uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 484 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 956-o'rinni va Myanma mintaqasida 10 069-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 484 obunachiga ega bo‘ldi.

26 Iyun, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -236 ga, so‘nggi 24 soatda esa 1 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 9.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.62% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 1 208 marta ko‘riladi; birinchi sutkada odatda 702 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 27 Iyun, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 484
Obunachilar
+124 soatlar
-317 kunlar
-23630 kunlar
Postlar arxiv
ကျောက်ပန်းတောင်းမြိုနယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများမှ ချောင်းမြောင်းတိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော
ကျောက်ပန်းတောင်းမြိုနယ်အတွင်း PDF အမည်ခံအကြမ်းဖက်သမားများမှ ချောင်းမြောင်းတိုက်ခိုက် ခဲ့သဖြင့် လုံခြုံရေးဆောင်ရွက်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးခဲ့ကြောင်း လုပ်ကြံ သတင်းအမှားဖြင့် ဝါဒဖြန့်ဝေလျက်ရှိ မတ် ၁၃၊ ၂၀၂၆ NOM

MNDAA အကြမ်းဖက်အဖွဲ့ ကွတ်ခိုင်မြို့အတွင်းသို့ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာ မတ်လ ၁၄ ရက်နေ့နံနက်အချိန်၌ TNLA အကြမ်းဖက်အဖွဲ့အား စတင်တိုက်ခိုက်ခဲ့သည့် MNDAA အကြမ်းဖက်အဖွဲ့သည် လက်ရှိအချိန်၌ TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်မြို့အတွင်းသို့ MNDAA တပ်ဖွဲ့များ အင်အားအလုံးအရင်းဖြင့် ဝင်ရောက်လာပြီး မြို့အတွင်းတိုက်ပွဲများအပြင်းအထန် ဆက်လက်ဖြစ်ပွားလျက်ရှိသည်။ NOM

မုံရွာမြို့ပေါ် လမ်းဆုံနှင့် ရပ်ကွက်များ၌ အလုပ်သွား အလုပ်ပြန် လူငယ်များကို ၂ ရက် ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း သတင်းအမှ
မုံရွာမြို့ပေါ် လမ်းဆုံနှင့် ရပ်ကွက်များ၌ အလုပ်သွား အလုပ်ပြန် လူငယ်များကို ၂ ရက် ဆက်တိုက် ပေါ်တာဆွဲဖမ်းဆီးခဲ့ကြောင်း  သတင်းအမှားများဖြင့် ဝါဒဖြန့်ဝေလျက်ရှိ မတ် ၁၃၊ ၂၀၂၆ NOM

ကွတ်ခိုင်မြို့နယ်တွင် TNLA အကြမ်းဖက်အဖွဲ့နှင့် MNDAA အကြမ်းဖက်တို့အကြား တိုက်ပွဲများဖြစ်ပွားနေ၊ ပြည်သူများလည်း ထိခိုက်ဒဏ်ရာရ မတ်လ ၁၄၊ ၂၀၂၆ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကွတ်ခိုက်မြို့နယ်တွင် မတ်လ ၁၄ ရက်နေ့ နံနက်အချိန်မှစတင်ပြီး TNLA အကြမ်းဖက်အဖွဲ့နှင့် MNDAA အကြမ်းဖက်အဖွဲ့တို့အကြား နေရာ ၅ ခုတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိပြီး တိုက်ပွဲအတွင်း လက်နက်ကြီး၊ ဒရုန်းသုံးမှုများလည်းရှိကြောင်းသိရသည်။ တိုက်ပွဲများအတွင်း ပြည်သူများလည်း ထိခိုက်ဒဏ်ရာရမှုများရှိခဲ့သည်။ ကွတ်ခိုင်၊ မန်ပြိန်း၊ မိုင်ယုလေး၊ နမ့်တောင်း၊ ကာလျှံတို့တွင် တိုက်ပွဲများဖြစ်နေသည့်အပြင် မူဆယ် ၁၀၅ မိုင်ရှိ TNLA တပ်စွဲထားသည့်နေရာများရှိ TNLA အကြမ်းဖက်သမားများကို MNDAA အကြမ်းဖက်အဖွဲ့က ဝင်ရောက်ဖမ်းဆီးခဲ့သည့်အပြင် လက်နက်များလည်းသိမ်းယူလိုက်ကြောင်းသိရသည်။ NOM

🇳🇱✡️💥 ဒတ်ခ်ျသတင်းအေဂျင်စီ ANP ၏ ဖော်ပြချက်အရ အမ်စတာဒမ်မြို့ရှိ ဂျူးစာသင်ကျောင်းတစ်ကျောင်းတွင် ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး ပျက်စီးဆုံးရှုံးမှုအချို့ရှိခဲ့ကြောင်း သိရသည်။ အဆိုပါဖြစ်စဉ်အား ဂျူးလူ့အသိုင်းအဝိုင်းအပေါ် ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ခြင်းဖြစ်သည်ဟု မြို့တော်ဝန်က ပြောကြားခဲ့သည်။ NOM

+1
အီရတ်နိုင်ငံတွင် အမေရိကန်လေတပ်၏ ကေစီ-၁၃၅ (KC-135) ဝေဟင်ဆီဖြည့်လေယာဉ်တစ်စင်း "ပစ်ချခံရ" ပြီးနောက် မီးလုံးကြီးများဖြင့် ပေါက်ကွဲပျက်ကျသွားသည့် ဗီဒီယိုဖိုင်ကို Sabereen သတင်းဌာနက ထုတ်ပြန်ခဲ့သည်။ ဓါတ်ပုံ- လေယာဉ်ပျက်ကျမှုအတွင်းသေဆုံးခဲ့သည့် အမေရိကန်လေယာဉ်အမှုထမ်း ၆ ဦး NOM

အီရန်အရာရှိတစ်ဦး CNN သို့ ပြောကြားချက်- တရုတ်ယွမ်ငွေဖြင့် ကုန်သွယ်သော သင်္ဘောများကို ဟော်မုဇ်ရေလက်ကြားမှ ဖြတ်သန်းခွင့်ပြုမည်။ NOM

⚠️ 🇮🇷- အီရန်အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) က ဒရုန်းအုပ်စုများစွာ သိမ်းဆည်းထားသည့် မြေအောက်လှိုဏ်ဂူကြီးတစ်ခု၏ ဗီဒီယိုဖိုင်ကို ထုတ်ပြန်လိုက်သည်။ NOM

မော်တာ်ယာဉ်များဝှီးတက်ပြသနာဖြစ်နေ NOM၊မတ်၁၄၊၂၀၂၆ စက်သုံးဆီများကိုမော်တော်ယာဉ်သက်သေခံလက်မှတ်(ဝှီးတက်)အားစကင်ဖန်စစ်ဆေးပြီးမှဆီထ
မော်တာ်ယာဉ်များဝှီးတက်ပြသနာဖြစ်နေ NOM၊မတ်၁၄၊၂၀၂၆ စက်သုံးဆီများကိုမော်တော်ယာဉ်သက်သေခံလက်မှတ်(ဝှီးတက်)အားစကင်ဖန်စစ်ဆေးပြီးမှဆီထည့်ပေးသည့်စနစ်ကျင့်သုံးချိန်တွင်ယာဉ်ပိုင်ရှင်များပြငနာများစွာကြုံတွေ့နေရကြောင်းသိရသည်။ ပထမပြသနာမှာအချို့ဝှီးတက်များတွင်စကင်ဖတ်ရန်ကျုအာကုဒ်QR code ပါမလာခြင်းဖြစ်သည်။ဒုတိယပြသနာမှာကျူအာကုဒ်ကိုစက်သုံးဆီဆိုင်မှစကင်ဖတ်ချိန်တွင်လက်ရှိယာဉ်နံပါတ်မဟုတ်ပဲနံပါတ်မတူခြင်းဖြစ်သည်။တတိယပြသနာမှာကါားဆီလာထည့်ချိန်တွင်အဆိုပါကျူအာကုဒ်ဖြင့်အခြားတစ်စီးကဆီထည့်သွားပြီးဖြစ်နေခြင်းဖြစ်သည်။ရန်ကုန်ကညနရုံးမှအဆိုပါပြသနာများကိုယန့စနေနေ့တွင်ရုံးဖွင့်ပြီးဖြေရှင်းျပးလျက်ရှိကြောင်းသိရသည်။ယာဉ်ပိုင်ရှင်များသတိပြုရန်မှာဝှီးတက်ကိုပလတ်စတစ်လောင်းချိန်တွင်တွန့်သွားပါကစကင်ဖတ်မရခြင်းဖြစ်သဖြင့်ဝှီးနက်ကိုပလတ်စတစ်မလောင်းသင့်ကြောင်း ဆီဆိုင်များကအကြံပြုထားသည်။

ရှမ်းပြည်(မြောက်ပိုင်း)နမ္မတူမြို့၌ အင်အား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ် NOM၊မတ်၁၄၊၂၀၂၆ ရှမ်းပြည်(မြောက်ပိုင်း)နမ္မတူမြို့၌ ယနေ့(မတ်လ၁၄ရက်)နံနက် ၁၀ နာရီ ၂၈ မိနစ်၊တွင် အင်အား ၄ ဒသမ ၃ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလ‌ ဗေဒညွှန်ကြားမှုဦးစီးဌာနမှထုတ်ပြန်ထားကြောင်းသိရသည်။ အဆိုပါ ငလျင်မှာ ယနေ့ နံနက် ၁၀ နာရီ၊ ၂၈ မိနစ်၊ ၂၃ စက္ကန့် အချိန်တွင် နမ္မတူမြို့၏ အနောက်ဘက် (၁၃) မိုင်ခန့်အကွာ)၊ မြောက်လတ္တီတွဒ် (၂၃ ဒသမ ၀၉) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၇ ဒသမ ၁၉) ဒီဂရီ၊ အနက်(၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ချ်တာစကေး ၄ ဒသမ ၃ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခုဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ­ မ
ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား လက်ခံတွေ့ဆုံ­ မတ် ၁၃၊ ၂၀၂၆ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်းအား ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ရေးဆွေးနွေး တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံကြား ရှိရင်းစွဲကောင်းမွန်သည့် ဆက်ဆံရေးနှင့် အပြန်အလှန်အကျိုးဖြစ်ထွန်းစေမည့် ပူးပေါင်းဆောင်ရွက်မှုများအား အရှိန်အဟုန်မြှင့်တင်ရေး၊ နှစ်နိုင်ငံနယ်စပ်ဒေသတစ်လျှောက် တည်ငြိမ်အေးချမ်းမှုအတွက် ပူးပေါင်းဆောင်ရွက်သွားရေးတို့ကို အလေးထားဆွေးနွေးခဲ့သည်။ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ထို့ပြင် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်သည့် ဖြစ်ပေါ်တိုးတက်မှုများ၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘောပံ့ပိုးသွားမည့်ကိစ္စရပ်များ၊ နယ်စပ်ဒေသရှိ အွန်လိုင်းလောင်းကစားနှင့် တရားမဝင်လုပ်ငန်းများ ပူးပေါင်းတိုက်ဖျက်ရေးကိစ္စရပ်များ၊ ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာများတွင် နှစ်နိုင်ငံအပြန်အလှန် ထောက်ခံရပ်တည်သွားရေးနှင့် နှစ်နိုင်ငံအကျိုးတူကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး အမြင်ချင်းဖလှယ်ခဲ့သည်။ NOM

ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သည် ၃၀ ကျော်ထိခိုက်ဒဏ်ရာရ ဂျေရုဆလင်ပို့စ် Jerusalem Post
ကူဝိတ်နိုင်ငံရှိ အမေရိကန်စစ်စခန်းတိုက်ခိုက်ခံရမှုကြောင့် အမေရိကန်စစ်သည် ၃၀ ကျော်ထိခိုက်ဒဏ်ရာရ ဂျေရုဆလင်ပို့စ် Jerusalem Post ၏ ဖော်ပြချက်အရ ကူဝိတ်နိုင်ငံ ရွှေအိုင်ဘာ ဆိပ်ကမ်း Port Shuaiba ရှိ အမေရိကန်စစ်အခြေစိုက်စခန်းကို အီရန်က တိုက်ခိုက်မှုမှာ ကနဦးသတင်းများထက် ပိုမိုပြင်းထန်ကြောင်းသိရသည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် အမေရိကန်စစ်သည် ၃၀ ကျော် ဆေးရုံတင်ထားရပြီး ၎င်းတို့အနက် ၂၀ ဦးမှာ ဦးနှောက်ဒဏ်ရာရခြင်း၊ ဗုံးဆန်ထိမှန်ခြင်းနှင့် ပြင်းထန်စွာ မီးလောင်ကျွမ်းခြင်းတို့ကြောင့် စိုးရိမ်ရသည့် အခြေအနေတွင် ရှိနေသည်။ NOM

အင်းစိန်စျေး ပန်းတိမ်တန်းတွင် မီးလောင်မှု့ဖြစ်ပွား စျေးဆိုင်ခန်း၁၀ခန်းခန့်ပျက်စီး NOM၊မတ်၁၄၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့
အင်းစိန်စျေး ပန်းတိမ်တန်းတွင် မီးလောင်မှု့ဖြစ်ပွား စျေးဆိုင်ခန်း၁၀ခန်းခန့်ပျက်စီး NOM၊မတ်၁၄၊၂၀၂၆ ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ဈေးကုန်းအနောက်ရပ်ကွက် အင်းစိန်မြို့မစျေးတွင်ရှိ ပန်းတိမ်တန်းတွင် ယမန်နေ့ (မတ်လ ၁၃ရက်)ည ၁၀နာရီ၂၀မိနစ်ကမီးလောင်မှုဖြစ်ပွားခဲ့ရာ စျေးဆိုင်ခန်း၁၀ခန်းခန့်ပျက်စီးခဲ့ ကြောင်းကနောင်လူမှုကူညီရေးအသင်းမှတာဝန်ရှိသူတစ်ဦးကပြောသည်။ မီးလောင်မှုဖြစ်စဉ်မှာ နှစ်ထပ်စျေး၏ အပေါ်ထပ် မျက်နှာကြက်အတွင်းမှမီးစတင်လောင်ကျွမ်းခဲ့သည့်အတွက်လက်ရှိလျှပ်စစ်ဝါယာရှော့ဟုယူဆထားပြီး မီးလောင်မှုမှာပန်းတိမ်လုပ်ငန်းများလုပ်သည့်ဆိုင်ခန်းများဖြစ်သည့်အတွက်အက်ဆစ်နှင့်ဓါတ်ဆီများကြောင့် မီးများသော်လည်းအခြားဆိုင်ခန်းများကူးစက် လောင်ကျွမ်းမှုမရှိကြောင်းသိရသည်။ မီးလောင်မှုကိုအင်းစိန်မြို့နယ်မီးသတ်စခန်းမှမီးသတ်ယာဉ်အုပ်စုများ၊ လူမှုကူညီရေးအသင်းများကဝိုင်းဝန်ငြိမ်းသတ်ခဲ့ရာည၁၀နာရီ၄၄မိနစ်တွင်မီးငြိမ်းသွားကြောင်းသိရသည်။

ပထမအကြိမ်မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲဖွင့်လှစ် NOM၊မတ်၁၄၊၂၀၂၆ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်ရွှေသံလွင်မီဒီ
+1
ပထမအကြိမ်မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲဖွင့်လှစ် NOM၊မတ်၁၄၊၂၀၂၆ မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်နှင့်ရွှေသံလွင်မီဒီယာတို့ပူးပေါင်းကျင်းပသောပထမအကြိမ်မြန်မာပိုက်ကျော်ခြင်းလိဂ်ပြိုင်ပွဲဖွင့်ပွဲကိုယနေ့မတ်လ၁၄ရက်မနက်ကမြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ်အားကစားပြိုင်ကွင်းတွင်ကျင်းပရာရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးစိုးသိန်းတက်ရောက်ဖွင့်လှစ်ပေးပြီးပြိုင်ပွဲအတွက်ကျပ်သိန်းတစ်ရာလှူဒါန်းသည်။ ပြ်ုင်ပွဲကိုမတ်လ၁၄ရက်မှဧပြီလ၅ရက်အထိကျင်းပမည်ဖြစ်ပြီးကလပ်အသင်း၁၅သင်းပါဝင်ယှဉ်ပြိုင်လျက်ရှိသည်။ပြိုင်ပွဲများက်ုစကိုင်းနက်ရုပ်သံမှထုတ်လွှင့်ပြသပေးနေကြောင်းသိရသည်။

+1
🚨Breaking အီရတ်နိုင်ငံ၊ ဘဂ္ဂဒက်မြို့ရှိ အမေရိကန်သံရုံးအမိုးပေါ်တွင် တပ်ဆင်ထားသော ရေဒါစနစ်တစ်ခုမှာ ဒရုန်းဖြင့် တိုက်ခိုက်ခံရမှုကြောင့် ပျက်စီးသွားခဲ့သည်။ NOM

(၈၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုအမျိုးသား၊အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကျင်းပ NOM၊မတ်၁၄၊၂၀၂၆ (၈၁)နှစ်မြောက်
(၈၁)နှစ်မြောက်တပ်မတော်နေ့ဂုဏ်ပြုအမျိုးသား၊အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကျင်းပ NOM၊မတ်၁၄၊၂၀၂၆ (၈၁)နှစ်မြောက်တပ်မတော်နေ့ကိုဂုဏ်ပြုကြိုဆို‌ သောအားဖြင့်ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်အမျိုးသား၊အမျိုးသမီး(အလွတ်တန်း) Road Bike စက်ဘီးပြိုင်ပွဲကိုယ‌ နေ့နံနက်၆နာရီကရန်ကုန်မြို့၊ မင်္ဂလာတောင်ညွန့်မြို့နယ်ကန် ရိပ်သာလမ်း၌ ကျင်းပပြုလုပ်ရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက၊တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်းသေနတ်ပစ်ဖောက်ကာပြိုင်ပွဲကိုဖွင့်လှစ်ပေးသည်။ အဆိုပါပြိုင်ပွဲကိုကန်ရိပ်သာလမ်းနှင့် ဦးအောင်မြတ်လမ်းထောင့်ရှိ တင့်ကားကုန်းဝင်ပေါက်ရှေ့မှတာလွှတ်ပြီး အမျိုးသားခုနှစ်ပတ်၊ အမျိုးသမီးငါးပတ်စီးနင်းကာ တာလွှတ် သည့်နေရာသို့ပြန်လည်ပန်းဝင်ကြသည်။ ထို့နောက်ပြိုင်ပွဲများအပြီးဆုပေးပွဲကိုကျင်းပရာရန်ကုန်တိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီနာယက၊တိုင်းဒေသကြီး၀န်ကြီးချုပ်ဦးစိုးသိန်း၊တိုင်းဒေသကြီး၀န်ကြီးများ၊တိုင်း‌ ဒေသကြီးစက်ဘီးဆပ်‌ ကော်မတီဥက္ကဌနှင့်အမှု‌ဆောင်များကဆုများချီးမြှင့်ခဲ့ကြ‌ ကြောင်းသိရသည်။

🇮🇷 🤍 ခါ့ဂ် Kharg ကျွန်းအား အမေရိကန် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန်၏ ထုတ်ပြန်ချက် ဖားစ် Fars သတင်းဌာန၏ မြေပြင်သတင်းပေးပို
🇮🇷 🤍 ခါ့ဂ် Kharg ကျွန်းအား အမေရိကန် တိုက်ခိုက်မှုနှင့် ပတ်သက်၍ အီရန်၏ ထုတ်ပြန်ချက် ဖားစ် Fars သတင်းဌာန၏ မြေပြင်သတင်းပေးပို့ချက်များအရ လွန်ခဲ့သော ၂ နာရီမှ ၃ နာရီခန့်က အမေရိကန်သည် ခါ့ဂ် Kharg ကျွန်းကို တိုက်ခိုက်ခဲ့ပြီး ကျွန်းပေါ်တွင် ပေါက်ကွဲမှု ၁၅ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့ကြောင်း သိရသည်။ အဆိုပါ တိုက်ခိုက်မှုအတွင်း အမေရိကန်သည် အီရန်တပ်မတော်၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များ၊ ဂျိုရှန် Joshan ရေတပ်စခန်း၊ လေဆိပ်ထိန်းချုပ်မျှော်စင်နှင့် အီရန်ပင်လယ်ပြင်ရေနံကုမ္ပဏီ (IOOC) ၏ ရဟတ်ယာဉ်ရုံတို့ကို ထိခိုက်ပျက်စီးအောင် ကြိုးပမ်းခဲ့သည်။ မြေပြင်အခြေအနေ လေ့လာချက်များအရ ကျွန်း၏နေရာအနှံ့အပြားတွင် မီးခိုးလုံးကြီးများ ထွက်ပေါ်နေသော်လည်း ဤတိုက်ခိုက်မှုကြောင့် ရေနံဆိုင်ရာ အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးခြင်း မရှိခဲ့ကြောင်း သိရသည်။ မိမိတို့နိုင်ငံ၏ စွမ်းအင်ကဏ္ဍ အခြေခံအဆောက်အအုံများကို တိုက်ခိုက်ပါက ဖြစ်လာမည့် နောက်ဆက်တွဲအကျိုးဆက်များကို အီရန်က ကြိုတင်သတိပေးထားပြီး ဖြစ်သည်။ ထိုသို့တိုက်ခိုက်ခံရပါက ဒေသတွင်းရှိ အမေရိကန်နှင့် ၎င်း၏မဟာမိတ်များ အကျိုးစီးပွားရှိရာ ရေနံနှင့် သဘာဝဓာတ်ငွေ့ အခြေခံအဆောက်အအုံများအားလုံးကို မီးရှို့ဖျက်ဆီးပစ်မည်ဟု ဆိုထားသည်။ တိုက်ခိုက်မှုအပြီးတွင် သမ္မတ ထရမ့် က ခါ့ဂ် Kharg ကျွန်းရှိ စစ်ရေးပစ်မှတ်အားလုံးကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ပြီး ကျွန်း၏ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို "အပြီးတိုင် ဖျက်ဆီး" နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။ သို့သော်လည်း တိုက်ခိုက်မှုဖြစ်ပွားပြီး ၁ နာရီအကြာတွင် ကျွန်းပေါ်၌ လေကြောင်းရန်ကာကွယ်ရေးစနစ်များ ဆက်လက်အလုပ်လုပ်နေဆဲဖြစ်ကြောင်း တွေ့ရှိရသဖြင့် အမေရိကန်၏ ပြောကြားချက်မှာ မဟုတ်မမှန်ကြောင်း သက်သေပြနေသည်။ ထို့အပြင် သမ္မတ ထရမ့် က အီရန်၏ ဒုံးကျည်စွမ်းဆောင်ရည်များကို အမြစ်ပြတ်ဖျက်ဆီးနိုင်ခဲ့ပြီဟု အကြိမ်ကြိမ် ပြောဆိုနေသော်လည်း အီရန်၏ ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်မှုမှာ ယခုအခါ ၄၈ ကြိမ်မြောက်အထိ ရှိလာပြီ ဖြစ်သည်။ NOM

အမေရိကန်က အရှေ့အလယ်ပိုင်းသို့ နောက်ထပ် အင်အား ၅,၀၀၀ စေလွှမည် အရှေ့အလယ်ပိုင်းဒေသရှိ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများကို ပံ့ပိုးကူညီရန်အတွက် အမေရိကန် ရေတပ်စစ်သည်များနှင့် မရိန်းတပ်ဖွဲ့ဝင် (၅,၀၀၀) ခန့်ကို ထပ်မံစေလွှတ်သွားမည်ဖြစ်ကြောင်း သိရသည်။ NOM

ဟစ်ဇ်ဘိုလာ Hezbollah အဖွဲ့ ပြန်လည်အင်အားကောင်းလာခြင်း Institute for the Study of War (ISW) ၏ နောက်ဆုံးရရှိထားသော တိုက်ခိုက်မှ
ဟစ်ဇ်ဘိုလာ Hezbollah အဖွဲ့ ပြန်လည်အင်အားကောင်းလာခြင်း Institute for the Study of War (ISW) ၏ နောက်ဆုံးရရှိထားသော တိုက်ခိုက်မှုအချက်အလက်များအရ ဟစ်ဇ်ဘိုလာအဖွဲ့သည် ပြီးခဲ့သည့် တစ်နှစ်တာအတွင်း ၎င်းတို့၏ စွမ်းဆောင်ရည်ကို အောင်မြင်စွာ ပြန်လည်တည်ဆောက်နိုင်ခဲ့ပြီး အင်အားသိသိသာသာ ပြန်လည်ကောင်းမွန်လာကြောင်း တွေ့ရှိရသည်။ ဟစ်ဇ်ဘိုလာအဖွဲ့ Hezbollah ဘက်မှ ရော့ကတ်များ၊ ဒုံးကျည်များနှင့် ဒရုန်းများကို ပိုမိုတိုးမြှင့်အသုံးပြုလာခြင်းကြောင့် အစ္စရေး၏ လေကြောင်းရန်ကာကွယ်ရေး အရင်းအမြစ်များကို ထိရောက်စွာ အားနည်းသွားစေသည်။ အစ္စရေးနိုင်ငံအနေဖြင့် တုံ့ပြန်တိုက်ခိုက်ရန် ပစ်မှတ်အသစ်များ အဆက်မပြတ်မရှိတော့သည့် အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုကဲ့သို့ စစ်ပွဲကာလကြာရှည်လာခြင်းသည် အီရန်နိုင်ငံအတွက် စစ်ဗျူဟာအရ ပိုမိုအသာစီးရစေမည် ဖြစ်သည်။ NOM

မတ်လ ၁၃ ရက်နေ့၌ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာတွင် ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်အဖွဲ့ကို တပ်မတော်စစ်ကြောင်းက လျှပ်တစ်ပြတ် ဝ
+9
မတ်လ ၁၃ ရက်နေ့၌ ရေစကြိုမြို့နယ်၊ ကံသစ်ကျေးရွာတွင် ဆက်ကြေးကောက်နေသည့် PDF အကြမ်းဖက်အဖွဲ့ကို တပ်မတော်စစ်ကြောင်းက လျှပ်တစ်ပြတ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သမားအလောင်း ၉ လောင်း၊ သေနတ် ၂ လက်၊ ခဲယမ်းများ၊ စကားပြောစက်များနှင့် စစ်အသုံးအဆောင်များ သိမ်းဆည်းရမိခဲ့သည်။ NOM