uz
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Kanalga Telegram’da o‘tish

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Ko'proq ko'rsatish

📈 Telegram kanali တောင်ပေါ်သား ရှမ်းကိုးမီး analitikasi

တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 25 227 obunachidan iborat bo'lib, Kino toifasida 12 759-o'rinni va Myanma mintaqasida 5 743-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 25 227 obunachiga ega bo‘ldi.

01 Mart, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -1 144 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 0% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining N/A% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 0 marta ko‘riladi; birinchi sutkada odatda 0 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 0 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Yuqori yangilanish chastotasi (oxirgi ma’lumot 02 Mart, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

25 227
Obunachilar
Ma'lumot yo'q24 soatlar
-3887 kunlar
-1 14430 kunlar
Postlar arxiv
သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ င
သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football

Repost from ZWT Main Channel
I Am Legend (2007) IMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇ
+2
I Am Legend (2007) IMDb Rating 7.2/10 ထိရရှိထားတဲ့ နာမည်ကျော် သရုပ်ဆောင် Will Smith ပါဝင်သရုပ်ဆောင်ထားတဲ့ I am Legend(2007) ဇာတ်ကားကို တော်တော်များများကြည့်ဖူးကြမှာပါ။ ဒါပေမဲ့ ဒီဇာတ်ကားက နောက်ထပ် ဇာတ်သိမ်းတစ်မျိုးနဲ့ ထပ်ထွက်သေးတယ်ဆိုတာကိုတော့ သိပ်မသိကြပါဘူး။ ဇာတ်လမ်းကတော့ ပုံစံတူတူပါပဲ။ ကမ္ဘာတစ်ခုလုံးကို ဗိုင်းရပ်ပျံ့နှံ့သွားပြီး သူတစ်ယောက်တည်းကျန်နေခဲ့တာပါ။ ဗိုင်းရပ်ကို ကုသဖို့ နည်းလမ်းရှာနေရင်း သူ့ရဲ့ နောက်ဆုံး အဖော်အဖက်ဖြစ်တဲ့ ခွေးလေး ဆမ် သေသွားတဲ့အချိန်မှာ သူ့ကိုသူ သတ်သေဖို့ ကြိုးစားခဲ့ပါတယ်။ သေလုဆဲဆဲမှာ အမျိုးသမီးတစ်ယောက်လာရောက် ကယ်တင်တာကိုခံခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ သူတစ်ယောက်တည်း ကျန်ခဲ့တာ မဟုတ်ဘူးဆိုတာကို သိလာရပါတယ်။ ဒီအမျိုးသမီးက ဘာလို့သူ့ဆီကိုရောက်လာတာလဲ။ ဘာတွေဆက်ဖြစ်ကြမယ်ဆိုတာက ပထမဇာတ်ကားနဲ့ ကွဲသွားမှာပါ။ Rating ကတော့ IMDb 7.2 ချင်း တူတူပါပဲ။ https://t.me/zwthollywood720p/2035

Repost from ZWT Main Channel
Oculus (2013) Blu-ray 1080p Horror Movieကြိုက်သူဆိုရင်တော့ Oculusဟာ ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းတစ်ခုလုံးဟာ ရှုပ်ထွေး
Oculus (2013) Blu-ray 1080p Horror Movieကြိုက်သူဆိုရင်တော့ Oculusဟာ ကြည့်သင့်တဲ့အထဲမှာ ပါပါတယ်။ ဇာတ်လမ်းတစ်ခုလုံးဟာ ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်နေပြီး ဘယ်ဟာကအစစ်အမှန်လဲဆိုတာတောင် ပြောရခက်လှပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ တင်မ်နဲ့ကေသီတို့ရဲ့ မိဘတွေဟာ အိမ်ပြောင်းလာပြီနောက် သူတို့အဖေဖြစ်သူဟာ အိမ်မှာပဲ ကိုယ်ပိုင်ရုံးခန်းလေးတစ်ခုလုပ်ပြီး အလုပ်ဆက်လုပ်ပါတယ်။ အဲ့ရုံးခန်းထဲမှာ အလှဆင်ဖို့ဆိုပြီး ရှေးဟောင်းမှန်တစ်ချပ်ကိုလည်း ဝယ်ထည့်ထားလိုက်ပါတော့တယ်။ ထိုမှန်ဟာ သရဲစွဲကပ်နေတယ်ဆိုတာကိုတော့ မသိခဲ့ပါဘူး။ အဲ့မှန်ဟာ အိမ်မှာရှိတဲ့ သက်ရှိမှန်သမျှရဲ့ အသက်ဓာတ်ကိုစားသုံးပြီး သူတို့အဖေရဲ့စိတ်ကို ဆွဲဆောင်ကာ မကောင်းတဲ့အရာတွေကိုလုပ်စေခဲ့ပြီးနောက် သူတို့ရဲ့မိဘနှစ်ယောက်လုံးကို ဆုံးရှုုံးလိုက်ရပါတော့တယ်။ အဲ့မှန်ဟာသူ့ပါတ်ဝန်းကျင်မှာ ရှိတဲ့အသက်ဓာတ်တွေကို စားသုံးပြီး ဆက်လက်ရှင်သန်‌နေခဲ့တယ်ဆိုတာကို သိခဲ့ရပြီးနောက်မှာတော့ ကေသီဟာ သူ့မိဘတွေအတွက် လက်စားချေဖို့လုပ်ပါတော့တယ်။ သူမရဲ့ လက်စားချေမှုဟာ အောင်မြင်သွားမလား ဘယ်လိုအဆုံးသတ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးကို ကြည့်ရှုပေးကြပါအုံး.... https://t.me/zwthollywood720p/2022

Repost from ZWT Main Channel
Blue Beetle (2023) Blue Beetle(2023)**** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို
Blue Beetle (2023) Blue Beetle(2023)**** DCEU ရဲ့ နောက်ထပ် စူပါဟီးရိုးရုပ်ရှင်အသစ် လာပါပြီ။ ဒီဇာတ်ကောင်ဟာ စူပါမန်း ဘတ်မန်းတို့ရှိတဲ့ စကြဝဠာမှာပဲ ရှိနေပေမဲ့ ဒီထဲမှာတော့အခြားစူပါဟီးရိုးတွေကို နာမည်ပဲ ထည့်ပြောသွားပါတယ်။ဘရုစ်ဝိန်းက တွစ်တာကို ဝယ်လိုက်တဲ့အကြောင်းတောင် စပိန်လို တီဗီမှာ ပြပြီး ဟာသလုပ်သွားပါသေးတယ်။ ဒီစူပါဟီးရိုး ဇာတ်ကောင်က မာဗယ်ရဲ့ Venom နဲ့ ဆင်တူပါတယ်။ဂြိုလ်သား ပိုးကောင်တစ်ကောင်ဟာ လူသားလက်ခံကောင်တစ်ယောက်ကိုရွေ့းပြီးရင်ဆဲလ်တွေ ဦးနှောက်တွေကအစ ပေါင်းစည်းပြီး နှစ်စိတ်တစ်ကိုယ်အနေနဲ့ လုပ်ပါတယ်။ကျည်မတိုးတာတွေ၊ ဒဏ်ရာပြန်ကောင်းနိုင်စွမ်းတွေ၊ ပျံနိုင်စွမ်းတွေအပြင် စိတ်ကူးထဲက ရှိတဲ့လက်နက်ပုံစံမှန်သမျှကို ချက်ချင်း ဖန်တီးပေးနိုင်စွမ်းပါရှိပါတယ်။ဒီအထဲမှာဆို မင်းသား စိတ်ကူးယဉ်လိုက်တဲ့ ဖိုင်နယ်ဖန်တက်စီဂိမ်းထဲက ဓားကြီးပါ ပါလာတာတွေ့ပါလိမ့်မယ်။ထိပ်တန်းအဆင့် စူပါဟီးရိုးကားတွေလို့ ပြောရမဲ့ Man of Steel, Iron Man တို့လို origin movieမဟုတ်ပေမဲ့ Antman, Shazam တို့လို ကြည့်ပျော်တဲ့ မိသားစုကားမျိုးလေးပါပဲ။ဇာတ်လမ်းအကျဉ်းမက္ကဆီကိုသား ဟိုင်မီ ရေးယက်စ်ဟာ ဘွဲ့ရလာပြီးတော့ မိသားစုစီပြန်လာပါတယ်။မိသားစုက အဲဒီအချိန်မှာ စီးပွားရေးအဆင်မပြေဘဲ အိမ်ပါ ဆုံးတော့မလိုဖြစ်နေလို့ရရာအလုပ်ရှာပါတော့တယ်။ အဲဒီမှာပဲ ကမ္ဘာ့ထိပ်တန်း လက်နက်ကုမ္ပဏီဖြစ်တဲ့ ကော့ကုမ္ပဏီမှာ အလုပ်ဝင်မိရကနေ ဆက်စပ်ပြီး သူတို့ကုမ္ပဏီရဲ့ ထိပ်တန်းလျို့ဝှက်ချက်ချေးပိုးထိုးအပြာကောင်ဂြိုလ်သားနဲ့ထိတွေ့မိပါတော့တယ်။ အဲဒီကနေစူပါပါဝါတွေရလာပေမဲ့ ကုမ္ပဏီပိုင်ရှင် ဗစ်တိုးရီးယားက အသေရရ အရှင်ရရလိုက်ဖမ်းပြီး မိသားစုကိုပါ ရန်ပြုလာတာကို ရင်ဆိုင်ရတဲ့အခါ… 720p https://t.me/zwtsuperhero/3388 1080p https://t.me/zwtsuperhero/3389

Repost from ZWT Main Channel
Magadheera (2009) မြန်မာစာတန်းထိုး *** IMDb Rating 7.7/10 ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အ
+2
Magadheera (2009) မြန်မာစာတန်းထိုး *** IMDb Rating 7.7/10 ဟာရှာ ဆိုတဲ့ လူငယ်လေးဟာ ဆိုင်ကယ်စတန့် သမားတစ်ယောက်ပေါ့ ဆယ်ပေလောက် အမြင့် ဘားတန်းကို ကျော်ဖြတ်ကာ စွန့်စားနိုင်ခဲ့တဲ့ သူပါ တစ်နေ့မှာတော့ ဘန်ကောက်ပြိုင်ပွဲသွားရန်အတွက် လေဆိပ်ကို ကားငှါးစီးသွားခဲ့ပါတယ် အဲဒီ အချိန်မှာ မိုးကလည်းသည်းလို့။ သူဟာ ကားဘေးဆီမှ လက်ဆန့်ထုတ်ပြီး မိုးရေစက်တွေကို ထိတွေ့လို့နေခဲ့ပါတယ် တစ်နေရာအရောက်မှာတာ့ သူ့လက်ကို လျှပ်စီးထိသလို ဖြစ်ခဲ့ပါတယ် ဟာရှာ အတွက်တော့ ဒါဟာ အတိတ်ဘ၀ဆီ ပြန်တွေးစေခဲ့တဲ့ နိမိတ်ပါ သူ့ကို လျှပ်စစ်စီးသလိုဖြစ်စေခဲ့တာကလည်း ကောင်မလေးတစ်ယာက်ရဲ့လက်နဲ့ ထိတွေ့မိမှုကြောင့်ပါ ဒါကို ဟာရှာ သိခဲ့တာကြောင့် အဲဒီကောင်မလေးကို ကားမှတ်တိုင်မှာပြန်ရှာဖို့ ကြိုးပမ်းခဲ့တယ် အဲဒီကောင်မလေးနာမည်က အင်ဒီရာ တဲ့ သူမရဲ့အဖေနဲ့ ဦးလေး ကတော့ အမွေ ကိစ္စနဲ့ အမှု ရင်ဆိုင်နေကြရတယ် သူ့ဦးလေးမှာ သားတစ်ယောက်ရှိ၍ နာမည် ကတော့ ဒါရာဂူးဗား ဒါရာဂူးဗား ဟာ ရက်စက်ကြမ်းတမ်းသူတစ်ဦးဖြစ်ပြီး မိမိလိုချင်သည့်အရာအား မည့်သည့်နည်းနဲ့မဆို ရယူလေ့ရှိသည်။ တစ်နေ့မှာတော့ ဒါရာဂူးဗား ဟာ အင်ဒီရာ ကိုတွေ့ပြီး ချစ်ကြိုက်မိသွားတော့တယ် အဲဒီချိန်မှာတော့ ဒါရာဂူးဗားဟာ အင်ဒီရာကို ရရှိဖို့ ကြိုးပမ်းပါတော့တယ် ဒါပေမဲ့ ဒါရာဂူးဗားဟာ အင်ဒီရာကို အသားတောင် ထိမရပါဘူး လူတစ်ဦးက ဓားနဲ့ ဟန့်သလိုလို ခံစားခဲ့ရတယ် အဲဒီနောက် ဒါရာဟာ မကောင်းဆိုးဝါးဘုရင် ဂိုရာဆီ သွား၍ သူရဲ့အဖြစ်အပျက်ကို ဖြေရှင်းခိုင်းရာမှ သူ၏ အတိတ် နှစ် ၄၀၀ ဘ၀ကို မှတ်မိသွားခဲ့ပါတယ် အဲဒီနောက်မှာတော့ သူဟာ စုံစမ်းရင်း သူ၏ အတိတ်ရန်သူကား ဟာရှာ ဖြစ်ကြောင်း သိရှိခဲ့သည်။ ထို့နောက်မှာတော့ ???? ဒီဇာတ်ကားလေးဟာ အချစ် အလွမ်း အကြမ်း အရမ်းသာမက သူငယ်ချင်းကောင်းစိတ်ဓာတ် မင်းကောင်း မင်းမြတ်တွေရဲ့ကတိသစ္စာကိုလည်း တစ်စိတ်တစ်ဒေသ ဖော်ပြနိုင်စွမ်းရှိခဲ့ပါတယ် ဟာရှာဟာ အင်ဒီရာကို ရှာဖွေတွေ့ရှိမည်လော အင်ဒီရာ ဟာရှာ ဒါရာဂူးဗား တို့ရဲ့ အတိတ်ကလဲ့စားတို့ကရော ပစ္စုပ္ပန် ရဲ့ ကစားလဲ့ချေခြင်းတို့ကရော မည်သို့ အဆုံးသတ်မည်နည်း ဟာရှာ ကို သတ်ဖို့ကြိုးစားသော ဒါရာရဲ့ အကြံအစည်တို့ကရော အောင်မြင်ခဲ့မည်လော ဟာရှာ ကရော အတိတ်ရဲ့ ကလဲ့စားကို မည့်သို့ အဆုံးသတ်မည်နည်း အင်ဒီရာ ကရော အတိတ်ကို သိမြင်နိုင်စွမ်းရှိခဲ့မည်လော စသော မေးခွန်းများစွာနှင့် ရင်ခုန်လှုပ်ရှားဖွယ် ကြည့်ရှုရမှာပါ။ 720p https://t.me/zwtindia720p/2229 1080p https://t.me/zwtindia1080p/414

Repost from ZWT Main Channel
Ponn Ondru Kandein (2024) "သုံးပွင့်ဆိုင်" IMDb - 5.5/10 ဗီဂျေးဒေဗာရာခွန်ဒါရဲ့ တလေဂူးရုပ်ရှင် Pelli Choopulu (2016)ကို Remake
Ponn Ondru Kandein (2024) "သုံးပွင့်ဆိုင်" IMDb - 5.5/10 ဗီဂျေးဒေဗာရာခွန်ဒါရဲ့ တလေဂူးရုပ်ရှင် Pelli Choopulu (2016)ကို Remakeပြန်လည်ရိုက်ကူးထားတဲ့ တမီးလ်အချစ်ဇာတ်မြူးလေးကို တင်ဆက်ပေးလိုက်ပါတယ်။ စိုင်းနဲ့ ရှီဗာတို့နှစ်ယောက်က ဆယ်ကျော်သက်အရွယ် ကျောင်းတော်ကရန်စတွေကြောင့် မဆုံမိကြဖို့အရေး ရှောင်ပြေးနေကြသူတွေ။ အလုပ်ကိုယ်စီနဲ့ ကိုယ့်ဘ၀ကိုယ်ကျောင်းနေရင်း တစ်ရက်မှာတော့ ငယ်သူငယ်ချင်းတွေက ကျောင်းသားဟောင်းပြန်လည်တွေ့ဆုံပွဲအတွက် မလာမနေရ ဇွတ်အတင်းခေါ်ပါတော့တယ်။ နှစ်ယောက်သား ဟိုကောင်လာမှာလားဆိုတာကို အရင်မေးတော့ ဘော်ဒါတွေက လုံး၀မလာနိုင်ကြောင်းပြောပြီး နှစ်ယောက်လုံးကိုvအရခေါ်ကြပါတော့တယ်။ ဆန်ဒီကတော့ ချန်နိုင်းက စားသောက်ဆိုင်ကို စေလွှတ်ချင်းခံနေရတဲ့ စားဖိုမှူးမလေးပေါ့။ ဒီသုံးယောက်ဆုံတွေ့ကြတဲ့အချိန်မှာတော့ စိုင်းနဲ့ရှီဗာတို့နှစ်ယောက် ကျောင်းတော်ကရန်စ အသစ်တစ်ဖန် ပြန်လည်ဖြစ်လာမှာလားဆိုတာတော့။ 720p https://t.me/zwtindia720p/2225 1080p https://t.me/zwtindia1080p/410

သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ င
သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football

Repost from ZWT Main Channel
Amar Singh Chamkila (2024) Web-dl 1080p ဒီကားလေးဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ ပန်ဂျက်မြို့မှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တ
Amar Singh Chamkila (2024) Web-dl 1080p ဒီကားလေးဟာဆိုရင် အိန္ဒိယနိုင်ငံရဲ့ ပန်ဂျက်မြို့မှာ အောင်မြင်ကျော်ကြားခဲ့တဲ့ အဆိုတော်တစ်ဦး အာမာဆင်းန်ချမ်ကီလာအကြောင်းကို ဖြစ်ရပ်မှန်ရိုက်ကူးထားတဲ့ ဇာတ်ကားကောင်းလေတစ်ကားဖြစ်ပါတယ် IMDB Rating ကလည်း 8.1 အထိရရှိခဲ့ဖြစ်ပါတယ် ချမ်ကီလာဟာ ပန်ဂျက်အဆို‌တော်တစ်ဦးဖြစ်ပြီး ညစ်ညမ်းသီချင်းတွေကို ဖန်တီးခဲ့တဲ့အဆိုတော်တစ်ဦးဖြစ်ပြီး လုပ်ကြံသူတွေက သေနတ်နဲ့ပစ်သတ်လို့နောက်ဆုံး သေဆုံးခဲ့တဲ့ အဆိုတော်တစ်ဦး ဖြစ်ပါတယ် ထိုအချိန်တုန်းက ဒီလိုမျိုးသီချင်းတွေကိုပြစ်တင်ဝေဖန်ရှုံချခံရတဲ့ ခေတ်ကာလဖြစ်ပါတယ် ချမ်ကီလာဟာ ဒီလိုနဲ့သီချင်းတွေဖန်တီးပြီး အောင်မြင်လာတဲ့အချိန်မှာ ဘာသာရေးအစွန်းရောက်တွေဟာ ချမ်ကီလာရဲ့သီချင်းကိုသဘောမကျခဲ့ကြပဲ လူ့အဖွဲ့အစည်းနဲ့ ဘာသာရေးကိုဆန့်ကျင်နေတယ်ဆိုပြီး ခြိမ်းခြောက်ခဲ့ကြပါတယ် တစ်ဖက်မှာလည်း ရဲဌာနကလည်း ချမ်ကီလာဟာ အစွန်းရောက်သူများနဲ့ ပတ်သတ်နေလို့ဆိုပြီး ခြိမ်းခြောက်ကြပြန်ပါတယ် ဒီလိုအခြေအနေအမျိုးမျိုးနဲ့ကြားက ချမ်ကီလာတစ်ယောက် နောက်ဆုံးအချိန်ထိဘယ်လိုမျိုး ရှင်သန်သွားလဲဆိုတာ ရိုက်ပြထားတဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ် https://t.me/zwtindia720p/2221

Repost from ZWT Main Channel
Gaami (2024) Web-dl 1080p ကြည့်ရှုနေကြ တွေ့နေကြမဟုတ်တဲ့ အိန္ဒိယကားကိုမှ sci_fic fantasyအမျိုးအစားဖြစ်ပါတယ် ဇာတ်အိမ်ကိုမှ ၂ခုခ
Gaami (2024) Web-dl 1080p ကြည့်ရှုနေကြ တွေ့နေကြမဟုတ်တဲ့ အိန္ဒိယကားကိုမှ sci_fic fantasyအမျိုးအစားဖြစ်ပါတယ် ဇာတ်အိမ်ကိုမှ ၂ခုခွဲအခြေခံထားတာမို့ ကြည့်ရှုသူအချို့ ဇာတ်ကွက်တွေကို ရှုပ်ထွေးနေနိုင်ပေမယ့်လည်း တစ်ခုပြီးတစ်ခု ဘာတွေဆက်ဖြစ်မလဲ သိချင်စိတ်တွေနဲ့ ဆွဲခေါ်သွားပေးတဲ့ ဇာတ်ကားကောင်းမို့ လက်လွှတ်မခံပဲ စောင့်ကြည့်ပေးနော် https://t.me/zwtindia720p/2219

Repost from ZWT Main Channel
The Sadness (2021) Web-dl 1080p ဒီကားလေးကတော့ ထိုင်ဝမ် Horrorကားတစ်ကားဖြစ်ပါတယ်။ Alvinဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျ
The Sadness (2021) Web-dl 1080p ဒီကားလေးကတော့ ထိုင်ဝမ် Horrorကားတစ်ကားဖြစ်ပါတယ်။ Alvinဗိုင်းရပ်စ်လို့ခေါ်တဲ့ ဗိုင်းရပ်စ်တစ်မျိုး ထိုင်ဝမ်မှာ ကူးစက်ပြန့်ပွားနေပေမယ့် ရောဂါလက္ခဏာ ထွေထွေထူးထူးမရှိဘဲ သေဆုံးမှုလည်း မရှိတာကြောင့် လူတွေက မကြောက်ကြပါဘူး။ ဗိုင်းရပ်စ်ရဲ့ မျိုးကွဲတွေ ပေါ်လာနိုင်တယ်လို့ ဆေးပညာအသိုင်းအဝိုင်းက သတိပေးလည်း ဂရုမစိုက်ကြပါဘူး။ တစ်နေ့မှာတော့ အဲဒီAlvinဗိုင်းရပ်စ်ရဲ့ မျိုးကွဲဗိုင်းရပ်စ်တစ်မျိုးပေါ်လာပြီး လူတွေကို သွေးဆာနေတဲ့ ရက်စက်တဲ့သူတွေအဖြစ် ပြောင်းလိုက်ပါတော့တယ်။ ကူးစက်ခံရတဲ့လူတွေဟာ စိတ်ရိုင်းဝင်လာကြပြီး လူကောင်းတွေကို တိုက်ခိုက်ကြပါတော့တယ်။ အဲဒီလို ရောဂါတွေ ပျံ့နှံ့လာတာကိုမသိဘဲ ခတ်ဆိုတဲ့ကောင်မလေးက အလုပ်သွားပါတော့တယ်။ သူ့ရည်းစားဖြစ်တဲ့ ဂျင်မ်နဲ့ အလုပ်ဆင်းရင် ညစာစားဖို့ လုပ်ထားပေမယ့် ရောဂါအခြေအနေတွေ ပိုဆိုးလာတဲ့အခါ ဂျင်မ်က ခတ်ရှိတဲ့နေရာကိုလာခဲ့ဖို့ ကြိုးစားပါတော့တယ်။ ခတ်ရှိတဲ့နေရာကို သွားတဲ့လမ်းမှာ ဘာတွေနဲ့ ကြုံတွေ့ရမလဲ၊ အန္တရာယ်ကင်းကင်းနဲ့ ရောက်နိုင်ပါ့မလားဆိုတာတွေကိုတော့ ဒီကားလေးမှာ ဆက်လက်ကြည့်ရှုနိုင်ပါတယ်။ သွေးသံရဲရဲအခန်းတွေ အများကြီးပါတာမို့လို့ စိတ်မခိုင်တဲ့သူများ မကြည့်ကြဖို့ သတိပေးလိုက်ပါတယ်။ https://t.me/channelmyanmarchina/338

Repost from ZWT Main Channel
Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်) ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲ မီးမပေးလို့ ပြဿနာတက်ရတဲ့ ရွ
Lineman 2024 (လျှပ်စစ်မီးသမားလေး နာတာရာ့ဂျ်) ယခုတစ်ခေါက်မှာတော့ မီးခဏခဏလာတတ်တဲ့ တို့တွေလိုမျိုးပဲ မီးမပေးလို့ ပြဿနာတက်ရတဲ့ ရွာလေးတစ်ရွာရဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ရွာလေးရဲ့နာမည်ကတော့ ဆာသီပါလီလို့ခေါ်ပါတယ်။ ယခုခေတ် ရွာတွေဟာလည်း အရင်ကလို အိမ်တိုင်းမှာ နွားလှည်းကိုယ်စီမဟုတ်ဘဲ ဆိုင်ကယ်ကိုယ်စီဖြစ်နေကြပြီး ရေဒီယိုတွေအစား စမတ်ဖုန်းတွေကိုင်ကြတဲ့ခေတ်ကို ရောက်ရှိနေပါပြီ။ တီဗီကိုယ်စီရှိနေကြပြီး အိမ်ထောင်ရှင်မတွေဟာလည်း ဇာတ်လမ်းတွဲတွေစွဲလို့နေကြပါပြီ။ ဒီရွာလေးရဲ့ လျှပ်စစ်မီးပေးရုံးမှာ တာဝန်ထမ်းဆောင်နေရတဲ့ကောင်လေးကတော့ နာတာရာ့ဂျ်လို့ခေါ်ပြီး တစ်ရွာလုံးကတော့ သူ့ကို နာတူလို့ခေါ်ကြပါတယ်။ နာတူဟာ သူ့အဖေရဲ့အစိုးရဝန်ထမ်းနေရာကို ဆက်ခံရင်း လျှပ်စစ်မီးသမားလေးလုပ်နေရင်း အောင်မြင်မှုကြီးကြီးမားမားကို လိုချင်နေသူလေးတစ်ယောက်ပေါ့။ အလုပ်လေးကလည်းရှိ အသက်ကလည်း ရှိသင့်သလောက်ရှိပြီဆိုတော့ အမေဖြစ်သူက နာတူကို အိမ်ထောင်ပြုစေချင်ပေမယ့် နာတူကတော့ အမြဲငြင်းရင်း သူတို့သားအမိဟာလည်း ဒီကိစ္စနဲ့ အမြဲပြဿနာဖြစ်လို့နေတာပေါ့။ ဒီလိုနဲ့ တစ်နေ့မှာ ရွာရဲ့အသက်အဘွားကြီးရဲ့ အသက်(၁၀၀)မွေးနေ့ကို ကျင်းပဖို့ ညဘက်မှာ မီးပေးဖို့အတွက် နာတူကိုပြောကြတဲ့အခါ နာတူကတော့ ငြင်းဆန်ခဲ့ပါတယ်။ ဒီလိုငြင်းဆန်လိုက်တဲ့အခါမှာတော့ မီးသမားလေးနာတူကတစ်ဖက် တစ်ရွာလုံးက တစ်ဖက်နဲ့ ပြဿနာတွေဖြစ်ကြပါတော့တယ်။ ဘာလို့ နာတူက မီးပေးဖို့အတွက် ငြင်းဆန်ရတာလဲ ...... အမေဖြစ်သူရဲ့ သူ့သားအတွက် မိန်းမရရေးစီမံကိန်းကရော အောင်မြင်သွားမှာလား ...... စတဲ့ အကြောင်းပြချက်တွေနဲ့ မီးသမားလေးရဲ့ဘဝအကြောင်းလေးကို ကြည့်ရှုအားပေးလိုက်ကြပါဦးနော် 720p https://t.me/zwtindia720p/2216 1080p https://t.me/zwtindia1080p/407

Repost from ZWT Main Channel
Damsel (2024) Web-dl 1080p မိန်းကလေးတွေအတွက်လင်ယူမှားလို့မဖြစ်ဘူးဆိုတာကိုရှေးခတ်ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့သင်ခန်းစာပေ
Damsel (2024) Web-dl 1080p မိန်းကလေးတွေအတွက်လင်ယူမှားလို့မဖြစ်ဘူးဆိုတာကိုရှေးခတ်ဇာတ်လမ်းဇာတ်ကွက်ကောင်းကောင်းလေးနဲ့သင်ခန်းစာပေးသွားမဲ့ Damsel ဆိုတဲ့ဇာတ်ကားကောင်းတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။IMDb Rating 6.3 ရရှိထားပြီးကြည့်လို့ကောင်းပြီးအချိန်ပေးရတာတန်တဲ့ဇာတ်ကားတွေထဲမှာအပါအဝင်ပဲဖြစ်ပါတယ်။မင်းသမီးအယ်လိုဒီရဲ့တိုင်းပြည်မှာငတ်မွတ်ခေါင်းပါးမှုတွေကြုံနေရပြီးပြည်သူတစ်ချို့ကလဲတိုင်းပြည်ကိုစွန့်ခွာကုန်ကြပါပြီ။ဒီလိုအခက်အခဲတွေကိုဖြေရှင်းဖို့အတွက်ဘုရင်ကြီးကအော်ရီယာဆိုတဲ့တိုင်းပြည်ကကမ်းလှမ်းမှုတစ်ခုကိုလက်ခံခဲ့ပါတယ်။အဲ့ဒီကမ်းလှမ်းမှုကတော့တခြားမဟုတ်ပဲအော်ရီယာတိုင်းပြည်ရဲ့မင်းသားလေးနဲ့မင်းသမီးအယ်လိုဒီကိုလက်ဆက်ပေးဖို့ပါပဲ။ဒီလိုလက်ဆက်ခြင်းအားဖြင့်စည်းစိမ်ဥစ္စာပေါကြွယ်၀တဲ့အော်ရီယာတိုင်းပြည်ကရွှေတွေကိုရမဲ့အပြင်သမီးဖြစ်သူကပါကောင်းကောင်းမွန်မွန်တင့်တင့်တယ်တယ်နေရမှာဖြစ်တဲ့အတွက်မကြာခင်မှာပဲအယ်လိုဒီတို့မိသားစုအော်ရီယာတိုင်းပြည်ကိုသွားရောက်ခဲ့ပါတော့တယ်။ မင်္ဂလာပွဲတွေအားလုံးအဆင်ပြေပြေပြီးမြောက်ပြီးအယ်လိုဒီရဲ့မိသားစုပြန်သွားပြီးနောက်မှာတော့သူတို့အပေါ်မှာကောင်းပြနေတဲ့အော်ရီယာတိုင်းပြည်ရဲ့တော်ဝင်မိသားစုကစိတ်ရင်းနဲ့မဟုတ်ပဲတခြားအကြံအစည်ရှိနေလို့ဆိုတာသိလိုက်ရတဲ့အချိန်မှာတော့အရမ်းနောက်ကျသွားပြီးအယ်လိုဒီအတွက်အိပ်မက်ဆိုးကြီးတစ်ခုစတင်လာခဲ့ပါတော့တယ်။ဒီလိုနဲ့လင်ယူမှားပြီးဒုက္ခအကြီးကြီးရောက်သွားခဲ့တဲ့အယ်လိုဒီတစ်ယောက် ဘယ်လိုဒုက္ခနဲ့ကြုံတွေ့ရမလဲ ရှေ့ဆက်ရောဘာတွေရင်ဆိုင်ရဦးမလဲဆိုတာကိုကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ 1080p https://t.me/zwthollywood720p/2011 4K https://t.me/vipmovielist/37

တွယ်တာက သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင
တွယ်တာက သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football

The Family Star (2024) ( ချစ်ခြင်းဖြင့်မုန်းစေ) အသစ်စက်စက် ထွက်ရှိလာပြီး IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ အကြည
The Family Star (2024) ( ချစ်ခြင်းဖြင့်မုန်းစေ) အသစ်စက်စက် ထွက်ရှိလာပြီး IMDb 5.5/10 ရရှိထားပြီး မင်းသားဗီဂျေးအငယ်နဲ့အတူ အကြည့်တွေစူးရှလှပတဲ့မင်းသမီးလေးမရူနာထာကူးရ်တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ ဘောလိဝုဒ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ ဒီကားလေးမှာဆိုရင်တော့ ဂိုဗာဒါဟာ ပါလေရာပါတဲ့ ပွကြီးပါ။ အမေ၊ အစ်ကိုတွေ၊ မရီးတွေရဲ့ အရေးမှန်သမျှကို ခေါင်းပေါ်တင်ထားရတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ပါပဲ။ ကိုယ့်အတွက် အိမ်ထောင်ရေးဆိုတာကို မစဉ်းစားနိုင်လောက်အောင် အလုပ်တွေလုပ်၊ အိမ်မှာ လောက်ငှပြည့်စုံဖို့အရေး ငွေကို တစ်ပြားက နှစ်ပြားခွာတဲ့ လူပျိုကြီးပါပေါ့။ အင်ဒူကတော့ ချမ်းသာတဲ့သူဌေးမလေးဖြစ်ပြီး ဂိုဗာဒါနဲ့ အိမ်အငှားကိစ္စတစ်ခုကတဆင့်သိပြီး ကြိုက်သွားကြပါတော့တယ်။ ဒါပေမဲ့ ကံကြမ္မာအလှည့်အပြောင်းက နှစ်ယောက်ကြားဝင်လာတဲ့အခါမှာတော့ အချင်းချင်းအထင်တွေလွဲမုန်းတီးပြီး ကလဲ့စားချေမယ်တွေပါ ဖြစ်ကုန်တော့တာပါပဲ။ ချစ်ခြင်းနဲ့မုန်းတဲ့အမုန်းတရားမှာ ဘာကအနိုင်ရသွားမလဲ။ သူတို့ကြားက နားလည်မှုတွေလွဲခဲ့ရတဲ့ ဖြစ်ရပ်ကရောဘာဖြစ်မလဲ။ ဂိုဗာဒါတစ်ယောက် အိမ်တွင်းရေးအရှုပ်တော်ပုံတွေကနေရော ရုန်းထွက်နိုင်သွားမလား....။ 720p https://t.me/zwtindia720p/2212 1080p https://t.me/zwtindia1080p/405

Crakk: Jeetega... Toh Jiyegaa (2024) "ယောကျ်ားဘသား" IMDb - 6.2/10 Commando 3 (2019)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Aditya Dattနဲ
Crakk: Jeetega... Toh Jiyegaa (2024) "ယောကျ်ားဘသား" IMDb - 6.2/10 Commando 3 (2019)ကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Aditya Dattနဲ့ အဲဒီရုပ်ရှင်ထဲကပဲ သရုပ်ဆောင်ဖြစ်တဲ့ Vidyut Jammwalတို့ အတူတူတွဲပြီး တစ်ဖက်စွန်းရောက် အားကစားလို့ခေါ်ဝေါ်ကြတဲ့ အားကစားနည်းတစ်မျိုးကိုရိုက်ကူးထားတဲ့ အိန္ဒိယရဲ့ပထမဆုံးလို့တောင်ခေါ်တဲ့ ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အသက်နဲ့လောင်းကြောင်းထပ်ထားရတဲ့ ဒီအားကစားကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာတွေပေါ်မှာတင်ကြတာ ကမ္ဘာပေါ်တစ်လွှားမှာ ရေပန်းစားလာခဲ့ပါတယ်။ အောင်မြင်ကျော်ကြားလာတဲ့သူတွေအတွက် စပွန်စာနဲ့ ဂုဏ်ဒြပ်ငွေကြေးတွေနောက်ကလိုက်လာတတ်ပေမဲ့ လူမသိသူမသိနဲ့ အသက်ဆုံးရှုံးကြသူတွေလည်း ဒုနဲ့ဒေး။ ဒီလိုအားကစားကိုမှ ခုံခုံမင်မင်နဲ့ ရူးသွပ်ပြီး ကြိုးစားနေတဲ့သူတွေထဲမှာ မွမ်ဘိုင်းက ဆစ်ဒူးနဲ့ နီဟာလ်ဆိုတဲ့ ညီကိုနှစ်ယောက်လည်း အပါအဝင်ပေါ့။ ညီကိုနှစ်ယောက် အောင်မြင်ဖို့ကြိုးစားရင်းနဲ့ အစ်ကိုဖြစ်သူအသက်ဆုံးရှုံးရချိန်မှာတော့ ပင်စင်စားဖခင်ကြီးက သားငယ်ဖြစ်သူကို ဒီအားကစားကိုစွန့်လွှတ်ဖို့ အကြိမ်ကြိမ်ဖြောင့်ဖြနေခဲ့ပေါ့။ ဒါပေမဲ့ ခုံမင်ရူးသွပ်ရတဲ့ ဒီအားကစားကိုမစွန့်လွှတ်နိုင်တဲ့ ဆစ်ဒူးတစ်ယောက် ဘယ်လိုအတားအဆီး အခက်အခဲနဲ့ အန္တရာယ်တွေကို ရင်ဆိုင်ရမှာလဲ။ တစ်ဖက်မှာလည်း ဒီအားကစားကို ဗန်းပြပြီး မှောင်ခိုလုပ်ငန်းအကြီးအကျယ်လုပ်နေတဲ့ ဒုစရိုက်ဂိုဏ်းကြီးတစ်ခုကလည်း ရှိနေပြန်ပါရော။ ဒီလိုနဲ့ ဆစ်ဒူးတစ်ယောက် ဒီအကြောင်းတရားတွေမှာ ဘယ်လိုပတ်သက်ပါဝင်ရင်ဆိုင်ရမှာလဲ ခံစားကြည့်ရှုကြပါဦး။ 720p https://t.me/zwtindia720p/2210 1080p https://t.me/zwtindia1080p/403

Yodha (2024) စစ်သည်တော် IMDb-6.2/10 ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် Shershaah , Mission Manjnu တို့လို စစ်ကားစပိုင်အက်ရှ
Yodha (2024) စစ်သည်တော် IMDb-6.2/10 ဒီတစ်ခါ CM ဘောလီးဝုဒ်ပရိသတ်ကြီးအတွက် Shershaah , Mission Manjnu တို့လို စစ်ကားစပိုင်အက်ရှင်ကားတွေနဲ့ လိုက်ဖက်တဲ့ မင်းသား ဆစ်ဒ်ဒါ့မာဟိုဒရာရဲ့ ရုံတင်အက်ရှင်ဇာတ်ကားသစ်လေးကို တင်ဆက်ပေးချင်ပါတယ် တွဲဖက်သရုပ်ဆောင်မင်းသမီးကလည်း ထိပ်တန်းနာမည်ကြီးတော့မဟုတ်ပေမယ့် ဇာတ်ကားတွေမှာမြင်နေကျ မျက်နှာပြည့်ပြည့်အပြုံးချိုချိလေးနဲ့ ရာ့ရှီခါနာပဲ ဖြစ်ပါတယ် ဒီမင်းသားရဲ့ဇာတ်ကားတွေကတော့ သိတဲ့အတိုင်းပါပဲ အက်ရှင်ခန်းတွေ တိုက်ပွဲခန်းတွေက ကြည့်ကောင်းပြီး တော်ကီတွေနဲနဲအိုဗာပေမယ့် လက်ခံပေးလို့ရတဲ့အနေအထားမှာတော့ ရှိပါတယ် အခုဒီဇာတ်ကားထဲမှာလည်း မင်းသားက ယိုဒါအထူးတပ်ဖွဲ့ရဲ့ ကွန်မန်ဒိုစစ်သည်တစ်ယောက်အဖြစ် သရုပ်ဆောင်ပြီး အက်ရှင်ခန်းတွေ စွန့်စားခန်းတွေကို ရှုစားရမှာပဲဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်းကတော့ ယိုဒါအထူးတပ်ဖွဲ့လို့ခေါ်တဲ့ အိန္ဒိယရဲ့အထူးတပ်ဖွဲ့မှာ ဖခင်ဖြစ်သူက တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားပေမယ့်လည်း သားဖြစ်သူအာရွန်က သူ့အဖေလိုပဲ အထူးတပ်ဖွဲ့မှာ ဆက်လက်တာဝန်ထမ်းဆောင်နေပါတယ် လုပ်ဖော်ကိုင်ဖက် ပရီယာဆိုတဲ့ကောင်မလေးနဲ့လည်း လက်ထပ်ပြီးတော့ တာဝန်ထမ်းဆောင်လိုက် မိန်းမနဲ့ကြည်နူးလိုက်နဲ့ပဲ ဘဝကြီးကို ဖြတ်သန်းနေချိန်မှာ လေယာဉ်ပြန်ပေးမှုတစ်ခုဖြစ်ပြီး အဲ့လေယာဉ်ပေါ်မှာ အာရွန်က ဗီအိုင်ပီသက်တော်စောင့်အဖြစ်ပါလာတဲ့အခါမှာတော့ အပြင်ကအဖွဲ့တွေကလည်း ညှိနှိုင်းကယ်တင်ဖို့ကြိုးစားရသလို အာရွန်လည်း လေယာဉ်ပေါ်ကနေ တစ်ကိုယ်တော် ပြန်ပေးသမားတွေနဲ့ ရင်ဆိုင်တိုက်ခိုက်ဖို့ဖြစ်လာပါတော့တယ် ငယ်ငယ်တုန်းက ကြည့်ခဲ့တဲ့ Con Air တို့ Air Force One တို့လို့ ဖီလင်မျိုးနဲနဲတော့ ရတာမို့ အက်ရှင်ကားကြိုက်တယ်ဆိုတဲ့ ပရိသတ်တွေအပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ် 720p https://t.me/zwtindia720p/2208 1080p https://t.me/zwtindia1080p/400

Jumper (2008) Blu-ray 1080p App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Jumper လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ
Jumper (2008) Blu-ray 1080p App ထဲကနေ Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ Jumper လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် လူတိုင်းမဟုတ်ရင်တောင် အထူးသဖြင့် ယောက်ျားလေးတွေရဲ့စိတ်ထဲမှာ တကယ်သာ ဖြစ်ခွင့်ရရင် ဖြစ်ချင်‌တဲ့ Superhero တစ်ယောက်ကတော့ အမြဲလိုလိုရှိနေတတ်မှာပါ။ လေထဲပျံချင်တာလား အင်အားကြီးချင်တာလား ဒါမှမဟုတ် နေရာပြောင်းတတ်ချင်တာမျိုးလား ဒီလိုမျိုး အစွမ်းအစတွေ တစ်ခုခုတော့ လိုချင်မိကြမှာပါ။ ဒါကြောင့်လည်း (2008) ခုနှစ်က ထွက်ရှိခဲ့ပြီး စိတ်ကူးယဉ်လို့ကောင်းမဲ့ Adventure, Sci-Fi အမျိုးအစား Jumper ဆိုတဲ့ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။ ဒေးဗစ်ရိုက်စ် ဟာ အသက် (၅) နှစ်အရွယ်ကတည်းက အမေဖြစ်သူရဲ့စွန့်ပစ်မှုကိုခံခဲ့ရပြီး အရက်စွဲနေတဲ့အဖေနဲ့သာ အတူနေထိုင်နေရတဲ့ အထက်တန်းကျောင်းသားတစ်ယောက်ပါ။ တစ်နေ့မှာတော့ သူ့ရဲ့သူငယ်ချင်းမလေး မီလီ ကို လက်ဆောင်ပေးရာကနေ မထင်မှတ်ဘဲ အနိုင်ကျင့်ခံရပြီး ရေထဲကျသွားရာကစလို့ သူဟာ ကမ္ဘာပေါ်က ဘယ်နေရာကိုမဆို နေရာရွှေ့ပြောင်းနိုင်တဲ့အစွမ်းရှိနေတဲ့ Jumper ဖြစ်နေမှန်း သိလိုက်ရပါတယ်။ ဒေးဗစ်ကတော့ အဲဒီအစွမ်းကို အသုံးချပြီး ဘဏ်တွေကနေ ငွေတွေကိုခိုးယူနေတဲ့အတွက် အစိုးရအဖွဲ့တွေကနေ သူ့ကိုဖမ်းဖို့ လိုက်စုံစမ်းပါတော့တယ်။ ဒီလိုနဲ့ ဒေးဗစ်တစ်‌ယောက် ဖမ်းမဲ့လူတွေကိုရှောင်တိမ်းရင်း အစွမ်းကို ဘယ်လိုတွေအသုံးချနေမလဲ နောက်ဆက်တွဲရော ဘယ်လိုတွေ ကြုံတွေ့ရမလဲ နောင်တစ်ချိန် သူငယ်ချင်းဖြစ်တဲ့ မီလီ နဲ့ ပြန်တွေ့တဲ့အခါ နှစ်ယောက်သား ခရီးထွက်ရာကနေ ဘယ်လိုပြဿနာတွေကြုံရမလဲ သူတို့ရဲ့ရန်သူတွေကရော ဘယ်သူတွေလဲ သူ့အမေကရော သူ့ကိုဘာလို့စွန့်ပစ်သွားတာလဲ ဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာ ကြည့်ရှုလိုက်ကြပါဦး။ https://t.me/zwthollywood720p/2007

30 Days of Night (2007) Blu-ray 1080p Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ 30 Days of Night လေးကိုဘာသာပြန်တင်ဆက်ပေ
30 Days of Night (2007) Blu-ray 1080p Movie Request လုပ်ထားတဲ့ကားတွေထဲက တစ်ကားဖြစ်တဲ့ 30 Days of Night လေးကိုဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ် သွေးစုပ်ဖုတ်ကောင်ကားကိုမှ ဇာတ်အိမ်တစ်မျိုးနဲ့ ကြည့်ရဖို့ တင်ဆက်ပေးလိုက်ပါတယ်။ မြောက်ဝင်ရိုးစွန်းဘက်က Alaska ရဲ့မြို့ငယ်လေး Barrow မှာ ဆောင်းရာသီအေးခဲတဲ့အချိန်ဆို တစ်နှစ်တစ်ကြိမ် မှောင်မိုက်တဲ့လကို ကြုံတွေ့ရပါတယ်။ ပုံမှန်အဲ့ချိန်ဆို မြို့သူ‌မြို့သားအများစုက နောက်ဆုံးလေယာဉ်အမီစီးပြီး တောင်ပိုင်းကို ရှောင်တတ်ကြပေမယ့် ကျန်ခဲ့တဲ့ မြို့ခံလူနည်းစုလည်းရှိပါတယ်။ အဲ့ကျန်ခဲ့တဲ့လူတွေထဲမှာ ရဲမှုးအယ်ဘန်နဲ့ သပ်သပ်ခွဲနေတဲ့ သူဇနီးစတယ်လာတို့ အပေါင်းအပါအုပ်စုပါပါတယ်။ ဒီတစ်ခါမှာတော့ သူတို့ကျန်ခဲ့တာက နောင်တရစရာ ဆုံးဖြတ်ချက်ဖြစ်သွားပါတယ်။ ဒီနှစ်မှာ သွေးဆာနေတဲ့ vampire အုပ်စုက မြို့ကို ပြင်ပနဲ့အဆက်အသွယ်တွေ ဖြတ်တောက်ပြီး စားသုံးဖို့ရောက်လာတဲ့အတွက်ပါ။ ရက်စက်ကြမ်းကြုတ်တဲ့ သူတို့တွေလက်ကနေ မြို့ခံတွေကိုကယ်တင်ဖို့ အယ်ဘန်တို့ မှောင်နှံ ကြိုးပမ်းတာကို အသည်းဆအေးအေးနဲ့ ရှုစားရမှာဖြစ်ပါတယ်။ ဒီကားမှာတော့ သွေးစုပ်ဖုတ်ကောင်တွေက သူတို့ကိုယ်ပိုင်စကားကို အသုံးပြုတာပါ မြင်ရမှာပါ။ https://t.me/zwthollywood720p/2005

MR-9: Do or Die (2023) Web-dl 1080p အမေရိကန် ဘင်္ဂလားဒေ့ရှ် အိန္ဒိယ တရုတ်နိုင်ငံပေါင်းစုံပါဝင်ထားတဲ့အက်ရှင်ကားကောင်းကြီးတစ်ကာ
MR-9: Do or Die (2023) Web-dl 1080p အမေရိကန် ဘင်္ဂလားဒေ့ရှ် အိန္ဒိယ တရုတ်နိုင်ငံပေါင်းစုံပါဝင်ထားတဲ့အက်ရှင်ကားကောင်းကြီးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်ကတော့ MR-9 Do Or Die ဖြစ်ပြီး လက်ရှိ IMDb Rating 5.6 ရရှိထားပါတယ်။ဒီဇာတ်ကားထဲမှာဆိုရင်တော့ဇာတ်ကြမ်းမင်းသားကြီး Michael Jai White ဘင်္ဂလားဒေ့ရှ်မှာနာမည်ကြီးမင်းသားဖြစ်တဲ့ Abm Sumon အပြင် 3 Idiots ဇာတ်ကားထဲကစာကြမ်းပိုးချာတူးကပါဧည့်သည်သရုပ်ဆောင်အနေနဲ့ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေကတော့ထုံးစံအတိုင်းစူပါဗီလိန်တစ်ယောက်ရှိမယ် အဲ့ဒီဗီလိန်ကိုအစိုးရရဲ့လျှို့ဝှက်အဖွဲ့အစည်းတွေကဖြုတ်ချမယ်ဆိုတဲ့ပုံစံပဲဆိုပေမဲ့မတူတာကတော့ တစ်နိုင်ငံတည်းမှာဖြစ်နေတာမဟုတ်ပဲတခြားနိုင်ငံတွေကအဖွဲ့အစည်းတွေနဲ့ပါပူးပေါင်းပြီးဖြေရှင်းရတာပါပဲ။ ဒီကားထဲကစူပါဗီလိန်ကတော့ရိုမန်ရော့စ်လို့ခေါ်တဲ့ဘီလီယံနာသူဌေးကြီးဖြစ်ပြီး သူ့ရဲ့ပိုက်ဆံတွေနဲ့ကန်းသွားတဲ့သူ့မျက်လုံးတွေကိုအဆင့်မြင်တဲ့စက်ရုပ်မျက်လုံးတွေနဲ့အစားထိုးထားသူပဲဖြစ်ပါတယ်။အစမှာတော့သူ့ရဲ့မူးယစ်ဆေးနဲ့လက်နက်ရောင်းဝယ်မှုတွေကို CIA နဲ့ ဘင်္ဂလားဒေ့ရှ်က BCI တို႔အတူပူးပေါင်းခဲ့ကြပေမဲ့ဒီထက်အများကြီးပိုဆိုးတဲ့အကြံအစည်တွေရှိနေသေးတာကိုသိလိုက်ရတဲ့အချိန်မှာတော့ CIA နဲ့ BCI တို့အတူပူးပေါင်းပြီးလုပ်တဲ့အထူးစစ်ဆင်ရေးအောင်မြင်သွားမလားဆိုတာကိုကြည့်ရမဲ့အက်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ https://t.me/zwthollywood720p/2003

သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ င
သေချာမှန်ကန်တဲ့နေရာလေးဖြစ်တဲ့ Platinum Club MM မှာ ဂိမ်းအသစ်အဆန်းလေးတွေဆော့ကစားဖို အကြံပြုပါတယ်န်ော 😍😍 ☀️မြန်မာနိုင်ငံရဲ့ ငွေသွင်းငွေထုတ် စိတ်အချရဆုံး website တိုက်ရိုက် 🌐 www.platinumclubmm.com မှာကစားလိုရအောင်မိတ်ဆက်ပေးချင်လိုပါ စိတ်ချရလို ဂိမ်းချစ်သူများအတွက် အဆင်ပြေမှာသေချာပါတယ်ရှင့်သွားကစားမယ်ဆို 🎉🎊50% အကောင့်သစ်ဘောနပ် ပေးနေပါတယ် 🎉🎊သူငယ်ချင်းမိတ်ဆက်ဘောနပ် 20% 🎉🎊လစဥ်အရှုးပြန်ပေး 5% 📢💵10,000 သွင်း 15,000 ရမှာဖြစ်ပြီး 📢💵 20,000 သွင်း 30,000 ရမဲ့ အခွင့်အရေး ရမဲ့အပြင် ဆက်သွယ်ကစားလိုသူများအနေနဲ့ 👇👇 📱 Viber : 09666938666 📱 Line :https://msng.link/o?ptclubmm=ln 📱 Telegram : @ptclubmm https://www.facebook.com/Platinummmclub #platinumclubmm #onlinegame #slot #livecasino #fishinggame #football