uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 498 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 920-o'rinni va Myanma mintaqasida 10 072-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 498 obunachiga ega bo‘ldi.

27 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -236 ga, so‘nggi 24 soatda esa -7 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.60% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.25% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 198 marta ko‘riladi; birinchi sutkada odatda 780 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 28 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 498
Obunachilar
-724 soatlar
-277 kunlar
-23630 kunlar
Postlar arxiv
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက် NOM
အရှေ့အလယ်ပိုင်းဒေသတွင်းဆိုင်ရာ သတင်းထုတ်ပြန်ချက် NOM

ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှ
+6
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် အစည်းအဝေးအမှတ်စဉ် (၁/၂၀၂၆)သို့ တက်ရောက် အမှာစကားပြောကြား မတ် ၆၊ ၂၀၂၆ NOM

"အာရှတိုက်က ချမ်းသာကြွယ်ဝသူ အမြောက်အမြားဟာ ဒူဘိုင်းမှာရှိတဲ့ သူတို့ရဲ့ အခြေခံပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေနဲ့ မိသားစုပိုင် ရင်
"အာရှတိုက်က ချမ်းသာကြွယ်ဝသူ အမြောက်အမြားဟာ ဒူဘိုင်းမှာရှိတဲ့ သူတို့ရဲ့ အခြေခံပိုင်ဆိုင်မှုတွေ၊ ငွေကြေးတွေနဲ့ မိသားစုပိုင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတွေကို စင်ကာပူ သို့မဟုတ် ဟောင်ကောင် ထံသို့ တိတ်တဆိတ် ပြန်လည်ရွှေ့ပြောင်းနေကြပါတယ်။ အကြောင်းရင်းကတော့ ပင်လယ်ကွေ့ဒေသ (ဒူဘိုင်းအပါအဝင်) ဟာ အရင်လို "လုံခြုံစိတ်ချရတဲ့ နားခိုရာ" မဟုတ်တော့ဘူးလို့ သူတို့က ခံစားလာရလို့ ဖြစ်ကြောင်း Reuters သတင်းဌာနက ဖော်ပြထားပါတယ်။" NOM

မတ်လ ၆၊၂၀၂၆ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက်ပြည်သူသို့ အသိပေးကြေညာချက်
မတ်လ ၆၊၂၀၂၆ စက်သုံးဆီ ခြိုးခြံချွေတာသုံးစွဲရေးအတွက်ပြည်သူသို့ အသိပေးကြေညာချက်

+3
"အီရတ်နိုင်ငံ၊ အာဘေးလ် (Erbil) မြို့ရှိ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီ စီအိုင်အေ CIA ကျောထောက်နောက်ခံပြု ကာ့ဒ်လူမျိုးခွဲထွက်ရေးလက်နက်ကိုင် စခန်းများကို အီရန်က ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်။ ပစ်မှတ်များကို တိုက်ရိုက်ထိမှန်ခဲ့ကြောင်း သိရသည်။" NOM

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော
+9
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်                                        အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား မတ် ၆၊ ၂၀၂၆ NOM

အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော
+3
အမျိုးသားစီမံကိန်းကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်                                    အမျိုးသားစီမံကိန်းကော်မရှင် (၁/၂၀၂၆) အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား မတ် ၆၊ ၂၀၂၆ NOM

"ခြွင်းချက်မရှိ လက်နက်ချတာကလွဲလို့ အီရန်နဲ့ ဘာသဘောတူညီချက်မှ ရှိလာမှာမဟုတ်ဘူး!" — ထရန့် NOM
"ခြွင်းချက်မရှိ လက်နက်ချတာကလွဲလို့ အီရန်နဲ့ ဘာသဘောတူညီချက်မှ ရှိလာမှာမဟုတ်ဘူး!" — ထရန့် NOM

📈 🛢အမေရိကန်-အီရန် စစ်ပွဲကြောင့် ဓာတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုအပေါ် အိမ်ဖြူတော် စိုးရိမ်ထိတ်လန့်နေ အရှေ့အလယ်ပိုင်း
📈 🛢အမေရိကန်-အီရန် စစ်ပွဲကြောင့် ဓာတ်ဆီဈေးနှုန်းများ အဆမတန်မြင့်တက်လာမှုအပေါ် အိမ်ဖြူတော် စိုးရိမ်ထိတ်လန့်နေ အရှေ့အလယ်ပိုင်းဒေသတွင် စစ်မီးများ ပြန့်နှံ့လာသည်နှင့်အမျှ "စွမ်းအင်ဈေးနှုန်းများ (အထူးသဖြင့် ဓာတ်ဆီဈေးနှုန်း) ကို လျှော့ချနိုင်မည့် မည်သည့်နည်းလမ်းကိုမဆို အိမ်ဖြူတော်က အပူတပြင်း ရှာဖွေနေသည်" ဟု ပိုလစ်တီကို (Politico) သတင်းဌာနက ဖော်ပြခဲ့သည်။ ထရေဒင်း အီကောနောမစ် (Trading Economics) ၏ အဆိုအရ ရေနံတင်သင်္ဘောများနှင့် ရေနံချက်စက်ရုံများ တိုက်ခိုက်ခံရမှုကြောင့် ရေနံစိမ်းဈေးနှုန်းမှာ တစ်စည်လျှင် ၈၄ ဒေါ်လာ အထိ ထိုးတက်သွားခဲ့သည်။ အိမ်ဖြူတော်၏ အရာရှိချုပ် ဆူဇီ ဝိုင်းလ်စ် (Susie Wiles) က အကြံပေးပုဂ္ဂိုလ်များအား ယခုအခြေအနေကို ကုစားနိုင်မည့် မည်သည့်အကြံဉာဏ်မျိုးမဆို တင်ပြရန် ပြောကြားထားသလို၊ စွမ်းအင်ဝန်ကြီး ခရစ်စ် ရိုက်တ် (Chris Wright) နှင့် ပြည်ထဲရေးဝန်ကြီး ဒေါ့ဂ် ဘာဂမ် (Doug Burgum) တို့မှာလည်း "သတင်းကောင်း တစ်စုံတစ်ရာ ထွက်ပေါ်လာစေရန်" အပြင်းအထန် ဖိအားပေးခြင်း (အော်ဟစ်ခိုင်းစေခြင်း) ခံနေရသည်ဟု ဆိုသည်။ NOM

လယ်ဝေးမြို့နယ်၌ AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အအုံနှင့် စာသင်ဆောင် ဆေ
လယ်ဝေးမြို့နယ်၌ AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေးဆေးခန်းအဆောက်အအုံနှင့် စာသင်ဆောင် ဆောက်လုပ် မတ် ၅၊ ၂၀၂၆ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် နေပြည်တော် လယ်ဝေးမြို့နယ် အောင်မြင်ကုန်းကျေးရွာရှိ ငလျင်ဘေးဒဏ်သင့်ဒေသများ ပြန်လည်ထူထောင်ရေးအတွက် ထိုင်းနိုင်ငံက AHA Center မှတစ်ဆင့် ဆောက်လုပ်လှူဒါန်းထားသော အောင်မြင်ကုန်းကျေးရွာ အသင့်တပ်ဆင် ကျေးလက်ကျန်းမာရေးဆေးခန်း အဆောက်အအုံဆောက်လုပ်ပြီးစီးမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုသည်။ အဆိုပါအသင့်တပ်ဆင် ကျေးလက်ကျန်းမာရေး ဆေးခန်းအဆောက်အအုံသည် အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ တစ်ထပ်အဆောက်အအုံ ဖြစ်ပြီး တည်ဆောက်တပ်ဆင်ရန် ၁၀ ရက်ခန့်သာ ကြာမြင့်ကြောင်းနှင့် ငလျင်အန္တရာယ်ကြုံတွေ့ရပါက အဆောက်အအုံကြောင့် နေထိုင်အသုံးပြုသူများအပေါ် ထိခိုက်နိုင်မှုနည်းပါးစေနိုင်ကြောင်း သိရသည်။ ကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးက ဒေသနေ ပြည်သူများ ကျန်းမာရေးစောင့်ရှောက်မှုအတွက် ထိရောက်သော အထောက်အပံ့ဖြစ်စေရန် သက်ဆိုင်သည့် ဝန်ကြီးဌာနအဖွဲ့အစည်းများ ညှိနှိုင်း၍ ထိုင်းနိုင်ငံ အကူအညီအထောက်အပံ့ကို လိုအပ်သည့် နေရာများတွင် အသုံးပြုနိုင်ရေးစီစဉ်ဆောင်ရွက်မှုအခြေအနေကို ရှင်းလင်းပြောကြားသည်။ ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လယ်ဝေးမြို့အမှတ်(၁) အခြေခံပညာအထက်တန်း ကျောင်းတွင် ထိုင်းနိုင်ငံ၏ အကူအညီအထောက်အပံ့ ဖြင့် ဆောက်လုပ်ထားသော အလျားပေ ၆၀၊ အနံပေ ၃၀ အကျယ်အဝန်းရှိ အသင့်တပ်ဆင်စာသင်ကျောင်းဆောင်ကိုကြည့်ရှုပြီး ဆရာ ဆရာမများ၊ တာဝန်ရှိသူများအား မန္တလေးငလျင်ကြီးကြောင့် များပြားလှစွာသော အခြေခံအဆောက်အအုံများ ပျက်စီးထိခိုက်ခဲ့ရာ ပညာသင်ကြားရေးဆိုင်ရာ ကျောင်းဆောင်များ လည်းပါဝင်ခဲ့သဖြင့် အာဆီယံဒေသတွင်းနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများမှ ဆက်သွယ်လှူဒါန်းမှုများရှိ သကဲ့သို့ AHA Center မှတစ်ဆင့် လှူဒါန်းမှုများ လည်းရှိခဲ့ကြောင်း။ မှာကြား ယခုဆောက်လုပ်ထားသော စာသင်ကျောင်း ဆောင်အပါအဝင် ပြည်ထောင်စုနယ်မြေ နေပြည်တော်၊ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်တို့တွင် အသင့်တပ်ဆင်စာသင်ဆောင် ခုနစ်ဆောင်၊ အသင့်တပ်ဆင်ကျေးလက်ကျန်းမာရေး ဆေးပေးခန်း ၁၀ ခန်း စုစုပေါင်း အဆောက်အအုံ ၁၇ဆောင်ကို ထိုင်းနိုင်ငံက ဆောက်လုပ်လှူဒါန်း ခဲ့ခြင်းဖြစ်ကြောင်း၊ ငလျင်ဘေးသင့်ပြည်သူများ၊ ကျောင်းသား ကျောင်းသူများအတွက် ကျန်းမာရေး စောင့်ရှောက်မှု၊ ပညာသင်ကြားမှုတို့တွင် များစွာအထောက်အကူဖြစ်သည့်အတွက် လှူဒါန်းအဆောက်အအုံများကို အကျိုးရှိစွာအသုံးပြုရန်နှင့် ဝိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ကြရန် မှာကြားခဲ့ကြောင်းသိရသည်။ NOM

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရု
+9
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အားလက်ခံတွေ့ဆုံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်ရီသည် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံရုံးမှ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့် အဖွဲ့အား ၂၀၂၆ ခုနှစ်၊ မတ်လ (၆) ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်နာရီချိန်တွင် ပါတီဌာနချုပ် ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ပါသည်။ ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံပါတီချင်း ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီနှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ အထွေထွေအတွင်းရေးမှူး ဦးသောင်းအေး၊ ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးမြင့်ကိုကို တို့တက်ရောက်ခဲ့ကြပြီး ထိုင်းနိုင်ငံ သံရုံးယာယီတာဝန်ခံ Mr. Sakeson Sarobol နှင့်အတူ အဖွဲ့ဝင် (၃) ဦး တက်ရောက်ခဲ့သည်။

"ကူဝိတ်နိုင်ငံရှိ အာရစ်ဖ်ဂျန် (Arifjan) အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်၏ တိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေး ရေဒါစနစ် ၆ ခုအပြင
"ကူဝိတ်နိုင်ငံရှိ အာရစ်ဖ်ဂျန် (Arifjan) အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်၏ တိုက်ခိုက်မှုကြောင့် ဆက်သွယ်ရေး ရေဒါစနစ် ၆ ခုအပြင် အဆောက်အအုံနှင့် ဂိုဒေါင်အချို့ပျက်စီးသွားကြောင်း ပြသနေသည့် ဂြိုဟ်တုဓာတ်ပုံအသစ်များကို အီရန်နိုင်ငံက ထုတ်ပြန်ကြေညာခဲ့သည်။" NOM

အီရန်ဗိုလ်ချုပ်ကြီး အစ္စမေးလ် ကာအာနီ (Esmail Qa'ani) နဲ့ ပတ်သက်တဲ့ သတင်းမှား "ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) အတွက် သူလျှိုလုပ်ပေး
အီရန်ဗိုလ်ချုပ်ကြီး အစ္စမေးလ် ကာအာနီ (Esmail Qa'ani) နဲ့ ပတ်သက်တဲ့ သတင်းမှား "ဇီယွန်ဝါဒီအစိုးရ (အစ္စရေး) အတွက် သူလျှိုလုပ်ပေးမှုဖြင့် ဗိုလ်ချုပ်ကြီး အစ္စမေးလ် ကာအာနီ အား ဖမ်းဆီးကွပ်မျက်လိုက်ပြီဟူသော National Emirates ဝဘ်ဆိုက်၏ ဖော်ပြချက်မှာ လုံးဝ (လုံးဝ) မဟုတ်မှန်ကြောင်း အီရန်တာဝန်ရှိများကထုတ်ပြန်ခဲ့သည်။" NOM

ညောင်လေးပင်မြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လ
+1
ညောင်လေးပင်မြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ်ကျည် လာရောက်ထိမှန်မှုကြောင့် နေအိမ်တွင်ရှိနေသည့် အပြစ်မဲ့အရပ်သားပြည်သူနှစ်ဦး ထိခိုက်ဒဏ်ရာရ NOM မတ် ၆၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင် မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ မတ်လ ၅ ရက်နေ့ ည ၆ နာရီခွဲအချိန်၌ ကျည်ထိမှန်ဒဏ်ရာဖြင့် အမျိုးသားနှစ်ဦးရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အား စိစစ်ခဲ့ရာ ညောင်လေးပင်မြို့နယ်၊ ရေတွင်းကုန်းကျေးရွာနေ ဦးမျိုးမြင့်ခိုင် (၄၁) နှစ်နှင့် ဦးဇော်လင်းထွန်း (၃၈) နှစ်တို့သည် ၎င်းတို့၏နေအိမ်တွင်ရှိနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်၍ ရမ်းသန်းပစ်ခတ်လိုက်သည့် လက်နက်ငယ် ကျည်လာရောက်ထိမှန်ခဲ့မှုကြောင့် ၎င်းတို့နှစ်ဦးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ NOM

မိတ္ထီလာမြို့နယ်၊ ကျီးသာအိုင့်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ် NOM မတ်လ ၆၊ ၂
မိတ္ထီလာမြို့နယ်၊ ကျီးသာအိုင့်ကျေးရွာနေ အပြစ်မဲ့အရပ်သားပြည်သူတစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က ဒလန်ဟု စွပ်စွဲသတ်ဖြတ် NOM မတ်လ ၆၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကျီးသာအိုင့်ကျေးရွာနေ ဦးအောင်နိုင် (၅၇) နှစ်သည် မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်၌ ၎င်း၏ နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမားရှစ်ဦးခန့်က ဆိုင်ကယ်လေးစီးဖြင့် ရောက်ရှိလာပြီး "သတင်းပေး/ဒလန်" ဟုပြောဆို၍ သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့သဖြင့် ဦးအောင်နိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ NOM

အီရန်ဝေဟင်ပိုင်နက်နှင့် ပတ်သက်၍ The War Zone ၏ ဖော်ပြချက် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် လေကြောင်းစိုးမိုးမှု
အီရန်ဝေဟင်ပိုင်နက်နှင့် ပတ်သက်၍ The War Zone ၏ ဖော်ပြချက် အမေရိကန်နှင့် အစ္စရေးတို့သည် အီရန်နိုင်ငံအပေါ် လေကြောင်းစိုးမိုးမှုအပြည့်အဝ ရရှိထားပြီဟူသော အများလက်ခံထားသည့် ယုံကြည်ချက်ကို The War Zone မဂ္ဂဇင်းက ငြင်းဆိုလိုက်သည်။ ၎င်းတို့၏ သုံးသပ်ချက်အရ အောက်ပါအတိုင်းတွေ့ရှိရသည်- စိုးမိုးမှု အကန့်အသတ်ရှိခြင်း- လေကြောင်းစိုးမိုးမှုကို အချို့သော နယ်မြေဒေသများတွင်သာ ရရှိထားခြင်းဖြစ်ပြီး အမေရိကန်နှင့် အစ္စရေးလေတပ်များအနေဖြင့် အီရန်ဝေဟင်၌ စိတ်ကြိုက် လှုပ်ရှားနိုင်စွမ်းမရှိသေးပေ။ တိုက်ခိုက်မှုအဆင့် မြှင့်တင်ခြင်း- လက်ရှိတွင် ၎င်းတို့သည် ပိုမိုတိကျသော အလတ်စားပစ်ခတ်မှုများပြုလုပ်နိုင်သည့် အဆင့်သို့ တဖြည်းဖြည်း ကူးပြောင်းလာနေသည်။ ယင်းက ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် အရေအတွက်ကို ပိုမိုများပြားစေပြီး မြေအောက်ဘန်ကာများကိုပါ ထိမှန်အောင် တိုက်ခိုက်နိုင်မည် ဖြစ်သည်။ ရင်ဆိုင်ရမည့် ဘေးအန္တရာယ်များ- အထက်ပါ တိုက်ခိုက်မှုများသည် စိန်ခေါ်မှုအသစ်များနှင့် ဒွန်တွဲနေသည်။ အီရန်၏ ရွေ့လျားလေကြောင်းရန်ကာကွယ်ရေးစနစ်များသည် နေရာမရွေး ပေါ်ထွက်လာနိုင်ပြီး လေယာဉ်မှူးများအနေဖြင့် တုံ့ပြန်ရန် အချိန်အနည်းငယ်သာ ရရှိမည်ဖြစ်သည်။ အန္တရာယ်အရှိဆုံးဇုန်- အီရန်နိုင်ငံ အနောက်ဘက်ခြမ်းနှင့် နှိုင်းယှဉ်ပါက အရှေ့ဘက်ခြမ်းသည် တိုက်ခိုက်မှုဒဏ် မခံရသေးဘဲ နဂိုအတိုင်း ရှိနေသေးသဖြင့် ထိုဒေသတွင် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ပါက လေယာဉ်များအတွက် အန္တရာယ် ပိုမိုကြီးမားနိုင်သည်။ NOM

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အတိုက်အခံ ပါတီ၏ လျှော့ချထားသော ကါကွယ်ရေးဘတ်ဂျက်ကို ငြင်းပယ် NOm ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်က
ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးက အတိုက်အခံ ပါတီ၏ လျှော့ချထားသော ကါကွယ်ရေးဘတ်ဂျက်ကို ငြင်းပယ် NOm ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဝယ်လင်တန်ကူးသည် သောကြာနေ့တွင် အဓိကအတိုက်အခံပါတီ ဖြစ်သောကူမင်တမ်ပါတီ၏အစိုးရတောင်းဆိုသော ပမာဏ၏ သုံးပုံတစ်ပုံခန့်ကို သာကာကွယ်ရေးဘတ်ဂျက်အဖြစ် အဆိုပြုခဲ့သည့် အပေါ် နှင့်လက်နက်ဝယ်ရန်နောက်ဆုံးရက်သတ်မှတ်ပေးခြင်းအပေါိမဖြစ်နိုင်ဟု ပြောကြားလိုက်သည်။ ထိုင်ဝမ်သမ္မတ လိုင်ချင်းတေးသည် ပြီးခဲ့သည့်နှစ်က တရုတ်ကို တန်ပြန်ရန် အမေရိကန်ဒေါ်လာ ၄၀ ဘီလီယံ ထပ်မံကာကွယ်ရေးအသုံးစရိတ်ကို အဆိုပြုခဲဲ့သည်။ အတိုက်အခံကူမင်တန်ပါတီ၏ တန်ပြန်အဆိုပြုချက်တွင် ကါကွယ်ရေးအသုံးစရိတ်အတွက် အမေရိကန်ဒေါ်လာ ၁၁.၉၆ ဘီလီယံ ကန့်သတ်ချက်နှင့် ၂၀၂၈ ခုနှစ်ကုန်တွင် ပြီးစီးရန် နောက်ဆုံးရက်ကို သတ်မှတ်ခဲ့သည်။

"မနေ့ (မတ်လ ၅ ရက်နေ့) က အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ယူအေအီးနိုင်ငံ (UAE)၊ ဖူဂျေရာရေနံစက်မှုဇုန်မှာ မီးလောင်မှုအကြီးအကျယ် ဖြ
+1
"မနေ့ (မတ်လ ၅ ရက်နေ့) က အီရန်ရဲ့ တိုက်ခိုက်မှုကြောင့် ယူအေအီးနိုင်ငံ (UAE)၊ ဖူဂျေရာရေနံစက်မှုဇုန်မှာ မီးလောင်မှုအကြီးအကျယ် ဖြစ်ပွားနေတာကို ဂြိုဟ်တုဓာတ်ပုံတွေကတစ်ဆင့် တွေ့ရှိရပါတယ်။" NOM

🇺🇸🤡 အိမ်ဖြူတော်ဟာ ရှောင်လွှဲလို့မရနိုင်အောင်ကို ဘာသာရေးဂိုဏ်းတစ်ခုအသွင် ပြောင်းလဲလို့နေပြီ - အမေရိကန်တစ်ဝန်းက စုဝေးရောက်ရှိလာတဲ့ သင်းအုပ်ဆရာတွေဟာ ထရန့်ရဲ့ ရုံးခန်းထဲမှာတင် သူ့အတွက် စုပေါင်းဆုတောင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။ NOM

စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည့်သူ့ပါတီမှအကြံပြု
စက်သုံးဆီခြိုးခြံချွေတာသုံးစွဲရေးအတွက် ပြည့်သူ့ပါတီမှအကြံပြု