uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 411 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 966-o'rinni va Myanma mintaqasida 10 118-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 411 obunachiga ega bo‘ldi.

08 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -223 ga, so‘nggi 24 soatda esa -13 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.65% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 6.02% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 950 marta ko‘riladi; birinchi sutkada odatda 747 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 09 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 411
Obunachilar
-1324 soatlar
-677 kunlar
-22330 kunlar
Postlar arxiv
Repost from NOM
“ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွာတို့က ရုရှားနဲ့ ဆက်ဆံရေးရှိတယ်၊ ဒီဒေသတွေက ဘာကြောင့် အရေးကြီးတာလဲဆိုရင် ကြွယ်၀တဲ့ အရင်းအမြစ်
“ကျူးဘား၊ ဗင်နီဇွဲလားနဲ့ နီကာရာဂွာတို့က ရုရှားနဲ့ ဆက်ဆံရေးရှိတယ်၊ ဒီဒေသတွေက ဘာကြောင့် အရေးကြီးတာလဲဆိုရင် ကြွယ်၀တဲ့ အရင်းအမြစ်တွေနဲ့ ရှားပါးဒြပ်စင်တွေကြောင့်ပါ။ ဒီနေ့ခေတ် နည်းပညာအတွက် လိုအပ်တဲ့ lithium triangle ရှိနေတယ်။ ကမ္ဘာ့ lithium ရဲ့ ၆၀% က အဲဒီမှာ ရှိတာပါ၊ အာဂျင်တီးနား၊ ဘိုလီဗီးယား၊ ချီလီတို့မှာပါ။ အကြီးမားဆုံး ရေနံသိုက်တွေရှိတယ်၊ Guyana မှာဆိုရင် လွန်ခဲ့တဲ့ တနှစ်ကျော်က ရှာတွေ့ခဲ့တဲ့ white sweet ရေနံစိမ်းတွေ ရှိပါတယ်၊ ဗင်နီဇွဲလားဆိုရင် ရေနံ၊ ကြေးနီနဲ့ ရွှေတို့လို အရင်းအမြစ်တွေရှိတယ်၊ ကမ္ဘာကြီးရဲ့ lungs (အဆုတ်) လို့ တင်စားခံထားရတဲ့ အမေဇုန်လည်း အဲဒီဒေသမှာပါ။ ကမ္ဘာ့ရေချို ၃၀% က လက်တင်အမေရိကမှာပါ၊ ဒါက စာရင်းဇယားထဲတွေမှာပဲ ရှိနေတာမျိုး မဟုတ်ဘဲ ကျွန်မတို့မှာ လုပ်စရာတွေ အများကြီးရှိပါတယ်၊ ဒီဒေသက အရမ်းအရေးကြီးပါတယ်၊ အမျိုးသားလုံခြုံရေးနဲ့ အများကြီးသက်ဆိုင်ပြီး ကျွန်မတို့ရဲ့ ကစားပွဲကို မြှင့်တင်ဖို့ လိုအပ်ပါတယ်။” NOM

Repost from MRTV News Channel
ဘားအံစက်မှုဇုန်၌ ရွှေငါးသုံးကောင်ကုမ္ပဏီလီမိတက်၏ အဆင့်မြင့် စားအုန်းဆီသန့်စင်စက်ရုံ ဖွင့်လှစ်

Repost from MRTV News Channel
ပဲခူးတိုင်းဒေသကြီးအတွင်း ဆက်လက်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အပိုင်း(၂)နှင့် အပိုင်း(၃) ရာနှုန်းပြည့် အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေး ကျင်းပ

Repost from NOM
၁၉၉၀ တုန်းက ဒီလိုနေ့မျိုးမှာပဲ ပနားမားသမ္မတ Manuel Noriega ဟာ အမေရိကန်တပ်ဖွဲ့တွေဆီ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ ဗင်နီဇွဲလားသမ္မတ
၁၉၉၀ တုန်းက ဒီလိုနေ့မျိုးမှာပဲ ပနားမားသမ္မတ Manuel Noriega ဟာ အမေရိကန်တပ်ဖွဲ့တွေဆီ ဖမ်းဆီးခံခဲ့ရပါတယ်။ သူဟာ ဗင်နီဇွဲလားသမ္မတ မာဒူရိုလိုပဲ မူးယစ်ဆေးဝါးရောင်းဝယ်မှု စွဲချက်တွေကို ရင်ဆိုင်ခဲ့ရတာပါ။ နောက်ပိုင်းမှာ သူ့ကို ထောင်ဒဏ် နှစ် ၄၀ အထိ ချမှတ်ခံခဲ့ရပါတယ်။ NOM

ကမ္ဘာကြီးက တရားမျှတမှုတွေ နည်းသထက် နည်းလာတာ သတိထားမိတယ်။ လက်ရှိ ဗင်နီဇွဲလား အရေးမှာ အမေရိကန်ရဲ့ ဦးတည်ချက်က တည်ဆဲ အစိုးရကို ဖြုတ်ချနိုင်ဖို့ နိုင်ငံကို မူးယစ်သားကောင်အဖြစ် တည်ကြက် လုပ်ထားတဲ့ သဘောပါပဲ။ အမေရိကန်သာ ရှေ့လျှောက် ပိုလောဘကြီးလာရင် ဂရင်းလန်း အပြင် ကနေဒါလည်း ပြည်နယ်အသစ် ဖြစ်လာနိုင်ပါသေးတယ်။ ဒေသတွင်း နိုင်ငံတွေထဲက ထိုင်း- ကမ္ဘောဒီးယား စစ်ပွဲကို ဖြန့်ဖြေသူအဖြစ် ပါဝင်ခဲ့ပေမယ့် ဘာလို့ မအောင်မြင်ရသလဲ မေးရင် ကုန်သွယ်ရေးအခွန်မျက်နှာကြောင့်ပါလို့ပဲ ပွင့်ပွင့်လင်းလင်း ဝန်ခံရမှာပါပဲ။ မြန်မာ့နိုင်ငံရေးဟာ ပြည်တွင်းရေး ဖြစ်ပေမယ့် နှစ်ခြမ်းကွဲနေတဲ့ အာဆီယံဟာ စိုးရိမ်ရကြောင်း စာအသွင်သွင် ထုတ်ကြပေမယ့် ထိုင်း-ကမ္ဘောဒီးယားအရေးမှာတော့ ဘာသံမှတောင် မထွက်နိုင်ဘူး။ အိမ်နီးချင်း ဖြစ်တဲ့အပြင် နှစ်နိုင်ငံ ဖြစ်ကြတဲ့ ပြည်ပစစ်က မြန်မာ့ပြည်တွင်းရေးထက် ပိုသေးငယ်နေသလားတော့ အာဆီယံက အသိဆုံး ဖြစ်မှာပဲ။ ဒါက နိုင်ငံခြားရေးဘက်ကနေ အာဆီယံကို သိသိသာသာ မက်ဆေခ်ျ့ပေးနေသင့်တယ်။ ခုလည်း ဗင်နီဇွဲလားကို အမေရိကန်က ဝင်တိုက်တယ်ဆိုတာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတခုကို ကျူးကျော်တဲ့ ပြည်ပ စစ်ပါပဲ။ ကမ္ဘာ့စူပါ ပါဝါရှိတဲ့ နိုင်ငံဆိုတော့လည်း တခြားနိုင်ငံတွေ အနေနဲ့ "မတရားပါဘူး၊ မလုပ်သင့်ပါဘူး" ဆိုတဲ့ အသံတွေ မကြားရတာ ဆန်းတော့ မဆန်းလှဘူး။ သေချာတာကတော့ ..... ကမ္ဘာကြီးက တရားမျှတမှုတွေ နည်းသထက် နည်းလာတာ အမှန်ပါပဲ။ အချင်းချင်း ပြိုင်ဆိုင်မှုတွေ၊ စီးပွားရေးအရ ပိတ်ဆို့မှုတွေ၊ နည်းပညာအားဖြင့် နောက်ကောက်ချမှုတွေအပြင် Geopolitics အရ မိတ်ဖက်အင်အားစုတွေ အပြိုင် တည်ဆောက်ကြလာတာကလည်း ဒီလို တရားမျှတမှုကင်းတဲ့ ကိစ္စတွေမှာ ကာကွယ်နိုင်စေဖို့ပဲ ဖြစ်မယ်ထင်ပါတယ်။ (နရီမိုး)

Repost from NOM
အမှန်တကယ်အားဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာမဟုတ်ဘဲ အမေရိကန်နဲ့ နောက်ကွယ်တွင် ဆွေးနွေးညှိနှိုင
အမှန်တကယ်အားဖြင့် ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့က ဖမ်းဆီးခဲ့တာမဟုတ်ဘဲ အမေရိကန်နဲ့ နောက်ကွယ်တွင် ဆွေးနွေးညှိနှိုင်းမှုတွေလုပ်ခဲ့ကာ တိုင်းပြည်တွင်းက ထွက်ခွာပေးခဲ့တာဖြစ်တယ်လို့ သတင်းရင်းမြစ်တခုက Sky News ကို ပြောဆိုခဲ့ပါတယ်။ NOM

+1
ဇန်နဝါရီလ၃ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။အမေရိကန်နှင့်အစ္စရေး၏ခြိမ်းခြောက်မှု၊တိုင်းပြည်စီးပွားရေးကျဆင်းမှု၊အစိုးရအပေါ်ဆန္ဒပြမှုများဖြင့်အီရန်သည်ပြသနာပေါင်းစုံရင်ဆိုင်​နေရသည်။(ဗီဒီယို) ၂။အမေရိကန်ကဗင်နီဇွဲလားရှိစစ်စခန်းများနှင့်ရေနံချက်စက်ရုံများကိုစတင်တိုက်ခိုက်သည်။(ဗီဒီယို) ၃။တရုတ်သမ္မတရှိကျင်းဖျင်သည်တောင်ကိုးရီးယားသမ္မတလီဂျေးမြောင်ကိုဇန်နဝါရီလ၄ရက်၌တရုတ်ပြည်သို့လာရောက်ရန်ဖိတ်ကြားလိုက်သည်။ ၄။သရုပ်ဆောင်အန်ဂျယ်လီနာဂျိုလီသည်အီဂျစ်နိုင်ငံရာဖာနယ်စပ်မှတစ်ဆင့်ဂါဇာရှိဆေးရုံများသို့သွားရောက်ခဲ့သည်။ ၅။ဗင်နီဇွဲလားသမ္မတမာဒူရိုနှင့်ဇနီးကိုအမေရိကန်စစ်တပ်ကဖမ်းဆီးပြီးနိုင်ငံပြင်ပသို့ခေါ်ဆောင်သွားပြီဟုအမေရိကန်သမ္မတထရမ့်ကကြေညာသည်။

Repost from NOM
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။ “အမေရိကန်ဟာ ဗင်နီဇွဲလားကိ
ဗင်နီဇွဲလားသမ္မတ မာဒူရိုကို အမေရိကန်တပ်ဖွဲ့တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဒေါ်နယ်ထရမ့်က ကြေညာလိုက်ပါပြီ။ “အမေရိကန်ဟာ ဗင်နီဇွဲလားကို ကြီးမားတဲ့တိုက်ခိုက်မှုတခု အောင်မြင်စွာ လုပ်နိုင်ခဲ့ပြီး သူတို့ရဲ့ ခေါင်းဆောင် မာဒူရိုနဲ့ ဇနီးဖြစ်သူတို့ကို ဖမ်းမိခဲ့ကာ တိုင်းပြည်တွင်းကနေ လေကြောင်းဖြင့်သယ်ထုတ်သွားပြီဖြစ်ပါတယ်၊ ဒီစစ်ဆင်ရေးကို အမေရိကန်ဥပဒေစိုးမိုးရေးနဲ့ ပူးပေါင်းဆောင်ရွက်ခဲ့တာပါ၊ အသေးစိတ်အချက်အလက်တွေကို ဆက်လက်ဖော်ပြသွားမယ်၊ ဒီနေ့ နံနက်ပိုင်း ၁၁ နာရီမှာ Mar-a-Lago မှာ သတင်းစာရှင်းလင်းပွဲတခု လုပ်ဆောင်ဖို့ရှိပြီး ဒီကိစ္စအပေါ် အာရုံစိုက်ပေးမှုတွေအတွက် ကျေးဇူးတင်ပါတယ်” လို့ ထရမ့်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာ ရေးသားခဲ့ပါတယ်။ NOM

Breaking News

ပြည်သူတွေက လူပိန်းတွေ မှ မဟုတ်တာ။ တိုးတက်နေတဲ့ ခေတ်ဆို ပိုဆိုးပေါ့။ ခုခေတ်လိုမျိုး ဘယ်နေရာက ကြည့်ကြည့် ၊ ဘယ်မြို့နယ်က တင်တင်
ပြည်သူတွေက လူပိန်းတွေ မှ မဟုတ်တာ။ တိုးတက်နေတဲ့ ခေတ်ဆို ပိုဆိုးပေါ့။ ခုခေတ်လိုမျိုး ဘယ်နေရာက ကြည့်ကြည့် ၊ ဘယ်မြို့နယ်က တင်တင် သတင်း ဖြစ်နေတဲ့ Trend ဖြစ်နေတဲ့ ခေတ်ကြီးမှာ စနစ်ဆိုးတွေ မရှိသင့်တော့ဘူး။ ရှိနေရင်လည်း ပြင်ဖို့ ကြိုးစားသင့်တယ်။ မှိန်းမနေသင့်ဘူး။ ဒါကို ပြည်သူ့အမြင်ရှု့ထောင့်က မကြည့်ပေးရင် Revolution အဆင့်ထိ ဖြစ်လာပြီး အစိုးရရဲ့ ပုံရိပ်ကို ထိခိုက်လာစေတယ်။ ဒါက နိုင်ငံရေး သီအိုရီ အခြေခံအဆင့် နားလည်ရမဲ့ အသိပညာတွေပဲ။ လက်ရှိ ရန်ကုန်မှာ မီးဝါ ကိစ္စတွေ အဖြစ်များတယ်။ ဒါကို ပပျောက်အောင် ဘယ်လို လုပ်မလဲ။ မီးဝါ စနစ်မှာ Digital စနစ်ပြမလား။ ပြစ်မှု ကျူးလွန်ရင် Digital ငွေပေးချလန် လုပ်မလား ။ စဉ်းစားရတော့မယ်။ ဒါကို စီးပွားရေး လုပ်ပေါက်အဖြစ်နဲ့ လုပ်စားတာမျိုး အမြင်မခံသင့်ဘူး။ ဒီလို နာမည်ဆိုး ထွက်လာရင် သက်ဆိုင်ရာ ဌာနက ‌ပြုကို ပြုပြင်ပေးရမယ်။ နောက်....အောင်မင်္ဂလာလို ကားကွင်း ကိစ္စမျိုး။ ဒါက လူချိန်းလိုက်ရုံနဲ့ အဆင်ပြေတဲ့ ကိစ္စတွေ မဟုတ်ဘူး။ စနစ်ပြောင်းရမယ်။ မူဝါဒ ပြောင်းရမယ်။ ပြည်သူတွေ အတွက် သက်တောင့်သက်သာရှိသလို Taxi သမားတွေအတွက်လည်း လွယ်လင့်တကူ စီးပွားရှာဖွေလို့ရတဲ့ ရပ်ဝန်း တစ်ခု ဖန်တီးပေးဖို့ ကြိုးစား နေသင့်တာ။ ခုလည်း ဒီနေ့ တွေ့ရတဲ့ သတင်းဟာ အမြန်လမ်း တိုးဂိတ်တွေရဲ့ တန်ပို ကိစ္စနဲ့ပတ်သက်ပြီး အငြင်းပွားစရာတွေ အောက်ခြေမှာ ဖြစ်နေတာ တွေ့လာရတယ်။ တန်ပိုတင်တဲ့ ကားဟာ သတ်မှတ်ချလန်အတိုင်း ဒဏ်ငွေဆောင် ပေးဖြတ်ရသလို ဂိတ်တာဝန်ရှိသူတွေဘက်ကလည်း ချလန်ပြန်ပေးရမှာ ထုံးစံဆိုတဲ့ အနေအထားမှာ အမြဲတမ်း ၆ တန်လောက် စာရင်းပြနေတယ် ဆိုတဲ့ ဒီကိစ္စဟာ အထက်ဌာနအနေနဲ့ သေချာပေါက် ကိုင်တွယ်ရမယ် ထင်ပါတယ်။ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပို ဖြစ်စေတဲ့ ဒီလို ကိစ္စတွေ၊ အစိုးရအပေါ် ပြည်သူတွေရဲ့ ယုံကြည်ကိုးစားမှု ပျက်ယွင်းစေနိုင်တဲ့ ဆူးလှည်း/ ဘေးတွဲ ပုံစံ ဒရွတ်ဆွဲနေ သော အဂတိမှာ အကျင့်ပါနေတဲ့ လုပ်စားဂွင်ရိုက် စနစ်တွေကို ပပျောက်အောင် ဆောင်ရွက်ပေးနိုင်မှ လူထု ယုံကြည်တဲ့ သန့်ရှင်းသော အစိုးရ၊ အားထားရသော အစိုးရတစ်ရပ်အဖြစ် ပုံဖော်နိုင်မှာ ဖြစ်ပါတယ် ဆိုတာ သတိပြုနိုင်ကြဖို့ ဖြစ်ပါတယ်။ (နရီမိုး)

အမေရိကန်လွှတ်တော်လက်နက်ကိုင်တပ်များဆပ်ကော်မတီကို ထရမ့်အစိုးရက ဗင်နီဇွဲလားအားတိုက်ခိုက်ခြင်းအပေါ်ကြိုတင်အသိပေးမှုမရှိခဲ့ကြောင်း CNN သတင်းဌာနကဖော်ပြ News Of Myanmar NOM

Repost from NOM
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အကြောင်းပြချက်များစွာအတွက် လိုအပ်နေခဲ့ပေမယ့် အရေးအကြီးဆုံးအချက်က အီရန်ကို ဆင်န
အမေရိကန်ဟာ ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အကြောင်းပြချက်များစွာအတွက် လိုအပ်နေခဲ့ပေမယ့် အရေးအကြီးဆုံးအချက်က အီရန်ကို ဆင်နွှဲမယ့် စစ်ပွဲအတွက် ရည်ရွယ်တယ်လို့ သတင်းအချက်အလက် သိရှိထားသူက Resistance Trench ကို ပြောဆိုခဲ့ပါတယ်။ ဗင်နီဇွဲလားရဲ့ ရေနံအရင်းအမြစ်တွေကို အမေရိကန်က ထိန်းချုပ်ဖို့ ကြိုးစားတာဟာ အီရန်နဲ့ စစ်ပွဲဖြစ်ပွားရင် ရေနံစျေးနှုန်းကို ထိန်းချုပ်ဖို့၊ ဟော်မုဇ်ရေလက်ကြား ပိတ်သွားခဲ့မယ်ဆို သက်ရောက်မှုကို လျှော့ချဖို့ ရည်ရွယ်ထားပါတယ်။ ဗင်နီဇွဲလားကို တိုက်ခိုက်ပြီးရင် အမေရိကန်နဲ့ အစ္စရေးဟာ အီရန်ရဲ့ ရေနံစက်ရုံတွေအပြင် နူကလီးယားနဲ့ ဒုံးကျည်စခန်းတွေကို လေကြောင်းစစ်ဆင်ရေးအပါအဝင် ပြင်းထန်တဲ့ စစ်ပွဲအတွက် ပြန်လည်ဦးတည်လာမယ်လို့ဆိုပါတယ်။ အီရန်အပေါ် တိုက်ခိုက်မှုကို ၂၀၂၇ မတိုင်ခင်မှာ အပြီးသတ်လုပ်ဆောင်သွားမှာလည်း ဖြစ်ပါတယ်။ ဗင်နီဇွဲလားကို တိုက်ခိုက်ပြီးပါက အမေရိကန်နဲ့ အစ္စရေးတို့ အီရန်ကို အမှန်တကယ်ပဲ တိုက်ခိုက်မှု လုပ်တော့မှာလားဆိုတာကို စောင့်ကြည့်ရတော့မှာပါ။ ဗင်နီဇွဲလားကို တိုက်ခိုက်မှုမစတင်ခင် ထရမ့်က အီရန်ဆန္ဒပြမှုတွေအတွင်း ပြည်သူတွေကို သတ်ဖြတ်မယ်ဆိုရင် ကြားဝင်စွက်ဖက်မယ်လို့ ပေါ်တင်ပြောဆိုခဲ့ပါတယ်။ NOM

Repost from NOM
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို အရေးတကြီးတုံ့ပြန်မှုတခုလုပ်ဖို့ ကျူးဘား
နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဗင်နီဇွဲလားကို တိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရဲ့ လုပ်ရပ်ကို အရေးတကြီးတုံ့ပြန်မှုတခုလုပ်ဖို့ ကျူးဘားသမ္မတက တောင်းဆိုလိုက်ပါတယ်။ တူရကီသမ္မတအာဒိုဂန်ရဲ့ အကြံပေးဖြစ်သူကလည်း တူရကီက ဗင်နီဇွဲလားနဲ့အတူ ရှိတယ်လို့ ရေးသားပြောဆိုခဲ့ပါတယ်။ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း မကြာခင်မှာ ကြေညာချက်တစောင် ထုတ်ပြန်မယ်လို့ ပြောဆိုထားပါတယ်။ NOM

Repost from NOM
ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့အပေါ် တူရကီသမ္မတ အာဒိုဂန်ရဲ့ အကြံပေးဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ “အမေရိ
ဗင်နီဇွဲလားကို အမေရိကန်က တိုက်ခိုက်ခဲ့တဲ့အပေါ် တူရကီသမ္မတ အာဒိုဂန်ရဲ့ အကြံပေးဖြစ်သူက ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ “အမေရိကန်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုပါ၊ အရှေ့အလယ်ပိုင်းက သွေးဆာနေတဲ့ အစ္စရေးနဲ့အတူ ဗင်နီဇွဲလားကို တိုက်ခိုက်ပြီး သူတို့ရဲ့ ရက်စက်မှုကို ဆက်လုပ်ဆောင်နေတာပါ၊ ဗင်နီဇွဲလားပြည်သူတွေနဲ့အတူ သမ္မတမာဒူရိုကို ထောက်ခံပါတယ်၊ ဒီ ရက်စက်ကြမ်းကြုတ်မှုအတွက် အပြစ်မပေးဘဲ မနေသင့်ပါဘူး” လို့ X မှာ Cemil Ertem က ရေးသားခဲ့ပါတယ်။ NOM

🇺🇸🇻🇪❗️ဗင်နီဇွဲလားသမ္မတ Nicolas Maduro တည်ရှိရာနေရာကို လက်ရှိအချိန်တွင်မသိရှိရသေးသော်လည်း အချို့သောသတင်းရင်းမြစ်များ​၏အဆိုအရ ၎င်း​၏ အတွင်းစည်းလုပ်ဖော်ကိုင်ဘက်အချို့မှာ ဘေးအန္တရာယ်ကင်းစွာရှိကြောင်းသိရသည်။ NOM

🇻🇪❌🇺🇸❗️ — ဗင်နီဇွဲလားမီဒီယာများ​၏အဆိုအရ မြို့တော်ကာရာကတ်(စ်) ကို တိုက်ခိုက်နေသည့် အမေရိကန် Chinooks ရဟတ်ယာဉ်များအပါအဝင် ရဟတ်ယာဉ်အများစု ကာရာကတ်(စ်)မှ ပြန်လည်ထွက်ခွာပြီးနောက် မြို့တော်တွင် တည်ငြိမ်လာကြောင်းသိရသည်။ NOM

အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် YBS ယာဉ်အား အိမ်စီးယာဉ်တစ်စီး တိုက်မိပြီး တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ NOM၊ဇန်နဝါရီ၃၊၂၀၂၆ ရန်ကု
+1
အင်းစိန်မြို့နယ်တွင် ရပ်ထားသည့် YBS ယာဉ်အား အိမ်စီးယာဉ်တစ်စီး တိုက်မိပြီး တစ်ဦးသေဆုံး၊ လေးဦး ဒဏ်ရာရ NOM၊ဇန်နဝါရီ၃၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ် ကြို့ကုန်းအနောက်ရပ်ကွက် ဘုရင့်နောင်လမ်းမ‌ပေါ်  BPI ဆေးဝါးစက်ရုံလမ်း  ကြို့ကုန်းမှတ်တိုင်အရှေ့တွင် ရပ်ထားသည့် YBS ယာဉ်အား အိမ်စီးယာဉ်တစ်စီး တိုက်မိပြီး တစ်ဦး သေဆုံးလေးဦးဒဏ်ရာရရှိခဲ့ ကြောင်းတွဲလက်လူမှုကူညီရေးအဖွဲ့ (အင်းစိန်) မှတာဝန်ရှိသူတစ်ဦးကပြောသည်။ ဖြစ်စဉ်မှာကြို့ကုန်းအနောက်ရပ်ကွက် ဘုရင့်နောင်လမ်းမ‌ပေါ်  BPI ဆေးဝါးစက်ရုံလမ်း  ကြို့ကုန်းမှတ်တိုင်အရှေ့တွင် YBS ယာဉ်မှာဂက်စ်တန်းဆီရန်ရပ်ထားရာToyota Ipsum အမျိုးအစား အိမ်စီးကား‌ မှာအရှိန်များပြီးနောက်ကဝင်တိုက်ခဲ့ကြောင်းသိရသည်။

Repost from NOM
"ငြိမ်းချမ်းရေးသမ္မတအဖြစ် ထရမ့်ကို သမိုင်းက မှတ်မိနေပါလိမ့်မယ်" ဒီဇင်ဘာလအစောပိုင်းတုန်းက ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ပြ
"ငြိမ်းချမ်းရေးသမ္မတအဖြစ် ထရမ့်ကို သမိုင်းက မှတ်မိနေပါလိမ့်မယ်" ဒီဇင်ဘာလအစောပိုင်းတုန်းက ကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီယိုက ပြောခဲ့တာပါ။ လက်ရှိမှာတော့ ထရမ့်ဟာ ဗင်နီဇွဲလားမြို့တော် ကာရာကက်စ်ကို တိုက်ခိုက်ဖို့ အမိန့်ပေးခဲ့ပါတယ်။ NOM

🇻🇪❌🇺🇸❗️ — ဗင်နီဇွဲလားနိုင်ငံ La Guaira ဆိပ်ကမ်းရှိ ရေယာဉ်တစ်စီးကို အမေရိကန်က ပစ်မှတ်ထားတိုက်ခိုက်ခဲ့ NOM

🔘အတည်မပြုနိုင်သေးသော သတင်းများအရ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါ(ဒ်)ရီတို လိုပတ်(စ်) သေဆုံးသွားပြီဟု သတင်းများထွက်ပေါ
🔘အတည်မပြုနိုင်သေးသော သတင်းများအရ ဗင်နီဇွဲလားကာကွယ်ရေးဝန်ကြီး ဗလာဒီမာ ပါ(ဒ်)ရီတို လိုပတ်(စ်) သေဆုံးသွားပြီဟု သတင်းများထွက်ပေါ်နေ ကာကွယ်ရေးဝန်ကြီး​၏ နေအိမ်တိုက်ခိုက်ခံရပြီးနောက် ကာကွယ်ရေးဝန်ကြီးဖြင့် အဆက်အသွယ်ပြတ်တောက်နေ NOM