uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 435 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 924-o'rinni va Myanma mintaqasida 10 098-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 435 obunachiga ega bo‘ldi.

05 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -222 ga, so‘nggi 24 soatda esa -12 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.30% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.44% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 908 marta ko‘riladi; birinchi sutkada odatda 677 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 06 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 435
Obunachilar
-1224 soatlar
-607 kunlar
-22230 kunlar
Postlar arxiv
Repost from NOM
အီရန်ရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့တွေဟာ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေ လုပ်ခဲ့တဲ့ နိုင်ငံခြားကျောထောက်နောက်ခံပြု လက်နက်ကိုင်အဓိကရုဏ်းကျူးလွန်သူတွေကို ဝင်ရောက်စီးနင်းခဲ့ရာမှာ အသစ်စက်စက် သေနတ်တွေ၊ ဓါးတွေနဲ့ ဓါးမြှောင်တွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ NOM

KIA စစ်သုံပန်းတစ်ဦးရဲ့ ဂွမ်မော်တိုကို နာကျည်းသံ။ TPWC တိုက်ပွဲသတင်းစုံ

ကောလင်းမြို့နယ်ရှိ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းစခန်းကို တပ်မတော်က ဗုံးကြဲရှင်းလင်းရာ အကြမ်းဖက်သမား
+1
ကောလင်းမြို့နယ်ရှိ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းစခန်းကို တပ်မတော်က ဗုံးကြဲရှင်းလင်းရာ အကြမ်းဖက်သမား ၈ ဦးအထက်သေဆုံး ဇန်နဝါရီ ၂၁၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ်၊ ကောလင်းမြို့အရှေ့မြောက်ဘက် မိုင် (၃၀) ခန့်အကွာ ပဒုမ္မာကျေးရွာအနီးရှိ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းစခန်းကို ဇန်နဝါရီလ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ တပ်မတော်က တိုက်လေယာဉ်ဖြင့် ဗုံးကြဲရှင်းလင်းခဲ့သည့်အပြင် အသေခံဒရုန်းသုံးစီးဖြင့်လည်း တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ တပ်မတော်​၏ရှင်းလင်းမှုအတွင်း အကြမ်းဖက်သမား ၈ ဦးအထက်သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူများလည်း များပြားခဲ့ကြောင်းသိရသည်။

Repost from NOM
ဒီနေ့မှာ အီရန်က ရာဇဝတ်သား၊ လှုံ့ဆော်သူ၊ သစ္စာဖောက်နဲ့ အဓိကရုဏ်းဖန်တီးခဲ့တဲ့ အကြမ်းဖက်သမားတွေကို မိုးသောက်ချိန် ဆုတောင်းဝတ်ပြု
ဒီနေ့မှာ အီရန်က ရာဇဝတ်သား၊ လှုံ့ဆော်သူ၊ သစ္စာဖောက်နဲ့ အဓိကရုဏ်းဖန်တီးခဲ့တဲ့ အကြမ်းဖက်သမားတွေကို မိုးသောက်ချိန် ဆုတောင်းဝတ်ပြုအပြီးမှာ ကွပ်မျက်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အကြမ်းဖက်သမားတိုင်းကို လာရောက်အဖမ်းခံဖို့အတွက်လည်း အီရန်အာဏာပိုင်တွေက သတိပေးထားပြီး တရားဥပဒေအရ အရေးယူသွားမယ်လို့လည်း ပြောဆိုခဲ့ပါတယ်။ NOM

ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ကြေညာ ဇန်နဝါရီ၊၂၁၊ ၂၀၂၆
ဗန်းမော်မြို့နယ်ကို ရွေးကောက်ပွဲ ကျင်းပခြင်း မပြုလုပ်နိုင်သည့် နယ်မြေအဖြစ် ကြေညာ ဇန်နဝါရီ၊၂၁၊ ၂၀၂၆

Repost from NOM
ဥပဒေပြုအမတ်တွေ၊ ဒေသခံတွေနဲ့ ပြည်ပရောက်တရုတ်သဘောထားကွဲလွဲသူတွေရဲ့ သတိပေးမှုတွေရှိပေမယ့် ဗြိတိန်ဟာ လန်ဒန်မှာ တရုတ်ရဲ့ ဧရာမသံရုံ
ဥပဒေပြုအမတ်တွေ၊ ဒေသခံတွေနဲ့ ပြည်ပရောက်တရုတ်သဘောထားကွဲလွဲသူတွေရဲ့ သတိပေးမှုတွေရှိပေမယ့် ဗြိတိန်ဟာ လန်ဒန်မှာ တရုတ်ရဲ့ ဧရာမသံရုံးတခု တည်ဆောက်ဖို့အတွက် ခွင့်ပြုချက်တွေ ပေးသွားခဲ့ပါတယ်။ ဒီကြီးမားတဲ့ အဆောက်အဦဟာ လုံခြုံရေးအန္တရာယ်တွေကို ဖြစ်စေနိုင်တယ်လို့ သတိပေးမှုတွေ ရှိနေခဲ့တာပါ။ အဆိုပါနေရာကို တရုတ်က ၂၀၁၈ တုန်းက ဒေါ်လာ ၃၁၂ သန်းနဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး ဥရောပမှာ တရုတ်ရဲ့ အကြီးမားဆုံး သံတမန်စခန်းတခုဖြစ်လာမှာပါ။ စတုရန်းပေ ၂၁၅၀၀၀ အထိ ကျယ်ဝန်းတယ်လို့ဆိုပါတယ်။ လန်ဒန်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံသားတွေကို သူလျှိုလုပ်ဖို့ အသုံးပြုနိုင်တယ်လို့လည်း အချို့က စိုးရိမ်နေကြပါတယ်။ NOM

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် ၁၃၈၇ ခုနှစ်၊ တပိ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ သဘောထားထုတ်ပြန်ကြေညာချက် (၁/၂၀၂၆) ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၂၀ ရက် ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက်

နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင
နှစ်ပါးသွားအစီအစဉ် ဖျော်ဖြေစဉ် ကလေးတစ်ဦးကို စင်ပေါ်ခေါ်ပြီး ဂုဏ်သိက္ခာနှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်စေသော မဖွယ်မရာအပြုအမူနှင့်ပတ်သက်ပြီးဇာတ်အဖွဲ့ကို စုံစမ်းစိစစ်နေသည်ဟု သဘင်အစည်းအရုံး ထုတ်ပြန် ဇန်နဝါရီ၂၀၊၂၀၂၆

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်   သံလွင်တံတား (တာဆန်း) ဖွင့်ပွဲသို့ တက်ရောက်ချီးမြှင့်   နေပြည်တော်၊  ဇန်နဝါရီ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၉ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃
+8
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ကြေညာချက်အမှတ် ( ၁၉ / ၂၀၂၆ ) ၁၃၈၇ ခုနှစ်၊ တပို့တွဲလဆန်း ၃ ရက် ( ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ လ ၂၀ ရက် ) တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ခံရသူများအမည်စာရင်းကြေညာခြင်း

တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်၊ မန္တလေး- သပိတ်ကျင်း- မိုးကုတ
+9
တပ်မတော်စစ်ကြောင်းများက သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းအား အပြည့်အဝပြန်လည်ထိန်းချုပ်၊ မန္တလေး- သပိတ်ကျင်း- မိုးကုတ် ဆက်သွယ်ရေးလမ်းကြောင်းတစ်လျှောက် ခရီးသွားပြည်သူများ စိတ်အေးချမ်းသာစွာ ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီဖြစ် နေပြည်တော်၊ ၂၀၂၆ ဇန်နဝါရီ ၂၀

မင်္ဂလာဒုံမြို့နယ်တွင် ဖယ်ရီကားပေါ်မှ အမျိုးသမီးနှစ်ဦးပြုတ်ကျ တစ်ဦးသေဆုံး၊ တစ်ဦးဒဏ်ရာရ NOM၊ဇန်နဝါရီ ၂၀၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ်တွင် ဖယ်ရီကားဘီးပေါက်ကာ ကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီးနှစ်ဦးပြုတ်ကျပြီး၊ တစ်ဦးသေဆုံးကာ၊ တစ်ဦးဒဏ်ရရှိခဲ့ကြောင်း သိရသည်။ ဖြစ်စဉ်မှာဇန်နဝါရီ ၂၀ ရက်၊ နံနက် ၆နာရီကျော်က မင်္ဂလာဒုံမြို့နယ် အမှတ်(၃) လမ်းမ၊ ပုလဲလမ်းဆုံမှတ်တိုင်အကျော်တွင် ဟန်းနီတူး အထည်းချုပ်စက်ရုံဖယ်ရီကား ဘီးပေါက်ကာ ကားပေါ်တွင် လိုက်ပါလာသည့် စက်ရုံဝန်ထမ်းအမျိုးသမီးနှစ်ဦးပြုတ်ကျကာ တစ်ဦးသေဆုံးခဲ့ပြီး၊ တစ်ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ယင်း သေဆုံးသွားသည့် အမျိုးသမီးရုပ်အလောင်းနှင့် ဒဏ်ရာရရှိသည့် လူနာကို ပုလဲအရန်မီးသတ်တပ်ဖွဲ့ မှ မေဓါဝီဆေးရုံကြီးသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဇန်နဝါရီလ၂၀ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အီရတ်မြောက်ပိုင်းအာဘယ်မြို့ရှိအမေရိကန်ကေါင်စစ်ဝန်ရုံးရှေ့တွင်ရာပေါင်းများစွာသောကာ့ဒ်လူမျိုးများသည်ဆီးရီးယားအစိုးရကကာ့ဒ်တို့ကိုတိုက်ခိုက်နေသည့်အပေါ်အမေရိကန်ကမတုန့်ပြန်သဖြင့်ဆန္ဒပြနေကြသည်။ ၂။အမေရိကန်လွှတ်တော်အမတ်လင်းဆေးဂရေဟမ်ကဆီးရီးယားအစိုးရသည် အကျဉ်းထောင်များတွင်ဖမ်းထားသည့်ISIS အကြမ်း ဖက် သမားများကိုထောင်မှလွှတ်ပေးနေခြင်းမှာဆီးရီးယားအစိုးရကိုယ်တိုင်ISISများ ဖြစ်နေသောကြောင့်ဟုစွပ်စွဲလိုက်သည်။ ၃။ဂျပန်ဝန်ကြီးချုပ်ဆန်နေးတာကာအိချိကဖေဖော်ဝါရီလ၈ရက်တွင်ရွေးကေါက်ပွဲကျင်းပမည်ဟုကြေညာသည်။ ၄။ရုရှားနိုင်ငံခြားရေးဝန်ကြီးလာယော့ဗ်ကဥရောပခေါင်းဆောင်များသည်ရုရှားနှင့်စစ်ပွဲဆင်နွှဲရန်ပေါ်ပေါ်ထင်ထင်စစ်ပြင်နေသည်ဟုပြောသည်။ ၅။အမေရိကန်သမ္မတထရမ့်ကဂါဇာငြိမ်းချမ်းကေါင်စီတွင်ပါဝင်ရန်အရှေ့တောင်အာရှမှအင်ဒိုနီးရှား၊ဗီယက်နမ်၊ထိုင်း၊စင်ကါပူအပါအဝင်ကမ္ဘာ့နိုင်ငံပေါင်း၅၀ကိုဖိတ်ကြားလိုက်သည်။

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ဆီဘောက်ဆာယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၍
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က ဆီဘောက်ဆာယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ်တစ်စီးအား မီးရှို့ဖျက်ဆီး၍ ကားလမ်းမကြီးအား နှောင့်ယှက်ပိတ်ဆို့ NOM ဇန်နဝါရီ ၂၀၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ ညောင်လွင့်ကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်း မိုင်တိုင် အမှတ် ၁၃၅ မိုင် ၁ ဖာလုံတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၂ နာရီအချိန်၌ ရန်ကုန်မြို့မှ ရွှေဘိုမြို့သို့ ယာဉ်မောင်းဖြစ်သူ ဦးမင်းသူ (၄၂) နှစ်မောင်းနှင်ပြီး ယာဉ်မောင်းအကူဖြစ်သူ ဦးချစ်ထူး (၄၄) နှစ်လိုက်ပါလာသည့် ၁၈ ဘီးဆီဘောက်ဆာယာဉ်အားလည်းကောင်း၊ ရန်ကုန်မြို့မှ မန္တလေးမြို့သို့ ယာဉ်မောင်းဖြစ်သူ ဦးမင်းချစ်စန်း (၃၇) နှစ်မောင်းနှင်ပြီး ယာဉ်မောင်းအကူဖြစ်သူ ဦးသန်းမင်းဌေး (၂၈) နှစ်လိုက်ပါလာသည့် ၂၂ ဘီးကုန်တင်ယာဉ်အားလည်းကောင်း PDF အကြမ်းဖက်သမားရှစ်ဦးခန့်က တားဆီး၍ မီးရှို့ဖျက်ဆီးကာ ကားလမ်းမကြီးအား ပိတ်ဆို့ထားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ က သွားရောက်မီးငြှိမ်းသတ်ခဲ့ပြီး လမ်းပိတ်ဆို့ထားသည့် မော်တော်ယာဉ်နှစ်စီးအား ဖယ်ရှားရှင်းလင်းခဲ့ရာ နံနက် ၈ နာရီခွဲအချိန်၌ ပြီးစီးခဲ့ကြောင်းနှင့် မော်တော်ယာဉ်များပုံမှန်သွားလာလျက်ရှိကြောင်းသိရသည်။ News Of Myanmar NOM

တပ်ကုန်းမြို့နယ်၊ ကံနှစ်ဆင့်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား လုံခြုံရေးတပ်ဖွဲ့က တွေ့ရှိ
တပ်ကုန်းမြို့နယ်၊ ကံနှစ်ဆင့်ကျေးရွာအနီးတွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လက်လုပ်မိုင်းတစ်လုံးအား လုံခြုံရေးတပ်ဖွဲ့က တွေ့ရှိခဲ့သဖြင့် ဖယ်ရှီားရှင်းလင်းခဲ့ရ NOM ဇန်နဝါရီ ၂၀၊ ၂၀၂၆ နေပြည်တော်ပြည်ထောင်စုနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ ကံနှစ်ဆင့်ကျေးရွာအနီးတွင် ဇန်နဝါရီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်၌ လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေဒေသတည်ငြိမ်အေးချမ်းအတွက် အကြမ်းဖက်ချေမှုန်းရေးလုပ်ငန်းများဆောင်ရွက်‌နေစဉ် အဆိုပါကျေးရွာ၏အရှေ့ဘက်တွင် PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက် ဒဏ်ရာရရှိစေရန် ရည်ရွယ်၍ ထောင်ထားသည့် အချင်း ၄ လက်မ၊ အရှည် ၆ လက်မခန့်ရှိ သံပိုက်ဖြင့် ပြုလုပ်ထားသော လက်လုပ်မိုင်း ၁ လုံး၊ ၁၂ ဗို့ ဘက္ထရီအိုး ၁ လုံး၊ Remote ဆားကစ်ပြား ၁ ခု၊ ဝိုင်ယာကြိုး ၁၅ ပေခန့်တို့အား တွေ့ရှိခဲ့သဖြင့် သက်မဲ့ပြုလုပ်၍ ဖယ်ရှားရှင်းလင်းခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

နွားထိုးကြီးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူနှစ်ဦး မိုင်းစထိမှန်ဒဏ်
နွားထိုးကြီးမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် လမ်းဘေးမိုင်းပေါက်ကွဲမှုကြောင့် ခရီးသွားပြည်သူနှစ်ဦး မိုင်းစထိမှန်ဒဏ်ရာများရ NOM ဇန်နဝါရီလ ၂၀၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်ရှိ မန္တလေးပြည်သူ့ဆေးရုံကြီးသို့ ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၂ နာရီ ၄၅ မိနစ်အချိန်၌ မိုင်းပေါက်ကွဲစ ထိမှန်ဒဏ်ရာများဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ဇန်နဝါရီလ ၁၇ ရက်နေ့ည ၆ နာရီ ၄၀ မိနစ်အချိန်၌ နွားထိုးကြီးမြို့နယ်၊ ကံရွာသစ်ကျေးရွာနေသူများဖြစ်ကြသည့် ကိုဇော်မျိုးထက် (၂၈) နှစ်နှင့် ကိုကျော်မိုးမင်း (၂၇) နှစ်တို့သည် ကံရွာသစ်ကျေးရွာမှ မြင်းခြံမြို့သို့ ဆိုင်ကယ်ဖြင့် ထွက်ခွာလာစဉ် ကံဆင်ကျေးရွာအနီးအရောက် လမ်းဘေးမှ PDF အကြမ်းဖက်အဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးပေါက်ကွဲခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

အောင်လံမြို့နယ်၊ ပျဉ်ပုံကျေးရွာနေ ကျေးရွာခွဲတာဝန်ခံကို PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၂၀၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ပျဉ်ပုံကျေးရွာနေ ကျေးရွာခွဲတာဝန်ခံ ဦးမြင့်ဇော် (၃၄) နှစ် သည် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၁၀ ဦးခန့်က ဆိုင်ကယ်ငါးစီးဖြင့် ရောက်လာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။ News Of Myanmar NOM

Repost from KHAING ZAW
မန္တလေး-စဉ့်ကူး-မိုးကုတ်လမ်းကြောင်းပွင့်ပါပြီ။ တပ်မတော်၏ထိုးဖေါက်ရှင်းလင်းမှုများကြောင့် ကာလကြာရှည်စွာ အကြမ်းဖက်သောင်းကျန်းသူများပိတ်ဆို့သောင်းကျန်းနေသော မန္တလေး-စဉ့်ကူး-မိုးကုတ်လမ်းကြောင်းကြီးသည် ယနေ့နေ့လည်(၃)နာရီအချိန်ခန့်မှစတင်အသုံးပြုနိုင်ပြီဖြစ်ပါသည်။ အိမ်စိးကားများအပြင် ခရီးသည်တင်ကားများ ကုန်တင်ကားများပါသွားလာနိုင်နေပါပြီဖြစ်ပါသည်။ အသေးစိတ်ထပ်မံတင်ပြပါမည်။ ကိုခိုင်ဇော် ၀၁/၂၀/၂၀၂၆ ခေတ္တမိုးကုတ်မြို့

မြဝတီမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် နေ
မြဝတီမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က လက်နက်ငယ်ဖြင့် ရမ်းသန်းပစ်ခတ်ခဲ့မှုကြောင့် နေအိမ်တွင်ရှိနေသည့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ကျည်ထိမှန်ဒဏ်ရာရ NOM ဇန်နဝါရီ ၂၀၊ ၂၀၂၆ ကရင်ပြည်နယ်၊ မြဝတီခရိုင်ပြည်သူ့ဆေးရုံသို့ ဇန်နဝါရီလ ၁၉ ရက်နေ့ ည ၁၀ နာရီ ၃၅ မိနစ်အချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ည ၈နာရီ ၂၀ မိနစ်အချိန်၌ မြဝတီမြို့နယ်၊ အမှတ် (၅) ရပ်ကွက်နေ မဝါဝါဝင်း (၂၄) နှစ်သည် ၎င်း၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတွင်ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အစိုးရဝန်ထမ်းတစ်ဦးနှင့် အပြစ်မဲ့အရပ်သားပြည်သူသုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၂၀၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ သစ်ဆပ်ပင်ကျေးရွာနေ သစ်ဆပ်ပင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းခွဲမှ အထွေထွေဝန်ထမ်းဖြစ်သူ ဦးထွန်းအောင်ကျော် (၆၁) နှစ်၊ ကိုနိုင်ထက်ဦး (၂၃) နှစ်၊ ကံလွင် (မြောက်) ကျေးရွာနေ ဦးဌေးလွင် (၅၅) နှစ်နှင့် ဒေါ်ဝင်းနွယ် (၄၉) နှစ်တို့ သည် ဇန်နဝါရီလ ၁၈ ရက်နေ့ ည ၁၀ နာရီခွဲအချိန်၌ ၎င်းတို့၏နေအိမ်အသီးသီးတွင်ရှိနေစဉ် PDF အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ) ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM