Essential Education Center(EEC)
Kanalga Telegram’da o‘tish
EEC တွင်တက်ရောက်နေသောကျောင်းသား/သူ များ၏ အတန်းတွင်းလှုပ်ရှားမှုများ၊ကြေညာချက်များအား တင်ပြရန်
Ko'proq ko'rsatish858
Obunachilar
Ma'lumot yo'q24 soatlar
+77 kun
-1130 kun
Ma'lumot yuklanmoqda...
O'xshash kanallar
Taglar buluti
Ma'lumot yo'q
Muammo bormi? Iltimos, sahifani yangilang yoki bizning qo'llab-quvvatlash boshqaruvchimizga murojaat qiling>.
Kirish va chiqish esdaliklari
---
---
---
---
---
---
Obunachilarni jalb qilish
Dekabr '24
Dekabr '24
+3
0 kanalda
Noyabr '24
+16
0 kanalda
Get PRO
Oktabr '24
+10
0 kanalda
Get PRO
Sentabr '24
+24
0 kanalda
Get PRO
Avgust '24
+10
0 kanalda
Get PRO
Iyul '24
+20
1 kanalda
Get PRO
Iyun '24
+25
1 kanalda
Get PRO
May '24
+35
1 kanalda
Get PRO
Aprel '24
+15
1 kanalda
Get PRO
Mart '24
+68
2 kanalda
Get PRO
Fevral '24
+134
5 kanalda
Get PRO
Yanvar '24
+54
4 kanalda
Get PRO
Dekabr '23
+867
3 kanalda
| Sana | Obunachilarni jalb qilish | Esdaliklar | Kanallar | |
| 11 Dekabr | 0 | |||
| 10 Dekabr | +2 | |||
| 09 Dekabr | 0 | |||
| 08 Dekabr | +1 | |||
| 07 Dekabr | 0 | |||
| 06 Dekabr | 0 | |||
| 05 Dekabr | 0 | |||
| 04 Dekabr | 0 | |||
| 03 Dekabr | 0 | |||
| 02 Dekabr | 0 | |||
| 01 Dekabr | 0 |
Kanal postlari
၂၀၂၄ ပညာသင်နှစ်တွင်တက်ရောက်ကြမည့် ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများသိစေရန်
ပညာသင်နှစ်ကာလအတွင်း လိုက်နာရမည့် လုပ်ဆောင်ရမည့် ကျောင်းလုပ်ငန်းစဥ်များ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပါသဖြင့် ကျောင်းသားကျောင်းသူများနှင့် မိဘအုပ်ထိန်းသူများအားလုံး မပျက်မကွက် တက်ရောက်ပေးပါရန် ဖိတ်ကြားအပ်ပါသည်။
ကျောင်းသားကျောင်းသူများသာတက်ရောက်ခြင်းမပြုဘဲ မိဘအုပ်ထိန်းသူများနှင့်အတူ တက်ရောက်ပေးကြဖို့ အသိပေးအပ်ပါတယ်ခင်ဗျ
| 2 | ရက်စွဲ ။ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ၊ ၉ ရက်။
စာအမှတ် ။ ၂/ကြေညာချက်/၂၀၂၄။
ကျောင်းပိတ်ရက်အဖြစ် ထုတ်ပြန်ကြေညာခြင်း
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့ (တနင်္လာနေ့)သည် ၇၇နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်သည့်အတွက် အဆိုပါနေ့ရက်အား Essential Education Center-EEC Federal Free Online School ၏ ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
စနေနေ့နှင့် တနင်္ဂနွေနေ့များအား ပုံမှန်ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။
ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
Essential Education Center (EEC)
(Federal Free Online School) | 968 |
| 3 | အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE) မှပြုလုပ်ကျင်းပမည့် Stress Management သင်တန်းကိုဖော်ပြပါနေ့ရက်၊အချိန်များတွင် Dr.Patrick(M.B.B.S) မှ
ပို့ချပေးသွားမည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်လိုသည့် ဆရာ/မ များ၊ကျောင်းသား/သူ များအနေဖြင့် ( ၉ ၊ ၂ ၊ ၂၀၂၄ ) ရက်နေ့နောက်ဆုံးထား၍ ပူးတွဲပါ Google Form သို့ဖြည့်သွင်းပေးပါရန်အကြောင်းကြားအပ်ပါသည်။
https://docs.google.com/forms/d/e/1FAIpQLSepi_lWxkb8hQ_iHnsVLHDYxXGk2IKiU_cCz31347R3rzqj_g/viewform?usp=sf_link
အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ ( CBBE ) | 560 |
| 4 | ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ရှိ စစ်ဘေးရှောင်ကလေး သူငယ်များ၏ စာသင်ကျောင်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုအပေါ် အခြေခံပညာ ပညာရေးဘုတ်အဖွဲ့များကော်မတီ(CBBE)နှင့် မွန်ပြည်နယ် CDM နိုင်ငံ့ဝန်ထမ်းများကောင်စီ(CCSC-MON)တို့က အပြင်းအထန်ကန့်ကွက်ရှုံ့ချကြောင်း ပူးတွဲကြေညာချက်ထုတ်ပြန်ခြင်း
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ ၆ ရက်
#ပူးတွဲကြေညာချက်
#အပြင်းအထန်ကန့်ကွက်ရှုံ့ချ
#CBBE&CCSCMON | 669 |
| 5 | Topic: Fresher Welcome (2024 Academic Year)
Time: Feb 4, 2024
10:00 AM Asia/Yangon
Join Zoom Meeting
https://us06web.zoom.us/j/87074558424?pwd=0iRONFUGxGXxq73AjQ000ShHcfSMdi.1
Meeting ID: 870 7455 8424
Passcode : 905172
#Admin_Dam
#Show_Of_Competition_Channel
#Essential_Education_Center | 508 |
| 6 | Essential Education Center (EEC) ကျောင်း၏
2024 ခုနှစ် ဇန်နဝါရီလကုန်ငွေစာရင်းရှင်းတမ်း
#ဘဏ္ဍာရေးအဖွဲ့
#ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
#EsentialEducationCenter
Telegram Link⏬⏬⏬
https://t.me/eecfederalfreeonlineschool/1031?single | 835 |
| 7 | ❝ နွေဦးတော်လှန်ရေး (၃) နှစ်ပြည့်ထုတ်ပြန်ကြေညာချက် ❞
၁။ အခက်အခဲ အကြပ်အတည်များစွာကြားမှ ယနေ့အချိန်အထိ ရဲရဲဝံ့ဝံ့ ၊ ရွပ်ရွပ်ချွံချွံ ခိုင်မာသောနိုင်ငံချစ် ပြည်သူချစ်စိတ်ဓာတ်ဖြင့် တော်လှန်ရေး၏ထောက်တိုင်တစ်ခုဖြစ်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေး (CDM ) လှုပ်ရှားမှုတွင်ပါဝင်လျှက်ရှိသော ပြည်သူ့သူရဲကောင်၊းနိုင်ငံ့သူရဲကောင်း ပညာရေးဝန်ထမ်းများ နှင့် ကျောင်းသား/သူများ အားလုံးကို လေးစားဂုဏ်ယူစွာဖြင့် သမိုင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၂။ ပြည်သူ့ဝန်ထမ်း ( CDM ) များနှင့်အတူ တစ်သားတည်းရပ်တည်ပေးခဲ့ကြသော ပြည်သူ/သားများ နှင့်CDM များအတွက်ကူညီလှူဒါန်းပေးခဲ့သောအလှူရှင်များအားလည်း သမိုင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၃။ နွေဦးတော်လှန်ရေးတွင် ရွပ်ရွပ်ချွံချွံတိုက်ပွဲဝင်ရင်း ကျဆုံးသွားခဲ့ကြသော ပြည်သူ/သားများ ၊ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား/သူများအား အလေးနီပြုရင်း သမိုင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၄။ CDM ပြုလုပ်ထားကြသောကျောင်းသား/သူများ၏ပညာသင်ယူခွင့် အခွင့်အလမ်းများမဆုံးရှုံးစေရန်အတွက် အခက်အခဲအကြပ်အတည်းများစွာကြားမှ ပြည်သူ့ပညာရေးကျောင်းများ ဖွင့်လှစ်သင်ကြားပေးနေသော ဆရာ / မ များ ၊ကျောင်းတာဝန်ခံလူကြီးမင်းများ / ရုံးအဖွဲ့ဝင်များအားအထူးပင်ကျေးဇူးတင်စွာဖြင့် သမိုင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။
၅။ Essential Education Center (EEC) Federal Free Online School အနေဖြင့် ကျောင်း၏ ချမှတ်ထားသော ရည်ရွယ်ချက် ၊ မူဝါဒများနှင့်အညီ တော်လှန်ရေးကာလပြီးဆုံးသည်အထိ ရှေ့ဆက်ရမည့်လုပ်ငန်းစဥ်များအား သက်ဆိုင်ရာအဖွဲ့အစည်းများ ၊ဝန်ကြီးဌာနများနှင့်ချိတ်ဆက်ကာဖက်ဒရယ်ပြည်ထောင်စုကြီးအမြန်ဆုံးပေါ်ပေါက်လာရေးအတွက် ညီညွတ်စွာဖြင့်ပူးပေါင်းပြီးအကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းထုတ်ပြန်ကြေညာလိုက်သည်။
#EssentialEducationCenter(EEC) | 1 069 |
| 8 | Matn yo'q... | 870 |
| 9 | ရက်စွဲ ။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်။
စာအမှတ် ။ ၁/ကြေညာချက်/၂၀၂၄။
ကျောင်းပိတ်ရက်အဖြစ် ထုတ်ပြန်ကြေညာခြင်း
၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်နေ့သည် မြန်မာနိုင်ငံ၌ ပြည်သူ့အစိုးရထံမှ အကြမ်းဖက်စစ်အာဏာရှင်များ၏ မတရားအာဏာသိမ်းယူသွားသော ၃နှစ်ပြည့်မြောက်သည့် ဝမ်းနည်းဖွယ်ရာနေ့တစ်နေ့ ဖြစ်သည့်အတွက် နိုင်ငံလုံးဆိုင်ရာ Silent Strike လှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်နိုင်ရန် အဆိုပါနေ့ရက်အား Essential Education Center-EEC Federal Free Online School ၏ ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
စနေနေ့နှင့် တနင်္ဂနွေနေ့များအား ပုံမှန်ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။
ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
Essential Education Center (EEC)
(Federal Free Online School) | 829 |
| 10 | ရက်စွဲ ။ ၂၀၂၄ခုနှစ်၊ ဇန်နဝါရီလ၊ ၃၁ ရက်။
စာအမှတ် ။ ၂၃/ကြေညာချက်/၂၀၂၃။
ကျောင်းပိတ်ရက်အဖြစ် ထုတ်ပြန်ကြေညာခြင်း
၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ(၁)ရက်နေ့သည် မတရားအာဏာသိမ်းခြင်းခံရသော ၃နှစ်ပြည့်မြောက်သည့် ကြေကွဲဖွယ်နေ့တစ်နေ့ ဖြစ်သည့်အတွက် နိုင်ငံလုံးဆိုင်ရာ Silent Strike လှုပ်ရှားမှုတွင်ပါဝင်ဆောင်ရွက်နိုင်ရန် အဆိုပါနေ့ရက်အား Essential Education Center-EEC Federal Free Online School ၏ ကျောင်းပိတ်ရက် အဖြစ် သတ်မှတ်ကြောင်း အသိပေးကြေညာအပ်ပါသည်။
စနေနေ့နှင့် တနင်္ဂနွေနေ့များအား ပုံမှန်ကျောင်းပိတ်ရက်များအဖြစ် သတ်မှတ်ထားပါသည်။
ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
Essential Education Center (EEC)
(Federal Free Online School) | 46 |
| 11 | မနက်ဖြန်၊ ပြည်သူ့နွေဦးတော်လှန်ရေးကြီး (၃) နှစ်ပြည့် လူထုတိုက်ပွဲခေါ်သံ
📣📣📣📣📣
"အပြင်မထွက်၊ အသံတိတ်သပိတ်" (Silent Strike)
ဒို့လူထုတွေ၊ ညီစေနော်၊ ညီကြမယ် 💪💪💪💪💪
#EEC | 741 |
| 12 | Matn yo'q... | 1 |
| 13 | ESSENTIAL EDUCATION CENTER ( EEC ) ကျောင်း၏
❝ နှစ်သစ်ကူးကာလရန်ပုံငွေရှာဖွေရေးအစီအစဥ် ❞ အတွက် မဲလက်မှတ်များစတင်ရောင်းချပေးနေပါပြီခင်ဗျာ။
မဲလက်မှတ်များ ဝယ်ယူလိုပါက
သက်ဆိုင်ရာအတန်းပိုင် ဆရာ/မများ ထံတွင်ဝယ်ယူရရှိနိုင်ပါသည်။
page messenger မှတဆင့်လည်းဝယ်ယူအားပေးနိုင်ပါပြီခင်ဗျာ။
မဲလက်မှတ် ၁ စောင် လျှင် ၃၀၀၀ ကျပ်
ထိုင်းဘတ်ငွေ ၄၀ ဘတ် ပါခင်ဗျာ
ကံစမ်းမဲကာလ
(11/1/2024) မှ (2/3/2024)အထိ
မဲဖွင့်လှစ်မည့်ရက်
3/3/2024ရက်နေ့
❝ စစ်ကျွန်ပညာရေးအမြစ်ဖြတ်ဖို့ ဖက်ဒရယ်ကျောင်းကိုဝိုင်းကူစို့ ပညာရေးအတွက်ရဲရဲချီ တို့ကျောင်း EEC ❞
#Financialteam
#ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
#EssentialEducationCenter | 3 249 |
| 14 | “ပ်ုဖုုံဆိုဒ်ဖေါဟ် ဏိင်းထင်းသင့်မူ.ဏီ”
“Happy Karen New Year”
“ကရင်နှစ်သစ်ကူးနေ့ (ကညီနံဉ်ထီဉ်သီ)"
🥳 ကရင်သက္ကရာဇ် ၂၇၆၃ ခုနှစ် ၊ ပြာသိုလဆန်း ၁ ရက်နေ့ ၊ ခရစ်နှစ် (၁၁.၁.၂၀၂၄) ခုနှစ်တွင် ကျရောက်သော (၆၈) ကြိမ်မြောက် "ကရင်နှစ်သစ်ကူးနေ့ “ ကိုလှိုက်လှဲစွာ ဂုဏ်ပြုကြိုဆိုပါသည်။ | 1 047 |
| 15 | December FUNDRAISING ကာလမှရငွေစာရင်းရှင်းတမ်းဖြစ်ပါတယ်ခင်ဗျာ။
အလှူငွေထည့်ဝင်ပေးကြပါသော
ကျောင်းသား/သူ များ
ဆရာ/မများ နှင့်
ကျောင်းသားမိဘများအားအထူးပင်ကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။🙏🙏🙏
#FinancialTeam
#ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
#EssentialEducationCenter(EEC) | 1 280 |
| 16 | အခြေခံပညာပညာရေးဘုတ်အဖွဲ့များကော်မတီ (CBBE) မှပြုလုပ်ကျင်းပသည့် ရှေးဦးသူနာပြုသင်တန်းကို Dr.Mabel(M.B.B.S) မှပို့ချပေးသွားမည်ဖြစ်ပါသဖြင့် သင်တန်းတက်ရောက်လိုသူ များအနေဖြင့် Google Form သို့ဖြည့်သွင်းပေးပါရန်အကြောင်းကြားအပ်ပါသည်။
https://forms.gle/Hr4WZq2J5eHDLMgt5
https://docs.google.com/forms/d/e/1FAIpQLSeos9n31W7WWniJM5S_hSov-ZfSkXVia6qofQduT_sNo9uTug/viewform?usp=sf_link | 1 187 |
| 17 | တက္ကသိုလ်ဝင်ခွင့်လျှောက်ထားကြသော ကျောင်းသား၊ ကျောင်းသူများသည် မိမိတို့ကို လက်ခံ တက်ရောက်ခွင့်ပြုထားသော ဘာသာရပ်များအနက်မှ မိမိတို့ တက်ရောက်လိုသော ဘာသာရပ်တစ်ခုကို (၃.၁.၂၀၂၄) ရက်နေ့မှ စတင်၍ ရွေးချယ်ခွင့် ရရှိပြီ ဖြစ်ပါသည်။ ရွေးချယ်ရမည့် နောက်ဆုံးရက်မှာ (၁၅.၁.၂၀၂၄) ရက်နေ့ ဖြစ်ကြောင်း ထပ်လောင်း အသိပေးအပ်ပါသည်။ ရွေးချယ်ပုံ အဆင့်ဆင့်ကို သေသေချာချာလေ့လာပြီး မမှားမယွင်းရအောင် ဂရုတစိုက် ပြုလုပ်ကြပါရန် အကြံပြုပါသည်။
၁။ မိမိတို့ရွေးချယ်မည့် ဘာသာရပ် အကွက်ရှိ selected ဘေးမှ အဝိုင်းပုံ button လေးကို နှိပ်ပါ။
၂။ ဇယားအောက်ဘက်မှ "Submit" ကို နှိပ်ပါ။
၃။ Confirmation မှ သေချာပါသည် ကို နှိပ်ပါ။ (ပြန်ထွက်ပါကိုနှိပ်၍ ပြန်လည်ရွေးချယ်နိုင်သည်။)
၄။ Acceptance မှ "အိုကေ" ကိုနှိပ်ပါ။
အဆင့်များအားလုံးပြီးစီးလျင် မိမိရွေးချယ်လိုက်သော ဘာသာရပ်ဘေးတွင် Accepted ကို တွေ့ရမည်ဖြစ်သည်။ ထိုသို့ ရွေးချယ်ပြီးသည့်နောက်တွင် အခြားမည်သည့် ပြောင်းလဲမှုမျိုးကိုမျှ ပြုလုပ်၍ ရမည်မဟုတ်တော့ပါ။
တက္ကသိုလ်ဝင်ခွင့်လမ်းညွှန် ဖြစ်မြောက်ရေးအဖွဲ့ | 1 307 |
| 18 | Essential Education Center (EEC) ကျောင်း၏
2023 ခုနှစ် ဒီဇင်ဘာလကုန်ငွေစာရင်းရှင်းတမ်း
#ဘဏ္ဍာရေးအဖွဲ့
#ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
#EsentialEducationCenter
Telegram Link⏬⏬⏬
https://t.me/eecfederalfreeonlineschool/1031?single | 1 236 |
| 19 | 📣📣📣📣📣
Essential Education Center -EEC Federal Free Online School ၏ ၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်း
၂၀၂၄ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးကာလကို ဇန်နဝါရီလ (၁)ရက်နေ့မှ ဇန်နဝါရီလ (၁၅) ရက်နေ့အတွင်းသတ်မှတ်ထားပါသည်။
တက်ရောက်လိုသောကျောင်းသားကျောင်းသူများအနေဖြင့် သက်ဆိုင်ရာ Telegram Group အတွင်း ပထမဦးစွာ Join ထားရပါမည်။
ထို့နောက် သက်ဆိုင်ရာ Group များတွင်သာ အပ်နှံရမည့် Google Form အား ပေးပို့ပေးမည်ဖြစ်ပါသည်။
📌📌📌
သို့ဖြစ်ပါ၍ မူလတန်းကျောင်းသားကျောင်းသူများ (Grade 1 to Grade 5) Join ရမည့် Telegram group
👇👇👇
https://t.me/+8OhbZCgh-65mNzg1
📌📌📌
အလယ်တန်းကျောင်းသားကျောင်းသူများ (Grade 6 to Grade 9) Join ရမည့် Telegram group
👇👇👇
https://t.me/+znpZ-8woGuk0MmJl
📌📌📌
အထက်တန်းကျောင်းသားကျောင်းသူများ (Grade 10 to Grade 12) Join ရမည့် Telegram group
👇👇👇
https://t.me/+Gp_3XJhK_0JkYzE9
#ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့
#essentialeducationcenter
#eec
#ကျောင်းအပ်လက်ခံခြင်း
#federalfreeonlineschool | 1 557 |
| 20 | https://fb.watch/ph79rmUR6U/?mibextid=Nif5oz | 921 |
