uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 366 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 970-o'rinni va Myanma mintaqasida 10 131-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 366 obunachiga ega bo‘ldi.

13 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -218 ga, so‘nggi 24 soatda esa -12 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.92% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.47% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 979 marta ko‘riladi; birinchi sutkada odatda 677 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 14 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 14 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 366
Obunachilar
-1224 soatlar
-617 kunlar
-21830 kunlar
Postlar arxiv
ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့သည့် ဆင်သေရေလှောင်တမံ အခိုင်အမာ ပြုပြင်နေမှုအား ကြည့်ရှုစစ်ဆေး မတ်လ ၉၊ ၂၀၂၆ မန္တလေးငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်ခဲ့တဲ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ မဲဇလီစင်ကျေးရွာအနီးရှိ ဆင်သေရေလှောင်တမံ အခိုင်အမာ ပြုပြင်နေမှု ကို အခုလ ၇ ရက်နေ့က စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်ဟာ တာဝန်ရှိသူများနဲ့အတူ ကြည့်ရှုစစ်ဆေးပါတယ်။ ပထမဦးစွာ တာဝန်ရှိသူများက ဆင်သေရေလှောင်တမံ ပြုပြင်ခြင်းလုပ်ငန်းမှာ ပြန်လည်ပြုပြင်မယ့် ဒီဇိုင်းပုံစံများ၊ လအလိုက်ဆောင်ရွက်ရန် လျာထားမှု၊ လက်ရှိလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်တာများ ဆွေးနွေးမှာကြားပြီး လုပ်ငန်းခွင်အတွင်း ဆောင်ရွက်လျက်ရှိတဲ့ တမံ Rock Toe ရေစစ်ကျောက်ရိုးစီခြင်း၊ မြေစေးဖို့ခြင်း၊ တမံနှင့် ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပါတယ်။ ဆက်လက်ပြီး ဒုတိယဝန်ကြီးဟာ တပ်ကုန်းမြို့နယ်၊ သရက်ကုန်းကျေးရွာအနီးမှာ အသစ်တည်ဆောက်မယ့် ဆင်သေရေလွှဲဆည် နေရာကို ရောက်ရှိစဉ် ရေလွှဲဆည်အသစ် တည်ဆောက်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်နေမှုများ၊ ရေလွှဲဆည်ဝင်ရိုး Alignment ရွေးချယ်ထားရှိမှု၊ သတ်မှတ်ဒီဇိုင်းပုံစံအရ မြေပြင်အနေအထားနဲ့ ကိုက်ညီမှု ရှိမရှိ အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းဆိုင်ရာ လိုအပ်တာများ ဆွေးနွေးမှာကြားပါတယ်။ အဲဒီနောက် ဆင်သေဆည်ရေသောက်စနစ် လက်ဝဲလက်တံတို မြောင်းဖျားပိုင်းအထိ နွေစပါးနဲ့ နွေအခြားသီးနှံ စိုက်ပျိုးရေပေးဝေမှု အခြေအနေတို့ကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနဲ့ တွေ့ဆုံကာ စိုက်ပျိုးရေ လေလွင့်ဆုံးရှုံးမှု မရှိစေရေးနဲ့ စနစ်တကျ အကျိုးရှိစွာ သုံးစွဲကြရန် ဆွေးနွေးမှာကြားပါတယ်။ အဲဒီကမှတစ်ဆင့် ဒုတိယဝန်ကြီးဟာ ရေဆင်းဆည် ရေသောက်စနစ် ဧရိယာအတွင်း လက်ယာလက်တံနှင့် မြောင်းမကြီးမှ စိုက်ပျိုးရေပေးဝေနေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးပြီး ဒေသခံတောင်သူများနဲ့ တွေ့ဆုံကာ လိုအပ်တာများကို ဆွေးနွေးမှာကြားခဲ့တယ်လို့ သတင်းရရှိပါတယ်။ NOM

+5
အမေရိကန်နှင့် အစ္စရေးတို့၏ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသော်လည်း အီရန်မြို့ကြီးများတွင် ပြည်သူများသည် အဓိပတိခေါင်းဆောင်သစ် အယာတိုလာ မူဂျာတာဘာ ခါမေနီ (Ayatollah Mojtaba Khamenei) အား သစ္စာခံရန် လမ်းမပေါ်သို့ အလုံးအရင်းနှင့် ထွက်လာကြသည်။ NOM

+1
🕌 🇮🇷 - အထွတ်အမြတ်ထားရာ ဂျမ်ကရန် (Jamkaran) ဗလီဝတ်ကျောင်းတော်တွင် အယာတိုလာ ဆယက် မူဂျာတာဘာ ခါမေနီအား ကွမ် (Qom) ပြည်သူများ၏ သမိုင်းဝင် သစ္စာဆိုပွဲ NOM

စစ်ကိုင်းတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးလွှတ်တော်ရုံး အစည်းအဝေးခန်းမနှင့် တည်းခိုအိပ်ဆောင်၊ ထမင်းစားဆောင်များ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများအား သွားရောက်ကြည့်ရှုခြင်းနှင့် တိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီအစည်းအဝေး (၃/၂၀၂၆) တက်ရောက် မတ်လ ၉၊ ၂၀၂၆ စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက တိုင်းဒေသကြီး လွှတ်တော်ရုံးသို့ ရောက်ရှိရာ အစည်းအဝေးခန်းမတွင် တိုင်းဒေသကြီး လွှတ်တော်ရုံး အကြီးအမှူးက လွှတ်တော်ကိုယ်စားလှယ်များ ကြိုဆို ပို့ဆောင်ရေး၊ ကြိုတင်စီမံ ဆောင်ရွက်ထားရှိမှု၊ တည်းခို နေရာချထားပေးမည့် အိပ်ဆောင်များ၊ ထမင်းစားဆောင်နှင့် လွှတ်တော်ဝင်းအတွင်း သန့်ရှင်းသပ်ရပ်စွာ ဆောင်ရွက်ထားရှိမှု၊ လွှတ်တော်ကိုယ်စားလှယ်များကို ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများနှင့် လုံခြုံစွာ သွားလာနိုင်ရေး စီမံဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရုံးလုပ်ငန်း ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် တတိယအကြိမ် တိုင်းဒေသကြီး လွှတ်တော် အစည်းအဝေးများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် လုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် လွှတ်တော် ကော်မတီ (၉) ရပ်မှ တာဝန်ရှိသူများက လွှတ်တော် အစည်းအဝေး ကျင်းပစဉ် ကာလအတွင်း မိမိတို့ တာဝန်ယူ ဆောင်ရွက်သွားမည့် လုပ်ငန်း အခြေအနေများနှင့် ပတ်သက်၍ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။ ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွှတ်တော် အစည်းအဝေးခန်းမ၊ လွှတ်တော် ကိုယ်စားလှယ် နားနေခန်း၊ ရုံးခန်းများ၊ အိပ်ဆောင် အဆောက်အအုံများနှင့် ထမင်းစားဆောင်တို့ကို လိုက်လံကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ ကြိုတင်ရောက်ရှိနေကြသည့် တိုင်းဒေသကြီးအတွင်းရှိ လွှတ်တော်ကိုယ်စားလှယ်များကို ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့သည်။ ထို့အပြင် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် နေ့လယ်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သော တိုင်းဒေသကြီး ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အစည်းအဝေး (၃/၂၀၂၆) ကို တက်ရောက်ခဲ့ပါသည်။ ရှေးဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်က အဖွင့်အမှာစကား ပြောကြားခဲ့ပါသည်။ ထို့နောက် တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းက ဒေသခရီးသွား လုပ်ငန်းဆိုင်ရာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနရုံးမှ တိုင်းဒေသကြီး ဦးစီးမှူးက ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်ပြီး အစည်းအဝေးသို့ တက်ရောက်လာကြသည့် ကော်မတီအဖွဲ့ဝင်များက မိမိတို့ ဌာနများအလိုက် တိုင်းဒေသကြီးအတွင်းရှိ ခရီးသွားဇုန်များတွင် သန့်ရှင်းသပ်ရပ်မှု လုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ ခရီးသွားများ သွားလာရေး၊ နေထိုင်ရေးနှင့် ဟိုတယ်တည်းခိုရိပ်သာများ ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး လုပ်ငန်းများ ဆောင်ရွက်ထားရှိမှုတို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။ ဟိုတယ်တည်းခိုရိပ်သာ လုပ်ငန်းရှင်များကလည်း မိမိတို့ လုပ်ကိုင်ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ပတ်သက်၍ ဖြည့်ဆည်းပေးရန် လိုအပ်ချက်များကို အကြံပြု ဆွေးနွေးတင်ပြခဲ့ကြပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။ NOM

၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်ရှိ ကျောက်ဖြူကျေးရွာအနီးတွင် ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်သမား
+8
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့၌ တွင်းငယ်-မိုးမိတ်သွားကားလမ်းပေါ်ရှိ ကျောက်ဖြူကျေးရွာအနီးတွင် ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်သမားများကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်ချေမှုန်းခဲ့ရာ အကြမ်းဖက် အလောင်း ၃ လောင်းနှင့် သေနတ် ၁ လက်တို့အား သိမ်းဆည်းရမိခဲ့ပြီး ကျောက်ဖြူကျေးရွာကို သိမ်းပိုက်ခဲ့သည်။ NOM

၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့ တွင်းငယ်-တကောင်းဒေသ၊ တကောင်းမြို့နှင့် နှစ်မိုင်အကွာရှိ မကျီးကုန်းရွာ၊ ဆင်ညှပ်ကုန်းရွာများကို PDF
+6
၂၀၂၆ ခုနှစ်၊ မတ်လ ၉ ရက်နေ့ တွင်းငယ်-တကောင်းဒေသ၊ တကောင်းမြို့နှင့် နှစ်မိုင်အကွာရှိ မကျီးကုန်းရွာ၊ ဆင်ညှပ်ကုန်းရွာများကို PDF အကြမ်းဖက်သမားများ​၏ လက်ဝယ်မှ တပ်မတော်က ပြန်လည်ထိန်းချုပ်။ NOM

လမင်းကဗျာအား ခေါ်ယူစစ်ဆေးနေ NOM မတ် ၉၊ ၂၀၂၆ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာ (အကြမ်းဖက် PDF ရွာ) သို့ဇန်နဝါရီလ ၁ ရက်နေ့ကသီချင်
လမင်းကဗျာအား ခေါ်ယူစစ်ဆေးနေ NOM မတ် ၉၊ ၂၀၂၆ မြိုင်မြို့နယ်၊ ဝယ်တောင်ကျေးရွာ (အကြမ်းဖက် PDF ရွာ) သို့ဇန်နဝါရီလ ၁ ရက်နေ့ကသီချင်းသွားရောက်သီဆိုဖျော်ဖြေသော ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊၁၆ ရပ်ကွက်၊ ဦးဖိုးမှန်လမ်းနေ လမင်းကဗျာ (ခေါ်) ဒေါ်လှလှဝင်း (၃၇ နှစ်) အား မတ်လ ၉ ရက်နံနက်၌ လှိုင်မြို့မရဲစခန်းတွင် ပူးပေါင်းအဖွဲ့ဖြင့်စစ်ဆေးနေကြောင်းသတင်းရရှိသည်။ NOM

🇮🇷 - အီရန်နိုင်ငံ၊ အစ်စ်ဖာဟန်မြို့ရှိ အုပ်ချုပ်ရေးမှူးရုံးနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများကို ပစ်မှတ်ထား၍ အမေရိကန်-အစ္စရေးတို့က ဗုံးကြဲတိုက်ခိုက်ခဲ့ကြသည်။ ထိုသို့ တိုက်ခိုက်မှုများကြားတွင် အီရန်ပြည်သူများက မကြောက်မရွံ့ အာခံသည့်အနေဖြင့် "အလ္လာဟ် အရှင်မြတ်သည် အကြီးမြတ်ဆုံးဖြစ်တော်မူ၏" (Allahu Akbar) ဟု ကြွေးကြော်ခဲ့ကြသည်။ NOM

မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် မတ် ၈၊ ၂၀၂
မှော်ဘီမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် မတ် ၈၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ ကျန်းမာရေးကဏ္ဍတိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် ပတ်တန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံပြည်သူများအား အဆိုပါကျေးရွာရှိ တလိုင်းကုန်းကျောင်းတိုက်၌ အခြေပြု၍ ကျန်းမာရေးစောင့် ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။         ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၁၅ ပါးနှင့် ဒေသခံပြည်သူ ၁၅၇ ဦးအား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/ လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးသည်။ အလားတူ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်ရှိ ဒေသခံပြည်သူများအား အဆိုပါရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာရုံ၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။     ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့က သံဃာတော် ၃၈ ပါးနှင့် ဒေသခံပြည်သူ ၁၂၈ ဦးအား သွေးတိုးရောဂါ၊ အဆစ်အမျက်ရောင်ရောဂါ၊ ဆီးချိုသွေးချိုရောဂါ၊ ကလေးရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်း၊ ကျန်းမာရေးဆိုင်ရာ အသိပညာပေးဟောပြောဆွေးနွေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား နယ်မြေခံတပ်မတော် ဆေးရုံသို့တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ NOM

အမေရိကန်အစိုးရဟာ အခုအခါ ပါရှန်ပင်လယ်ကွေ့အတွင်းက အီရန်ရေနံတင်သင်္ဘောတွေကို ပစ်မှတ်ထား တိုက်ခိုက်လာနေပြီ ဖြစ်ပါတယ်။ အာရပ်နိုင်ငံတွေအားလုံးကလည်း ရေနံထုတ်လုပ်မှုကို လျှော့ချလိုက်ကြတာကြောင့် ဥရောပနဲ့ အမေရိကန်တို့ဟာ သူတို့ရဲ့ အရေးပေါ် အရံရေနံ (Emergency Oil Reserves) တွေကို ထုတ်သုံးနေရပါတယ်။ ဒီလို အရေးပေါ်သိုလှောင်ထားတဲ့ အရံရေနံတွေရှိနေတာက အမေရိကန်နဲ့ အစ္စရေးတို့အတွက် အားသာချက်တစ်ခု ဖြစ်စေပါတယ်။ အကြောင်းကတော့ လတ်တလောမှာ ရေနံဈေး အဆမတန် မြင့်တက်လာမှာကို စိုးရိမ်စရာမလိုဘဲ စစ်ပွဲကို အရှိန်မြှင့်ဖို့ အခွင့်အရေး ရသွားတာကြောင့်ပါ။ ဒါပေမဲ့ ရေရှည်မှာတော့ ဒီလုပ်ရပ်ဟာ ဥရောပ၊ အမေရိကန်နဲ့ တစ်ကမ္ဘာလုံးအတွက်ပါ ကြီးမားတဲ့ ကပ်ဘေးတစ်ခု ဖြစ်လာစေနိုင်ပါတယ်။ NOM

🚨 ပြင်သစ်သမ္မတမှတဆင့် ထရမ့်က အီရန်စစ်ပွဲမှ ထွက်ပေါက်ရှာနေပြီလား ??? 🇫🇷📞🇮🇷 - အရှေ့အလယ်ပိုင်းစစ်ရေး အကျပ်အတည်းမှ ထွက်ပေါက်ရှာရန် ထရမ့်က ပြင်သစ်သမ္မတ မက်ခရွန် ကို အကူအညီတောင်း၊ မက်ခရွန်နှင့် အီရန်သမ္မတတို့ ဖုန်းဖြင့် ဆွေးနွေး အီရန် အင်တဲလ်ဝေါ့ချ် သတင်းဌာန၏ ဖော်ပြချက်အရ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်သည် မတ်လ ၇ ရက်နေ့၌ အီရန်သမ္မတ မာဆုဒ် ပီဇက်ရှ်ကီယန်နှင့် ဖုန်းဖြင့် ဆက်သွယ်ကာ ဒေသတွင်း နောက်ဆုံးဖြစ်ပေါ်နေသည့် အခြေအနေများနှင့် ပဋိပက္ခများအကြောင်း ဆွေးနွေးခဲ့ကြသည်။ မက်ခရွန်က စစ်ပွဲကို ဆက်လက်ဆင်နွှဲနေခြင်းသည် မည်သည့်နိုင်ငံအတွက်မျှ အကျိုးကျေးဇူးမရှိဘဲ တင်းမာမှုများကို လျှော့ချရန်သာ ကြိုးပမ်းသင့်ကြောင်း အလေးပေးပြောကြားခဲ့သည်။ ထို့အပြင် ဒေါ်နယ်ထရမ့်သည် လက်ရှိရင်ဆိုင်နေရသော အကျပ်အတည်းမှ ရုန်းထွက်နိုင်ရန်နှင့် သံတမန်ရေးရာတွေ့ဆုံဆွေးနွေးရေး လမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိရန် နည်းလမ်းရှာဖွေနေကြောင်းလည်း မက်ခရွန်က ထည့်သွင်းပြောဆိုခဲ့သည်။ ဒေသတွင်း လုံခြုံရေးနှင့် ပတ်သက်၍ ပြောကြားရာတွင် အီရန်နိုင်ငံနှင့် ပြည်သူများအတွက် ရေရှည်တည်တံ့သော လုံခြုံရေးကို အီရန်က အလေးထားနေသည်ကို နားလည်ကြောင်း၊ သို့သော် ဒေသတွင်းရှိ အမေရိကန် စစ်အခြေစိုက်စခန်းအချို့မှာ လက်ရှိတွင် လည်ပတ်နိုင်ခြင်း မရှိတော့သည့်အတွက် တိုက်ပွဲများ၏ ပြင်းထန်မှု လျော့ကျသွားလိမ့်မည်ဟု မျှော်လင့်ကြောင်း မက်ခရွန်က ဆိုသည်။ ပြင်သစ်သမ္မတက ဒေသတွင်း မတည်ငြိမ်မှုများ ပြန့်နှံ့လာနိုင်ခြေနှင့် ၎င်း၏ နောက်ဆက်တွဲ စီးပွားရေး ရိုက်ခတ်မှုများအပေါ် စိုးရိမ်ကြောင်း ဖော်ပြခဲ့ပြီး တင်းမာမှုများ ဆက်လက်ဖြစ်ပွားနေပါက ကမ္ဘာ့ဈေးကွက်တွင် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာနိုင်သည်ဟု သတိပေး ပြောကြားခဲ့သည်။ NOM

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာတွေမှာရှိတဲ့ ပြည်သူ ၃၀ ကျော်ကို တပ
+2
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်း နှင့် ကျောင်းကုန်း ကျေးရွာတွေမှာရှိတဲ့ ပြည်သူ ၃၀ ကျော်ကို တပ်မတော်စစ်ကြောင်းတွေကသတ်ဖြတ်တယ်ဆိုတာ လုပ်ကြံဖန်တီးထားတဲ့ သတင်းအမှားဖြစ်ပါတယ်… ပုံ-၁ ပုံ-၁ မှာ တွေ့ရတဲ့ အလောင်း ၃ လောင်းခန့်ဟာ တပ်မတော်နဲ့ ကျေးရွာအတွင်းတွေမှာ စခန်းချနေတဲ့ အကြမ်းဖက် KNU+PDF များ တိုက်ပွဲဖြစ်ပွားချိန် တပ်မတော်ရဲ့ချေမှုန်းမှုကြောင့် သေဆုံးသွားတဲ့ အကြမ်းဖက်သမားများဖြစ်ပါတယ်။ ပုံ-၂ ပုံ-၂ မှာပါတဲ့ မြေကြီးပေါ်မှာမှောက်ထားတဲ့ သူတွေဟာ ရွာသားတွေဖြစ်ပုံရပါတယ်…သူတို့တွေဟာ သေဆုံးနေတာမဟုတ်ပါဘူး…အကုန်လုံးအသက်ရှင်နေသူတွေဖြစ်ကြပါတယ်… တပ်မတော်ရဲ့ ချေမှုန်းမှုကြောင့် အကြမ်းဖက်သမားများထွက်ပြေးသွားချိန် တပ်မတော်စစ်ကြောင်းများက ကျေးရွာအတွင်း အကြမ်း KNU+PDF များ ကျန်ရှိနေခြင်းရှိ/ မရှိ စစ်မေးနေတာဖြစ်ပါတယ်.. ဒါကလည်း စစ်ပွဲရဲ့ သဘောတရားပဲ.. စစ်ဆေးပြီးရင် အကြမ်းဖက် မဟုတ်တာသေချာရင် ကိုယ့်အလုပ်ကိုယ်လုပ်လို့ရပြီ… ပုံ-၃ ပုံ-၃ မှာပါတဲ့ ဟာတွေကတော့ သေဆုံးသွားတဲ့ အကြမ်းဖက် KNU+PDF အလောင်းတွေကို ရွာသားတွေက မြေမြုပ်နေတာဖြစ်တယ်… ရွာသား ၃၀ ကျော်ကို တပ်မတော်စစ်ကြောင်းတွေကို လုံးဝသတ်ဖြတ်ခြင်းမရှိပါ။ပုံတွေကို ထင်ယောင်ထင်မှားဖြစ်အောင် ဖန်တီးပြီးလုပ်ကြံထားခြင်းဖြစ်ပါတယ်.. မှိုင်းဝေ တိုက်ပွဲသတင်းစုံ NOM

ကူဝိတ်သဲကန္တာရအတွင်း အမေရိကန် ဒုံးကျည်အသုံးပြုပြီးသား အခွံများ တွေ့ရှိ ကူဝိတ်နိုင်ငံရှိ သဲကန္တာရတစ်ခုအတွင်း အမေရိကန်ထုတ် HIMARS ATACMS M57 မြေပြင်မှ မြေပြင်ပစ် တာဝေးပစ်ဒုံးကျည် အမျိုးအစားကို ပစ်လွှတ်ရာတွင် အသုံးပြုခဲ့သည့် ဒုံးကျည်ခွံအဟောင်းတစ်ခုကို တွေ့ရှိရကြောင်း ဗီဒီယိုမှတ်တမ်းများ ထွက်ပေါ်လာခဲ့သည်။ ပါရှန်ပင်လယ်ကွေ့နိုင်ငံများသည် အီရန်နိုင်ငံအား တိုက်ခိုက်ရန်အတွက် အမေရိကန်တပ်ဖွဲ့များအား ၎င်းတို့၏ နယ်မြေကို အသုံးပြုခွင့်ပေးမည်မဟုတ်ကြောင်း ငြင်းဆိုထားသော်လည်း ယခုထွက်ပေါ်လာသည့် ဗီဒီယိုအရ ထိုကတိကဝတ်နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်ကို တွေ့ရသည်။ ဒုံးကျည်ခွံ တွေ့ရှိရသည့် ပတ်ဝန်းကျင်အနေအထားမှာ အမေရိကန်အလယ်ပိုင်းစစ်ဌာနချုပ် (CENTCOM) မှ တရားဝင်ထုတ်ပြန်ထားသည့် ဒုံးကျည်ပစ်လွှတ်မှု ဗီဒီယိုပါ မြင်ကွင်းများနှင့် ကိုက်ညီနေသည်ဟု ဆိုသည်။ NOM

ကျောက်ပန်းတောင်းမြို့၊ ကမ်းဖြူကျေးရွာတွင် အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ်များ ကိုလည်း မီးရှို့ဖျက်ဆီးကာ ပြည်သူ
ကျောက်ပန်းတောင်းမြို့၊ ကမ်းဖြူကျေးရွာတွင် အဖွားအို ၃ ဦးကို မီးရှို့သတ်ဖြတ်ခဲ့ပြီး နေအိမ်များ ကိုလည်း မီးရှို့ဖျက်ဆီးကာ ပြည်သူ ၃၀ ကျော်ကိုလည်း လူသားဒိုင်းအဖြစ် ဆက်လက် ဖမ်းဆီး ထားကြောင်း မဟုတ်မမှန်သတင်းများ ဝါဒဖြန့်ချိလျက်ရှိ မတ် ၉၊ ၂၀၂၆ NOM

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှုပြောင်းလဲမှုများ ကြည့်ရှုစစ်ဆေး မတ် ၈၊ ၂၀၂၆ သယံဇာတနှ
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ပြင်ဦးလွင်မြို့နယ်အတွင်းရှိ မြေအသုံးချမှုပြောင်းလဲမှုများ ကြည့်ရှုစစ်ဆေး မတ် ၈၊ ၂၀၂၆ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၊ သစ်တောဦးစီးဌာနနှင့် မြေတိုင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင် မြို့နယ်အတွင်းရှိ မြေအသုံးချမှုပြောင်းလဲမှုများကို လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောမြေဖြစ်သော ကြိုးဝိုင်း၊ ကြိုးပြင် ကာကွယ်တောများအတွင်း တရားမဝင် ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများအား ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးချနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့် ရှိသောမြေများတွင် ခွင့်ပြုချက်မရှိဘဲ မြေအသုံးချနေမှုများကို လေယာဉ်ဖြင့် လှည့်လည်ကြည့်ရှု စစ်ဆေးသည်။ ကွင်းဆင်းစစ်ဆေး သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအနေဖြင့် ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှုတိုးပွားလာစေရေးနှင့် စိမ်းလန်းစိုပြည်စေရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျစီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသ များထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်လျက်ရှိရာ တရားမဝင်ကျူးကျော်အခြေချခြင်းများနှင့် တရားမဝင်မြေအသုံးချခြင်းများ မရှိစေရန်၊ မြေအသုံးချနေမှုများ ဥပဒေနှင့်အညီ စနစ်ကျမှန်ကန်စေရန် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များစုဖွဲ့ပြီး မြေပြင်ကွင်းဆင်းစစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့ပြင် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန်အတွက် လေယာဉ်ဖြင့်လှည့်လည် စစ်ဆေးခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ NOM

ညောင်လေးပင်မြို့နယ်၊ ကျောင်းကုန်းရွာနဲ့ ရေတွင်းကုန်းရွာတွေကို စစ်တပ်က ဝင်စီးပြီး အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေကြောင
ညောင်လေးပင်မြို့နယ်၊ ကျောင်းကုန်းရွာနဲ့ ရေတွင်းကုန်းရွာတွေကို စစ်တပ်က ဝင်စီးပြီး အပြစ်မဲ့ ပြည်သူများကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့် မတ်လ ၉၊ ၂၀၂၆ NOM

မဟာအောင်မြေမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝ
+2
မဟာအောင်မြေမြို့နယ်၌  ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ  လာရောက်ကြည့်ရှုစစ်ဆေး ‎မတ် ၉၊ ၂၀၂၆ ‎မန္တလေးတိုင်းဒေသကြီးဝန်ကြီးချူပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးဝန်​ကြီးများနှင့်အဖွဲ့ဝင်များသည် မဟာအောင်မြေမြို့နယ်၌၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုမည့် စာစစ်ဌာနများသို့ ယနေ့နံနက်ပိုင်းက လာရောက်ကြည့်ရှုစစ်ဆေးသည်။ ‎တိုင်းဒေသကြီးဝန်ကြီးချူပ်နှင့်အဖွဲ့ဝင်များသည် အမှတ်(၂) အ.ထ.က(ခွဲ)ကျောင်းမှ ကြီးကြပ်ရေးမှူးဒေါ်သက်ရည်ဝင်းနှင့်ဆရာ ဆရာမများအား  စာစစ်ဌာနအတွင်ဲး တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုမည့် စာဖြေခန်း(၁၂)ခန်းတို့အား လှည့်လည်ကြည့်ရှု၍ လုံခြုံရေးနှင့်စာဖြေကျောင်းသား၊သူများ အဆင်ပြေချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် စာဖြေခန်းများအတွင်း အလင်းရောင်ရရှိရေး၊ လေဝင်လေထွက်ကောင်းမွန်စွာရရှိရေး၊ ကျောင်းဝန်းအတွင်း/အပြင် သန့်ရှင်းမှုရှိစေရေးနှင့်လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်သွားကြရန်မှာကြားသည်။ ‎မဟာအောင်မြေမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန ၅ ခုဖြင့် ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။ ‎NOM

Repost from NOM.World News
လောင်စာဆီစျေးနှုန်းမြင့်တက်ပြီးနောက် ဗီယက်နမ်မှာ ရထားစီးသူ ပိုမိုများပြားလာ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီးနောက် ဗီယက်
လောင်စာဆီစျေးနှုန်းမြင့်တက်ပြီးနောက် ဗီယက်နမ်မှာ ရထားစီးသူ ပိုမိုများပြားလာ လောင်စာဆီစျေးနှုန်းတွေ မြင့်တက်ခဲ့ပြီးနောက် ဗီယက်နမ်မှာ ရထားစီးနင်းသူတွေ တိုးပွားလာတယ်လို့ Vietnam’s Railway Transport Joint Stock Company က ပြောဆိုခဲ့ပါတယ်။ ရထားစီးခရီးသည်ဟာ ၁၀% ကနေ ၁၅% အထိ တိုးမြင့်လာခဲ့လို့လည်း ဝန်ဆောင်မှုတွေ တည်ငြိမ်မှုရှိဖို့နဲ့ လုံခြုံစိတ်ချရမှုရှိအောင် သေချာပြင်ဆင်ပေးနေတယ်လို့လည်း ဆိုပါတယ်။ ဗီယက်နမ်မှာ ဒီဇယ်ဆီစျေးနှုန်းဟာ တလီတာကို ဒေါင် ၃ သောင်းအထိ မြင့်တက်ခဲ့ကာ ကန်ဒေါ်လာ ၁.၂၁ ရှိပါတယ်။ ဒါဟာ ပြီးခဲ့တဲ့ အပတ်အတွင်းကထက် ၃၁.၂၆ ရာခိုင်နှုန်း မြင့်တက်ခဲ့တာဖြစ်တယ်လို့လည်း ဆိုပါတယ်။ News Of Myanmar NOM

🚨 - "အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုအား တိုက်ခိုက်ခြင်း သို့မဟုတ် လုပ်ကြံသတ်ဖြတ်ရန် ကြိုးပမ်းခြင်းများ ရှိလာနိုင်သည့်အပေါ် စိုးရိမ်မှုများကြောင့် ၎င်း၏နေအိမ်တွင် လုံခြုံရေးကို တိုးမြှင့်လိုက်ကြောင်း အစ္စရေးမီဒီယာများက ဖော်ပြသည်။" NOM

🌟 - ဗြိတိန်နိုင်ငံ၏ ဓာတ်ငွေ့သိုလှောင်မှုပမာဏသည် နှစ်ရက်စာသာ ကျန်ရှိတော့ကြောင်း Daily Mail သတင်းဌာန ဖော်ပြ ဗြိတိန်နိုင်ငံ၏ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေး ကွန်ရက်လုပ်ငန်း လုပ်ကိုင်သူ၏ ပြောကြားချက်ကို ကိုးကား၍ Daily Mail သတင်းစာက ဖော်ပြရာတွင် 👇 လက်ရှိ ဗြိတိန်နိုင်ငံ၏ သိုလှောင်ရုံများ၌ ကျန်ရှိသော ဓာတ်ငွေ့ပမာဏသည် နှစ်ရက်စာ သုံးစွဲရန်အတွက်သာ လုံလောက်တော့ကြောင်း သိရသည်။ သတင်းစာ၏ အဆိုအရ ဗြိတိန်၏ ဓာတ်ငွေ့သိုလှောင်ထားနိုင်မှု ပမာဏသည် ၂၀၂၅ ခုနှစ်တွင် ၁၈,၀၀၀ ဂစ်ဂါဝပ်နာရီ (GWh) ရှိခဲ့ရာမှ ၂၀၂၆ ခုနှစ်တွင် ၆,၇၀၀ ဂစ်ဂါဝပ်နာရီ အထိ သိသိသာသာ လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားသည်။ ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက သိုလှောင်မှုပမာဏသည် ထက်ဝက်ကျော် (၆၀% ခန့်) လျော့ကျသွားပြီး စွမ်းအင်လုံခြုံရေးအတွက် စိုးရိမ်ရသည့် အခြေအနေဖြစ်ကြောင်း တွေ့ရသည်။ NOM