အရဟံဖောင်ဒေးရှင်း Araham Foundation
Kanalga Telegram’da o‘tish
လောက,ဓမ္မ နှစ်ဝကောင်းကျိုး, သယ်ပိုးပေးရန် "အရဟံ" Araham Foundation For Secular and Spiritual Well-being.
Ko'proq ko'rsatish2 130
Obunachilar
+1024 soatlar
+757 kunlar
+28830 kunlar
Postlar arxiv
အရဟံဖောင်ဒေးရှင်း(၆)နှစ်ပြည့်
အထိမ်းအမှတ် အခမ်းအနားတွင် "အရဟံသာသနာပြုဓမ္မကောလိပ်" Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်း ကျောင်းသား/သူများက စာတမ်းတစ်ဆောင် တင်သွင်းဖတ်ကြားကြမည်ဖြစ်ရာ First, Second & Third Semesters အောင်မြင်ထားသူအားလုံးသည် စာတမ်းဆိုင်ရာ ဆွေးနွေကြမည်ဖြစ်ပါသဖြင့် ယနေ့ည (၂၇.၇.၂၀၂၆) ည ၈:၀၀ အရောက် Zoom အစည်အဝေးခန်းမသို့ ကြွရောက်ကြပါရန် နှိုးဆော်အပ်ပါသည်။
ကျောင်းထိုင်နှင့်ဓမ္မာစရိယဆရာတော်များ သာသနာပြု Semester နှင့် လူ B.A (Dhamma Studies) တန်းတွင် သင်ကြားပေးသည့် " ဗုဒ္ဓနည်းကျစိတ်ကုထုံး" စာအုပ်၏ PDF File ကို အားလုံးဖတ်ရှုလေ့လာနိုင်ရန်ပါသည်။
စာအုပ်ကို အရဟံကောလိပ်နှင့် စာအုပ်တိုင်ကြီးများတွင် ရရှိနိုင်ပါသည်။
ပွင့်ဖြူမြို့နယ် သံဃနာယကဥက္ကဋ္ဌဆရာတော်မိန့်ကြားသည့် "အရဟံသာသနာပြုတန်း" မတက်ရောက်မီနှင့် တက်ရောက်ပြီးနောက်အခြေအနေများ
🔸အရဟံဖောင်ဒေးရှင်း တည်ထောင်ခြင်း (၆) နှစ်မြောက်အထိမ်းအမှတ်
"အရဟံ သာသနာပြုဓမ္မကောလိပ်" ကျောင်းသား၊ကျောင်းသူများ၏ စာတမ်းဖတ်ပွဲ
စာတမ်းရေးရန် Zoomတွင် တွေ့ဆုံဆွေးနွေးတိုင်ပင်မည်ဖြစ်ပါ၍ အောက်ဖော်ပြပါနေ့များတွင် ည ၈း၀၀ နာရီအချိန်၌ ဆိုင်ရာသင်တန်းသားများ တက်ရောက်ကြပါရန် အသိပေးအပ်ပါသည်။
▪️ (27.7.2026)Diploma in Dhamma Studies (အရဟံ ဓမ္မမာမက) တန်း First , Second & Third Semesters တန်းများ ဖြေဆိုအောင်မြင်ထားသည့် ကျောင်းသား၊ကျောင်းသူများ။
▪️ (29.7.2026) Diploma in Araham Missionary (သာသနဟိတာရမ္ဘ) တန်းမှ သီလရှင်ဆရာလေးများ။
▪️ (31.7.2026) B.A (Dhamma Studies) "အရဟံ ဓမ္မဝိသာရဒ" တန်း မှ ကျောင်းသား၊ကျောင်းသူများ။
▪️ (1.8.2026) B.A (Buddhist Missionary) "အရဟံ သာသနဟိတဓမ္မာစရိယ၊ အရဟံသာသနဟိတဂဏဝါစက" တန်းမှ ကျောင်းထိုင်နှင့် ကျမ်းပြီး၊ကျမ်းစွဲဆရာတော်မျာ။
"လောက၊ဓမ္မနှစ်ဝကောင်းကျိုး သယ်ပိုးပေးရန် အရဟံ"
▪️ကျောင်းထိုင်ဆရာတော်များ၊ဓမ္မာစရိယ ကျမ်းပြီး၊ကျမ်းစွဲဆရာတော်များဆိုင်ရာ Diploma in Arahaṃ Missionary (သာသနဟိတာရမ္ဘ) Second Semester တွင် သင်ကြားမည့်ဘာသာရပ်နှင့်ဆရာ /မများ။
(1.8.2026) ညနေ ၄:၃၀ နာရီ သင်တန်းစပါမည်...။
________________________________
၁။ Buddhist Psychotherapy (ဗုဒ္ဓနည်းကျ စိတ်ကုထုံး) ပါမောက္ခ ဒေါက်တာအရှင်ဝါသဝ
၂။ Buddhist Leadership (ဗုဒ္ဓနည်းကျ ခေါင်းဆောင်မှုပညာ) ဓမ္မဝီရ ဒေါက်တာအရှင်တေဇနိယ
၃။ Strategic Management (မဟာဗျူဟာမြောက် စီမံခန့်ခွဲခြင်းပညာ) ဒေါက်တာဇင်ကိုကို
၄။ Educational Theory (ပညာရေးသဘောတရား) ပါမောက္ခ ဦးနေမျိုးလွင် (ပညာရေးဒီဂရီကောလိပ်)
၅။ Educational Psychology (ပညာရေးစိတ်ပညာ) ဒေါက်တာဆုသဥ္ဇာဖြိုး၊ Dr ဝါဝါအေး
၆။ Special Lectures (အရဟံဆရာတော်များ၏ အထူးဟောပြာပို့ချချက်များ)
လာမည့်အတန်း အတွက် ကြိုတင်လေ့လာနိုင်ရန် "မြတ်ဗုဒ္ဓ၏ ခြေတော်ရာစက်(၁၀၈) ကွက်ကိုလေ့လာခြင်း" ဘာသာ။
စာအုပ်ကို ကျန်ဘာသာရပ်များ ပုံနှိပ်ပြီးမှ ဖြန့်ချီပါမည်။
ပြီးခဲ့သည့်ရက်ပိုင်းက ထွက်ရှိထားသည့် "သံဃာတော်များ သာသနာပြုတန်း ပြဋ္ဌာန်းကျမ်းစာ" စာအုပ်။ "ပညာရေးသဘောတရား Educational Theory"
