cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

PSLF/TNLA News

This is PSLF/TNLA News Official Channel.

Ko'proq ko'rsatish
Reklama postlari
23 513
Obunachilar
+26824 soatlar
+2 9807 kunlar
+6 51130 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Battles Intensifying on Day 9 of 1027 Operation Part (2)  Ta'ang Land, 3rd July Battles intensified between TNLA and the Military Council in Naungcho Township, in TNLA’s Brigade (2) area. The Military Council fired (20) howitzer shells from Bang Bway Village onto its Missile Battalion-606. In addition, battles raged on between TNLA and the Military Council at 12:50 pm, in Nyaung Ni Village, Mongmit Township, in TNLA’s Brigade (3) area. Similarly, in Mongmit Township, at 8:10 pm, TNLA and PDF (Mogok Strategy) joint forces launched an offensive on the Military Council’s Shwe Tharyar Camp, resulting in intense fighting between both sides. #PSLF/TNLA #News & Information Department DISCLAIMER: The English Version of this News Summary serves as a translation of the original Burmese text for informational purposes only. In case of any discrepancies, the Burmese original shall prevail.
Hammasini ko'rsatish...
10🥰 2👏 1🖕 1
02:33
Video unavailableShow in Telegram
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၉)ရက်မြောက် တိုက်ပွဲဆက်လက်ပြင်းထန်စွာဖြစ်ပွားလျက်ရှိ တအာင်းပြည်၊ ဇူလိုင်(၃)ရက် တအာင်းပြည် တပ်မဟာ (၂)စစ်ဒေသ နောင်ချိုမြို့၌ တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်ဖြစ်ပွားပြီး စစ်ကောင်စီတပ်သည် ဘန့်ဘွေးရွာဒေသမှ ဒုံးတပ် (၆၀၆) တပ်စခန်းသို့ ဟောင်ဝိဇာ လက်နက်ကြီး (၂၀) လုံးအား ပစ်ခတ်ခဲ့သည်။ ထိုအပြင် တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့နယ်၌ နေ့လည် (၁၂း၅၀)နာရီအချိန်တွင် ညောင်နီရွာဒေသတွင် တအာင်းတပ်မတော် TNLA နှင့် စစ်ကောင်စီတို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားလျက်ရှိသည်။ အလားတူ မိုးမိတ်မြို့နယ်တွင် တအာင်းတပ်မတော် TNLA ၊ PDF - မိုးကုတ်ဗျူဟာ ပူးပေါင်းတပ်ဖွဲ့တို့ ည(၈း၁၀)နာရီအချိန်၌ စစ်ကောင်စီ၏ ရွှေသာယာတပ်စခန်းအား ထိုးစစ်ဆင်တိုက်ခိုက်ရာ နှစ်ဖက်တိုက်ပွဲပြင်းထန်ဖြစ်ပွားလျက်ရှိသည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Hammasini ko'rsatish...
199.03 MB
👏 98 35🏆 9🖕 7👌 4🔥 1🥰 1💩 1🥴 1
01:26
Video unavailableShow in Telegram
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လားရှိုးမြို့ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၆)ဦးလုံး ပွဲချင်းပြီးသေဆုံး #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Hammasini ko'rsatish...
35.29 MB
🤬 57😢 24🤣 21😁 10 1💩 1👌 1
😢 79🤣 10🤬 8 1🔥 1👏 1👌 1
စစ်ကောင်စီတပ် လက်နက်ကြီးပစ်ခတ်မှုကြောင့် လားရှိုးမြို့ရှိ နေအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး မိသားစုဝင် (၆)ဦးလုံး ပွဲချင်းပြီးသေဆုံး လားရှိုး၊ ဇူလိုင် ၃ ရက် တအာင်းပြသတင်း တအာင်းပြည် တပ်မဟာ (၆) စစ်ဒေသ လားရှိုးမြို့နယ်တွင် စစ်ကောင်စီတပ်မှ  လက်နက်ကြီးပစ်ခတ်ခဲ့မှုကြောင့် မိသားစုဝင် (၆)ဦးအပါအဝင် အရပ်သား (၇) ဉီးသေဆုံးပြီး (၂) ဉီးထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယနေ့ ဇူလိုင်လ ၃ ရက်နေ့ နံနက် (၈:၃၀) အချိန်တွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့် လက်နက်ကြီးတစ်လုံးသည် လားရှိုးမြို့ ရပ်ကွက် (၁)ရှိ နေအိမ်ပေါ်သို့ကျရောက်ပေါက်ကွဲခဲ့ပြီး ထိုအိမ်အတွင်းရှိ မိသားစုဝင် (၆) ဉီးလုံးပွဲချင်းပြီး သေဆုံးသွားခဲ့သည်။ အလားတူ လားရှိုးမြို့နယ် နမ့်ပေါင်ကျေးရွာတွင်လည်း နေအိမ်တစ်အိမ်အပေါ်သို့ လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အမျိုးသမီးတစ်ဉီး ပွဲချင်းပြီးသေဆုံးပြီး အမျိုးသား (၂) ဉီးထိခိုက်ဒဏ်ရာရရှိသည်။ ထို့အပြင် ကျောက်မဲ၊ နောင်ချို၊ မိုးကုတ်၊ မိုးမိတ်၊သီပေါမြို့တွင်လည်း တအာင်းတပ်မတော် (TNLA) ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီမှ လေကြောင်းနှင့် လေနက်ကြီးပစ်ခတ်မှုကြောင့် အရပ်သား (၂၅)ဉီးသေဆုံးပြီး၊ (၃၇)ဦး ထိခိုက်ဒဏ်ရာရရှိသည့်အပြင် အရပ်သားနေအိမ် (၅၀) နီးပါး ထိခိုက်ပျက်ဆီးခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Hammasini ko'rsatish...
😭 58😢 16🤣 15🤬 3🔥 2🤡 2🍌 2 1👌 1
၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) (၈)ရက်မြောက် နောင်ချိုမြို့နယ်တွင် တိုက်ပွဲပြင်းထန်စွာဖြစ်ပွား တအာင်းပြည်၊ ဇူလိုင် (၂)ရက် တအာင်းပြည် တပ်မဟာ (၂) စစ်ဒေသ နောင်ချိုမြို့ ရှိ ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းတွင် နံနက် (၁၀)နာရီမှ ညနေ (၄း၂၀)နာရီအထိ တိုက်ပွဲဖြစ်ပွားလျက်ရှိသည်။ စစ်ကောင်စီတပ်သည် ဘန့်ဘွေရွာမှ တိုက်ပွဲဖြစ်ပွားသည့် ဒုံးတပ်ရင်း (၆၀၆) တပ်စခန်းအား လက်နက်ကြီး (၁၆)လုံး ပစ်ကူခဲ့သည်။ ထို့အပြင် လေကြောင်းပစ်ကူများပါ အသုံးပြုတိုက်ခိုက်ပြီး စစ်အင်အား (၅၀) ဦးလည်း ပြန်လည်ဖြည့်တင်မှု ပြုလုပ်နေသည်။ နောင်ချိုမြို့တိုက်ပွဲတွင် ပါဝင်သည့် စစ်ကောင်စီတပ်ဖွဲ့များမှာ စကခ(၁) လက်အောက်ခံ ခမရ(၁၁၄)၊ ခမရ (၁၁၅)နှင့် တပ်မ (၉၉) လက်အောက်ခံ ခမရ (၃၀၁)၊ ခမရ (၃၀၃)၊ ခမရ(၃၀၆)တို့ဖြစ်သည်။ ခမရ (၁၁၄)နှင့် (၁၁၅)တပ်စခန်းများ တအာင်းတပ်မတော်မှ သိမ်းပိုက်လိုက်ပြီးနောက် ကျန်ရှိသည့် တပ်ဖွဲ့ဝင်အချို့မှ (၆၀၆) ဒုံးတပ်သို့ သွားရောက်ပူးပေါင်းခဲ့သည်။ ဇူလိုင်(၁)ရက်နေ့ နောင်ချိုမြို့  (၆၀၆)ဒုံးတပ်တိုက်ပွဲနေရာတွင် စစ်ကောင်စီမှ Jet Fighter (၅)စီး၊ MI-35(၂)စီး၊ Y-12 (၁)စီးဖြင့် ပစ်ကူပေးခဲ့သည့်အပြင် Y-12 (၁)စီးဖြင့် လက်နက်ခဲယမ်းများ လာရောက်ပို့ဆောင်ပေးခဲ့သည်။ တပ်မဟာ (၂) စစ်ဒေသ ကျောက်မဲမြို့ရှိ စစ်‌ကောင်စီ ခမရ(၅၀၁)(၅၀၂) တပ်စခန်း၌ ဒီကနေ့ မနက် (၆)နာရီအချိန်တွင် တိုက်ပွဲဖြစ်ပွားခဲ့သည်။ တပ်မဟာ (၃) စစ်ဒေသ မိုးမိတ်မြို့မှ မကျီးပင် ဒေသသို့ ဒီကနေ့ နံနက် (၁၁း၂၅)အချိန်တွင် စစ်ကောင်စီဘက်မှ (၁၂၀) မမ လက်နက်ကြီးများဖြစ်ပစ်ခတ်ခဲ့သည်။ ဇူလိုင် (၁)ရက်နေ့တွင် မိုးမိတ်မြို့ တပ်စခန်းနှင့် ပလက်တီနမ်ဟိုတယ်အနီး တပ်စွဲထားသည့်စစ်ကောင်စီတပ်မှ ညောင်နီနှင့် သရက်ချိုရွာဘက်သို့ (၁၂၀)မမနှင့် (၄၅)မမ လက်နက်ကြီး (၇)လုံးပစ်ခတ်ခဲ့သည်။ #PSLF/TNLA #သတင်းနှင့်ပြန်ကြားရေးဌာန
Hammasini ko'rsatish...
112👏 20🔥 5🤣 5😢 2🤔 1👌 1😘 1
👏 26 15👌 1
47👏 5💩 2👌 2
62👏 11👌 3💩 2🖕 2
42👏 8🤮 2👌 2🍌 1
Po'stilar arxiv
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.