uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 11 450 obunachidan iborat bo'lib, Yangiliklar & Media toifasida 16 808-o'rinni va Myanma mintaqasida 10 269-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 11 450 obunachiga ega bo‘ldi.

20 Noyabr, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -158 ga, so‘nggi 24 soatda esa -9 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 5.67% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 4.57% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 649 marta ko‘riladi; birinchi sutkada odatda 523 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 11 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
“News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ”

Yuqori yangilanish chastotasi (oxirgi ma’lumot 21 Noyabr, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

11 450
Obunachilar
-924 soatlar
-397 kun
-15830 kun
Postlar arxiv
မဟာအောင်မြေမြို့နယ်ရှိ စီးတော်မြင်းဝန်ဘုန်းကြီးကျောင်းတွင် level (1) အဆင့် မီးလောင်မှုဖြစ်ပွားအဆောက်အဦးသုံးလုံးနှင့် ကားလေးစ
မဟာအောင်မြေမြို့နယ်ရှိ စီးတော်မြင်းဝန်ဘုန်းကြီးကျောင်းတွင် level (1) အဆင့် မီးလောင်မှုဖြစ်ပွားအဆောက်အဦးသုံးလုံးနှင့် ကားလေးစီး မီးလောင်ဆုံးရှုံးခဲ့ နိုဝင်ဘာ ၁၊ ၂၀၂၆ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်ရှိ စီးတော်မြင်းဝန်ဘုန်းကြီးကျောင်းတွင် ယနေ့နိုဝင်ဘာ ၁ ရက် နံနက် ၁ နာရီ ၃၇ မိနစ်တွင် level (1) အဆင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ အဆောက်အဦးသုံးလုံးနှင့် ကားလေးစီးမီးလောင်ဆုံးရှုံးခဲ့ကြောင်းမီးသတ်တပ်ဖွဲ့မှသိရသည်။ ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာနွယ်စဉ်ရပ်ကွက်၊ ၃၆-၃၇ လမ်းနှင့် ၇၁-၇၂ လမ်း၊ စီးတော်မြင်းဝန်ဘုန်းကြီးကျောင်းအတွင်းရှိ (၇ဝ×၇၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁) ထပ် အဆောက်အဦး၏ မျက်နှာကျက် ထရံအတွင်း သွယ်တန်းထားသော ဝါယာကြိုးအပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်မှုဖြစ်ပွားခဲ့ကြောင်းသိရသည်။ မီးလောင်မှုကြောင့် (၇၀x၇၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁) ထပ် အဆောက်အဦးတစ်လုံး၊ (၃၀×၄၀) ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁) ထပ် အဆောက်အဦးတစ်လုံး၊ (၁၀×၃၀)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း (၁) ထပ်အဆောက် အဦးတစ်လုံးနှင့် ယာဉ်အမှတ် 9H-8737 TOYOTA Kluger ခဲရောင်ယာဉ် တစ်စီး၊ 3G-5179 TOYOTA Dyna အဖြူရောင်ယာဉ်တစ်စီး၊ EE-1523 TOYOTA Crown အဖြူရောင်ယာဉ်တစ်စီး၊ 2H-9321 Suzuki Carry ယာဉ်တစ်စီးတို့မီးလောင်ခံရပြီး ပျက်ဆီးဆုံးရှုံးခဲ့ကြောင်းသိရသည်။ မီးလောင်ကျွမ်းမှုကြောင့် စုစုပေါင်းခန့်မှန်းဆုံးရှုံးမှု တန်ဖိုး (၅၁၃၀၀၀၀ဝိ/-)ကျပ်ခန့် မီးလောင်ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့်ပတ်သက်၍ အမှတ် (၉) မြို့မရဲစခန်းမှ ကပ္ပိယဖြစ်သူ ဦးမင်းဇော်ဦး (ဘ) ဦးထွန်းမောင်၊ (၅ဝ)နှစ်၊ အား (ပ) ၂၁၄ / ၂၀၂၆၊ ပုဒ်မ (၂၈၅)ဖြင့် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။
01 Noy, 02:08

ဘားအံစက်မှုဇုန်တွင် တည်ဆောက်ဆဲစက်ရုံအလုပ်ရုံ ၃၇ ရုံရှိပြီး စက်ရုံ၊ အလုပ်ရုံပေါင်း ၆၂ ရုံ လုပ်ငန်းလည်ပတ်လျက်ရှိရာ ဒေသခံတိုင်းရင်းသားပြည်သူအလုပ်သမားဦးရေ ၈၄၁ ဦးအား အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီးပေးထားနိုင်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မာထူးရာထုံး၊ ဆီလီကွန်၊ မြေဩဇာနှင့်မွေးမြူရေးခြံသုံး ပိုးသတ်ဆေးထုတ်လုပ်သည့်စက်ရုံအတွင်း ထုတ်ကုန်များထုတ်လုပ်မှုအခြေအနေကို လိုက်လံကြည့်ရှုစစ်ဆေး၍ တာဝန်ရှိသူများအား လိုအပ်သည်များ မှာကြားခဲ့ကြောင်းသိရသည်။
01 Noy, 02:04

ဘားအံတွင် ကော့ဝါးဆူးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့် နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြ
+2
ဘားအံတွင် ကော့ဝါးဆူးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့် နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့ဝါးဆူးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦးသစ်ဖွင့်ပွဲကို အဆိုပါအဆောက်အဦများရှေ့၌ ကျင်းပသည်။ ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကော့ဝါးဆူးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူအမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ ဆဒ္ဒန်ဂူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်တို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ကော့ဝါးဆူးကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲသည် ဘုရားကုန်းကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိပြီး ကျေးရွာအုပ်စု (၁) စု၊ ကျေးရွာပေါင်း (၅) ရွာ၊ လူဦးရေ ၂၅၃၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကိုယ်ဝန်ဆောင်မိခင်များအား သားဖွားခန်းတွင် သန့်ရှင်းသပ်ရပ်စွာ မွေးဖွားနိုင်ပြီး ကလေးငယ်များအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြင့် မိခင်နှင့်ကလေးကျန်းမာရေးပြဿနာကို လျော့ချနိုင်မည်ဖြစ်ရာ မိခင်နှင့်ကလေးသေဆုံးနှုန်းများကို လျော့ချလာနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အခြေခံအဆောက်အဦများ လိုအပ်သကဲ့သို့ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဆေးခန်းအထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ပြည်သူလူထုက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍအလိုက် အားသွန်ခွန်စိုက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ကျေးရွာကျန်းမာရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အလားတူ တောင်သူများအတွက် လိုအပ်သည့် အရည်အသွေးမီရွက်ဖြန်းမြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် နေရာဒေသမရွေး လွယ်လွယ်ကူကူရရှိသုံးစွဲနိုင်စေရန် အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ် (၃) တွင် Dragon Victory Co.,Ltd ၏ မာထူးရာ ထုံး၊ ဆီလီကွန်၊ မြေဩဇာနှင့် မွေးမြူရေးခြံသုံးပိုးသတ်ဆေးထုတ်လုပ်သည့်စက်ရုံကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါစက်ရုံကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံပိုင်ရှင်က Dragon Victory Co.,Ltd ၏ ထုတ်ကုန်များဖြစ်သော ကိုစီအမှတ်တံဆိပ် သီးနှံအထွက်တိုးအရည်အသွေးမြင့် အာဟာရအားဆေးရည် (၁၅၀)ဗူး၊ မြေဆီလွှာပြုပြင်ပေးပြီး သီးနှံမျိုးစုံ ကြီးထွားသန်မာအထွက်တိုးစေသည့် သဘာဝမြေဩဇာ (၁၅၀) အိတ်တို့ကို ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းသည်။ ဘားအံစက်မှုဇုန်သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိခြင်း၊ မဟာမဲခေါင်ဒေသ အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်တွင်တည်ရှိခြင်း၊ ပြည်နယ်အစိုးရက စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်နိုင်ရန် Infra Structure ပိုင်းဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေး အစရှိသည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးထားခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာသော စက်မှုဇုန်တစ်ခုဖြစ်ပြီး စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စက်ရုံတာဝန်ရှိသူများအနေဖြင့် မိမိတို့ထုတ်လုပ်လိုက်သော ထုတ်ကုန်များမှာ ဓာတ်ခွဲစမ်းသပ်မှုစံချိန်စံညွှန်းများနှင့်အပြည့်အဝကိုက်ညီပြီး တောင်သူများလက်တွေ့အသုံးပြုရာတွင် အမှန်တကယ်အကျိုးထိရောက်မှုရှိစေရန် အရည်အသွေးကောင်းမွန်မှုကို အမြဲတမ်းအလေးထား ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
01 Noy, 02:03

ဘားအံတွင် ကော့ဝါးဆူးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့် နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြ
+1
ဘားအံတွင် ကော့ဝါးဆူးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦသစ်ဖွင့် နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အလေးထားမြှင့်တင်ဆောင်ရွက်ပေးလျက်ရှိရာ အောက်တိုဘာလ ၃၁ ရက်နေ့ နံနက်ပိုင်းက ဘားအံမြို့နယ်၊ ကော့ဝါးဆူးကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာအဆောက်အဦးသစ်ဖွင့်ပွဲကို အဆိုပါအဆောက်အဦများရှေ့၌ ကျင်းပသည်။ ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက ကော့ဝါးဆူးကျေးရွာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဆိုင်းဘုတ်အား စက်ခလုပ်နှိပ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာသူများနှင့်အတူအမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြကာ ဆဒ္ဒန်ဂူဆရာတော်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦသစ်တို့ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြသည်။ ကော့ဝါးဆူးကျေးရွာကျေးလက်ကျန်းမာရေးဌာနခွဲသည် ဘုရားကုန်းကျေးလက်ကျန်းမာရေးဌာန အောက်တွင်ရှိပြီး ကျေးရွာအုပ်စု (၁) စု၊ ကျေးရွာပေါင်း (၅) ရွာ၊ လူဦးရေ ၂၅၃၇ ဦးအား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ယနေ့ဖွင့်လှစ်သည့် ကျေးလက်ကျန်းမာရေးဌာနခွဲ၌ ကိုယ်ဝန်ဆောင်မိခင်များအား သားဖွားခန်းတွင် သန့်ရှင်းသပ်ရပ်စွာ မွေးဖွားနိုင်ပြီး ကလေးငယ်များအတွက် ကာကွယ်ဆေးများထိုးနှံပေးခြင်းဖြင့် မိခင်နှင့်ကလေးကျန်းမာရေးပြဿနာကို လျော့ချနိုင်မည်ဖြစ်ရာ မိခင်နှင့်ကလေးသေဆုံးနှုန်းများကို လျော့ချလာနိုင်မည်ဖြစ်ကြောင်း၊ ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အခြေခံအဆောက်အဦများ လိုအပ်သကဲ့သို့ အခြေခံကျန်းမာရေးဝန်ထမ်းများ၊ ဆေးခန်းအထောက်အကူပြုအဖွဲ့ဝင်များ၊ ရပ်မိရပ်ဖများနှင့် ပြည်သူလူထုက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို မိမိတို့တာဝန်ကျရာ အခန်းကဏ္ဍအလိုက် အားသွန်ခွန်စိုက်ပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်ပွဲတွင် ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့်ယဉ်ကျေးမှုအဖွဲ့များအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကာ ကျေးရွာကျန်းမာရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်တစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြား၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ဝန်ထမ်းအိမ်ရာ အဆောက်အဦတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ အလားတူ တောင်သူများအတွက် လိုအပ်သည့် အရည်အသွေးမီရွက်ဖြန်းမြေဩဇာများကို ဈေးနှုန်းချိုသာစွာဖြင့် နေရာဒေသမရွေး လွယ်လွယ်ကူကူရရှိသုံးစွဲနိုင်စေရန် အောက်တိုဘာလ ၃၀ ရက်နေ့ မွန်းလွဲပိုင်းက ဘားအံ-လှိုင်းဘွဲ ကားလမ်းမကြီးဘေးရှိ ဘားအံစက်မှုဇုန်၊ ဇုန်အမှတ် (၃) တွင် Dragon Victory Co.,Ltd ၏ မာထူးရာ ထုံး၊ ဆီလီကွန်၊ မြေဩဇာနှင့် မွေးမြူရေးခြံသုံးပိုးသတ်ဆေးထုတ်လုပ်သည့်စက်ရုံကို ဖွင့်လှစ်ခဲ့သည်။ အဆိုပါစက်ရုံကို ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး၊ ပြည်နယ်လျှပ်စစ်၊ စွမ်းအင်၊ စက်မှုနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးစောမျိုးမြင့်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက စက်ရုံကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး စက်ရုံပိုင်ရှင်က Dragon Victory Co.,Ltd ၏ ထုတ်ကုန်များဖြစ်သော ကိုစီအမှတ်တံဆိပ် သီးနှံအထွက်တိုးအရည်အသွေးမြင့် အာဟာရအားဆေးရည် (၁၅၀)ဗူး၊ မြေဆီလွှာပြုပြင်ပေးပြီး သီးနှံမျိုးစုံ ကြီးထွားသန်မာအထွက်တိုးစေသည့် သဘာဝမြေဩဇာ (၁၅၀) အိတ်တို့ကို ပြည်နယ်အစိုးရအဖွဲ့ထံသို့ ပေးအပ်လှူဒါန်းသည်။ ဘားအံစက်မှုဇုန်သည် နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရှိခြင်း၊ မဟာမဲခေါင်ဒေသ အရှေ့-အနောက်စီးပွားရေး စင်္ကြံလမ်းမကြီးပေါ်တွင်တည်ရှိခြင်း၊ ပြည်နယ်အစိုးရက စက်ရုံ၊ အလုပ်ရုံများ ကောင်းမွန်စွာ လည်ပတ်လုပ်ကိုင်နိုင်ရန် Infra Structure ပိုင်းဖြစ်သော လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိရေး၊ ရေရရှိရေး အစရှိသည့်လုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးထားခြင်းတို့ကြောင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ တိုးတက်ဝင်ရောက်လာသော စက်မှုဇုန်တစ်ခုဖြစ်ပြီး စက်ရုံဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက စက်ရုံတာဝန်ရှိသူများအနေဖြင့် မိမိတို့ထုတ်လုပ်လိုက်သော ထုတ်ကုန်များမှာ ဓာတ်ခွဲစမ်းသပ်မှုစံချိန်စံညွှန်းများနှင့်အပြည့်အဝကိုက်ညီပြီး တောင်သူများလက်တွေ့အသုံးပြုရာတွင် အမှန်တကယ်အကျိုးထိရောက်မှုရှိစေရန် အရည်အသွေးကောင်းမွန်မှုကို အမြဲတမ်းအလေးထား ထိန်းသိမ်းဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားသည်။
01 Noy, 02:03
01 Noy, ~02:03

အီရန်စစ်ပွဲသည် ဂျာမနီအတွက် ဆိုးကျိုးပေးမှန်း ဂျာမနီအဓိပတိခေါင်းဆောင် မာဇ် (Merz) ရိပ်မိလာခြင်း ဂျာမနီအဓိပတိခေါင်းဆောင် ဖရီးဒရစ်ချ် မာဇ် (Friedrich Merz) က အီရန်စစ်ပွဲကြောင့် စွမ်းအင်စျေးနှုန်းများ မြင့်တက်လာပြီး ဥရောပအနေဖြင့် ယူရို ဘီလီယံ ၁၀၀ ကျော် ကုန်ကျဆုံးရှုံးခဲ့ရပြီးပြီဟု အခုအခါ ပြောကြားလိုက်သည်။ ထို့အပြင် ဤပဋိပက္ခကို "စစ်ရေးနည်းဖြင့် ဖြေရှင်း၍မရနိုင်ပါ" ဟု ဆိုလိုက်ပြီး၊ ဂျာမနီနိုင်ငံအနေဖြင့် ဤစစ်ပွဲကို အမြန်ဆုံး အဆုံးသတ်စေချင်သည်ဟု ပြောဆိုခဲ့သည်။ သို့သော် အီရန်စစ်ပွဲစတင်ဖြစ်ပွားပြီး ဗုံးကြဲတိုက်ခိုက်မှုများ စတင်ခဲ့စဉ်ကမူ သူ၏ ပြောဆိုချက်မှာ ယခုကဲ့သို့ မဟုတ်ခဲ့ပေ။ ၂၀၂၅ ခုနှစ်၊ ဇွန်လအတွင်း အစ္စရေးက အီရန်ကို စတင်ကျူးကျော် တိုက်ခိုက်ခဲ့စဉ်က မာဇ်သည် ဂျာမန်ရုပ်သံလိုင်းတစ်ခုသို့ ပြောကြားခဲ့ရာတွင် - "ဒါဟာ အစ္စရေးက ငါတို့အားလုံးအတွက် ကိုယ်စား ဝင်လုပ်ပေးနေတဲ့အလုပ်ဖြစ်တယ်" ဟုလည်းကောင်း၊ “အခုလို တိုက်ခိုက်ဖို့ ရဲရင့်ခဲ့တဲ့ အစ္စရေးတပ်မတော်ကို အင်မတန်မှ လေးစားဂုဏ်ယူမိတယ်" ဟုလည်းကောင်း ပြောဆိုခဲ့ဖူးသည်။
01 Noy, 01:23

အယ်လ်နီညိုအခြေအနေ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ ၁ ရက်နေ့ ထုတ်ပြန်ချက် ၁။ ကမ္ဘာ့မိုးလေဝသအဖွဲ့ချုပ်နှင့် နိုင်ငံတကာ ရာသီဥတုဗဟိုဌာနများ၏ ထုတ်ပြန်ချက်များကို အခြေခံ၍ ခန့်မှန်းသုံးသပ်ချက်များအရ အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific Ocean)၏ ပင်လယ်ရေမျက်နှာပြင်အပူချိန်မှာ ပုံမှန်အပူချိန်အထက်သို့ ၂.၅ ဒီဂရီဆဲလ်စီးယပ်မှ ၂.၈ ဒီဂရီဆဲလ်စီးယပ်အထိ ပိုနေပြီး လေထုဖြစ်စဉ်များမှာ အားအလွန်ကောင်းသောအယ်လ်နီညိုအခြေအနေ တွင် ဆက်လက်တည်ရှိနေပါသည်။ ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် အယ်လ်နီညို အမြင့်ဆုံးအခြေအနေသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။၂။ အယ်လ်နီညိုဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်သည့်ဖြစ်စဉ် ဖြစ်သော်လည်း အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် အကျိုးသက်ရောက်မှုမှာ မိုးရွာသွန်းမှုပုံစံ မူမမှန်ခြင်း၊ မုန်တိုင်းဖြစ်ပေါ်မှုများ မူမမှန်ခြင်း၊ လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများတွင် အပူချိန်များ မြင့်မားခြင်း၊ မိုးခေါင် ရေရှားခြင်းစသည့် အစွန်းရောက် မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်ပါသည်။အကြံပြုချက်၃။ အဆိုပါ အယ်လ်နီညိုဖြစ်စဉ်ကြောင့် လာမည့် ဆောင်းရာသီနှင့် နွေရာသီကာလများ၌ အပူချိန် မြင့်မားခြင်းနှင့် ရေရှားပါးမှုများ ဖြစ်ပေါ်လာနိုင်ပြီး မြစ်ချောင်း၊ အင်းအိုင်၊ ရေတွင်း၊ ရေကန်များတွင် ရေနည်းပါးနိုင်ခြင်း၊ သောက်သုံးရေနှင့် စိုက်ပျိုးရေ ပြတ်လပ်ခြင်း၊ ရေမလုံလောက်မှုများ ဖြစ်ပေါ်လာနိုင် ခြင်း၊ အပူရှပ်ခြင်း၊ ရေဓာတ်ခမ်းခြောက်ခြင်း၊ ရေရှားပါးမှုမှတစ်ဆင့် ဝမ်းပျက်၊ ဝမ်းလျှောရောဂါဖြစ်ခြင်း၊ ရေလှောင်တမံများတွင် ရေဝင်နည်းပါးခြင်းကြောင့် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်မှု လျော့နည်းသွားနိုင်၍ လျှပ်စစ်ဓာတ်အား လိုအပ်ချက် မြင့်မားလာခြင်းတို့ ဖြစ်ပေါ်နိုင်ပါသဖြင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်။၄။ အယ်လ်နီညိုဖြစ်ပေါ်မှုနှင့်ပတ်သက်သည့် အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန်ပေးပို့သွားမည်ဖြစ်ပါသည်။ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
01 Noy, 01:09

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နိုဝ
+3
ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ နိုဝင်ဘာ ၁၊ ၂၀၂၆ ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၃၁ ရက်နေ့ မွန်းလွဲပိုင်းက ပြည်မြို့ရှိ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း တက်ရောက်အမှာစကား ပြောကြားသည်။ ဦးစွာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ဒေသခံပြည်သူများ၏ လူမှုစီးပွားဘဝများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးအတွက် သက်ဆိုင်ရာမိမိတို့ အုပ်ချုပ်မှုနယ်မြေများအလိုက် ပြည်သူပါဝင်သည့် လုံခြုံရေးစနစ်ကို စနစ်တကျ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် သမားရိုးကျ ရဲလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပြီး မိမိတို့အပိုင် နယ်မြေအတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ရွာစဉ်ကျယ် လှည့်ကင်းစနစ်ဖြင့် ပုံမှန်လှည့်လည် ကြပ်မတ်စစ်ဆေးသွားကြရမည်ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း) မှ ခရိုင်/မြို့နယ် ရဲတပ်ဖွဲ့မှူးများက ရပ်ကွက်/ကျေးရွာများအလိုက် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်ချက်များကို လည်းကောင်း၊ ခရိုင်/မြို့နယ် အုပ်ချုပ်ရေးမှူးများက ရပ်ရွာဒေသလုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။ ယင်းနောက် တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ညီလန်းချိုက ခရိုင်/မြို့နယ်များအလိုက် လုံခြုံရေးပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို အကြံပြုရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရသည်။
01 Noy, 01:09

ပုဇွန်တောင်မြို့နယ်တွင်Chlorine Dosing Pumpခိုးယူခံရ NOM၊နို၀င်ဘာ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၊သိမ်ဖြူလမ်းန
ပုဇွန်တောင်မြို့နယ်တွင်Chlorine Dosing Pumpခိုးယူခံရ NOM၊နို၀င်ဘာ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး ပုဇွန်တောင်မြို့နယ်၊သိမ်ဖြူလမ်းနှင့်ဗိုလ်ချုပ်လမ်း‌ ဒေါင့်ရှိ၊ ရေတွန်းစက်အဆောက်အဦတွင် တပ်ဆင်ထားသော ရေပေးဝေရေးပိုက်လိုင်းများအတွင်းသို့ ကလိုရင်းဆေးခတ်ခြင်းဆောင်ရွက်သည့် Chlorine Dosing Pumpအောက်တိုဘာ၂၈ရက်နံနက်က ခိုးယူခံရကြောင်း အင်ဂျင်နီယာ‌ဌာန၊ရေနှင့်သန့်ရှင်း‌ ရေးရန်ကုန်မြို့တော်စည်ပင်သာယာရေမှသိရသည်။ အဆိုပါChlorine Dosing Pump သည်ဗိုလ်တထောင်၊ကျောက်တံတား၊ပုဇွန်တောင်မြို့နယ်များကိုထပ်ဆင့်ရေ‌ပေးဝေနေသည့်တွန်းစက်ဖြစ်‌ကြောင်းသိရသည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်၍အင်ဂျင်နီယာ‌ဌာန‌ ရေနှင့်သန့်ရှင်း‌ ရေးကပုဇွန်တောင်မြို့မရဲစခန်းတွင်အမှုဖွင့်ထားကြောင်းသိရသည်။
01 Noy, 01:42

AA သူပုန်စခန်းအား တိုက်ခိုက်သိမ်းပိုက် မကွေးတိုင်း-ချင်ပြည်နယ်-ရခိုင်ပြည်နယ်အစပ်ရှိ AA သူပုန် အခြေပြု စခန်းကို တပ်မတော်က အောက
+1
AA သူပုန်စခန်းအား တိုက်ခိုက်သိမ်းပိုက် မကွေးတိုင်း-ချင်ပြည်နယ်-ရခိုင်ပြည်နယ်အစပ်ရှိ AA သူပုန် အခြေပြု စခန်းကို တပ်မတော်က အောက်တိုဘာ ၃၁ ရက်နေ့တွင်ချေမှုန်းတိုက်ခိုက် သိမ်းပိုက်ခဲ့ပြီးနောက် ရရှိခဲ့သည့် ရန်သူ့စစ်ခန်းကုန်းနှင့် ရန်သူ့အလောင်းလက်နက်များ။
01 Noy, 01:12

ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက ပြည်ထောင်စုဂုဏ်ပြုဗိမာန်ကို ပြည်ထောင်စုနိုင်ငံတော်ကြီးကို တည်ထောင်ခဲ့ကြသူများနှင့် ပြည်ထောင်စုကြီး တည်တံ့ခိုင်မြဲရေးအတွက် ဝိုင်းဝန်းကြိုးပမ်းခဲ့ကြသည့် ပြည်ထောင်စုဖွားတိုင်းရင်းသားများကို ဂုဏ်ပြုနိုင်ရန်အတွက် ရည်ညွှန်းတည်ဆောက်စေခြင်းဖြစ်သဖြင့် ခမ်းခမ်းနားနားနှင့် အဆင့်မီမီဖြစ်ရန်လိုကြောင်း၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးမှ ပြည်ထောင်စုဖွား တိုင်းရင်းသားညီအစ်ကိုမောင်နှမများအပါအဝင် ပြည်ပနိုင်ငံများမှ လာရောက်ဂုဏ်ပြုကြသူများအနေဖြင့် အဆင့်မီမီနှင့် စနစ်တကျ လာရောက်ဂုဏ်ပြုနိုင်ရေးအတွက်လည်း လျာထားဆောက်လုပ်သွားရန်လိုကြောင်း၊ ပန်းစည်းချဂုဏ်ပြုမည့် နေရာများအတွက်လည်း စနစ်တကျစီမံထည့်သွင်းသွားရန်လိုကြောင်း၊ ယာဉ်ရပ်နားရန်နေရာများ စနစ်တကျဖြစ်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သာယာလှပမှုရှိစေရေး အမြဲစိမ်းသစ်ပင်များနှင့် ပန်းမန်များကို စနစ်တကျဖြင့် ထည့်သွင်းစိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။ ယင်းနောက် ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
01 Noy, 01:09

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော်တည်ဆောက်နေမှုများ လိုက်လံကြည့်ရှုစစ်ဆေး   အောက်တိုဘာ ၃၁၊ ၂၀၂၆   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ယနေ့နံနက်ပိုင်းတွင် ဒုတိယသမ္မတ ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးခင်မောင်ရီ၊ ဦးတင်အောင်စန်းနှင့် ဦးမျိုးသန့်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးကံမြင့်သန်း၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများလိုက်ပါ၍ ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း မြို့ပြအင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် တည်ဆောက်နေမှု အခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးသည်။   နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှု   ဦးစွာ နိုင်ငံတော်သမ္မတသည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင် လမ်းသစ်ဖောက်လုပ်နေမှုနှင့် အဆိုပါလမ်းသစ်ပေါ်ရှိ ရုံးပင်ချောင်းတံတားတည်ဆောက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြသည်။   ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏မြို့တော်သို့ဝင်ရောက်သည့် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဖြစ်သဖြင့် လမ်းတံတားများ တည်ဆောက်ရာတွင် သတ်မှတ်ကာလအတွင်း စံချိန်စံညွှန်းပြည့်မီစွာဖြင့် အဆင့်မီမီ တည်ဆောက်ပြီးစီးနိုင်ရေးဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းတံတားများအား အနာဂတ်တွင် တိုးတက်ဖြစ်ပေါ်လာနိုင်မည့် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ် အသုံးပြုသွားလာမှုများအပေါ် မူတည်ထည့်သွင်းတွက်ချက်၍လည်း တည်ဆောက်သွားရန်လိုကြောင်း၊ ဝင်လမ်းထွက်လမ်းများနှင့်ပတ်သက်၍လည်း ဘက်ပေါင်းစုံမှ ထည့်သွင်းစဉ်းစား၍ တည်ဆောက်သွားရန်လိုကြောင်း၊ တံတားများနှင့်လမ်းများ ကြံ့ခိုင်မှုရှိစေရေး၊ လမ်းပုခုံးမြေသားနံရံများ စနစ်တကျဖြစ်စေရေးအတွက်လည်း ကြပ်မတ်ဆောင်ရွက်သွားရန်လိုကြောင်း၊ လမ်းဘေးဝဲယာတစ်လျှောက်တွင် အရိပ်ရလေကာပင်များနှင့် အမြဲစိမ်းသစ်ပင်များ စိုက်ပျိုးသွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ထို့နောက် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရာဇသင်္ဂဟလမ်းကြောင်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု၊ လမ်းဘေးဝဲယာတစ်လျှောက် အရိပ်ရလေကာပင်များစိုက်ပျိုးထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။   ပြည်သူ့ရင်ပြင် တည်ဆောက်ရေးလုပ်ငန်းခွင်   ယင်းနောက် နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် နေပြည်တော်၊ ပြည်သူ့ရင်ပြင်သို့ရောက်ရှိကြရာ ရှင်းလင်းဆောင်၌ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးတို့က နေပြည်တော်၊ ပြည်သူ့ရင်ပြင်ဆိုင်ရာ အချက်အလက်များ၊ ရင်ပြင်ပတ်လည်နေရာများ၌ အထင်ကရပုဂ္ဂိုလ်များ၏ ရုပ်တုများ၊ စကျင်ကျောက်များဖြင့် ထုဆစ်ပုံဖော်ထားသည့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်နိုင်ရေးလျာထားဆောင်ရွက်လျက်ရှိမှု၊ ပန်းခြံနေရာများ၊ လျှောက်လမ်းများ၊ ဖျော်ဖြေရေးရင်ပြင်နှင့် Shop House များ၊ ယာဉ်ရပ်နားရန်နေရာများနှင့် အခြားလိုအပ်သည့်အဆောက်အဦများ ထည့်သွင်းတည်ဆောက်နိုင်ရေး လျာထားဆောင်ရွက်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။   ရှင်းလင်းတင်ပြမှုများအပေါ် နိုင်ငံတော်သမ္မတက နိုင်ငံတော်၏မြို့တော်ဖြစ်သည့် နေပြည်တော်ကောင်စီနယ်မြေအား မြို့တော်အင်္ဂါရပ်နှင့်အညီ ခေတ်မီပြီးဘက်စုံဖွံ့ဖြိုးတိုးတက်သော မြို့ပြတစ်ခုအဖြစ်ဖြစ်ပေါ်လာစေရေး ဘက်ပေါင်းစုံမှ အကောင်အထည်ဖော် စဉ်းစားဆောင်ရွက်သွားကြရန်လိုကြောင်း၊ တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်အချိန်ကာလအတွင်းပြီးစီးနိုင်ရေးနှင့် ရေရှည်တည်တံ့ခိုင်ခံ့မှုရှိစေရေး၊ အဆင့်မီမီဖြစ်စေရေး စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်း၊ ရုပ်တုများနှင့် ရုပ်လုံးရုပ်ကြွများ ထည့်သွင်းတည်ဆောက်ရာတွင် မြန်မာမှုနှင့် ပန်းချီပန်းပုပညာရှင်ကြီးများထံမှ အကြံဉာဏ်များရယူ၍ စနစ်တကျဆောင်ရွက်သွားရန်လိုကြောင်းနှင့် အခြားလိုအပ်သည်များကို လမ်းညွှန်မှာကြားသည်။   ပြည်ထောင်စုဂုဏ်ပြုဗိမာန် တည်ဆောက်ရေးလုပ်ငန်းခွင်   ဆက်လက်၍ နိုင်ငံတော်သမ္မတနှင့်အဖွဲ့ဝင်များသည် ပြည်ထောင်စုဂုဏ်ပြုဗိမာန်တည်ဆောက်ရေး လုပ်ငန်းခွင်သို့ရောက်ရှိရာ ရှင်းလင်းဆောင်ခန်းမ၌ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ပြည်ထောင်စုဂုဏ်ပြုဗိမာန် အဆိုပြု 3D ပုံစံများနှင့် စိမ်းလန်းစိုပြည်ရေးလုပ်ငန်းများ ထည့်သွင်းဆောင်ရွက်သွားမည့် အခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
01 Noy, 01:09

photo content
+4
01 Noy, 01:09

ဒရုန်းထုတ်လုပ်မှု ပြိုင်ပွဲတွင် အမေရိကန် အခက်အခဲများနှင့် ရင်ဆိုင်နေရ အမေရိကန်သည် ဈေးနှုန်းသက်သာသည့် စစ်ဘက်သုံး ဒရုန်းများကို
ဒရုန်းထုတ်လုပ်မှု ပြိုင်ပွဲတွင် အမေရိကန် အခက်အခဲများနှင့် ရင်ဆိုင်နေရ အမေရိကန်သည် ဈေးနှုန်းသက်သာသည့် စစ်ဘက်သုံး ဒရုန်းများကို အမြောက်အမြား ထုတ်လုပ်မှုစတင်ရာတွင် "အခြေခံအားဖြင့် သုညအဆင့်" မှ စတင်နေရကြောင်း ပင်တာဂွန်စစ်ဌာနချုပ်မှ အရာရှိကြီးတစ်ဦး၏ ပြောကြားချက်ကို ကိုးကား၍ Bloomberg သတင်းက ဖော်ပြခဲ့ပြီး၊ ၎င်းသည် ရုရှားနှင့် တရုတ်တို့အား အမီလိုက်ရန် မည်မျှအထိ ရုန်းကန်နေရသည်ကို မီးမောင်းထိုးပြနေသည်။ ပြိုင်ဘက်နိုင်ငံများက တစ်ခါသုံး အသေခံမောင်းသူမဲ့ဒရုန်း ပေါင်း သန်းချီ၍ ထုတ်လုပ်နိုင်သော်လည်း၊ အမေရိကန်မှာမူ ယင်းဒရုန်းများကို အမြောက်အမြား ထုတ်လုပ်နိုင်ရန် လိုအပ်သည့် စက်ရုံများ၊ ထောက်ပံ့ပို့ဆောင်ရေး ကွင်းဆက်များနှင့် ဝယ်ယူရေး စနစ်များကိုပင် တည်ဆောက်ရန် ကြိုးပမ်းနေရဆဲ ဖြစ်သည်။ ပင်တာဂွန်သည် ၎င်းတို့၏ ဒရုန်းလွှမ်းမိုးရေး အစီအစဉ်အတွက် ဒေါ်လာ ၁.၁ ဘီလီယံခန့် အသုံးပြုထားသည်။ ယင်းအစီအစဉ်သည် ထုတ်လုပ်သူများ အနေဖြင့် ဒရုန်းများကို အမြောက်အမြား ထုတ်လုပ်နိုင်စွမ်း ရှိမရှိ သက်သေပြနိုင်ရန် စိန်ခေါ်မှုများသော စမ်းသပ်မှုများနှင့် အော်ဒါအမှာစာ ပမာဏကြီးမားသည့် အဆင့် ၄ ဆင့်ပါ ပြိုင်ပွဲတစ်ခု ဖြစ်သည်။ အမေရိကန် ဒရုန်းထုတ်လုပ်သူများသည် အဓိက အတားအဆီး ၃ ခုနှင့် ရင်ဆိုင်နေရသည် - တရုတ်၏ လွှမ်းမိုးမှု - ဘက်ထရီ၊ မီးသွေးတုံးမလိုသော မော်တာများ၊ ဒရုန်းပန်ကာများနှင့် ကင်မရာများ အပါအဝင် အဓိက အစိတ်အပိုင်းများ ထုတ်လုပ်မှုကို တရုတ်က စိုးမိုးထားသည်။ အမေရိကန် ထုတ်လုပ်သူများသည် တရုတ်ထုတ် အစိတ်အပိုင်းများအပေါ် ကန့်သတ်ချက်များကို လိုက်နာရန်အတွက် အခြားအစားထိုး ရောင်းချသူများကို ရှာဖွေရသဖြင့် ပစ္စည်းကိရိယာများအတွက် ကုန်ကျစရိတ် သိသိသာသာ ပိုမိုကုန်ကျနေသည်။ လျင်မြန်စွာ ပြောင်းလဲနေသော နည်းပညာ - ဒရုန်းနည်းပညာနှင့် တုံ့ပြန်ခုခံသည့် နည်းပညာများသည် ရက်သတ္တပတ် အနည်းငယ်အတွင်း ပြောင်းလဲနေသဖြင့် ထုတ်လုပ်သူများအနေဖြင့် ထုတ်လုပ်မှု ပမာဏကို တိုးမြှင့်နေစဉ်မှာပင် ဆော့ဖ်ဝဲလ်နှင့် ဟာ့ဒ်ဝဲလ် (Hardware) များကို စဉ်ဆက်မပြတ် မြှင့်တင်ပြင်ဆင်နေရသည်။ ခေတ်နောက်ကျနေသော ဝယ်ယူရေးစနစ် - အမေရိကန် စစ်တပ်၏ ဝယ်ယူရေးစနစ်သည် နှစ်ပေါင်းများစွာ ကြာအောင် တည်ဆောက်ရသည့် စျေးကြီးပြီး ရှုပ်ထွေးသော လက်နက်များအတွက်သာ ပုံစံထုတ်ထားခြင်း ဖြစ်ပြီး၊ ဈေးသက်သက်သာသာနှင့် အရေအတွက် အမြောက်အမြား ထုတ်လုပ်ပြီး အလွယ်တကူ အစားထိုး အသုံးပြုရမည့် တစ်ခါသုံး ဒရုန်းများအတွက် မဟုတ်ပေ။ ယခင် ဘိုင်ဒင်အစိုးရ လက်ထက်၏ Replicator အစီအစဉ်သည် တိုက်ခိုက်ရေးဒရုန်း အစုအဝေးများကို ထုတ်လုပ်ပေးမည်ဟု ကတိပြုခဲ့သော်လည်း ရည်မှန်းချက်ဖြစ်သော ဒရုန်းထောင်ပေါင်းများစွာအစား အရေအတွက် ရာဂဏန်းမျှသာ ပေးပို့နိုင်ခဲ့သဖြင့် လျာထားချက်ထက် များစွာ လျော့နည်းခဲ့သည်။ ထိုအချိန်တွင် Bloomberg သတင်းဌာန၏ အဆိုအရ တရုတ်သည် တစ်လလျှင် ဒရုန်းပေါင်း ၅၀၀,၀၀၀ အထိ အလျင်အမြန် တိုးမြှင့်ထုတ်လုပ်နိုင်စွမ်း ရှိသည်ဟု ဆိုသည်။ ပင်တာဂွန်၏ အဆိုပြု ဘတ်ဂျက်တွင် အလိုအလျောက် စစ်ဆင်ရေးစနစ်များအတွက် ဒေါ်လာ ၅၅ ဘီလီယံ လျာထားပြီး၊ ၎င်းအနက် ဒေါ်လာ ၁၇ ဘီလီယံကို ဒရုန်းများနှင့် အခြား မောင်းသူမဲ့စနစ်များအတွက် လျာထားသည်။ သို့သော်လည်း ကြားဖြတ်ရွေးကောက်ပွဲအပြီးတွင် ဒီမိုကရက်များ ကွန်ဂရက်လွှတ်တော်ကို ထိန်းချုပ်နိုင်ခဲ့ပါက အဆိုပါ ဘတ်ဂျက် တိုးမြှင့်မှုသည် နိုင်ငံရေးအရ စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရဖွယ် ရှိသည်။
01 Noy, 01:07

တောင်ငူခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာ နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော
+2
တောင်ငူခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာ နိုဝင်ဘာ ၁၊ ၂၀၂၆ နိုင်ငံတော်ကို ဦးဆောင်ကြမည့် မျိုးဆက်သစ်လူငယ်လူရွယ်များအနေဖြင့် မိမိတို့နိုင်ငံ၏ သမိုင်းကြောင်းဆိုင်ရာ အချက်အလက်များကို လေ့လာသိရှိလာခြင်းအားဖြင့် သမိုင်းစဉ်ကာလ တစ်လျှောက်တွင် နိုင်ငံ့ဂုဏ်တင့်စေရန် အားထုတ်ကြိုးပမ်းမြှင့်တင်ပေးခဲ့ကြသည့် ရှေးမြန်မာမင်းများ၊ ခေတ်အဆက်ဆက်ပေါ်ထွက်ခဲ့ကြသည့် သူရဲကောင်းများ၊ သူ့ကျွန်မခံတွန်းလှန်ခဲ့ကြသည့် မျိုးချစ်ခေါင်းဆောင်ကြီးများ၊ လွတ်လပ်ရေးကြိုးပမ်းမှုကာလနှင့် လွတ်လပ်ရေးရရှိပြီး နောက်ပိုင်းတွင် နိုင်ငံ့အရေးအတွက် စွန့်လွှတ်ပေးဆပ်မှုများဖြင့် အားထုတ်ကြိုးပမ်းခဲ့ကြသည့် တပ်မတော်သားများ၏ ဂုဏ်ယူဖွယ်ရာ စွမ်းဆောင်ချက်များအား မြင်တွေ့လေ့လာမှုများမှတစ်ဆင့် လူငယ်လူရွယ်များမျိုးချစ်စိတ် ရှင်သန်ထက်မြက်လာပြီး နိုင်ငံချစ်စိတ်၊ တိုင်းပြည်ချစ်စိတ်များ တိုးတက်ဖြစ်ထွန်းလာစေရန်၊ လူငယ်လူရွယ်များ၏ အနာဂတ်ဘဝလျှောက်လှမ်းမှုကို အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီစဥ်ကြီးကြပ်၍ တောင်ငူခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၏ စီစဥ်ဆောင်ရွက်ပေးမှုဖြင့် ယမန်နေ့နံနက်ပိုင်းက တောင်ငူခရိုင်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ နေပြည်တော်သို့ သွားရောက်လေ့လာကြသည်။ ထိုသို့သွားရောက်လေ့လာကြရာတွင် တောင်ငူခရိုင်အတွင်းရှိ မြို့နယ်များမှ ကျောင်းသား၊ ကျောင်းသူ (၂၀၀) ဦး၊ ဆရာ၊ ဆရာမနှင့် အုပ်ချုပ်သူ (၄၀) ဦး၊ စုစုပေါင်း (၂၄၀) ဦးသည် ယနေ့တွင် မော်တော်ယာဥ် (၉) စီးဖြင့် နေပြည်တော်မြို့တော်ရှိ မာရဝိဇယဘုရား၊ အမျိုးသားပြတိုက်၊ စစ်သမိုင်းပြတိုက်၊ သူရဲကောင်းဗိမ္မာန်များသို့ သွားရောက်လေ့လာကြသည်။ ဦးစွာ ကျောင်းသားကျောင်းသူများသည် မာရဝိဇယဘုရားကို ဖူးမြော်ကြည်ညိုကြပြီး အမှတ်တရဓာတ်ပုံရိုက်ကူးကြသည်။ ထို့နောက် အမျိုးသားပြတိုက် (နေပြည်တော်)သို့ သွားရောက်လေ့လာကြပြီး မြန်မာနိုင်ငံ၏သမိုင်းမတင်မီခေတ်မှစ၍ ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ်နှင့် တကောင်း၊ သရေခေတ္တရာ၊ ပုဂံ၊ အင်းဝ၊ ကုန်းဘောင် စသည့် ခေတ်အဆက်ဆက်မှ ရှေးဟောင်းပစ္စည်းများနှင့် အသုံးအဆောင်များ၊ ဘုရင်မင်းမြတ်များ၏ တော်ဝင်အသုံးအဆောင်များနှင့် ရိုးရာအနုပညာလက်ရာများ၊ မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားလူမျိုးစုများ၏ ရိုးရာဝတ်စုံများ၊ ယဉ်ကျေးမှုဓလေ့ထုံးတမ်းပစ္စည်းများ၊ မြန်မာပြည်တွင်းတွေ့ရှိရသည့် ကျောက်ဖြစ်ရုပ်ကြွင်းများနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များပြခန်းများကို လေ့လာမှတ်သားကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများသည် တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည်တော်) သို့ ရောက်ရှိကြပြီး တပ်မတော်(လေ) ပြင်ပပြတိုက်တွင် ခင်းကျင်းပြသထားသော လေယာဉ်အစွယ်စွယ် အသုံးပြုခဲ့သည့် တပ်မတော်လေယာဉ်များ၊ တပ်မတော်(ရေ)ပြင်ပပြတိုက်တွင် ခင်းကျင်းပြသထားသော စစ်ရေယာဉ်ပုံစံတူ မော်ဒယ်ပစ္စည်းများကို စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုကြပြီး အမှတ်တရဓာတ်ပုံများ ရိုက်ကူးကြသည်။ ထို့နောက် တပ်မတော်စစ်သမိုင်းပြတိုက်အတွင်း ဆက်လက်လေ့လာကြရာတွင် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ရုံး၊ မြန်မာ့တပ်မတော် မှတ်တမ်းဓာတ်ပုံများ၊ စစ်လက်နက်များနှင့် သမိုင်းမှတ်တမ်းပြတိုက်တို့ကို ကြည့်ရှုလေ့လာကြရာ ပြတိုက်တာဝန်ရှိသူများက ရှင်းလင်းဆွေးနွေးပြောကြားသည်။ ထို့နောက် သူရဲကောင်းဗိမ္မာန်သို့ သွားရောက်လေ့လာကြပြီး ညနေ ၅ နာရီအချိန်တွင် တောင်ငူမြို့သို့ ပြန်လည်ထွက်ခွာခဲ့ကြောင်း သိရသည်။
01 Noy, 00:54

"ငါတို့ ဆက်သည်းမခံနိုင်တော့ဘူး" — ဆွစ်ဇာလန်နိုင်ငံ၏ အကြီးဆုံးနှင့် စီးပွားရေးအချက်အချာကျသော ဇူးရစ်ချ်မြို့တွင် Gen Z တို့၏ ဆန္ဒပြပွဲများကြောင့် ရှုပ်ထွေးရုန်းရင်းဆန်ခတ်များဖြစ်ပွားလျက်ရှိ။ လူငယ်များ ဦးဆောင်သည့် ဆူပူဆန္ဒပြပွဲများသည် ဇူးရစ်ချ် (Zurich) မြို့သို့လည်း ကူးစက်ရောက်ရှိလာခဲ့ပြီး ဆန္ဒပြသူများသည် လမ်းများကို ပိတ်ဆို့ခြင်း၊ ရဲတပ်ဖွဲ့များနှင့် ရိုက်ပွဲများဖြစ်ပွားခြင်းနှင့် မီးရှို့မှုများ ပြုလုပ်လျက်ရှိသည်။
01 Noy, 00:52

"တစ်စုံတစ်ခု ဖြစ်တော့မယ်" — အမေရိကန်ကြားဖြတ်ရွေးကောက်ပွဲအပြီး "တိုက်ခိုက်မှုများ" ဖြစ်ပွားလာမည်ကို စိုးရိမ်နေစဉ်အတွင်း အစားအသောက်နှင့် ရေ သိုလှောင်ထားရန် အစိုးရ၏ သတိပေးချက်များသည် အမှန်တကယ် ဖြစ်နိုင်ကြောင်း ထိတ်လန့်တကြားဖြစ်နေသော အမေရိကန်နိုင်ငံ၏ ထင်ရှားသည့် ပေါ့ဒ်ကတ်စ်ထုတ်လွှင့်သူ ဂျိုးရိုဂန် (Joe Rogan) ပြောကြား ဓာတ်အားလိုင်းများ ပစ်မှတ်ထားခံရခြင်း၊ မြို့ကြီးများတွင် "ဗုံးခွဲခံရခြင်း"နှင့် "အကြမ်းဖက်ဆဲလ်များ" လှုပ်ရှားလာနိုင်ကြောင်းသတိပေး။ "အခြေအနေ ဘာဖြစ်လာမလဲဆိုတာ တကယ်ကြုံရတဲ့အခါ အသင့်ဖြစ်နေအောင် အစားအသောက်အချို့ ကြိုတင်သိုလှောင်ထားသင့်တယ်"
01 Noy, 00:46

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား
+1
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲဝင်ကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့် နိုဝင်ဘာ ၁၊ ၂၀၂၆ (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်) ပြိုင်ပွဲဝင် ဧရာဝတီတိုင်းဒေသကြီးကိုယ်စားပြုအသင်းနှင့် ဆုရရှိသူများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက ပုသိမ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးအေးကျော်သည် တာဝန်ရှိသူများနှင့်အတူ တက်ရောက်၍ ဆုများချီးမြှင့်ခဲ့သည်။ ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က “(၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး ဗဟိုအဆင့်ပြိုင်ပွဲကို  ဦးတည်ချက်ကောင်းများဖြင့်  စည်ကားသိုက်မြိုက်စွာ မြိုင်မြိုင်ဆိုင်ဆိုင် ကျင်းပပြီးစီးခဲ့ပြီဖြစ်ပါကြောင်း၊ ဗဟိုအဆင့်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်များ၏ကြိုးစားအားထုတ်မှု၊ ဇွဲလုံ့လနှင့်အရည်အချင်းတို့ကြောင့် ဧရာဝတီတိုင်းဒေသကြီးဂုဏ်ကို ဆောင်နိုင်ခဲ့သည့်အတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြောင်း၊ အဆို၊ အက၊ အရေး၊ အတီး ပညာရပ်များသည် မြန်မာ့အမျိုးသားယဉ်ကျေးမှု အမွေအနှစ်များဖြစ်ပြီး မျိုးဆက်တစ်ဆက်မှ တစ်ဆက် လက်ဆင့်ကမ်း ထိန်းသိမ်းစောင့်ရှောက်ရမည့် အဖိုးတန်ရတနာများဖြစ်ပါကြောင်း၊ ဆုရရှိခြင်းသည် မိမိတို့၏ ပင်ကိုယ်အရည်အချင်းများသာမက ဆရာ၊ ဆရာမများ၏ သင်ကြားပို့ချမှု၊ မိဘများ၏ ပံ့ပိုးပေးမှုနှင့် တာဝန်ရှိသူများ၏ အနီးကပ်ကြီးကြပ်မှုတို့၏ ပေါင်းစပ်အောင်မြင်မှုဖြစ်ပါကြောင်း၊ ယခုနှစ်ရရှိခဲ့တဲ့ အတွေ့အကြုံများအပေါ် အခြေခံပြီး နောင်လာမည့်နှစ်ပြိုင်ပွဲများတွင်လည်း ယခုထက်ပို၍ အောင်မြင်မှုများ တိုးတက်ရရှိအောင် ကြိုးပမ်းဆောင်ရွက်ကြစေလိုကြောင်း” ပြောကြားသည်။ ထို့နောက်  အဆင့်မြင့်ပညာအဆင့်(အမျိုးသား) နှဲပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်) နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသား)၊ ပုလွေပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသမီး)၊ စောင်းပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသား)၊ တယောပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်) ရရှိသူများ၊  ပြိုင်ပွဲဝင်များနှင့် အုပ်ချုပ်၊ ပံ့ပိုး၊ နည်းပြများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကလည်းကောင်း၊ အခြေခံပညာ (၁၅-၂၀) အဆင့် (အမျိုးသမီး)၊ ပုလွေပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ ဝါသနာရှင်(ပထမတန်း) (အမျိုးသား)၊ စန္ဒရားပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)၊ အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ စောင်းပြိုင်ပွဲတွင် ပထမဆု (ရွှေတံဆိပ်)နှင့် အဆင့်မြင့်ပညာအဆင့် (အမျိုးသမီး)၊ ဂီတာပြိုင်ပွဲတွင် ဒုတိယဆု (ငွေတံဆိပ်) ရရှိသူများနှင့် ကျေးလက်ယိမ်းအဖွဲ့အားတိုင်းဒေသကြီး ဝန်ကြီးချုပ်၏ ဇနီးကလည်းကောင်း ဆုများချီးမြှင့်ခဲ့ပြီးနောက် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး(ဗဟိုအဆင့်)ပြိုင်ပွဲတွင် ဆုရရှိသူများကို တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့်ဇနီး၊  ပုသိမ်လေတပ်စခန်းဌာနချုပ်မှူးနှင့်ဇနီး၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး၊ စီမံကိန်း၊ စီးပွားရေးနှင့်ဘဏ္ဍာရေးဝန်ကြီးတို့က ဆုများ ဆက်လက်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသည့် ပြိုင်ပွဲဝင်များ၏ ပြန်လည်ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ဧရာဝတီတိုင်းဒေသကြီးအနေဖြင့် (၂၇) ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ဗဟိုအဆင့်) ပြိုင်ပွဲသို့ အဆိုပြိုင်ပွဲဝင် (၂၄) ဦး၊ အကပြိုင်ပွဲဝင် (၉၃) ဦး၊ အရေးပြိုင်ပွဲဝင် (၄) ဦး၊ အတီးပြိုင်ပွဲဝင် (၁၀၇) ဦး၊ လူဦးရေအားဖြင့် စုစုပေါင်း (၁၈၉) ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ရာ ရွှေ (၇) ဆု၊ ငွေ (၁၂) ဆု၊ ကြေး (၁၀) ဆု၊ စုစုပေါင်း (၂၉) ဆု ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။
01 Noy, 00:37

တူရကီနိုင်ငံ၊ ကာပဒိုးရှား (Cappadocia) ဒေသတွင် ကြီးမားသည့် ကျောက်တုံးကြီး လူအုပ်ပေါ်သို့ ပြိုကျခဲ့မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့သည်။
31 Okt, 23:59

မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေးနွေး အောက်တိုဘာ ၃၁၊ ၂၀၂၆ စွမ်းအင်ဆိုင်
မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများ ဆွေးနွေး   အောက်တိုဘာ ၃၁၊ ၂၀၂၆   စွမ်းအင်ဆိုင်ရာလုပ်ငန်းများဆောင်ရွက်ရန် ထိုင်းနိုင်ငံ၌ရောက်ရှိနေသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလွင်သည် ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးနှင့်အတူ ယနေ့တွင် ထိုင်းနိုင်ငံစွမ်းအင်ဝန်ကြီး H.E. Mr. Akanat Promphan နှင့်လည်းကောင်း၊ ရုရှားနိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး H.E. Mr. Maxim Reshetnikov နှင့်လည်းကောင်း သီးခြားစီတွေ့ဆုံပြီး မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံ စွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများကို ဆွေးနွေးခဲ့သည်။   ဆွေးနွေးပွဲများတွင် မြန်မာနိုင်ငံ ထားဝယ်ဒေသစီမံကိန်းများသည် ဒေသတွင်းနိုင်ငံများနှင့် ကုန်စည်ကူးသန်းရောင်းဝယ်နိုင်ရန်အတွက် အချက်အချာကျသည့် နေရာတစ်ခုဖြစ်လာမည့် အခြေအနေ၊ သုံးနိုင်ငံစလုံးအတွက် အကျိုးဖြစ်ထွန်းစေမည့်စီမံကိန်းဖြစ်၍ အမြန်ဆုံးအကောင်အထည်ဖော်ပြီးမြောက်စေရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်လျက်ရှိသည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့၏ စွမ်းအင်လိုအပ်ချက်သည် မြင့်တက်လျက်ရှိရာ နှစ်နိုင်ငံပူးပေါင်း၍ဖြေရှင်းနိုင်ရန် ကြိုးစားနေမှုအခြေအနေ၊ LNG သည် ကျစ်လျစ်သိပ်သည်းစွာ သယ်ဆောင်နိုင်ပြီး သန့်ရှင်းသည့်စွမ်းအင်အဖြစ် သတ်မှတ်ထားကြသည်ဖြစ်ရာ ယနေ့စွမ်းအင်အသွင်ကူးပြောင်းရေးကာလတွင် အထူးအရေးပါသည့် စွမ်းအင်ဖြစ်နေသည့်အတွက် LNG ကုန်သွယ်မှုများ မြင့်တက်လာနေသည့် အခြေအနေ၊ ရုရှားနိုင်ငံမှ LNG ကို မြန်မာနိုင်ငံသို့သယ်ဆောင်ပြီး ထိုင်းနိုင်ငံက မျှဝေသုံးစွဲနိုင်ခြင်းဖြင့် မြန်မာနှင့်ထိုင်း နှစ်နိုင်ငံစွမ်းအင်အခက်အခဲကို ဖြေရှင်းနိုင်မည့်အခြေအနေ၊ ထားဝယ်ဒေသမှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့လည်းကောင်း၊ ထိုင်းနိုင်ငံအတွင်းသို့လည်းကောင်း သဘာဝဓာတ်ငွေ့ပိုက်လိုင်းများ သွယ်တန်းပြီးဖြစ်ရာ ယင်းအခြေခံကောင်းများကိုအသုံးချ၍ ထားဝယ်ဒေသတွင် LNG Terminal တည်ဆောက်နိုင်သည့်အခြေအနေ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား LNG အပါအဝင် လောင်စာဆီတင်ပို့နိုင်ရေးအတွက် MoU ရေးထိုးပြီးဖြစ်သကဲ့သို့ မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံတို့သည် မကြာမီအချိန်အတွင်း လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေးအတွက် MoU ရေးထိုးနိုင်တော့မည်ဖြစ်ရာ သုံးနိုင်ငံပူးပေါင်း၍ စွမ်းအင်ကုန်သွယ်မှုများစတင်နိုင်ရန် အချိန်အခါကောင်းဖြစ်သည့် အခြေအနေ၊ မြန်မာ-ထိုင်း-ရုရှား သုံးနိုင်ငံပူးပေါင်း၍ ထားဝယ်ဒေသတွင် ရင်းနှီးမြှုပ်နှံ၍ ဆက်လက်ဆောင်ရွက်သွားကြမည့် စီမံကိန်းလုပ်ငန်းစဉ်များကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
31 Okt, 23:55

ကလောမြို့၊ တိုက်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူ
+2
ကလောမြို့၊ တိုက်ကြီးမြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့ရှိ ဆရာတော်၊ သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက် အောက်တိုဘာ ၃၁၊ ၂၀၂၆ တပ်မတော်အနေဖြင့် ပြည်သူလူထု၏ကျန်းမာရေးကဏ္ဍ တိုးတက်မြင့်မားစေရန်အတွက် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် တစ်ဖက်တစ်လမ်းမှ ကူညီစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့၊ နန်းတိုင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း၌အခြေပြု၍ အဆိုပါကျေးရွာရှိ သံဃာတော် ၂၃ ပါးနှင့် ဒေသခံတိုင်းရင်းသားပြည်သူ ၃၅၇ ဦးတို့အား  လည်းကောင်း၊ရန်ကုန်တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ကြာအင်းကျေးရွာရှိ အခြေခံပညာမူလတန်းလွန်ကျောင်း၌ အခြေပြု၍ အဆိုပါကျေးရွာနှင့်   ပတ်ဝန်းကျင်ကျေးရွာများရှိ ဒေသခံပြည်သူ ၁၁၆ ဦးတို့အားလည်းကောင်း၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် နယ်လှည့်ဆေးကုသရေးအဖွဲ့က   မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်၊ ဥပုသ်တော်ရပ်ကွက်ရှိ   စန္ဒရံသီသီလရှင်စာသင်တိုက်၌ အခြေပြု၍ အဆိုပါရပ်ကွက်ရှိ သာသနာနွယ်ဝင်သီလရှင် ၈၂ ပါးနှင့် ဒေသခံပြည်သူ ၁၅ ဦးတို့အားလည်းကောင်း ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ  ဆောင်ရွက်ပေးသည်။ ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များနှင့် ဒေသခံပြည်သူများအား အရိုးအကြောရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ ကလေးရောဂါ၊ မျက်စိရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊    သွားနှင့်ခံတွင်းရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်ဖြင့် နှလုံးစမ်းသပ်ပေးခြင်း၊ Ultrasound စက်တို့ဖြင့်  ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ ဆီးချို စစ်ဆေးပေးခြင်းစသည့် ရောဂါရှာဖွေစစ်ဆေးကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန်လိုအပ်သည့် လူနာများအား  နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။         ယင်းသို့ ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 
31 Okt, 23:53