uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 394 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 937-o'rinni va Myanma mintaqasida 10 119-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 394 obunachiga ega bo‘ldi.

10 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -199 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 8.26% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.89% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 024 marta ko‘riladi; birinchi sutkada odatda 731 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 11 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 394
Obunachilar
-824 soatlar
-577 kunlar
-19930 kunlar
Postlar arxiv
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သားဖွားဆရာမတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အပြစ်မဲ့အရပ
+4
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သားဖွားဆရာမတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူလေးဦးကိုသတ်ဖြတ် NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ လယ်ကြီးကျေးရွာနေ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းကြည် (၅၉) နှစ်သည် ဒီဇင်ဘာလ ၁၉ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်အချိန်၌ ၎င်း၏နေအိမ်တွင် ဇနီးဖြစ်သူ ဒေါ်ချိုချိုမြင့် (၅၇) နှစ်နှင့်အတူရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးခန့်က ဆိုင်ကယ်သုံးစီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ အလားတူ နံနက် ၁၁ နာရီ ၃၅ မိနစ်တွင် မလှိုင်မြို့နယ်၊ မျက်သီးကျင်း (မြောက်) ကျေးရွာနေ ဒေါ်လှရှင်း (၆၇) နှစ်သည် ၎င်း၏သားဖြစ်သူ ဦးမိုးသူ (ခ) တရုတ်ကြီး (၃၈) နှစ်၊ သမီးဖြစ်သူ ဒေါ်ယဉ်ယဉ်အောင် (၃၂) နှစ်တို့နှင့်အတူနေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတို့သုံးဦးတွင် ကျည်ထိမှန် ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ အလားတူ နေ့လယ် ၁၂ နာရီအချိန်၌ မလှိုင်မြို့နယ်၊ ရုံးတောကျေးရွာရှိ ကျေးလက်ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ ဒေါ်အေးအေးခိုင် (၄၆) နှစ်သည် ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်က ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ ထရမ်စဖော်မာတစ်ခုအနီးအတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲ
+2
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်ရှိ ထရမ်စဖော်မာတစ်ခုအနီးအတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲမှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဈေးတန်းရပ်ကွက်ရှိ ဇီဝကလမ်းနှင့် စက်ရောင်ဘီလူး ခန်းမသွားလမ်းထောင့်ရှိ ထရမ်စဖော်မာအနီးတွင် ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ဖြတ်သန်းသွားလာနေကြသည့် တမူးမြို့နယ်၊ ရေအေးကျေးရွာနေ ဦးဆေးခိုလွန်း (၄၁) နှစ်၊ စန္ဒကူးရပ်ကွက်နေဒေါ်ဇင်မာမင်း (၃၆) နှစ်နှင့် တစ်ရပ်ကွက်တည်းနေ ဒေါ်သူဇာ (၃၈) နှစ်တို့တွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဒဏ်ရာရရှိသူများအား ဆေးကုသနိုင်ရေး တမူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရေကြည်ချောင်းကျေးရွာအား KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီ
+1
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရေကြည်ချောင်းကျေးရွာအား KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိ NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၁၉ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရလုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ တနိုင်းမြို့နယ်၊ ရေကြည်ချောင်း ကျေးရွာအား KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျေးရွာအနီးသို့ လက်နက်ကြီးဗုံးသီးများကျရောက် ပေါက်ကွဲခဲ့မှုကြောင့် အဆိုပါကျေးရွာနေသူများဖြစ်ကြသည့် ဦးကျော်သက် (၂၉) နှစ်နှင့် ကိုဖြိုးကို (၂၁) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဒလန်ဟုစွပ်စွဲသတ်ဖြတ
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာတွင် PDF အကြမ်းဖက်အဖွဲ့က အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို ဒလန်ဟုစွပ်စွဲသတ်ဖြတ် NOM ဒီဇင်ဘာ ၂၁၊ ၂၀၂၅ ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၊ ကွေ့မကျေးရွာနေ ဦးထွေး (၅၃) နှစ်သည် ဒီဇင်ဘာလ ၁၈ ရက်နေ့ ည ၁၁ နာရီ ၁၀ မိနစ်အချိန်၌ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားငါးဦးခန့်ရောက်လာပြီး "ဒလန်" ဟု စွပ်စွဲပြောဆို၍ သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးထွေးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ဇွဲကပင်တောင်အဆင်းတွင် ကလေးတစ်ဦး ခြေချော်ကျ NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ ကရင်ပြည်နယ်၊ဇွဲကပင်တောင်ပေါ်မှအဆင်းတွင်ယနေ့ဒီဇင်ဘာ၂၀ရက်နံနက်၁၁န
+1
ဇွဲကပင်တောင်အဆင်းတွင် ကလေးတစ်ဦး ခြေချော်ကျ NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ ကရင်ပြည်နယ်၊ဇွဲကပင်တောင်ပေါ်မှအဆင်းတွင်ယနေ့ဒီဇင်ဘာ၂၀ရက်နံနက်၁၁နာရီကကိုးနှစ်အရွယ်မိန်းကလေးတစ်ဦး ခြေချော်ကျသည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားသည်။ ဘားအံမြို့၊ ဇွဲကပင်တောင်သို့ မုဒုံမြို့မှ မိသားစုနှင့်အတူ ဘုရားဖူးခရီးသည်များနှင့်တူလိုက်ပါလာသည့် ကိုးနှစ် အရွယ်မိန်းကလေးတစ်ဦးသည် တောင်ပေါ်မှပြန်အဆင်းတွင် လှေကားမှခြေချော်၍ ပေါင်ရင်းအဆစ်လွဲဒဏ်ရာရရှိမှုဖြစ်ပွားကြောင်းသိရသည်။ "အရင်ကလည်းဒီလိုတွေခဏခဏဖြစ်ဖူးတယ်။ဒါပေမယ့် မဖြစ်တာကြာပြီ။ အခုက ဇွဲကပင်တောင်ပေါ်တက်ပြီး ပြန်အဆင်းမှာဖြစ်တာ။ကလေးပဲ ၉ နှစ်ပဲရှိသေးတယ်။ အခြေအနေကတော့ ပေါင်ကျိုးသွားပါတယ်။ အခြားထပ်ပြီး ထိခိုက်တာတော့ မရှိပါဘူး"ဟု မြန်မာ နိုင်ငံလူမှုကယ်ဆယ်ရေး အဖွဲ့(ဘာအံ)မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ လက်ရှိတွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ကလေးငယ်အား ဘားအံပြည်သူ့ဆေးရုံကြီးကိုပို့ဆောင်ထားကြောင်းသိရ သည်။

ဒီဇင်ဘာလ၂၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ယူကရိန်းဦးစီးချုပ်ဆိုင်စကီးကရုရှားသည်အင်အား၇သိန်းဖြင့်ယူကရိန်းနယ်မြေအတွင်းစစ်ဆင်ရေ
+1
ဒီဇင်ဘာလ၂၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ယူကရိန်းဦးစီးချုပ်ဆိုင်စကီးကရုရှားသည်အင်အား၇သိန်းဖြင့်ယူကရိန်းနယ်မြေအတွင်းစစ်ဆင်ရေးလုပ်နေသဖြင့်မဟာမိတ်နိုင်ငံများကတာဝေးပစ်လက်နက်များ နှင့်လေကြောင်းရန်ကာကွယ်ရေးလက်နက်များပိုမိုထောက်ပံ့ပေးရန်မေတ္တာရပ်ခံလိုက်သည်။(ဓါတ်ပုံ) ၂။ရုရှားကာကွယ်ရေးဝန်ကြီးဘယ်လူဆော့ဗ်ကနေတိုးသည်ရုရှားနှင့်၂၀၃၀တွင်စစ်ခင်းရန်ပြင်နေကြောင်း၊အမှန်မှာရုရှားကနေတိုးကိုခြိမ်းခြောက်သည်မဟုတ်ပဲနေတိုးကသာရုရှားကိုခြိမ်းခြောက်နေခြင်းဟုပြောလိုက်သည်။ ၃။မာရှယ်ကျွန်းစုနိုင်ငံသည်နိုင်ငံသားတိုင်းကိုသုံးလတစ်ကြိမ်အမေရိကန်ဒေါ်လာ၂၀၀ပေးမည်ဟုကြေညာသည်။ ၄။ဥရောပဘဏ်များကသိမ်းဆည်းထားသောရုရှားပိုင်ငွေများကိုထုတ်ယူသုံးစွဲခြင်းမပြုရန်အမေရိကန်ကဥရောပသမဂ္ဂကိုဖိအားပေးလိုက်သည်။ ၅။မလေးရှားရဲတပ်ဖွဲ့သည်ကလန်ဆိပ်ကမ်းမြို့ရှိသုံးထပ်တိုက်ကိုစီးနင်းရှာဖွေရာမူးယစ်ဆေးသုံးစွဲသူ၆၈.၅သန်းသုံးစွဲနိုင်သည့်မူးယစ်ဆေးမျိုးစုံ၁၈တန်ကိုဖမ်းဆီးရမိကြောင်းယနေ့ကြေညာသည်။(ဓါတ်ပုံ)

မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဘိလပ်မြေတင်ဆတွဲကားတစ်စီး ချောက်ထဲထိုးကျ၊အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ သာစည်မြို့
မိတ္ထီလာ-တောင်ကြီးကားလမ်းတွင် ဘိလပ်မြေတင်ဆတွဲကားတစ်စီး ချောက်ထဲထိုးကျ၊အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိ NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ သာစည်မြို့နယ် မိတ္ထီလာ- တောင်ကြီးကားလမ်းတွင် ဘိလပ်မြေတင်ဆောင်လာသည့် တွဲကားတစ်စီး ဘရိတ်ပေါက်၍ ချောက်ထဲထိုးကျကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြန်မာ နိုင်ငံမီးသတ်တပ်ဖွဲ့ထံက သိရသည်။ ဒီဇင်ဘာ ၂၀ ရက် မွန်းလွဲ ၁၂ နာရီ ခွဲခန့်က မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ယင်းမာပင်ကျေးရွာအနီး၊ မိတ္ထီလာ-တောင်ကြီးကားလမ်း၊ မိုင်တိုင်အမှတ်(၃၃/၀)တွင် တောင်ကြီးဘက်မှမောင်းနှင်လာသော ဘိလပ်မြေတင် ဆောင်လာသည့် တွဲကားတစ်စီးသည် ဘရိတ်ပေါက်၍ အ ရှိန်မထိန်းနိုင်ဘဲ လမ်းယာဘက်ရှိချောက်ထဲသို့ ထိုးကျတိမ်းမှောက်မှုဖြစ်ပွားခဲ့သည်။ ထိုသို့ ယာဉ်တိမ်းမှောက်မှုဖြစ်စဉ်အား မီးသတ်တပ်ဖွဲ့က သတင်းရရှိသဖြင့် သာစည်မြို့နယ်မီးသတ်စခန်းမှ ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ရှာဖွေကယ် ဆယ်ရေးလုပ်ငန်းများ သွား ရောက်ဆောင်ရွက်ရာ ယာဉ်တိမ်းမှောက်မှုကြောင့် ယာဉ်ခေါင်းခန်းတွင် ပိတ်မိနေသူ ထိခိုက်ဒဏ်ရာရရှိသည့် အမျိုးသမီးတစ်ဦးအား မွန်းလွဲ ၂း၅၀ နာရီ ခန့်တွင် ကယ်ဆယ်ရွှေ့ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

ပန်းတောင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ NOM၊ဒီဇင်ဘာ ၂၀ ၊၂၀၂၅ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင်ငွေကျပ်သိန်း ၂
ပန်းတောင်းတွင် စိတ်ကြွရူးသွပ်ဆေးပြား များဖမ်းဆီးရမိ NOM၊ဒီဇင်ဘာ ၂၀ ၊၂၀၂၅ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့တွင်ငွေကျပ်သိန်း ၂,၉၄၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း CCDAC Myanmar ၏ ဒီဇင်ဘာ ၁၉ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဖြစ်စဉ်မှာ ဒီဇင်ဘာလ ၁၈  ရက် နေ့လယ် ၁၄း ၄၅ နာရီ အချိန် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့၊ ကျီးပင်ကျေးရွာအနီးတွင် ကိုကိုဇော် (ခ) ကိုဇော် မောင်းနှင်ပြီး မြတ်ကျော် လိုက်ပါလာသည့် HONDA FIT အမျိုးအစား မော်တော်ယာဉ်အား ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၉၆,၀၀၀ ပြား (ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၂,၉၄၀) နှင့် လက်ကိုင်ဖုန်း ၂ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ခရီးသည်ယာဉ်တစ်စီး မီးလောင် မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်
+1
ရန်ကုန်- မန္တလေးအမြန်လမ်းတွင် ခရီးသည်ယာဉ်တစ်စီး မီးလောင် မှုဖြစ်ပွား NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ ရန်ကုန်- မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် (၁၈၁/၂) တွင် ယမန်နေ့ဒီဇင်ဘာ ၁၉ ရက်ညနေ၆နာရီ၂၀မိနစ်ခန့်ကခရီသယ်ယာဉ်တစ်စီး မီးလောင်မှုဖြစ်ပွား ခဲ့ကြောင်းမီး သတ်တပ်ဖွဲ့မှသတင်းထုတ်ပြန်ထားကြောင်းသိရသည်။ ဖြစ်စဉ်မှာရန်ကုန်မှ လားရှိူးသို့ထွက်ခွားလာသောခရီးသည်တင်ကား သည် မိုင်တိုင်အမှတ် (၁၈၁/၂) အရောက်တွင်ရုတ်တရက်ကားအနောက်ဘက်ရှိ ဘယ်ဘက်တာယာပွင့်ထွက်ပြီးဘရိတ်ရှူးငြိမီးပွင့်ကာအင်ဂျင်ထိမီးရောက်သွားပြီမီးလောင် ကျွမ်းခဲ့ကြောင်းသိရသည်။ "ကားမီးလောင်မှုဖြစ်ပွားတဲ့သတင်းအရချက်ခြင်းသွား ရောက်ပြီးမီးငြှိမ်းသက်ခဲ့ပါတယ်၊ခရီးသည်တွေကတော့ အချိန်မီဆင်းနိုင်တဲ့အတွက်ဒဏ်ရာ ရရှိမှုတော့မရှိပါဘူး ကားကတော့တော်တော်လေးပျက်စီးသွားပါတယ် "ဟု သာဂရအမြန်းလမ်းမီးသတ်မှတာဝန်ရှိသူတစ်ဦးပြော သည်။ မီးလောင်မှုဖြစ်ပွားကြောင်းသတင်းရရှိသဖြင့် သာဂရ အမြန်လမ်းမီးသတ်စခန်းမှ မီးသတ်ရေသယ်ယာဉ်တစ်စီးဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၆ နာရီ ၅၂မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

Repost from NOM
ဒီနေ့ထိုးသတ်ခဲ့ကြတဲ့ အန်သိုနီဂျိုရှူဟွာနဲ့ ဂျိတ်ပေါလ် (YouTube Influencer) တို့ရဲ့ ဘောက်ဆင်ပွဲမှာ ဂျိုရှူဟွာက ၆ ချီမှာ အလဲထိုးပြီး အနိုင်ရခဲ့ပါတယ်။ ဂျိတ်ပေါလ်ဟာ ကြိုးဝိုင်းထောင့်မှာ ပိတ်မိနေခဲ့ပြီး ဝိုက်လက်သီးမိကာ မေးရိုးပါကျိုးခဲ့တယ်လို့ ဆိုပါတယ်။ ပရိုဘောက်ဆင်သမားဘဝမှာ ပထမဆုံးရှုံးပွဲကို သူ ကြုံတွေ့လိုက်ရတာလည်း ဖြစ်ပါတယ်။ NOM

သာကေတနှင့် သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်နိုင်ရန်အတွက် LNG သိုလှောင်သင်္ဘော FSU သီလဝါဆိပ်ကမ်းသို့ ရော
သာကေတနှင့် သန်လျင် LNG သုံး ဓာတ်အားပေးစက်ရုံများ လည်ပတ်မောင်းနှင်နိုင်ရန်အတွက် LNG သိုလှောင်သင်္ဘော FSU သီလဝါဆိပ်ကမ်းသို့ ရောက်ရှိဆိုက်ကပ်ခြင်း၊ ပြည်ပမှ LNG တင်သွင်းလာသည့် ပထမဆုံး LNG သင်္ဘော FSU တေးတွင် ရောက်ရှိဆိုက်ကပ်၍ LNG ဖြည့်တင်းပေးခြင်း၊ သဘာဝဓာတ်ငွေ့အရည်အား ဓာတ်ငွေ့ပြန်လည်ပြုလုပ်သော စက်ရုံ (Regasification Unit) ကို စမ်းသပ်မောင်းနှင်ခြင်းတို့ကို ဆောင်ရွက်ပြီးစီးခဲ့ပြီး ပထမအဆင့်အနေဖြင့် ၄၀ မဂ္ဂါဝပ် စမ်းသပ်ထုတ်လုပ်သည်။ ဒီဇင်ဘာ ၁၇ ရက်မှစတင်၍ ဓာတ်အားပမာဏ ၁၅၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်ပေးလျက်ရှိပြီး အဆိုပါစီမံကိန်းများမှ စုစုပေါင်း ဓာတ်အားပမာဏ ၅၀၀ မဂ္ဂါဝပ်အထိ တိုးမြှင့်ထုတ်လုပ်သွားမည်ဖြစ်၍ ပြည်သူလူထုနှင့် စက်မှုဇုန်များ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ပိုမိုထုတ်လုပ် ဖြည့်ဆည်းပေးနိုင်ရေး အလေးထား ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Repost from NOM
ဒီဇင်ဘာ ၁၉ ရက်နေ့က ဆီးရီးယားနိုင်ငံ၊ အလက်ပိုအနီးက Al-Halak မှာ သေနတ်သမားတဦးက ရွှေဆိုင်ပိုင်ရှင်နဲ့ ညီဖြစ်သူကို ပစ်ခတ်ခဲ့ပြီးနောက် ရွှေတွေကို လုယက်သွားခဲ့တာဖြစ်ပါတယ်။ NOM

Repost from NOM
အိန္ဒိယနိုင်ငံ၊ Odisha ပြည်နယ်က အမျိုးသားအစောင့်တပ်ရဲ့ အလုပ်နေရာ ၁၈၇ နေရာအတွက် လူပေါင်း ၈၀၀၀ လောက်က စာမေးပွဲဖြေဆိုနေကြတာပါ။ ဒီစာမေးပွဲကြီးကို လေဆိပ်ပြေးလမ်းပေါ်မှာ ကျင်းပတာလည်း ဖြစ်ပါတယ်။ NOM

စဉ့်ကူး ရသွားတော့ မန္တလေး- မတ္တရာ- သပိတ်ကျင်း လမ်းမကြီး တိုက်ရိုက်ပေါက်သွားတာပေါ့။ တဖက်မှာ ဧရာဝတီ မြစ်ရိုးအတွက်လည်း လုံခြုံရေ
စဉ့်ကူး ရသွားတော့ မန္တလေး- မတ္တရာ- သပိတ်ကျင်း လမ်းမကြီး တိုက်ရိုက်ပေါက်သွားတာပေါ့။ တဖက်မှာ ဧရာဝတီ မြစ်ရိုးအတွက်လည်း လုံခြုံရေးအရ အတိုင်းအတာ တစ်ခု အထိ စိတ်ချရတာပေါ့။ အရင်တုန်းက တနိုင်ငံလုံး အတိုင်းအတာနဲ့ စစ်ဘောင်က ဘယ်လောက်ကျယ်ခဲ့သလဲ ဆိုတော့...မန္တလေးနဲ့ကပ်ရပ်၊ ဆည်တော်လေး အထက် မတ္တရာ မြို့နယ်ကိုတောင် ထိန်းချုပ်ဖို့ အချိန်အားဖြင့်ရော၊ တော်တော်လေး ကြိုးစားခဲ့ရတယ်။ အစိုးရ ထိန်းချုပ်နယ်မြေက ရာနှုန်းပြည့် မဟုတ်သေးဘူးဆိုပေမယ့် ရွေးကောက်ပွဲ ကာလမတိုင်ခင်အထိ နယ်မြေတချို့ ပြန်ရတယ်ဆိုတာ ....အနည်းဆုံးတော့ တပ်မတော် ပုံရိပ်အတွက်၊ ကြားနေပြည်သူလူထု အတွက်တော့ ကောင်းခြင်း တမျိုးပါပဲ။ အလစ်အငိုက်ယူပြီး မြို့တွေသိမ်း၊ ရေရှည် ထိန်းချုပ်နိူင်တဲ့ အစွမ်းအစလည်း မရှိ။ မြို့ပျက်တာပဲ အဖက်တင်၊ စစ်ရှောင်တွေ ဘဝပျက်တာနဲ့ပဲ အဆုံးသတ်ရတဲ့ တော်လှန်ရေးကို စစ်အာဏာရှင် ပျက်သုန်းရေးလို့ အမည်တပ်တာကိုတော့ သဘောမကျမိတာအမှန်ပဲ။ နိုင်ငံရေး အရလည်း ပြဒါးတလမ်း၊ သံတလမ်း၊ စစ်ရေးအရလည်း တနှစ်လောက်အတွင်း တပ်က ထိုးစစ်ဆင်တာနဲ့ ခွေးပြေး ဝက်ပြေး ပြေးရတဲ့အခြေအနေ၊ ဒါတောင် တပ် က စစ်ဘောင်ကျယ်နေသေးလို့ အသေးစိတ် ကွက်ပြည့် မနင်းနိုင်သေးချိန်။ ထိန်းချုပ်ထားတဲ့ နယ်တွေမှာ အခွန်ဆက်ကြေးကောက်၊ သစ်တော ကြိုးဝိုင်းက တသက်လုံး ထိန်းသိမ်းစောင့်ရှောက်လာတဲ့ သယံဇာတတွေ ခိုးထုတ်၊ PDF အချင်းချင်း CDM သမ တွေကို မုဒိန်းကျင့် ။ ဒါတောင် ဒီတော်လှန်ရေး နိုင်မယ် ထင်တဲ့ သူတွေ ရှိသေးတယ်။ စဉ့်ကူး ပြန်ရတာ ဝမ်းသာစရာပါ။ အရေးကြီးဆုံးက တက်လာတဲ့ အစိုးရဟာ တပ်မတော်နဲ့ Inline ဖြစ်ဖို့ ပိုအရေးကြီးပါတယ်။ (နရီမိုး)

Repost from NOM
ပြင်သစ်မှာ လယ်သမားတွေက လမ်းမကြီးတွေပေါ်မှာ လယ်ထွန်စက်တွေပိတ်ရပ်ပြီး ဆန္ဒပြခဲ့ပါတယ်။ ဒီနောက်မှာ ဖယ်ပေးဖို့ ရောက်လာခဲ့တဲ့ ရဲတွေကို အာလူးတွေနဲ့ ပစ်ပေါက်ခဲ့ကြပါတယ်။ အခြေအနေတွေ တည်ငြိမ်သွားချိန်မှာတော့ ဆင်းရဲနွမ်းပါးသူတွေက လယ်သမားတွေ ပစ်ပေါက်ခဲ့တဲ့ အာလူးတွေထဲကနေ ကောင်းတာတွေကို ရွေးပြီးတော့ ယူဆောင်သွားခဲ့ကြပါတယ်။ NOM

Repost from NOM
+1
ဒီဇင်ဘာ ၁၉ ရက်နေ့က ထိုင်ဝမ်မှာ ဓါးနဲ့ တိုက်ခိုက်မှုကြောင့် ၃ ဦးသေဆုံးကာ ၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဓါးကိုင်ဆောင်ထားသူဟာ တိုင်ပေမြို့လယ်က အဓိကကျတဲ့ ရထားဘူတာရုံတခုနားမှာ မီးခုံးဗုံးတွေကို ဖောက်ခွဲခဲ့ပြီးနောက် ရမ်းကားတိုက်ခိုက်ခဲ့တာပါ။ သူဟာ လူအုပ်ကြားထဲသွားခဲ့ပြီး လိုက်လံထိုးခဲ့တာလည်းဖြစ်ပါတယ်။ တိုက်ခိုက်ခဲ့သူဟာ အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး ခန္ဓာကိုယ်မှာ အကာအကွယ်အပြည့်အစုံဝတ်ဆင်ခဲ့ကာ မျက်နှာဖုံးလည်း စွပ်ထားခဲ့ပါတယ်။ တိုက်ခိုက်မှုတွေ လုပ်ခဲ့ပြီးနောက် သူကိုယ်တိုင်လည်း အဆောက်အအုံတခုပေါ်ကနေ ခုန်ချခဲ့ကာ သေဆုံးခဲ့တယ်လို့ မြို့တော်ဝန်က ပြောဆိုခဲ့ပါတယ်။ NOM

Repost from NOM
ဗီဒီယိုဂိမ်းတွေကို စွဲလမ်းနေတဲ့ တရုတ်လူငယ်တဦးဟာ ဟိုတယ်အခန်းတခုမှာ ၂ နှစ်ကြာ နေထိုင်ခဲ့ပြီး အပြင်ကို လုံး၀မထွက်ခဲ့ဘဲ delivery apps တွေကနေပဲ အစားအစာတွေ မှာယူစားသောက်နေခဲ့ပါတယ်။ ၂နှစ်ကြာပြီးနောက်မှာ သူက တခြားနေရာကို ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ နေထိုင်ခဲ့တဲ့ အခန်းကို သန့်ရှင်းရေးလုပ်ဖို့ ဝန်ထမ်းတွေ ဝင်ခဲ့ချိန်မှာတော့ တမီတာလောက်အမြင့်ရှိတဲ့ အမှိုက်ပုံကြီးက သူ ထိုင်နေကျ စားပွဲခုံနဲ့ ထိုင်ခုံတွေကိုတောင် ဖုံးအုပ်နေပြီဆိုတာကို မြင်တွေ့ခဲ့ရပါတော့တယ်။ NOM

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှစတင်ဖြေဆိုရမည် NOM၊ဒီဇင်ဘာ၂၀၊၂၀၂၅ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၏ တက္ကသိုလ်ဝင်စာမေးပွဲအား လာမည့် ၂၀၂၆ ခုနှစ်၊ မတ် ၁၁ ရက်မှစတင်ကာဖြေဆိုရမည်ဟု ပညာရေးဝန်ကြီးဌာန၏ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ယနေ့ ဒီဇင်ဘာ ၁၉ ရက်က ထုတ်ပြန်ခဲ့သည်။ မတ် ၁၁ ရက်တွင် မြန်မာစာဘာသာ၊ မတ် ၁၂ ရက်တွင် အင်္ဂလိပ်စာဘာသာ၊ မတ် ၁၃ ရက်တွင် သင်္ချာဘာသာ၊ မတ် ၁၄ ရက်တွင် ဓာတုဗေဒဘာသာနှင့် ပထဝီတင်ဘာသာ၊ မတ် ၁၆ ရက်တွင် ရူပဗေဒဘာသာနှင့် သမိုင်းဘာသာ၊ မတ် ၁၇ ရက်တွင် ဇီဝဗေဒဘာသာနှင့် ဘောဂဗေဒဘာသာတိုအားဖြေဆိုရမည်ဖြစ်သည်။ ထိုသို ဖြေဆိုရာ၌ နေ့စဥ် နံနက် ၉ နာရီမှ မွန်းတည့် ၁၂ နာရီအထိဖြစ်ကာ မတ် ၁၅ ရက်သည် တနင်္ဂနွေနေ့ဖြစ်၍ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမှုအား ပိတ်ရက်အဖြစ်သတ်မှတ်ပေးထားကြောင်းသိရသည်။ -

KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၂ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြ
+9
KK Park နယ်မြေအတွင်းရှိ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် အဆောက်အအုံ ၄၈၂ လုံး စနစ်တကျ ဖြိုချဖျက်ဆီးပြီးဖြစ်၊ အွန်လိုင်းလိမ်လည်လောင်းကစားမှုကျူးလွန်ရာတွင် အသုံးပြုသည့် ပစ္စည်းများအား မီးရှို့ဖျက်ဆီး နေပြည်တော်၊ ၂၀၂၅ ဒီဇင်ဘာ ၁၉

Repost from MWD NEWS
PDF အမည်ခံ အကြမ်းဖက်သမားများ မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခဲ့သည့် ကန့်ဘလူမြို့နယ်၊ ကန့်ဘလူ - စံပယ်နံသာ ကားလမ်းပေါ်ရှိ သံကူကွန်ကရစ်တံတားအား လုံခြုံရေးတပ်ဖွဲ့များပါဝင်သော ပူးပေါင်းအဖွဲ့က ပြန်လည်ပြုပြင်ပြီးစီးသည်။ ရန်ကုန် ၊ ဒီဇင်ဘာလ - ၁၉ ရက် ။