cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

YN - 2 {2024 Update အသစ်များ}

Share https://t.me/YNMOVIETWO

Ko'proq ko'rsatish
Reklama postlari
35 971
Obunachilar
+1224 soatlar
+1007 kunlar
+41930 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

ဒီအင်ဒိုနီးရှားအချစ်ကားက ၁၉၉၅မှာ ဆန္ဒပြပွဲတွေဖြစ်တဲ့အချိန်မှာ ဇာတ်အိမ်တည်ထားတယ်။ အထက်တန်းကျောင်းသူလေးနဲ့ တက္ကသိုလ်ကျောင်းသား ငပေငရေကောင်လေးနဲ့ရဲ့ အချစ်ဇာတ်လမ်းကို ခေတ်ဟောင်းစတိုင်လေးနဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်ကြည့်ရမယ့် ရုပ်ရှင်ဆိုလည်း မမှားဘူး။  ဘတ်ဆဲလ်လားစာအုပ်ကို ပြန်ရိုက်ထားတယ်။ ကောင်လေးက မော်တော်ဆိုင်ကယ်ဂိုဏ်းခေါ် လမ်းသရဲဂိုဏ်းက အဖွဲ့ဟောင်း။ ကောင်မလေးက စာကြမ်းပိုးမလေး။ ကောင်မလေးအစ်ကိုနဲ့ ကောင်လေးက ရင်းနှီးတော့ ကောင်မလေးအိမ်ကို လာရာကနေ ကောင်လေးက ကောင်မလေးကို ကြိုက်သွားတယ်။ ကောင်လေးက ဆိုးတဲ့မိုက်တဲ့နေရာမှာ နာမည်ကျော်သလို ရုပ်ချောချမ်းသာတော့ တစ်မြို့လုံးက ကောင်မလေးတွေကြား နာမည်ကြီးတာမို့ သူ့ရည်းစားဟောင်းကို သူမမေ့သေးတဲ့အကြောင်း တစ်မြို့လုံးကသိတယ်။ ကောင်မလေးကလည်း သိတယ်။ ဒီတော့ လိမ္မာတဲ့ကောင်မလေးက ဆိုးတဲ့ကောင်လေးကို ပြန်မကြိုက်ဘူး။ သူ့ကိုရန်စလာတဲ့ကောင်လေးတွေကိုပါ ကောင်လေးက တီးတီးပစ်တော့ မိုက်တဲ့ကောင်လေးကို လိမ္မာတဲ့ကောင်မလေးက နားလည်မှုထပ်လွဲပြီး ပြန်မကြိုက်ဘူး။ ပြန်မကြိုက်ဘူးတွေထပ်နေပေမဲ့  ဣတ္ထိဝင်္ကံ နဒီဝင်္ကံဆိုတဲ့အတိုင်း အသိရခက်တဲ့ မိန်းမတို့သဘောအတိုင်း မကြိုက်ဘူးက ကြိုက်တယ်ဖြစ်နေတာကို  ကြည်ကြည်နူးနူးလေး ကြည့်ရမယ့်ရုပ်ရှင်ပါပဲ။ အိုဗာတွေလည်းမပါသလို ဇာတ်ကလည်း ဘတ်ဆဲလ်လားဝတ္တုဆိုတော့ ကြည့်ကောင်းရှု့ကောင်းတဲ့ ဇာတ်လမ်းလေးပါပဲ
Hammasini ko'rsatish...
1
Photo unavailableShow in Telegram
Ancika (2024)   Genre - Drama/Romance
Hammasini ko'rsatish...
ဇာ‌တ်လမ်းအညွှန်းအနေနဲ့ : လင်ဟန်က စွန့်စားသူမိန်းကလေးတစ်ယောက်ဖြစ်ပြီး အဖေဖြစ်တဲ့သူက လွန်ခဲ့တဲ့နှစ်၂၀တည်းက စူးစမ်းလေ့လာရေးလုပ်ရင်း အိမ်မပြန်လာတော့လို့ မိဘမဲ့ဂေဟာမှာ ကြီးပြင်းလာခဲ့ရတဲ့သူပါ ။ သူအရွယ်‌ရောက်လာတော့လဲ သူ့အဖေရဲ့အမွေကိုဆက်ခဲခဲ့ပြီးတော့ စွန့်စားသူဆက်လုပ်ခဲ့ပါတယ် ။ သူ့အဖေချိုးခဲ့တဲ့ စံချိန်တွေကိုလည်းဆက်တိုက်ချိုးဖြတ်ခဲ့ပါတယ်။ ဒီလိုနဲ့ နာမည်ကြီးနေတဲ့ လင်ဟန်ကို ရှေးဟောင်းသုတေသနအဖွဲ့အစည်းက တွေ့သွားပြီးတော့ သူတို့နဲ့အတူ ဟွားရွှီးလူမျိုးစုတွေရဲ့ ပျောက်ဆုံးနေတဲ့ မြူအုပ်မြို့တော်ကို အတူရှာဖွေဖို့ ကမ်းလှမ်းလာချိန်မှာတော့.. စူးစမ်းရှာဖွေမှုမှာ ဘာတွေနဲ့ကြုံတွေ့လာမလဲ ? ဘယ်လိုအန္တာရာယ်တွေနဲ့ကြုံတွေ့လာမလဲဆိုတာကို စိတ်ဝင်စားစွာကြည့်ရှုပေးကြပါဦး
Hammasini ko'rsatish...
Photo unavailableShow in Telegram
Lost In Tomb (2024) Genre - Action/Adventure/Fantasy
Hammasini ko'rsatish...
ဇာတ်လမ်းအကျဉ်း မကောင်းသူပယ် ကောင်းသူကယ်ဆိုတဲ့ စိတ်ဓာတ်နဲ့ အာကာသယာဉ်ပိုင်းလော့ တစ်ဦးဖြစ်တဲ့ ဂျက်ခမ်မာဟာ နယ်မြေစူးစမ်းလေ့လာရေး ထွက်ရင်း စက်ချို့ယွင်းပြီး မီးလောင်ပျက်ကျတော့မယ် ယာဉ်ငယ်တစ်စင်းကို သူလက်ထောက်ယာဉ်မှူးဘဝမှာ ယာဉ်မှူးအမိန့်ကို ဖီဆန်ပြီး ကယ်ဆယ်ရင်း ပိုင်းလော့ ယာဉ်မှူးတစ်ယောက် ဖြစ်လာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ သူတို့နေတဲ့ဂြိုဟ်ပေါ်မှာ စက်ရုပ်လူသားတွေဟာ တဟုန်ထိုး နာမည်တွင်လာပြီး နေရာအသီးသီးမှာ နေရာယူနေတာဖြစ်ပါတယ်။ လူတွေကို လုံးဝအာဏာဖီဆန် ဆန့်ကျင်တာမျိုးမလုပ်ဘူးလို့ အာမခံပြီးတော့ပေါ့။ ဒါပေမဲ့ မိုင်းတွင်းလုပ်သားအနေနဲ့ အလုပ်လုပ်နေတဲ့ စက်ရုပ်လူသားတစ်ယောက်ဟာ မတော်တဆမှုတစ်ခုထဲမှာပါသွားပြီး သူ့ကိုထိန်းချုပ်ထားတဲ့ ချစ်ပ် ဆားကစ်လေး ပျက်သွားပြီး မူမမှန်တဲ့အပြူအမူတွေ လုပ်လာပါတော့တယ်။ ယာဉ်မှူးဖြစ်လာတဲ့အချိန်မှာ ဂျက်ခမ်မာဟာ သူကယ်ခဲ့တဲ့ အမျိုးသမီးက သူ့ကို သူတို့လုပ်နေတဲ့ မိုင်းတွင်းအောက်က တူးဖော်လေ့လာရေးအကြောင်းတွေကို ပြောပြပြီး ဂြိုဟ်သားတွေနဲ့ပတ်သက်တာ တစ်ခုခုတွေ့နိုင်တယ်လို့ တစ်ထစ်ချယုံကြည်နေပါတယ်။ ဆိုတော့ တကယ်ပဲဂြိုဟ်သားတွေနဲ့ ပတ်သက်တာလား စက်ရုပ်လူသားတွေရဲ့ စနက်လားဆိုတာကို စိတ်ဝင်တစားနဲ့ အပန်းဖြေကြည့်ရှူလေ့လာနိုင်မယ့် ဇာတ်ကားလေးပဲဖြစ်ပါတယ်ခင်ဗျား။
Hammasini ko'rsatish...
Photo unavailableShow in Telegram
Space Command Redemption 2024 Genre - Sci-Fi
Hammasini ko'rsatish...
မိုးနတ်မင်းကြီး ဘာလို့လူရိုးတွေပဲ အနိုင်ကျင့်ခံနေရတာလဲ” “ရိုးဖြောင့်တဲ့သူတွေအတွက် တရားမျှတမှု ဘယ်မှာလဲ” ဟုတ်ပါတယ်… ဒီဇာတ်လမ်းလေးရဲ့ အဓိက ဇာတ်လမ်းကျောရိုးက အဲ့စကားလေး ၂ ခွန်းပါပဲ…
Hammasini ko'rsatish...
Photo unavailableShow in Telegram
Walk The Line ( 2024 ) Genre - Crime/Comedy
Hammasini ko'rsatish...
ကြေးစား စနိုက်ပါ သမားတစ်ယောက်ရဲ့ ဘဝကို ရိုက်ကူးထားတဲ့ကားလေးပေါ့… အသက်ကိုလောင်းကစားလုပ်ပြီး ရှာနေတဲ့အလုပ်ထဲမှာ စနိုက်ပါအဖွဲ့လည်း ပါတာပေါ့… ဒီဇာတ်လမ်းထဲမှာ ရှောင်လုံဆိုတဲ့ စနိုက်ပါအဖွဲ့ခေါင်းဆောင်ဟာ ဓားစာခံတွေကို ကယ်တင်တဲ့မစ်ရှင်ကို ၈ ယောက်အုပ်စုနဲ့ဆောင်ရွက်ခဲ့တာပေါ့.. အဖွဲ့တိုင်းမှာ စုန်းပြူးပါသလို သူတို့အဖွဲ့မှာလည်း အားထိုက်ဆိုတဲ့ စုန်းပြူးပါတာပေါ့.. အုပ်စုလိုက်လှုပ်ရှားမှုမှာ အကြောင်းမပြန်ချင် အမိန့်မနာခံချင်ပဲ… ငါသိပ်တော်တာပါလို့ သက်သေပြချင်နေတဲ့သူတစ်ယောက်ပေါ့… ဓားစာခံကို ဘိန်းကျွေးပြီး မေးနေတာကို သိလိုက်ရချိန်မှာ ဓားစာခံကိုကယ်လည်း သေမှာပဲဆိုပြီး ရှောင်လုံရဲ့ အမိန့်ကို မျက်ကွယ်ပြုပြီး လှုပ်ရှားလိုက်တဲ့ အားထိုက်ကြောင့် သူတို့အဖွဲ့သားတစ်ယောက် သေဆုံးခဲ့ရတယ်… ဒီအပြင် နောက်မစ်ရှင်တစ်ခုလာတော့ အစတည်းက အလုပ်အပ်သူ ဘယ်သူမှန်းမသိလို့ ထူးဆန်းရတဲ့ထဲ တစ်ဖက်ရန်သူအင်အားလည်း အတော်လေး အတွေ့အကြုံရှိသူတွေပီပီ ယှဉ်ရခက်နေတာပေါ့… အပေါ်မှာ ပြောခဲ့ဖူးတဲ့ စုန်းပြူးကပါထဖောက်တဲ့အခါမှာတော့… တဖွဲ့လုံးဘယ်လိုတွေဖြစ်ကြမလဲ..စွန့်စားခန်းကိုရော အောင်မြင်နိုင်ပါတော့မလား အမည်မဖော်လိုတဲ့ အလုပ်အပ်နှံသူကရော ဘယ်သူဖြစ်မလဲ.. ဇာတ်လမ်းလေးထဲမှာအဖြေရှာကြည့်ကြရအောင်
Hammasini ko'rsatish...
Photo unavailableShow in Telegram
Tough Guy Sniper (2024) Genre - Action/Crime/Mystery
Hammasini ko'rsatish...
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.