uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 460 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 930-o'rinni va Myanma mintaqasida 10 092-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 460 obunachiga ega bo‘ldi.

03 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -217 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.15% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.81% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 891 marta ko‘riladi; birinchi sutkada odatda 848 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 04 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 460
Obunachilar
-924 soatlar
-317 kunlar
-21730 kunlar
Postlar arxiv
🇮🇷⚠️အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်း မူဆာဗီ (Abdolrahim Mousavi) သည် အီရန်တော်လှန်ရေး
+3
🇮🇷⚠️အီရန်လက်နက်ကိုင်တပ်ဖွဲ့များ၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး အဗ္ဗဒူရာဟင်း မူဆာဗီ (Abdolrahim Mousavi) သည် အီရန်တော်လှန်ရေးအစောင့်တပ် (IRGC) ၏ မြေအောက်ဒုံးပျံအခြေစိုက်စခန်းတစ်ခုသို့ ယနေ့အစောပိုင်းတွင် သွားရောက်စစ်ဆေးခဲ့သည်။ ယခုအခါတွင် ထိပ်ဖူးအပြင်းစားတပ်ဆင်ထားသည့် တာဝေးပစ် ခိုရန်ရှာ - ၄ ('Khorramshahr-4') ဒုံးကျည်များအား မြေအောက်အခြေစိုက်စခန်းတစ်ခုအတွင်း ပထမဆုံးအကြိမ်အဖြစ် မြင်တွေ့ရခြင်းဖြစ် သည်။ ခိုရန်ရှာ - ၄ ဒုံးကျည်ဆိုင်ရာ အချက်အလက်များ ၁။ အခြေခံအချက်အလက်များနှင့် အမျိုးအစား ခိုရန်ရှာ - ၄ သည် အီရန်နိုင်ငံထုတ် စတုတ္ထမြောက် မျိုးဆက်သစ် တာဝေးပစ် ပဲ့ထိန်းဒုံးကျည်ဖြစ်ပြီး ၎င်းကို "Kheibar" ဟုလည်း အမည်ပေးထားသည်။ ဤဒုံးကျည်သည် အရည်သုံးလောင်စာ (Liquid Propellant) စနစ်ကို အခြေခံထားသော်လည်း အဆင့်မြင့် နည်းပညာများဖြင့် အဆင့်မြှင့်တင်ထားသော အမျိုးအစား ဖြစ်သည်။ ၂။ ပစ်ခတ်နိုင်သည့် စွမ်းဆောင်ရည် ပစ်ခတ်နိုင်သည့် အကွာအဝေး: အမြင့်ဆုံး ကီလိုမီတာ ၂,၀၀၀ (၁,၂၄၂ မိုင်) အထိ တိကျစွာ ပစ်ခတ်နိုင်သည်။ ထိပ်ဖူးသယ်ဆောင်နိုင်မှု: အလေးချိန် ၁,၅၀၀ ကီလိုဂရမ် (၁.၅ တန်) ရှိသော ပေါက်ကွဲအားပြင်း ထိပ်ဖူးကို သယ်ဆောင်နိုင်သည်။ ၎င်းသည် အီရန်နိုင်ငံရှိ ဒုံးကျည်များအနက် ထိပ်ဖူးအလေးချိန် အများဆုံး သယ်ဆောင်နိုင်သော ဒုံးကျည်အမျိုးအစားများတွင် ပါဝင်သည်။ အရှိန်နှုန်း: လေထုပြင်ပတွင် အသံထက် ၁၆ ဆ (Mach 16) နှင့် လေထုအတွင်းသို့ ပြန်လည်ဝင်ရောက်ချိန်တွင် အသံထက် ၈ ဆ (Mach 8) အထိ အရှိန်မြှင့်တင်နိုင် သည်။ ၃။ ထူးခြားသော နည်းပညာရပ် များ လောင်စာသိုလှောင်မှုစနစ်: ဤဒုံးကျည်၏ ထူးခြားချက်မှာ လောင်စာများကို ဒုံးကျည်အတွင်း ထည့်သွင်းလျက်ပင် နှစ်ပေါင်းများစွာ ကြာရှည်စွာ သိုလှောင်ထားနိုင်ခြင်းဖြစ်သည်။ ထိုနည်းပညာကြောင့် ပစ်ခတ်ရန် ပြင်ဆင်ချိန်ကို ၁၂ မိနစ်ဝန်းကျင် အထိ လျှော့ချနိုင်သဖြင့် စစ်မြေပြင် တွင် အလျင်အမြန် တုံ့ပြန်နိုင်စွမ်း ရှိသည်။ လမ်းညွှန်စနစ်နှင့် တိကျမှု: ဒုံးကျည်၏ အလယ်ပိုင်းပျံသန်းမှု (Mid-course phase)တွင် လမ်းကြောင်း ပြုပြင်နိုင်သည့် စနစ်များ ပါဝင် သောကြောင့် ရည်မှန်းချက် ပစ်မှတ် ကို ပိုမိုတိကျစွာ ထိမှန်နိုင်သည်။ ဒုံးကျည်ကာကွယ်ရေးစနစ်များကို ကျော်ဖြတ်ခြင်း: အရှိန်အလွန်မြင့် မားခြင်းနှင့် လေထုအတွင်း ပြန်လည်ဝင်ရောက်လာသည့် အဆင့်တွင် လမ်းကြောင်း ပြောင်းလဲနိုင်စွမ်း ရှိခြင်းတို့ကြောင့် ရန်သူ၏ ဒုံးကျည် ကာစနစ် (Anti-ballistic missile systems) များအနေဖြင့် ကြားဖြတ် ဟန့်တားရန် ခက်ခဲစေသည်။ ၄။ မဟာဗျူဟာမြောက် အရေးပါမှု ခိုရန်ရှာ - ၄ သည် မြေအောက်စခန်းများမှ ပစ်ခတ်နိုင်ရန် ပိုမိုကျစ်လျစ်သော ဒီဇိုင်းဖြင့် တည်ဆောက်ထားသည်။ မြေအောက်စခန်းများတွင် သိုလှောင်ထားရှိခြင်းဖြင့် ရန်သူ၏ ကြိုတင်တိုက်ခိုက်မှုများမှ ကာကွယ်နိုင်သည့်အပြင် အရှေ့အလယ်ပိုင်းဒေသအတွင်းရှိ အချက်အခြာကျသော ပစ်မှတ်များကို ခြိမ်းခြောက်နိုင်သည့် လက်နက်တစ်ခုအဖြစ် ရှုမြင်ကြသည်။ News Of Myanmar NOM

Feb-4 ▪️မုံရွာမှာ ပြည်သူကိုပြန်ပေးဆွဲတဲ့ အကြမ်းဖက် PDF အဖွဲ့ကိုတပ်မတော်က အသေပစ်ခတ်ဖမ်းဆီး ဖေ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး
+3
Feb-4 ▪️မုံရွာမှာ ပြည်သူကိုပြန်ပေးဆွဲတဲ့ အကြမ်းဖက် PDF အဖွဲ့ကိုတပ်မတော်က အသေပစ်ခတ်ဖမ်းဆီး ဖေ ၃ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ သာစည်မီးပွိုင့်အနီး ပြည်သူကိုပြန်ပေးဆွဲဖို့လာတဲ့ အကြမ်းဖက် PDF ၂ ကောင်ရောက်နေကြောင်း ပြည်သူများက သတင်းပေးသည့်အတွက် လုံခြုံရေးအဖွဲ့များက ပိတ်ဆို့ဖမ်းဆီးရာ အကြမ်းဖက် PDF များက လက်နက်ငယ်များနှင့် စတင်ပစ်ခတ်သည့်အတွက် လုံခြုံရေးအဖွဲ့များက ပြန်လည်ပစ်ခတ်ဖမ်းဆီးခဲ့ရာ PDF တစ်ဦး အသေဖမ်းဆီးရမိပြီး လက်နက်ပါသည့် PDF တစ်ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်းသိရ… - ပြည်သူတွေကတော့ အကြမ်းဖက်ပဒပ်တွေကို လက်မခံကြတော့ဘူး…အကုန်သတင်းပေးနေကြပြီ.. တိုက်ပွဲသတင်းစုံ NOM

ကမ္ဘောဇသာဒီနန်းတော်ဝင်းအတွင်း ဆောက်လုပ်ဆဲအုတ်ရိုးပြိုကျ အလုပ်သမား လေးဦးဒဏ်ရာရ NOM၊ဖေဖော်ဝါရီ၄၊၂၀၂၆ ပဲခူးတိုင်း ၊ ပဲခူးမြို့ ၊ နန်းတော်ရာရပ်ကွက်အတွင်းရှိ ကမ္ဘောဇသာဒီနန်းတော်ဝင်းထဲတွင် ဖေဖော်ဝါရီ ၂ ရက် ညနေ ၃ နာရီ ခွဲခန့်က ဆောက်လုပ်ဆဲ အုတ်ရိုးပြိုကျခဲ့ရာအလုပ်သမား လေးဦဒဏ်ရာ ရရှိခဲ့ကြောင်း ပဲခူးမြို့နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဥ်မှာ ကမ္ဘောဇသာဒီနန်းတော်ဝင်းထဲတွင် ဆောက်လုပ်ဆဲအုတ်ရိုးကို ဘက်ဟိုကားဖြင့် ဘေးမှမြေကြီးများကို တွန်းပြီးပြန်ဖို့ရာတွင် ပြိုကျခဲ့ရာတစ်ဖက်တွင်ပန်ရံအချောကိုင်နေ သည့်အလုပ်သမားလေးဦးဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ "အုတ်ရိုးကို အချောကိုင်နေတဲ့ အလုပ်သမားလေးဦးဘဲဒဏ်ရာရတာပါသေဆုံးတယ်ဆိုတာမရှိပါဘူးဒဏ်ရာကလည်းကြီးကြီးမာမာရတာလည်းမရှိပါဘူး"ဟု ပဲခူးမြို့နယ်မီးသတ်မှတာဝန်ရှိသူတစ်ဦးကပြောသည်။ အဆိုပါ အုတ်ရိုးပြိုကျမှု ဖြစ်စဥ်ကိုပဲခူး မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များ၊ရဲတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအဖွဲ့များဖြင့် ကူညီကယ်ဆယ်ရေး ပြုလုပ်ခဲ့ပြီးဒဏ်ရာ ရရှိသူများကို ပဲခူးဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်းသိရသည်။

ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မြစန္ဒာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၄၊၂၀၂၆ ရန်ကုန် -မန္တလေးအမြန်လမ်း
ရန်ကုန် -မန္တလေးအမြန်လမ်းတွင် မြစန္ဒာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား NOM၊ဖေဖော်ဝါရီ၄၊၂၀၂၆ ရန်ကုန် -မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင် အမှတ်(၂၆၀/၃)တွင်ယနေ့ဖေဖော်ဝါရီ၄ရက်နံနက်၅နာရီ၂၈မိနစ်ခန့်က မြစန္ဒာ ခရီးသည်တင်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွါးကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဖြစ်စဉ်မှာ ရန်ကုန်မှတောင်ကြီးဘက်သို့ထွက်ခွားလာသောမြစန္ဒာ ခရီးသည်တင်ယာဉ်သည် မန္တလေးတိုင်း ပျော်ဘွယ် မြို့နယ်၊ ပေပင်လေးကျေးရွာအနီးရှိမိုင်တိုင် အမှတ်(၂၆၀/၃)အရောက်တွင် ကားနောက်အင်ဂျင်ခန်း အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ 'ကားပေါ်မှာခရီးသည်ကတော့နှစ်ဦးဘဲပါ ပါတယ်ကုန်တွေကတော့အများကြီးပါ ပါတယ် ကားအင်ဂျင်နောက်ခန်းကမီးလောင်တာပါ ကားရှေ့ဘက်ကို တော့ကူးစက်မှုတော့မရှိပါဘူး မီးလောင်မှုကြောင့် လူဒဏ်ရာရနဲ့ သေဆုံးမှုတော့မရှိပါဘူး"ဟု ပေပင်လေးအမြန်မီးသတ်စခန်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် ပေပင်လေးအမြန်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေသယ်ယာဉ်၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ နံနက်၅နာရီ ၄၃ မိနစ်တွင် မီးငြိမ်းသွား ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ
+1
တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူတစ်ဦးထိခိုက်ဒဏ်ရာရ ဖေဖော်ဝါရီ ၄၊ ၂၀၂၆ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန်တန်ဖိုးမြင့် ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျို
+6
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန်တန်ဖိုးမြင့် ပေါ်ဆန်းမွှေး စပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေး ကွင်းဆင်းကြည့်ရှု ဖေဖော်ဝါရီ ၄၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီလ ၃ ရက်နေ့၊ နံနက်ပိုင်းက တောင်ငူမြို့နယ်အတွင်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ်ဆန်းစပါးမျိုးများ တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုဖြည့်ဆည်းပေးခဲ့သည်။ ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ငူမြို့နယ်၊ ထန်းတောကျေးရွာအုပ်စု၌ တစ်ကွင်းတစ်ဆက်တည်း ပြည်ပပို့ကုန် တန်ဖိုးမြင့်ပေါ် ဆန်းမွှေးစပါးများ သတ်မှတ်ဧကအတိုင်း ပြည့်မီစွာစိုက်ပျိုးရေး ကြိုတင်ပျိုးထောင်ထားရှိမှုအား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီးနောက် တောင်ငူ မြို့ရှောင် ရထားလမ်းဖောက်လုပ်နေမှုအား ကွင်းဆင်းကြည့်ရှုခဲ့ရာ စီမံကိန်းရှင်းလင်းဆောင်၌ မြန်မာ့မီးရထားအင်ဂျင်နီယာဌာန တာဝန်ရှိသူတစ်ဦးက အကြိုအင်ဂျင်နီယာလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု၊ တာဘောင်မြေကြီးလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဘဏ္ဍာရေးနှစ်အလိုက် ရှေ့ဆက်ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် ကေတုမတီမြို့ဟောင်း၊ ရှေ့ဟောင်းကျုံး မြောက်ဘက်ခြမ်း အရှည် ၁၄၃၀ပေ၊ အနံ ၁၀ ပေ ဆလံလျှောနံရံ လိပ်သဲကျောက်စီခြင်းလုပ်ငန်းခွင့် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး တည်ဆောက်ရေးလုပ်ငန်များအားလုံး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ယင်းနောက် ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကေတုမတီမြို့ဟောင်း မြောက်ဘက်မြို့ရိုး တူးဖော်ထားရှိမှု၊ နွံကျုံးနှင့် မြို့ရိုးအကြား မြက်စိုက်ပျိုးနိုင်ရေးနှင့် မော်ကွန်းတံခါး၌ ရှေးဟောင်းမူလလက်ရာအတိုင်း ကျုံးကူးတံတား တည်ဆောက်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းသမိုင်းဆိုင်ရာ အထောက်အထားများ ပြန်လည်ဖော်ထုတ်ရာတွင် လုပ်ငန်းစဉ်အဆင့်ဆင့်တိုင်း စနစ်တကျဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် ရှေးဟောင်းဘုတ်တလုပ်ရေကန်နှင့် ဆက်စပ် အဆောက်အဦးများတူးဖော်နေမှု၊ ကေတုမတီမြို့ဟောင်း နန်းတော်ရာနေရာအား GPR စက်ဖြင့် သုတေသနပြုတူးဖော်ထိန်းသိမ်းထားရှိမှုနှင့် ကေတုမတီရှေးဟောင်းကျုံးအနောက်တောင်ဘက် သစ်ရင်းတံခါးပေါက်အနီး၌ မြို့ရိုးတူးဖော်နေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ရှေးဟောင်းဧရိယာ နယ်နိမိတ်အတွင်း ကျုးကျော်မှုမရှိစေရေးနှင့် ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ရေရှည်တည်တံ့ခိုင်မြဲစေရေး ထိန်းသိမ်းစောင့်ရှောက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် တောင်ငူမြို့နယ်၊ ကျွန်းကုန်းကျေးရွာရှိ ဦးရဲဝင်း၏ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ဖြစ်သည့် Solar စနစ်ဖြင့် မြေပဲဆီစက် လည်ပတ်ထုတ်လုပ်နေမှု၊ ဆီစက်မှ ထွက်ရှိလာသည့် ပဲဖက်များအား ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့်ရောစပ်၍ တိရိစ္ဆာန်အစာ ထုတ်လုပ် နေမှုတို့အား ကွင်းဆင်းကြည့်ရှုအားပေးခဲ့ပြီး ကုန်ထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ၎င်းနောက် တောင်ငူမြို့၊ ထီးနီကုန်းပန်းခြံတည်ဆောက် နေမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြေယာရှုခင်းလှပသေသပ်အောင် ဆောင်ရွက်ရန်၊ လျှောက်လမ်းများ လမ်းချော်မှုမရှိစေရေး၊ မြက်ခင်းပြင်များ ညီညာစိမ်းစိုလှပစေရေးနှင့် ပန်းခြံအတွင်းပန်းရောင်စုံဖူးပွင့်ဝေဆာစေရေး စဉ်ဆက်မပြတ် ထိန်းသိမ်းဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ News Of Myanmar NOM

Repost from NOM
🇺🇸🇷🇺☄"အမေရိကန်-ရုရှား မဟာဗျူဟာမြောက်နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် (START) သက်တမ်းကုန်ဆုံးတော့မည့်အပေါ် စိုးရိမ်မှ
🇺🇸🇷🇺☄"အမေရိကန်-ရုရှား မဟာဗျူဟာမြောက်နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် (START) သက်တမ်းကုန်ဆုံးတော့မည့်အပေါ် စိုးရိမ်မှုများ" ကြာသပတေးနေ့တွင် သက်တမ်းကုန်ဆုံးမည့် အမေရိကန်-ရုရှား မဟာဗျူဟာမြောက် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ်သည် စစ်အေးတိုက်ပွဲနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ကမ္ဘာလုံးဆိုင်ရာ နျူကလီးယားလက်နက် ပြိုင်ဆိုင်မှုကို ဖြစ်ပေါ်စေနိုင်ကြောင်း Politico သတင်းဌာနက ဖော်ပြခဲ့သည်။ ရုရှားနိုင်ငံက စက်တင်ဘာလတွင် အဆိုပါသဘောတူညီချက်ကို နောက်ထပ်တစ်နှစ် သက်တမ်းတိုးရန် အဆိုပြုကာ စတင်ခြေလှမ်းပြင်ခဲ့သော်လည်း ထရန့်အစိုးရအဖွဲ့ဘက် မှ တရားဝင်တုံ့ပြန်မှု မရှိသေးပေ။ ပင်တဂွန်စစ်ဌာနချုပ်သည် START စာချုပ်အသစ်မရှိတော့သည့်နောက် ပိုင်း အခြေအနေများအတွက် ပြင်ဆင်ရန် အစည်းအဝေးများ ပြုလုပ်နေသော်လည်း ထိုအစည်းအဝေးများတွင် မည်သည်တို့ကို ဆွေးနွေးခဲ့သည်ဆိုသည်မှာ ရှင်းရှင်းလင်းလင်း မရှိသေးပါ။ "ကျွန်တော်တို့ဟာ အလွန်မရေမရာဖြစ်တဲ့ လမ်းစကို ရင်ဆိုင်နေရပါတယ်။ အကယ်၍ ထရန့်နဲ့ ပူတင်တို့ဟာ မကြာခင်မှာ နားလည်မှု တစ်စုံတစ်ရာ မရယူနိုင်ဘူးဆိုရင် ရုရှားနဲ့ အမေရိကန်တို့ဟာ သူတို့ရဲ့ ဒုံးကျည်တွေမှာ နျူကလီးယားထိပ်ဖူးတွေ ပိုမိုတပ်ဆင်လာဖို့ အလားအလာရှိပါတယ်" ဟု လက်နက်ထိန်းချုပ်ရေးအသင်း (Arms Control Association) ၏ အမှုဆောင်ဒါရိုက်တာ ဒါရီယယ် ကင်ဘောလ်က ပြောကြားခဲ့သည်။ ထရန့်က တရုတ်နိုင်ငံပါဝင်သည့် သဘောတူညီချက်အသစ်တစ်ရပ် ကို ညှိနှိုင်းလိုကြောင်း အရိပ်အမြွက် ပြောဆိုထားသည်။ ပူတင်ကလည်း ဗြိတိန်နှင့် ပြင်သစ်တို့အနေဖြင့် စာချုပ်သစ်တွင် ပါဝင်ရန် တောင်းဆိုထားသည်။ အမေရိကန်သမ္မတသည် နောက်ထပ်ခြေလှမ်းများကို စဉ်းစားနေစဉ်အတွင်း နျူကလီးယားထိန်းချုပ်ရေးစာချုပ် မရှိခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အန္တရာယ်များကို လျှော့ချပြောဆိုနေသည်။ "စာချုပ်သက်တမ်းကုန်ရင်လည်း ကုန်ပါစေ။ ကျွန်တော်တို့က ပိုကောင်းတဲ့ သဘောတူညီချက်တစ်ခုကိုပဲ လုပ်ဆောင်သွားမှာပါ" ဟု ဇန်နဝါရီလအတွင်းက နယူးယောက်တိုင်းမ်သတင်းဌာနနှင့် အင်တာဗျူးတွင် ထရန့်က ပြောကြားခဲ့သည်။ START စာချုပ် သက်တမ်းကုန်ဆုံးခြင်းသည် ရေဂင်အစိုးရလက်ထက် နောက်ပိုင်း နှစ်ပေါင်း ၄၀ အတွင်း အမေရိကန်အနေဖြင့် ရုရှားနှင့် နျူကလီးယားလက်နက် ထိန်းချုပ်ရေးစာချုပ် မရှိတော့သည့် ပထမဆုံးအကြိမ် ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် ပင်တဂွန်အနေဖြင့် ရုရှားနှင့် တရုတ်၏ စစ်ရေးအင်အား တိုးချဲ့မှုကို တန်ပြန်ရန် နည်းလမ်းသစ် များကို အရေးပေါ် ရှာဖွေရနိုင်ဖွယ် ရှိသည်။ အမေရိကန်၏ မဟာမိတ်များသည်လည်း အမေရိကန်နှင့် ပူးပေါင်းခြင်း မဟုတ်သော်လည်း ကိုယ်ပိုင်အစီအစဉ်ဖြင့် ကြားဝင် ဆောင်ရွက်လာနိုင်ခြေ ရှိသည်။ ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်အဖြစ် ဥရောပသည်လည်း လက်နက်ပြိုင်ဆိုင်မှုတွင် ပါဝင် လာပြီး ၎င်းတို့၏ နျူကလီးယားလက်နက်တိုက်ကို စတင်တိုးချဲ့လာနိုင်သည်။ ဂျာမနီအဓိပတိ မက်ဇ်က ဥရောပနိုင်ငံများသည် တိုက်ကြီးအတွင်း ဘုံနျူကလီးယား ထီးရိပ်တစ်ခု (Common nuclear umbrella) ဖန်တီးရန် ဆွေးနွေးမှုများ စတင်နေပြီဖြစ်ကြောင်း ပြီးခဲ့သည့်အပတ်က ပြောကြားခဲ့သည်။ သို့သော်လည်း နျူကလီးယားလက်နက်ဆိုင်ရာ ကန့်သတ်ချက်များကို ဖယ်ရှားခြင်းသည် အမေရိကန်အတွက် အကျိုးရှိမည်မဟုတ် ကြောင်း အဆိုပါသတင်းဌာနက ယူဆထားသည်။ "အခုလို သဘောတူညီချက် ပျက်ပြားသွားနိုင်တာဟာ အလွန်တင်းမာနေတဲ့ အချိန်အခါမျိုးမှာ ဖြစ်ပေါ်လာတာပါ။ ရုရှားနဲ့ တရုတ် တို့ဟာ သူတို့ရဲ့ မဟာဗျူဟာမြောက် လက်နက်တိုက်တွေကို တိုးချဲ့နေကြပြီး ကရင်မလင်ကလည်း ယူကရိန်းအပေါ် နျူကလီးယားလက်နက် အသုံးပြုဖို့ ခြိမ်းခြောက်နေပါတယ်။ ရုရှားဟာ ယူကရိန်းစစ်ပွဲအတွင်း အသုံးပြုခဲ့တဲ့ 'Oreshnik' ပဲ့ထိန်းဒုံးကျည်လိုမျိုး နျူကလီးယားထိပ်ဖူးတင်ဆောင်နိုင်တဲ့ အလတ်စားဒုံးကျည်တွေကို သိသိသာသာ တိုးမြှင့်ထားပါတယ်။ တရုတ်ကလည်း သူတို့ရဲ့ နျူကလီးယားလက်နက်ပမာဏကို နှစ်ဆထက်မက တိုးချဲ့ထားချိန်မှာ အမေရိကန် ကတော့ နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ ယာဉ်/ပလက်ဖောင်း အချို့ကို လျှော့ချထားပါတယ်" ဟု Politico က ရေးသားထားသည်။ News Of Myanmar NOM

Repost from NOM
+1
ရုရှားနိုင်ငံ၊ Krasnoyarsk မှာ ၁၄ နှစ်အရွယ် ကျောင်းသူလေးတဦးက သူမရဲ့ အတန်းဖော်တွေကို မီးရှို့ကာ တူနဲ့ပါ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တဦးကတော့ မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံတက် ကုသမှုခံယူနေရပါတယ်။ အဆိုပါမိန်းကလေးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ News Of Myanmar NOM

Repost from NOM.World News
+1
ရုရှားနိုင်ငံ၊ Krasnoyarsk မှာ ၁၄ နှစ်အရွယ် ကျောင်းသူလေးတဦးက သူမရဲ့ အတန်းဖော်တွေကို မီးရှို့ကာ တူနဲ့ပါ ရိုက်နှက်မှု ဖြစ်ပွားခဲ့ပါတယ်။ ၂ ဦး ဒဏ်ရာရရှိခဲ့ပြီး တဦးကတော့ မီးလောင်ဒဏ်ရာတွေကြောင့် ဆေးရုံတက် ကုသမှုခံယူနေရပါတယ်။ အဆိုပါမိန်းကလေးကိုလည်း ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ News Of Myanmar NOM

Repost from NOM.World News
မော်စကိုနဲ့ အခြားသော ရုရှားမြို့ကြီးတွေမှာ တရုတ်နှစ်သစ်ကူးပွဲတော်တွေကို ကျင်းပသွားမယ်လို့ ပူတင်က ရှီကျင့်ဖျင်ကို ပြောဆိုခဲ့ပါတယ်။ ဒါဟာ ရုရှားအတွက်လည်း ကောင်းမွန်တဲ့ အစဉ်အလာတခု ဖြစ်နေပြီလို့လည်း သူက ဆက်ပြောခဲ့ပါတယ်။ အပြန်အလှန်အားဖြင့် ရှီကျင့်ဖျင်ကလည်း တရုတ်မှာ ရုရှားရိုးရာပွဲတော်တွေကို ကျင်းပခဲ့ပြီး နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုက အဆင့်သစ်တခုဆီ ပို့ဆောင်ပေးခဲ့ပြီလို့ ဆိုခဲ့ကာ ပိုမိုတရားမျှတတဲ့ ကမ္ဘာလုံးဆိုင်ရာ အုပ်ချုပ်မှုစနစ်ကို တည်ထောင်ဖို့အတွက် ဆက်လက်ကူညီပေးသွားမယ်လို့လည်း ဆိုခဲ့ပါတယ်။ News Of Myanmar NOM

ဖေဖော်ဝါရီလ၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ၏ဒုတိယသားဖြစ်သူဆာအိဖ်ကဒါဖီသည်ဟမ်မာဒါမြို့ရှိသူ၏နေအိမ
+1
ဖေဖော်ဝါရီလ၄ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။လစ်ဗျားခေါင်းဆောင်ဟောင်းကဒါဖီ၏ဒုတိယသားဖြစ်သူဆာအိဖ်ကဒါဖီသည်ဟမ်မာဒါမြို့ရှိသူ၏နေအိမ်တွင်ယနေ့လုပ်ကြံသတ်ဖြတ်ခံလိုက်ရသည်။(ဓါတ်ပုံ) ၂။အဆင်မပြေဖြစ်နေသောအမေရိကန်သမ္မတထရမ့်နှင့်ကိုလံဘီယာသမ္မတဂတ်စ်တာဗိုပက်ဒရိုတို့တွေ့ဆုံဆွေးနွေးပြီးနောက်ပက်ဒရိုကဆွေးနွေးမှုများကိုကျေနပ်ကြောင်းပြောခဲ့သည်။(ဓါတ်ပုံ) ၃။ လွန်ခဲ့သည့်ရက်များကအီရန်တောင်ပိုင်းဆိပ်ကမ်းမြို့အနီးကီလို၇၀၀အထိကပ်လာသောအမေရိကန်လေယာဥ်တင်သင်္ဘောအုပ်စုသည်ယနေ့အီရန်ဆိပ်ကမ်းနှင့်ကီလိုမီတာ၁၄၀၀အကွာအထိပြန်လည်ဆုတ်ခွာသွားသည်။ ၄။အများပြည်သူသို့ဖွင့်ချလိုက်သောကလေးသူငယ်လိင်ကုန်သည်သူဌေးကြီးအပ်စတိန်း၏ဖိုင်များထဲတွင်အပ်စတိန်းကလူဆိုးအတော်များများသူဆက်ဆံဘူးသော်လည်းထရမ့်လောက်ဆိုးသည့်သူမရှိဟုရေးသားထားသည်။ ၅။အမေရိကန်ကခြိမ်းခြောက်နေသည့်ကြားမှမက္ကဆီကိုသမ္မတကလော်ဒီယာသည်ကျူးဘားသို့လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးပို့နေသည့်အပြင်ကျူးဘားသို့လောင်စာဆီပို့ဆောင်ရန်ပါနည်းလမ်းရှာဖွေနေသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၄၊ ၂၀၂၆ ရခိုင်ပြည်နယ်ဝန်ကြ
+4
ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများကြည့်ရှုစစ်ဆေး ဖေဖော်ဝါရီ ၄၊ ၂၀၂၆ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ဌာနဆိုင်ရာရုံးများတွင် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ဦးဥတ္တမပန်းခြံအဝင် မုခ်ဦး တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်မည့်နေရာအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဦးဥတ္တမပန်းခြံသို့ ယာဉ်များအဝင်အထွက်ကောင်းမွန်စေရေးနှင့် ကောင်းမွန်သော ဒီဇိုင်းပုံစံဖြင့် စနစ်တကျဆောင်ရွက်သွားကြရန် မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ရွာကြီးမြောက်ရပ်ကွက်၊ စက်ရုံလမ်းအပိုင်း(၃) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ စစ်ကဲလမ်း၊ ဆတ်ရိုးကျချောင်း Life တံတားမှ စက်ရုံလမ်းထိ) ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းဆောင်ရွက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ညွှန်ကြားရေးမှူး ဦးကျော်မိုးက လုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးကြကာ ဆတ်ရိုးကျချောင်း Life တံတား၏ ကြံ့ခိုင်မှုအခြေအနေကိုသွားရောက်ကြည့်ရှုစစ်ဆေးပြီး တံတားကြံ့ခိုင်မှုရှိစေရေးနှင့် အနီးပတ်ဝန်းကျင်သန့်ရှင်းသာယာရေး ဆောင်ရွက်သွားကြရန် တာဝန်ရှိသူများအား မှာကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ လျှပ်စစ်ဓာတ်အားခွဲရုံ သို့သွားရောက်၍ ခွဲရုံအတွင်း လျှပ်စစ်ပစ္စည်းများထားသိုမှုကို လှည့်လည်ကြည့်ရှုကြရာ ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာမှူးနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ပြည်နယ်ပညာရေးမှူးရုံးတွင် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအားလည်းကောင်း၊ ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာနရုံးတွင် Quick Win အစီအစဉ်ဖြင့် လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှု အခြေအနေများအားလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးကြပြီး ဝန်ထမ်းများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြိတ်-ထားဝယ် ခရီးသည်တင် အမြန်ရေယာဉ်တစ်စီးကို PDF အကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အပါအဝင် အပြစ်မဲ့ပြည်သူ ၆ ဦးထိခိုက်ဒဏ်ရာရ NOM ဖေဖော်ဝါရီ ၄၊ ၂၀၂၆ မြိတ်-ထားဝယ်ခရီးစဉ်ပြေးဆွဲနေသည့် ခရီးသည်တင်အမြန်ရေယာဉ်တစ်စီးကို ဖေဖော်ဝါရီလ ၃ ရက်နေ့ နံနက် ၁၁ နာရီအချိန်၌ သရက်ချောင်းမြို့နယ်၊ ဆင်ဖြူပြင် နှင့် ဒေသအခေါ် '၄၁၄'  နေရာအကြားတွင် PDF á€Ąá€€á€źá€™á€şá€¸á€–က်သမဏး ၁၀ ဦးခန့်က ငါးဖမ်းလှေတစ်စီးဖြင့် ခရီးသည်တင်အမြန် ရေယာဉ်​၏ အနားသို့ကပ်လာပြီး လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ထွက်ပြေးသွားသောကြောင့် ဖြစ်စဉ်အတွင်း ပဲ့နင်းမှာဒဏ်ရာအပြင်းအထန်ရခဲ့ပြီး ကလေးငယ်တစ်ဦး၊ အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦးတို့လည်း ထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

အထက်မင်းလှမြို့နယ်၊ ဇီးတောကျေးရွာနှင့် မင်းဂံကျေးရွာအကြား ဘွဲ့ကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၃ စီးအာ
အထက်မင်းလှမြို့နယ်၊ ဇီးတောကျေးရွာနှင့် မင်းဂံကျေးရွာအကြား ဘွဲ့ကျေးရွာအနီး လုံခြုံရေး တပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ၃ စီးအား အကြမ်းဖက်သမားများမှ ချောင်းမြောင်း တိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့် ဖေဖော်ဝါရီ ၄၊ ၂၀၂၆ News Of Myanmar NOM

"တရုတ်နိုင်ငံ၏ ဟိုက်ဘရစ် (Hybrid) ကုန်တင်ဒရုန်းအသစ်သည် ချုံကင်းမြို့တွင် ပထမဆုံးအကြိမ် ပျံသန်းမှုကို ပြုလုပ်ခဲ့သည်။" News Of Myanmar NOM

Repost from NOM
ငွေစက္ကူတွေကို အသုံးပြုကာ ပန်းစည်းအဖြစ်ဖန်တီးပြီး ချစ်သူများနေ့မှာ လက်ဆောင်ပေးတာမျိုး မလုပ်ဖို့အတွက် ကင်ညာဗဟိုဘဏ်က တားမြစ်ခဲ့
ငွေစက္ကူတွေကို အသုံးပြုကာ ပန်းစည်းအဖြစ်ဖန်တီးပြီး ချစ်သူများနေ့မှာ လက်ဆောင်ပေးတာမျိုး မလုပ်ဖို့အတွက် ကင်ညာဗဟိုဘဏ်က တားမြစ်ခဲ့ပါတယ်။ ဒါဟာ နိုင်ငံတော်ငွေကြေးကို ဖျက်ဆီးတဲ့ ပြစ်မှုနဲ့ ညီမျှပြီး ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရနိုင်တယ်လို့ သတိပေးလိုက်ပါတယ်။ ကင်ညာငွေကြေးအသုံးပြုမှုကို ထိန်းချုပ်ထားတဲ့ တည်ဆဲဥပဒေတွေအရ ဖမ်းဆီးခံရမယ်ဆိုရင် ထောင်ဒဏ် ၇ နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့လည်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၄ ရက်နေ့ကို ချစ်သူများနေ့အဖြစ် သတ်မျတ်ထားပြီး အဆိုပါနေ့ရောက်လာရင် ဒီလိုမျိုး ငွေစက္ကူပန်းစည်းတွေကို ချစ်သူတွေကြား အမှတ်တရအဖြစ်နဲ့ လက်ဆောင်ပေးလေ့ရှိကြတာ ဖြစ်ပါတယ်။ News Of Myanmar NOM

Repost from NOM
ထိုင်းနိုင်ငံ၊ နခွန်စီသမ်မာရတ်ပြည်နယ်မှာ နာရေးအိမ်ကို စားသောက်ဆိုင်တန်းလို့ မှားယွင်းပြီး နိုင်ငံခြားသားတွေ ဝင်ရောက်လာခဲ့တဲ့
ထိုင်းနိုင်ငံ၊ နခွန်စီသမ်မာရတ်ပြည်နယ်မှာ နာရေးအိမ်ကို စားသောက်ဆိုင်တန်းလို့ မှားယွင်းပြီး နိုင်ငံခြားသားတွေ ဝင်ရောက်လာခဲ့တဲ့ ဖြစ်ရပ် ဖြစ်ပွားခဲ့ပါတယ်။ နာရေးအိမ်မှာ ဧည့်ခံကျွေးမွေးဖို့အတွက် ခုံတန်းတွေကို စီချထားပြီး အစားအသောက်တွေနဲ့ ဧည့်ခံနေခဲ့တာပါ။ ဒါကို စားသောက်ဆိုင်တန်းမှတ်ပြီး နိုင်ငံခြားခရီးသွားတွေက ဝင်ရောက်လာခဲ့ပြီး စားသောက်တန်းလားလို့ မေးခဲ့ပါတယ်။ အိမ်ရှင်တွေက နာရေးအိမ်ဖြစ်တယ်လို့ ပြောဆိုခဲ့လို့ ခရီးသွားတွေ အံ့အားသင့်ခဲ့ပေမယ့် ထိုင်လို့ရမလား ခွင့်တောင်းခဲ့ရာမှာ အိမ်ရှင်ကလည်း ခွင့်ပြုခဲ့ပြီး အစားအသောက်တွေနဲ့ တည်ခင်းဧည့်ခံပေးခဲ့တယ်လို့ သိရပါတယ်။ ဒီဖြစ်ရပ်ကို ဗီဒီယိုရိုက်ပြီး ဆိုရှယ်မီဒီယာပေါ်မှာ တင်ခဲ့ရာမှာ လူသိများထင်ရှားသွားခဲ့ပြီး ထိုင်းလူမျိုးတွေရဲ့ ကြင်နာတတ်မှုနဲ့ ဖော်ရွေမှုကို ချီးကျူးနေကြပါတယ်။ News Of Myanmar NOM

ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr.Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက် ဂုဏ်ပြုပန်းခြင်းချအလေးပြု ဖေဖော်ဝါရီ ၃၊ ၂၀၂၆ အမျိုးသားလုံခြုံရေးဆိုင်ရာ အကြံပေးပုဂ္ဂိုလ်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) ပြည်ထောင်စုဝန်ကြီး ဦးတင်အောင်စန်း၏ ဖိတ်ကြားချက်အရ မြန်မာနိုင်ငံသို့ရောက်ရှိနေသော ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr. Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် သူရဲကောင်းဗိမာန် (နေပြည်တော်) သို့သွားရောက်၍ ဂုဏ်ပြုပန်းခြင်းချပြီး သူရဲကောင်းစစ်သည်များအား အလေးပြုကြသည်။ ဦးစွာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr.Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းဗိမာန်အတွင်း နေရာယူကြပြီး သူရဲကောင်းစစ်သည်များအား ဂုဏ်ပြုပန်းခြင်းချကာ အလေးပြုကြပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ထို့နောက် ကိုယ်စားလှယ်အဖွဲ့သည် သူရဲကောင်းဗိမာန် (နေပြည်တော်) ၌ အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး ဗိမာန်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြသည်။ ယနေ့ နံနက်ပိုင်းတွင် Jasmine Naypyitaw Hotel ၌ သတင်းအချက်အလက်နည်းပညာနှင့် ဆိုက်ဘာလုံခြုံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဆန်းဝင်းထွန်း၊ အကောက်ခွန်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသိန်းဆွေတို့က ရုရှား Astra ကုမ္ပဏီအဖွဲ့မှ Mr. Nilolai Prnishnikov ဦးဆောင်သောအဖွဲ့အားလည်းကောင်း၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ရုရှားနိုင်ငံ မီဒီယာဆက်သွယ်ရေး ဖွံ့ဖြိုးတိုးတက်ရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဌာနမှ Ms.Lyudmila KATSURO ဦးဆောင်သော အဖွဲ့အားလည်းကောင်း အသီးသီးတွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။ မွန်းလွဲပိုင်းတွင် ရုရှားဖက်ဒရေးရှင်း နိုင်ငံလုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr.Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် နေပြည်တော်လေဆိပ်မှ ပြန်လည်ထွက်ခွာသွားကြရာ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကိုကိုကျော်၊ နိုင်ငံတော်သမ္မတရုံးဝန်ကြီးဌာန (၁) နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ သံအမတ်ကြီးနှင့် တာဝန်ရှိသူများက လေဆိပ်တွင် လိုက်လံပို့ဆောင်နှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်။

ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr.Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သူရဲကောင်းဗိမာန် (န
+1
ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး H.E.Mr.Sergey SHOIGU ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သူရဲကောင်းဗိမာန် (နေပြည်တော်) သို့ သွားရောက် ဂုဏ်ပြုပန်းခြင်းချအလေးပြု

ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) လို မကောင်းဆိုးဝါးကပင် ဒေါ်နယ်ထရန့်ကို "အန္တရာယ်ရှိသူတစ်ယောက်" ဟု ပြောသောအခါ ... "ကျွန
ဂျက်ဖရီ အက်ပ်စတိုင်း (Jeffrey Epstein) လို မကောင်းဆိုးဝါးကပင် ဒေါ်နယ်ထရန့်ကို "အန္တရာယ်ရှိသူတစ်ယောက်" ဟု ပြောသောအခါ ... "ကျွန်တော် လူဆိုးတော်တော်များများကို တွေ့ဖူးပါတယ်။ ဒါပေမဲ့ ဒေါ်နယ်ထရန့်လောက် ဆိုးတဲ့သူ တစ်ယောက်မှ မရှိဘူး။ သူ့ခန္ဓာကိုယ်ထဲမှာ ကောင်းမွန်တဲ့ ဆဲလ်တစ်ခုတောင် မရှိဘူး။ ဒါကြောင့် ဟုတ်ပါတယ်၊ သူဟာ အန္တရာယ်ရှိတဲ့ သူတစ်ယောက်ပါ။" — အက်ပ်စတိုင်း News Of Myanmar NOM