းစစ်ကြောင်းမှ နယ်မြေစိုးမိုးရေးနှင့် လုံခြုံရေးအရစစ်ဆေးမှူများပြုလုပ်။

| ဒုတပ်ရင်းမှူး စနိုက်ပါနဲ့ ဇီဝိန်ခြွေခံရပြီး စစ်ကြောင်း တခုလုံး ထိုင်းဘက်ပြေးခဲ့ရတဲ့ ကွီလုံတိုင်အောင်ပွဲ | ◼️ကွီလုံတိုင်စခန်း နဲ့ အဲဒီစခန်းကို ရိက္ခာနဲ့ ခဲယမ်းပို့ဖို့လာတဲ့ စစ်ကြောင်းတခုလုံး ထွက်ပြေးသွားအောင် ဘယ်လိုတိုက်ခိုက်ခဲ့ကြသလဲ ဆိုတာကို တောင်ပိုင်းစစ်ဒေသ၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့၊ စစ်ကြောင်း(၁)ရဲ့ စစ်ကြောင်းမှူး ဆရာကျောင်းက The Voice of Spring ကို အခုလို ပြောပြပါတယ်။ ◼️ KNLA နဲ့ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F) စစ်ကြောင်း(၁)က ဇွန်(၃)ရက်၊ မနက်(၅)နာရီခွဲမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် ဒုတပ်ရင်းမှူး အပါအဝင် (၃)ဦး သက်တမ်းကုန်ဆုံးပြီး (၁၃)ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြရပါတယ်။ ---------------------------------------------------- source - The Voice Of Spring interview ---------------------------------------------------- #SOF

ရေးနဲ့ သံဖြူဇရပ်ကြား ပြည်ထောင်စုလမ်းမကြီးပေါ် နေ့စဉ်လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးနေ ------------------------------- ဇွန်လ ၂၀ ရက်၊ ၂၀၂၃။ မွန်ပြည်နယ်၊ ရေးမြို့နဲ့ သံဖြူဇရပ်မြို့ကြားရှိ မော်လမြိုင်-ရေး-ထားဝယ် (အမှတ်-၈ ပြည်ထောင်စုလမ်းမကြီးပေါ်) မော်တော်ယာဉ်သွားမှုနဲ့ပတ်သက်ပြီး KNLA၊ S.O.F နဲ့ PDFပူးပေါင်းစစ်ကြောင်းများက နေ့စဉ်မပြတ် လုံခြုံရေးရယူ စောင့်ကြည့်စစ်ဆေးလျက်ရှိပါတယ်။ ဇွန်လ ၁၈ ရက်နေ့ကစတင်ပြီး ပြည်ထောင်စုလမ်းမကြီးတစ်လျောက်စစ်ဆေးခဲ့ရာ မနေ့ကနဲ့ ဒီကနေ့တွေမှာလည်း ရေးနဲ့ သံဖြူဇရပ်ကြားရှိ ကားလမ်းမပေါ် (၂) နေရာခွဲပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားတွေ သွားလာမှုကို စောင့်ကြည့်စစ်ဆေးခဲ့တာပါ။ ဒီကနေ့မှာ မနက် (၁၀း၀၀) နာရီခွဲကနေ မွန်းတည့် (၁၂း၃၀) အထိတစ်ကြိမ်နဲ့ နေ့လယ် (၃း၃၀) နာရီခွဲခန့်ကနေ (၄း၃ဝ) နာရီအထိ တစ်ကြိမ် နေရာ (၂) ခုခွဲပြီး စစ်ဆေးခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ (၁၈) ရက်နေ့က ပြည်ထောင်စုလမ်းမကြီးပေါ်စစ်ဆေးစဉ် အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်သူ (၄) ဦးကို ဖမ်းဆီးရမိခဲ့ပြီး အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါတယ်။ KNLA တပ်ရင်း ၂၇ ၊ S.O.F နဲ့ PDF ပူးပေါင်းစစ်ကြောင်းတွေဟာ မော်လမြိုင်-ရေး-ထားဝယ်ကားလမ်း မတစ်လျှောက် နယ်မြေစိုးမိုးရေးကို ဆောင်ရွက်လျက်ရှိရာ ယနေ့ နေ့လည် ၁၁ နာရီခွဲခန့်အချိန်မှာ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ (၃၁၇) အမြှောက်တပ်က ၈၁ မမ လက်နက်ကြီးနဲ့ ၅ ချက်ခန့် ရမ်းသမ်းပစ်ခတ်ခဲ့ရာ ဒေသခံပြည်သူတွေပိုင်ဆိုင်တဲ့ ရာဘာခြံအတွင်း ၃ လုံးကျရောက်ပေါက်ကွဲခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၁၀ ရက်နေ့ကတည်းက KNLA တပ်ရင်း ၂၇ က ပြည်ထောင်စုလမ်းမကြီးတလျှောက် သွားလာနေကြတဲ့ကားတွေမှာ စစ်တပ်ရဲ့ လက်နက်ခဲယမ်းအပါအဝင် စစ်အင်အားတိုးချဲ့တဲ့ လူနဲ့ ပစ္စည်းတွေ သယ်ဆောင်လာရင် စစ်ဆေး တွေ့ရှိမှုပေါ်မူတည်ပြီး အရေးယူမယ်ဆိုတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။ ထုတ်ပြန်ချက်မှာ မော်လမြိုင်၊ မုဒုံ၊ ရေး၊ သံဖြူဇရပ်၊ ထားဝယ်၊ မြိတ်လမ်းမှာ သွားလာနေတဲ့ မော်တော်ယာဉ်တွေအနေနဲ့ (KNLA) တပ်ဖွဲ့ဝင်တွေ စစ်ဆေးတဲ့အခါမှာ ကြည်ဖြူစွာ လက်ခံဖို့၊ စစ်ကောင်စီနဲ့ ပတ်သက်တဲ့လူတွေ၊ ပစ္စည်းတွေတင်ဆောင်တာမျိုးမပြုလုပ်ဖို့၊ ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ယာဉ်တွေနဲ့ လိုက်ပါစီးနင်းတာမျိုးမပြုလုပ်ကြဖို့နဲ့ အခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အသုံးပြုတဲ့ယာဉ်တွေကလည်း ကြည်ဖြူစွာအစစ်ဆေးခံဖို့ စတဲ့ အချက်တွေပါဝင်ပါတယ်။ ပူးပေါင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ အမှတ် ၈ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် အမိန့်ထုတ်ပြန်ချက်အတိုင်း ပုံမှန်စစ်ဆေးသွားမှာဖြစ်ပေမယ့် သာမန်ခရီးသွားပြည်သူတွေအနေနဲ့ အမိန့်ကြေညာချက်ပါအချက်တွေကို လိုက်နာဆောင်ရွက်ကြခြင်းဖြင့် စိတ်ချယုံကြည်စွာ သွားလာနိုင်ကြကြောင်း ပြည်သူသို့ လေးစားစွာအသိပေးအပ်ပါသည်။ (Source - အမှတ်(၃) ဒုစစ်ဒေသခွဲမှူးရုံး) ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ------------------------------------ ဇွန်လ ၁၉ ရက
+9
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မွေးနေ့အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်း ------------------------------------ ဇွန်လ ၁၉ ရက်၊ ၂၀၂၃။ အမျိုးသားညီညွတ်ရေးအစိုးရ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက်(၇၈)နှစ်ပြည့် မွေးနေ့အမှတ်တရအဖြစ် တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F ၏ တပ်ခွဲအသီးသီးရှိရဲဘော်များမှ အမှတ်တရ စုပေါင်းသစ်ပင်စိုက်ပျိုးခြင်းကိုဆောင်ရွက်ခဲ့သည်။ အမေဒေါ်အောင်ဆန်းစုကြည်သည် ကမ္ဘာ့ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်ပြီး မြန်မာနိုင်ငံနှင့်မြန်မာပြည်သူအားလုံး၏ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက်၊ ပြည်သူလူထု၏အကျိုးအတွက် အစဥ်တစိုက် ကိုယ်ကျိုးစွန့်ဆောင်ရွက်ခဲ့သောကြောင့် တိုင်းပြည်၏ မိခင်ရတနာသဖွယ်ဂုဏ်ပြုမှတ်တမ်းတင်သောအားဖြင့် စိန်တလုံးသရက်ပျိုးပင် (၇၈) ပင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည် ကျမ်းမာအသက်ရှည်၍ လွတ်လပ်ငြိမ်းချမ်းစွာ နိုင်ငံနှင့်ပြည်သူလူထုအကျိုးအတွက် ဆက်လက်ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ ပြန်ကြားရေး အထူးစစ်ဆင်ရေးတပ်ဖွဲ့ - S.O.F တောင်ပိုင်းစစ်ဒေသကွပ်ကဲရေး