uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 394 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 937-o'rinni va Myanma mintaqasida 10 119-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 394 obunachiga ega bo‘ldi.

10 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -199 ga, so‘nggi 24 soatda esa -8 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 8.26% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.89% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 024 marta ko‘riladi; birinchi sutkada odatda 731 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 11 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 394
Obunachilar
-824 soatlar
-577 kunlar
-19930 kunlar
Postlar arxiv
တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဖေဖော်ဝါရီ ၂၊
တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဖေဖော်ဝါရီ ၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူး ဦးကျော်စိုး (၆၂) နှစ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ အောင်ခိုင်ကျေးရွာမှ ငှက်ပြောတောကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ငှက်ပြောတောကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဖေဖော်ဝါရီ ၂၊
တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်သွား NOM ဖေဖော်ဝါရီ ၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ငှက်ပြောတောကျေးရွာနေ ရာအိမ်မှူး ဦးကျော်စိုး (၆၂) နှစ်သည် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်၌ အောင်ခိုင်ကျေးရွာမှ ငှက်ပြောတောကျေးရွာသို့ ခြေလျင်ပြန်လာစဉ် ငှက်ပြောတောကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားလေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် ရောက်လာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားခဲ့သဖြင့် ဦးကျော်စိုးတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ရေတာရှည်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်၍ အမျိုးသားနှစ်ဦးကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီး
ရေတာရှည်မြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်၍ အမျိုးသားနှစ်ဦးကို မော်တော်ယာဉ်နှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွား NOM ဖေဖော်ဝါရီ ၂၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည် မြို့နယ်၊ သိုင်းဝကျေးရွာနေ ဦးဇော်ထက် (၃၆) နှစ်နှင့် ဥယျာဉ် မှူးကျေးရွာနေ ကိုဇင်ကိုဝင်း (၂၄) နှစ်တို့သည် ​ဖေဖော်ဝါရီလ ၁ ရက် နေ့ နံနက် ၈ နာရီအချိန်၌ ဥယျာဉ်မှူးကျေးရွာနေ ဦးမင်းမင်း (၃၈) နှစ်၏ FAW မော်တော်ယာဉ်ဖြင့် ပဲခူးရိုးမအတွင်းသို့ ဝါးများသယ်ယူရန် သွားရောက်စဉ် ထုံးကြီးကျေးရွာအနီးအရောက် PDF အကြမ်းဖက်သမားငါးဦးခန့်က မော်တော်ယာဉ်အား တားဆီးကာ ယာဉ်ပိုင်ရှင်ဖြစ်သူအား ဖုန်းဆက်ခေါ်ဆောင်ခိုင်းခဲ့ပြီး ဦးမင်းမင်းနှင့် ဦးကျော်ခိုင် (၄၆) နှစ်တို့နှစ်ဦးမှ မော်တော်ယာဉ် ရှိရာ ထုံးကြီးကျေးရွာသို့ ဆိုင်ကယ် တစ်စီးဖြင့် ရောက်ရှိလာစဉ် PDF အကြမ်းဖက်သမားများက ဦးမင်းမင်းအား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ ဦးဇော်ထက်နှင့် ကိုဇင် ကိုဝင်းတို့အား မော်တော်ယာဉ်နှင့် အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သဖြင့် ဦးမင်းမင်းတွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ပြီး ဦးကျော်ခိုင်မှာ ထွက်ပြေးလွတ် မြောက်ခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်းသိရသည်။ News Of Myanmar NOM

ကျွန်းပြားကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာဦးတစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီး
ကျွန်းပြားကျေးရွာအခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်းဆရာဦးတစ်ဦးကို PDF အကြမ်းဖက်သမား ၁၀ ဦးကဖမ်းဆီးခေါ်ဆောင်သွားပြီး ဓါးများဖြင့် ဝိုင်းဝန်းထိုးခုတ်သတ်ဖြတ်သွား၊ ထို့အပြင်ကျေးရွာမှ လူမှူကူညီရေးအသင်းယာဉ်တစ်စီးကိုပါ လုယက်ယူဆောင်သွား NOM ဖေဖော်ဝါရီ ၂၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့နယ်၊ ကျွန်းပြားကျေးရွာအနီးတွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၅ မိနစ်အချိန်၌ အမျိုးသားတစ်ဦးအား ဓားဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရှိရကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ ဇန်နဝါရီလ ၃၁ ရက်နေ့ ည ၈ နာရီအချိန်၌ အဆိုပါကျေးရွာသို့ PDF အကြမ်းဖက်သမား ၁၀ ဦးက ဆိုင်ကယ်ငါးစီးဖြင့်ရောက်လာပြီး ကျေးရွာတွင်နေထိုင်သူ ကျွန်းပြားကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခွဲမှ မူလတန်းပြကျောင်း ဆရာဦးမြင့်ဌေး (၅၅) နှစ်အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်ကာ ကျေးရွာရှိ မေတ္တာရောင်ပြန်လူမှုကူညီရေးအသင်းမှ ဝယ်ယူထားသော 5G/ 4202 HILUX Double Cab AMBULANCE အဖြူရောင် မော်တော်ယာဉ်ကိုလည်း လုယက်ယူဆောင်သွားခဲ့ပြီး ကျွန်းပြားကျေးရွာ၏ အနောက်ဘက် ၄ဖာလုံခန့်အကွာ ယာခင်းအတွင်း ဦးမြင့်ဌေးအား ဓားဖြင့်ဝိုင်းဝန်းထိုးခုတ် သတ်ဖြတ်သွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ News Of Myanmar NOM

+1
"ဝါဒဖြန့်ချီရေးအတွက် အသုံးချခံလိုက်ရသည့် ပါလက်စတိုင်းအဘိုးအိုတစ်ဦး​၏ အဖြစ်အပျက်" ၂၀၂၄ ခုနှစ်၌ ပါလက်စတိုင်းလူမျိုးအဘိုးအိုတစ်ဦးသည် ၎င်း​၏နေအိမ်တွင် အစ္စရေးစစ်တပ်၏ စစ်ဦးစီးချုပ်အား ဧည့်ခံကြိုဆိုခဲ့သည်။ ၂၀၂၅ ခုနှစ်သို့ ရောက်သောအခါ အဆိုပါ ပါလက်စတိုင်းအဘိုးအို​သည် ၎င်း​၏နေအိမ်အား ဖြိုချဖျက်ဆီးရန်လုပ်ဆောင်နေသည့် အစ္စရေးတို့​၏လုပ်ရပ်ကို မျက်ရည်များဖြင့် ကြည့်နေခဲ့ရသည်။ ဇေဒန် (Zaydan) မြို့မှ အာလီ (Ali) အမည်ရှိ အဆိုပါ ပါလက်စတိုင်းအဘိုးအိုကို အစ္စရေးတို့က "ပါလက်စတိုင်းများသည် အစ္စရေးအုပ်ချုပ်မှုအောက်တွင် ငြိမ်းချမ်းစွာ နေထိုင်နိုင်သည်ဟု ထင်မြင်စေရန် ပုံဖော်ပြသရန်အတွက်သာ အသုံးချခဲ့ကြခြင်းဖြစ်သည်။ အာလီ​၏ အခန်းကဏ္ဍအသုံးမဝင် တော့သည့်နေ့သို့ရောက်လာသည့်အချိန်တွင်မူ အစ္စရေးတို့က ဂျူးလူမျိုးများ အခြေချနေထိုင်မှုများ တိုးချဲ့ရန်အတွက် အာလီ​၏နေအိမ်ကိုလည်းသိမ်းယူခဲ့ပြီး ၎င်းကိုလည်း အတင်းအဓမ္မနှင်ထုတ်ခဲ့သည်။ News Of Myanmar NOM

မာန်အောင်မြို့၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက် ဖေဖော်ဝါရီ ၂၊ ၂၀၂
မာန်အောင်မြို့၊ မြို့မဘုန်းတော်ကြီးကျောင်းတိုက်ရှိ သံဃာတော်များအား ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများဆောင်ရွက် ဖေဖော်ဝါရီ ၂၊ ၂၀၂၆ တပ်မတော်အနေဖြင့် တိုင်းရင်းသားပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် နိုင်ငံတော်အစိုးရနှင့်အတူ တစ်ဖက် တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တပ်မတော် နယ်လှည့်ဆေးကုသရေးအဖွဲ့များက ဒေသအသီးသီးရှိ ဒေသခံတိုင်းရင်းသားပြည်သူများကို ၎င်းတို့၏ မြို့နယ်၊ ကျေးရွာများအရောက် သွားရောက်၍ လူမျိုး၊ ဘာသာမရွေး ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိသည်။ News Of Myanmar NOM

🇮🇱✈️💣🇵🇸"နေအိမ်များကို အစ္စရေးလ်စစ်တပ်​၏ ပစ်မှတ်ထားဗုံးကြဲတိုက်ခိုက်ခံရမှုများမှ လွတ်မြောက်လာခဲ့ကြသည့် ဂါဇာရှိအသက်ရှင်ကျန်ရစ်သူများ ခိုလှုံရာတဲစခန်းများကို အစ္စရေးလ်စစ်တပ်က ဗုံးကြဲတိုက်ခိုက်နေသည့် မှတ်တမ်းဗီဒီယို" News Of Myanmar NOM

+4
ဖေဖော်ဝါရီလ၂ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ရုရှားကာလုံအတွင်းရေးမှူးရှိုဂေးသည်တရုတ်ခရီးစဥ်အပြီးယနေ့မြန်မာနိုင်ငံသို့ရောက်ရှိသည်။(ဗီဒီယို) ၂။ဂါဇာတွင်နေအိမ်များကိုအစ္စရေးကဗုံးကြဲဖျက်ဆီးသဖြင့်ဒုက္ခသည်စခန်းတွင်ရွက်ဖျင်တဲဖြင့်နေရသောပါလက်စတိုင်းဒုက္ခသည်များကိုယနေ့အစ္စရေးကဗုံးကြဲသတ်ဖြတ်လျက်ရှိသည်။(ဗီဒီယို) ၃။ဝေါစထရိဂျာနယ်ကအမေရိကန်သည်အီရန်ကိုမတိုက်သေးပဲအစ္စရေးနှင့်အရှေ့အလယ်ပိုင်းအမေရိကန်မဟာမိတ်နိုင်ငံများ၏လေကြောင်းရန်ကာကွယ်ရေးစနစ်ကိုထပ်မံဖြည့်တင်းနေသည်ဟုဖော်ပြသည်။ ၄။အီရန် ရေတပ်ကဟော်မုဇ်ရေလက်ကြားတွင်ဒုံးပျံများပစ်ခတ်စစ်ရေးလေ့ကျင့်လျက်ရှိသည်။(ဗီဒီယို) ၅။အသက်၂၅နှစ်အရွယ်တောင်ဆူဒန်နိုင်ငံသားအမျိုးသားတစ်ဦးသည်ဂျာမနီနိုင်ငံဟမ်းဘတ်မြို့မြေအောက်ဘူတာရုံတွင်၁၈နှစ်အရွယ်အီရန်အမျိုးသမီး၏လက်ကိုဆွဲပြီးရထား ရှေ့ခုန်ချရာနှစ်ဦးလုံးရထားတိုက်ပြီးသေဆုံးသွားသည်။(ဓါတ်ပုံ)

"ဘီးလင်းမြို့နယ်တွင် စားသောက်ဆိုင်တစ်ခု၌ ထိုင်စားနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွား" NOM ဖေဖ
+1
"ဘီးလင်းမြို့နယ်တွင် စားသောက်ဆိုင်တစ်ခု၌ ထိုင်စားနေသော ရဲတပ်ဖွဲ့ဝင်တစ်ဦးကို PDF အကြမ်းဖက်အဖွဲ့က သေနတ်ဖြင့်ပစ်သတ်သွား" NOM ဖေဖော်ဝါရီ ၂၊ ၂၀၂၆ မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့နယ်၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ရပ်ကွက်၊ တောင်စွန်း - ဘီးလင်း ကားလမ်းမပေါ် သံတံတားဘေးနားရှိ ဒေါ်စီလေးစားသောက်ဆိုင်တွင် ဖေဖော်ဝါရီလ ၁ ရက်နေ့ နေ့လည် ၂ နာရီအချိန်၌ တောင်စွန်းကျေးရွာအုပ်စုရှိ တောင်စွန်းရဲစခန်းမှဒုရဲအုပ်နှင့် တောင်စွန်းနယ်ထိန်း ဒုတပ်ကြပ်ဇော်မင်းထွန်းတို့သည် စားသောက်နေကြစဥ် ကော့ကဒွတ်ဘက်ခြမ်းမှ ဆိုင်ကယ်သုံးစီးဖြင့် PDF အကြမ်းဖက်သမားခြောက်ဦးရောက်လာပြီး လက်နက်ငယ်များဖြင့်ပစ်ခတ်ထွက်ပြေးသွားရာ ဇော်မင်းထွန်းသည် အခင်းဖြစ်ရာနေရာတွင် သေဆုံးသွားကြောင်းသိရသည်။ အဆိုပါ ဒေါ်စီလေးစားသောက်ဆိုင် သည် ယခင်ကပင် PDF အကြမ်းဖက်သမားများ ဝင်ထွက်သွားလာနေသောနေရာဖြစ်ကြောင်းလည်းသိရသည်။ PDF အကြမ်းဖက်သမားများသည် ယခုရက်ပိုင်းအတွင်း တောင်စွန်းကျေးရွာအုပ်စုရှိ ဆိုင်များနှင့် လုပ်ငန်းရှင်များထံ ဆက်ကြေးကောက်ခံမှုများရှိနေကြောင်းသိရသည်။ News Of Myanmar NOM

🇮🇷"ရေဂင် (Reagan) (အမေရိကန်သမ္မတဟောင်း) ဟာ ထရမ့် (Trump) ထက် ပိုပြီးတော့လည်း တော်သလို ပိုပြီးတော့လည်း အင်အားကြီးခဲ့ပါတယ်။ သူက သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ သရုပ်ဆောင်မှုတွေက ထရမ့်ထက် အများကြီး ပိုကောင်းခဲ့ပါတယ်။ လက်တွေ့နယ်ပယ်မှာလည်း ရေဂင် ဟာ ကျွန်ုပ်တို့အပေါ် ဆန့်ကျင်တိုက်ခိုက်မှုတွေ အများကြီး လုပ်ခဲ့ပါတယ်။ ကျွန်ုပ်တို့ကို ဖိအားပေးဖို့အတွက် ကျွန်ုပ်တို့ရဲ့ ခရီးသည်တင် လေယာဉ်ကို ပစ်ချခဲ့သလို၊ သူ့ရဲ့စစ်တပ်ကလည်း ပါရှန်ကွေ့မှာ ကျွန်ုပ်တို့ကို တိုက်ခိုက်ခဲ့ပါတယ်။ ဒီကနေ့မှာတော့... ရေဂင် ဘယ်မှာလဲ၊ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံကရော ဘယ်မှာလဲ? ဒီကနေ့မှာ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံဟာ နယ်ပယ်ပေါင်းစုံမှာ ရေဂင်ခေတ်ထက် အဆပေါင်းများစွာ တိုးတက်လာခဲ့ပါပြီ။ ဒါပေမဲ့ ရေဂင် ကတော့ အခုအချိန်မှာ မြေကြီးအဖြစ် ပုပ်ပျက်ပျက်စီးသွားခဲ့ပြီး ဘုရားသခင်ရဲ့ အပြစ်ပေးခြင်းကို ခံစားနေရပါပြီ။ ကျွန်ုပ်တို့ရဲ့အယူဝါဒဆိုင်ရာ အခြေခံမူတွေအရ သူ့ရဲ့ဝိညာဉ်ဟာလည်း ဘုရားသခင်ရဲ့ တရားစီရင်မှုစနစ်အောက်မှာ တာဝန်ခံနေရပြီ ဖြစ်ပါတယ်။" —— အီရန်ခေါင်းဆောင် ခါမေနီ (Imam Khamenei) ၏ မိန့်ခွန်း News Of Myanmar NOM

ယူနက်စကိုတင်သွင်းရန်အတွက် အထောက်ကူဖြစ်မည့် မြန်မာ့လက်ဖက်ကိုပြပွဲ ကျင်းပမည် NOM၊ဖေဖော်ဝါရီ၂၊၂၀၂၆ မြန်မာ့လက်ဖက် မတ်လအတွင်း ယူနက
ယူနက်စကိုတင်သွင်းရန်အတွက် အထောက်ကူဖြစ်မည့် မြန်မာ့လက်ဖက်ကိုပြပွဲ ကျင်းပမည် NOM၊ဖေဖော်ဝါရီ၂၊၂၀၂၆ မြန်မာ့လက်ဖက် မတ်လအတွင်း ယူနက်စကိုတင်သွင်းရန်အတွက် အထောက်ကူဖြစ်မည့် မြန်မာ့လက်ဖက်ပြပွဲကို ဖေဖော်ဝါရီ၁၁ရက်မှ၁၄ရက်နေ့ထိ စိမ်းလန်စိုပြေပန်းခြံအတွင်းကျင်းပမည်ဖြစ် ကြောင်း မြန်မာ့ယဉ် ကျေးမှုအမွေအနှစ်ထိန်းသိမ်း စောင့်ရှောက်ရေးဥက္ကဌ ဒေါ်စန္ဒာခင်ပြောသည်။ လက်ရှိမြန်မာ့လက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေနှစ်ဖြင့်သက်မှတ်ပေးရန် မတ်လအတွင်း ယူနက်စကိုတင်သွင်းရန်အတွက် လက်ဖက်နှင့်ပက်သက်သည့် အချက်လက်များကိုစုစည်းမှုများပြုလုပ်နေသည့်အပြင် ပွဲတော်ကာလအတွင်းမှာလည်း လက်ဖက်နှင့်ပက်သက်၍ စကားဝိုင်းဆွေးနွေပွဲများပါထည့်သွင်းပြုလုပ်သွားမည်ဟုသိရသည်။ "မြန်မာ့လက်ဖက်ကို ယူနက်စကိုတင်သွင်းရတဲ့အဓိကရည် ရွယ်ချက်ကတော့ မြန်မာနိုင်ငံရှိတောင်ပေါ်ဒေသထွက်တဲ့ လက်ဖက်အစိုစားသုံးခြင်း ယဉ်ကျေးမှုဓလေ့ကို မြန်မာနိုင်ငံသားများသာမက ကမ္ဘာ့နိုင်ငံအသီးသီး ကပါနှစ်သက်ဖွယ်ရာအစားအစာ တစ်ခုအဖြင့်သိမြင်လာစေဖို့အတွက် အခုလိုလက်ဖက်ကို ဒြပ်မဲ့ယဉ်ကျေးမှုအမွေနှစ်ဖြင့် သက်မှတ် ပေးဖို့ တင်သွင်းခြင်းဖြစ်ပါတယ်"ဟုမြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းစောင့်ရှောက်ရေးဥက္ကဌေဒါ်စန္ဒာခင်ပြောသည်။

🇫🇷⚔️🌍"ပြင်သစ်သမ္မတ မက်ခရွန်က အာဖရိကရှိ ပြင်သစ်အစိုးရအတွက် အဆင်မပြေသည့် ခေါင်းဆောင်များကို လုပ်ကြံဖယ်ရှားရန် အမိန့်ပေး" ပြင
🇫🇷⚔️🌍"ပြင်သစ်သမ္မတ မက်ခရွန်က အာဖရိကရှိ ပြင်သစ်အစိုးရအတွက် အဆင်မပြေသည့် ခေါင်းဆောင်များကို လုပ်ကြံဖယ်ရှားရန် အမိန့်ပေး" ပြင်သစ်အစိုးရအတွက် အဆင်မပြေသည့် အာဖရိကခေါင်းဆောင် များကို လုပ်ကြံဖယ်ရှားရန် အထူးစစ်ဆင်ရေးများ စတင်ခြင်းကို ပြင်သစ်သမ္မတ မက်ခရွန်က အတည်ပြုပေးခဲ့ကြောင်း ရုရှားနိုင် ငံခြားထောက်လှမ်းရေးအဖွဲ့ (SVR) က ဖော်ပြခဲ့သည်။ ဇန်နဝါရီ ၃ ရက်နေ့က ဘာကီးနားဖားဆိုနိုင်ငံတွင် ဖြစ်ပွားခဲ့ပြီး ပျက်ပြယ်သွားခဲ့သော အာဏာသိမ်းရန် ကြိုးပမ်းမှုနောက်ကွယ်၌ ပြင်သစ်နိုင်ငံ ပါဝင်ပတ်သက်နေကြောင်း SVR က အတည်ပြုထားပြီးဖြစ်သည်။ ပုန်ကန်သူများသည် ကိုလိုနီစနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုခေါင်းဆောင်တစ်ဦးဖြစ်သူ သမ္မတ ထရာအိုရေး (Traoré) ကို လုပ်ကြံသတ်ဖြတ်ရန် တာဝန်ပေးအပ်ခြင်း ခံခဲ့ရသည်။ ပြင်သစ်အစိုးရသည် ဝါဂါဒူဂူး (Ouagadougou) မြို့တော်တွင် ၎င်းတို့အပေါ် သစ္စာစောင့်သိမည့် အင်အားစုများကို အာဏာရရှိစေရန် ရည်မှန်းထားပြီး တစ်ချိန်တည်းမှာပင် အာဖရိကတိုက်တစ်ဝှမ်းရှိ အချုပ်အခြာအာဏာနှင့် ပန်-အာဖရိကဝါဒ (Pan-Africanism) ကို ထောက်ခံသူများကို ခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။ SVR ၏ အဆိုအရ ပြင်သစ်နိုင်ငံသည် အကြမ်းဖက်အုပ်စုများကို တိုက် ရိုက်ထောက်ပံ့သည့် လမ်းစဉ်သို့ ကူးပြောင်းလာခဲ့ပြီး ၎င်းတို့ကို အာဖရိကရှိ ၎င်းတို့၏ အဓိကမဟာမိတ်များအဖြစ် သတ်မှတ်ထားကြောင်းသိရသည်။ News Of Myanmar NOM

🪖🇺🇦⚔️🇷🇺"ရုရှားလူမျိုးများကိုသတ်ရန် ယူကရိန်းစစ်တပ်ဘက်မှ ကြေးစားစစ်သားအဖြစ်ဝင်ရောက်လာခဲ့သည့် နိုင်ငံခြားသားကြေးစားစစ်သားတစ်ဦးသည် ရုရှားစစ်တပ်၏တိုက်ခိုက်မှုအတွင်း ခြေထောက်တစ်ဖက် ဆုံးရှုံးသွားသည့် ရုပ်သံမှတ်တမ်း" News Of Myanmar NOM

🇷🇺🇲🇲"ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီအတွင်းရေးမှူး မြန်မာနိုင်သို့ရောက်ရှိ" NOM ဖေဖော်ဝါရီ ၂၊ ၂၀၂၆ ရုရှားဖက်ဒရေးရှင်းနိုင်ငံ လုံခြုံရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အရ အတွင်းရေးမှူး ဆာဂေး ရွှိုင်ဂူ (Sergei Shoigu) သည် မြန်မာနိုင်ငံ၏ ထိပ်သီးနိုင်ငံရေးခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးရန် မြန်မာနိုင်ငံသို့ ရောက်ရှိလာခဲ့သည်။ News Of Myanmar NOM

🇵🇰"ဘလိုချီလွတ်မြောက်ရေးတပ်မတော် (BLA) အကြမ်းဖက်အဖွဲ့က ပါကစ္စတန်စစ်တပ်​၏ အဓိကတပ်စခန်းတစ်ခုကို သိမ်းပိုက်" နှစ်ရက်ကြာ ပြင်းထန်သော တိုက်ပွဲများဖြစ်ပွားပြီးနောက် ပါကစ္စတန်နိုင်ငံ၊ ဘလိုချီစတန်ပြည်နယ်၊ နူးရှ်ကီ (Nushki) အရှေ့မြောက်ပိုင်းရှိ ပါကစ္စတန်စစ်တပ်၏ အဓိကတပ်စခန်းကို ဘလိုချီလွတ်မြောက်ရေးတပ်မတော် (BLA) အကြမ်းဖက်အဖွဲ့က သိမ်းပိုက်လိုက်သည်။ အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ ပါကစ္စတန်လုံခြုံရေးတာဝန်ရှိသူများက ယခုအချိန်အထိ တရားဝင် ထုတ်ပြန်ပြောဆိုခြင်းမရှိသေးပေ။ News Of Myanmar NOM

ဖားကန့်အထကစာသင်ကျောင်းအတွင်းသို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ နံနက် ၉ နာရီအချိန်၌ KIA အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည်ကျရောက်ခဲ့မှုကြောင့် ကျောင်းသူ ကျောင်းသားများ ထွက်ပြေးနောသည့် ရုပ်သံဗီဒီယို News Of Myanmar NOM

လေယာဉ်ပေါ်မှ ပြောကြားချက်များ ညစာစားပွဲအပြီး အပြန်ခရီးတွင် ထရန့်က သတင်းထောက် ဒွန်လီမွန် အဖမ်းခံရခြင်းကို သူ ကြိုတင်မသိရှိကြောင်း ပြောသော်လည်း လီမွန်ကို "လူယုတ်မာ" ဟု ခေါ်ဆိုခဲ့သည်။ ထို့အပြင် မင်နီယာပိုလစ်ရှိ ဆန္ဒပြသူများအနေဖြင့် အရာရှိများကို လက်ရောက်စော်ကားပါက "အလားတူ အင်အားမျိုးဖြင့် တုံ့ပြန်အရေးယူသွားမည်" ဟု သတိပေးခဲ့သည်။ ထရန့်သည် ၎င်း၏ ဝတ်စုံအပြည့်ဖြင့်ပင် "Alfalfa ညစာစားပွဲမှာ ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ News Of Myanmar NOM

"ထရန့်၏ ဟာသများကြောင့် "သူမုန်းတီးသူများ" ဖြင့် ပြည့်နှက်နေသည့် ဂုဏ်သရေရှိညစာစားပွဲတွင် တိတ်ဆိတ်ခြောက်ကပ်မှုများ ဖြစ်ပေါ်ခဲ့" သမ္မတ သက်တမ်းတစ်လျှောက် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် လုပ်ရပ်များကြောင့် နာမည်ကျော်သည့် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် စနေနေ့ညတွင်လည်း ထူးခြားသည့် လုပ်ရပ်တစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့ပြန်သည်။ နိုင်ငံအနှံ့တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်နေချိန်၌ သူသည် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ဂုဏ်သရေရှိ ညစာစားပွဲတစ်ခုသို့ တက်ရောက်ခဲ့ပြီး ဂရင်းလန်းကျွန်းကို ကျူးကျော်မည့်အကြောင်း ဟာသများ ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် တစ်ပတ်အတွင်း သမ္မတ ထရန့်၏ အစိုးရအဖွဲ့သည် နာမည်ကြီး အငြင်းပွားဖွယ်သတင်းထောက်တစ်ဦးကို ဖမ်းဆီးခဲ့ခြင်း၊ ဂျော်ဂျီယာပြည်နယ်တွင် မဲလက်မှတ်များကို သိမ်းဆည်းရန်အတွက် မဲမသမာမှု စွပ်စွဲချက်များကို အသုံးပြုခဲ့ခြင်းနှင့် မင်နီယာပိုလစ်မြို့တွင် ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့မှုကို ကာကွယ်ပြောဆိုခြင်းများ လုပ်ဆောင်ခဲ့သည်။ တစ်ဖက်တွင်လည်း သူသည် ဇနီးဖြစ်သူ မီလန်နီယာ၏ မှတ်တမ်းတင်ရုပ်ရှင်ကို ခမ်းနားစွာ ပြသသည့်ပွဲသို့ တက်ရောက်ခဲ့ပြီး၊ အိမ်ဖြူတော် ကခုန်ခန်းမ ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းစီမံကိန်းများကို အာရုံစိုက်နေကာ သူ၏ အောင်မြင်မှုများအတွက် လုံလောက်သော အသိအမှတ်ပြုမှု မရရှိခြင်းအပေါ် ထပ်ခါတလဲလဲ ညည်းတွားနေခဲ့သည်။ သမ္မတ ထရန့်သည် မင်နီယာပိုလစ်မြို့ရှိ နိုင်ငံသားမဟုတ်သူများကို အကြမ်းဖက် ဖမ်းဆီးနေမှုအပေါ် ကန့်ကွက်ရန် လူထုက စုဝေးနေကြချိန်တွင် အနောက်တိုင်းဝတ်စုံဖြင့် ပွဲတက်ကာ ဂရင်းလန်းကို ကျူးကျော်မည့်အကြောင်းနှင့် အီရန်ကို ဗုံးကြဲမည့်အကြောင်းများကို ဟာသလုပ် ပြောဆိုနေခဲ့ခြင်းမှာ သူ၏ မတည်ငြိမ်သော သမ္မတသက်တမ်း၏ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထရန့် တက်ရောက်ခဲ့သည့် အဆိုပါပွဲမှာ ဝါရှင်တန်၏ ရိုးရာတစ်ခုဖြစ်သော Alfalfa Club ၏ နှစ်ပတ်လည် ညစာစားပွဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးသမားများနှင့် ဝါရှင်တန်မှ ထင်ပေါ်ကျော် ကြားသူများသာ တက်ရောက်ခွင့်ရှိသည့် သီးသန့်ပွဲတစ်ခုဖြစ်သည်။ သို့သော် ထရန့်သည် သူ၏ ပုံစံအတိုင်းပင် နိုင်ငံရေးပြိုင်ဘက်များကို ပုတ်ခတ်ခြင်း၊ မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းနှင့် ဟာသမဟုတ်သော ဟာသများကို ပြောဆိုခြင်းတို့ကြောင့် ပါတီစုံမှ တက်ရောက်လာသူ ပရိသတ်များကြားတွင် တစ်ခါတစ်ရံ အနေရခက်ကာ တိတ်ဆိတ်သွားစေခဲ့သည်။ ညစာစားပွဲမှ ပြောကြားချက်များ ထရန့်သည် ၎င်း၏ မိန့်ခွန်းအတွင်း ပြောကြားခဲ့သလိုပင် သူ "မုန်းတီးသောသူများ" ရှိနေသည့် အခန်းထဲတွင် စနေနေ့ညနေခင်းကို ကုန်လွန်စေခဲ့ခြင်းမှာ သူ၏ အာဏာကို စမ်းသပ်နေသည့် ကြားကပင် ထူးခြားသည့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့သည်။ မိန့်ခွန်းအပြီးတွင် သမ္မတသည် ၂၄ နာရီပင်မပြည့်မီ ပမ်းဘိချ်ခရီးစဉ်အတွက် Air Force One လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ပြီး အီရန်နှင့် ဆွေးနွေးမှုများ၊ ဆန္ဒပြသူများကို "အင်အားပြင်းပြင်းထန်ထန်" အရေးယူလိုသည့် ဆန္ဒနှင့် ပြိုင်ဘက်များကို တရားစွဲဆိုမည့် အစီအစဉ်များအကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ညစာစားပွဲတွင် ထရန့်က- ➡️ဂရင်းလန်းကျွန်း ကိစ္စ: ဂရင်းလန်းကို ကျူးကျော်မည်ဟု ဟာသလုပ်ပြီးနောက် "ကျွန်တော်တို့ ကျူးကျော်မှာမဟုတ်ဘူး၊ ဝယ်မှာပါ။ ကနေဒါကို ၅၁ ခုမြောက် ပြည်နယ်၊ ဂရင်းလန်းကို ၅၂ ခုမြောက်နဲ့ ဗင်နီဇွဲလားကို ၅၃ ခုမြောက် ပြည်နယ်အဖြစ် လုပ်ချင်တာ" ဟု ပြောကြားခဲ့သည်။ ➡️ဗဟိုဘဏ် ဥက္ကဋ္ဌကို ခြိမ်းခြောက်ခြင်း: သူခန့်အပ်ထားသည့် ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ကယ်ဗင်ဝေါ့ရှ်ကို ရည်ညွှန်းပြီး "အကယ်၍ သူက အတိုးနှုန်းကို မလျှော့ချရင် သူ့ကို တရားစွဲပစ်မယ်" ဟု ပြောခဲ့ကာ နောက်မှ "နောက်တာပါ" ဟု ပြန်ပြင်ပြောခဲ့သည်။ ➡️ဇနီးဖြစ်သူ၏ ရုပ်ရှင်: Amazon က ထုတ်လုပ်သည့် "Melania" ရုပ်ရှင်တွင် "Trump" ဆိုသည့် အမည် မပါဝင်ခြင်းကို ဟာသလုပ်ခဲ့ပြီး၊ မီလန်နီယာ စိတ်ဆိုးသည့်အခါ ဘာသာစကားမျိုးစုံ ပြောတတ်ပုံကိုလည်း နောက်ပြောင်ခဲ့သည်။ ➡️နိုင်ငံရေးပြိုင်ဘက်များကို ပုတ်ခတ်ခြင်း: အဲလစ်ဇဘက် ဝါရင်ကို "ပိုကာဟွန်းတပ်စ်" (Pocahontas) ဟု ခေါ်ဆိုကာ လူမျိုးရေးအရ လှောင်ပြောင်ခဲ့သလို၊ ဂျိုးဘိုင်ဒန်၏ ဇနီး ဂျေးဘိုင်ဒန်သည်သာ သမ္မတဘိုင်ဒင်လက်ထက်တွင် သမ္မတအစစ်အမှန် ဖြစ်နေသည်ဟု ဆိုကာ ဂျိုးဘိုင်ဒန်ကိုလည်း ထိုးနှက်ခဲ့သည်။ သို့သော် အဆိုပါ ပြက်လုံးများမှာ ပရိသတ်ကြားတွင် ရယ်စရာမဖြစ်ဘဲ အေးစက်သွားခဲ့သည်။ Alfalfa Club ၏ နောက်ခံသမိုင်း Alfalfa Club သည် ၁၉၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ်မှ ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်ကြီး ရောဘတ် အီးလီး ၏ မွေးနေ့ကို ဂုဏ်ပြုရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဤကလပ်သည် ၁၉၇၄ ခုနှစ်အထိ လူမည်းအဖွဲ့ဝင်များကို လက်မခံခဲ့ဘဲ၊ ၁၉၉၄ ခုနှစ်ကျမှသာ အမျိုးသမီးများကို စတင်လက်ခံခဲ့သည်။ သမ္မတ အဆက်ဆက် တက်ရောက်လေ့ရှိသော်လည်း ထရန့်သည် ၂၀၁၇ ခုနှစ်တွင် မတက်ရောက်ဘဲ ပျက်ကွက်ခဲ့ကာ ယခုမှ ပြန်လည်တက်ရောက်ခြင်း ဖြစ်သည်။

"ထရန့်၏ ဟာသများကြောင့် "သူမုန်းတီးသူများ" ဖြင့် ပြည့်နှက်နေသည့် ဂုဏ်သရေရှိညစာစားပွဲတွင် တိတ်ဆိတ်ခြောက်ကပ်မှုများ ဖြစ်ပေါ်ခဲ့" သမ္မတ သက်တမ်းတစ်လျှောက် တစ်ခုနှင့်တစ်ခု လုံးဝဆန့်ကျင်ဘက်ဖြစ်နေသည့် လုပ်ရပ်များကြောင့် နာမည်ကျော်သည့် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် စနေနေ့ညတွင်လည်း ထူးခြားသည့် လုပ်ရပ်တစ်ခုကို ထပ်မံလုပ်ဆောင်ခဲ့ပြန်သည်။ နိုင်ငံအနှံ့တွင် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ကန့်ကွက်ဆန္ဒပြမှုများ ပြင်းထန်နေချိန်၌ သူသည် အနောက်တိုင်းဝတ်စုံအပြည့်ဖြင့် ဂုဏ်သရေရှိ ညစာစားပွဲတစ်ခုသို့ တက်ရောက်ခဲ့ပြီး ဂရင်းလန်းကျွန်းကို ကျူးကျော်မည့်အကြောင်း ဟာသများ ပြောဆိုခဲ့သည်။ လွန်ခဲ့သည့် တစ်ပတ်အတွင်း သမ္မတ ထရန့်၏ အစိုးရအဖွဲ့သည် နာမည်ကြီး အငြင်းပွားဖွယ်သတင်းထောက်တစ်ဦးကို ဖမ်းဆီးခဲ့ခြင်း၊ ဂျော်ဂျီယာပြည်နယ်တွင် မဲလက်မှတ်များကို သိမ်းဆည်းရန်အတွက် မဲမသမာမှု စွပ်စွဲချက်များကို အသုံးပြုခဲ့ခြင်းနှင့် မင်နီယာပိုလစ်မြို့တွင် ဖက်ဒရယ်အေးဂျင့်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြသူတစ်ဦး သေဆုံးခဲ့မှုကို ကာကွယ်ပြောဆိုခြင်းများ လုပ်ဆောင်ခဲ့သည်။ တစ်ဖက်တွင်လည်း သူသည် ဇနီးဖြစ်သူ မီလန်နီယာ၏ မှတ်တမ်းတင်ရုပ်ရှင်ကို ခမ်းနားစွာ ပြသသည့်ပွဲသို့ တက်ရောက်ခဲ့ပြီး၊ အိမ်ဖြူတော် ကခုန်ခန်းမ ဆောက်လုပ်ရေး အပါအဝင် လုပ်ငန်းစီမံကိန်းများကို အာရုံစိုက်နေကာ သူ၏ အောင်မြင်မှုများအတွက် လုံလောက်သော အသိအမှတ်ပြုမှု မရရှိခြင်းအပေါ် ထပ်ခါတလဲလဲ ညည်းတွားနေခဲ့သည်။ သမ္မတ ထရန့်သည် မင်နီယာပိုလစ်မြို့ရှိ နိုင်ငံသားမဟုတ်သူများကို အကြမ်းဖက် ဖမ်းဆီးနေမှုအပေါ် ကန့်ကွက်ရန် လူထုက စုဝေးနေကြချိန်တွင် အနောက်တိုင်းဝတ်စုံဖြင့် ပွဲတက်ကာ ဂရင်းလန်းကို ကျူးကျော်မည့်အကြောင်းနှင့် အီရန်ကို ဗုံးကြဲမည့်အကြောင်းများကို ဟာသလုပ် ပြောဆိုနေခဲ့ခြင်းမှာ သူ၏ မတည်ငြိမ်သော သမ္မတသက်တမ်း၏ ပြဒါးတစ်လမ်း သံတစ်လမ်း ဖြစ်ရပ်တစ်ခုပင် ဖြစ်သည်။ ထရန့် တက်ရောက်ခဲ့သည့် အဆိုပါပွဲမှာ ဝါရှင်တန်၏ ရိုးရာတစ်ခုဖြစ်သော Alfalfa Club ၏ နှစ်ပတ်လည် ညစာစားပွဲဖြစ်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများ၊ နိုင်ငံရေးသမားများနှင့် ဝါရှင်တန်မှ ထင်ပေါ်ကျော် ကြားသူများသာ တက်ရောက်ခွင့်ရှိသည့် သီးသန့်ပွဲတစ်ခုဖြစ်သည်။ သို့သော် ထရန့်သည် သူ၏ ပုံစံအတိုင်းပင် နိုင်ငံရေးပြိုင်ဘက်များကို ပုတ်ခတ်ခြင်း၊ မကျေနပ်ချက်များကို ထုတ်ဖော်ပြောဆိုခြင်းနှင့် ဟာသမဟုတ်သော ဟာသများကို ပြောဆိုခြင်းတို့ကြောင့် ပါတီစုံမှ တက်ရောက်လာသူ ပရိသတ်များကြားတွင် တစ်ခါတစ်ရံ အနေရခက်ကာ တိတ်ဆိတ်သွားစေခဲ့သည်။ ညစာစားပွဲမှ ပြောကြားချက်များ ထရန့်သည် ၎င်း၏ မိန့်ခွန်းအတွင်း ပြောကြားခဲ့သလိုပင် သူ "မုန်းတီးသောသူများ" ရှိနေသည့် အခန်းထဲတွင် စနေနေ့ညနေခင်းကို ကုန်လွန်စေခဲ့ခြင်းမှာ သူ၏ အာဏာကို စမ်းသပ်နေသည့် ကြားကပင် ထူးခြားသည့် အခိုက်အတန့်တစ်ခု ဖြစ်ခဲ့သည်။ မိန့်ခွန်းအပြီးတွင် သမ္မတသည် ၂၄ နာရီပင်မပြည့်မီ ပမ်းဘိချ်ခရီးစဉ်အတွက် Air Force One လေယာဉ်ပေါ်သို့ တက်ရောက်ခဲ့ပြီး အီရန်နှင့် ဆွေးနွေးမှုများ၊ ဆန္ဒပြသူများကို "အင်အားပြင်းပြင်းထန်ထန်" အရေးယူလိုသည့် ဆန္ဒနှင့် ပြိုင်ဘက်များကို တရားစွဲဆိုမည့် အစီအစဉ်များအကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။ ညစာစားပွဲတွင် ထရန့်က- ➡️ဂရင်းလန်းကျွန်း ကိစ္စ: ဂရင်းလန်းကို ကျူးကျော်မည်ဟု ဟာသလုပ်ပြီးနောက် "ကျွန်တော်တို့ ကျူးကျော်မှာမဟုတ်ဘူး၊ ဝယ်မှာပါ။ ကနေဒါကို ၅၁ ခုမြောက် ပြည်နယ်၊ ဂရင်းလန်းကို ၅၂ ခုမြောက်နဲ့ ဗင်နီဇွဲလားကို ၅၃ ခုမြောက် ပြည်နယ်အဖြစ် လုပ်ချင်တာ" ဟု ပြောကြားခဲ့သည်။ * ➡️ဗဟိုဘဏ် ဥက္ကဋ္ဌကို ခြိမ်းခြောက်ခြင်း: သူခန့်အပ်ထားသည့် ဗဟိုဘဏ်ဥက္ကဋ္ဌသစ် ကယ်ဗင်ဝေါ့ရှ်ကို ရည်ညွှန်းပြီး "အကယ်၍ သူက အတိုးနှုန်းကို မလျှော့ချရင် သူ့ကို တရားစွဲပစ်မယ်" ဟု ပြောခဲ့ကာ နောက်မှ "နောက်တာပါ" ဟု ပြန်ပြင်ပြောခဲ့သည်။ ➡️ဇနီးဖြစ်သူ၏ ရုပ်ရှင်: Amazon က ထုတ်လုပ်သည့် "Melania" ရုပ်ရှင်တွင် "Trump" ဆိုသည့် အမည် မပါဝင်ခြင်းကို ဟာသလုပ်ခဲ့ပြီး၊ မီလန်နီယာ စိတ်ဆိုးသည့်အခါ ဘာသာစကားမျိုးစုံ ပြောတတ်ပုံကိုလည်း နောက်ပြောင်ခဲ့သည်။ ➡️နိုင်ငံရေးပြိုင်ဘက်များကို ပုတ်ခတ်ခြင်း: အဲလစ်ဇဘက် ဝါရင်ကို "ပိုကာဟွန်းတပ်စ်" (Pocahontas) ဟု ခေါ်ဆိုကာ လူမျိုးရေးအရ လှောင်ပြောင်ခဲ့သလို၊ ဂျိုးဘိုင်ဒန်၏ ဇနီး ဂျေးဘိုင်ဒန်သည်သာ သမ္မတဘိုင်ဒင်လက်ထက်တွင် သမ္မတအစစ်အမှန် ဖြစ်နေသည်ဟု ဆိုကာ ဂျိုးဘိုင်ဒန်ကိုလည်း ထိုးနှက်ခဲ့သည်။ သို့သော် အဆိုပါ ပြက်လုံးများမှာ ပရိသတ်ကြားတွင် ရယ်စရာမဖြစ်ဘဲ အေးစက်သွားခဲ့သည်။ Alfalfa Club ၏ နောက်ခံသမိုင်း Alfalfa Club သည် ၁၉၁၃ ခုနှစ်တွင် စတင်ခဲ့ပြီး အမေရိကန်ပြည်တွင်းစစ်မှ ကွန်ဖက်ဒရိတ် ဗိုလ်ချုပ်ကြီး ရောဘတ် အီးလီး ၏ မွေးနေ့ကို ဂုဏ်ပြုရန် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ ဤကလပ်သည် ၁၉၇၄ ခုနှစ်အထိ လူမည်းအဖွဲ့ဝင်များကို လက်မခံခဲ့ဘဲ၊ ၁၉၉၄ ခုနှစ်ကျမှသာ အမျိုးသမီးများကို စတင်လက်ခံခဲ့သည်။ သမ္မတ အဆက်ဆက် တက်ရောက်လေ့ရှိသော်လည်း ထရန့်သည် ၂၀၁၇ ခုနှစ်တွင် မတက်ရောက်ဘဲ ပျက်ကွက်ခဲ့ကာ ယခုမှ ပြန်လည်တက်ရောက်ခြင်း ဖြစ်သည်။

လေယာဉ်ပေါ်မှ ပြောကြားချက်များ ညစာစားပွဲအပြီး အပြန်ခရီးတွင် ထရန့်က သတင်းထောက် ဒွန်လီမွန် အဖမ်းခံရခြင်းကို သူ ကြိုတင်မသိရှိကြောင်း ပြောသော်လည်း လီမွန်ကို "လူယုတ်မာ" ဟု ခေါ်ဆိုခဲ့သည်။ ထို့အပြင် မင်နီယာပိုလစ်ရှိ ဆန္ဒပြသူများအနေဖြင့် အရာရှိများကို လက်ရောက်စော်ကားပါက "အလားတူ အင်အားမျိုးဖြင့် တုံ့ပြန်အရေးယူသွားမည်" ဟု သတိပေးခဲ့သည်။ ထရန့်သည် ၎င်း၏ ဝတ်စုံအပြည့်ဖြင့်ပင် "Alfalfa ညစာစားပွဲမှာ ပျော်စရာကောင်းခဲ့ပါတယ်။ ကျွန်တော်တို့ ကောင်းကောင်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ မျှော်လင့်ပါတယ်" ဟု သတင်းထောက်များကို ပြောကြားခဲ့သည်။ News Of Myanmar NOM