uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 456 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 930-o'rinni va Myanma mintaqasida 10 092-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 456 obunachiga ega bo‘ldi.

03 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -217 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.15% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.81% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 891 marta ko‘riladi; birinchi sutkada odatda 848 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 04 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 456
Obunachilar
-924 soatlar
-317 kunlar
-21730 kunlar
Postlar arxiv
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင
ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ ကြည့်ရှုစစ်ဆေး ဇန်နဝါရီ ၂၉၊ ၂၀၂၆ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ယနေ့ညနေပိုင်းတွင် ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပမည့် နေပြည်တော် မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) (MICC-1)သို့ သွားရောက်ကြည့်ရှု၍ အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးကိစ္စများကို ဆွေးနွေးမှာကြားသည်။ ပြည်ထောင်စုဝန်ကြီးသည် မြန်မာအပြည်ပြည် ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ဆောင်ရွက် လျက်ရှိသော ၂၀၂၅ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားမုခ်ဦးတည်ဆောက်မှု၊ ဂုဏ်ပြုခံလျှောက်လမ်း(Red Carpet) တည်ဆောက်မှု၊ မီဒီယာများနှင့်ရုပ်မြင်သံကြားအတွက် နေရာချထားမှု၊ အခမ်းအနားအစီအစဉ်နှင့် စင်မြင့် တည်ဆောက်ပြီးစီးမှုအခြေအနေများ၊ LED နှင့် အလင်းပေးစနစ်၊ အသံစနစ်များ စီစဉ်ထားရှိမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား အခမ်းအနားသို့ အနုပညာရှင်များ အဆင်ပြေစွာတက်ရောက်နိုင်ရေးနှင့် အခမ်းအနားအစီအစဉ်များကို စနစ်တကျစီစဉ်ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးမှာကြားခဲ့သည်။

ပြည်ထောင်စုသမ္မတနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂၅/၂၀၂၆) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၆
+6
ပြည်ထောင်စုသမ္မတနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် (၂၅/၂၀၂၆) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၁၂ ရက် (၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများ အမည်စာရင်းကြေညာခြင်း News Of Myanmar NOM

အကြမ်းဖက်တွေဟာ ပြည်သူပိုင်ပစ္စည်းတွေကို ဘယ်လိုဖျက်စီးနေသလဲဆိုတဲ့ အကောင်းဆုံး သက်သေ ၁ ခုပါ။ Save ထားနိုင်ပါတယ်။ တိုက်ပွဲသတင်းစုံ

လာမည့်၄၈နာရီအတွင်းအီရန်ကိုတိုက်မှာလား NOM 🇮🇷 ထရမ့်သည် ဆန္ဒပြသူများ အစိုးရအဆောက်အအုံများကို သိမ်းပိုက်ရန် လှုံ့ဆော်ရန်အတွက် အီရန်ခေါင်းဆောင်ပိုင်းနှင့် လုံခြုံရေးတပ်ဖွဲ့များကို ပစ်မှတ်ထားတိုက်ခိုက်မှုများ လုပ်ဆောင်ရန် စဉ်းစားနေကြောင်း ရိုက်တာသတင်းဌာနက သတင်းရင်းမြစ်များကို ကိုးကား၍ ဖော်ပြခဲ့သည်။ မကြာသေးမီက ဆန္ဒပြမှုများကို နှိမ်နင်းပြီးနောက် အစိုးရအပြောင်းအလဲအတွက် အခြေအနေများ ဖန်တီးလိုကြောင်း အမေရိကန်သမ္မတက ပြောကြားခဲ့သည်။ သို့သော် နောက်ဆုံးဆုံးဖြတ်ချက် မချရသေးပေ။ မီဒီယာအချို့၏ အဆိုအရ လာမည့် ၄၈ နာရီအတွင်း တိုက်ခိုက်မှုတစ်ခု ဖြစ်နိုင်ခြေရှိသည်။ အခြားသူများ၏ အဆိုအရ အမေရိကန်သည် သီတင်းပတ်ကုန်တွင် နောက်ထပ်ညှိနှိုင်းမှုများ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ထားသည်။

ဟော်မုဇ်ရေလက်ကြားတွင်အီရန်စစ်ရေးလေ့ကျင့်မည် NOM ကမ္ဘာ့ရေနံ၂၀%ဖြတ်သန်းသယ်ဆောင်နေသောဟော်မုဇ်ရေလက်ကြားတွင်ဖေဖော်ဝါရီလ၁ရက်နှင့်၂ရက်နေ့များ၌အီရန်ရေတပ်ကကျည်အစစ်များသုံးပြီးရေတပ်လေ့ကျင့်ခန်းလုပ်မည်ဟုကြေညာလိုက်သည်။

ပူတင်ပုံတက်တူးထိုးသဖြင့်ဘဲလေးကချေသည်ကိုဥရောပသမဂ္ဂကပိတ်ဆို့အရေးယူ NOM ယူကရိန်းနိုင်ငံတွင်မွေးဖွားသောဘဲလေးကချေသည်ဆာဂေးပေါ်လူနင်
ပူတင်ပုံတက်တူးထိုးသဖြင့်ဘဲလေးကချေသည်ကိုဥရောပသမဂ္ဂကပိတ်ဆို့အရေးယူ NOM ယူကရိန်းနိုင်ငံတွင်မွေးဖွားသောဘဲလေးကချေသည်ဆာဂေးပေါ်လူနင်ကိုရုရှားသမ္မတပူတင်၏ပုံတက်တူးထိုးထားသောကြောင့်ဆိုကာဥရောပသမဂ္ဂကပိတ်ဆို့အရေးယူလိုက်သည်။ယမန်နှစ်၂၀၂၅ခုနှစ်ကလည်းအဆိုပါတက်တူးကြောင့်ယူကရိန်းသမ္မတဇလင်စကီး၏အမိန့်ဖြင့်ဆာဂေးပေါ်လူနင်ကိုယူကရိန်းနိုင်ငံသားအဖြစ်မှရပ်စဲခဲ့သည်။

ယူကရိန်းနှင့်ရုရှားကျဆုံးစစ်သည်လဲလှယ် NOM ယူကရိန်းနှင့်ရုရှားကြားကျဆုံးစစ်သည်ရုပ်အလောင်းများလဲလှယ်ရာရုရှားကကျဆုံးယူကရိန်းစစ်သ
ယူကရိန်းနှင့်ရုရှားကျဆုံးစစ်သည်လဲလှယ် NOM ယူကရိန်းနှင့်ရုရှားကြားကျဆုံးစစ်သည်ရုပ်အလောင်းများလဲလှယ်ရာရုရှားကကျဆုံးယူကရိန်းစစ်သည်ရုပ်အလောင်းတစ်ထောင်ကိုပေးအပ်ပြီးယူကရိန်းကရုရှားစစ်သည်ရုပ်အလောင်း၃၈လောင်းကို ပေးအပ်လဲလှယ်ကြသည်။

ပြင်သစ်တွင်မီးသတ်များဆန္ဒပြ NOM ပြင်သစ်နိုင်ငံ လီးလ်မြို့တွင် မီးသတ်သမားများသည် ပိုမိုကောင်းမွန်သော အလုပ်အကိုင်အခြေအနေများနှင့် ဝန်ထမ်းအင်အား တိုးမြှင့်ပေးရန် တောင်းဆိုသည့်အနေဖြင့် လမ်းများပေါ်သို့ ထွက်ကာ ဆန္ဒပြခဲ့ကြပြီး ရဲတပ်ဖွဲ့နှင့် တိုက်ခိုက်မှုဖြစ်ပွားခဲ့သည်။

Repost from NOM
တရုတ်နိုင်ငံဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီး Nvidia ကနေ Al ချစ်ပ်တွေ ဝယ်ယူဖို့အတွက် နည်းပညာကုမ္ပဏီကြီး ၃ ခုကို ခွင့်ပြုလိုက်တယ်လ
တရုတ်နိုင်ငံဟာ အမေရိကန်နည်းပညာကုမ္ပဏီကြီး Nvidia ကနေ Al ချစ်ပ်တွေ ဝယ်ယူဖို့အတွက် နည်းပညာကုမ္ပဏီကြီး ၃ ခုကို ခွင့်ပြုလိုက်တယ်လို့ Reuters ကဖော်ပြခဲ့ပါတယ်။ ByteDance, Alibaba နဲ့ Tencent တို့ဟာ H200 ချစ်ပ်ပေါင်း ၄ သိန်းကျော်ကို ဝယ်ယူမှာဖြစ်ပြီး Nvidia က ထုတ်လုပ်တဲ့ ကမ္ဘာပေါ်မှာ ဒုတိယအစွမ်းထက်သုံး ဉာဏ်ရည်တုချစ်ပ်တွေလို့ဆိုပါတယ်။ အတည်ပြုထားခြင်းမရှိသေးတဲ့ စည်းကမ်းချက်တွေနဲ့ ခွင့်ပြုမိန့်တွေကို ထုတ်ပေးခဲ့တာဖြစ်တယ်လို့လည်း သတင်းရင်းမြစ်တွေက ပြောဆိုခဲ့တယ်လို သိရပါတယ်။ News Of Myanmar NOM

🇦🇫 🇷🇺 တာလီဘန်ဒုတိယကာကွယ်ရေးဝန်ကြီးနှင့် ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးတို့ ရုရှားနိုင်ငံတွင်တွေ့ဆုံ NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ တာလီဘန် ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး မိုဟာမက်ကာဆင် ဖာရစ် (Mohammad Qasim Farid)သည် တာလီဘန်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့နှင့်အတူ မော်စကိုမြို့သို့ သွားရောက်ခဲ့ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး အော်စမကော့ (Osmakov) နှင့် ဒေသတွင်း လုံခြုံရေးနှင့် ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံစလုံးက ဆက်ဆံရေး ဆက်လက်ထိန်းသိမ်းရန်နှင့် ပုံမှန်ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက်လုပ်ဆောင်ရန် အလေးပေးပြောကြားခဲ့ကြသည်။ တွေ့ဆုံပွဲတွင် ပြုလုပ်ခဲ့သော သဘောတူညီချက်များ၏ အသေးစိတ်အချက်အလက်များကိုမသိရပေ။ News Of Myanmar NOM

ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်န
ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် ဝါးခုတ်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးဒဏ်ရာရ NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ငွေတောင်ကျေးရွာနေ ဦးစဲရယ် (၅၈) နှစ်သည် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်၌ ကျေးရွာအနီးရှိ ဝါးတောအတွင်း ဝါးခုတ်နေစဉ် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ နယ်မြေခံ တပ်မတော်ရှိ တပ်တွင်းဆေးခန်း၌ ဆေးကုသပေးလျက်ရှိကြောင်းသိရသည်။ News Of Myanmar NOM

ဂျာမနီအဓိပတိကအမေရိကန်သမ္မတကိုပြန်လည်ခြိမ်းခြောက် NOM တစ်ကမ္ဘာလုံးရှိ မည်သူမဆို နိုင်ငံရေးအမြတ်ရရန်ဥရောပကိုကုန်သွယ်ခွန်များဖြင့် နှိပ်ကွပ်ရမည်ဟု ထင်မြင်ယူဆသူတိုင်းအတွက် ကျွန်ုပ်တို့သည် ၎င်းကို ပြန်လည်ကာကွယ်ရန် အသင့်ရှိပြီး စွမ်းဆောင်နိုင်သော အနေအထားတွင်ရှိကြောင်း ယခုအခါ သိရှိပြီးဖြစ်သည်၊ လိုအပ်ပါက ထိုသို့ပြုလုပ်မည်ဖြစ်သည်။ News Of Myanmar NOM

နေပြည်တော်တွင်အမျိုးသမီးတစ်ဦးအားမုဒိန်းကျင့်သတ်ဖြတ်ပစ္စည်းလုယူသူများကိုသေဒဏ်နှင့်ထောင်ဒဏ်နှစ်၄၀ချ NOM၊ဇန်နဝါရီ၂၉၊၂၀၂၆
+2
နေပြည်တော်တွင်အမျိုးသမီးတစ်ဦးအားမုဒိန်းကျင့်သတ်ဖြတ်ပစ္စည်းလုယူသူများကိုသေဒဏ်နှင့်ထောင်ဒဏ်နှစ်၄၀ချ NOM၊ဇန်နဝါရီ၂၉၊၂၀၂၆

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုနှ
+1
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း SSPP/SSA အဖွဲ့မှ ပါဝင်လုပ်ဆောင်လျက်ရှိသည့် မူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချမှုနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်း လုပ်ကိုင်နေမှုများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းနိုင်ခဲ့မှုအပေါ် ပြည်ဖျက်မီဒီယာများက လူမှုကွန်ယက်စာမျက်နှာပေါ်တွင် သတင်းရေးသား၍ ဖုံးကွယ်ဝါဒဖြန့်မှုများလုပ်ဆောင် NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါမြို့နယ်အတွင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ တပ်မတော်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများက တရားမဝင် မူးယစ်ဆေးဝါးချက်လုပ်နေသည့် နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသည့် နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ဇန်နဝါရီလ ၁၁ ရက်နေ့တွင် "Hlaing Info" Telegram အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် "နယ်မြေခံတပ်မှူးအချို့ ကျားဖြန့်လုပ်ငန်းတွေနဲ့ ပတ်သက်တယ်ဆိုတဲ့ကိစ္စ စိစစ်ဆဲပဲဟု SSPP ပြော" ခေါင်းစဉ်ဖြင့် သတင်းရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။ အဆိုပါ ဖော်ပြလာမှုနှင့်ပတ်သက်၍ စိစစ်ခဲ့ရာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့မှစတင်၍ တပ်မတော်နှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့ပူးပေါင်းစစ်ကြောင်းများက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သီပေါ မြို့နယ်အတွင်း တရားမဝင်မူးယစ်ဆေးဝါး ချက်လုပ်နေသည့် နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသည့် နေရာများကို နယ်မြေရှင်းလင်းဆောင်ရွက်ခဲ့ရာ SSPP/SSA အဖွဲ့ထိန်းချုပ်ထားသည့် နယ်မြေအတွင်းရှိ သီပေါမြို့နယ်၊ နားဖွယ်ကျေးရွာအနီးနှင့် ကောင်းဟတ်ကျေးရွာအနီးတို့၌ ၎င်းလက်နက်ကိုင်အဖွဲ့မှ နေရာအသုံးပြုခွင့်ပေးခြင်း၊ အခကြေးငွေများရယူ အကာအကွယ်ပေးခြင်း၊ မူးယစ်ဆေးဝါးများဖြန့်ချိနိုင်ရေးအတွက် ဒေသအတွင်း ဖြတ်သန်း သွားလာနိုင်ရန် လုံခြုံရေးဆောင်ရွက်ပေးခြင်းတို့အား ဆောင်ရွက်ပေးလျက်ရှိသော မူးယစ်ဆေးဝါးချက်လုပ်သည့်နေရာများ၊ တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ကိုင်နေသည့် နေရာများကို ရှင်းလင်းဖမ်းဆီးခြင်းများ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရှိရသည်။ ထိုသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးရှင်းလင်းဆောင်ရွက်နိုင်ခဲ့မှုအပေါ် SSPP/SSA အဖွဲ့မှ ၎င်းတို့ထိန်းချုပ်ထားသည့် နယ်မြေအတွင်း မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချမှုများနှင့် တရားမဝင် Online ငွေကြေးလိမ်လည်မှုလုပ်ငန်းများ လုပ်ကိုင်နေမှုများ၌ ပါဝင်ပတ်သက်နေမှုအား ဖုံးကွယ်လိုသည့်အနေဖြင့် ပြည်သူလူထုအား အထင်မြင်လွဲမှားစေရန် တရားမဝင်ပြည်ဖျက်မီဒီယာ မှတဆင့် လူမှုကွန်ရက်စာ မျက်နှာများပေါ်တွင် သတင်းလုပ်ကြံရေးသားပြီး လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို သုံးဘီးဆိုင်ကယ်တစ်စီးနှင့်အတူ အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင် သွား NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ချောင်းကြီးရပ်ကွက်နေ ဦးညီညီမင်း (၄၀) နှစ်သည် ဇန်နဝါရီလ ၂၈ ရက်နေ့ည ၆ နာရီအချိန်၌ အဆိုပါရပ်ကွက်မှ လယ်တောင်ယာကျေးရွာသို့ သုံးဘီးဆိုင်ကယ်ဖြင့် သွားရောက်စဉ် ကျေးရွာအနီးရှိ ဒေသအခေါ် ချောင်းဇောက်အမှိုက်ပုံအရောက် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က တားဆီးကာ ဦးညီညီမင်းအား အကြမ်းဖက်ခြိမ်းခြောက်၍ သုံးဘီးဆိုင်ကယ်နှင့်အတူ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရွာငံမြို့နယ်၊ ငါးဆူကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားသုံးဦးက "သတင်းပေး၊ ဒလန်" ဟုစွပ
ရွာငံမြို့နယ်၊ ငါးဆူကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားသုံးဦးက "သတင်းပေး၊ ဒလန်" ဟုစွပ်စွဲ၍ ဓါး/ သေနတ်များဖြင့် ထိုးခုတ်ပစ်သတ် NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ရွာငံမြို့နယ်၊ ငါးဆူကျေးရွာနေ ဦးသန့်ဇင် (၄၆) နှစ်သည် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားသုံးဦး ရောက်ရှိလာပြီး "သတင်းပေး၊ ဒလန်" ဟု စွပ်စွဲပြောဆို၍ ဓား/သေနတ်များဖြင့် ထိုးခုတ်ပစ်ခတ်သွားခဲ့မှုကြောင့် ၎င်းတွင်ဓားဒဏ်ရာများ၊ ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

နွားထိုးကြီးမြို့နယ်၊ ရသစ်ကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက "သတင်းပေး၊ ဒလန
နွားထိုးကြီးမြို့နယ်၊ ရသစ်ကျေးရွာတွင် နေအိမ်၌ရှိနေသော အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်သမားခြောက်ဦးက "သတင်းပေး၊ ဒလန်" ဟုစွပ်စွဲ၍ သေနတ်ဖြင့်ပစ်သတ် NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ရသစ်ကျေးရွာနေ ဦးမျိုးညွန့် (၅၆) နှစ်သည် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားခြောက်ဦးက ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး "သတင်းပေး၊ ဒလန်" ဟုစွပ်စွဲပြောဆို၍ သေနတ်ဖြင့်ပစ်ခတ် သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာရရှိကာ သေဆုံးခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ရေပိုက်များလ
လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအားနင်းမိပေါက်ကွဲမှုကြောင့် ရေပိုက်များလိုက်လံပြုပြင်နေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး မိုင်းစထိမှန် သေဆုံး NOM ဇန်နဝါရီ ၂၉၊ ၂၀၂၆ ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းဆွတ်ကျေးရွာနေ ဦးရွဲ (၆၀) နှစ်သည် ဇန်နဝါရီလ ၂၈ ရက်နေ့ နေ့လယ် ၁၂ နာရီ ၁၀ မိနစ် အချိန်၌ ကျေးရွာအတွင်းရှိ ရေပိုက် များလိုက်လံပြုပြင်နေစဉ် ကျေးရွာ၏ တောင်ဘက်ပိုင်းအရောက်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရ
+4
နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော လွှတ်တော်အစည်းအဝေးများ ကျင်းပရေးဗဟိုကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား ဇန်နဝါရီ ၂၉၊ ၂၀၂၆ News Of Myanmar NOM

ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ ဆက်လက် ပြုလုပ်မြန်မာ၏ဒုတိယအကျော့ လျှောက်လဲမှုများစတင် ဇန်နဝါရီ ၂၉၊ ၂၀၂၆
+4
ဂမ်ဘီယာနှင့် မြန်မာတို့၏ အမှုနှင့် ပတ်သက်၍ ကြားနာပွဲ ဆက်လက် ပြုလုပ်မြန်မာ၏ဒုတိယအကျော့ လျှောက်လဲမှုများစတင် ဇန်နဝါရီ ၂၉၊ ၂၀၂၆ News Of Myanmar NOM