uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 394 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 937-o'rinni va Myanma mintaqasida 10 119-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 394 obunachiga ega bo‘ldi.

10 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -199 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 8.26% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.89% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 024 marta ko‘riladi; birinchi sutkada odatda 731 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 11 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 394
Obunachilar
-824 soatlar
-577 kunlar
-19930 kunlar
Postlar arxiv
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ် (၅၃/၂၀၂၅) ကို ဒီဇင်ဘာလ(၁၈)ရက်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံးသည် အမိန့်အမှတ် (၅၃/၂၀၂၅) ကို ဒီဇင်ဘာလ(၁၈)ရက် ယနေ့ရက်စွဲဖြင့်ထုတ်ပြန်

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ခွေးရဲ (အရှေ့) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲသို့ PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာပို့ NOM ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့နယ်၊ ခွေးရဲ (အရှေ့) ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲတွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ နံနက် ၆ နာရီအချိန်၌ PDF အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်စာတွေ့ရှိရကြောင်းသတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျောင်း၏ ခြံဝင်းတံခါးပေါက်တွင် ခြိမ်းခြောက်စာသားများရေးသားထားသည့် စာရွက် တစ်ရွက်အား ညှပ်ထားသည်ကို တွေ့ရရှိရသဖြင့် ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရေပေါ်လေးကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးကို PDF အကြမ်းဖက်အဖွဲ့က ခြိမ်းခြောက်စာပို့၍ အကြမ်းဖက်ခြိမ်းခြောက်မှုများလုပ်ဆောင် NOM ဒီဇင်ဘာ ၁၈၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ရေပေါ်လေးကျေးရွာနေ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးညိုချော (၆၀) နှစ်၏နေအိမ်တွင် ဒီဇင်ဘာလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ခြိမ်းခြောက်စာတွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါနေအိမ်၏ နောက်ကျောဘက်တွင် ကြွပ်ကြွပ်အိတ်ဖြင့် ထည့်ထားသော အကြမ်းဖက်ခြိမ်းခြောက်စာပါရှိသည့် စာအိတ်တစ်အိတ်၊ ငွေစက္ကူ ၂၀၀ ကျပ်တန် တစ်ရွက်၊ ၇.၆၂ x ၃၉ ကျည်တစ်တောင့်တို့အား တွေ့ရှိရသဖြင့်သိမ်းဆည်းရှင်းလင်းခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

ဒီဇင်ဘာလ၁၈ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အထူးစစ်ဆင်ရေးကာလအတွင်းရုရှားသည်ယူကရိန်း၏စစ်ဘက်ဆိုင်ရာပစ္စည်း၁၀၃၀၀၀ကိုဖျက်ဆီးနိုင်ခဲ့ပြီးထိုအထဲမှ၅၅၀၀မှာအနောက်နိုင်ငံကထောက်ပံ့ထားသောပစ္စည်းများဟု ရုရှားကာကွယ်ရေးဝန်ကြီးဘယ်လူဆော့ဗ်ကပြောသည်။ ၂။နျူကလီးယားသိပ္ပံပညာရှင်နှင့်MIT ပါမောက္ခ နူနိုလူရီယာရို သည် ဘော့စ်တွန်မြို့ရှိ ၎င်း၏ အိမ်တွင် ပစ်ခတ်သတ်ဖြတ်ခံရသည်။ ၃။အမေရိကန်သမ္မတထရမ့်သည်ဆီးရီးယား၊ပါလက်စတိုင်း၊ဘာကီနာဖာဆို၊မာလီ၊နိုင်ဂျာ၊တောင်ဆူဒန်နိုင်ငံသားတို့အားအမေရိကန်သို့လာရောက်ခွင့်လုံးဝပိတ်ပင်လိုက်သည်။ ၄။အီရန်၏ တောင်ဘက် ဟိုမုဇ်ကျွန်းပေါ်တွင် ရွာသွန်းခဲ့သော ပြင်းထန်သည့် မိုးကြောင့် ကမ်းရိုးတန်းအစိတ်အပိုင်းများသည် စီးဆင်းနေသော အနီရောင် သွေးကဲ့သို့ ပြောင်းလဲသွားခဲ့သည်။(ဗီဒီယို) ၅။ဒီဇင်ဘာလ၂၂ရက်နေ့ကွာလာလမ်ပူတွင်ကျင်းပမည့်အာဆီယံနိုင်ငံခြားရေးဝန်ကြီးများထိပ်သီးအသည်းအဝေးသို့တက်ရောက်ရန်ထိုင်းနှင့်ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးများကသဘောတူလိုက်ကြသည်။

ဘက်ထရီလျှပ်စစ်စက်ခေါင်းအသုံးပြုပြီး မန္တလေး-လားရှိုးလမ်းပိုင်းရှိ ပြင်ဦးလွင်-ဇီးပင်ကြီး-ပြင်ဦးလွင် ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ပြင်ဦးလွင်-ဂုတ်ထိပ်-ပြင်ဦးလွင် ခရီးစဉ်စတင်ပြေးဆွဲပေးမည် နေပြည်တော် ဒီဇင်ဘာ ၁၇ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန မြန်မာ့မီးရထားအနေဖြင့် အများပြည်သူလူထုရထားဖြင့် ခရီးသွားလာမှု အဆင်ပြေချောမွေ့စေရေးအတွက် ရထားလမ်းပိုင်းအသီးသီးတွင် လူစီးရထားခရီး စဉ်များကို စီစဉ်ပြေးဆွဲပေးလျက်ရှိရာ မန္တလေး-လားရှိုး လမ်းပိုင်းရှိ ဇီးပင်ကြီး-ပြင်ဦးလွင်-ဂုတ်ထိပ် လမ်းပိုင်းတွင် ပြည်တွင်းမှ ခရီးသွားလာမည့် ပြည်သူများ၊ နိုင်ငံခြားသား ခရီးသွားလာသူများအား သမိုင်းဝင်ဂုတ်ထိပ် တံတားကြီးအား လေ့လာကြည့်ရှုနိုင်ရန်၊ လမ်းခရီးရှိရေမြေ တောတောင်သဘာဝရှုခင်းများ လေ့လာကြည့်ရှုနိုင်ရန်၊ ရှမ်းပြည်နယ်အတွင်းရှိ ဒေသခံပြည်သူများနှင့် ချစ်ကြည်ရင်းနှီးမှုရရှိစေရန်နှင့် ဒေသန္တရဗဟုသုတများ ရရှိစေရန်ရည်ရွယ်၍ ဇီးပင်ကြီး-ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်အား ဘက်ထရီလျှပ်စစ်စက်ခေါင်း(BEL) အသုံး ပြုပြီး အမှတ်(၁၃၁)အဆန် ဇီးပင်ကြီး-ပြင်ဦးလွင်၊ အမှတ်(၁၃၂)အစုန် ပြင်ဦးလွင်- ဇီးပင်ကြီး ရထားခရီးစဉ်နှင့် RBE ရထားဖြင့် ဂုတ်ထိပ်(၁)ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်(၂) ဂုတ်ထိပ်-ပြင်ဦးလွင် ရထားခရီးစဉ်များကို ဒီဇင်ဘာ ၁၉ ရက်မှစတင်၍ အပတ်စဉ်စနေ၊ တနင်္ဂနွေရက်များတွင် ပြေးဆွဲပေးမည် ဖြစ်သည်။ ဘက်ထရီ လျှပ်စစ်စက်ခေါင်းဖြင့် ပြေးဆွဲမည့် အမှတ်(၁၃၁)အဆန်ရထားသည် ဇီးပင်ကြီး ဘူတာမှ နံနက် ၆ နာရီတွင် စတင်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ နံနက် ၇ နာရီခွဲတွင် ဆိုက်ရောက်မည်ဖြစ်ကာ ဂုတ်ထိပ်(၁) RBE ရထားသည် ပြင်ဦးလွင်ဘူတာမှ နံနက် ၈ နာရီတွင် ထွက်ခွာ၍ ဂုတ်ထိပ်ဘူတာသို့ နံနက် ၁၁ နာရီခွဲတွင်ရောက်ရှိရပ်နားပြီး ဂုတ်ထိပ်(၂)RBE ရထားသည် ဂုတ်ထိပ်ဘူတာမှ မွန်းလွဲ ၁၂ နာရီခွဲတွင် ပြန်လည်ထွက်ခွာ၍ ပြင်ဦးလွင်ဘူတာသို့ ညနေ ၄ နာရီတွင် ပြန်လည်ရောက်ရှိမည်ဖြစ်သည်။ ပြင်ဦးလွင်မှ ဇီးပင်ကြီးသို့ ဆက်လက်လိုက်ပါလိုသည့် ခရီးသည်များအနေဖြင့် ပြင်ဦးလွင် ဘူတာမှ ညနေ ၄ နာရီ ၁၅ မိနစ်တွင် စတင်ထွက်ခွာမည့် အမှတ် (၁၃၂) အစုန် BEL ရထားဖြင့် ဆက်လက် လိုက်ပါနိုင်ပြီး ဇီးပင်ကြီးသို့ ညနေ ၆ နာရီ တွင် ဆိုက်ရောက်မည်ဖြစ်သည်။ ဇီးပင်ကြီး-ပြင်ဦးလွင်၊ ပြင်ဦးလွင်-ဇီးပင်ကြီး BEL ရထားခရီးစဉ်တွင် အထက်တန်းလူစီးတွဲတစ်တွဲ၊ ရိုးရိုတန်း လူစီးတွဲနှစ်တွဲနှင့် ဘရိတ်တွဲတစ်တွဲပါရှိပြီး လက်မှတ်ခနှုန်းထားမှာ ဇီးပင်ကြီးမှ ပြင်ဦးလွင်အထိ ရိုးရိုးတန်း ကျပ် ၅၀၀၀ နှင့် အထက်တန်းကျပ် ၁၀၀၀၀ ဖြစ်သည်။ ပြင်ဦးလွင်-ဂုတ်ထိပ်၊ ဂုတ်ထိပ်-ပြင်ဦးလွင် RBE ရထားခရီးစဉ်တွင် ခရီးသည် ၄၀ လိုက်ပါစီးနင်းနိုင်မည် ဖြစ်ပြီးလက်မှတ်ခနှုန်းထားမှာ ပြင်ဦးလွင် မှ ဂုတ်ထိပ်အထိ ကျပ် ၁၅၀၀၀ ဖြစ်ပြီး လမ်းခရီးတွင် ပွဲကောက်၊ ဝက်ဝံ၊ ဆမ်ဆယ်၊ နောင်ချိုဘူတာများနှင့် ပြင်ဦးလွင် - ဇီးပင်ကြီးခရီးစဉ်၌ အနီးစခန်းနှင့် သုံးတောင်ဘူတာတို့တွင် ရပ်တန့်ပေး မည်ဖြစ်သည်။ နောင်တွင် အပတ်စဉ် စနေ၊ တနင်္ဂနွေရုံးပိတ်ရက်များ၌ ပြေးဆွဲပေးသွားမည် ဖြစ်ပြီး အဆိုပါ ပြင်ဦးလွင်-ဂုတ်ထိပ် အသွား၊ အပြန်ခရီးစဉ်အတွက် ခရီးသွားကုမ္ပဏီများ (Tour Company)၊ ခရီးသွား အေဂျင်စီများ၊ Private School စသည့် ဝန်ဆောင်မှုလုပ်ငန်းများမှ RBE ရထား (တစ်စီးလုံး) ငှားရမ်းလိုပါက ၂၄ ဦး လိုက်ပါစီးနင်းနိုင်ပြီး အသွား၊ အပြန် ခရီးစဉ်အတွက် တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် စုစုပေါင်း ကျပ်ခုနစ်သိန်း နှစ်သောင်းကျသင့်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သတင်းရရှိသည်။

photo content

တွေ့ဆုံစဉ် ကချင်ပြည်နယ်ပညာရေးမှူးက ပြည်နယ်အတွင်း ယခုနှစ် Grade-12 ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများ အောင်ချက်မြင့်မားရေးအတွက် စီစဉ်ဆောင်ရွက်ထားရှိမှု၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအကောင်အထည်ဖော် ဆောင်ရွက်နေမှုများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြရာ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာ ရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)က ဆွေးနွေးပြောကြားရာတွင် ယခုနှစ် ဖြေဆိုကြမည့် Grade-12 စာမေးပွဲနှင့် ပတ်သက် ၍ ကချင်ပြည်နယ်၏ ယမန်နှစ် Grade-12 စာမေးပွဲအောင်ချက် ရာခိုင်နှုန်းနှင့် အဆင့်ထက် မလျော့ကျသွားအောင် ယခုနှစ်ဖြေဆိုကြမည့် ကျောင်းသား ကျောင်းသူများကို ထူးချွန်အောင်မြင်စေရန်နှင့် အောင်ချက်ရာခိုင်နှုန်း ဆက်လက်မြင့်မားစေ ရေး၊ တန်းစဉ်ကူးပြောင်းမှုနှင့် ပတ်သက်၍ အတန်းအလိုက် နှစ်စဉ် အပြည့်အဝ တန်းစဉ် ကူးပြောင်းနိုင်ရေး တာဝန်ရှိသူများ၊ ဆရာ ဆရာမများနှင့် မိဘများက အတူတကွဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန်၊ ထို့ပြင် ဆရာ ဆရာမများအနေဖြင့်လည်း ကျောင်းသား ကျောင်းသူများကို စာပေပညာသင်ကြားပေးရာတွင် တန်းစဉ်အလိုက် စာကျေအောင်၊ စာတတ်အောင် လေ့ကျင့်သင်ကြား ပေးကြရန်လိုကြောင်းမှာကြားပြီး လိုအပ်သည်များကို ပြည်နယ်ဝန်ကြီးချုပ်၊ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်လိုကြောင်းဖြင့် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး နေပြည်တော် ဒီဇင်ဘာ ၁၇ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ် ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးနှင့် တာဝန်ရှိသူများလိုက်ပါ၍ ယနေ့နံနက်ပိုင်းတွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ဆေးကုသမှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်နှင့် ပြည်သူစစ်(ဌာနေ) တပ်ဖွဲ့ဝင်များကို သွားရောက်ကြည့်ရှု အားပေးစကားပြောကြားသည်။ ဦးစွာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် နယ်မြေခံတပ်မတော်ဆေးရုံသို့ ရောက်ရှိရာဆေးရုံတပ်မှူးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည်ဆေးရုံတွင် တက်ရောက်ဆေးကုသ မှုခံယူလျက်ရှိသည့် အရာရှိ၊ စစ်သည်၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များကို တစ်ဦးချင်းလိုက်လံကြည့်ရှု၍ ဒဏ်ရာရရှိမှု၊ ရောဂါဖြစ်ပွားမှုအခြေအနေများ၊ ဆေးဝါးကုသပေးထားမှု အခြေအနေများနှင့် ကျန်းမာရေးတိုးတက်ကောင်းမွန်လာမှု အခြေအနေများအား ရင်းရင်းနှီးနှီးလိုက်လံမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့် အဖွဲ့ဝင်များသည် ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များမှာကြားကာ ဆေးရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကျန်းမာရေးဝန်ထမ်းများအတွက် ချီးမြှင့် ငွေများ ပေးအပ်သည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနား မြို့ရှောင်လမ်းအတွင်း မော်တော်ယာဉ်များဖြင့် လိုက်လံ ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ နယ်မြေခံတပ်ရင်း၊ တပ်ဖွဲ့များကို လိုက်လံကြည့်ရှုစစ်ဆေးကာ အိမ်ထောင်သည် လိုင်းခန်းတွင် ရဲမေများနှင့်တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများအား ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့် အဖွဲ့ဝင်များသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ရိပ်သာဧည့်ခန်းမ၌ ပြည်နယ်/ ခရိုင်/ မြို့နယ်များမှ ပညာရေးမှူးများ၊ ကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ ပြည်နယ်အတွင်း ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေး မှာကြားသည်။

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒ
+1
နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြစ်ကြီးနားမြို့ရှိ နယ်မြေခံတပ်မတော်ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူနေသူများအား သွားရောက်ကြည့်ရှုအားပေး

ငွေစက္ကူအတု ဖမ်းဆီးရမိမှုများရှိသဖြင့် အတုနှင့်အစစ်ခွဲခြားနိုင်သည့် အချက်များနှင့် ငွေစက္ကူအတုမှန်းသိ၍ သုံးစွဲပါက ငွေဒဏ် နှင့
ငွေစက္ကူအတု ဖမ်းဆီးရမိမှုများရှိသဖြင့် အတုနှင့်အစစ်ခွဲခြားနိုင်သည့် အချက်များနှင့် ငွေစက္ကူအတုမှန်းသိ၍ သုံးစွဲပါက ငွေဒဏ် နှင့်ထောင်ဒဏ် နှစ်ရပ်လုံးချမှတ်ခံရနိုင်ကြောင်း ဗဟိုဘဏ် ထုတ်ပြန်ဒီဇင်ဘာ၁၈၊၂၀၂၅

လိူင်သာယာတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်၁၂ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၈၊၂၀၂၅ ရန်ကုန်တိုင်း၊လိူင်သာယာမြို့နယ်၊ မီးခွက်စျေး အောက်ထိ
လိူင်သာယာတွင် စက်ရုံကြိုပို့ယာဉ်တိမ်းမှောက်၁၂ဦးဒဏ်ရာရ NOM၊ဒီဇင်ဘာ၁၈၊၂၀၂၅ ရန်ကုန်တိုင်း၊လိူင်သာယာမြို့နယ်၊ မီးခွက်စျေး အောက်ထိပ်တွင်ယနေ့ဒီဇင်ဘာ၁၈ရက်နံနက်၇နာရီခန့်ကစက်ရုံကြိုပို့ယာဉ်တိမ်းမှောက်ခဲ့ရာ ၁၂ဦးဒဏ်ရာရရှိခဲ့ကြောင်း မြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာစက်ရုံကြိုပို့ဖယ်ရီကားသည် စက်ရုံအလုပ်သမားများတင် ဆောင်ပြီးတမာကုန်းမှာလာရာမီးခွက်စျေးအောက်ထိပ်အရောက်တွင်အရှိန်းများပြီးစလစ်ဖြစ်ကာတိမ်းမှောက်ခဲ့ကြောင်းသိရသည်။ "ကျွန်တော်တို့အသင်းကိုဖုန်းဆက်အကူညီတောင်လို့သွားရောက်ကူညီခဲ့တာပါ သေဆုံးသူကတော့မရှိပါဘူး စက်ရုံအလုပ်သမားအမျိုးသားတစ်ဦး၊ အမျိုးသမီး၁၁ဦဦးစုစုပေါင်း၁၂ဦးဒဏ်ရာရရှိခဲ့ပါတယ်သူတို့ကိုမြေပြင်ကူညီမှုလုပ်ပြီးဆေးရုံပို့ပေးခဲ့ပါတယ်" ဟုမြတ်ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဒဏ်ရာရရှိခဲ့သောလူနာ၁၂ဦးကို မြတ် ကုသိုလ်လူမှုကယ်ဆယ်ရေးအသင်းကားဖြင့် လိူင်သာယာမြို့နယ် ဆေးရုံ သို့ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ဟာသသရုပ်ဆောင် ညောင်ညောင်အသည်းရောဂါဖြင့်ကွယ်လွန် NOM၊ဒီဇင်ဘာ၁၈၊၂၀၂၅ ဟာသသရုပ်ဆောင် ညောင်ညောင်အသက် ၆၂ နှစ်သည် ယမန်နေ့ ဒီဇင်ဘာ ၁၇
ဟာသသရုပ်ဆောင် ညောင်ညောင်အသည်းရောဂါဖြင့်ကွယ်လွန် NOM၊ဒီဇင်ဘာ၁၈၊၂၀၂၅ ဟာသသရုပ်ဆောင် ညောင်ညောင်အသက် ၆၂ နှစ်သည် ယမန်နေ့ ဒီဇင်ဘာ ၁၇ ရက်၊ညပိုင်း ၇နာရီတွင်ကွယ်လွန်သွားခဲ့ကြောင်း ၎င်းနှင့်နီးစပ်သူများထံမှသိရသည်။ သရုပ်ဆောင် ညောင်ညောင် (ခ) ဦးညီညီလှိုင်သည်ရန်ကုန်မြို့၊‌မြောက်ဥက္ကလာပမြို့နယ်ရှိ OSC ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် အသည်းရောဂါဖြင့် ကွယ်လွန် ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ "ကိုညီရေ ဒီတခါတော့ တကယ်နှုတ်ဆက်သွားပြီပေါ့သံသရာတကွေ့..ပြန်တွေ့ကြရအောင်ဗျာ"ဟု ထပ်ဆင့်အကယ်ဒမီ သရုပ်ဆောင် လွင်မိုးကလည်း ဝမ်းနည်းကြောင်းသူ၏လူမှုကွန်ယက်တွင်ရေးသား ထား ကြောင်းသိရသည်။

Repost from NOM
အိန္ဒိယက ငယ်သူငယ်ချင်းနှစ်ဦးဟာ တသက်မှာ တကြိမ်သာ ရှာတွေ့နိုင်တယ်လို့ တင်စားခဲ့ကြတဲ့ အစိမ်းရောင်စိန်တလုံးကို တူးဖော်တွေ့ရှိခဲ့က
+1
အိန္ဒိယက ငယ်သူငယ်ချင်းနှစ်ဦးဟာ တသက်မှာ တကြိမ်သာ ရှာတွေ့နိုင်တယ်လို့ တင်စားခဲ့ကြတဲ့ အစိမ်းရောင်စိန်တလုံးကို တူးဖော်တွေ့ရှိခဲ့ကြပါတယ်။ ပေါင် ၄ သောင်းကျော် တန်ဖိုးရှိတယ်လို့ သိရပြီး ဆင်းရဲမွဲတေပြီး စိန်သိုက်တွေရှိလို့ နာမည်ကျော်တဲ့ Panna မြို့မှာ တွေ့ရှိခဲ့ကြတာလို့ ဆိုပါတယ်။ ၁၅.၃၄ ကာရက်ရှိတဲ့ စိန်ကို မြို့ရဲ့ တရားဝင်အကဲဖြတ်သူက တန်ဖိုးဖြတ်ပေးခဲ့တာဖြစ်ပြီး အကောင်းဆုံးသဘာ၀စိန်အမျိုးအစားတွေထဲက တခုလည်း ဖြစ်ပါတယ်။ ရူပီး ၅ သန်းကနေ ၆ သန်းကြား တန်ဖိုးရှိတယ်လို့ ရာဖြတ်က ပြောဆိုခဲ့ပြီး အစိုးရကတဆင့် ပြုလုပ်တဲ့ လေလံပွဲတွေမှာ ရောင်းချသွားဖို့လည်း စီစဉ်ထားပါတယ်။ သူတို့နှစ်ဦးဟာ အစ်မတွေ မင်္ဂလာဆောင်နိုင်ဖို့အတွက် စိန်တူးဖော်ဖို့ ဆုံးဖြတ်ခဲ့ပြီး စျေးရောင်းသမားဘ၀ကို စွန့်လွှတ်ခဲ့ကြတာပါ။ မိသားစုမျိုးဆက်ထဲမှာလည်း ဒီလိုမျိုး စိန်ရှာဖွေသူတွေရှိခဲ့ပြီး သူတို့အလှည့်မှာတော့ ကံကောင်းခဲ့တာဖြစ်ပါတယ်။ NOM

Repost from NOM
ဘင်္ဂလားဒေ့ရှ်မှာ အနောက်တိုင်းပုံစံဝတ်စားထားတဲ့ မိန်းကလေးတဦးကို public area မှာ အမျိုးသားတွေက ဝိုင်းဝန်းကာ နောက်ပြောင်စော်ကားမှုတွေ လုပ်ခဲ့တာလို့ သိရပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားပိုင်နက်အတွင်း ဆီတင်သင်္ဘောတွေကို လုံး၀ပေးမဝင်နဲ့လို့ ထရမ့်က အမိန့်ထုတ်ခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ မာဒူရိုကလည်း ဆီတင်သင်္ဘောတွေကို ကာကွယ်စောင့်ရှောက်ဖို့ ဗင်နီဇွဲလားရေတပ်ကို အမိန့်ပေးလိုက်ပါတယ်။ NOM

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ အွန်
+9
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၁၀ လုံး ထပ်မံဖြိုချဖျက်ဆီး၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က ဓါးများဖြင့်ထိုးခုတ်သတ်ဖြတ်သွား
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က ဓါးများဖြင့်ထိုးခုတ်သတ်ဖြတ်သွား NOM ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ဈေးတန်းရပ်ကွက်နေ ရာအိမ်မှူးဦးစိုးမိုးကျော် (၅၁) နှစ်သည် ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၈ နာရီ ၅၅ မိနစ်အချိန်၌ အဆိုပါရပ်ကွက်အနီးရှိ ၎င်းပိုင်တောင်ယာခင်းအတွင်း ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)ရောက်ရှိလာပြီး ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးစိုးမိုးကျော်တွင် ဓားဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား
+7
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါမြို့နယ်၊ ပန်စင်ကျေးရွာအနီး၌ အွန်လိုင်းလိမ်လည်လောင်းကစားမှုလုပ်ငန်းများ လုပ်ကိုင်နေသူများအား လုပ်ငန်းသုံးဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ

ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သတ်ဖြတ် NOM ဒီဇင်ဘာ ၁၈၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ကြို့ပင်ကောက်မြို့နယ်၊ လှေတုံးကျေးရွာနှင့် သရက်ကိုင်းကျိုးကျေးရွာသွား လမ်းမပေါ်တွင် အမျိုးသားနှစ်ဦးသေဆုံးနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဒီဇင်ဘာလ ၁၅ ရက်နေ့၌ ညောင်ညင်ပင်ကျေးရွာနေ ဦးသက်လွင် (၃၃) နှစ်နှင့် လှေတုံးကျေးရွာနေ ဦးခင်ဇော်ဝင်း (၅၁) နှစ်တို့နှစ်ဦးအား PDF အကြမ်းဖက်အဖွဲ့ အင်အား ၅၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် စာမေးပွ
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် စာမေးပွဲဖြေဆိုရန်သွားသည့် အသက် (၁၄) နှစ်အရွယ် ကျောင်းသူတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၁၈၊ ၂၀၂၅ မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၆ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် ကျောင်းသူတစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ နံနက် ၈ နာရီ ၃၅ မိနစ်အချိန်၌ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ညောင်စဉ် (ပြည်တော်သာ) ကျေးရွာနေ အခြေခံပညာမူလတန်းကျောင်း (စဉ့်ကူ) မှ Grade-5 ကျောင်းသူ မဖူးပွင့်သော် (၁၄) နှစ်သည်၎င်း၏နေအိမ်မှ ကျောင်းသို့ စာမေးပွဲဖြေဆိုရန် ညောင်ဦး-ချောက်ကားလမ်းအတိုင်း ခြေလျင်ထွက်ခွာလာစဉ် ကုက္ကိုချောင်းကျေးရွာအနီးအရောက် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM