uz
Feedback
News Of Myanmar

News Of Myanmar

Kanalga Telegram’da o‘tish

📈 Telegram kanali News Of Myanmar analitikasi

News Of Myanmar (@newsofmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 12 408 obunachidan iborat bo'lib, Yangiliklar & Media toifasida 15 958-o'rinni va Myanma mintaqasida 10 126-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 12 408 obunachiga ega bo‘ldi.

09 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -203 ga, so‘nggi 24 soatda esa 0 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 7.90% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 5.95% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 980 marta ko‘riladi; birinchi sutkada odatda 739 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 15 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
News Of Myanmar (NOM) Official Telegram Channel. Other Links ⬇️ WhatsApp Link: https://whatsapp.com/channel/0029Vb7OpPU5kg6wwgRlCG3J Viber Link: https://invite.viber.com/?g2=AQA1cPi0HXFLUFYCRMEwJ2X%2FO%2B3ZTCCiIVtmTBeKYDKiJ%2FbUpjgZkcZB64oYiTDZ

Yuqori yangilanish chastotasi (oxirgi ma’lumot 10 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Yangiliklar & Media toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

12 408
Obunachilar
Ma'lumot yo'q24 soatlar
-587 kunlar
-20330 kunlar
Postlar arxiv
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များပစ်ခ
+4
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ PDF အကြမ်းဖက်အဖွဲ့က Drone အသုံးပြု၍ Drop Bomb များပစ်ချတိုက်ခိုက်ခဲ့မှုကြောင့် အသက် (၈) နှစ်နှင့် (၁၂) နှစ်အရွယ်ကျောင်းသူနှစ်ဦးအပါအဝင် အပြစ်မဲ့အရပ်သားပြည်သူငါးဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ သာယာကုန်းကျေးရွာအတွင်းသို့ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ နံနက် ၁၁ နာရီ ၅ မိနစ်အချိန်၌ PDF အကြမ်းဖက်အဖွဲ့က အများပြည်သူထိခိုက်စေရန် ရည်ရွယ်ကာ Drone အသုံးပြု၍ Drop Bomb များဖြင့် ပစ်ချတိုက်ခိုက်ခဲ့ရာ ကျေးရွာအတွင်း Drop Bomb များကျရောက်ပေါက်ကွဲမှုကြောင့် ပေါက်ကွဲမှုဖြစ်ပွားသည့်နေရာအနီး ရောက်ရှိနေကြသည့် သာယာကုန်းကျေးရွာနေ ဒေါ်ခင်ချိုလတ် (၃၈) နှစ်၊ မသိင်္ဂီနွယ် (၈) နှစ်၊ မမြတ်ဟိန်းမာန်ဦး (၁၂) နှစ်နှင့် မင်းရပ်ကျေးရွာနေ ဒေါ်ဝင်းဝင်းလဲ့ (၄၂) နှစ်၊ ဒေါ်နွဲ့နွဲ့လွင် (၄၂) နှစ်တို့တွင် ဗုံးသီးပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့၍ ဆေးကုသနိုင်ရေး ထားဝယ်မြို့နယ်ပြည်သူ့ဆေးရုံသို့ပို့ဆောင်ထားရှိကြောင်းသိရသည်။ News Of Myanmar NOM

Repost from NOM
ဆွစ်ဇာလန်နိုင်ငံ Crans-Montana နှင်းလျှောစီးအပန်းဖြေစခန်းက ဘားတစ်ခုမှာ မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား"
+2
ဆွစ်ဇာလန်နိုင်ငံ Crans-Montana နှင်းလျှောစီးအပန်းဖြေစခန်းက ဘားတစ်ခုမှာ မီးလောင်ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး လူအများအပြား" သေဆုံးခဲ့တယ်လို့ အာဏာပိုင်တွေက ပြောဆိုလိုက်ပါတယ်။ မီးလောင်မှုဟာ Le Constellation အမည်ရတဲ့ ဘားတစ်ခုမှာ မနက်အစောပိုင်း ၀၁:၃၀ (၀၀:၃၀ GMT) ခန့်က စတင်ခဲ့ပါတယ်။ ဒီဘားဟာ လူငယ်များကြား ရေပန်းစားတဲ့ ဘားတစ်ခုပြီး ဘောလုံးပွဲတွေကြည့်ရှုဖို့သွားရောက်လေ့ရှိကြတယ်လို့ ဆိုပါတယ်။ လူအများအပြား သေဆုံးပြီး ( အနည်းဆုံး ၄၀ ခန့်) အယောက် ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ လူမှုမီဒီယာတွေမှာ ပျံ့နှံ့နေတဲ့ အတည်မပြုနိုင်သော ဗီဒီယိုတစ်ခုမှာ နှစ်သစ်ကူးအကြိုပွဲတော်တွေ ကျင်းပနေတဲ့ ဘားတစ်ခုမှာ မီးလောင်နေတာကို ပြသထားပါတယ်။ Crans-Montana ဟာ ဆွစ်ဇာလန် Alps တောင်တန်းရဲ့ အဓိကနေရာမှာ တည်ရှိတဲ့ ဇိမ်ခံနှင်းလျှောစီးအပန်းဖြေစခန်းမြို့တစ်မြို့ဖြစ်ပြီး ဆွစ်ဇာလန်မြို့တော် Bern နဲ့ နှစ်နာရီခန့်အကွာမှာတည်ရှိပါတယ်။ NOM

မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်တစ်ဦးကို PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်၊ ဖောင်းလင်းကျေးရွာနေ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအဖွဲ့ဝင် ဦးငွေမောင်း (၆၂) နှစ်သည် ဒီဇင်ဘာလ ၃၀ ရက်နေ့ ည ၁၁ နာရီအချိန်၌ ၎င်း၏နေအိမ်တွင်ရှိနေစဉ် PDF အကြမ်းဖက်သမား ၃၀ ဦးခန့်က ဆိုင်ကယ် ၁၇ စီးခန့်ဖြင့် ရောက်ရှိလာပြီး အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က လက်ထောက်ကျန်းမာရေးမှူးတစ်ဦးအားအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၊ ၂၀၂၆ မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ်၊ မဲဇလီကျေးရွာအနီး မဲဇလီတံတားထိပ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီအချိန်၌ ပုသိမ်-မုံရွာ ကားလမ်းအတိုင်းမောင်းနှင်လာသည့် ပြည်-မင်းတုန်းပြေးဆွဲသည့် ခရီးသည်တင်မော်တော်ယာဉ် တစ်စီးအား PDF အကြမ်းဖက်သမားလေးဦးခန့်က မော်တော်ယာဉ်အား တားဆီးရပ်ခန့်ခိုင်းကာ ယာဉ်ပေါ်တွင် လိုက်ပါလာသူ ခရီးသည်များအနက် မင်းတုန်းမြို့နယ်၊ ကျောက်ကြီးကျေးရွာနေ မင်းတုန်းမြို့နယ်ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ကျန်းမာရေးမှူး ဦးဝင်းဌေး (၄၈) နှစ်အား အကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်း
+1
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်တွင် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများ ပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲမှုကြောင့် လမ်းဘေးတွင်ပန်းခူးနေသည့် အပြစ်မဲ့အမျိုးသမီးတစ်ဦးထိခိုက်ဒဏ်ရာရ NOM ဇန်နဝါရီ ၁၊ ၂၀၂၆ ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ပြည်သူ့ဆေးရုံသို့ ဒီဇင်ဘာလ ၃၀ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲအချိန်၌ မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာဖြင့် အမျိုးသမီးတစ်ဦး ရောက်ရှိနေကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောကစစ်ဆေး၍ ဖြစ်စဉ်အားစိစစ်ခဲ့ရာ မွန်းလွဲ ၃ နာရီ ၅ မိနစ်အချိန်၌ ဘားအံမြို့နယ်၊ ကုန်းတန်းကြီးကျေးရွာနေ ဒေါ်ခင်စန်း (၄၁) နှစ်သည် ကျေးရွာအနီးရှိ ဝါးဘိုးတော-ကမမောင်းသွားကားလမ်းဘေးတွင် ပန်းခူးနေစဉ် KNU အကြမ်းဖက်အဖွဲ့နှင့် PDF အကြမ်းဖက်သမားများပူးပေါင်းအဖွဲ့ထောင်ထားသည့် မိုင်းတစ်လုံးအား နင်းမိပေါက်ကွဲခဲ့မှုကြောင့် ၎င်းတွင်မိုင်းပေါက်ကွဲစထိမှန်ဒဏ်ရာများရရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ News Of Myanmar NOM

+3
ဇန်နဝါရီလ၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။ဒီဇင်ဘာလ၃၁ရက်နှစ်သစ်ကူးညကရုရှားနိုင်ငံခါဆန်ရှိကော်ဖီဆိုင်ကိုယူကရိန်းကဒရုန်းသုံးစီးဖြင့်တိုက်ခိုက်ရာ၂၄ဦးသေဆုံးပြီး၅၀ဒဏ်ရာရသည်။ ၂။နှစ်သစ်ကူးညတွင်ဒူဘိုင်းရှိဘာ့ချ်ခါလီဖာတာဝါ၌မီးများအလှဆင်ခြင်း၊မီးရှူးမီးပန်းများပစ်ဖောက်ခြင်းဖြင့်နှစ်သစ်ကူးကိုကြိုဆိုခဲ့သည်။(ဗီဒီယို) ၃။ဇိုရမ်မမ်ဒန်နီသည်နယူးယောက်မြို့တော်၏ပထမဆုံးမူဆလင်မြို့တော်ဝန်အဖြစ် ယမန်နေ့ကကျမ်းသစ္စာကျိန်ဆိုသည်။(ဓါတ်ပုံ) ၄။ရုရှားသိမ်းထားသောဒွန်းနက်စ်တွင်ရုရှားစစ်သားများနှင့်ယူကရိန်းစစ်သုံ့ပန်းများသည်ငြိမ်းချမ်းရေးသို့ချီတက်ခြင်းအမည်ရှိချစ်ကြည်ရေးဘောလုံးပွဲကစားခဲ့ကြသည်။(ဗီဒီယို) ၅။ထိုင်ဝမ်သမ္မတလိုင်ချင်တေးက ယနေ့ပြောကြားသည့်နှစ်သစ်ကူးမိန့်ခွန်းတွင်သူ၏ထိုင်ဝမ်ကာကွယ်ရေးစရိတ်ဘီလီယံ၄၀ကိုအတိုက်အခံပါတီများကထောက်ခံရန်တိုက်တွန်းလိုက်သည်။(ဓါတ်ပုံ)

NCA မှာ ဘယ်နှစ် အပြီး ဆိုတဲ့ Time limit မရှိဘူး။ တက်လာတဲ့ အစိုးရတွေက ကိုယ့်လက်ထက်မှာ ဘယ်နှစ်ဖွဲ့ လက်မှတ်ထိုးနိုင်ခဲ့တယ် ဆိုတဲ
NCA မှာ ဘယ်နှစ် အပြီး ဆိုတဲ့ Time limit မရှိဘူး။ တက်လာတဲ့ အစိုးရတွေက ကိုယ့်လက်ထက်မှာ ဘယ်နှစ်ဖွဲ့ လက်မှတ်ထိုးနိုင်ခဲ့တယ် ဆိုတဲ့ ပေတံလောက်နဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်ကို အရွေ့ရှိတယ်လို့ ‌တိုင်းတာ နေခဲ့ကြတယ်။ ဒီ ၁၀ နှစ်အတွင်းမှာ KNU နဲ့ RCSS ယာယီ ဆွေးနွေးမှု ရပ်ခဲ့တာလည်း ရှိခဲ့တယ်။ အဆိုးဆုံးကတော့ NCA ပျက်ပြီ ဆိုပြီး ကျားဖျန့်ကိစ္စ နဲ့အတူ KNU၊ CNF နဲ့ ABSDF တို့က အစိုးရကို ပြန်တိုက်နေခဲ့ကြတာပဲ။ ပြန်စဉ်းစားကြရမှာက NCA ဖြစ်ပေါ်ဖို့ အစည်းအဝေး အကြိမ်ပေါင်း များစွာ၊ နှစ်အားဖြင့်ဆိုရင်လည်း အချိန်အများကြီး ဆွေးနွေးခဲ့ကြပေမယ့် ခုလက်ရှိ ရလဒ်တွေနဲ့ ချိန်ထိုး ပြန်စဉ်းစားရင် NCA ဟာ အလုပ်ဖြစ်ရဲ့လားပေါ့။ တစ်ခုတော့ ရှိတာပေါ့ NCA ဟာ လက်ရှိ ငြိမ်း‌ချမ်းရေး Process မှာ အကောင်းဆုံး မော်ဒယ်ပါပဲ။ ရှေ့ အစိုးရ ၂ ဆက်ပုံစံအတိုင်း ဆက်သွားရင်၊ လမ်းဟောင်းအတိုင်း ပြန်လိုက်ရင်....နောက် ဆယ်စုနှစ် တခုအကြာမှာရော သိသာတဲ့ ရလဒ်ထွက်ဖို့ ဘယ်သူတွေက အာမခံ ပေးနိုင်မလဲပေါ့။ NCA ဟာ အကောင်းဆုံး မော်ဒယ်ဆိုရင် ဘာလို့ မူကွဲတွေကို လက်ခံနေကြမှာလဲပေါ့။ အရေးကြီးဆုံးက ဖက်ဒရယ်အကြောင်း ပြောကြတဲ့အခါ EAO တွေဘက်က လက်နက်မစွန့်ချင်ကြတဲ့ ကိစ္စပါပဲ။ ဒါကို အစိုးရဘက်နဲ့ ငြိမ်းချမ်းရေး အကျိုးတော်ဆောင် ဂုရုတွေက BGF အသွင်ပြောင်းနဲ့ ရနိုင်မလား စဉ်းစားကြည့်ခဲ့ပုံ ရတယ်။ သဘောက နိုင်ငံရေးလိုလားချက်လည်း ပေးရမယ်။ လက်နက်လည်း မစွန့်ဘူး ဆိုတဲ့ သဘောပေါ့လေ။ တကယ်တော့ ဖက်ဒရယ် နိုင်ငံ တည်ဆောက်ရင် ပြည်နယ်ရဲက လွဲလို့ လက်နက်ကိုင်တပ်ဟာ တပ်မတော် တခုတည်း ရှိရပါ့မယ်။ တိုင်းရင်းသားတွေ လိုလားချက်အရ နိုင်ငံရေး ဆွေးနွေးချက်တွေ အာမခံချက်ရရင် လက်ရှိ လက်နက်ကိုင်ထားကြသူတွေက သေချာပေါက် လက်နက်အပ်ပြီး ပါတီ ထောင်ရပါ့မယ်။ ပြည်နယ် ရဲ မှာတောင် ပြည်ထောင်စုက သတ်မှတ်ထားတဲ့ အချိုးအစားတိုင်း၊ ကိုင်ဆောင်ရမဲ့ လက်နက်ကအစ သတ်မှတ်ထားရမှာ ဖြစ်ပါတယ်။ ၂၀၀၈ ခြေဥ တည်လာပြီးကတည်း BGF ဇာတ်လမ်းကို အစပျိုးလာခဲ့ကြတာ..... လက်ရှိ ကရင်ပြည်နယ်က BGF လိုမျိုး KNA ပြောင်းသွားတဲ့ ကိစ္စကလည်း လက်ခံနိုင်စရာ မရှိပါဘူး။ အကျိုးစီးပွားအရ လက်နက်ကိုင်ထားကြမှတော့ တချိန်ချိန်မှာ စစ်ပွဲက ထဖြစ်ဦးမှာပါပဲ။ စဉ်းစားတော် မူနိုင်ကြဖို့ ဖြစ်ပါတယ်။ (နရီမိုး)

ပျဉ်းမနား မီးလောင်မှု အိမ်အလုံးရေ ၅၄ လုံး မီးထဲပါ NOMဇန်နဝါရီ၁၊၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် ၂ ရပ်ကွက်တွင်ဒီဇင
ပျဉ်းမနား မီးလောင်မှု အိမ်အလုံးရေ ၅၄ လုံး မီးထဲပါ NOMဇန်နဝါရီ၁၊၂၀၂၆ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၊ ရန်အောင် ၂ ရပ်ကွက်တွင်ဒီဇင်ဘာ ၃၁ ရက်၊ည၇ နာရီ ကျော်က မီးလောင်ခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှသိရသည်။ အဆိုပါမီးလောင်မှုသည်တစ်နာရီကျော်ကြာ၍တစ်အိမ်ပြီး တစ်အိမ် မီးကူးစက်လောင် ကျွမ်းခဲ့ပြီး အိမ်အလုံးရေ ၅၄ လုံး မီးထဲ ပါခဲ့ကြောင်း ကန ဦးအချက် အလက်အရ သိရပြီးမီးလောင်မှုကို Level 2 အဆင့် မီးငြှိမ်းသတ်ခဲ့ကာည ၈ နာရီအချိန်တွင် မီးငြိမ်းနိုင်ခဲ့‌ကြောင်းထုတ်ပြန်ထားသည်။

ရန်ကုန်- ပုသိမ်လမ်းမတွင်ယာဉ်တိုက်မှုဖြစ်ပွားနှစ်ဦးသေဆုံး၊နှစ်ဦးဒါဏ်ရာရ NOM၊ဇန်နဝါရီ၁၊၂၀၂၆ ရန်ကုန်- ပုသိမ်လမ်းမ၊ အဝေးပြေးအကျော
ရန်ကုန်- ပုသိမ်လမ်းမတွင်ယာဉ်တိုက်မှုဖြစ်ပွားနှစ်ဦးသေဆုံး၊နှစ်ဦးဒါဏ်ရာရ NOM၊ဇန်နဝါရီ၁၊၂၀၂၆ ရန်ကုန်- ပုသိမ်လမ်းမ၊ အဝေးပြေးအကျော်တွင် ဇန်နဝါရီ၁ရက်နံနက်၄နာရီကျော်ကယာဉ်တိုက်မှုဖြစ်ပွားခဲ့ကြောင်း လှိုင်သာယာအနောက်ပိုင်းမြို့နယ်မီးသတ်စခန်းမှ သိရသည်။ ဖြစ်စဉ်မှာရပ်ထားသည့်ဆန်ကားကိုအနောက်မှအရှိန်ပြင်းစွာတိုက်မှုကြောင့် ယာဉ်အတွင်း ပိတ်မိသူ‌လေးဦး အနက်အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)နှင့်အမျိုးသားတစ်ဦး၊ အမျိုးသမီးတစ်ဦး (‌ သေဆုံး)သူများအား လူမှုကူညီရေးအသင်းတို့ကလှိုင်သာယာပြည်သူဆေးရုံကြီးသို့ပို့ဆောင်ပေးခဲ့သိရသည်။

ဒေါပုံတံတား(ဂျပန်တံတား)ပေါ်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရ NOM၊ဇန်နဝါရီ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်၊ဒေါပုံတံတား
ဒေါပုံတံတား(ဂျပန်တံတား)ပေါ်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရ NOM၊ဇန်နဝါရီ၁၊၂၀၂၆ ရန်ကုန်တိုင်းဒေသကြီး၊ဒေါပုံမြို့နယ်၊ဒေါပုံတံတား (ဂျပန်တံတား)ပေါ်တွင် အမျိုးသားတစ်ဦး ဓားထိုးခံရပြီး ဖုန်း၊ပိုက်ဆံ ၆၀၀၀ လုယက်ခံ ခဲ့ရ‌ကြောင်းသိရသည်။ ဖြစ်စဉ်မှာဒီဇင်ဘာ ၃၁ ရက် ည ၁၀ နာရီ ၄၅ မိနစ်က ဒေါပုံတံတား ၊ မင်္ဂလာတောင်ညွန့် မြို့နယ် ဘက်အခြမ်း၌ လမ်းလျှောက်နေချိန် အမည်မသိ အမျိုးသားနှင့် အမျိုးသမီး ရောက်ရှိလာပြီး ဓားနဲ့ထိုးကာ ဖုန်းနှင့်ငွေကိုလုယက်သွားသည်။ လုယက်ခံရသူအမျိုးသားသည် လည်ပင်း ဓားဒဏ်ရာတစ်ချက် ၊ ဘယ်နား ထိုးသွင်း ဒဏ်ရာ တစ်ချက် ၊ ကျောကုန်း ပြတ်ရှဒဏ်ရာ၊လက်မောင်း ပြတ်ရှဒဏ် ရာ ရရှိခဲ့‌ကြောင်းသိရသည်။ ယင်းဒဏ်ရာရရှိခဲ့သော အမျိုးသားကို သစ္စာမဏ္ဍိုင် လူမှုကူညီရေး အသင်းက ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့‌ကြောင်းသိရသည်။

တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်တွင် PDF အကြမ်းဖက်အဖွဲ့က သံဃာတော်တစ်ပါးအား ဆိုင်ကယ်တစ်စီးနှင့်အတူ အကြမ်းဖက် ဖမ်းဆီးခေါ်ဆောင်သွား NOM ဇန်နဝါရီ ၁၊ ၂၀၂၆ တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်၊ ကမ္မလိုင်းကျေးရွာရှိ ဓမ္မသာနီတပ်ဦးဘုန်းကြီးကျောင်းမှ ခန်းနေ ဆရာတော် ဥူးဥတ္တမ (ခ) ဦးသိန်းဝင်းသည် ဒီဇင်ဘာလ ၂၉ ရက်နေ့ ည ၇ နာရီအချိန်၌ လယ်တောင်ယာကျေးရွာမှ ကမ္မလိုင်းကျေးရွာသို့ ဆိုင်ကယ်ဖြင့် တစ်ပါးတည်းပြန်ကြွလာစဉ် တမုတ်ချုံးကျေးရွာအနီး လမ်းဆုံအရောက် PDF အကြမ်းဖက်သမား ၁၅ ဦးခန့်က ဆိုင်ကယ်အားတားဆီးကာ ဆရာတော် ဥူးဥတ္တမ (ခ) ဦးသိန်းဝင်းအားအကြမ်းဖက်ခြိမ်းခြောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသိရသည်။ News Of Myanmar NOM

၁-၁-၂၀၂၆ အပြစ်မဲ့ပြည်သူတွေအနေနဲ့ အနူဂျီးလက်အောက်ခံ အကြမ်းဖက်ပဒက်တွေကို ဘယ်လောက်တောင် နာကျည်းနေကြသလဲဆိုရင် သေပြီး ကျန်ခဲ့တဲ့ သင်္ချိုင်းကိုတောင် မြေနာခံပြီး မထားကြတော့ဘူး ဖျက်ဆီးပစ်ကုန်ကြပြီ... . အကြမ်းဖက်ပဒက်တွေ လူဖြစ်ရှုံးချက်တော့ မရှုမလှ သေဆုံးကြရတဲ့အပြင် အုတ်ဂူလေးတောင် ရှင်သန်ခွင့်မရကြရှာဘူး... Truth Waves

အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးမြို့၊ အမှတ်(၃) ရပ်ကွက်နေ ဦးမြင့်ကျော် (၅၃)နှစ်သည် ၎င်းအသုံးပြုသည့် “Myint Kyaw” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှား စေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မြင့်ကျော်အားဒီဇင်ဘာလ ၂၅ ရက်နေ့တွင် မင်းဘူးမြို့မရဲစခန်း (ပ)၁၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး၊အမရပူရမြို့နယ်၊ မှန်တန်း ရပ်ကွက်နေ ဦးကျော်စည်သူ (၅၇)နှစ်သည် ၎င်းအသုံးပြုသည့် “Kyaw Sithu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင် အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ် တွေ့ရှိရသဖြင့် ကျော်စည်သူအား ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် အမရပူရမြို့မရဲစခန်း(ပ)၃၈၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က)ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့နယ်၊ အမှတ်(၃၇)ရပ်ကွက်နေ ဒေါ်မြပုန်းညက်ဖြူသည် ၎င်းအသုံးပြုသည့် “Mabel Phyu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအားအများ ပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထား သည်ကို စိစစ်တွေ့ရှိရသဖြင့် မြပုန်းညက်ဖြူအား ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဒဂုံမြို့သစ်(မြောက်ပိုင်း) မြို့မရဲစခန်း (ပ)၈၇၅/၂၀၂၅၊ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကိုနှောင့်ယှက်ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ အမှတ်(၁၂) ရပ်ကွက်နေ မနန္ဒာဦး (၃၂)နှစ်သည် ၎င်းအသုံးပြုသည့် “Ko Ye” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှား စေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် မနန္ဒာဦး အားဒီဇင်ဘာလ ၂၆ ရက်နေ့တွင် သောင်ကြီးနယ်မြေရဲစခန်း(ပ)၁၃၅၈/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် မွန်းလွဲ ၃ နာရီ ၁၀ မိနစ်အချိန်တွင် သင်္ဃန်းကျွန်း မြို့နယ်၊သုဝဏ္ဏ(၂၉)ရပ်ကွက်ရှိ မဲရုံအဖြစ်ပြုလုပ်ထားသည့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း၌  လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်နေစဉ် မင်းဒင်လမ်းအတိုင်း အနောက်ဘက်မှ အရှေ့ဘက်သို့ ဆိုက်ကားစီးနင်းလာသည့် သုဝဏ္ဏ(က)ရပ်ကွက်နေ ပိုင်စိုး(ခ) သားပု (၃၆)နှစ်သည် “ဘယ်မဲရုံမှ မဲပေးစရာမလိုဘူး”ဟုပြောဆိုကာ ညစ်ညမ်းစွာဆဲဆို ခဲ့သဖြင့် ပိုင်စိုး(ခ) သားပုအား ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် သုဝဏ္ဏနယ်မြေရဲစခန်း (ပ)၂၄၉/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရွှေပြည်သာမြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်နေ သတိုးအောင် (၂၈)နှစ်သည် ၎င်းအသုံးပြုသည့် “သတိုးအောင်” Facebook အကောင့်ဖြင့်လူမှုကွန်ရက် စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသား ထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် သတိုးအောင်အား ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ရွှေပြည်သာမြို့မရဲစခန်း (ပ)၄၆၆/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့်လည်းကောင်း အမှုဖွင့်ဖမ်းဆီးပြီး ထိရောက်ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်လျက်ရှိသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို ပျက်ပြားစေရန်ရည်ရွယ်၍ နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား အရေးယူ ဒီဇင်ဘာ ၃၁၊ ၂၀၂၅ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပမှုကိုပျက်ပြားစေရန် ရည်ရွယ်၍ လူမှုကွန်ရက်စာမျက်နှာများ၊ အများပြည်သူဆိုင်ရာနေရာများ၌ ဟောပြောခြင်း၊ ပြောဆိုခြင်း၊ စည်းရုံးလှုံ့ဆော်ခြင်း၊ ဆန္ဒပြခြင်း၊ စာရေးသားခြင်း၊ ရုပ်ပုံပိုစတာများ ချိတ်ဆွဲခြင်း စသည်တို့ဖြင့် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းများ၊ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များအား ထိခိုက်ပျက်စီးအောင် နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်း ပြုလုပ်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားခြင်းမှ ကာကွယ်ပေးရေး ဥပဒေနှင့်အညီ ထိရောက်စွာအရေးယူဆောင်ရွက်လျက်ရှိပါသည်။ ထိုသို့ဆောင်ရွက်လျက်ရှိရာ နိုဝင်ဘာလ ၂၁ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ အမှတ်(၉)ရပ်ကွက်နေ ဇော်မင်းသိန်း(ခ) မိုဟာမက်အဗ္ဗူကာဒရ် (၃၅)နှစ်သည် ၎င်းအသုံးပြုသည့် “Zaw Min Thein” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ရေးသားထားသည့် စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဇော်မင်းသိန်း(ခ) မိုဟာမက်အဗ္ဗူကာဒရ် အား ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ကျောက်တံတားမြို့မရဲစခန်း (ပ)၁၂၇/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၁၅ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၂၀) ရပ်ကွက်နေ ဆန်းဝင်း (၄၈)နှစ်သည် ၎င်းအသုံးပြုသည့် “Bo Sanwin” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှား စေရန် ရေးသားထားသည့်စာသားများအား ထပ်ဆင့်ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရသဖြင့် ဆန်းဝင်းအား ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့မရဲစခန်း (ပ)၁၁၃၅/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေး ဥပဒေပုဒ်မ ၂၃(က)/၂၈ ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်မြို့နယ်၊ ငှက်ပျောတော-သပြေကုန်းသွားကားလမ်းအတိုင်း သပြေကုန်းကျေးရွာဘက်မှ ငှက်ပျောတောကျေးရွာ ဘက်သို့ မောင်းနှင်လာသည့် NPW-4 8E-1730 TOWNACE မော်တော်ယာဉ်ပေါ် စီးနင်းလာသူများက အဆိုပါလမ်းဘေး၌ ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ လွှတ်တော်ကိုယ်စားလှယ်လောင်းများ၏ ရွေးကောက်ပွဲမဲဆွယ် စည်းရုံးရေးအဖြစ် စိုက်ထူထားသည့် ဗီနိုင်းဆိုင်းဘုတ်အနီးအရောက်၌ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးဝင်းကြည်နှင့် ပြည်သူ့ရှေ့ဆောင်ပါတီအား အများပြည်သူအထင်အမြင်လွဲမှားစေရန် ညစ်ညမ်းစွာဆဲဆိုသွားကြောင်းသတင်းအရ စုံစမ်းဖော်ထုတ် ခဲ့ရာ ထိုသို့ဆဲဆိုသွားသူများမှာ ပြည်မြို့၊ မြို့သစ်ရပ်ကွက်နေ ဦးမြင့်စိုး(၆၀)နှစ်၊ လယ်ဝေးမြို့နယ်၊ ချောင်းကျိုးကျေးရွာနေ ဒေါ်သင်းသင်း (၅၄)နှစ်၊ မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်နေ နိုင်ဇော်မြင့် (၂၂)နှစ်၊ မြန်အောင်မြို့နယ်၊ ငါးဘတ်ချောင်းကျေးရွာနေသူများဖြစ်ကြသည့် မျိုးမင်းသူ (၂၀)နှစ်နှင့် မမို့မို့လွင်၊ စမ်းရွာကြီးရွာနေ မစုရတီ တို့ဖြစ်ကြောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့ခြောက်ဦး အား ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရွှေကျင်နယ်မြေရဲစခန်း (ပ)၄၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ ၂၄(ခ) ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ်(၇)ရပ်ကွက်နေ ဦးမျိုးသူရ (၃၆)နှစ်သည် ၎င်းအသုံးပြုသည့် “Myo Thu” Facebook အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင် အမြင်လွဲမှားစေရန် ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားသည်ကို စိစစ်တွေ့ရှိရ သဖြင့် မျိုးသူရအားဒီဇင်ဘာလ ၂၃ ရက်နေ့တွင် တောင်ဥက္ကလာပမြို့မရဲစခန်း(ပ)၄၀၄/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ် ပေးရေးဥပဒေပုဒ်မ ၂၃(က) ဖြင့် လည်းကောင်း။ အလားတူ ဒီဇင်ဘာလ ၂၅ ရက်နေ့တွင် ရှမ်းပြည်နယ်(တောင်ပိုင်း)မြို့နယ်၊ အင်တောမြို့၊ လယ်ခေါင်းကျေးရွာနေ ဒေါ်သန္တာထွန်း (၄၆)နှစ်သည် ၎င်းအသုံးပြုသည့်“moedoor 0 (tiktok. Com/@moedoor0)” TikTok အကောင့်ဖြင့် လူမှုကွန်ရက်စာမျက်နှာ၌ ပါတီစုံအထွေထွေရွေးကောက်ပွဲအား အများပြည်သူအထင်အမြင်လွဲမှားစေရန်ရေးသားထားသည့်စာသားများအား ပြန်လည်မျှဝေထားကြောင်း စိစစ်တွေ့ရှိရသဖြင့် သန္တာထွန်းအား ဒီဇင်ဘာလ ၂၆ရက်နေ့တွင် အင်တောနယ်မြေရဲစခန်း (ပ)၁၂၀/၂၀၂၅၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပုဒ်မ၂၃(က)ဖြင့် လည်းကောင်း။

Repost from NOM
အိုမင်းသူ အရေအတွက် မြင့်တက်လာပြီး စီးပွားရေးနှေးကွေးမှုတွေကို ရင်ဆိုင်နေရတဲ့ တရုတ်ဟာ လူငယ်တွေ ပိုမိုလက်ထပ်ဖို့နဲ့ ကလေးယူဖို့အ
အိုမင်းသူ အရေအတွက် မြင့်တက်လာပြီး စီးပွားရေးနှေးကွေးမှုတွေကို ရင်ဆိုင်နေရတဲ့ တရုတ်ဟာ လူငယ်တွေ ပိုမိုလက်ထပ်ဖို့နဲ့ ကလေးယူဖို့အတွက် အပြင်းအထန်ကြိုးစားနေရာမှာ ဒီနေ့ကစတင်ပြီး သန္ဓေတားဆေးတွေ အတွက် ၁၃% အထိ အရောင်းခွန်ပေးဆောင်ဖို့ သတ်မှတ်လိုက်ပါတယ်။ ဆယ်စုနှစ်ပေါင်းများစွာ တအိမ်ထောင်ကို ကလေးတဦးသာ မွေးဖွားခွင့်စည်းမျဉ်းက ကန့်သတ်ချက်တွေကိုလည်း လျှော့ချတာမျိုး လုပ်ဆောင်လိုက်ပါတယ်။ NOM

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်၏၂၀၂၆ခုနှစ် နှစ်သစ်ကူး နှုတ်ခွန်းဆက်စကား

ရန်ကုန်နှစ်သစ်ကူးပွဲတော်တိုးမပေါက်အောင်စည်ကား NOM၊ဒီဇင်ဘာ၃၁၊၂၀၂၅ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင်ကျင်းပနေသောနှစ်သစ်ကူးကြိုဆိုပွ
+2
ရန်ကုန်နှစ်သစ်ကူးပွဲတော်တိုးမပေါက်အောင်စည်ကား NOM၊ဒီဇင်ဘာ၃၁၊၂၀၂၅ ရန်ကုန်မြို့ပြည်သူ့ရင်ပြင်တွင်ကျင်းပနေသောနှစ်သစ်ကူးကြိုဆိုပွဲCountdownပွဲကိုစည်ကားစွာကျင်းပနေရာပရိသတ်တိုးမပေါက်အောင်စည်ကားပြီးနိုင်ငံကျော်အဆိုတော်များကဖျော်ဖြေလျက်ရှိကြောင်းသိရသည်။

ဆန္ဒပြသဖြင့်ပစ်သတ်ခံရသည်ဟုသတင်းထွက်နေသူကသူမသေကြောင်းဗီဒီယိုဖြင့်ရှင်းလင်း NOM အစ္စရေးနိုင်ငံဂျေရုဆလင်ပို့စ်သတင်းဌာနကအီရန်တွင်ဆန္ဒပြသမားထဲမှတစ်ဦးဖြစ်သောမက်ဒီဆမ်မာဗက်တီသည်အီရန်လုံခြုံရေးတပ်ဖွဲ့၏နှိမ်နှင်းမှုကြောင့်သေဆုံးသည်ဟူသည့်သတင်းတုထုတ်လွှင့်ခဲ့ရာကာယကံရှင်ကဆိုရှယ်မီဒီယာပေါ်မှအစ္စရေးကထုတ်လွှင့်သည့်သတင်းသည်သတင်းအတုသာဖြစ်ပြီးသူဘာမှမဖြစ်ကြောင်းပြောကြားခဲ့သည်။ အီရန်တွင်အစ္စရေးပြည်ပထောက်လှမ်းရေးမော့ဆက်၏သွေးထိုးလှုံ့ဆော်မှုဖြင့်ဆန္ဒပြပွဲများဖြစ်နေရာမော့ဆက်ကဆန္ဒပြသူများနှင့်တစ်သားထည်းရှိသည်ဟုကြေညာထားသည်။

ယူကရိန်းကိုရုရှားက၂၀၂၅ခုနှစ်တွင်တိုက်ခိုက်မှုများကိုယူကရိန်းသတင်းဌာနကထုတ်ပြန် NOM ၂၀၂၅ခုနှစ်အတွင်းရုရှားကယူကရိန်းအပေါ်လေကြောင
+1
ယူကရိန်းကိုရုရှားက၂၀၂၅ခုနှစ်တွင်တိုက်ခိုက်မှုများကိုယူကရိန်းသတင်းဌာနကထုတ်ပြန် NOM ၂၀၂၅ခုနှစ်အတွင်းရုရှားကယူကရိန်းအပေါ်လေကြောင်းတိုက်ခိုက်မှု၁၉၀၃၃ကြိမ်ပြုလုပ်ပြီးပဲ့ထိန်းလမ်းညွှန်ဗုံး၆၀၀၀၀ကျော်၊ဒရုန်းအစင်းရေတစ်သိန်းကျောိ၊ပဲ့ထိန်းဒုံးပျံ၂၄၀၀ကျော်ဖြင့်တိုက်ခိုက်ခဲ့ကြောင်းအင်္ဂလိပ်ဘာသာဖြင့်ဖော်ပြသည့်ယူကရိန်းသတင်းဌာနကထုတ်ပြန်လိုက်သည်။

+4
ဒီဇင်ဘာလ၃၁ရက်နိုင်ငံတကာသတင်းတိုများ NOM ၁။တရုတ်သမ္မတ ရှီကျင့်ဖျင်ကရုရှားနိုင်ငံနှင့် နှစ်နိုင်ငံဆက်ဆံရေး တိုးတက်မှုအသစ်များ ဖြစ်ပေါ်လာစေရေးကြိုးပမ်းဆောင်ရွက်သွားရန် အသင့်ရှိသည် ဟု ယနေ့ပြောကြားခဲ့သည်။(ဓါတ်ပုံ) ၂။တရုတ်လွတ်မြောက်ရေးတပ်မတော်သည်ဖရီးဂိတ်စစ်သင်္ဘောများ၊ဖျက်သင်္ဘောများ၊တိုက်လေယာဥ်များဖြင့်ထိုင်ဝမ်ကျွန်းပတ်လည်တွင်ဒုတိယနေ့အဖြစ်စစ်ရေးလေ့ကျင့်လျက်ရှိသည်။(ဗီဒီယိုများ) ၃။ရုရှားဒူးမားလွှတ်တော်ဥက္ကဌကရုရှားသမ္မတစံအိမ်တော်ကိုဒရုန်းများဖြင့်တိုက်ခိုက်ရန်ကြိုးပမ်းသည့်ကိစ္စသည်ခွင့်လွှတ်ရန်မရှိပဲပြင်းထန်စွာပြန်လည်တုန့်ပြန်ရမည်ဟုယနေ့ပြောလိုက်သည်။ ၄။သြစတေလျနိုင်ငံဆိပ်ဒနီဆိပ်ခံတံတားနှင့် အော်ပရာအဆောက်အဦတွင်မီးရှူးမီပန်းများပစ်ဖောက်ပြီးနှစ်သစ်ကိုကြိုဆိုခဲ့သည်။(ဓါတ်ပုံ) ၅။ထိုင်းကဖမ်းဆီးထားသောကမ္ဘောဒီးယားစစ်သား၁၈ဦးကိုပြန်လွှတ်ပေးလိုက်သည်။(ဓါတ်ပုံ)