cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Shwe Pyi Thar News

ရွှေပြည်မြို့နယ်အတွင်းရှိ စခ ရခ မြေပြင်လှုပ်ရှားသွားလာမှုများအား တိကျမှန်ကန်စွာဖော်ပြပေးသွားမည်ဖြစ်ပါသည်။

Ko'proq ko'rsatish
Myanma9 529Myanma7 142Toif belgilanmagan
Reklama postlari
656
Obunachilar
Ma'lumot yo'q24 soatlar
-47 kunlar
-1530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

Photo unavailableShow in Telegram
🔴 ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်နှင့် ဥက္ကံအကြား ဖလုံရွာပတ်ဝန်းကျင်တွင် ဇူလိုင်လ ၂၉ရက်နေ့ ယနေ့ည ၉နာရီကျော်ခန့်က ဆည်ကျိုးပေါက်မှုဖြစ်ပွားခဲ့ပြီး အိမ်ခြေအများအပြား ရေနစ်မြှုပ်နေ၍ ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေရကြောင်းသိရှိရသည်။ အများပြည်သူများ ကနဦး သတိပြု သတိထားမိကြစေရန် အသိပေးဖော်ပြအပ်ပါသည်။ #z_fighter
Hammasini ko'rsatish...
◾️ ၇-၇-၆၂ မမေ့ကြနဲ့ __ ဒီစကားဟာ ၁၉၆၂ ခုနှစ် ဆဲဗင်းဇူလိုင် အရေးအခင်းမှာ ရန်ကုန်တက္ကသိုလ် မန္တလေးဆောင်မှာ မြောင်းမြက တက္ကသိုလ် ကျောင်းသား ကိုကျော်ဝင်းက သူ့ရဲ့ ခန္ဓာကိုယ်က ထွက်တဲ့ သွေးနဲ့ ရေးခဲ့တဲ့ စာပါ။ တကယ်ကို သွေးနဲ့ ရေးခဲ့တဲ့ သွေးစွန်းတဲ့ စာပါ။ နေဝင်းရဲ့ မဆလ အစိုးရက ရန်ကုန်တက္ကသိုလ် ရဲ့ စည်းကမ်းတွေကို စိတ်ကြိုက်ပြင်ဆင် သတ်မှတ် တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီကို အာဏာသိမ်း  မတရားမှုကို ဆန့်ကျင် ဆန္ဒပြတဲ့ ၊လက်နက်ဆိုလို့ အလံတိုင်ချည်တဲ့ ဝါးလုံးသာ ပါတဲ့ တက္ကသိုလ် ကျောင်းသားတွေကို တက္ကသိုလ်မြေအတွင်းမှာ စစ်ဆင်ရေးတစ်ရပ်လို ချေမှုန်းပြခဲ့တယ်။ စစ်မြေပြင်မှာတောင် မသုံးဖူးသေးတဲ့ မောင်းပြန်ရိုင်ဖယ် အသစ်တွေကို ကျောင်းသားတွေဆန္ဒပြနေရာမှ အစမ်းသပ်ခံ သတ္တဝါတွေလို အသုံးချခဲ့တယ်။ အသက်မသေ ဒဏ်ရာနဲ့ ကျောင်းသားတွေခိုအောင်းနေခဲ့ရတဲ့ သမဂ္ဂ အဆောက်အအုံကို ဒိုင်းနမိုက်နဲ့ ဖြိုပြခဲ့တယ်။ ပြည်သူတွေကို ဓားဓားချင်း လှံလှံချင်းယှဥ်မယ်လို့  တိုင်းသိပြည်သိ ကမ္ဘာသိ ရုပ်မြင်သံကြားကနေ စစ်ကြေညာပြခဲ့တယ်။ ဒီနေ့ ဒီရက်မှာ စစ်အစိုးရအဆက်ဆက် ဟာ သူတို့ရဲ့ သွေးဆာ ယုတ်မာ အာဏာမက်ပြီး ဆောင်ရွက်ခဲ့သမျှ ကို ပြည်သူတွေအမှတ်ရမှာ တွေးကြောက်တယ်။ ရှောင်ဖယ်ဖို့ကြိုးစားတယ်။ ဖုံးကွယ်ဖို့ကြိုးစားတယ်။ ထိရင်ချတဲ့ ဖိရင်ကြွတဲ့ မျိုးဆက်သစ်လူငယ်တွေအတွက်ကတော့ ဖုံးကွယ်ဖို့ ကြိုးစားတဲ့ စစ်ကောင်စီလက်ပါးစေတွေကို ရှောင်ရှားပြီး မရ ရတဲ့ နည်းနဲ့ ဆန္ဒကို ထုတ်ဖော်ပြနေမှာပါပဲ။ ဒီဓာတ်ပုံတွေဟာ ရန်ကုန်တော်လှန်ရေး လူငယ် အဖွဲ့များက ၇.၇.၆၂ မမေ့ကြဖို့ ပြည်သူအများကိုနှိုးဆော် ဆန္ဒ ထုတ်ဖော်ပြနေတဲ့ ပုံတွေပါ။ သမဂ္ဂ အဆောက်အဦးကို ဖြိုခွဲဖျက်ဆီးခဲ့ပေမယ် လူငယ်တို့ရဲ့ နိုးကြားတဲ့ သမဂ္ဂ စိတ်ဓာတ်ကိုတော့ ဘယ်အာဏာရှင်အဆက်ဆက်ကမှ ဖြိုခွဲလို့ မရခဲ့သလို နောက်လည်းရမှာ မဟုတ်ပါ။ “အဆုံးသတ်တိုက်ပွဲ နွှဲဆင်ကြ” #AJAY #အရေးတော်ပုံအောင်ရမည်။
Hammasini ko'rsatish...
Photo unavailableShow in Telegram
🔴 Cloud Wings Drone တပ်ဖွဲ့၏ official Facebook page ဖြစ်ပါတယ်။ ဝန်းရံပေးကြပါအုန်းခင်ဗျာ->>>> https://www.facebook.com/Cloud-Wings-101577199671175/ #z_fighter
Hammasini ko'rsatish...
Photo unavailableShow in Telegram
🔴 Cloud Wind Drone တပ်ဖွဲ့၏ official Facebook page ဖြစ်ပါတယ်။ ဝန်းရံပေးကြပါအုန်းခင်ဗျာ->>>> https://www.facebook.com/Cloud-Wings-101577199671175/ #z_fighter
Hammasini ko'rsatish...
‼️ `` ကျောင်းသားများ၏ အချက်အလက်များ ဖော်ပြခံရမှုဖြစ်စဥ်နှင့်ပက်သက်၍ ထုတ်ပြန်ကြေညာချက် ´´ ‼️ ၂၀၂၃ ခုနှစ် ၊ ဇူလိုင် (၆) ရက်။ မိဘပြည်သူများအနေဖြင့် ထုတ်ပြန်ချက်ကို သေချာစွာဖတ်ရှုခြင်းဖြင့် ကျွန်ုပ်တို့၏ ရပ်တည်ကြိုးပမ်းနေမှုများ သိရှိလိမ့်မည်ဟု ယူဆပါသည်။ ယခုဖြစ်စဉ်နှင့်ပက်သက်သည်များကို Yangon Federal School က အပြည့်အဝတာဝန်ခံပါသည်။ နောက်ဆက်တွဲများမဖြစ်ပေါ်စေရေး ပညာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ကြိုးပမ်းဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း နှင့် ကျွန်ုပ်တို့သည်လည်း တော်လှန်ရေးအတွက် နိုင်ရာကဏ္ဍ၊ကျရာတာဝန်ကို ထမ်းရွက် နေကြသည်ဖြစ်ရာ ထိခိုက်နစ်နာမှုများမဖြစ်စေရေး တော်လှန်ရေးအစုအဖွဲ့များ ၊ ကျောင်းသားထု နှင့် ပြည်သူများမှ ကူညီဖေးဖ၍ အတူတကွဖြတ်ကျော်နိုင်ရေးဆောင်ရွက်ပေးပါရန် လေးစားစွာအကူအညီတောင်းခံအပ်ပါသည်။ တော်လှန်ရေးသစ္စာဖြင့် 6.7.2023 #YFS #z_fighter
Hammasini ko'rsatish...
‼️ မြို့ပြကို CCTV နဲ့ မသတ်နဲ့။ ‼️ #z_fighter
Hammasini ko'rsatish...
🚫 မြို့ပြကို CCTV နဲ့မသတ်နဲ့ 🚫 ၁၁ ဂျွန် ၂၀၂၃ ရန်ကုန် ရန်ကုန်၊ မန္တလေးအပါအဝင် မြို့ပြနေမိဘပြည်သူများခင်ဗျာ။ ကျွန်ုပ်တို့တော်လှန်ရေးအဖွဲ့အစည်းများနှင့် တော်လှန်ရေးရဲဘော်များဟာ အာဏာရှင်၏လက်အောက်မှရုန်းထွက်ပြီး ညီညွတ်မျှတ အေးချမ်ဖွံ့ဖြိုးသော ဖက်ဒရယ်နိုင်ငံ‌တော်သစ်တည်ဆောက်နိုင်ရေးနှင့်ပြည်သူတရပ်လုံးဆုံးရှုံးနေခဲ့ရသော လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ ကိုယ်ပိုင်လူ့အခွင့်အရေးများပြန်လည်ရရှိနိုင်ရန် လိုအပ်နေသောဒီမိုကရေစီစနစ်အား ပြန်လည်ရယူနိုင်ရန်အတွက် အသက် သွေး ချွေး အနာဂတ်နှင့် မိသားစုဘဝများကိုပါစွန့်လွှတ်တိုက်ပွဲဝင်လျက်ရှိပါသည်။ ထိုသို့တိုက်ပွဲဝင်နေသောကာလအတွင်း အသက်များကိုစတေးခဲ့ရသည်မှာလည်းစာရင်းပြုစု၍ပင်မရအောင် အလွန်အမင်းများပြားခဲ့ပါပြီ။ ထိုသိုစတေးခံခဲ့ရသည်များထဲမှ အချို့မှာမစတေးသင့်ပဲစတေးလိုက်ရသည့်အခြေအနေများလည်းရှိခဲ့ပါသည်။ ထိုအကြောင်းအရာမှာ လမ်းမများပေါ်မှ CCTV ဟူသည့် လုံခြုံရေးကင်မရာများကြောင့်သာဖြစ်ပါသည်။ 🔥 မြို့ပြနေပြည်သူများခင်ဗျာ။ တရားဥပ ဒေစိုးမိုးမှုမရှိသည့် ခေတ်ပျက်ကာလအတွင်း ပျက်စီးယိုယွင်းနေသော နိုင်ငံအတွင်းနေထိုင်ရသောကြောင့် မိမိတို့၏အိုးအိမ်ဥစ္စာများအား ကာကွယ်စောင့် ရှောက်ရန် CCTV များတပ်ထားခြင်းမှာ ဖြစ်သင့်သောလုပ်ဆောင်ချက်တစ်ခုဟု ကျွန်ုပ်တို့ နားလည်သိရှိပြီးဖြစ်ပါသည်။ သို့ပါသော်ငြားလည်း CCTV များအား မလိုအပ်သောနေရာများသို့ ချိန်ထားခြင်း၊ မလိုအပ်သောနေရာများတွင် အပိုတပ်ဆင်ထားခြင်းများကြောင့် မလိုလားအပ်သောဆုံးရှုံးမှုများဖြစ်ပါ်နေသည့်အတွက် CCTV တပ်ဆင်ရာတွင် မိမိတို့ပစ္စည်းဥစ္စာများ၊ မိမိတို့အိမ်အဝင်တံခါးများ၊ ဆိုင်အတွင်းဧရိယာ၊ ကားပါကင်၊ ခြံဝင်းအတွင်းသို့သာလှည့်ပြီးတပ်ဆင်ထားကြပါရန်နှင့် မလိုအပ်သည့်အများပြည်သူသွားလာလှုပ်ရှားနေသော လမ်းမများ၊ မိမိတို့အိမ် ဆိုင် ရုံးခန်းဧရိယာကို ကျော်လွန်၍ချိန်ရွယ်တပ်ဆင်ထားခြင်းများကို မပြုလုပ်ကြပါရန်၊ CCTV မှတ်တမ်းများကိုလည်း ရက်အနည်းငယ်တစ်ကြိမ်ဖျက်ပေးကြရန်အနူးအညွတ် တောင်းဆိုလိုက်ပါရစေခင်ဗျာ။ မိမိတို့နေအိမ်၊ ရုံးခန်း၊ ဆိုင်ခန်းများအနီး သပိတ်အသံကြားခြင်း၊ ပြစ်ခတ်ပေါက်ကွဲသံကြားခြင်း၊ တော်လှန်ရေးရဲဘော်များကမ်ပိန်းလုပ်ခြင်းများ တွေ့မြင်ရလျှင်လည်း မိမိတို့ CCTV မှတ်တမ်းများကို ကြိုတင်ဖျက်ပေးထားကြပါရန်လည်းတောင်းဆိုပါရစေ။ မိမိတို့ကိုယ်ရေးကိုယ်တာ ပိုမိုလုံခြုံစေရန် မလိုအပ်သော CCTV တပ်ဆင်ထားခြင်းဟာ မြို့ပြ‌တွင်တိုက်ပွဲဝင်နေကြပါသော တော်လှန်ရေးတပ်သား၊ ရဲဘော်များ၏ လှုပ်ရှားမှုများကိုထိခိုက်စေရုံမျှမက ထိုလှုပ်ရှားသူတို့အား အသက်များပေးဆပ်စေနိုင်သည်မှာ အမှန်ပင်ဖြစ်ပါသည်။ ထိုသူများတွင်လည်း မိသားစုရှိပါသည်၊ အနာဂတ်များ၊ အိပ်မက်များ၊ တန်ဘိုးထားရသောသူများရှိပါသည်။ အကြမ်းဖက်စစ်တပ်ဟာ တော်လှန်ရေးရဲဘော်များအားဖမ်းဆီးသတ်ဖြတ်ပြီး ၎င်းတို့၏အာဏာတည်မြဲရေးနှင့် ပြည်သူလူထုအားစစ်ကျွန်ဘဝတွင်းနှစ်မြှုတ်နိုင်ရေးအတွက် CCTV များအကူအညီဖြင့်စုံစမ်း ဖော်ထုတ်လျက်ရှိပါသည်။ ယခုလ ပထမအပတ်ထဲအတွင်း မြို့ပြရဲဘော်များ mission ပြုလုပ်အပြီး အဖွဲ့လိုက်ဖမ်းဆီးခံလိုက်ရသည့်အဖြစ် နှစ်ကြိမ်ရှိပြီး ရဲဘော်ဆယ်ဦးထက်မနည်းမတရားဖမ်းဆီးနှိပ်စက်ခံလိုက်ရပါသည်။ သို့ပါသောကြောင့် မြို့ပြနေမိဘပြည်သူများအနေဖြင့် မိမိတို့၏ CCTV ဖြင့် မြို့ပြတော်လှန်ရေးရဲဘော်များအား အကျဉ်းစံ၊ ကြိုးစင်ပေါ်မတက်ရအောင် ကူညီစောင့် ရှောက်ပေးကြပါရန် လေးစားစွာ တောင်းပန် (တောင်းဆို) လိုက်ရပါသည်။ တော်လှန်ရေးရဲဘော်များအားမှတ်တမ်းမယူထားမိခြင်းဖြင့်တော်လှန်ရေးတွင် နိုင်ရာတာဝန်ထမ်းဆောင် ပေးပါခင်ဗျာ။ 🔥 CCTV ဓာတ်ပုံကမ်ပိန်း။ ။ ဤကမ်ပိန်းအား ရက်အကန့်အသတ်မရှိပြုလုပ်ပါသည်။မိမိတို့မျက်နှာအားလုံခြုံ စွာအုပ်၍ စာရွက်အဖြူပါ်တွင် ယခုကမ်ပိန်းနှင့်သက်ဆိုင် သောစာသားရေး၍ဖြစ်စေ၊ No CCTV on public area, No CCTV, မြို့ပြကို CCTV နဲ့မသတ်နဲ့၊ No CCTV for Urban Revolution, CCTVသည် ဝောာ်လှန်ရေးအဖွဲ့အစည်းများကို ဒုက္ခပေး‌ေနသည်၊ CCTV အန္တရာယ်ကို UGများအထူးသိတိထားကြပါ စသောစာသားများရေး၍ဖြစ်စေ၊ လက်နှစ်ချာင်းအား cross ❌ sign လုပ်၍ဖြစ်စေ ပါဝင် ပေးနိုင်ပါတယ်။ အရေးတော်ပုံ မုချအောင်မြင်ရမည် Tag တွဲရန် #မြို့ပြကိုCCTVနဲ့မသတ်နဲ့ #NoCCTVforUrbanRevolution #BewareCCTV ↪️ https://t.me/zfighternews
Hammasini ko'rsatish...
Repost from N/a
📌 ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ ခရမ်း၊ သုံးခွ မြို့နယ်များမှ အကြမ်းဖက်စစ်ကောင်စီ၏ သွားလာလှုပ်ရှားမှုများနှင့် ထူးခြားဖြစ်စဉ်မြေပြင်သတင်းများအား ကျနော်တို့ SDC မှဖော်ပြပေးသွားမည်ဖြစ်သည်။ သတင်းပေးပို့ရန် - @SDC_Informer ချန်နယ်လင့် - https://t.me/SDC_Scout @SDC_Informer
Hammasini ko'rsatish...
Photo unavailableShow in Telegram
Z Fighter ဖွဲ့စည်းတည်ထောင်ခြင်း () နှစ်ပြည့် ဆုမွန်ကောင်းတောင်းလွှာ ▫️၂၀၂၃ ခုနှစ်၊ မေ (၉)ရက် #z_fighter ↪️ https://t.me/zfighternews
Hammasini ko'rsatish...
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.