uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 493 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 017-o'rinni va Myanma mintaqasida 10 067-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 493 obunachiga ega bo‘ldi.

24 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -248 ga, so‘nggi 24 soatda esa 1 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 10.08% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.11% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 260 marta ko‘riladi; birinchi sutkada odatda 639 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 25 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 493
Obunachilar
+124 soatlar
-547 kunlar
-24830 kunlar
Postlar arxiv
အီရတ်ခုခံရေးအဖွဲ့က အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ကျွန်ုပ်တို့၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းရှိသည် အီရတ်နိုင်ငံရှိ ခါတာအစ် ဆယ
အီရတ်ခုခံရေးအဖွဲ့က အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ကျွန်ုပ်တို့၏ တိုက်ခိုက်မှုနယ်ပယ်အတွင်းရှိသည် အီရတ်နိုင်ငံရှိ ခါတာအစ် ဆယစ် အလ်-ရှူဟာဒါ (Kata'ib Sayyid al-Shuhada) ခုခံရေးအဖွဲ့က အမေရိကန်မှ ပြည်သူ့စစ် တပ်ပေါင်းစု PMF (Popular Mobilization Forces) စခန်းများအပေါ် ဆက်တိုက်တိုက်ခိုက်နေမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန်၏ အကျိုးစီးပွားအားလုံးသည် ခုခံရေးအဖွဲ့၏ တရားဝင်တိုက်ခိုက်မှု နယ်ပယ်အတွင်းတွင် ရှိကြောင်းကြေညာခဲ့သည်။ NOM

🚨 အမေရိကန်နဲ့ အစ္စရေးက အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို လေကြောင်းကနေ တိုက်ခိုက်လိုက်တာကြောင့် တီဟီရန် (Tehran) နဲ့ ကာရက်ဂျ် (Karaj) မြို့တွေမှာ လျှပ်စစ်မီးတွေ ပြတ်တောက်နေတယ်လို့ သိရပါတယ်။ NOM

အီရန်စစ်စတင်ချိန်မှယနေ့အထိနိုင်ငံအလိုက်ဒီဇယ်ဆီစျေးတက်သည့်ရာခိုင်နှုန်းပြဇယား
အီရန်စစ်စတင်ချိန်မှယနေ့အထိနိုင်ငံအလိုက်ဒီဇယ်ဆီစျေးတက်သည့်ရာခိုင်နှုန်းပြဇယား

ဥရောပတွင်လုပ်ခလစာအနိမ့်ဆုံးမှာယူကရိန်းဖြစ် NOM ဥရောပနိုင်ငံများ၍အနိမ့်ဆုံးလစာစာရင်းများထွက်ပေါ်လညရာလူဇင်ဘတ်နိုင်ငံသည်အနိမ့်ဆု
ဥရောပတွင်လုပ်ခလစာအနိမ့်ဆုံးမှာယူကရိန်းဖြစ် NOM ဥရောပနိုင်ငံများ၍အနိမ့်ဆုံးလစာစာရင်းများထွက်ပေါ်လညရာလူဇင်ဘတ်နိုင်ငံသည်အနိမ့်ဆုံးလုပ်လစာယူရို ၂၇၀၄ဖြင့်အများဆုံးဖြစ်ပြီးယူကရိန်းသည်ယူရို၁၆၄ဖြင့်အနည်းဆုံးဖြစ်သည်။

ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား လက်ခံတွေ့ဆုံ မတ် ၂၈၊ ၂
ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ်သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား လက်ခံတွေ့ဆုံ မတ် ၂၈၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးနိုင်မင်းကျော်သည် မြန်မာနိုင်ငံဆိုင်ရာ ဘရာဇီးလ် သံအမတ်ကြီး Mr. Gustavo Rocha de Menezes အား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ အမြင်ချင်းဖလှယ် ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဘရာဇီးလ် နှစ်နိုင်ငံအကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများ၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အပါအဝင် နှစ်နိုင်ငံအကျိုးတူ ကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးကြသည်။ ပူးပေါင်းဆောင်ရွက်မှု ဆွေးနွေး ထို့ပြင် အာဆီယံ-ဘရာဇီးလ်ကဏ္ဍအလိုက် ဆွေးနွေးဖက် မိတ်ဖက်ဆက်ဆံရေးအောက်ရှိ ပူးပေါင်းဆောင်ရွက်မှုများတိုးမြှင့်ရေး၊ ဘရာဇီးလ်နိုင်ငံမှ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးနှင့်ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အရှေ့တောင်အာရှ ချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုစာချုပ်ပါ အခြေခံမူများအပေါ်အခြေခံ၍ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှု အရှိန်အဟုန်မြှင့်တင်ရေးတို့ကို အလေးထား ဆွေးနွေးခဲ့ကြသည်။ တွေ့ဆုံပွဲသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။ NOM

အီရန်နိုင်ငံ၊ အစ်စဖာဟန် စက်မှုတက္ကသိုလ် (Isfahan University of Technology) လေကြောင်းကနေ နောက်တစ်ကြိမ် တိုက်ခိုက်ခံရ အစ်စဖာဟန် စက်မှုတက္ကသိုလ်ရဲ့ ပြည်သူ့ဆက်ဆံရေးဌာနက ထုတ်ပြန်ချက်အရ... မတ်လ ၂၉ ရက်နေ့၊ နေ့လယ် ၂ နာရီဝန်းကျင်မှာ အစ်စဖာဟန် စက်မှုတက္ကသိုလ်ဟာ အစ္စရေးနဲ့ အမေရိကန် ကျူးကျော်သူတွေရဲ့ ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုကို ဒုတိယအကြိမ် ထပ်မံခံခဲ့ရပါတယ်။ ကနဦးသတင်းတွေအရ ဒီတိုက်ခိုက်မှုဟာ တက္ကသိုလ်ဝင်းထဲက သုတေသနဌာနတစ်ခုကို ဦးတည်ခဲ့တာဖြစ်ပြီး အနီးအနားက တခြားအဆောက်အဦတချို့လည်း ပျက်စီးသွားပါတယ်။ ဒီဖြစ်စဉ်ကြောင့် တက္ကသိုလ်ဝန်ထမ်း ၄ ဦးမှာ ဒဏ်ရာအနည်းငယ် (မစိုးရိမ်ရ) ရရှိခဲ့တယ်လို့ သိရပါတယ်။ NOM

အစ္စရေးနိုင်ငံတောင်ပိုင်း နီဂတ်ဗ် (Negev) နယ်မြေထဲက ဓာတုဗေဒစက်ရုံတစ်ခုကို အီရန်က ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် လို့
+4
အစ္စရေးနိုင်ငံတောင်ပိုင်း နီဂတ်ဗ် (Negev) နယ်မြေထဲက ဓာတုဗေဒစက်ရုံတစ်ခုကို အီရန်က ဒုံးကျည်နဲ့ ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ် လို့ သိရပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် ဘီယာရှီဗာ (Beersheba) မြို့က စက်ရုံတစ်ရုံမှာ မီးလောင်မှုတွေ ဖြစ်ပွားနေပါတယ်။ အစ္စရေး အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ အဆိုအရ အနည်းဆုံး လူတစ်ယောက် ဒဏ်ရာရထားပါတယ်။ အဲဒီစက်ရုံမှာ အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေ ရှိနေတာကြောင့် ဒေသခံတွေကို အနားမကပ်ကြဖို့ သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။ NOM

တပ်မတော်ကါကွယ်ရေးဦးစီးချုပိသစ်စတင်တာဝန်ထမ်းဆောင် NOM ဗိုလ်ချုပ်မှူးကြီးရဲဝင်းဦးသည်တပ်မတောိကါကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်း၊ဒုတိယဗိုလ်ချုပ်မှူးကြီးကျော်စွာလင်းသည်ဒုတိယတပ်မတော်ကါကွယ်ရေးဦးစီးချုပ်အဖြစ်လည်းကောင်းယနေ့စတင်တာဝန်ထမ်းဆောင်ကြောင်းသိရသည်။

photo content
+4

Bar Code/ QR Code စနစ်သစ်ဖြင့် စက်သုံးဆီ ရောင်းချမှုအခြေအနေများအား ဆန်းစစ်အသိပေးထုတ် ပြန်ခြင်း မတ် ၂၉၊ ၂၀၂၆ နိုင်ငံတော်တွင် စ
+1
Bar Code/ QR Code စနစ်သစ်ဖြင့် စက်သုံးဆီ ရောင်းချမှုအခြေအနေများအား ဆန်းစစ်အသိပေးထုတ် ပြန်ခြင်း မတ် ၂၉၊ ၂၀၂၆ နိုင်ငံတော်တွင် စက်သုံးဆီကို စနစ်တကျသုံးစွဲနိုင်စေရန်နှင့် လေလွင့်ဆုံးရှုံးမှု လျော့နည်းစေရန်ရည်ရွယ်၍ Bar Code/QR Code စနစ်သစ်ဖြင့် ၂၇-၃-၂၀၂၆ ရက်နေ့မှစတင်၍ ရောင်းချပေးလျက်ရှိပါသည်။ ထို့အပြင် ယနေ့မှစတင်၍ ပဲခူး၊ ပြင်ဦးလွင်၊ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် အမြန်လမ်းမကြီးတစ်လျှောက်တွင် Bar Code/QR Code စနစ်များကို စတင်အသုံးပြုနေပြီဖြစ်ပါသည်။ စနစ်သစ်ဖြင့်ရောင်းချရာတွင် ကြုံတွေ့လာနိုင်သည့် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် မသမာမှုများအပါအဝင် မမျှော်မှန်းနိုင်သည့် အခက်အခဲများကို ဖြေရှင်းဆောင်ရွက်ပေးနိုင်ရန်အတွက် စွမ်းအင်ဝန်ကြီးဌာနသည် Online Monitoring Center မှ စောင့်ကြည့်ခြင်း၊ Call Center ဖွင့်လှစ်၍ ဖြေရှင်းဆောင်ရွက်ခြင်း၊ ထိန်းကျောင်းကြပ်မတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။ QR စနစ်အသုံးပြုနေသည့် မြို့ကြီး ၄ မြို့၌ စနစ်ဟောင်းရောင်းချမှုနှင့် စနစ်သစ်ရောင်းချမှုတို့ နှိုင်းယှဉ်မှုအရ ၂၅-၃-၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/ သုံးဘီး ၁၈၉,၉၀၇ စီး၊ မော်တော်ယာဉ် ၁၃၈,၁၅၇ စီး ဆီဖြည့်တင်းခဲ့ကြသော်လည်း ၂၇-၃-၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/သုံးဘီး ၁၄၉,၆၉၀ စီး၊ မော်တော်ယာဉ် ၁၀၅,၃၄၅ စီးသို့ လျော့ကျသွားခဲ့ပါသည်။ ၂၆-၃-၂၀၂၆ ရက်နေ့တွင် ဆိုင်ကယ်/ သုံးဘီး ၁၈၄,၂၈၄ စီး၊ မော်တော်ယာဉ် ၁၁၃,၀၂၈ စီး ဆီဖြည့်တင်းခဲ့ကြသော်လည်း ၂၈-၃-၂၀၂၆ ရက်တွင် ဆိုင်ကယ်/သုံးဘီး ၁၆၅,၃၇၁ စီး၊ မော်တော်ယာဉ် ၁၀၇,၉၆၅ စီးသို့ လျော့ကျသွားခဲ့ပါသည်။ သို့ရာတွင် စက်သုံးဆီစျေးနှုန်းတိုးမြှင့်လာမှုကို အခွင့်ကောင်းယူ၍ အချို့အရောင်းဆိုင်များသည် ရောင်းချခြင်းမပြုဘဲ ဆိုင်ပိတ်ထားခြင်း၊ အချို့ဆိုင်များသည် Scan မဖတ်ဘဲ ရောင်းချပေးနေခြင်း၊ Taxi ယာဉ်များသည် ခွဲတမ်းပိုမိုရရှိမှုကို အခွင့်ကောင်းယူ၍ မသမာမှုများ ပြုလုပ်လာခြင်းတို့ကြောင့် ဖွင့်လှစ်ရောင်းချနေသည့်အရောင်းဆိုင်များတွင် ယာဉ်များတန်းစီမှု ပိုမိုလာသည်ကို စစ်ဆေးတွေ့ရှိရပါသည်။ ယင်းသို့ အများပြည်သူများကို ထိခိုက်နစ်နာစေသည့် မသမာမှုများကို ပြည်သူတို့၏ သတင်းပေးပို့လာမှုများအပေါ် အရေးယူဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့နယ်ရှိ “ရွှေပိုး” စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၂၅၉၇)၊ မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ဈ-ရပ်ကွက်၊ ၆၂ လမ်းပေါ်ရှိ “ရွှေခြင်္သေ့” အစက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၇၃၀) နှင့် မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ထိန်ကုန်းရပ်ကွက်၊ ရန်ကုန်-မန္တလေး လမ်းမကြီး (လမ်းဟောင်း)ပေါ်ရှိ "အောင်သိဒ္ဓိ" စက်သုံးဆီအရောင်းဆိုင်၊ လိုင်စင်အမှတ် (၀၄၈၀) တို့အား လိုင်စင် ယာယီပိတ်သိမ်း၍ အရောင်းဆိုင် မန်နေဂျာများနှင့် ဝန်ထမ်းများအား ဥပဒေအရ အရေးယူဆောင်ရွက် ထားရှိပြီးဖြစ်ပါသည်။ ထို့အပြင် တရားမဝင်စက်သုံးဆီ သိုလှောင်ထားရှိကြောင်း တိုင်ကြားလာမှုသတင်းအရ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၆၀/ B ရပ်ကွက်၊ မြနန္ဒာ လမ်းသွယ် (ကျူးကျော်) နေ ဦးမြင့်မောင်အား တရားမဝင်စက်သုံးဆီများ သိုလှောင်ထားကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် အမှုဖွင့်အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိပါသည်။ လယ်ယာစိုက်ပျိုးရေးကဏ္ဍသုံး စက်ပစ္စည်းများအတွက်လည်း သက်ဆိုင်ရာတိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့၏ သတ်မှတ်ပေးထားသော စက်သုံးဆီအရောင်းဆိုင်များတွင် ထောက်ခံချက်ဖြင့် ရောင်းချပေးလျက်ရှိပါသည်။ ပြည်သူများအနေဖြင့်လည်း စက်သုံးဆီဝယ်ယူခြင်းနှင့် ပတ်သက်၍ အခက်အခဲများနှင့် မသမာမှုများတွေ့ရှိနေရသည့်အပေါ်တွင် Call Center သို့ တိကျစွာ အသိပေးတိုင်ကြားခြင်းဖြင့် ပူးပေါင်းဆောင်ရွက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ စွမ်းအင်ဝန်ကြီးဌာန

🚨 အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ၎င်း၏နိုင်ငံအတွင်းရှိ အီရန်ပိုင် ပိုင်ဆိုင်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၀ ဘီလီယံ
🚨 အာရပ်စော်ဘွားများပြည်ထောင်စု (UAE) သည် ၎င်း၏နိုင်ငံအတွင်းရှိ အီရန်ပိုင် ပိုင်ဆိုင်မှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၃၀ ဘီလီယံ ဖိုးကို သိမ်းဆည်းလိုက်သည်။ အီရန်နိုင်ငံသားများအားလုံးကို ထုတ်ပေးထားသည့် နေထိုင်ခွင့်ပါမစ်များအားလုံးကို ရုပ်သိမ်းလိုက်သည်။ ယင်းတွင် ရေရှည်နေထိုင်ခွင့်အဖြစ် လူသိများသည့် ရွှေရောင် ဗီဇာ (Golden Visa) များလည်းပါဝင်သည်။ ယခင်က အဆိုပါ ဗီဇာရှင်များကို ၉၉ နှစ်အထိ နေထိုင်ခွင့်ပေးမည်ဟု ကတိပြုထားသော်လည်း ယခုအခါ ထိုကတိကို ဖျက်သိမ်းလိုက်သည်။ NOM

၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၌ ဝက်လက်နယ်အတွင်း ပြည်သူများအားဆက်ကြေးကောက် ဓါးပြတိုက်နေသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်က ချ
+2
၂၀၂၆ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့၌ ဝက်လက်နယ်အတွင်း ပြည်သူများအားဆက်ကြေးကောက် ဓါးပြတိုက်နေသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်က ချေမှုန်းခဲ့ရာ PDF အလောင်း ၂ လောင်း၊ လက်လုပ်သေနတ် ၂ လက်၊ လက်လုပ်မိုင်း ၃ လုံးနှင့် စကားပြောစက် ၁ လုံးတို့ကို သိမ်းဆည်းရမိခဲ့သည်။ NOM

ငရဲရောက်သွားပြီဖြစ်တဲ့ PDF အကြမ်းဖက်သမားများ။ အပိုင်း- ၂/၂
+2
ငရဲရောက်သွားပြီဖြစ်တဲ့ PDF အကြမ်းဖက်သမားများ။ အပိုင်း- ၂/၂

ငရဲရောက်သွားပြီဖြစ်တဲ့ PDF အကြမ်းဖက်သမားများ။ အပိုင်း- ၁
+9
ငရဲရောက်သွားပြီဖြစ်တဲ့ PDF အကြမ်းဖက်သမားများ။ အပိုင်း- ၁

ဆီးရီးယားနိုင်ငံမှတစ်ဆင့် ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့ထံသို့ လက်နက်များလွှဲပြောင်းပေးပို့နေ ဆီးရီးယားနိုင်ငံမှတစ်ဆင့် ဟစ်ဇဘိုလာ လက်နက်ကိုင် အဖွဲ့ထံသို့ လက်နက်များလွှဲပြောင်းပေးပို့နေပြီး နှစ်ဖက်အကြား စစ်ဘက်ဆိုင် ရာ ထောက်ပံ့ရေးပစ္စည်းများ သယ်ယူရန် မြေအောက်ဥမင်လိုဏ်ခေါင်းများရှိနေကြောင်း အစ္စရေးမီဒီယာများက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြကြသည်။ ဟစ်ဇဘိုလာအဖွဲ့ကို ထိန်းချုပ်နိုင်စွမ်း မရှိသည့်အတွက် အစ္စရေးအစိုးရက လက်ရှိဆီးရီးယားသမ္မတဂျိုလာနီ (Jolani) ကို သတ်မည်ဟုခြိမ်းခြောက်ရခြင်းမှာ ဤအချက် ကြောင့်လည်းဖြစ်နိုင်သည်။ တစ်ဖက်တွင်လည်း ဟစ်ဇဘိုလာသည် ၎င်းတို့၏လက်နက်အင်အားကို ပြန်လည်ဖြည့်တင်းနိုင်စွမ်း ရှိပုံရသော်လည်း ဆီးရီးယားနှင့် လက်ဘနွန်တောင်ပိုင်းကြားရှိ မြေအောက်ဥမင်လိုဏ်ခေါင်းများနှင့် ပတ်သက်သည့် သတင်းများမှာမူ အတည်မပြုနိုင်သေးပေ။ NOM

အုတ်တွင်းမြို့နယ်တွင် အရက်မူးပြီး ကားအားအရှိန်ပြင်းပြင်း မောင်းနှင်ကာ စက်ဘီးကိုတိုက်ပြီးထွက် ပြေးသွားသော ဘုန်း​ကြီးအား သာ/ထိန
အုတ်တွင်းမြို့နယ်တွင် အရက်မူးပြီး ကားအားအရှိန်ပြင်းပြင်း မောင်းနှင်ကာ စက်ဘီးကိုတိုက်ပြီးထွက် ပြေးသွားသော ဘုန်း​ကြီးအား သာ/ထိန်းအဖွဲ့ကဖမ်းမိ NOM မတ် ၂၉၊ ၂၀၂၆ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် သာ/ထိန်းအဖွဲ့မှ ​အရက်မူးပြီး ကားအား အရှိန်ပြင်းပြင်းမောင်းနှင်ကာ စက်ဘီးစီးလာသည့်အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကို ကားဖြင့်တိုက်ခဲ့သည့် ဘုန်း​ကြီးအား လူဝတ်လဲ၍ ရဲလက်အပ်လိုက် ကြောင်း ဆရာတော်ဦးတေဇသီရီက မိန့်ကြားခဲ့သည်။ ရန်ကန်-မန္တလေးလမ်းဟောင်း၊ အုတ်တွင်းမြို့နယ်၊ ကျောက်တလင်းကျေးရွာအနီးတွင် ယမန်နေ့မတ်၂၈ ရက် ည ၁၀ နာရီခန့်က အရှိန်ပြင်းပြင်းမောင်းနှင်လာသော ဘုန်းကြီးကားတစ်စီးမှ စက်ဘီးစီးလာသော အသက် (၂၅) နှစ်ခန့်ရှိ အမျိုးသမီးတစ်ဦးကိုကားဖြင့်တိုက် ပြီး ကျောက်တလင်းရွာထဲမောင်းပြေးသွားခဲ့ရာမှ လမ်းမရှိတော့သော လယ်ကွက်ထဲ ထိုးရပ်သွားပြီး ကားကိုထားခဲ့ကာ ထွက်ပြေးရာမှ ည (၁၂) နာရီခန့်တွင် အုတ်တွင်းမြို့အထွက် သုသာန်ကျောင်းအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်တွင် ဘုန်းကြီးတစ်ပါးမူးပြီး ဖိနပ်မပါသွားလာနေကြောင်း သတင်းပို့လာသဖြင့် အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှ အချိန်မှီသွားရောက်ဖမ်းဆီးပြီး မြို့နယ်သံဃနာယက ဥက္ကဋ္ဌ ဆရာတော်ကြီးကျောင်းတိုက်သို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။ "ဆရာတော်ကြီး​က စစ်ဆေးတော့ သူရဲ့သာသနာ မှတ်ပုံတင်မှာလည်း Correction နဲ့ဖျက်ထားတာတွေ့ ရတယ်။ သူကရှမ်းပြည်မှ ပြန်လာတာလို့လဲပြောတယ်။ နေပြည်တော် မှာလည်း သူ့ကားနောက်ပိုင်းအတိုက်ခံခဲ့ရကြောင်း၊ အခု စက်ဘီစီးသူကိုပါတိုက်မိပြီး ကားကိုထားကာ ထွက်ပြေးလာကြောင်း၊ တောင်ငူမှာရော လွိုင်ကော်မှာရောနေတယ်။ တောကျွဲအင်းမှာလည်း ကျောင်းထိုင်တယ်လို့ပြောပါတယ်။ စကားကလည်းမညီဘူး။ ဒါကြောင့် လူဝတ်လဲပြီး နယ်ထိန်းကို အပ်လိုက်လိုက်ပါတယ်" ဟု အုတ်တွင်းမြို့နယ် သာ/ထိန်း အဖွဲ့မှဆရာတော်ဦးတေဇသီရီကမိန့်ကြားခဲ့သည်။ ပါရှိပစ္စည်းများစစ်ဆေးရာ သက်တမ်းလွန် passport စာအုပ်၊ လိင်အင်္ဂါစွပ်ကွင်းများ၊ ထောက်ခံစာ အတုများ၊ ငွေစက္ကူများတွေ့ရှိခဲ့ပြီး လူဝတ်လဲကာ သက်ဆိုင်ရာရဲတပ်ဖွဲ့နယ်ထိန်းထံသို့ အပ်လိုက်ကြောင်းသိရသည်။ NOM

Repost from NOM.World News
ပီရူးနိုင်ငံ Aucallama ဒေသက နေအိမ်လေးဟာ ကမ္ဘာ့အပါးလွှာဆုံးနေအိမ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်လာဖွယ်ရှိပါတယ်။ နေအိမ်အကျယ်ဟာ ၂၄ လက်မ
+6
ပီရူးနိုင်ငံ Aucallama ဒေသက နေအိမ်လေးဟာ ကမ္ဘာ့အပါးလွှာဆုံးနေအိမ်အဖြစ် ဂင်းနစ်မှတ်တမ်းဝင်လာဖွယ်ရှိပါတယ်။ နေအိမ်အကျယ်ဟာ ၂၄ လက်မသာရှိပြီး ရေချိုးခန်းနဲ့ မီးဖိုချောင်တောင် ပါရှိပါတယ်။ တရားဝင်ဆုံးဖြတ်ချက် မချရသေးပေမယ့်လည်း ခရီးသွားတွေကတော့ ဒီ ထူးဆန်းတဲ့အိမ်လေးကို စုပြုံပြီး ရောက်ရှိကာ စူးစမ်းနေကြပါတယ်။ ကွန်ကရစ်အဆောက်အအုံတွေကြားမှာ ဒီအိမ်လေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။ ၂ ထပ်အိမ်ဖြစ်ပြီး သစ်သားနဲ့ တည်ဆောက်ထားကာ ဧည့်ခန်း၊ ထမင်းစားခန်း၊ ရေချိုးခန်း၊ အိပ်ခန်းတွေကို ထည့်သွင်းထားသလို အလှဆင်ပစ္စည်းတွေတောင်မှ ပါဝင်ပါသေးတယ်။ အကျဉ်းဆုံးနေရာဟာ ၃၆ လက်မရှိပြီး အကျယ်ဆုံးနေရာက ၅၉ လက်မရှိကာ ဂင်းနစ်မှတ်တမ်းဝင်ဖို့၊ ခရီးသွားတွေကို ဆွဲဆောင်ဖို့ရည်ရွယ်ကာ လုပ်ခဲ့တာလို့ ဒီဇိုင်းထုတ်ဆောက်လုပ်ခဲ့တဲ့ Fabio Moreno က ပြောဆိုခဲ့ပါတယ်။ News Of Myanmar NOM

အီရတ်ဘာသာရေးခေါင်းဆောင် များအဖွဲ့ ဘက်စရာမြို့မှ အီရန်နိုင်ငံသို့ ထွက်ခွာ!!! "ဒါဟာ ဂျီဟတ် (Jihad) စစ်မြေပြင်ဆီကို ပထမဦးဆုံး ခြေလှမ်းလှမ်းလိုက်တဲ့ ဘာသာရေးခေါင်းဆောင် တွေပဲ ဖြစ်ပါတယ်။" ဘက်စရာ (Basra) ပြည်နယ်မှ ဘာသာရေးစာသင်သားများနှင့် ဘာသာရေးခေါင်းဆောင်များသည် အစ္စလာမ်မစ်သမ္မတနိုင်ငံ (အီရန်) နှင့် တစ်သားတည်းရှိကြောင်း ပြသရန်အတွက် ယာဉ်အစီးရေ ၈၀ ကျော်ပါဝင်သော ယာဉ်တန်းဖြင့် အီရန်နိုင်ငံသို့ ဦးတည်ထွက်ခွာခဲ့ကြသည်။ "အချိန်တိုင်း၊ နေရာတိုင်းမှာ အောင်ပွဲနဲ့ ကြံ့ခိုင်တည်ကြည်မှုတွေကို ပေးသနားဖို့ အလ္လာဟ်အရှင်မြတ်ထံမှာ ကျွန်ုပ်တို့ ဆုတောင်းမေတ္တာ ပို့သပါတယ်။" NOM

မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးသွားသည့် ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်လျက်ရှိ NOM မတ် ၂၉၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လ
မန္တလေးငလျင်ကြီးကြောင့် ပြိုကျ ပျက်စီးသွားသည့် ဒုဋ္ဌဝတီတံတားအသစ် ပြန်လည်တည်ဆောက်လျက်ရှိ NOM မတ် ၂၉၊၂၀၂၆ ရန်ကုန်-မန္တလေးအမြန်လမ်းမကြီးပေါ်တွင်တည်ရှိသည့် ဒုဋ္ဌဝတီတံတားသည် မန္တလေးငလျင်ကြီးကြောင့် ပြိုကျပျက်စီးသွားသည့်အတွက် ခရီးသွားပြည်သူများသွားလာမှု လွယ်ကူစေရန် ဒုဋ္ဌဝတီတံတားအသစ်ကြီးကို ပြန်လည်တည်ဆောက်လျက်ရှိကြောင်းသိရသည်။ အဆိုပါတံတားသည် မူလတံတားအရှည် ပေ ၇၀၀ ရှိပြီး ယခုထပ်မံအသစ်တည်ဆောက်သည့် တံတားအရှည်ပေ ၁၀၀၀ ဖြင့်တိုးချဲ့တည် ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။ ယင်းတံတားသည် သံကူကွန်ကရစ် အမျိုးအစားဖြစ်ပြီး ယာဉ်သွားလမ်းတစ်ဖက်ကို အကျယ် ၁၂ ပေခွဲဆိုင်ကယ်တစ်ဖက်ကို ၅ ပေ စီပါရှိမည်ဖြစ်ကြောင်းသိရသည်။ NOM

ကသာဒေသအား အလုံးစုံထိန်းချုပ် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့်
+5
ကသာဒေသအား အလုံးစုံထိန်းချုပ် မတ်လ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ ပူးပေါင်းစစ်ဆေးရေးဂိတ်နှင့် ပညာရေးဒီဂရီကောလိပ်ဝန်းကျင်နေရာများအား လုံခြုံရေးအဖွဲ့များမှ ဝင်ရောက်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား ၉၀ ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ ဆုတ်ခွားထွက်ပြေးသွားခဲ့၊ ဖြစ်စဉ်အတွင်း မိမိဘက်မှ စစ်သည် ၁ ဦး နိုင်ငံတော်အတွက်အသက်စွန့်ခဲ့ပြီးအကြမ်းဖက် သောင်းကျန်းသူများထံမှ အောက်ပါ အလောင်း/ လက်နက်များနှင့် ရန်သူအ‌ခြေပြုစိုးမိုး‌နေရာများအားသိမ်းဆည်းရရှိခဲ့ပါသည်- (၁) အကြမ်းဖက် အလောင်း ၄ လောင်း။ (၂) လက်နက်မျိုးစုံ ၃ လက် - အမ်အေ(၁) သေနတ် ၁ လက်။ - အမ်(၂၂) သေနတ် ၁ လက်။ - အမ်အေ(၄)သေနတ် ၁ လက် တို့အား သိမ်းဆည်းရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ရန်သူ့နောက်သို့ ထပ်ကြပ်လိုက်ရှာဖွေချေမှုန်းလျက်ရှိကြောင်း သိရှိရပါသည်။ တိုက်ပွဲသတင်းစုံ NOM