uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 481 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 940-o'rinni va Myanma mintaqasida 10 072-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 481 obunachiga ega bo‘ldi.

30 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -219 ga, so‘nggi 24 soatda esa -6 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.80% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.61% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 224 marta ko‘riladi; birinchi sutkada odatda 825 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 01 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 481
Obunachilar
-624 soatlar
-117 kunlar
-21930 kunlar
Postlar arxiv
အကြမ်းဖက် AA သူပုန်၏ စခန်းကုန်း ၂ ခု သိမ်းပိုက်ရရှိ (ကျောက်ဖြူ) ဖေ ၂၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကြောင်ခိုးချောင်းဖျားဒေသရှိ
+3
အကြမ်းဖက် AA သူပုန်၏ စခန်းကုန်း ၂ ခု သိမ်းပိုက်ရရှိ (ကျောက်ဖြူ) ဖေ ၂၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ ကြောင်ခိုးချောင်းဖျားဒေသရှိ ရန်သူအခြေပြုစခန်း ၂ ခုအား လက်နက်ကြီး၊ Drone ပစ်ကူများယူ၍ တပ်မတော်စစ်ကြောင်းများက စီးနင်းတိုက်ခိုက်ရာ ည ၇ နာရီခွဲအချိန်တွင် ရန်သူ့နေရာများအား အသီးသီး သိမ်းပိုက်ရရှိခဲ့။ ဖြစ်စဉ်တွင် မိမိစစ်သည် ၁ ဦး ဒဏ်ရာရရှိပြီး ရန်သူ့ထံမှ - (၁) အကြမ်းဖက် AA ၃ လောင်း (၂) လက်နက်မျိုးစုံ ၈ လက် - Type-81 သေနတ် ၃ လက် - MA-1 သေနတ် ၁ လက် - MA-3 သေနတ် ၂ လက် - M-23 သေနတ် ၁ လက် (၃) ကျည်အိမ် ၁၃ ခု၊ ကျည် ၁၄၀ တောင့် (၄) လက်ပစ်ဗုံး ၂ လုံး (၅) ဆသရမြောင်းများ (၆) ပစ်ကျင်း/ဘန်ကာများ သိမ်းပိုက်ရရှိခဲ့သည်။ ဝန်းကျင်ရှင်းလင်းနေဆဲဖြစ်၍ ထပ်တိုး အလောင်း၊ လက်နက်များ ရှိနိုင်ပါသည်။ - ရှေ့တန်းစစ်မြေပြင်တွင် လက်နက်ကြီးအား ကျွမ်းကျင်ပိုင်နိုင်စွာဖြင့် ရဲဝံ့စွာပစ်ကူပေးခဲ့သည့် တပ်ကြပ် သောင်းအေး အား စစ်မြေပြင်အဆင့်တိုးဖြင့် တပ်ကြပ်ကြီးအဆင့် ချီးမြှင့်ပေးလိုက်ပါသည်။ - 🏆Congratulations ပါ မြန်မာ့တပ်မတော်သားများ🏆 - တိုက်ပွဲသတင်းစုံ NOM

🤥👹🔥 🇮🇷"သမ္မတထရမ့်အစိုးရအဖွဲ့အကြီးတန်းအကြံပေးများ၏ အီရန်အရေး သဘောထား" ပိုလစ်တီကိုသတင်းဌာန၏ ဖော်ပြချက်အရ သမ္မတဒေါ်နယ်ထရမ့်
🤥👹🔥 🇮🇷"သမ္မတထရမ့်အစိုးရအဖွဲ့အကြီးတန်းအကြံပေးများ၏ အီရန်အရေး သဘောထား" ပိုလစ်တီကိုသတင်းဌာန၏ ဖော်ပြချက်အရ သမ္မတဒေါ်နယ်ထရမ့်၏ အကြီးတန်းအကြံပေးပုဂ္ဂိုလ်များသည် အမေရိကန်ပြည်ထောင်စုက အရင်စတင်တိုက်ခိုက်မည့်အစား အစ္စရေးက အီရန်ကို ဦးစွာတိုက်ခိုက်စေလိုကြောင်းသိရသည်။ အဆိုပါ ဆွေးနွေးမှုများကို သိရှိနားလည်သည့် သတင်းရင်းမြစ်နှစ်ခု၏ အဆိုအရ - အကယ်၍ အစ္စရေးက အီရန်ကို စတင်တိုက်ခိုက်ပါက အီရန်ဘက်မှ တုံ့ပြန်မှုများ ရှိလာမည်ဖြစ်ပြီး ထိုအခြေအနေသည် အမေရိကန်စစ်တပ်က တိုက်ရိုက်ပါဝင်ပတ် သက်လာရန်အတွက် အမေရိကန်ပြည်သူလူထု၏ ထောက်ခံမှုကို ပိုမိုလွယ်ကူစွာ ရရှိနိုင်လိမ့်မည်ဟု ထရမ့်အစိုးရအဖွဲ့အတွင်းရှိ တာဝန်ရှိသူများက ယုံကြည်နေကြသည်။ NOM

မြန်မာနိုင်ငံမှာ အစိုးရသစ်တက်လာတာနဲ့ ဝမ်းသာကြောင်းပြောမယ့် နိုင်ငံတွေထဲမှာ တရုတ်၊ ရုရှားနဲ့ ဘီလာရုဇ်လို နိုင်ငံမျိုးတွေ ရှိနေတယ်။ ဒါက ဒီ ၅ နှစ်အတွင်းမှာ အစိုးရ အချင်းချင်းကြား ဒီပလိုမေစီ အားကောင်းခဲ့တာလည်းပါသလို နိုင်ငံအချင်းချင်းတွေကြား အကျိုးစီးပွားအရ ပူးပေါင်းတာတွေလည်းရှိတယ်။ အိမ်နီးချင်းတွေက တည်ငြိမ်တဲ့ အုပ်ချုပ်ရေးဖွဲ့စည်းမှုကို လိုလားတယ်။ စွမ်းအင်/စီးပွားရေးစင်္ကြံနဲ့ပတ်သက်တဲ့ ဆက်စပ် အကျိုးစီးပွား တွေကို မျှော်လင့်နေကြတယ်ဆိုတာလည်း တွေ့ရတယ်။ ------ ထူးခြားတာက မနေ့က တက်လာတဲ့ ပဲပုပ်ဖက်သတင်းက အတော်လေး စိတ်ဝင်းစားစရာ ကောင်းတယ်။ အမေရိကန်သာ ပထမဆိုတဲ့ မူကိုကျင့်သုံးတဲ့ ဒေါ်နယ်ထရမ့်အတွက်က လူ့အခွင့်အရေးထက် အကျိုးစီးပွားကိုသာ အဓိက ဦးတည်ပြီးဆက်ဆံမှာပဲ။ ရွေးကောက်ပွဲ နဲ့ ပတ်သက်ပြီး သီးခြား မှတ်ချက်ပေးတာမျိုးလည်း မရှိခဲ့ဘူး။ လိုအပ်ရင် တရုတ် ထိန်းချုပ်ရေး ဆိုတဲ့ မူရဲ့နောက်ကွယ်မှာ မြန်မာအစိုးရကို ဒီတိုင်းလွှတ်ထားတာထက် အတို့၊ အထိ တွေနဲ့ ကစားလာဖို့ များတယ်။ ထရမ့်လက်ထက်မှာ ကံကောင်းတာတစ်ခုက မြန်မာက သူတို့ အတွက် ဦးစားပေး ဖြစ်မနေတာပဲ။ ပိတ်ဆို့မှု ချန်ထားနိုင်သေးတယ် ဆိုရင်တောင် သိပ်ပြီး ပြင်းပြင်းထန်ထန် လုပ်တာမျိုး မတွေ့ရဘူး။ ဒါပေမယ့် Strategic Buffer အဖြစ်နဲ့တော့ ဆက်ရှိနေဦးမယ့်သဘောပဲ။ ----- နောက်ထပ် ပကတိအရှိတရားတစ်ခုက မြန်မာနိုင်ငံက တပ်မတော် အုပ်ချုပ်တဲ့ အစိုးရ မဟုတ်တော့ဘူး။ မကြာခင် ရွေးကောက်ခံအရ တက်လာမယ့် အစိုးရသစ်က ယူနီဖောင်း ကနေ အရပ်ဝတ်ပြောင်းဝတ်ပြီး အစိုးရပဲတက်ဖြစ်ဖြစ်၊ တပ်မတော်ထောက်ခံတဲ့ ပါတီကပဲ အနိုင်ရတယ်ပြောပြော။ ဒါ တွေက အရေးမကြီးတော့ဘူး။ ရှေ့မှာ ဒီမိုကရေစီသဘော တရားအရ (၅၇)ပါတီပါတဲ့ ရွေးကောက်ပွဲဆိုတာ အောင်အောင်မြင်မြင်နဲ့ ကျင်းပပြီးစီး ထားခဲ့ပြီးသား။ လွှတ်တော်ပေါ်လာရင် နိုင်ငံတကာကို Political Normalization Signal ပေးနိုင်တယ်။ ------ ဒီရက်ပိုင်း အာဆီယံကလည်း ဘုံသဘောတူညီချက် (၅)ရပ်ကို ပြန်စဉ်းစားသုံးသပ်မယ် ဆိုတဲ့ အသံတွေ တဖြည်းဖြည်းထွက်လာတာမြင်ရတယ်။ ထိုင်း-မြန်မာ နှစ်နိုင်ငံ နိုင်ငံခြား ရေးဝန်ကြီးတွေ တွေ့ထားတယ်။ ရက်သိပ်မကြာခင်မှာ တရုတ်-မြန်မာ နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ကြတယ်။ နိုင်ငံရေးမှာ တိုက်ဆိုင်တယ်ဆိုတာ မရှိဘူး။ ဖြစ်နိုင်တာက ဒေသတွင်းတည်ငြိမ်ရေး ဒိုမီနိုအဖက် မရှိတော့ရင်၊ လက်တွေ့နိုင်ငံရေးအရ ချဉ်းကပ် မှာပဲ။ ------- ခြုံကြည့်ရင် သံတမန်ရေးမှာ နိုင်ငံတကာအမြင်ကို ဘက်မလိုက်မူကို ကိုင်ရင်း အိမ်နီးချင်း နိုင်ငံကြားမှာ ယုံကြည်နိုင်လောက်တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ထားသင့်တယ်။ တည်ငြိမ်မှုကို ထိန်းသိမ်းပြီး မဟာဗျူဟာမြောက် ဘက်စုံဆက်ဆံရေးနဲ့ သွားနိုင်အောင် လုပ်ရမယ်။ နိုင်ငံရေးကို အခြေမခံဘဲ အကျိုးစီးပွားကိုပဲ ဦးစားပေးရမယ်။ စီးပွား ရေးအတွက်ဆိုရင်လည်း နယ်စပ်ကုန်သွယ်ရေးလမ်းတွေ၊ တရုတ်-မြန်မာစီးပွားရေး စင်္ကြံ တွေ၊ ထားဝယ် ရေနက် ဆိပ်ကမ်းစီမံကိန်းတွေနဲ့ တာထွက်နိုင်အောင် ကြိုးစားကြရ တော့မယ်။ လာမယ့်ကာလ ဒီ(၅)နှစ်ဟာ "နိုင်ငံရေး၊ ပထဝီနိုင်ငံရေးနဲ့ စီးပွားရေးတွေပါ ချိတ်ဆက်ထားတဲ့ အခင်းအကျင်းကြီးကို ဘယ်လို ဖြတ်ကျော်ကြမလဲဆိုတဲ့ စိန်ခေါ်မှုတွေနဲ့ နဖူးတွေ့၊ ဒူးတွေ့ ရင်ဆိုင် ကြရတော့မယ့် အခြေအနေလည်း ဖြစ်နေတာအမှန်ပဲ။ (နရီမိုး)

Repost from NOM.World News
🇨🇺🔥🇺🇸"အမေရိကန်တွင်မှတ်ပုံတင်ထားသည့် ရေယာဉ်တစ်စီး ကျူးဘားရေပိုင်နက်အတွင်းကျူးကျော်ဝင်ရောက်ပြီး ကျူးဘားကမ်းခြေစောင့်တပ်ဖွဲ့ကို စတင်ပစ်ခတ်၊ ၄ ဦးသေ ၆ ဦးဒဏ်ရာရ" အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ ကျူးဘားပြည်ထဲရေဝန်ကြီးဌာန၏ တရားဝင်ထုတ်ပြန်ချက် - "ကျူးဘားရေပိုင်နက်အတွင်းသို့ ကျူးကျော်ဝင်ရောက်လာသော အမြန်နှုန်းမြင့် စက်လှေတစ်စီးကို တွေ့ရှိခဲ့သည်။ အဆိုပါ ရေယာဉ်သည် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ်တွင် မှတ်ပုံတင်ထားကြောင်း သိရှိရသည်။ ကျူးဘားကမ်းခြေစောင့်တပ်ဖွဲ့မှ မည်သူမည်ဝါဖြစ်ကြောင်း စစ်ဆေးရန် အဆိုပါရေယာဉ်အနီးသို့ ချဉ်းကပ်စဉ် စက်လှေပေါ်ပါရှိသူများက ကျူးဘားတပ်ဖွဲ့ဝင်များအား စတင်ပစ်ခတ်ခဲ့သဖြင့် ကျူးဘားရေယာဉ်မှူးတစ်ဦးဒဏ်ရာရရှိခဲ့သည်။ ထို့နောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီးနောက် အမေရိကန်တွင် မှတ်ပုံတင်ထားသော နိုင်ငံခြားရေယာဉ်ပေါ်ပါ ကျူးကျော်သူ ၄ ဦး သေဆုံးပြီး ၆ ဦး ဒဏ်ရာရရှိခဲ့သည်။ ကျူးဘားနိုင်ငံအနေဖြင့် မိမိတို့၏ ရေပိုင်နက်ကို ကာကွယ်စောင့်ရှောက်သွားမည်ဟူသော သန္နိဋ္ဌာန်ကို ထပ်လောင်းအတည်ပြုပြီး နိုင်ငံတော်ကာကွယ်ရေးသည် ကျူးဘားအစိုးရ၏ အဓိကမဏ္ဍိုင်ဖြစ်သည်ဟူသော မူဝါဒအပေါ် ခိုင်ခိုင်မာမာ ရပ်တည်လျက်ရှိသည်။" NOM

Repost from NOM.World News
🇲🇽🇨🇴🇧🇷 "ယူကရိန်းမှာတာဝန်ထမ်းဆောင်နေတဲ့ မက္ကဆီကို၊ ကိုလံဘီယာနဲ့ ဘရာဇီးကြေးစားစစ်သားတွေ လက်တင်အမေရိကကိုပြန်နေကြ" ယူကရိန်းလက်နက်ကိုင်တပ်ဖွဲ့မှာ တာဝန်ထမ်းဆောင်နေတဲ့ မက္ကဆီကို၊ ကိုလံဘီယာနဲ့ ဘရာဇီးနိုင်ငံတို့က ကြေးစားစစ်သားတွေဟာ ဟာလစ္စကို မျိုးဆက်သစ် (CJNG) မူးယစ်ဂိုဏ်းခေါင်းဆောင် အယ်လ်မန်ချို (El Mencho) လုပ်ကြံခံရပြီးနောက်ပိုင်း ယူကရိန်းကနေ ထွက်ခွာပြီး လက်တင်အမေရိကကို ပြန်နေကြပါတယ်။ အကြောင်းရင်းကတော့ မက္ကဆီကိုအာဏာပိုင်တွေကို ရင်ဆိုင်ဖို့အတွက် မူးယစ်ရာဇာတွေက လုပ်ခလစာကို အဆပေါင်းများစွာ ပိုပေးနေလို့ပဲ ဖြစ်ပါတယ်။ မက်ရှ်ရဲ့ဖော်ပြချက်အရ တိုက်ပွဲအတွေ့အကြုံမရှိတဲ့ စစ်သားသစ်တွေကိုတောင် ဒေါ်လာ ၁၅,၀၀၀ အထိ ကမ်းလှမ်းနေကြတာပါ။ တစ်ဖက်မှာတော့ ယူကရိန်းမှာ ပေးနေတဲ့ အနိမ့်ဆုံးလစာဟာ ပုံမှန်အားဖြင့် ဒေါ်လာ ၃,၀၀၀ သာ ရှိပါတယ်။ လက်ရှိမှာတော့ မက္ကဆီကိုမူးယစ်ဂိုဏ်းတွေရဲ့ လက်အောက်မှာ စစ်သည်အင်အား အနည်းဆုံး ၃၀,၀၀၀ ခန့် တာဝန်ထမ်းဆောင်နေပြီ ဖြစ်ပါတယ်။ သူတို့ပြန်ရတဲ့ နောက်ထပ်အကြောင်းရင်းတစ်ခုကတော့ ယူကရိန်းစစ်ပွဲအတွင်း စစ်ပန်းလာမှုကြောင့်ပါ။ ကိုလံဘီယာတိုက်ခိုက်ရေးသမားတွေဟာ စစ်မှုထမ်းရတဲ့ အခြေအနေတွေကို မခံနိုင်တော့တဲ့အတွက် သူတို့ကို နေရပ်ပြန်ခေါ်ပေးဖို့ သူတို့ရဲ့ သမ္မတထံ အရင်ကတည်းက တောင်းဆိုခဲ့ဖူးပါတယ်။ ကံကောင်းသူတချို့က မာလီနိုင်ငံကတစ်ဆင့် ပြန်ခွင့်ရခဲ့ပေမဲ့ ကျန်တဲ့သူတွေကတော့ ဆူမီ (Sumy) နဲ့ ကူပြန့်စ် (Kupyansk) နားက ပြင်းထန်တဲ့တိုက်ပွဲတွေကို ရင်ဆိုင်ခဲ့ကြရပါတယ်။ အခုအခါမှာတော့ တောင်အမေရိကန်တပ်သားတွေဟာ ရိုမေးနီးယားနဲ့ ပိုလန်နိုင်ငံတွေကတစ်ဆင့် မက္ကဆီကိုစီးတီးဆီကို တိုက်ရိုက်ပျံသန်းပြီး ကိုယ့်အစီအစဉ်နဲ့ကိုယ် နေရပ်ပြန်နေကြပါပြီ။ အာဖရိကမှာ တာဝန်ကျခဲ့သူတွေလည်း မက္ကဆီကိုစီးတီးကိုပဲ ပို့ဆောင်ခြင်း ခံနေရပါတယ်။ ဒါဟာ မက္ကဆီကိုက မူးယစ်ဂိုဏ်းတွေကို နှိမ်နင်းနေတဲ့စစ်ပွဲကနေ ရရှိလာတဲ့ မမျှော်လင့်ထားတဲ့ အကျိုးအမြတ်တစ်ခုပဲ ဖြစ်ပါတော့တယ်။ NOM

Repost from NOM.World News
🗣 သမ္မတဒေါ်နယ်ထရန့်၏ ၂၀၂၆ ခုနှစ် နိုင်ငံတော်အခြေပြမိန့်ခွန်းမှ ကောက်နုတ်ချက်အချို့- 🗣 သမ္မတထရန့် - "ကျွန်တော်တို့ အရင်ကနဲ့မတူအောင် အောင်ပွဲတွေ ရနေပါတယ်။ လူတွေက ကျွန်တော့်ကို 'ဆာ (ခင်ဗျား) ကျွန်တော်တို့ ဆက်ပြီး မတောင့်ခံနိုင်တော့ဘူး။ ဒါတွေက အောင်ပွဲတွေ သိပ်များလွန်းနေပြီ။ဘာလုပ်ရမှန်းတောင် မသိတော့ဘူး' လို့ ပြောကြတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ 'မဟုတ်သေးဘူး။ ငါတို့ ဒီထက်မက အောင်ပွဲခံရဦးမယ်' လို့ ပြန်ပြောလိုက်ပါတယ်။" 🗣 သမ္မတထရန့် - "ဆိုမာလီပင်လယ်ဓားပြတွေဟာ အမေရိကန်၊ မင်နီဆိုတာပြည်နယ်ကို လုယက်ဖျက်ဆီးနေကြပြီ။" 🗣 သမ္မတထရန့် - "တရားမဝင် ဝင်ရောက်လာသူတွေကို ယာဉ်မောင်းလိုင်စင် ထုတ်ပေးခြင်းအား ပိတ်ပင်သည့် ဥပဒေကြမ်းတစ်ရပ်ကိုတင်သွင်းပါမယ်" 🗣 သမ္မတထရန့် - "အီရန်ဟာ အမေရိကန်ပြည်မကြီးအထိ ရောက်ရှိနိုင်တဲ့ ပဲ့ထိန်းဒုံးကျည်တွေကို ထုတ်လုပ်ဖို့ ကြိုးပမ်းနေပါတယ်။" 🗣 သမ္မတထရန့် - "ကျွန်တော်ကတော့ သံတမန်ရေးနည်းလမ်းကို ပိုသဘောကျပါတယ်။ ဒါပေမဲ့ ကမ္ဘာ့အကြမ်းဖက်မှုရဲ့ အဓိကထောက်ပံ့သူ (အီရန်) ကို နျူကလီးယားလက်နက် ပိုင်ဆိုင်ခွင့်တော့ ဘယ်တော့မှ ပေးမှာမဟုတ်ပါဘူး။" NOM

Repost from NOM.World News
🇨🇳🔥 🇮🇱"အစ္စရေးသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်- တရုတ်နိုင်ငံတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာနေ" အစ္စရေးအခြေစိုက် ဂျူးလူမျိုးမ
🇨🇳🔥 🇮🇱"အစ္စရေးသုတေသနအဖွဲ့၏ ထုတ်ပြန်ချက်- တရုတ်နိုင်ငံတွင် ဂျူးဆန့်ကျင်ရေးဝါဒ မြင့်တက်လာနေ" အစ္စရေးအခြေစိုက် ဂျူးလူမျိုးမူဝါဒဆိုင်ရာ သုတေသနအဖွဲ့ (JPPI) က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာသစ်တစ်ခုမှာ တရုတ်နိုင်ငံဟာ 'ဂျူးဆန့်ကျင်ရေးဝါဒ (Antisemitism)' ဘက်ကို သိသိသာသာ ဦးတည် ပြောင်းလဲလာနေကြောင်း ဖော်ပြထားပါတယ်။ တရားဝင်လမ်းကြောင်းများမှတစ်ဆင့်ပျံ့နှံ့လာခြင်း - တရုတ်နိုင်ငံမှာ ဂျူးဆန့်ကျင်ရေးအမြင်တွေဟာ အစိုးရပိုင်မီဒီယာတွေ၊ ပညာရေးနယ်ပယ်နဲ့ နိုင်ငံတော်က ခွင့်ပြုထားတဲ့ ဆွေးနွေးပြောဆိုမှုတွေထဲအထိ စိမ့်ဝင်ပျံ့နှံ့လာနေပါတယ်။ အမေရိကန်အပေါ် အမြင်နှင့် ဆက်စပ်မှု - တရုတ်နိုင်ငံဟာ ဂျူးလူမျိုးတွေကို "အမေရိကန်ရဲ့ မူဝါဒတွေအပေါ် ဩဇာလွှမ်းမိုးမှု အလွန်ကြီးမားသူတွေ" အဖြစ် ရှုမြင်လာကြပါတယ်။ အမေရိကန်အပေါ် ရန်လိုမှုကို ဂျူးများအပေါ် ပုံချခြင်း - အမေရိကန်အပေါ်ထားရှိတဲ့ ရန်လိုမုန်းတီးမှုတွေကို ဖော်ပြတဲ့နေရာမှာ ဂျူးလူမျိုးတွေကို တိုက်ခိုက်တဲ့ စကားလုံးတွေနဲ့ အမုန်းစကားတွေကို အသုံးပြုပြီး ဖော်ပြလာကြတယ်လို့ ဆိုပါတယ်။ NOM

တပ်မတော်ကါကွယ်ရေးဦးစီးချုပ်ကထိုင်းလေတပ်ဦးစီးချုပ်ကိုလက်ခံတွေ့ဆုံ NOM၊ဖေဖော်ဝါရီ၂၆၊၂၀၂၆ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယ
+1
တပ်မတော်ကါကွယ်ရေးဦးစီးချုပ်ကထိုင်းလေတပ်ဦးစီးချုပ်ကိုလက်ခံတွေ့ဆုံ NOM၊ဖေဖော်ဝါရီ၂၆၊၂၀၂၆ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား ဖေဖော်ဝါရီလ၂၅ရက်ကနေပြည်တော်တွင်လက်ခံတွေ့ဆုံ ခဲ့ကြောင်းသိရသည်။

ဂျာမနီအဓိပတိနှင့်တရုတ်သမ္မတတွေ့ NOM တရုတ်ပြည်သို့ရောက်ရှိနေသောဂျာမနီအဓိပတိမာဇ့်သည်ယနေ့တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည
ဂျာမနီအဓိပတိနှင့်တရုတ်သမ္မတတွေ့ NOM တရုတ်ပြည်သို့ရောက်ရှိနေသောဂျာမနီအဓိပတိမာဇ့်သည်ယနေ့တရုတ်သမ္မတရှီကျင့်ဖျင်နှင့်တွေ့ဆုံခဲ့သည်။ရှီကဥရောပသမဂ္ဂ၏လွတ်လပ်သောမူဝါဒကိုထောက်ခံကြောင်း၊ နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမည့်ပူးပေါင်းဆောင်ရွက်ရေးကိုမျှော်လင့်ပါကြောင်းပြောသည်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့
+9
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၊ ဝမ်လုံးကျေးရွာအနီး၌ မူးယစ်ဆေးဝါးများနှင့် မူးယစ်ဆေးဝါးချက်လုပ်ရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ NOM

ကယားပြည်နယ်၊ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား(ဖားဆောင်း)အာ
+4
ကယားပြည်နယ်၊ သံလွင်မြစ်ကူးတံတားတစ်စင်းဖြစ်သည့် ဖားဆောင်းမြို့နယ်မှ မယ်စဲ့မြို့နယ်သို့ ဆက်သွယ်ထားသည့် သံလွင်တံတား(ဖားဆောင်း)အား KNPP၊ KNDF အဖွဲ့များနှင့် PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဒုတိယအကြိမ် ထပ်မံမိုင်းထောင်ဖောက်ခွဲဖျက်ဆီး ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ NOM

နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့် ရှေ့တန်းပြန် နိုင်ငံ့သားကောင်း
+1
နိုင်ငံတော်တည်ငြိမ်ရေးနှင့် နယ်မြေအေးချမ်းသာယာရေးအတွက် စစ်ဆင်ရေး တာဝန်များကို ထမ်းဆောင်ခဲ့သည့်  ရှေ့တန်းပြန် နိုင်ငံ့သားကောင်း တပ်မတော်သား များအား သောင်းသောင်းဖြဖြ ဂုဏ်ပြုကြိုဆို ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ NOM

ကံမမြို့နယ်တွင် နေအိမ်သို့ပြန်လာသည့် ဘန့်ပြင်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့ကဖမ်းဆီးခေါ်ဆောင်၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ် NOM ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ ဘန့်ပြင်ကျေးရွာနေ ဦးခင်မောင်လွင် (၅၄) နှစ်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်၌ ကံမမြို့မှ ဘန့်ပြင်ကျေးရွာသို့ ဆိုင်ကယ်ဖြင့် ပြန်လာစဉ် ဘန့်ပြင်ကျေးရွာ၏ တောင်ဘက် ၂ ဖာလုံ ခန့်အကွာ စီကျေးရွာလမ်းဆုံအရောက် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က ဆိုင်ကယ်အား တားဆီးကာ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ကြို့ပင်ကျေးရွာရှိ သင်္ချိုင်းကုန်းအနီးတွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ် သွားခဲ့သဖြင့် ဦးခင်မောင်လွင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ကံမမြို့နယ်၊ သီးကုန်းကျေးရွာနေ ကျောက်ပဒေါင်း ကျေးရွာအခြေခံပညာမူလတန်းကျောင်းမှ လက်ထောက်မူလတန်းပြကျောင်းဆရာတစ်ဦးနှင့် ၎င်း​၏ယောက်ဖဖြစ်သူတို့ကို PDF အကြမ်းဖက်အဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ ကံမမြို့နယ်၊ သီးကုန်းကျေးရွာနေ ကျောက်ပဒေါင်းကျေးရွာ အခြေခံပညာမူလတန်းကျောင်းမှ လက်ထောက်မူလတန်းပြဖြစ်သူ ကိုသူရအောင် (၂၆) နှစ်သည် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်၌ ၎င်း၏ယောက်ဖ ဖြစ်သူ ကိုလှိုင်ဇင် (၃၈) နှစ်နှင့်အတူ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့အင်အား (စိစစ်ဆဲ)က ဆိုင်ကယ်များဖြင့် ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်ဦးအပါ
+4
မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် ကလေးငယ်နှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့ ည ၇ နာရီအချိန်၌ စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်၊ ရွှေကျောင်းကန်ကျေးရွာသို့ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း လက်နက်ကြီးဗုံးသီးများကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးအောင်ကိုလွင် (၄၀) နှစ်၊ ဦးဝင်းဇော် (၄၀) နှစ်၊ ဒေါ်အေးသန်း (၄၂) နှစ်၊ မအေးမြတ်မွန် (၅) နှစ်နှင့် မပြူးစိန် (၅) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစ ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM.World News
🇮🇷 "အီရန်တွင် ဆူပူအုံကြွမှုများဖြစ်စေရန် စတားလင့်ခ် စက်များ ထောက်ပံ့ပေးခဲ့ကြောင်း NED ဝန်ခံ" အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ (CIA) က နောက်ကွယ်မှ ထောက်ပံ့ထားပြီး အမေရိကန်၏ ကမ္ဘာလုံးဆိုင်ရာ ကြိုးကိုင် ခြယ်လှယ်ရေးအဖွဲ့ဟု လူသိများသော အမျိုးသားဒီမိုကရေစီရန်ပုံငွေထောက်ပံ့ရေးအဖွဲ့ (NED) ၏ ဥက္ကဋ္ဌ ဒေမန် ဝီလ်ဆင် က ၎င်းတို့အဖွဲ့သည် အီရန်နိုင်ငံအတွင်း မကောင်းကြံစည်မှုများ ပြုလုပ်ခဲ့ကြောင်း လွှတ်တော်ကြီးကြပ်ရေးကော်မတီရှေ့မှောက်တွင် ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်။ 👉 ဇန်နဝါရီလအတွင်း အီရန်၌ အကြမ်းဖက်မှုများ ဖြစ်ပွားနေစဉ်အတွင်း ၎င်းတို့အဖွဲ့အနေဖြင့် "အစောပိုင်းကတည်းက စတားလင့်ခ် စက်အလုံးရေ ၂၀၀ ခန့်ကို တပ်ဆင်အသုံးပြုနိုင်ရန် စတင်ထောက်ပံ့ပေးခဲ့ကြောင်း" ပြောဆိုနေစဉ်မှာပင် လွှတ်တော်ဆပ်ကော်မတီဝင် လွိုက်စ် ဖရန်ကယ်လ် က ၎င်း၏စကားကို ကြားဖြတ်ဟန့်တားခဲ့သည်။ 💬 "နေပါဦး၊ ရှင့်ကို ကျွန်မ စကားဖြတ်ပြောပါရစေ။ ဒီအကြောင်းကို ဆက်မပြောတာ ပိုကောင်းပါလိမ့်မယ်" ဟု သူမကဆိုခဲ့သည်။ 👉 ဝီလ်ဆင် သည် မကြာသေးမီက အီရန်တွင် ဖြစ်ပွားခဲ့သော မငြိမ်မသက်မှုများနှင့် အဆိုပါပရမ်းပတာအခြေအနေများကို ပုံဖော်ခဲ့သည့် နည်းလမ်းများအတွက် ၎င်းတို့တွင် အဓိကတာဝန်ရှိကြောင်း အနောက်တိုင်းမီဒီယာများသို့ပြောကြားခဲ့သည်။ 👉 ထို့အပြင် ဘိုလီးဗီးယားနိုင်ငံ၏ သယံဇာတများကို အမေရိကန်က ထိန်းချုပ်နိုင်ရန်အတွက် လက်ယာယိမ်းအစိုးရတစ်ရပ် တက်လာစေရန် ကူညီပေးခဲ့ကြောင်းလည်း ကြွားဝါခဲ့သည်။ 👉 နီကာရာဂွာနိုင်ငံရှိ ဆိုရှယ်လစ် ဆန်ဒင်နစ္စတာ အစိုးရကို ပစ်မှတ်ထားတိုက်ခိုက်ရန်အတွက် ထိုနိုင်ငံရှိ မီဒီယာများကို NED က ရန်ပုံငွေထောက်ပံ့ခြင်းနှင့် သင်တန်းပေးခြင်းများ ပြုလုပ်နေကြောင်းထုတ်ဖော်ခဲ့သည်။ 👉 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် ဖြစ်ပွားခဲ့သော နီပေါနိုင်ငံ၏ အကြမ်းဖက်အာဏာသိမ်းမှုတွင်လည်း NED ၏ လက်ချက်များ ပါဝင် နေသည်ကို တွေ့ရှိခဲ့ရသည်။ 👉 အမေရိကန်နှင့် အစ္စရေး၏ လုံခြုံရေးယန္တရားများနှင့် နီးကပ်စွာ ဆက်နွှယ်နေသည့် အီလွန်မတ်စ်၏ အင်တာနက်စနစ် စတားလင့်ခ်များကို တက်ကြွလှုပ်ရှားသူများကွန်ရက်မှတစ်ဆင့် အီရန်နိုင်ငံအတွင်းသို့ တရားမဝင် ခိုးသွင်းခဲ့ကြောင်း နယူးယောက်တိုင်းမ်စ် သတင်းစာက ဇန်နဝါရီလတွင်ဖော်ပြခဲ့သည်။ စတားလင့်ခ်ကို စီအိုင်အေနှင့် အစ္စရေး မော့ဆက် ထောက်လှမ်းရေးအဖွဲ့တို့က အီရန်နိုင်ငံ၏ ပြည်တွင်းအင်တာနက် ကန့်သတ်ပိတ်ပင်မှုများကို ကျော်လွှားရန်နှင့် အီရန်အတွင်း ဆူပူအကြမ်းဖက်မှုများကို ပေါင်းစပ်ညှိနှိုင်း ကွပ်ကဲရန်အတွက် ဒစ်ဂျစ်တယ် "နောက်ဖေးပေါက်" (digital backdoor) အဖြစ် အသုံးပြုခဲ့ကြသည်။ 👉 အီရန်အာဏာပိုင်များသည် ဆူပူအကြမ်းဖက်ဆန္ဒပြသမားများ အသုံးပြုခဲ့သည့် စတားလင့်ခ် စက်ပစ္စည်းများ၊ မိုဒမ်များနှင့် အချက်ပြလှိုင်းချဲ့စက် အမြောက်အမြားကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ NOM

နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထို
+1
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ထိုင်းဘုရင့်လေတပ်ဦးစီးချုပ် ဦးဆောင်သည့်ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ News Of Myanmar NOM

လွိုင်ကော်မြို့နယ်၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင် ထားသည့် တိုက်မိုင်းတစ်လုံးအားတိုက
+3
လွိုင်ကော်မြို့နယ်၊ ထေးငှားလျားရပ်ကွက်ရှိ နေအိမ်ခြံဝင်းတစ်ခုအတွင်း၌ PDF အကြမ်းဖက်အဖွဲ့ထောင် ထားသည့် တိုက်မိုင်းတစ်လုံးအားတိုက်မိပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရ NOM ဖေဖော်ဝါရီ ၂၅၊ ၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ထေးငှားလျားရပ်ကွက်နေ ဒေါ်ကရားရာ (၅၂) နှစ်သည် တစ်ရပ်ကွက်တည်းနေသူများဖြစ်ကြသည့် ဦးလှခေး (၅၆) နှစ်၊ ဒေါ်ဒဲမြာ (၅၄) နှစ်၊ မမေမြတ်မွန် (၂၈) နှစ်တို့နှင့်အတူ ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခွဲအချိန်၌ ၎င်း၏ နေအိမ်ခြံဝင်းအတွင်း သန့်ရှင်းရေးပြုလုပ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် တိုက်မိုင်းတစ်လုံးအား ဒေါ်ကရားရာမှ တိုက်မိပေါက်ကွဲခဲ့မှုကြောင့် ဦးလှခေး၊ ဒေါ်ဒဲမြာ၊ မမေမြတ်မွန်တို့သုံးဦးတွင် မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိခဲ့ပြီး ဒေါ်ကရားရာတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့သဖြင့် သေဆုံး/ဒဏ်ရာရရှိသူများအား လွိုင်ကော်ခရိုင်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

အိန္ဒိယဝန်ကြီးချုပ်အစ္စရေးသို့နှစ်ရက်ခရီးစဥ်ရောက်ရှိ NOM အိန္ဒိယဝန်ကြီးချုပ်မိုဒီသည်အစ္စရေးသို့နှစ်ရက်ခရီးစဥ် အတွက်ယနေ့ရောက်ရှိလာရာလေဆိပ်တွင်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုကကြိုဆိုနှုတ်ဆက်ခဲ့သည်။

ဖေဖော်ဝါရီလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ သဘောထားတင်းမာသောအမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်သည် ပြည်ထောင်စု နိုင်ငံ
+4
ဖေဖော်ဝါရီလ၂၅ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ သဘောထားတင်းမာသောအမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်သည် ပြည်ထောင်စု နိုင်ငံတော် မိန့်ခွန်း အခမ်းအနားသို့အီရန်ကို ထပ်မံကြီးကျယ်အောင်လုပ်ကြစို့ "Make Iran Great Again" ဟူသော ဦးထုပ်ကို ဆောင်းကာ အီရန်ကိုအမေရိကန်ကယခုထိမတိုက်ခိုက်သည့်အပေါ်ဆန့်ကျင်ပြသခဲ့သည်။(ဓါတ်ပုံ) ၂။တူရကီလေတပ်မှF-16တိုက်လေယာဥ်သည်စစ်ဆင်ရေးတာဝန်ထမ်းဆောင်စဥ်ပျက်ကျမီးလောင်ခဲ့ရာ​လေယာဥ်မှူးသေဆုံးခဲ့သည်။(ဗီဒီယို) ၃။ဆားဘီးယားနိုင်ငံဘဲလ်ဂရိတ်မြို့တော်တွင်ရုရှားနှင့်ဆာဘ့်တို့သည်ညီအကိုများဖြစ်သည်ဟုဆန္ဒပြသူများကအော်ဟစ်ပြီးလက်ရှိဆာ့ဘ်အစိုးရကိုထောက်ခံဆန္ဒပြခဲ့ကြသည်။(ဗီဒီယို) ၄။သက်ငယ်လိင်ကုန်သည်သူဌေးကြီးအပ်စတိန်းနှင့်ပတ်သက်မှုဖြင့်စုံစမ်းစစ်ဆေးခံနေရသောနော်ဝေဝန်ကြီးချုပ်ဟောင်းသော်ဗြန်ယပ်လန်းသည်သူ့ကိုယ်သူအဆုံးစီရင်ရန်ယ​နေ့ကြိုးပမ်းခဲ့သည်။(ဓါတ်ပုံ) ၅။ဂျာမနီအဓိပတိမာ့ဇ်သည်နှစ်နိုင်ငံကုန်သွယ်ရေးတိုးတက်ရန်ရည်ရွယ်ချက်ဖြင့်တရုတ်နိုင်ငံသို့နှစ်ရက်ကြာချစ်ကြည်ရေးခရီးရောက်ရှိသည်။(ဓါတ်ပုံ)