uz
Feedback
V Tech Guide

V Tech Guide

Kanalga Telegram’da o‘tish
6 472
Obunachilar
-1224 soatlar
-477 kunlar
-19030 kunlar
Postlar arxiv
ကိုယ့်ကိုယ်ကို ပေးတဲ့ကတိတွေကို တည်ပြီးတော့ ပြီးဆုံးအောင်လုပ်ရင် ယုံကြည်မှုကို တည်ဆောက်ပြီးသားဖြစ်စေတယ် ကိုယ့်ကိုယ်ကို ပေးတဲ့ကတိတွေမတည်ပဲ မပြီးပြတ်ပဲ ပြစ်ထားတာတွေက ယုံမှားသံသယကို တည်ဆောက်ပြီးသားဖြစ်စေတယ် ကိုယ်ဘာတည်ထောင်ချင်လဲ ဘာကိုတည်ဆောက်ချင်လဲ ကိုယ်တိုင်ရွေးခွင့်ရှိတယ်

ပိုက်ဆံမရလဲ တချို အလုပ်တွေကို ကိုယ့်အိတ်စိုက်ပြီးလုပ်တယ် ဘာပြန်ရလဲလိုမေးရင် ငွေပေးပြီး ဝယ်ချင်ရင်တောင်ဝယ်လိုမရတဲ့ Experience တွေရတယ် လိုပြောရမယ်

ကမ္ဘာအတော်ဆုံးတွေဘာတွေ ထားလိုက်ဦး မိသားစုနဲ့ အမျိုးတွေထဲမှာ ကိစ္စကြီးငယ်ရှိရင် အားကိုးလိုရတဲ့သူဖြစ်ပြီလား အရင်စစ်ဆေးကြည့် အကူပေးနိုင်သူမဟုတ်ပဲ အကူအညီယူနေရသေးရင် ပိုကြိုးစားဖိုလိုသေးတယ် 💪🏻

အရှုပ်တွေရှင်းနိုင်တာလဲ skill ပဲ မကောင်းတာတွေ စွန့်နိုင်တာလဲ skill ပဲ မကောင်းတဲ့သူတွေကို ရှင်းနိုင်တာလဲ skill ပဲ အကျင့်ဆိုးတွေ ရှင်းနိုင်တာလဲ skill ပဲ အဲ့ skill တွေကျွမ်းကျင်သွားရင် ဘဝက ကောင်းတာတွေဝင်လာဖို့ နေရာလွတ်တွေရလာတယ် အကျင့်ကောင်းတွေယူလာဖို့ဆို နေရာလွတ်ကအရင်ရှိနေမှရမှာကိုးဗျ

သင့်မှာ အိပ်စရာနေရာရယ် ၊ ဝတ်စရာအဝတ်တွေရယ် ၊ နောက်နေ့အတွက် စားစရာတွေလည်း ရှိနေသေးရင် ၊ " သင်က ကမ္ဘာပေါ်မှာရှိတဲ့ လူဦးရေ ၇၅% ထက် ချမ်းသာ နေပါသေးတယ် " သင့် ပိုက်ဆံအိတ်ထဲမှာ ပိုက်ဆံလည်း ရှိပြီးတော့ ကိုယ်သွားချင်တဲ့ နေရာကို သွားလို့ ရနေသေးတယ်ဆိုရင် ၊ " သင်က ကမ္ဘာ့လူဦးရေထဲက ၁၈% သော ကြွယ်ဝတဲ့ လူတွေ စာရင်းထဲမှာ ပါနေပါပြီ " သင်က ဒီနေ့ အသက်ရှင်နေတယ်၊ ကျန်းမာနေတယ် ဆိုရင် ၊ " မကျန်းမာကြလို့ ဒီအပတ်ထဲမှာ သေဆုံးကြတော့မယ့် လူသန်းပေါင်းများစွာထက် အများကြီး ကံကောင်းနေပါသေးတယ် " ကျွန်တော် အခုရေးနေတဲ့စာကို သင်ဖတ်နိုင် နေသေးတယ်ဆိုရင် ၊ " မျက်စိ မမြင်ရလို့ ဒီစာကို မဖတ်နိုင်ကြတဲ့ သူတွေနဲ့ စာသင်ကြားခွင့် မရကြလို့ စာမဖတ်တတ်ကြတဲ့ လူသားပေါင်း သန်း(၃၀၀၀) ထက် သင်အများကြီး ကံကောင်း နေပါသေးတယ် " " ဘဝဆိုတာ ကိုယ့်မှာမရှိတဲ့ အရာတွေကို Complain တက်ပြီး စိတ်ပျက်ဝမ်းနည်း နေဖို့မဟုတ်ဘူး။" " ကိုယ့်မှာရှိနေတာကို တန်ဖိုးထားပြီး နေ့ရက်တိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ဖြတ်သန်းတာကိုမှ ဘဝလို့ခေါ်တာပါ"

မိဘတွေရှိနေတုန်း ပေးခွင့်ရတဲ့ သားသမီးဖြစ်ရတာသိပ်ကိုကံကောင်းပါတယ် 🫰🏻 မရှိတော့မှ လှူပေးနေရတာထက်စာရင် ရှိတုန်း ပေးခွင့်ရတာပိုကောင်းတယ် ဝန်ထုပ်လိုမြင်တဲ့သူက ဝန်ပိတယ် ကောင်းချီးလို မြင်တဲ့သူက ကောင်းချီးရတယ် 😇🙏🏻

ဇောက်ချပြီးလုပ်ပါ..📌 ကိုယ့်ရဲ့ လက်ရှိဘဝကို တကယ်ပြောင်းလဲချင်ရင် တိုးတက်ချင်ရင် ကိုယ်ဖြစ်ချင်တဲ့ အရာတစ်ခုကို ဇောက်ချပြီး (6)လတိတိ လုပ်ကြည့်ပါ။ Consistent ဇွဲရှိရှိနဲ့ ပုံမှန်ကြိုးစားရင် ဘယ်အရာမဆို အောင်မြင်နိင်ပါတယ် ။ (6)လမတိုင်ခင် လက်လျော့လိုက်ရင် တကယ်မလိုချင်သေးလို မဖြစ်မြောက်ချင်သေးလိုပါ။ 💎

ကျနော့် lifestyle လား? Aim High - မြင့်မြင့်ကြံ Stay low - ကုတ်ကုတ်နေ Keep it slow - ဖြေးဖြေးမှန်မှန်သွား ဒီ ၃ ချက်ပါပဲ။ ရည်မှန်းချက်ကြီးလိုရတယ် လူတိုင်းကိုပေးသိဖိုမလိုဘူး လူတွေကို ကူညီပေးလိုရတယ် အဲ့ဒါအတွက်နာမည်ကြီးဖိုမလိုဘူး လိုချင်တာကို ရအောင်ယူလိုရတယ် အမြန်ရဖိုမလိုဘူး 😇 Just constantly simple and slow

အပြောကောင်းတဲ့လူတွေ အနားမှာထားရင် စိတ်ချမ်းသာတယ် အကောင်းပြောတဲ့လူတွေ အနားမှာထားရင်တော့ စိတ်ရောလူရောချမ်းသာတယ် မမှန်တာကိုထောက်ပြနိုင်မှ မိတ်ဆွေကောင်းလိုဆိုနိုင်တယ်

၁. ရည်မှန်းချက်ကြီး ၂. မျှော်လင့်ချက်နဲ ၃. စိတ်ဓာတ်အဆင့်အတန်းကိုမြှင့် ၄. ဖြေးဖြေးမှန်မှန်လုပ် ဒီလေးခုပေါင်းထားတဲ့လူတွေက Powerful ဖြစ်တဲ့လူတွေပဲဗျ ⚡️

ထီပေါက်ဖိုထိုင်ဆုတောင်းတာထက် ထီပေါက်ထားတဲ့သူလို ဘဝကိုနေထိုင်နိုင်အောင် စနစ်တကျတည်ဆောက်ဖိုပဲ ကြိုးစားလိုက်တယ် အဲ့ဒါထီပေါက်မှာထက်ပိုသေချာတယ် အလုပ်လုပ်တာ ပိုက်ဆံရဖို မှန်ပေမယ့် ပိုက်ဆံက ဘယ်တုန်းကမှ ဘဝရဲ့ Main Goal မဟုတ်ခဲ့ဘူး ပိုက်ဆံရှာတာက ချစ်တဲ့သူတွေနဲ့ ကြိုက်တဲ့အချိန် ကြိုက်တဲ့နေရာမှာ ကြိုက်သလိုနေထိုင်ရှင်သန်နိုင်ဖိုပဲ 🫰🏻 Life is short ! Live with intention !

လူတွေကအခြေအနေတွေကို အပြစ်တင်ရတာသဘောကြကြတယ် တကယ်တော့ အဆင်မပြေတာတွေကြုံရလို့ အောက်ခြေကနေ အကုန်လုပ်ရတဲ့သူဟာ နောက်တစ်ချိန်မှာ အလွယ်ရသူတွေထက် ပိုတော် ပိုတတ်တာကိုတွေ့ရတယ် ဒါကိုမြန်မာလို အောက်သက်ကျေတယ်လို့ခေါ်တယ် ဘော်ကျော့ဘဝကို ဖြတ်သန်းသူတွေ မရနိုင်တဲ့အရာတစ်ခုပေါ့ 🤘🏻

ဘယ်သူအရင်သိလဲ အရေးမကြီးဘူး သိတာကို ဘယ်လောက်အကျိူးရှိရှိ ဘယ်နေရာတွေမှာ ဘယ်လိုမျိုး အသုံးချသလဲအရေးကြီးတယ်

မေး - ကျနော် တစ်ခုခုကိုသင်နေရင်းနဲ့ နောက်တစ်ခုကိုသင်ချင်စိတ်ဖြစ်လာတယ် ပြီးရင် တစ်ခုမှ ပြီးအောင်မသင်ဖြစ်ဘူး ဘယ်လိုလုပ်ရမလဲ ? ဖြေ - သိုင်းသမားတွေသိုင်း သိုင်းကျင့်ရင့်ဘယ်လိုကျင့်လဲ ? မေး - ဂူအောင်းပြီး သိုင်းကျင့်တာကို ပြောချင်တာလား ? ဖြေ - အေးဟုတ်တယ် ဂူအောင်းပြီးသိုင်းကျင့်ရင် သူများဘာလုပ်နေလဲမသိရတော့ စိတ်မပြောင်းတော့ဘူးပေါ့ မေး - ဒါဆိုကျနော်လဲ ဂူအောင်းရမယ် ဖြေ - အေးကောင်းတယ် ဂူအောင်း ဂူတော့ ခဏခဏမရွှေ့နဲ့ ဂူရွှေ့ရင် လမ်းမှာ သူများဘာလုပ်လဲ သွားကြည့်နေမိမယ်

ကံကောင်းတဲ့သူဟုတ်မဟုတ်ဆိုတာ ကိုယ့်ကိုယ်ကိုပြောနေတဲ့ စကားတွေနဲ့လဲ အများကြီးဆိုင်တယ် မယုံရင် တစ်နေကုန် စိတ်ထဲကနေ "ငါဒီနေ့ကံမကောင်းဘူး" လို အကြိမ်များစွာရွတ်ပြီးနေကြည့် အဆင်မပြေတာတွေ အရင်ထက် ပိုပြီး သတိပြုမိလာလိမ့်မယ် "ငါဒီနေ့တယ်ကံကောင်းနေပါလား" လို တစ်နေကုန် ကြိမ်ဖန်များစွာရွတ်ကြည့် အခွင့်အလမ်းနဲ့ ကောင်းတာတွေကို ပိုသတိထားမိလာလိမ့်မယ် စိတ်ကိုက အဆင်မပြေရင်တော့ ကံကောင်းလာနိုင်ဖွယ်ရာမရှိ ကံဆိုတာအလုပ်လိုသတ်မှတ်ရင် ကံကောင်းစေတဲ့ စိတ်ရဲ့အလုပ်က ကောင်းတာတွေတွေးဖိုပဲ ( ကယ်သူမဲ့ ဘူကောင်တွေများ ဒါဖတ်မိရင် ဘာတွေလျောက်ပြောနေတာလဲတွေးပြီးဘူနေဦးမှာ )

ဘယ်နေရာရောက်ရောက် စီးပွားရှာမယ်ဆိုရင် ၁. မိတ်ဆွေကောင်းရှိဖိုလိုတယ် ၂. အစွမ်းအစ ရှိဖိုလိုတယ် ၃. ဈေးကွက်နားလည်ဖိုလိုတယ် ၄. ဖြောင့်မှန်စွာလုပ်ကိုင်ဖိုလိုတယ် မိတ်ကောင်းဆွေကောင်းတွေက အကြံဉာဏ်ရော အကူအညီရော အဆက်အသွယ်ရောပေးလိမ့်မယ် ကျွမ်းကျင်တတ်မြောက်တဲ့ အစွမ်းအစက ယုံကြည်မှုရစေတယ် ငွေဝင်စေတယ် ဈေးကွက်မှာ ဘာတွေကိုလူတွေက လိုအပ်ပြီ ဘာတွေအတွက် ပိုက်ဆံသုံးဖို အသင့်ဖြစ်နေတယ်ဆိုတာသိရင် ငွေရှာရတာလွယ်တယ် ဖြောင့်မှန်စွာလုပ်ကိုင်ခြင်းက ဂုဏ်သတင်းမွှေးပြီး ကိုယ့်အစား ကိုယ့် product or service ကို ကြေညာပေးတဲ့သူများစေတယ် 🫰🏻

Introvert တွေရဲ့ မိတ်ဆွေကောင်းက လျှာရှည်တဲ့ သူတွေပဲ သူတိုကိုမေးခွန်းမေးပြီး ကိုယ်ကထိုင်နားထောင်နေလိုက်ရုံပဲ 🤪 သူတိုပြောလိုမောတာလေးကြည့်ပြီး ကိုယ်ကရေသောက် မေးခွန်းမေး 🤪 သူလဲပြောရလိုစိတ်ချမ်းသာ ကိုယ်လဲမပြောရလိုစိတ်ချမ်းသာ ဘယ်လောက်ကောင်းသလဲ

ဘယ်နေရာရောက်ရောက် စီးပွားရှာမယ်ဆိုရင် ၁. မိတ်ဆွေကောင်းရှိဖိုလိုတယ် ၂. အစွမ်းအစ ရှိဖိုလိုတယ် ၃. ဈေးကွက်နားလည်ဖိုလိုတယ် ၄. ဖြောင့်မှန်စွာလုပ်ကိုင်ဖိုလိုတယ် မိတ်ကောင်းဆွေကောင်းတွေက အကြံဉာဏ်ရော အကူအညီရော အဆက်အသွယ်ရောပေးလိမ့်မယ် ကျွမ်းကျင်တတ်မြောက်တဲ့ အစွမ်းအစက ယုံကြည်မှုရစေတယ် ငွေဝင်စေတယ် ဈေးကွက်မှာ ဘာတွေကိုလူတွေက လိုအပ်ပြီ ဘာတွေအတွက် ပိုက်ဆံသုံးဖို အသင့်ဖြစ်နေတယ်ဆိုတာသိရင် ငွေရှာရတာလွယ်တယ် ဖြောင့်မှန်စွာလုပ်ကိုင်ခြင်းက ဂုဏ်သတင်းမွှေးပြီး ကိုယ့်အစား ကိုယ့် product or service ကို ကြေညာပေးတဲ့သူများစေတယ် 🫰🏻

ငယ်တုန်းတော့ - အာရုံစိုက်ခံရဖို - ပိုက်ဆံရှိဖို - ကျော်ကြားဖို - ပျော်မယ်ထင်တာတွေလုပ်ဖို စိတ်ထဲရှိခဲ့ပေမယ့် ကြီးလာတာနဲ့အမျှ တကယ်လိုချင်တာက - privacy - freedom - ကိုယ့်ကိုယ်ကိုယုံကြည်မှု - ငြိမ်ချမ်းမှု ဆိုတာပိုနားလည်လာတယ်

အရင်လို ပုံစံနဲ့လုပ်နေရင် အရင်လို ပုံစံ result ရမယ်ထင်ရပေမယ့် ကမ္ဘာကြီးက အရင်လိုမဟုတ်တော့တာမို အရင်လို style တွေ အရင်လို speed က အလုပ် မဖြစ်နိုင်တော့ဘူး မြန်မြန်သင်ယူ မြန်မြန်အသုံးချ မြန်မြန်စမ်းသပ်ပြီး မြန်မြန်အကောင်အထည်ပေါ်ဖိုလိုတယ် Accelerate your learning process