cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Japanese basic learning

လူလောလောဆယ်မှာ Channelအတွက် N5,4,3,2,1 သင်ကြားပေးမဲ့ ဆရာ၊ဆရာမတွေ လိုနေသေးပါတယ် ဒါကြောင့် basicကို ပဲ သင်ပေးနိုင်ပါသေးတယ် trလုပ်ချင်ရင် လာပြောနိုင်ပါတယ် @Olivia2039

Ko'proq ko'rsatish
Mamlakat belgilanmaganTil belgilanmaganToif belgilanmagan
Reklama postlari
395
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kunlar
Ma'lumot yo'q30 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Channelကို ခဏနားထားအုံးမယ် ❤️
Hammasini ko'rsatish...
Repost from N/a
Photo unavailableShow in Telegram
ဒီဟာလေးလုပ်ပေးလို့ကျေးဇူးတင်ပါတယ်☺🥺🥳🥰
Hammasini ko'rsatish...
Repost from Self-Study
Photo unavailableShow in Telegram
🤪
Hammasini ko'rsatish...
Photo unavailableShow in Telegram
#Crd
Hammasini ko'rsatish...
■ Kanji တစ်လုံးကိုဘယ်လိုမှတ်မလဲ Kanji ရဲ့အသံတွေ ဘယ်လိုမှတ်ရမလဲသိပီဆိုရင် kanji တစ်လုံးနဲ့တစ်လုံး မရောသွားအောင်ဘယ်လို မှတ်ရမလဲဆိုတာပြောပါမယ်။ဂျပန်မှာ အသံတူစာလုံးတွေများသလို ဆွဲချက်ဆင်တဲ့ kanji တွေလည်း များပါတယ်။အကောင်းဆုံးမှတ်နည်းကတော့ Radical နဲ့မှတ်တဲ့နည်းပါ။Basic Radical တွေကို kanji အဘိဓာန်မှာရော Google မှာပါအလွယ်တကူတွေ့နိုင်ပါတယ်။အဲဒိ Radical နဲ့မှတ်တဲ့နေရာမှာ အသုံးများတဲ့ မှတ်နည်းကတော့ ကမ္ဘာမှာရော ဂျပန်မှာပါ အသုံးအများဆုံးဖြစ်တဲ့ kanji မှတ်နည်း mnemonic method ပါ။နမိုးနစ်မတ်သတ်ပါ။Radical ကို story၊ဇာတ်လမ်း၊အလင်္ကာ ဖွဲ့ပီး မှတ်တဲ့နည်းလမ်းကိုခေါ်တာပါ။ဥပမာ 明 日 (sun) + 月 (moon) = 明 (bright) သူ့ radical က နေနဲ့လကိုပေါင်းထားတာပါ။နေရောင်က လကိုဟပ်တော့ လင်းတယ်ဆိုတာလိုမျိုးမှတ်တာပါ။ 盲 目 (eye) + 亡 (death) =盲 (blind) မျက်လုံးနဲ့သေတာပေါင်းတော့ မျက်လုံးသေတယ်ဆိုတာ ကန်းတယ်လို့ ဆိုလိုတာပါ။ 灯 火 (fire) + 丁 (street) = 灯 (lamp) မီးနဲ့လမ်းပေါင်းထားတယ်။လမ်းကိုမီးထွန်းပေးတာ မီးအိမ် မီးလင်းစေတာ မီးအိမ်လို့ မှတ်လို့ရပါတယ်။ အဲဒီလို radical တစ်ချက်ချင်းစီကို ကိုယ့်အတွေးနဲ့ကိုယ် ကိုယ်ပိုင် story ထုတ်မှတ်တာကို mnemonic method လို့ခေါ်ပါတယ်။foreign learner တွေကြားမှာတော့ Mnemonic method နဲ့နာမည်ကြီးတာ wanikani.com ဆိုတဲ့ website ရှိပါတယ်။သူ့မှာ နေ့စဉ်သုံး kanji 2000 ကို နမိုးနစ်ခ် မှတ်နည်းနဲ့သင်ပြပေးထားတာပါ။အဲ့ website ဝင်ရင်အကောင့်ဖွင့်ရပီး lesson 25 ခုလောက်ဘဲ free ရပါတယ်။ကျန်တာကို ပိုက်ဆံပေးလေ့လာရမှာပါ။ ■ Kanji မဖြစ်မနေသင်ရမှာလား သင်ကိုသင်ရပါမယ်။ဂျပန်စာက အသံတူစကားလုံးတွေများလို့ kanji မပါရင် ဘယ်လိုမှ ခရီးမရောက်နိုင်ပါဘူး။အသံတူစကားလုံးတွေကို hiragana နဲ့ဘဲရေးထားရင် အဓိပ္ပါယ်တွေခွဲမရပါဘူး။ဥပမာ はな(花/鼻) ဟန တစ်ခုထဲမှာ ပန်းဆိုတာရော နှာခေါင်းဆိုတဲ့အဓိပ္ပါယ်ပါရှိပါတယ်။ဟိရဂန ဟန ဆိုတဲ့အသံက အသံထွက်တစ်ခုသပ်သပ်ပါဘဲ။ဟန တစ်ခုထဲက အဓိပ္ပါယ်နှစ်ခုလုံးဖြစ်နိုင်ပါတယ်။ ■ Kanji Skill တက်အောင်ဘယ်လိုလုပ်မလဲ လွယ်ပါတယ်။နေ့စဉ်သုံးပါ။kanji နဲ့ရေးတတ်တဲ့ hiragana တိုင်းကို kanji နဲ့ရေးပါ။စာဖတ်ရင်လည်း kanji ကိုကျော်ပီး furigana တွေပြူးပြဲမရှာပါနဲ့။kanji ကိုဘဲကြည့်ဖတ်တဲ့အကျင့်လုပ်ယူပါ။အဲလိုသာကျင့်သုံးရင် မေ့ပစ်လိုက်ပါဆိုရင်တောင် မေ့ဖို့ခက်သွားပါလိမ့်မယ်။ ■ Kanji အဘိဓာန် Radical တွေရဲ့အသံထွက်ရော အဓိပ္ပါယ်ပါပြည့်ပြည့်စုံစုံပါတဲ့ အဘိဓာန်ကတော့ shirabe jisho ပါ။အဲဒါလေးသုံးကြည့်ပါ။kanji သီးသန့်အဘိဓာန်မဟုတ်ပါဘူး ဘက်စုံသုံးပါ အတော်လေးစုံပါတယ်။ #TrHtarHtar #日本語 #japanese #kanji #漢字 𝑭𝒆𝒆𝒍 𝑭𝒓𝒆𝒆 𝑻𝒐 𝑺𝒉𝒂𝒓𝒆 𝑩𝒖𝒕 𝑫𝒐 𝑵𝒐𝒕 𝑪𝒐𝒑𝒚 𝑷𝒂𝒔𝒕𝒆. လွတ်လပ်စွာရှဲနိုင်ပါသည်။ကော်ပီကူးယူသုံးစွဲခြင်းမပြုပါရန်မေတ္တာရပ်ခံပါသည်။ Tr HtarHtar🌷 Self-Teacher #Crd
Hammasini ko'rsatish...
𝐔𝐧𝐝𝐞𝐫𝐬𝐭𝐚𝐧𝐝𝐢𝐧𝐠 & 𝐌𝐚𝐬𝐭𝐞𝐫𝐢𝐧𝐠 𝐊𝐚𝐧𝐣𝐢 #Understanding漢字 #Mastering漢字 ■ Kanji ဆိုတာဘာလဲ Kanji ဆိုတာက တရုတ်ကနေဆင်းသက်လာတဲ့စာလုံးတွေဖြစ်ပြီး ဂျပန်ရဲ့အရေးပါဆုံး စာရေးသားနည်းတစ်ခုပါ။တရုတ်ကနေဆင်းသက်လာတယ်ဆိုပေမဲ့အသံထွက်ကတော့ကွဲပြားပါတယ်။ ■ Kanji အသံ Kanji က စာလုံးတစ်လုံးမှာ အသံ၂မျိုးရှိပါတယ်။ဘာလို့၂မျိုးရှိရတာလဲဆိုရင် မူရင်းက တရုတ်စာဖြစ်နေလို့ပါ။မူရင်းတရုတ်သံနဲ့ဂျပန်သံဆိုပီး၂မျိုးခွဲနိုင်ပါတယ်။ 1) Kun'yomi 2) On'yomi ဖြစ်ပါတယ်။ ■ Kun'yomi Kun'yomi ဆိုတာက ရှေ့မှာပြောခဲ့သလို ဂျပန်သံပါ။သူဟာ kanji တစ်လုံးထဲနဲ့ အဓိပ္ပါယ်ပြည့်ပြည့်ဝဝရှိပီး အမှီခိုကင်းပါတယ်။သူ့ကို single kanji လို့မှတ်နိုင်ပါတယ်။ ■ On'yomi On'yomi တွေကတော့ Kun'yomi နဲ့ဆန့်ကျင်ဘက်ပါ။သူတစ်လုံးထဲနဲ့မရပ်တည်နိုင်ပါဘူး။သူ့တစ်ခုထဲဆိုရင် ဘာအဓိပ္ပါယ်မှမရှိလို့ပါ။ဒါကြောင့် On'yomi သံတွေကို သုံးရင် Kanji ၂လုံး၃လုံး ပေါင်းသုံးရပါတယ်။သူ့ကိုတော့အမက Compound kanji လို့သတ်မှတ်ပါတယ်။တစ်ခုခုနဲ့ပေါင်းလိုက်မှကို အဓိပ္ပါယ်ရှိလို့ပါ။ ■ Kanji ကိုဘယ်လိုရေးမလဲ Kanji ကို stroke(ဆွဲချက်)တွေနဲ့ရေးရပါတယ်။stroke ဆွဲတဲ့အခါမှာ အခြေခံစည်းမျည်းကတော့ ဘယ်~ညာ၊အပေါ်~အောက်၊အလယ်၊အတွင်း~အပြင် ကိုဆွဲရပါတယ်။ဘယ်~ညာ ဆိုတာ ဘယ်ကနေစပီး ညာဘက်ကိုဆွဲရတာပါ။အပေါ်~အောက် က အပေါ်ကစဆွဲ အောက်ကိုဆွဲချရတာပါ။ဆိုလိုတာက ပြောင်းပြန်လှန်ပီး အောက်ကနေအပေါ်ကိုမဆွဲရပါဘူး။ ■ Kanji တစ်လုံးဘယ်လိုတည်ဆောက်ထားလဲ Kanji ကိုတော့ Radical တွေနဲ့တည်ဆောက်ထားပါတယ်။kanjiတစ်လုံးကို ကြာကြာမှတ်မိနေစေဖို့ radical ကအရေးအပါဆုံးပါ။ဒါဆို Radical ဆိုတာ ဘာလဲ ? Radical ဆိုတာက ခန်းဂျိတစ်လုံးဖြစ်အောင်ပေါင်းစပ်ထားတဲ့ စာလုံးလေးတွေကိုခေါ်တာပါ။အဲဒီ Radical အလုံးတိုင်းမှာ အဓိပ္ပါယ်တွေရှိပါတယ်။သူ့ကတော့ kanji မှတ်တဲ့နေရာမှာ ဆရာပါဘဲ။ဒါကြောင့် Kanji တစ်လုံးကို အလုံးလိုက် အလွတ်မကျက်ဘဲ အခြေခံ Radical တွေကိုလေ့လာပီး ခွဲမှတ်တာက ပိုကောင်းပါတယ်။ ■ Kanji ကိုဘယ်မှာသုံးလဲ ခတခနနဲ့ရေးတဲ့စာလုံးတွေက လွဲရင် ကျန်တဲ့ဂျပန်စာလုံးအားလုံးနီးပါးကို kanji နဲ့ရေးလို့ရပါတယ်။အားလုံးမှာ kanji ရှိပီးသားပါ။kanji စလေ့လာပီဆိုတာနဲ့ စာဖတ်ရင် အရင်လို furigana(kanjiပေါ်တင်ပေးထားတဲ့hiragana ဖတ်နည်း)ကိုမကြည့်ဘဲ kanji ကိုဘဲကြည့်ဖတ်ပါ။စာရေးတဲ့အခါမှာလည်း ကိုယ်ရေးတတ်တဲ့ kanji ဆိုရင် hiragana နဲ့မရေးဘဲ kanji နဲ့ရေးပါ။ဂျပန်မှာစာလုံးတွေကို kanji နဲ့ဘဲရေးပါတယ်။သူတို့ဆီမှာ furigana မတင်ထားပေးသလို hiragana နဲ့လည်းမရေးပါဘူး။ ■ Kanji ဘယ်နှစ်လုံးလေ့လာဖို့လိုလဲ ဂျပန်မှာနေ့စဉ်သုံး kanji (常用漢字)2000 ရှိပါတယ်။အဲဒါတွေဟာ နေ့စဉ်သုံးဖြစ်လို့ တတ်နိုင်သမျှအကုန်လေ့လာထားဖို့လိုပါတယ်။ဂျပန်စာနဲ့ပတ်သက်လာရင် ကိုယ်ဘယ်လောက်အဆင့်ထိ၊ဘယ်level ထိသွားချင်လဲပေါ်မူတည်ပီး လေ့လာလို့ရပါတယ်။ ■ Kanji တစ်လုံးမြင်ရင်ဘယ်လိုဖတ်မလဲ Kanji ဖတ်နည်း၂မျိုးအကြောင်းကိုအပေါ်မှာပြောပြခဲ့ပီးဖြစ်ပါတယ်။Kun'yomi ဟာ single kanji လို့ပြောတဲ့အတွက် kanji တစ်လုံးထဲဘဲတွေ့ရင် Kun'yomi အသံနဲ့ဘဲ ဖတ်ရပါမယ်။On'yomi က compound kanji လို့ပြောတဲ့အတွက် တစ်လုံးထက်ပိုတဲ့ kanji တွေတွေ့ရင် On'yomi အသံနဲ့ဘဲထွက်ရပါမယ်။ဒါဟာ single rule ပါ။ဒါပေမဲ့ ချွင်းချက်တစ်ချို့လည်း ရှိပါသေးတယ်။ 1) On'yomi single 2) Kun'yomi compound ပါ။ On'yomi single ဆိုတာက”金”လိုဟာမျိုးပါ။きん ဆိုတာ အွန်းသံဖြစ်ပေမဲ့ တစ်လုံးထဲ ရပ်တည်နေပါတယ်။တခြား kanji နဲ့မပေါင်းထားပါ။ရွှေဆိုတဲ့အဓိပ္ပါယ်ပါ။ဒါကို On'yomi single လို့ သတ်မှတ်ပါတယ်။ Kun'yomi compound ကတော့ Kun'yomi+Kun'yomi ပါ။ခွန်းနှစ်ခုပေါင်းထားတာပါ။ဒီနေရာမှာ kanji နှစ်လုံးပူးနေတာဘဲဆိုပီး အွန်းသံနဲ့ထွက်မိရင် မှားပါပီ။ချွင်းချက်ဖြစ်လို့ ခွန်းသံနဲ့ဘဲ ထွက်ရပါမယ်။ဥပမာ 月見(tsuki+mi),朝日(asa+hi),虫歯(mushi+ba)တို့ဖြစ်ပါတယ်။နောက်တစ်ခုက ခွန်းနှစ်ခုပေါင်းရင် မူလခွန်းသံနဲ့ဘဲ ထွက်တာတွေ ရှိသလို むしば လိုမျိုး は ကနေ ば ဖြစ်ပြီးနောက်သံမာသွားတာတွေလည်း ရှိပါတယ်။ ရှုပ်သွားပီလား။kanji တွေ့ရင်ဘယ်လိုဖတ်ရမလဲဆိုတာတစ်ခေါက်ပြန်ပြောပါမယ်။kanji တစ်လုံးထဲတွေ့ရင် Kun'yomi သံနဲ့ဘဲဖတ်ပါ။Kanji တစ်ခုထက်ပိုပီး ပူးတွေ့ရင် On'yomi သံနဲ့ဖတ်ပါ။ချွင်းချက်အသံထွက်တွေကတော့ အလုံးအနည်းငယ်ဘဲရှိလို့ အလွတ်ကျက်ထားပါ။ ■ Kun သံ On သံတွေဘယ်လိုမှတ်ကြမလဲ အများစုက kanji ကျက်ပီဆို ခွန်းသံ အွန်းသံတွေ အလွတ်ထကျက်ကုန်ရော။ကျက်လို့မရဘူးလားဆိုတော့ ရောကုန်တာပေါ့။နဂိုထဲက ဂျပန်စာလုံးတွေက အသံထွက်ဆင်တူတွေ တအားများပါတယ်။အသံကိုဘဲ အလွတ်လိုက်ကျက်ရင် ကြာရင် ရူးပါမယ်။Hiragana တွေက ဂျပန်အသံတွေကို ကိုယ်စားပြုပီး Kanji တွေက ဂျပန်စာလုံးတွေရဲ့အဓိပ္ပါယ်ကို ကိုယ်စားပြုပါတယ်။ဒါကြောင့် kanji ကျက်ရင် စကားလုံးတစ်လုံးနဲ့ဘဲ အမြဲတွဲကျက်သင့်ပါတယ်။Kanji တစ်လုံးမှာ ၂သံရှိရင် မီးနင်း ၂လုံး ကျက်သင့်ပါတယ်။ဥပမာ 魚 kanji ဆိုရင် 魚-さかな(Kun'yomi) 金魚-きんぎょ(On'yomi) ဆိုပီး ခွန်း၁လုံး အွန်း၁လုံး မှတ်သင့်ပါတယ်။
Hammasini ko'rsatish...
N5 Kanji video par tr yamin si ka par မှတ်ရလဲ လွယ်တဲ့အတွက်ကြောင့်မို့လို့ တင်ပေးတာပါရှင့် အပိုင်းကတော့ ytမှာ ၃အထိပဲရှိတယ် kanjiတွေကို သေချာ‌လေးကြည့်ပြီး မှတ်ကြည့် ရသွားလိမ့်မယ် ပြီးတော့ keyboardမှာ မြင်ရမဲ့ပုံနဲ့ပါ တွဲကြည့်ပေးပါနော် လက်ရေးနဲ့ဆိုတော့ keyboardမှာ ရေးရင် မသိမှာဆိုးလို့ပါရှင့် အဆင်ပြေကြပါစေ ခုတစ်လော စာသင်ချင်စိတ်ပျောက်နေလို့ပါနော် ဒါကို မလုပ်သေးခင် မေးစရာရှိပါတယ် Minna no nihongo N5 bookကိုရော လုပ်ပြီးကြပြီလား မလုပ်ရသေးရင် အဲ့တာကို အရင်လုပ်ပါပြီးမှ kanjiတက်ပါ self study လေ့လာလို့ အဆင်မပြေဘူးဆိုရင် ပြောပါ မင်မင် videoရှာပြီး တင်ပေးပါမယ်
Hammasini ko'rsatish...
11:30
Video unavailableShow in Telegram
76.88 MB
14:34
Video unavailableShow in Telegram
97.40 MB
20:31
Video unavailableShow in Telegram
143.63 MB
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.