cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

ကဗျာဒိုင်ယာရီ

ခံစားချက်ကို စာအဖြစ်ပြောင်းမယ် ဘဝကို ကဗျာနဲ့ ဖြေသိမ့်မယ်.. Channel date...28.12.2023⏱

Ko'proq ko'rsatish
Reklama postlari
311
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kunlar
-130 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ခေတ်သစ်ပြဇာတ် ဂီတာတစ်လက်နဲ့ လမ်းဘေးအုတ်ခုံပေါ် သီချင်းညည်းတာဟာ မှောင်ရိပ်ခိုမှု့ဖြစ်ပြီး လမ်းမီးတိုင်တွေမလင်းတော့တာဟာ တိုင်းပြည်ဘဏ္ဍာချွေတာခြင်းဖြစ်တယ်။ သစ်တစ်ပင်ခုတ်ချင်းဟာ ပြစ်မှု့မြှောက်ပြီး တစ်တောလုံးပြောင်သွားတာဟာ တိုင်းပြည်ကို လုပ်ကျွေးတာဖြစ်တယ်။ လမ်းမပေါ် တက်ခွက်တစ်လုံးနဲ့ လိုက်တောင်းတာဟာ အရှက်မရှိမှု့ဖြစ်ပြီး ဦးထုပ်မဆောင်းလို့ ဆိုင်ကယ်သိမ်းသွားတာဟာ တိုင်းပြည်ရဲ့အဓမ္မစည်းကမ်းဖြစ်တယ်။ Wyတစ်လုံးလက်၀ယ်တွေ့ရှိခြင်းဟာ ထောင်3နှစ်ဖြစ်ပြီး 12ဘီးအပြည့်တင်ဆောင်ချင်းဟာ ပိုင်ရှင်မဲ့ဖြစ်လေတယ်။ ကာယချိန် မြက်နှုတ်ခိုင်းပြီး မြန်မာ့အားကစား ကမ္ဘာကိုလွှမ်းရမည်ဆိုတော့ ငါတို့ကောင်တွေ အရင်ထရယ်တာပဲ ရှင်းထုတ်ပြစ်လိုက်တဲ့ ခြုံတွေကြား ၀ါသနာတွေပါသွားတာ သူတို့မသိဘူး။ လက်၀ါးချင်းရိုက်တဲ့ ဥပဒေတွေ နှုတ်ထွက်သမျှ အမိန့်အာဏာတွေ လက်မှတ်တစ်ခုတည်းနဲ့ စာချုပ်တွေ ကိုယ်ထင်ရာကိုယ်လုပ်ကျတဲ့ ပညာရေးစနစ်ကြီးတွေ ကိုယ်လွတ်ရုန်းပြေးတောင် ခြေရာတွေဟာ အချုပ်ကျမဲ့ တိုင်းပြည် ဘုရားတွေပေါပြီး တရားတွေ ပျောက်နေတဲ့တိုင်းပြည် ခေတ်သစ်ပြဇာတ်ကြီး စတင်ဖွင့်ပါပြီ နောက်ဆုံးက ကြည့်ကြည့် ရှေ့ဆုံးကြည့်ကြည့် အနာဂတ်တွေစတင်ပျောက်ကွယ်ပါတော့မည်။ -ရွက်လှေ
Hammasini ko'rsatish...
10
Repost from N/a
သူမသည် ကမ္ဘာပေါ်တွင် ကိုယ်အရှုံးပေးလေ့ရှိသည့် တဦးတည်းသော လူလည်းဖြစ်၏ ကိုယ်၏ တသီးပုဂ္ဂလ အိမ်မက်လည်းဖြစ်၏ ကိုယ်၏ မဆောင်းရက်သော သရဖူလည်း ဖြစ်၏ ကိုယ့်သံသရာ၏ အတောင်ပံလည်း ဖြစ်လေသည်။ -သစ္စာနီ(ကော်ဖီဆိုင်ပြဇာတ်)
Hammasini ko'rsatish...
3
ကိုယ့်ကို ထားခဲ့နိုင်သူရဲ့ရင်ထဲမှာလည်း အဲ့ဒီလိုထားခဲ့ချင်တဲ့ အကြောင်းတစ်ခုခုတော့ ရှိနေမှာပဲ ကျွန်တော် သူ့ကိုခွင့်လွှတ်တယ်။ -နွေသစ်ငြိမ်း
Hammasini ko'rsatish...
4
အချစ်ခြေလှမ်း 100မှာကျွန်မဘက်က 99လှမ်း‌ေလျှာက်ခဲ့တယ် ရှင်ဘက်က ခြေတစ်လှမ်းပဲလိုတယ် တိုးမလားလို့ကျွန်မစောင့်နေရင် ပင်ပန်းလာလို့လွှတ်ချမိတယ် ရှင်ကအဲ့နေရာမှာပဲရန့်တန်နေတယ် #Phoo
Hammasini ko'rsatish...
5
ကမ္ဘာကြီးကိုမယူချင်ဘူး မင်းကိုအပိုင်လိုချင်တယ် မင်းဆိုတာလည်း ကမ္ဘာကြီးနဲ့ညီမျှတယ် - ဆန်းကျော်စွာဝင်း
Hammasini ko'rsatish...
7
စိတ်တွေအဖက်"ကယိုဖိတ်နေတော့ ဒီဘ၀ဟာနေမပျော်တော့ဘူး စိတ်ရှိသလောက် ခံစားမှု့နောက်လိုက်ရမလား စိတ်လိုလက်ရပဲပြိုလဲပြစ်ရမလား ဘယ်အရာမှ မသဲကွဲဘူး။ အရှေ့ကိုလျှောက်နေရင်း အနောက်ကိုပြန်ရောက်နေတဲ့ ခြေလှမ်းတွေ ဒီခရီးထဲ ကျွန်တော်မဖွင့်မိခဲ့တဲ့ စိတ်ရဲ့ ပြတင်းပေါက်တွေ အရာအားလုံးနဲ့လွဲခဲ့ပါတယ် အရာအားလုံးက ပယ်ချခဲ့တယ်။ -ရွက်လှေ
Hammasini ko'rsatish...
6
အရာအားလုံးပြိုလဲတော့မယ် ထင်ရလာက်တဲ့ အထီးကျန်နေတဲ့ခံစားချက်ကြီးရယ် ငါရယ် ခေါင်းအုံးရယ် မျက်ရည်ရယ် ဥပက္ခာတရားရယ်..... # လွန်းရိပ်
Hammasini ko'rsatish...
9😢 3
နာကျင်လို့၀သွားရင် မင်းကို မေ့မှာ ... ဘယ်လောက်ပဲ နာကျင်နေပါစေ တစ်ချက်လေးတောင် ငဲ့ကြည့်ဖော်မရတဲ့ လူတစ်ယောက်ကို အချိန်တစ်ခုရောက်ရင် မေ့မှာပါ ကိုယ်ငိုနေတဲ့အချိန် သူ ပျော်နေခဲ့ပြီး သူထားခဲ့တဲ့ ဒုက္ခတွေကြားမှာ မနည်းရှင်သန်နေတဲ့ လူတစ်ယောက်က အချိန်တစ်ခုရောက်ရင် ကိုယ့်ကိုယ်ကိုယ် ချစ်တတ်သွားမှာပါ ခုထိတော့ ကိုယ့်ကိုယ်ကိုယ် ချစ်လို့ မရသေးဘူး ... နာကျင်နေရဲ့နဲ့တောင် သူ ပြန်လှည့်လာရင်ဆိုပြီး နေရာတွေ ပေးနေမိတုန်းပဲ နောင်တတွေရလာရင် ခွင့်လွှတ်ဖို့ တွေးနေတုန်းပဲ မင်းက ... ကိုယ့်ကိုယ်ကိုယ် သိပ်ချစ်တတ်တယ် ပြီးတော့ ... သိပ်အတ္တကြီးတယ် ... ဒါပေမယ့် မင်းကိုပဲ ချစ်နေတဲ့ငါက ဝဋ်ကြွေးပိုကြီးတယ် နာကျင်လို့ ၀သွားရင်တော့ မေ့မှာပါ ... သေချာပေါက်ပေါ့ ... မမေ့ပဲ လွမ်းနေလဲ ဘာမှမှ မထူးတော့တဲ့ အကြောင်းအရာကို မေ့ရမှာပေါ့ ။ #ကျေးကို
Hammasini ko'rsatish...
💔 4
ဒီတစ်ခါတော့ တစ်ကယ်ကို သူအပေါ်မှထားတဲ့ခံစားချက်တွေကို အပြီးပိုင် စွန့်ပစ်လိုက်တော့မယ်ပေါ့ နေနိုင်အောင် ကြိုးစားမယ်ပေါ့ ဘယ်ဟုတ်မလဲ သူဆီကစာလေးတစ်စောင်နဲ့တင် စိတ်ကယိုင်သွားပြန်ရော😐 # လွန်းရိပ်
Hammasini ko'rsatish...
12
ချစ်ခြင်းမေတ္တာတဲ့ အတ္တသဘောနဲ့ကြည့်ရင် လောင်မီးအတိပဲ ငိုနေရတယ်ဆိုတိုင်း ပျော်ခဲ့တဲ့အမှတ်တရတွေကို ဖျက်ပစ်လိုက်လို့မှမရတာကွယ် ပျိုးထားတဲ့ပန်းလေးငြိုးနွမ်းသွားတဲ့အခါမှာ အကြောင်းပြချက်ဟာ မေတ္တာငတ်မွတ်မှု့ပဲ။ -ရွက်လှေ
Hammasini ko'rsatish...
9
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.