uz
Feedback
တောင်ပေါ်သား ရှမ်းကိုးမီး

တောင်ပေါ်သား ရှမ်းကိုးမီး

Kanalga Telegram’da o‘tish

တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Ko'proq ko'rsatish

📈 Telegram kanali တောင်ပေါ်သား ရှမ်းကိုးမီး analitikasi

တောင်ပေါ်သား ရှမ်းကိုးမီး (@skm_code4) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 25 227 obunachidan iborat bo'lib, Kino toifasida 12 759-o'rinni va Myanma mintaqasida 5 743-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 25 227 obunachiga ega bo‘ldi.

01 Mart, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -1 144 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 0% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining N/A% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 0 marta ko‘riladi; birinchi sutkada odatda 0 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 0 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
တောင်ပေါ်သား ရှမ်းကိုးမီး ၊ Shan Koe Mee ၊ ဘူကြီး ၊ m9 asia

Yuqori yangilanish chastotasi (oxirgi ma’lumot 02 Mart, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Kino toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

25 227
Obunachilar
Ma'lumot yo'q24 soatlar
-3887 kunlar
-1 14430 kunlar
Postlar arxiv
Spring of Youth (2025) Web-dl 1080p Ep 1 ရပါပီ
Spring of Youth (2025) Web-dl 1080p Ep 1 ရပါပီ

The Rise of Phoenixes (2018) Web-dl 1080p Ep 11 to 20 ရပါပီ
The Rise of Phoenixes (2018) Web-dl 1080p Ep 11 to 20 ရပါပီ

ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ ကားအသစ်လေးကတော့ Lee Dong-Wook, Lee Kwang-Soo, Lee Da-Hee နဲ့ Lee Joo-Bin တို့ပါဝင်ထားတဲ့ Rom-com ကားလေးပဲ ဖြစ်ပါတယ်။ ထူးထူးခြားခြား Lee မျိုးနွယ် ၄ ယောက် ခေါင်းဆောင်ပါထားတဲ့ ဒီဟာသကားလေးထဲမှာ သူတို့ ၄ ယောက်က ဘယ်လိုမျိုး အတွဲညီညီ သရုပ်ဆောင်ထားမလဲဆိုတာ စောင့်ကြည့်ကြရမှာပါ။ နိုဂီဂျွန်း (Lee Dong-Wook) က အာမခံကုမ္ပဏီတစ်ခုရဲ့ ထုတ်ကုန် ဖွံ့ဖြိုးရေးအဖွဲ့မှာ အလုပ်လုပ်သူပါ။ ထူးချွန်တဲ့အရည်အချင်းတွေနဲ့ ပြီးပြည့်စုံတဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ၃ခါ လက်ထပ်ပြီး ၃ ခါတိတိ ကွာရှင်းထားသူလည်းဖြစ်ပါတယ်။ အဲဒီကွာရှင်းမှုတွေကြောင့် သူက စိတ်ရောလူပါ နွမ်းနယ်ပြီး ငွေကုန် လူပင်ပန်းဖြစ်ခဲ့ရတာမို့ အဲဒီအတွေ့အကြုံတွေကို အသုံးချပြီး ကွာရှင်းမှုအာမခံဆိုတာကို အကောင်အထည်ဖော်ဖို့ ကြိုးစားပါတော့တယ်။ သူ့ရဲ့ကွာရှင်းမှုအာမခံအဖွဲ့ကို ဂန်ဟန်ဒူးလ် (Lee Joo-Bin), အန်ဂျောင်မန် (Lee Kwang-Soo) နဲ့ ဂျောင်နာရယ် (Lee Da-Hee) တို့က ဝင်ရောက်လာခဲ့ပြီးတော့ အဖွဲ့ဝင် အသီးသီးမှာလည်း အတိတ်ကိုယ်စီနဲ့ အကြောင်းအရင်းမျိုးစုံ ရှိနေကြတာပါ။ ဒီလိုနဲ့ သူတို့တွေ ပူးပေါင်းပြီး ကွာရှင်းမှုအာမခံဆိုတာကို လူသိများ အောင်မြင်အောင် လုပ်နိုင်ကြမလား၊ ဒါမှမဟုတ် အသီးသီးရဲ့ မတူညီတဲ့ နောက်ခံတွေကြောင့် အဖွဲ့ပဲ ပျက်စီးကိန်းဆိုက်သွားမလားဆိုတာကိုတော့ ဟာသနှောပြီး တင်ဆက်ပေးသွားမှာဖြစ်လို့ အတူတူ စောင့်ကြည့်လိုက်ရအောင်ပါ။ အပတ်စဉ် တနင်္လာ အင်္ဂါနေ့တိုင်း ထွက်ရှိသွားမှာဖြစ်ပြီး အပိုင်း ၁၂ ပိုင်း ပါရှိမှာဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Amelia ဖြစ်ပါတယ်။

The Divorce Insurance (2025) Web-dl 1080p Complete Ep 1 to 12 ရပါပီ
The Divorce Insurance (2025) Web-dl 1080p Complete Ep 1 to 12 ရပါပီ

ပုံရိပ်ယောင်နဲ့ လက်တွေ့လောကနှစ်ခုကြားထဲမှာတည်ရှိတဲ့ မိစ္ဆာတွေကို ရှင်းလင်းသုတ်သင်တဲ့ မိစ္ဆာသုတ်သင်သူကျိုရွှမ်းယဲ့ဟာ လူမျက်နှာနဲ့ဇီးကွက်မိစ္ဆာနောက်ကိုလိုက်ရင်း နန်းယန်ကိုရောက်ရှိလာခဲ့တယ်။ နန်းယန်မှာ ချမ်းသာတဲ့သွမ့်အိမ်တော်က ဒုတိယသခင်မလေး သွမ့်ပန့်ရှကတော့ သာမန်လူတွေလိုမဟုတ်ဘဲ နတ်မျက်စိတစ်စုံပိုင်ဆိုင်ထားပြီး မိစ္ဆာတွေရဲ့သရုပ်မှန်ကိုထိုးဖောက်မြင်နိုင်တဲ့သူဖြစ်တယ််။ ဒီလိုပန့်ရှကို သူ့မိသားစုကတော့မယုံကြည်ကြဘဲ "ရောဂါ" တစ်ခုအနေနဲ့သတ်မှတ်ပြီး သမားတော်ခေါ်ပြခဲ့တယ်။ တစ်နေ့မှာ ပန့်ရှရဲ့အစ်ကိုတော်က သဘင်သည်တစ်ယောက်နဲ့လက်ထပ်တဲ့အခါ မိစ္ဆာရှာပုံတော်ထွက်နေတဲ့ ရွှမ်းယဲ့နဲ့ ပန့်ရှတို့ ပထမဆုံးအကြိမ်ဆုံတွေခဲ့ကြတယ်။ သူတို့ရဲ့တွေ့ဆုံမှုက ဘယ်လိုအကြောင်းကြောင့်ဖြစ်လာတာလဲ၊ ပန့်ရှကရော သူ့ရဲ့ကောင်းချီးတစ်ခုဖြစ်တဲ့ နတ်မျက်စိတစ်စုံကို တန်ဖိုးထားလက်ခံလာနိုင်မလား၊ သူတို့နှစ်ဦးရဲ့ဇာတ်လမ်းလေးကရော ဘယ်လိုရှေ့ဆက်မလဲဆိုတာကို စိတ်ဝင်စားရင်ဖိုဖွယ် စောင့်ကြည့်ရမဲ့ဇာတ်လမ်းတွဲလေးဖြစ်ပါတယ်။ ဇာတ်လမ်းအညွှန်းရေးသားသူကတော့ Rin ဖြစ်ပြီး ဘာသာပြန်သူများကတော့ Rin, Nweni, Xue Ying, Shwe yi linn, AThet, Hann Su, Liu Yi Cheng, Su Nyein Zin ဖြစ်ပါတယ်။

The Demon Hunter's Romance (2025) Web-dl 1080p Completee EP 1 to 36 ရပါပီ
The Demon Hunter's Romance (2025) Web-dl 1080p Completee EP 1 to 36 ရပါပီ

အမေရိကန်အ‌နောက်ပိုင်းဇာတ်ကားဖြစ်ပြီး 1882 ခုနှစ် Wyoming ပြည်နယ်က အဖြစ်အပျက်တွေကို အခြေခံထားပါတယ်။ အထူးသဖြင့် အဲဒီခေတ်က တရားစီရင်ပုံနဲ့ သေဒဏ်ပေးတဲ့ဓလေ့ကို ပြချင်တာပါ။ မိဘတွေသေဆုံးသွားပြီး ဆွေမျိုးလည်းမရှိလို့ ညီငယ်လေးကို စောင့်ရှောက်နေရတဲ့ ဆယ်ကျော်သက်ကောင်လေး လူးကပ်စ်...ညီလေးကိုကာကွယ်ရင်း လူတစ်ယောက်သေသွားရာမှာ လူးကပ်စ်ကို အပြစ်ရှိတယ်ဆိုပြီး သေဒဏ်ချလိုက်ကြတယ်။ အဲဒီအချိန်မှာမှ သူတို့အမေရဲ့အဒေါ်ဖြစ်သူက လာတွေ့သလို နှစ်အတော်ကြာ ပျောက်နေတဲ့ အဘိုးရာဇဝင်လူဆိုးကြီး ဟာလန်ရက်စ်ကပါ သူ့ကိုလာကယ်ထုတ်သွားတယ်။ နှစ်ယောက်လုံးက အကျော်အမော်တွေဆိုတော့ မာရှယ်တွေက လိုက်နေတဲ့အပြင် ဆုကြေးထုတ်ထားလို့ ဆုကြေးမုဆိုးတွေကပါ အသည်းအသန်လိုက်ရှာနေကြတာပေါ့။ ကာယကံရှင်နှစ်ဦးသားကတော့ ပြေးရင်းလွှားရင်းနဲ့ပဲ အတိတ်က ဖြစ်ရပ်တွေ အမှတ်တရတွေကို ပြန်လည်ရှာဖွေရင်း‌ နောက်ဆုံးမှာ မြေးအဘိုးသံယောစဉ်ကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

မိန်းမလိုချင်တဲ့သားအဖနှစ်ယောက်ကြားက ဖြစ်ပေါ်လာတဲ့အလွဲများနဲ့ဖြေရှင်းပုံနည်းလမ်းအမှားတွေကို တင်ဆက်ပေးထားတဲ့ အချစ်ဟာသဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ ရာမာနာက ဇနီးဖြစ်သူ သေဆုံးသွားပြီးကထဲက သားဖြစ်သူ ကာရှာနာကို တစ်ဦးထဲပြုစုပျိုးထောင်ပေးခဲ့တာပါ။ သားဖြစ်သူအရွယ်ရောက်လာတော့ မိန်းမပေးစားဖို့ လိုက်ပြီးတောင်းရမ်းပေးပေမဲ့ သားအဖနှစ်ဦးထဲ ဖြစ်သလိုနေနေတဲ့ အိမ်ကို ဘယ်သမီးရှင်ကမှ သူတို့သမီးကို ထည့်မပေးလိုကြပါဘူး။ မိသားစုတစ်ခု ရရှိလာဖို့အချစ်ကိုရှာကြတဲ့အချိန်မှာ မထင်မှတ်ဘဲ သားအဖနှစ်ယောက်စလုံးက ချစ်သူကိုယ်စီ ရှာဖွေတွေ့ရှိသွားပါတယ်။ သူတို့ရှာတွေ့သွားတဲ့ချစ်သူတွေကြားက ပြဿနာတွေက ဘာတွေဖြစ်မလဲ။ ဒီပြဿနာတွေကို သားအဖနှစ်ယောက်ပေါင်းပြီး ဘယ်လို‌ဖြေရှင်းကြမလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့ အိန္ဒိယတီလဂူစကားပြော ဇာတ်ကားကောင်း‌လေး တစ်ကားပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Phyu Sin Pwint ဖြစ်ပါတယ်

Winnie the Pooh တို့ Cinderella တို့လည်း လူသတ်နေကြပြီဆိုတော့ အခုအလှည့်ကျတာက Mickey Mouse ဖြစ်ပါတယ်။ ၁၉၂၈ ခုနှစ်ကထွက်ရှိခဲ့တဲ့ Steamboat Willie ဆိုတဲ့အထဲက Mickey Mouse က လူသတ်မှာပါ။ Terrifier franchise နဲ့ Production company တူပြီး အဲထဲက Art the Clown အဖြစ် သရုပ်ဆောင်သူ David Howard Thornton ကပဲ မစ်ကီမောက်စ်အဖြစ် ပါဝင်ထားပါတယ်။ ဇာတ်လမ်းကိုတော့ နယူးယောက်မြို့ရဲ့ ဖယ်ရီသင်္ဘောတစ်စီးအပေါ်မှာ အခြေတည်ထားတယ်။ သင်္ဘောကစထွက်လာတာဖြင့် မကြာသေး၊ လူသတ်မှုတွေက စဖြစ်ပါတော့တယ်။ သင်္ဘောပေါ်ကိုပဲ အကြမ်းဖက်သမား ပါလာတာလား၊ စိတ္တဇလူသတ်သမားလား၊ မေးခွန်းပေါင်းများစွာကို လူတွေ မဖြေနိုင်ခင်မှာပဲ မစ်ကီမောက်စ်က တစ်ယောက်ပြီး တစ်ယောက်ကို ရှယ်ဖြုတ်ပါတော့တယ်။ မစ်ကီမောက်စ် ဒီလိုမျိုး ပြောင်းလဲသွားရတဲ့ အကြောင်းရင်းရှိလား... သင်္ဘောတစ်စီးလုံးမှာ ဘယ်နှယောက်ပဲ ရှင်ကျန်ရစ်မလဲဆိုတာကို ကြည့်ရှုလိုက်ကြပါဦး။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။

ဒီတစ်ခေါက် တင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Last Hero in China (1993) ဆိုတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဒီဇာတ်ကားကို ဒါရိုက်တာ Wong Jing မှ ရိုက်ကူးထားပြီး အဓိက သရုပ်ဆောင်အဖြစ် နာမည်ကြီးမင်းသားဂျက်လီမှ ပါဝင် သရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်း Last Hero in China သည် ထင်ရှားသော တရုတ်ဗိုလ်ချုပ်ကြီး ဝမ်ဖေးဟုန် (Wong Fei-hung) ၏ ဘဝဇာတ်လမ်းတစိတ်တပိုင်းကို ဟာသနဲ့ အက်ရှင်ရောစပ်ရိုက်ကူးထားသောဇာတ်ကား ဖြစ်ပါတယ်။ ဝမ်ဖေးဟုန်ဟာ အကျင့်ကောင်းမွန်ကာ ကိုယ်ခံပညာကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး တရားမျှတမှုကိုအမြဲမြတ်နိုးသူဖြစ်ပါတယ်။ သူဟာ လူငယ်များအတွက် ကွန်ဖူးသင်တန်းကျောင်း တစ်ခုဖွင့်လှစ်ထားပြီး လူငယ်များကို ကိုယ်ခံပညာနှင့် ကိုယ်ကျင့်တရားကောင်းမွန်ရန် သင်ကြားပေးခဲ့ပါတယ်။ သူ့ရဲ့ လုပ်ရပ်ဟာ သာမန်ပြည်သူများအတွက်တော့ လေးစားစရာဖြစ်နေခဲ့ပေမယ့် တချို့အဖွဲ့အစည်းတွေအတွက်တော့ သူက အန္တရာယ်တစ်ခုဖြစ်နေခဲ့ပါတယ်။ တစ်နေ့မှာတော့ ဝမ်ဖေးဟုန်နဲ့သူ့ကျောင်းသားများဟာ ဘုန်းကြီးကျောင်းတစ်ခုအနီးကို သင်တန်းပြောင်းရွှေ့ဖွင့်လှစ်ရန် အကြောင်းဖန်လာခဲ့ပါတော့တယ်။ ထိုဘုန်းကြီးကျောင်းဟာ တကယ်တမ်းမှာ လူကုန်ကူးမှုနဲ့ မကောင်းမှုများ ပြုလုပ်နေတဲ့ လျှို့ဝှက်အဖွဲ့တစ်ခုအတွက် ပုန်းကွယ်ရာနေရာဖြစ်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့ ဝမ်ဖေးဟုန်ဟာ ထိုအဖွဲ့အစည်းရဲ့ အမှန်တရားကိုဖော်ထုတ်ရန်ကြိုးစားခဲ့ပြီး လူတွေအတွက် တရားမျှတမှုကို ပြန်လည်ရယူဖို့ ကြိုးပမ်းကာ အင်အားကြီးမားသော ဒုစရိုက်အဖွဲ့အစည်းကို ရင်ဆိုင်တိုက်ခိုက်ခဲ့ပါတော့တယ်။နောက်ဆုံးမှာတော့ သူ့ဟာ ထိုအဖွဲ့အစည်းကို ဖော်ထုတ်နိူင်ခဲ့မလား ထိုအဖွဲ့အစည်းရဲ့ နောက်ကွယ်ကကြိုးကိုင်သူတွေက ဘယ်သူတွေဖြစ်နေမလဲဆိုတာကို ကြည့်ရှု့ပေးပါဦးနော်။ အညွှန်းနဲ့ ဘာသာပြန်သူကတော့ NayChii ဖြစ်ပါတယ်။

Last Hero in China (1993) Blu-ray 1080p
Last Hero in China (1993) Blu-ray 1080p

Wednesday မင်းသမီး Jenna Ortega နဲ့ Ant-man မင်းသား Paul Rudd တို့ပါဝင်ထားတဲ့ IMDb- 6.3 ရ Horror/ Comedy ရုပ်ရှင်ကားသစ်ကို တင်ဆက်ပေးချင်ပါတယ်။ အယ်လီယက်နဲ့ သူ့သမီး ရစ်ဒလီတို့ ပိတ်ရက်တစ်ခုမှာ အလုပ်ကိစ္စနဲ့ ခရီးထွက်လာရင်း ကားမောင်းလာတဲ့ အယ်လီယက်က ယူနီကွန်းပေါက်စလေးကို ကားနဲ့တိုက်မိပါတော့တယ်။ ယူနီကွန်းလေးက ဒဏ်ရာရလို့ လဲကျနေတာကို ရစ်ဒလီက ယူနီကွန်းဦးချိုကို ကိုင်မိလိုက်ပြီးနောက် ယူနီကွန်းတွေနဲ့သူမအကြား ချိတ်ဆက်မှုတစ်ခု ဖြစ်လာပါတယ်။ အယ်လီယက်ကလည်း သူ့သမီး ဦးချိုကြီးကို ကိုင်ရင်း တဆတ်ဆတ်ဖြစ်နေတော့ လန့်ဖျန့်ပြီး တာယာလဲတဲ့ သံချောင်းနဲ့ ယူနီကွန်းပေါက်စကို ရိုက်ထည့်လိုက်တာ သူ့သမီးရော သူ့ကိုရော သွေးတွေစင်ကုန်ပါပြီ။ အယ်လီယက်လည်း အဲ့အကောင်ကို သေပြီထင်ပြီး ကားပေါ်တင်၊ သူ့အလုပ်ရှင်ရှိရာ အိုဒယ်လ်ဆီကိုပဲ ရောက်အောင် ဆက်လာလိုက်တယ်။ သူ့အလုပ်ရှင်ဆီရောက်မှ သိလိုက်ရတာက ယူနီကွန်းပေါက်က မသေသေးဘဲ ကားပေါ်မှာ ရုန်းရင်းဆန်ခတ်တွေ ဖြစ်လာတော့ အလုပ်ရှင်ဘီလျံနာရဲ့ တပည့်တပန်းတွေက ဝိုင်းဝန်းပြီး ဇီဝိန်ချုပ်ပေးလိုက်တာပေါ့။ အဲ့လိုသေပြီးသွားမှ သူတို့သတိပြုမိလိုက်တာက ရစ်ဒလီရဲ့ ပါးပေါ်က ဝက်ခြံတွေ ယူပစ်သလို ပျောက်ကင်းသွားရုံမကလို့ အယ်လီယက်က အမြင်အာရုံတွေ ကြည်လင်ပြီး ဝတ်မှုန်နဲ့မတည့်တဲ့ သူ့အလက်ဂျီတွေပါ သက်သာပျောက်ကင်းသွားတာပဲ။ အဲ့အကြောင်း ဘီလျံနာကြီးကို ပြောလိုက်တော့ ဟိုက ကင်ဆာကိုမှ သေတော့မယ့်လူဆိုတော့ ငါ့ကိုစမ်းကွာ ဆိုပြီး ယူနီကွန်းသွေးတွေ သူ့ကိုယ်ထဲ ထည့်လိုက်တော့ ကင်ဆာရောဂါပါ အရှင်းပျောက်ပြီး ဘိုးတော်က လန်းဆန်းကျန်းမာ အားအင်ဝဖြိုး အလှတိုးလာတော့ ဒီယူနီကွန်းနဲ့ ကမ္ဘာပေါ်မှာ ရှိရှိသမျှ ရောဂါပျောက်ဆေး အကုန်ထုတ်မယ်ဆိုပြီး ကျုံးဝါးခါမှ ယူနီကွန်းမေမေကြီးက သူတို့အိမ်နားကို ချဉ်းကပ်လာတဲ့အခါ....။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။

Death of a Unicorn (2025) Web-dl 1080p & 4K SDR
Death of a Unicorn (2025) Web-dl 1080p & 4K SDR

ယောကျာ်းသေပြီး ကလေးတစ်ယောက်နဲ့ မုဆိုးမဖြစ်သွားတဲ့ ဗိုင်အိုလက်ဆိုတဲ့ အမျိုးသမီးက နှစ်တွေအများကြီးကြာပြီးမှ App က တစ်ဆင်တွေ့တဲ့ သူ့ဒိတ်နဲ့ စားသောက်ဆိုင်မှာချိန်းပြီး ညစာစားပါတယ်။ ဒါပေမဲ့ အဲဒီ ပထမဆုံးဒိတ်ကနေ ရင်တုန်စရာ အန္တရာယ်တွေ ပေါ်လာပြီး သက်စွန့်ဆံဖျား စွန့်စားခန်းကြီး ဖြစ်သွားတာ စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဗိုင်အိုလက်နဲ့ ဒိတ်တဲ့ဟင်နရီက ရိုးသားအေးဆေးပြီး မြို့တော်ဝန်ရဲ့ ဓာတ်ပုံဆရာဖြစ်ပါတယ်။ သာသာယာယာဒိတ်မယ်ဆိုပြီး ချိန်းလိုက်ပေမယ့် ဗိုင်အိုလက်ဆိုင်ထဲရောက်လာတည်းက သူ့ဖုန်းထဲကို Airdrop ကနေ ပုံမှန်မဟုတ်တဲ့ စာတွေဝင်လာပြီး ခြိမ်းခြောက်နေပါတယ်။ အိမ်မှာကျန်ခဲ့တဲ့သားလေးရဲ့ အသက်နဲ့ပါ ခြိမ်းခြောက်လာတာမို့ ဒိတ်ပေါ်အာရုံမရောက်တော့ဘဲ ဆိုင်ထဲက ဘယ်သူ့လက်ချက်လဲဆိုတာ ဖော်ထုတ်ဖို့ ကြိုးစားရင်း ပိုကြီးမားတဲ့အမှုတွဲထဲ ပါသွားတဲ့အဖြစ်ကို ရှုစားရမှာပါ။ ဒီဇာတ်ကားကိုအညွန်းနဲ့ဘာသာပြန်ပေးသူကတော့ Shune Lai KK ဖြစ်ပါတယ်

Drop (2025) Web-dl 1080p & 4K SDR
Drop (2025) Web-dl 1080p & 4K SDR

မင်းသား Tom Hardy ရဲ့ အမိုက်စားအက်ရှင်ဇာတ်ကားသစ် ဖြစ်ပါတယ်။ ‘ပက်ထရစ်’ဆိုသူက နိုင်ငံရေးသမား အကောင်ကြီးကြီးတစ်ကောင်ရဲ့ အရှုပ်ထုတ်မှန်သမျှကို လိုက်ရှင်းပေးရတဲ့ အကျင့်ပျက်ရဲတစ်ယောက် ဖြစ်တယ်။ တစ်ရက်ကျ အဲ့ဘိုးတော်ရဲ့ သား ‘ချာလီ’က တရုတ်ဂိုဏ်းတစ်ဂိုဏ်းနဲ့ သွားပတ်သက်မိတယ်ပေါ့။ ဖြစ်ချင်တော့ သူ သွားလိုက်တဲ့နေ့မှာပဲ အဲ့မှာရှိတဲ့လူအားလုံးက အသတ်ခံလိုက်ရတယ်။ ပက်ထရစ်အပါအဝင် ရဲတွေရောက်လာကြတော့ စီစီတီဗွီမှာ ဘိုးတော်ရဲ့ သားပုံက အပြူးသားပါလာတယ်။ ဒီတော့ ဘိုးတော်က သူ့သားကိုကယ်ထုတ်ပေးဖို့ ပက်ထရစ်ကို တာဝန်ပေးတော့တာပေါ့။ တစ်ဖက်က တရုတ်ဂိုဏ်းမှာ အသတ်ခံလိုက်ရတာကကျ ဂိုဏ်းခေါင်းဆောင်ဘွားတော်ရဲ့ သားငယ်ဆိုတော့ ဘွားတော်ကရေလည်တင်းပြီး သတ်သွားတဲ့ကောင်ကို သူကိုယ်တိုင်သမမယ်၊ အကောင်ကြီးတာတွေ အမြီးရှည်တာတွေ ဂရုမစိုက်ဘူးဆိုပြီး ကမ္ဘာရဲ့တစ်ဖက်ခြမ်းထိ ရောက်အောင်လာတော့တာပဲ။ အဲ့ဘွားတော်ရဲ့ ဂိုဏ်းကလည်း ပက်ထရစ်လို အကျင့်ပျက်ရဲတွေကို ခါးကြားထိုးထားတာ။ ဒီတော့ ပက်ထရစ်တစ်ယောက် ချာလီကို အကျင့်ပျက်ရဲတွေရဲ့လက်ထဲကရော၊ ဂိုဏ်းတွေရဲ့ တိုက်ပွဲကြားထဲကရော ကယ်တင်ပေးနိုင်ပါ့မလား။ အညွှန်းနဲ့ ဘာသာပြန်ကတော့ LYKZ ဖြစ်ပါတယ်။ မန်ဘာဝင်ရန် 👇👇 https://t.me/msubmovieagent/4314

Havoc (2025) Web-dl 1080p & 4K SDR
Havoc (2025) Web-dl 1080p & 4K SDR