uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
Wave 09773745413 Lae Lae Win ဖြစ်ပါတယ် အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင် LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင် ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ စာဖတ်သူများအားလုံးကို ကျေးဇူးတင်ချစ်ခင်လျက်ပါ A Kyi Phyu #ဧကြည်ဖြူ A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/ ၂၄ https://www.facebook.com/100067151540690/posts/746620510919660/ ၂၅ https://www.facebook.com/100067151540690/posts/747852280796483/ ၂၆ https://www.facebook.com/100067151540690/posts/748398247408553/ ၂၇ https://www.facebook.com/100067151540690/posts/749001577348220/ ၂၈ https://www.facebook.com/100067151540690/posts/749045954010449/ ၂၉ https://www.facebook.com/100067151540690/posts/749603000621411/ ၃ဝ https://www.facebook.com/100067151540690/posts/750159863899058/ ၃၁ https://www.facebook.com/100067151540690/posts/751309667117411/

" ခိုင်းစရာမရှိပါဘူး တပေါင်းရယ်...ဒီအချိန်ဆို တပေါင်းမအိပ်သေးမှန်းသိလို့ စကားပြောရအောင်လာခဲ့တာ....နောက်တစ်ပတ်အင်္ဂါနေ့ကျရင် ..မာရီက ပြည်ပပြန်ထွက်မှာလေ..မာ့ရီကိုသိတယ်မဟုတ်လား ..ဒီကိုလာလာနေတဲ့ ခပ်ချောချောကောင်မလေးလေ...သူပြည်ပထွက်တဲ့နေ့ကျရင် ...လေဆိပ်ကိုလိုက်ပို့ပေးရမှာ ...အဲ့ဒါ တပေါင်း...ကိုယ်နဲ့အဖော်လိုက်ခဲ့ပေးပါလားလို့လာပြောတာ " " ရှင် " ကိုချမ်းရဲ့ စကားကြောင့် တပေါင်းအူကြောင်ကြောင်နဲ့ကိုချမ်းမော့ကြည့်လိုက်မိတယ်။ " ဟို..ကိုချမ်းပြောတာကို တပေါင်းသိပ်နားမည်ဘူး..သွားမှာက.. ကို ..ကိုချမ်းသွားမှာမဟုတ်ဘူးလားဟင် " တပေါင်းစိတ်လှုပ်ရှားကာ ထစ်ထစ်ငေါ့ငေါ့နဲ့မေးလိုက်မိတယ်။ " ဟင် ..ကိုယ်မသွားပါဘူးကွာ...ဒီမှာအလုပ်တွေများနေတာကို ပညာတော်သင်လဲမသွားနိုင်ပါဘူး...အိမ်ထောင်ကျပြီးရင်တော့... မွေးစားမိဘတွေဆီကို အလည်သွားရအုံးမှာပေါ့ ..မွေးစားမိဘတွေက ဟိုမှာနိုင်ငံသားခံယူလိုက်ကြပြီလေ..ဒီကိုသိပ်ပြီးလာမှာမဟုတ်တော့ဘူး ..ကိုယ်သွားလည်ရင်် တပေါင်းလဲ အလည်လိုက်မှာမဟုတ်လား " " ရှင် .......မလို.....လိုက်မလည် တော့ပါဘူး...တော်ကြာ ကိုချမ်းကောင်မလေးက မကြိုက်ဘဲနေလိမ့်မယ် " ကိုချမ်းရဲ့အမေးကြောင့် တပေါင်းတုန်ယင်ထစ်ငေါ့စွာနဲ့ပြန်ဖြေလိုက်မိတယ်။ " အင်း...ဒါတော့ ဟုတ်တယ်..သူစိတ်ဆိုးမှာလား ..စိတ်မဆိုးဘူးလားဆိုတာကိုတော့ ..ကိုယ်လဲသေချာမသိသေးဘူး ..သူ့ကိုမေးရအုံးမှာပဲ " ပြောရင်းနဲ့ ကိုချမ်းက တပေါင်းဘေးနားမှာထိုင်ချလိုက်ပြီး တပေါင်းမျက်နှာလေးကို သေချားစူးစိုက်ကြည့်လိုက်တယ်။ စူးရဲလှတဲ့ ကိုချမ်းရဲ့အကြည့်တွေကြောင့် တပေါင်းမှာရင်ခုန်သံတွေမြန်ဆန်လာခဲ့ပြီး အကြည့်တွေကို ကမန်းကတန်းလွဲဖယ်လိုက်ရတယ်။ " တပေါင်း " ကိုချမ်းနှုတ်ကနေ ခေါ်သံခပ်တိုးတိုးထွက်လာခဲ့တယ်။ တပေါင်း မဝံ့မရဲနဲ့မောကြည့်လိုက်မိတယ်။ " ကိုယ်နဲ့မာရီက သူငယ်ချင်းတွေပါ " ကိုချမ်းရဲ့ခပ်တိုးတိုးစကားသံမှာ တပေါင်းရဲ့ရင်ခုန်သံတွေဝုန်ဒိုင်းကြဲသွားခဲ့တယ်။ " တပေါင်းက ..ကိုယ်နဲ့မာရီကို အထင်လွဲနေတာလား ....ကိုယ်နဲ့မာရီကဘာမှမဆိုင်ပါဘူး..ကိုယ်မှာ ငယ်ငယ်ကတည်းကချစ်နေခဲ့မိတဲ့ကောင်မလေးရှိပါတယ်" လှိုက်ခနဲ့ဝမ်းသာခုန်လှုပ်သွားမိတဲ့ နှလုံးသားက ကိုချမ်းရဲ့နောက်ဆက်တွဲစကားကြောင့် ပြန်လည်အေးစက်တောင့်တင်းသွားရပြန်တယ်။ " သူကဘယ်သူလဲဆိုတော့ ..ကိုယ်အသက်ဆယ့်နှစ်နှစ်ကျော်လောက်က .... ရပ်ကွက်ရုံးတစ်ခုမှာသူနဲ့ဆုံခဲ့ကြတာလေ ...အသားဖြူဖြူမျက်လုံးပြူးပြူးနဲ့သိပ်ကိုချစ်စရာကောင်းတဲ့ကောင်မလေးပေါ့ ...အဲ့ဒီနေ့က မမျှော်လင့်ဘဲ ...နှစ်ယောက်အတူတူ ထမင်းစားဖြစ်ကြရင်းနဲ့ ကောင်မလေးကိုပိုပြီးသံယောဇဉ်ဖြစ်မိသွားခဲ့တယ် ...ဒီလိုနဲ့ပဲ အဲ့ဒီကောင်မလေးကို အခုချိန်ထိ မမေ့နိုင်ဘဲဖြစ်နေခဲ့မိတာ " "ဟုတ်ကဲ့ ...ဟင်... ရှင် " ကိုချမ်းရဲ့စကားအဆုံးမှာ တပေါင်းအံ့ဩတုန်လှုပ်ကာမျက်လုံးအပြူးသားနဲ့ကိုချမ်းကို မော့ကြည့်လိုက်မိတယ်။ဒီအခါ ကိုချမ်းကချစ်ရည်ရွှန်းလဲ့နေတဲ့မျက်လုံးတွေနဲ့ တပေါင်းကိုသေချာစူးစိူက်ကြည့်နေရင်းကနေ တပေါင်းရဲ့လက်ကလေးတစ်ဖက်ကို ခပ်ဖွဖွလေးဆွဲယူဆုပ်ကိုင်လိုက်တယ်။ " တပေါင်းကို...ကိုယ်ချစ်တယ်...ဟိုငယ်ငယ်လေးကတည်းက တပေါင်းကိုမြင်ပြီး သံယောဇဉ်တွယ်ပြီးချစ်ခဲမိတာ...ဖြစ်နိုင်မယ်ဆိုရင် တပေါင်းနဲ့လက်ထပ်ချင်တယ်....တပေါင်းကရော ...ကိုယ့်အပေါ်မှာဘယ်လိုသဘောထားလဲဆိုတာကို သိချင်တယ် " မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ စကားတွေကိုကြားလိုက်ရတော့ တပေါင်းမယုံကြည်နိုင်ဘဲ ကြောင်အအကြီးဖြစ်နေမိတယ်။ဒါဟာတကယ်လား။အိပ်မက်လားလို့ တပေါင်းမဝေခွဲနိုင်ဖြစ်နေမိတယ်။ " ဖြေပါအုံး တပေါင်းရယ်...တပေါင်းဆီက အဖြေက်ို ကိုယ်သိချင်တယ်....ကိုယ်ကတော့ တပေါင်းကိုချစ်တယ်..တပေါင်းနဲ့လက်ထပ်ပြီးတော့ ...ပန်းပျိုးလက်ရဲ့ပရဟိတလုပ်ငန်းတွေကို နှစ်ယောက်အတူလက်တွဲပြီးလုပ်ဆောင်သွားချင်တယ်..ကိုယ့်အချစ်ကိုလက်ခံနိုင်မလား " ဖြစ်ပျက်နေတဲ့ အရာရာကိုတပေါင်းမယုံကြည်နိုင်ဘဲ ကိုချမ်းရဲ့မျက်နှာကိုငေးကြောင်ကြည့်နေမိတယ်။နှလုံးသားကတဆတ်ဆတ်ခုန်နေရင်းက အိပ်မက်လေများလားလို့် အ‌ယောင်ယောင်အမှားမှားနဲ့တွေးနေမိတယ်။ " ကိုယ်ကိုဖြေပါအုံး တပေါင်းရယ်...ကိုယ့်ရဲ့အချစ်ကိုလက်မခံနိုင်ဘူးလားဟင် " ကိုချမ်းဆီက မေးသံတိုးတိုးထပ်ပြီးထွက်လာတော့မှ တပေါင်းတုန်တုန်ယင်ယင်နဲ့ပဲ ကိုချမ်းကိုကြည့်လိုက်မိပြီး ခေါင်းကိုငြိမ့်ပြလိုက်မိတယ်။ " တ..တပေါင်းလဲ ကိုချမ်းကိုချစ်ပါတယ်..." " ဟာ..ဝမ်းသားလိုက်တာ တပေါင်းရယ်....ကိုယ်အရမ်းဝမ်သာတာပဲကွာ " ကိုချမ်းကဝမ်းသာအားရပြောလိုက်ရင်းနဲ့ တပေါင်းရဲ့ခပ်သွယ်သွယ်ကိုယ်လုံးလေးကို မရဲတရဲနဲ့လှမ်းပြီးပွေ့ဖက်လိုက်တယ်။တပေါင်းလဲ ရှက်နေပေမဲ့ရုန်းမထွက်နိုင်တော့ဘဲ ကိုချမ်းရဲ့ရင်ခွင်ထဲမှာ ကြည်နူးရင်ခုန်စွာငြိမ်သက်နေမိတယ်။ ================================= ပြီးပါပြီ ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင် စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက် ပေးသွင်းရမည့် အကောင့်များမှာ KPay 09773745413 Lai Lai Win

မနွေးရဲ့ စကားကြောင့် ကိုချမ်းအံ့ဩသွားပြီး မနွေးကို မော့ကြည့်လိုက်မိတယ်။ " ဟုတ်တယ် ကိုချမ်း ... မာရီနဲ့ ကိုချမ်းက ဘယ်လိုအခြေအနေလဲဟင်..နှစ်ယောက်ချစ်သူတွေလား ... လက်ထပ်ကြမှာလား " " ဗျာ .. ကျွန်တော်တို့နှစ်ယောက် ချစ်သူတွေမဟုတ်ကြပါဘူးမနွေးရဲ့ ... မာရီ့မိဘတွေနဲ့မာမီတို့ရဲ့ဆန္ဒပါ...မာရီ့အပေါ် ညီမလေးတစ်ယောက်လိုပဲ သဘောထားကြောင်းကိုလဲ ပွင့်ပွင့်လင်းလင်းပြောပြလိုက်ပါပြီ ....သူလဲကျောင်းတက်ဖို့ ပြန်သွားတော့မှာလဲ ...အဲ့ဒါ ကျွန်တော့်ကိုပါ ခေါ်နေလို့ ... ပွင့်ပွင့်လင်းလင်းပြောပြလိုက်တယ်.... မာရီ့မိဘတွေကလဲပြည်တွင်းက အလှူရှင်တွေရှာပေးနေတာဆိုတော့ အထင်မလွဲအောင်လဲ..သေချာပြောရသေးတယ် မနွေးရယ် " ကိုချမ်းက မနွေးကို သေသေချာချာရှင်းပြလိုက်တယ် ။မနွေးနဲ့ကိုချမ်းရဲ့ကြားမှာ လျှို့ဝှက်စရာရယ်လို့လဲမရှိ။သူတို့နှစ်ယောက် ဆက်ဆံရေးက မောင်နှမအရင်းတွေလိုဖြစ်နေခဲ့တာလေ။ " ဒါဆို မေးရအုံးမယ် ...မနွေးမေးတာကို အမှန်တိုင်းဖြေနော် ကိုချမ်း " " မနွေးကလဲ အထူးအဆန်းလုပ်ပြီး ပြောနေရသေးလားဗျာ....ကျွန်တော်ကဘယ်တုန်းက ညာဖူးလို့လဲ " " ဟုတ်ပါပြီ ..ဒါဆိုမေးမယ်နော် ....တပေါင်းနဲ့ပတ်သက်ပြီး ကိုချမ်းရဲ့ ခံစားချက်က ဘယ်လိုလဲဆိုတာ ...မနွေးအမှန်တိုင်းသိချင်တယ်ကွယ် " " ဗျာ " မထင်မှတ်ထားတဲ့ မနွေးရဲ့အမေးကြောင့် ကိုချမ်း အလန့်တကြားနဲ့ မနွေးကို ကြည့်လိုက်မိတယ်။ "ဒီ...ဒီမေးခွန်းကို ...ဘာ ..ဘာဖြစ်လို့မေးတာလဲ မနွေး " " ဘာဖြစ်လို့ မေးတာလဲဆိုတော့ တပေါင်းနဲ့ပတ်သက်ရင် ကိုချမ်းအမူအရာတွေက အရမ်းကို သိသာနေလို့လေ ... ကျန်တာတွေကို မပြောနဲ့အုံး ... တပေါင်းအိမ်ပြန်တဲ့နေ့ကလဲ....မာ့ရီတို့မိဘတွေနဲ့အရေးတကြီးကိစ္စပြောနေတာကိုထားခဲ့ပြီး ...တပေါင်းဆီကို ချက်ချင်းလိုက်သွားခဲ့တယ်မဟုတ်လား.....ပြီးတော့ တပေါင်း ဘုရားသွားတဲ့နေ့ကလဲ ...ကိုချမ်းတိတ်တိတ်လေးလိုက်သွားခဲ့တယ်လေ " မနွေးရဲ့စကားကြောင့် ကိုချမ်း ဘာမှမပြောနိုင်တော့ဘဲ ငြိမ်သက်နေမိတယ်။ " တပေါင်းကို ချစ်နေတာမဟုတ်လားကိုချမ်း ....မနွေးကိုမညာနဲ့အမှန်တိုင်းဖြေပါ " မနွေးရဲ့မေးခွန်းကြောင့် ကိုချမ်းရှက်ပြီးတော်တော်နဲ့ မဖြေနိုင်ဘဲဖြစ်နေမိတယ်။ " ဖြေလေကိုချမ်း ... ဘာလို့ မဖြေတာလဲ ...ဘာလဲ...တပေါင်းရဲ့ခြေထောက်ကြောင့်များ ...ပြောရခက်နေလား " " ဟာ ..မဟုတ်ပါဘူးမနွေးရယ်....ကျွန်တော်က အဲ့ဒီလိုလူမျိုးမဟုတ်ပါဘူး...အမှန် တိုင်းပြောရရင် ....အချစ်ဆိုတာကိုလဲ ..ကျွန်တော်လဲသေချာမသိခဲ့ပါဘူး ..ကျွန်တော့်တစ်ဘဝလုံးကိုပန်းပျိုးလက်မှာပဲ မြှုပ်နှံမယ်လို့ရည်ရွယ်ထားခဲ့တာ ...ဒါပေမဲ့ တပေါင်းကိုပြန်တွေ့ရချိန်မှာ ..ကျွန်တော့်စိတ်တွေ ပြောင်းလဲခဲ့တယ်.... ဟုတ်ပါတယ်...တပေါင်းကိုကျွန်တော်ချစ်တယ် မနွေး... ကြီးကြီးကျယ်ကျယ်ပြောရရင်အခုမှချစ်မိတာမဟုတ်ဘဲ ... ဟိုငယ်ငယ်လေးကတည်းက ..သနားပြီးချစ်ခဲ့မိတာထင်တယ် " ကိုချမ်းရဲ့အဖြေစကားကြောင့် မနွေးကျေနပ်စွာ ပြုံးလိုက်ပြီး " ဒါဆိုကြာပြီပဲပေါ့...ဒါနဲ့များ ....ဘာမှဖွင့်မပြောဘဲနေခဲ့ရလား ကိုချမ်းရယ် ..." " ဟို...အဲ့ဒါက ... ကျွန်တော့်ကို အခွင့်အရေးယူတယ်လို့ ထင်မှာစိုးလို့ပါ " " ဖြစ်ရလေကိုချမ်းရယ်...အဲ့ဒီလိုသာလုပ်နေရင်တော့ ...ကျန်ရစ်ဖြစ်တော့မှာပဲ....မနွေး သိသလောက်တော့ ..တပေါင်းကိုကြည့်ရတာ ...တစ်နေရာရာကို ထွက်သွားတော့မယ်ထင်တယ် ... " " ဗျာ .. တ...တကယ်လား မနွေး..ဘာလို့လဲ .... ဟုတ်ရဲ့လားဗျာ " " အင်း ...ထင်တာပဲ ... .. ဘာလို့လဲဆိုတာကို သေချာမသိပေမဲ့...မာရီနဲ့ကိုချမ်းကိုအထင်လွဲပြီး ထွက်ပြေးတာလို့ထင်တာပဲ .....ဖုန်းပြောနေသံသဲ့သဲ့ကြားလိုက်တာတော့ အဆောင်စုံစမ်းနေတယ်ထင်တယ် ....ဒီထက်နောက်မကျခင် ...ပြောစရာရှိတာကို ပြောလိုက်ပါ .." " သူ...အဆောင်စုံစမ်းနေတယ်ဟုတ်လား..မနွေး " မနွေးရဲ့ စကားကြောင့် ကိုချမ်းအံ့ဩထိတ်လန့်စွာ ပြန်မေးလိုက်ရင်းနဲ့ထိုင်နေရာက ဝုန်းခနဲ ထရပ်လိုက်မိတယ်။ ~~~~~~ ဝရန်တာမှာထိုင်ပြီး ခြံဝန်းထဲကို တပေါင်းငေးကြည့်နေမိတယ်။နောက်တစ်ပတ်ဆိုရင် ကိုချမ်းမြန်မာပြည်ကနေထွက်သွားတော့မယ်။ဒီလိုဆိုရင် ကိုချမ်းထွက်မသွားခင် တပေါင်းဘက်ကအရင်ထွက်သွားနိုင်အောင်ကြိုးစားရလိမ့်မယ်။ကိုချမ်းထွက်သွားတာကို ကြည့်နေဖိုအတွက် နှလုံးသားကခံနိုင်ရည်အားမရှိဘူးလေ။အားလုံးကိုပြောပြီးမှသွားရင်လဲ မနွေးတို့က ခွင့်ပြုလိမ့်မယ်မထင်ဘူး။ဒါကြောင့် ဘယ်သူမှမသိအောင်တိတ်တဆိတ်ထွက်သွားဖို့ရန် တပေါင်းစိးစဉ်ထားခဲ့တယ်။ကို ချမ်းထွက်သွားမဲ့နေ့မတိုင်မီတစ်ရက်အလိုမှာ တပေါင်းထွက်သွားဖို့ရန်တိတ်တဆိတ်စီစဉ်ထားခဲ့တယ်။ " တပေါင်း ..မအိပ်သေးဘူးလား " " ကို..ကိုချမ်း" ရုတ်တရက်မေးသံနဲ့အတူ အနားကိုရောက်လာတဲ့ ကိုချမ်းကြောင့် တပေါင်းလန့်ဖျပ်သွားမိတယ်။ " ဘာတွေစဉ်းစားနေတာလဲ ..ကိုယ့်ကိုပြောပြလို့ရမလား " " ရှင် " ကိုချမ်းရဲ့အမေးကြောင့် တပေါင်းလန့်ကာ ဆတ်ခနဲတုန်သွားမိတယ်။ " ဟို..ဟို,,ဘာမှမစဉ်စားပါဘူး ကိုချမ်း,,,တပေါင်းကိုဘာခိုင်းစရာရှိလို့လဲဟင် " တပေါင်းတုန်တုန်လှုပ်လှုပ်နဲ့မေးလိုက်မိတယ်။

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၃၂) (ဇာတ်သိမ်းပိုင်း ) akyiphyu ********* ကိုချမ်းရဲ့ကောင်မလေးရောက်နေတာကို တပေါင်းလုံးဝကိုမသိခဲ့တာပါ။သိခဲ့ရင်လာခဲ့မှာ မဟုတ်ဘူး။၊အခုတော့ အခန်းရှေ့မှာ ရှေ့ဆက်ရမလိုနောက်ဆုတ်ရမလိုနဲ့ ဘာဆက်လုပ်ရမှန်းမသိဘဲတွေဝေကာရပ်နေမိတယ်။ " ကိုချမ်းအသက်လဲငယ်သေးတာပဲ ...ပညာဆက်သင်အုံးပေါ့...ဒီကအလုပ်တွေက ကိုသက်တို့မနွေးတို့နဲ့လဲ လွှဲပေးထားလို့ရတာပဲလေ..ပြီးတော့ မေမေတို့ဖေဖေတို့ကလဲ ဝိုင်းကူညီပေးနေတာပဲလေ .....ပညာကငယ်တုန်းကသင်ရတာ..မာရီကတော့ ကိုချမ်းနဲ့သွားရမယ်ဆိုပြီး ပျော်နေမိတာ ...ဟိုရောက်ရင် နေဖို့အခန်းလဲ စီစဉ်ပြီးသွားပြီ...ဘာပဲဖြစ်ဖြစ်ပါ ..နောက်တစ်ပတ်အင်္ဂါနေ့ သွားမှာနော် ... သွားမဲ့ရက်ကိုလဲ မေ့နေအုံးမယ် " ကြားလိုက်ရတဲ့စကားတွေကြောင့် တပေါင်းမျက်လုံးတွေပြာခနဲဖြစ်သွားမိတယ်။ကိုချမ်းနဲ့သူမကြားမှာ ဘာမှမသက်ဆိုင်ဘူးဆိုပေမဲ့ ကိုချမ်းတစ်ယောက် နိုင်ငံရပ်ခြားကိုထွက်သွားတော့မယ်ဆိုတဲ့အကြောင်းကို ကြားလိုက်ရတော့ ရင်ထဲမှာတလှိုက်လှိုက်နဲ့ဆို့နင့်လာမိတယ်။လည်ချောင်းတစ်လျောက် မီးစနဲ့အထိုးခံထားရသလို နာကျင်ပူလောင်လာမိတယ်။ဆက်ပြီးရပ်နေနိုင်စွမ်းမရှိတာမို့ အခန်းရှေ့ကနေ တပေါင်းအားတင်းကာလှည့်ထွက်ခဲ့လိုက်တယ်။ ~~~~~~~ " တပေါင်း ..ဘာဖြစ်လို့လဲ...ကိုချမ်းဆူလိုက်လို့လားဟင် " မျက်နှာပျက်ပျက်နဲ့ ပြန်ရောက်လာတဲ့ တပေါင်းကိုကြည့်ပြီး မနွေးစိုးရိမ်ပူပန်ကာ မေးလိုက်တယ်။ " မ..မဆူပါဘူး မနွေး....တပေါင်းသိပ်ပြီးနေမကောင်းလို့ပါ....ကိုချမ်းက ဧည့်သည်ရောက်နေလို့....ဖိုင်တွေမပို့ခဲ့ဘူး " "ဪ ....မာရီရောက်နေပြန်ပြီလား ..." မနွေးက မေးလိုက်ရင်းနဲ့ တပေါင်းရဲ့မျက်နှာလေးကိုခပ်ငေးငေးကြည့်နေလိုက်တယ်။ ~~~~~~~~ " တပေါင်း " အသံနဲ့အတူ အလုပ်ခန်းရှေ့မှာရပ်နေသူက ဖိုးဇင်။တပေါင်းက ဖိုးဇင်ကိုခပ်ငေးငေးကြည့်နေမိတယ်။ " မနွေး..ကျွန်တော်တပေါင်းနဲ့စကားနည်းနည်းလောက်ပြောချင်လို့် ခဏလောက်ခွင့်ပြုပေးပါနော် " ဖိုးဇင်က မနွေးဆီမှာအရင်ခွင့်တောင်းလိုက်တယ်။မနွေးဆီက ခွင့်ပြုချက်ကိုရတဲ့အခါမှာတော့ တပေါင်းကိုခပ်ငေးငေးနဲ့လှမ်းကြည့်တယ်။တပေါင်းထိုင်နေရာက ထလိုက်ပြီးဧည့်သည်ခန်းဆီကိုထွက်ခဲ့လိုက်တယ်။ ~~~~~~~~~~~ " အားလုံးအတွက် တောင်းပန်ပါတယ် တပေါင်းရယ်...အမေနဲ့ဒေါ်သိန်းနုတို့ သင်တန်းကျောင်းအထိလိုက်လာခဲ့ကြတာကိုလဲ မနွေးပြောပြမှသိတာပါ ...အမေက ဒီလောက်အထိဆိုးလိမ့်မယ်လို့ မထင်ခဲ့မိဘူးလေ ...ဘာပဲဖြစ်ဖြစ်အားလုံးအတွက် တောင်းပန်ပါတယ်...ပြီးတော့ ငါ ...နင့်ကို လာနှုတ်ဆက်တာပါ ..ငါ့ကိုသူငယ်ချင်းတစ်ယောက်အဖြစ်တော့ ခင်မင်ခွင့်ပြုပါတပေါင်းရယ်...ငါတောင်းပန်ပါတယ်ဟာ " ဖိုးဇင်ကယောက်ျားတန်မဲ့ မျက်ရည်ကျကာပြောလိုက်တယ်။ငိုသံစွက်နေတဲ့ ဖိုးဇင်ကို တပေါင်းမော့ကြည့်လိုက်မိတယ်။ " ရပါတယ်ဖိုးဇင်...ငါစိတ်မဆိုးပါဘူးဟာ...ငါ့အဖေကိုယ်တိုင်ငါ့အပေါ်မှာ တန်းဖိုးမထားခဲ့လို့ ..တခြားလူကလဲ ငါ့ကိုအထင်သေးခဲ့တာပေါ့ ..မိဘကိုယ်တိုင်က သားသမီးကိုအထင်သေးပြီးနှိမ်ချနေရင်း ...တခြားသူကလဲ ဒီလိုပဲနေမှာလေ...ငါ့အတွက်တော့ နင့်အမေရော..ငါ့အဖေပါ အတိတ်ကအဖြစ်ပျက်တွေဖြစ်သွားပြီမို့ ..ကိစ္စမရှိပါဘူးဟာ ..ငါအားလုံးကိုနားလည်ပါတယ်..ဒါနဲ့နင်ဘယ်ကို သွားမလို့လဲ ..နိုင်ငံခြားထွက်မလို့လား " " အင်း..ဟုတ်တယ်...ဒီမှာကလေးတွေအတွက် စီစဉ်သင့်တာတွေ စီစဉ်ပေးခဲ့ပြီး ...ပြန်ထွက်တော့မယ်..တော်တော်နဲ့တော့ ပြန်လာဖြစ်တော့မယ်မထင်ဘူး ..ဟိုမှာ အလုပ်အကိုင်အခြေကျတာနဲ့..ညီတွေညီမတွေကို လှမ်းခေါ်ဖို့စိစဉ်ထားတယ် " " အင်း ကောင်းပါတယ်..အဆင်ပြေမှာပါ ...အဆင်ပြေပါစေသူငယ်ချင်း.." နှစ်ယောက်သား စကားပြောနေကြရင်းနဲ့ အတော်ကြာတိတ်ဆိတ်သွားပြန်တယ်။နှစ်ယောက်တွေ့တိုင်း စကားတွေပြောလို့မကုန်အောင် ရှိခဲ့ကြတဲ့သူငယ်ချင်းနှစ်ယောက်ရဲ့ကြားမှာ မမြင်ရတဲ့စည်းတစ်ခုခြားသွားခဲ့တာကတော့ အမှန်ပါပဲ။ပြောစရာတွေ လုံးဝမရှိတော့သလိုတိတ်ဆိတ်သွားတဲ့ နှစ်ယောက်ကြားမှာ ဖိုးဇင်သက်ပြင်းကိုချကာ ထိုင်နေရာကထဖို့ဟန်ပြင်လိုက်ပြီး တပေါင်းကိုနှုတ်ဆက်လိုက်တယ်။ " ငါ သွားတော့မယ်နော်‌ တပေါင်း ...လိုင်းပေါ်ကနေ တစ်ခါတလေစာပို့မှာမို့..နင်အားတဲ့အခါတော့ စားပြန်ပို့ပေးပါ...ငါလဲချက်ချင်းတော့ သွားရမှာမဟုတ်သေးပါဘူး...ဒါပေမဲ့ ဒီကြားထဲမှာ နင့်ကိုလာမတွေ့တော့ဘူးနော် ..ငါသွားတော့မယ်နော် " " အင်းပါ..ကျန်းမားရေးဂရုစိုက်နော် " တပေါင်းဘက်က ဒါပဲပြောပြီး နှုတ်ဆိတ်ကာနေလိုက်တယ်။ဖိုးဇင်ရဲ့ခြေသံကတဖြည်းဖြည်းဝေးသွားတာကို နားထောင်ပြီး ထိုင်နေရာကနေ တပေါင်းထရပ်လိုက်တယ်။ ~~~~~~~~~~~ " မနွေးတို့ စကားခဏပြောရအောင် ..ကိုချမ်းအချိန်ရရဲ့လား " " ဟုတ်ကဲ့ ....အချိန်ရပါတယ်မနွေး ....အရေးကြီးကိစ္စများလား " " အင်း ...မနွေးကိစ္စမဟုတ်ပါဘူး ...ကိုချမ်းရဲ့ ကိစ္စပါ " " ဗျာ ..ကျွန်တော့်ကိစ္စလား "

" အင်းပါ ... ကျန်းမာရေးလဲ ဂရုစိုက်နော် ...စာဖောင်တွေပြီးပြီဆိုရင် ... ဖိုင်တွေကိုချမ်းတို့အခန်းကို သွားပို့ပေးပါလား တပေါင်း...ကိုသက်တို့လဲ မရှိကြဘူးဆိုတော့... လာယူမဲ့သူမရှိဘူးဖြစ်နေလို့...တပေါင်းပဲသွားပို့ပေးလိုက်ပါနော် " " ရှင် ..ကိုချမ်းရဲ့ အခန်းကိုလား " ကိုချမ်းရဲ့အခန်းဆိုတဲ့ စကားကြောင့် တပေါင်းရင်ထဲ လှုပ်ရှားတုန်ခါသွားရတယ်။ မသွားချင်ပေမဲ့လဲ သွားမှဖြစ်မှာဆိုတော့ သက်ပြင်းမောကိုသာ ချလိုက်မိတယ်။ တပေါင်းအလုပ်ခန်းထဲကထွက်လာခဲ့ပြီး ကိုချမ်းရဲ့ အခန်းဆီကို လျှောက်သွားလိုက်တယ်။အခန်းရှေ့ကိုအရောက်မှာ တံခါးခေါက်ဖို့ရန် လက်တွန့်နေခဲ့ပြီးမှ သတ္တိမွေးကာအခန်းတံခါးကို ဆွဲဖွင့်ဖို့လက်ရွယ်လိုက်ချိန်မှာပဲ အခန်းထဲကစကားပြောသံခပ်သဲ့သဲ့ကိုကြားလိုက်ရတာမို့ တပေါင်းရဲ့လက်တွေရပ်တန့်သွားရတယ်။ခပ်ဟဟပွင့်နေတဲ့ အခန်းထဲကို တပေါင်းအသာချောင်းကြည့်လိုက်မိတယ်။ဒီအခါ အခန်းထဲမှာ ကိုချမ်းနဲ့သူ့ကောင်မလေးကို တွေ့မြင်လိုက်ရတာမို့ တပေါင်းလန့်ဖျပ်သွားမိတယ်။ ================================= အပိုင်း (၃၂) (ဇာတ်သိမ်းပိုင်းဆက်ရန် ) (ည ၈နာရီကျော်မှာ ဇာတ်သိမ်းပိုင်းတင်ပါမယ်ရှင် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/ ၁၂ https://www.facebook.com/100067151540690/posts/741833594731685/ ၁၃ https://www.facebook.com/100067151540690/posts/742400951341616/ ၁၄ https://www.facebook.com/100067151540690/posts/742989231282788/ ၁၅ https://www.facebook.com/100067151540690/posts/743578934557151/ ၁၆ https://www.facebook.com/100067151540690/posts/743627364552308/ ၁၇ https://www.facebook.com/100067151540690/posts/744157521165959/ ၁၈ https://www.facebook.com/100067151540690/posts/744215504493494/ ၁၉ https://www.facebook.com/100067151540690/posts/744820244433020/ ၂၀ https://www.facebook.com/100067151540690/posts/744865391095172/ ၂၁ https://www.facebook.com/100067151540690/posts/745447884370256/ ၂၂ https://www.facebook.com/100067151540690/posts/746053474309697/ ၂၃ https://www.facebook.com/100067151540690/posts/746091874305857/ ၂၄ https://www.facebook.com/100067151540690/posts/746620510919660/ ၂၅ https://www.facebook.com/100067151540690/posts/747852280796483/ ၂၆ https://www.facebook.com/100067151540690/posts/748398247408553/ ၂၇ https://www.facebook.com/100067151540690/posts/749001577348220/ ၂၈ https://www.facebook.com/100067151540690/posts/749045954010449/ ၂၉ https://www.facebook.com/100067151540690/posts/749603000621411/ ၃ဝ https://www.facebook.com/100067151540690/posts/750159863899058/

ဒီနေ့အဖေ့ရက်လည်နေ့။ရပ်ကွက်ထဲကို တပေါင်းမသွားတော့ဘဲ ရွှေတိဂုံဘုရားကိုပဲ တစ်ယောက်တည်းထွက်လာခဲ့လိုက်တယ်။ကိုချမ်းက လိုက်ပို့ပေးမယ်လို့ ပြောခဲ့ပေမဲ့ တပေါင်းတစ်ယောက်တည်း အစောကြီးခိုးထွက်လာခဲ့တာ။ဒီနေ့ကစလို့ ကိုချမ်းနဲ့ခပ်ဝေးဝေးနေဖို့ တပေါင်းဆုံးဖြတ်ထားတယ်။ကိုချမ်းရဲ့ ဖြူစင်တဲ့မေတ္တာစေတနာတွေကို မစော်ကားမိအောင် တပေါင်းးဘက်က ဆင်ဆင်ခြင်ခြင်နေဖို့တွေးထားခဲ့တယ်။သိပ်မကြာခင်အချိန်မှာ သင်တန်းကျောင်းကနေထွက်သွားဖို့ကိုလဲ တပေါင်းဆုံးဖြတ်ထားခဲ့ပြီးပါပြီ။ ဘုရားပေါ်ရောက်တော့ မိဘနှစ်ပါးလုံးအတွက် ရည်စူးပြီး လှူဒါန်းကာအမျှပေးဝေလိုက်တယ်။သားသမီးတစ်ယောက်အနေနဲ့ ဒီထက်ပိုပြီး လုပ်ပေးချင်ပေမဲ့လဲ လုပ်မပေးနိုင်တဲ့အတွက်လဲ စိတ်ထဲမှာတော့ မကောင်းဖြစ်နေမိတယ်။မိဘတွေအတွက် အလှူဆွမ်းလေးကပ်ဖို့တောင် အိမ်ရယ်လို့ မရှိခဲ့ဘူးလေ။မိဘနှစ်ပါးလုံးကိုယ်တိုင် ကြိုးစားစုဆောင်းခဲ့တဲ့ အိမ်လေးကလဲ အခုချိန်မှာတော့ တခြားသူစံစားရာဖြစ်သွားခဲ့ပါပြီ။ တပေါင်းဘုးရားရင်ပြင်ပေါ်မှာသုံးပတ်ပတ်ကာပူဇော်ပြီးတော့ မွေးနံထောင့်မှာထိုင်ကာ ဘုရားကိုဦးချကန်တော့လိုက်တယ်။ပြီးနောက် လူးရှင်းတဲ့ တစ်နေရာမှာ ငြိမ်သက်စွာ ထိုင်နေမိတယ်။ ~~~~~~~~~~~~ " တပေါင်း ..ကားပေါ်တက် " ဘုရားရင်ပြင်တော်ပေါ်က တပေါင်းဆင်းလာခဲ့ပြီးနောက် ဗဟန်းသုံးလမ်းမှတ်တိုင်မှာ ကားစောင့်နေလိုက်တယ်။ဒီအချိန်မှာပဲ တပေါင်းရပ်နေတဲရှေ့ကို ကိုချမ်းရဲ့ကားထိုးရပ်လာတာကိုတွေ့လိုက်ရတယ်။ " ကားမှတ်တိုင်မှာ အကြာကြိးရပ်နေလို့မကောင်းဘူးကွ....ကားပေါ်မြန်မြန်တက်လေကွာ..." ကိုချမ်းက ခပ်လောလောလှမ်းပြောတာမို့ တပေါင်းမတက်ချင်တက်ချင်နဲ့ဘဲ ကားပေါ်ကိုတက်လိုက်ရတယ်။သူ့ကိုရှောင်ဖို့ ဘုရားကိုအစောကြိးထွက်လာခဲ့ပါတယ်ဆိုမှ သူကဘုရားအထိတောင်လိုက်လာခဲ့တာလား။ဒါမှမဟုတ် ဒီတစ်ခါရောလမ်းကြုံတာလား။ အချိန်က နေ့ခင်းတစ်နာရီကျော်ဆိုတော့ ကောင်းကင်ထက်မှာနေကချစ်ချစ်တောက်ပူနေခဲ့ပြီ။ဒီအချိန်ကြိး မြို့ထဲဘက်ကိုဘာကိစ္စနဲ့ရောက်လာတာလဲ ။တပေါင်းကိုများ တကူးတကလာရှာလေသလား။ကိုယ့်ဘက်ကိုယ့်ယက်တဲ့အတွေးတွေနဲ့ တပေါင်းရင်ထဲ သိမ့်ခနဲလှုပ်ရှားသွားမိတယ်။ " ခါးပတ်ပတ်ပေးမယ်နော် " ပြောပြောဆိုဆိုနဲ့ ကိုချမ်းက သူမနားကို တိုးကပ်လာပြီး ခါးပတ်ပတ်ကိုပတ်ပေးနေတာမို့ တပေါင်းမှာ အသက်မရှူရဲဘဲယောင်ယမ်းကာ အသက်ကိုအောင့်ထားလိုက်မိတယ်။ " တပေါင်း " ကိုချမ်းဆီက ခပ်တိုးတိုးခေါ်သံကြောင့် တပေါင်းမဝံ့မရဲနဲ့မော့ကြည့်လိုက်မိတယ်။ ဒီအခါ အေးစက်ရင့်ကျက်နေပြီးလို့ ထင်နေခဲ့မိတဲ့ ရင်ခုန်သံတွေက တဒိန်းဒိန်းလှုပ်ရှားကာနေခဲ့မိပြန်တယ်။ " တပေါင်းကိုပြောစရာရှိတယ်...စိတ်မကောင်းတော့မဖြစ်နဲ့နော် ..." စိတ်မကောင်းတော့မဖြစ်နဲ့နော်ဆိုတဲ့ စကားကြောင့် တပေါင်းရင်ထဲထိတ်ခနဲလှုပ်ရှားသွားကာ ကိုချမ်းကိုထိတ်ထိတ်လန့်လန့်နဲ့ မော့ကြည့်လိုက်မိတယ်။တပေါင်းအတွက် စိတ်မကောင်းစရာသတင်းတဲ့ ။ခုချိန်မှာတော့ တပေါင်းအတွက် ရင်နာစေမဲ့သတင်းက သိပ်များများစားစားမရှိတော့ဘူးလေ။အဲ့ဒီသတင်းကလဲ ကိုချမ်းနဲ့ပတ်သက်တဲ့သတင်းပဲရှိတာပါ။ကျန်တဲ့ကိစ္စတွေကိုတော့ တပေါင်းရင်ထဲမှာ ပူပန်စရာရယ်လို့လဲ မရှိတော့ပါဘူးလေ။ " ပြောရမှာတော့ ..စိတ်မကောင်းစရာပဲပေါ့ ....ဒါပေမဲ့လဲ ကံစီမံရာပေါ့လေ " " ဘာ ..ဘာအကြောင်းလဲဟင် ကိုချမ်း " ကိုချမ်းက လူကြီးတစ်ယောက်လိုလေသံနဲ့ပြောလာတော့ တပေါင်းရင်ထဲ ပိုပြီးစိုးထိတ်သွားမိပြီး ကိုချမ်းကိုမော့ကြည့်ပြီး အထစ်ထစ်အငေါ့နဲ့ မေးလိုက်မိတယ်။ တပေါင်းရဲ့အမေးကြောင့် ကိုချမ်းသက်ပြင်းမောကိုလေးလေးပင်ပင်နဲ့ချလိုက်မိပြီးမှ စိတ်မောစွာနဲ့ပြန်ဖြေလိုက်မိတယ်။ " တပေါင်းတို့အိမ်မှာ မီးလောင်မှုဖြစ်လို့တဲ့ ..ရက်လည်ပြီးတော့ ဧည့်သည်တွေပြန်ချိန်လောက်မှဖြစ်တာတဲ့... တပေါင်းတို့အိမ်ကတော့အကုန်ပါသွားတယ်တဲ့.....ခေါင်းရင်းဘက်အိမ်ကတော့တစ်ခြမ်းပါသွားတယ်တဲ့ " " ဪ..." ကိုချမ်းဆီက ကြားလိုက်ရတဲ့စကားကြောင့် တပေါင်းရင်ထဲမှာ အံ့ဩခြင်းမှအပ ဝမ်းနည်းခြင်းဝမ်းသာခြင်းကို စိုးစဉ်းမျှမခံစားရတော့ပါလေ။ " တပေါင်း သွားကြည့်ချင်လား ..သွားချင်တယ်ဆို ကိုယ်လိုက်ပို့ပေးမယ် " ကိုချမ်းရဲ့အမေးကြောင့် တပေါင်း ခေါင်းကိုခါယမ်းလိုက်မိတယ်။ " ဟင့်အင်း ..မသွားတော့ပါဘူးကိုချမ်း....ကိုယ်နဲ့လဲ မဆိုင်တော့ပါဘူး..အဲ့ဒီရပ်ကွက်ကို ဘယ်တော့မှ မသွားတော့ဘူး ..သွားစရာလဲ အကြောင်းမရှိတော့ပါဘူး " တပေါင်းပြောပြီးတာနဲ့ မျက်လုံးကိုမှိတ်ထားလိုက်တယ်။ " အဲ့ဒါဆို ..ကိုယ်တို့သင်တန်းကိုပဲပြန်ကြမယ်နော် " "ဟုတ်ကဲ့ " ကိုချမ်းရဲ့အမေးကို တပေါင်းခပ်တိုးတိုးပြန်ဖြေလိုက်ရင်း ခေါင်းငြိမ့်ပြလိုက်တယ်။ ~~~~~~~~ " တပေါင်းရိုက်ရမဲ့ စာဖောင်တွေပြီးသွားပြီနော်မနွေး ... " " အကုန်ပြီးပြီလား ...မြန်လိုက်တာတပေါင်းရယ် ..ညကအိပ်ရော အိပ်ရဲ့လားကွယ် " " ဟုတ်ကဲ့ အိပ်ပါတယ်မနွေးရယ် .... မနက်စောစောထလုပ်လိုက်တာ "

" ဟုတ်ကဲ့ ကိုချမ်း...ဘယ်ဆေးရုံလဲပဲပြောလိုက်ပါ..တပေါင်းတစ်ယောက်တည်းပဲ သွားလိုက်ပါ့မယ်...ပြီးတော့ တပေါင်းကဆေးရုံမှာ လူနာစောင့်မှာမို့ သင်တန်းကိုပြန်မလာသေးဘူးနော် " တပေါင်းက ကျောပိုးအိတ်ကို ပခုံးမှာလွယ်လိုက်ရင်က ပြောလိုက်တယ်။တပေါင်းရဲ့ ဖြူဖျော့အေးစက်နေတဲ့ မျက်နှာလေးကိုကြည့်ပြီး ကိုချမ်းသက်ပြင်းချလိုက်မိတယ်။ပြီးတော့မှ တပေါင်းလက်ထဲက အိတ်ကိုသွားဆွဲယူလိုက်ပြီး ခုံပေါ်ပြန်တင်ထားလိုက်တယ်။ " ကိုယ်လိုက်ပို့ပေးမယ် တပေါင်း...အိတ်ထားခဲ့လိုက်အုံး..ကျေးဇူးပြုပြီး ကိုယ်ပြောတာက်ို နားထောင်ပေးပါ တပေါင်းရယ်နော်... ကိုယ်ပြောခဲ့တယ်မဟုတ်လား ... ပန်းပျိုးလက်ရဲ့အဖွဲ့ဝင်တစ်ယောက် ဖြစ်သွားပြီဆိုကတည်းက တစ်ယောက်တည်း လုပ်ချင်ရာလုပ်လို့မရဘူးလို့ ပြောခဲ့ပြီးသားလေ...ကိုယ်ပြောတာကို နားထောင်ပေးပါအုံး " ကိုချမ်းက တပေါင်းကိုတောင်းပန်သလိုပြောလာတာမို့ တပေါင်းခေါင်းကိုငုံ့ထားလိုက်မိတယ်။လူတိုင်းအပေါ်မှာ ကြင်နာတတ်တဲ့ ကိုချမ်းရဲ့ကြင်နာနွေးထွေးတတ်တဲ့စိတ်ရင်းကို မသာယာမိအေင် တပေါင်းကိုယ့်ကိုယ်ကိုဆုံးမလိုက်တယ်။ " တပေါင်း တောင်းပန်ပါတယ်ကိုချမ်း..တပေါင်းတစ်ယောက်တည်း သွားခွင့်ပြုပါနော် " " တပေါင်း ..မင်းဘာလို့ အဲ့ဒီလောက် တဇွတ်ထိုးဆန်နေရတာလဲ..ကိုယ်ပြောတာကို နားမထောင်ဘူးလား....ကိုယ်တောင်းပန်နေတာလေကွာ..ဘာမှထပ်မပြောနဲ့တော့ အတူတူသွားကြမယ် " လေသံနည်းနည်းတင်းမာသွားတဲ့ ကိုချမ်းရဲ့အသံကြောင့် တပေါင်းမျက်လွှာကိုချကာငြိမ်သက်နေမိတယ်။ဖြစ်နိုင်ရင် ကိုချမ်းနဲ့ဝေးအောင်ဝေးဝေးရှောင်ချင်မိတာပါ။ကိုချမ်းက သူမဘေးနားမှာ လိုက်ပါလာမယ်ဆိုတော့လဲ တပေါင်းအရမ်းကိုပျော်မိသလို အားအင်တွေပြည့်နေသလိုလဲ ခံစားရပါတယ်။ဒါပေမဲ့လဲ ဒါကို ထင်ယောင်ထင်မှားဖြစ်ပြီးတော့ နောက်ထပ်မမျှော်လင့်ချင်တော့ဘူး။ ~~~~~~~~~~~~ ကားက ဆေးရုံရဲ့ရှေ့မျက်နှာစာကပဲမဝင်ဘဲ နောက်ပေါက်ကဝင်လာတာမို့ ကိုချမ်းကိုဖျတ်ခနဲ တပေါင်းကြည့်လိုက်မိတယ်။ကိုချမ်းကလဲ တပေါင်းကို ငဲ့စောင်းကြည့်လာပြီး သက်ပြင်းချလိုက်တာကိုတွေ့လိုက်ရတယ်။ပြီးတော့ ကားကိုပါကင်ထိုးလိုက်ပြီးတော့ ကားပေါ်ကမဆင်းသေးဘဲ ကားပေါ်မှာဆက်ထိုင်နေခဲ့တယ်။ " ဆင်းမယ်လေ ကိုချမ်း ' တပေါင်းခပ်တိုးတိုးပြောလိုက်မိတဲ့အခါ ကိုချမ်းက တပေါင်းရဲ့လက်ဖဝါးတစ်ဖက်ကို ဆွဲယူလိုက်တယ်။ " တပေါင်း ...ကိုယ်ပြောမယ်..စိတ်ကိုမလွှတ်လိုက်နဲ့နော်..တပေါင်းလဲတာဝန်ကျေခဲ့ပါတယ်ကွာ..ကိုယ်တို့လဲ ကြိုးစားခဲ့ပါတယ် " ကိုချမ်းရဲ့ထူးထူးဆန်းဆန်းစကားကြောင့် တပေါင်းမျက်လုံးလေးပြူးကာကိုချမ်းကိုကြည့်နေမိတယ်။ " ဘာ..ဘာပြောတာလဲ ကိုချမ်း.....ဘာကိုပြောတာလဲဟင် " တပေါင်းနားမလည်နိုင်ဘဲ ထပ်မေးလိုက်တော့ ကိုချမ်းက တပေါက်းရဲ့လက်ကို လွှတ်မပေးဘဲ တင်းတင်းဆုပ်ကိုင်ထားပြီးတော့မှ ခပ်တိုးတိုးဖြေလာခဲ့တယ် ။ " တပေါင်းရဲ့ အဖေ ..မနေ့ညက ဆုံးသွားခဲ့ပါပြီ....ဆေးရုံကိုခေါ်လာကတည်းကအသက်မပါလာတော့ဘူးတဲ့ " " ရှင် " တပေါင်းမယုံကြည်နိုင်စွာနဲ့ ကိုချမ်းကိုမော့ကြည့်လိုက်မိပြီးတော့ " ဘာ...ဘာလို့ဆုံးတာလဲ ..တပေါင်းတို့ ရန်ဖြစ်လို့် လန့်ပြီးဖြစ်သွားတာလား " တပေါင်း အထိတ်တလန့်နဲ့မေးလိုက်မိတယ်။ " ဟာ..မ..မဟုတ်ပါဘူး တပေါင်းရယ်....လေဝင်လေထွက်မရှိတဲ့အခန်းထဲမှာ ကြာရှည်နေခဲ့တာရယ်...အစာအဟာရမလုံလောက်တာတွေရယ်ကြောင့် ဆုံးသွားတာပါ ..ပြောရရင်ဆေးရုံရောက်နောက်ကျတာပေါ့ ..သူတို့တွေသာ ခပ်စောစောကတည်းက ဆေးရုံကိုပို့ခဲ့ရင် ဒီလိုဖြစ်မှာမဟုတ်ဘူး " " သူ...သူတို့မှာ ပိုက်ဆံမရှီဘူးလို့်ပြောတယ်...ပထမတစ်ခေါက်လာကတည်းက ..တပေါင်းသာပိုက်ဆံပေးလိုက်ရင် " တပေါင်းပြောရင်းမှ အသံက ဆို့နင့်တိမ်ဝင်ကာ ခေါင်းကိုငုံ့ချလိုက်မိတယ်။ " မဟုတ်ဘူး တပေါင်း ...ဒါကတပေါင်းအပြစ်မဟုတ်ဘူးနော် ...သူတို့ တပေါင်းကိုလာတွေ့တုန်းက...ကိုယ်လေ သူတို့ကိုပိုက်ဆံပေးလိုက်ပါတယ်...ပေးလိုက်တဲ့ပိုက်ဆံက ဆေးရုံစရိတ်အတွက် လုံလောက်ပါတယ် " " ရှင် " " ဟုတ်တယ်...တ‌ပေါင်းစိတ်ဆိုးမှာကြောက်လို့ မပြောပြခဲ့တာပါ....အားလုံးကကံစီမံရာအတိုင်းဖြစ်နေတာပါကွာ..ကိုယ့်ကိုယ်ကို အပြစ်မတင်ပါနဲ့...ကိုယ့်စိတ်ကိုထိန်းနော် " ပြောရင်းနဲ့တပေါင်းလက်ကိုဆွဲလိုက်ပြီး ကားပေါ်ကနေ ကိုချမ်းဆင်းလိုက်တယ်။ ~~~~~~~~~~~ မီးခိုးခေါင်းတိုင်ကနေထွက်လာတဲ့ မီးခိုးငွေ့တွေကို တပေါင်းငေးမောကြည့်နေမိတယ်။လူ့ဘဝဆိုတာက တကယ်တမ်းစဉ်းစားကြည့်လိုက်မယ်ဆိုရင် သက်တမ်းကတိုတိုလေးမှ တကယ့်ကိုတိုတိုလေးပါ။လူတွေက အသက်အရွယ်ကန့်သက်ချက်မရှိဘဲ သံသရာခရီးကို အချိန်မရွေးထွက်ခွါသွားရတတ်တယ်။အသက်ငယ်သူ၊အသက်ကြီးသူမခွဲခြားဘဲ ရုတ်တရက်လဲ ထွက်ခွါသွားရတတ်တယ်မဟုတ်ပါလား ။ ~~~~~~~~~~

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၃၁) akyiphyu ********* '' ကို ...ကိုချမ်း " ရုတ်တရက် ကိုချမ်းကို တွေ့မြင်လိုက်ရတဲ့အချိန်မှာ လူကရှက်ခြင်း၊ ဝမ်းနည်းခြင်း၊ သိမ်ငယ်ခြင်းစတဲ့ ခံစားချက်ပေါင်းများစွာနဲ့ တပေါင်းသတိ ကင်းမဲ့သူလိုဖြစ်သွားမိတယ်။ ကိုချမ်းရဲ့ မျက်နှာကို မျက်လုံးပြူးကြီးတွေနဲ့သာငေးကြည့်နေမိတယ်။ " တပေါင်း သတိထားလေ...အသက်ရှုလေ .. တောင့်မထားနဲ့ " ကိုချမ်းရဲ့ စိုးရိမ်တကြီး ပြောနေသံကို ကြားနေရပေမဲ့ တပေါင်းရှေ့က မြင်ကွင်းက တဖြည်းဖြည်းမှေးမှိန်ပျောက်ကွယ်လာခဲ့တယ်။ " တပေါင်း " ကိုချမ်းရဲ့ ခေါ် သံတိုးတိုးကို ခပ်သဲ့သဲ့ကြားလိုက်ရပြီးနောက်မှာတော့ လောကကြီးတစ်ခုလုံးက မှောင်အတိကျသွားခဲ့တော့တယ်။ ~~~~~ ဖျတ်ခနဲသတိဝင်လာချိန်မှာ တပေါင်းထိတ်ထိတ်ပျာပျာနဲ့ထထိုင်လိုက်မိတယ်။ " တပေါင်းမထနဲ့လေ....ပြန်လှဲနေလိုက်အုံး...အဆောင်မှာပြန်ရောက်နေပြီ ဘာမှစိတ်မပူနဲ့တော့နော် ... တပေါင်းရဲ့အဖေကိုလဲ ..ဆေးရုံတင်ပေးဖို့ စီစဉ်နေပြီ .... တပေါင်းကို ဆရာဝန်ကြီးဆေးလာထိုးပေးထားလို့ ...ဒီညတော့ အိပ်ရေး၀အောင် အိပ်လိုက်တော့ ..မနက်ကျမှ ကိုယ်နဲ့အတူ ဆေးရုံသွားမယ်လေ " ကိုချမ်းက တပေါင်းကို အိပ်ရာပေါ်ပြန်လှဲစေလိုက်ပြီး နဖူးပြင်လေးကို ခပ်ဖွဖွစမ်းကာ ပြန်အိပ်ခိုင်းလိုက်တယ်။ ကိုချမ်းဆီက နွေးထွေးတဲ့ အကြင်နာတွေကြောင့် တပေါင်းမျက်လုံးလေးမှိတ်ကာ ငြိမ်သက်နေမိတယ်။ရင်ထဲမှာတော့ လှိုက်ဆို့ကာ နေခဲ့တယ်။ထိန်းထားတဲ့ကြားက မျက်ရည်စတွေက မျက်လုံးအိမ်ပေါ် စို့တက်လာတာမို့ တပေါင်းကိုယ်လေးကို တစ်ဖက်ကို စောင်းလှည့်လိုက်တယ်။ ~~~~ " တပေါင်းကိုကြည့်ပေးထားပါအုံးနော် မနွေး.....ကျွန်တော်ဆေးရုံကိစ္စလုပ်ပေးလိုက်အုံးမယ် .....လူမမာက အခြေအနေသိပ်မကောင်းဘူးလို့ ပြောတယ်မနွေးရယ် " " ဟုတ်လား .. စိတ်မကောင်းစရာပဲ....စိတ်ချသွားပါကိုချမ်းရယ် ... တပေါင်းအတွက်စိတ်မပူပါနဲ့ " " ဟုတ်ကဲ့ ..ဒါဆို ..ကျွန်တော် လိုက်သွားကြည့်လိုက်အုံးမယ်နော် မနွေး " လိုအပ်တာတွေ မနွေးကိုမှာပြီးတာနဲ့ ဆေးရုံကိုလိုက်သွားဖို့ကိုချမ်းထွက်ခဲ့လိုက်တယ်။ ~~~~~~ မျက်နှာချင်းဆိုင်မှာထိုင်နေတဲ့ မိခင်ဖြစ်သူရဲ့မျက်နှာကို ဖိုးဇင် သေချာစူးစိုက်ကြည့်နေမိတယ်။ " ကျွန်တော်ပြောတာကို ဘာမှဝင်မပြောဘဲနားထောင်ပါ အမေ...တပေါင်းက ကျွန်တော့်ဆီကနေ ... ငွေတစ်ကျပ်တောင် အကူအညီမတောင်းခဲ့ဖူးပါဘူး...ကျွန်တော်သူများနိုင်ငံမှာ... ပင်ပင်ပန်းပန်းသွားရှာထားတဲ့ငွေတွေကို ..ဘယ်မိန်းကလေးကိုမှလဲ မပေးခဲ့ဖူးပါဘူး..အားလုံးကို အမေတို့ပဲ ယူခဲ့သုံးခဲ့တာပါ ...ကျွန်တော်က ခေါက်ဆွဲပြုတ်ပဲစားပြီး အစားကိုချွေတာပြီးပိုက်ဆံရှာနေချိန်မှာ ...အမေတို့က ဆိုင်ကယ်ဝယ်တယ်... တီဗီတွေ ဝယ်တယ်.....အိမ်တွေဆောက်တယ်...ဈေးကြီးပေ့ဆိုတဲ့ အဝတ်အစားအသုံးအဆောင်တွေဝယ်တယ်...သားဖြစ်သူကထမင်းငတ်နေချိန်မှာ ..အမေတို့က ငွေတွေတောင်းပြီး ..အပြိုင်အဆိုင်အလှူတွေလုပ်တယ်...ဒါနဲ့ မကျေနပ်သေးလို့ လောင်းကစားတွေလဲ လုပ်တယ်...ဖြစ်နိုင်ရင် အမေတို့က ...ကျွန်တော့်ကို သူများနိုင်ငံမှာ တစ်သက်လုံးကျွန်အဖြစ်နေစေချင်တာ မဟုတ်လား ..ပြီးတော့....အခု ကျွန်တော့်မှာငွေတွေသိန်းချီပြီးရှိတယ်ထင်နေတာလား...ကျွန်တော့်မှာ ပိုင်ဆိုင်တာဆိုလို့ အဝတ်အစားသစ်သုံးစုံပဲရှိတယ်...အမေတို့တွေ ကျွန်တော့်အပေါ်မှာ... ငယ်ငယ်တုန်းကလဲ တိရစ္ဆာန်တစ်ကောင်လိုပဲ သဘောထားခဲ့ကြတာမဟုတ်လား ...မိဘကျေးဇူးဆိုတာ ဘာလဲ..စိတ်ချပါ...အဲ့ဒီကျေးဇူးကို အဝေးကနေဆပ်ပေးပါ့မယ်...အချိန်တန်ရင် ငွေပို့ပေးလိုက်မှာမို့ ...ကျွန်တော့်ကို လုံးဝမဆက်သွယ်ပါနဲ့ အမေ...အငယ်လေးတွေကိုလဲ ဒုက္ခမပေးပါနဲ့ ....သားသမီးတွေမွေးပြီးရင် မချစ်တတ်ရင်နေပါ ....ထမင်းတစ်လုတ်တု*တ်တစ်ချက်နဲ့ တိရစ္တာန်တွေလိုမ ဆက်ဆံပါနဲ့ ... .အသားနာတာထက်အသည်းနာတာကပိုပြီး နာကျင်ရပါတယ်... အသက်တွေလဲကြီးနေပြီမို့ အတ္တတွေလျှော့ပြီး သားသမီးတွေအပေါ် ရော...တခြားသူတွေအပေါ်မှာပါ မေတ္တာထားကြည့်ပါ...သားသမီးပဲဖြစ်ဖြစ် မေတ္တာပေးမှမေတ္တာပြန်ရမှာပါ...ဒီလိုပုံစံမျိုးနဲ့ပဲ ရှေ့ဆက်သွားနေမယ်ဆိုရင် ကလေးတွေကိုလဲ ငရဲပေးရာရောက်ပါလိမ့်မယ် " " ဘာ..နင်ဘာပြောလိုက်တယ် ဖိုးဇင် ... နင့်ကိုငါမွေးထုတ်ထားတာပါဟဲ့ ...မိန်းမတစ်ယောက်ကြောင့်များ မိဘကိုစော်ကားတဲ့ စကားတွေပြောရလားဟဲ့ အကောင်ရဲ့ " ဒေါ်အေးလှိုင်က မကျေမနပ်နဲ့အော်ဟစ်လိုက်တယ်။ဖိုးဇင် ဘာမှရှင်းပြမနေတော့ဘဲ ထွက်လာခဲ့လိုက်တယ်။ထွက်လာရင်းနဲ့ တပေါင်းပြောခဲ့တဲ့ ပြင်မရတဲ့ဗီဇနဲ့စရိုက်အဆင့်အတန်းဆိုတဲ့စကားလုံးတွေအကြောင်းကိုတွေးမိပြီး ဖိုးဇင်နာနာကျင်ကျင်နဲ့ ပြုံးလိုက်မိတယ်။ ~~~~~~~ " တပေါင်း ..နိုးနေပြီလား ..ဝင်လာခဲ့မယ်နော် " အသံနဲ့အတူ အခန်းထဲဝင်လာသူက ကိုချမ်း။ " နေလို့ကောင်းလား...သက်သာလား တပေါင်း...ဆေးရုံသွားရအောင်လေ "

မုဆိုးဖိုးတောင်မရှောင်ဘဲ ချူစားတဲ့အတန်းအစားမဟုတ်ဘူး ..ကိုယ့်ခွန်ကိုယ့်အားနဲ့ ရှာစားခဲ့တာ " " တော်စမ်းပါအေ...မအေးလှိုင်သားဆီက ညည်းချူစားခဲ့တယ်မဟုတ်လား ...မအေးလှိုင်က သူ့သားနဲ့သဘောမတူဘူးလို့..တစ်ရပ်ကွက်လုံးကိုလိုက် ပြောနေတာဟဲ့ သိရဲ့လား ..ညည်းအစားငါတို့ရှက်တယ် " " ဘာ ..ဘာပြောတယ် ....ကျွန်မက သူ့သားဆီကချူစားတယ်ပေါ့ ဟုတ်လား ....ဘာလဲ ...အဲ့ဒီမိန်းမကြီးရူးနေတာလား " ကြားလိုက်ရတဲ့ စကားတွေကြောင့် တပေါင်းရဲ့ဒေါသတွေ ဘယ်လိုမှ ထိန်းချုပ်လို့မရချင်တော့။ဒေါ်အေးလှိုင်နဲ့ ဒေါ်သိန်းနုတို့လို လူမျိုးတွေဆီမှာ အမှန်တရားဆိုတာမရှိဘူး။ သူတို့က သူတို့ထင်ရာကိုပဲ အမှန်လို့ ယူဆတဲ့သူတွေ ။ " အဲ့ဒီမိန်းမကြီး ဘယ်မှာလဲ..အခုချက်ချင်းရှင်းမယ် " " ဟဲ့ တပေါင်း ....ငါ ဒီမှာရှိတယ် ....ညည်းကဘာဗြောင်ငြင်းချင်သေးလို့လဲ ...အေးလှိုင်ကို ငတုံးမများမှတ်နေလား ...ငါ့သားမလေးရှားစသွားကတည်းက ..ညည်းဘက်က ဆက်သွယ်ပြီး ငွေတောင်းနေတာမဟုတ်လား ...ငါ့သားက ဒီနေ့ပြန်ရောက်တယ်ဆိုတာနဲ့ ..နောက်နေ့ ညည်းကို လာတွေ့တာမဟုတ်လား ...လူကသာ ခြေမသန်တာ ..မျက်နှာလေးနဲ့တော့လုပ်စားတတ်သားပဲ ..ညည်းလိုဟာမကို ...ငါ့သားနဲ့ သဘောမတူဘူး သိရဲ့လား ...ညည်းက ပရဟိတအအသင်းဆိုပြီးယောကျာ်းတရုံးရုံးနဲ့ နေနေတာလေ ..ငါ့သားကိုတော့ လှည်းကျိုးလာမထမ်းခိုင်းနဲ့ ...ညည်းကို ဟိုအရင်ကတည်းက ကြည့်လို့မရတာ သိရဲ့လား " ဒေါ်အေးလှိုင်ရဲ့စကားတွေက အဆင်အခြင်မဲ့ အဆင့်အတန်းမဲ့လွန်းလှတယ်။ကြားလိုက်ရတဲ့ စကားတွေကြောင့် တပေါင်းတစ်ကိုယ်လုံးနတ်ပူးသလို တဆတ်ဆတ်တုန်ယင်လာတယ်။ဒေါ်အေးလှိုင်ရဲ့ မျက်နှာကို တပေါင်းလက်ညှိုးငေါက်ငေါက်ထိုးလိုက်ပြီး "ဒေါ်အေးလှိုင်က ... လူသာအသက်ကြီးလာတယ် ..အသိဉာဏ်က တိုးမလာဘူး ...ကျွန်မက စားစရာမရှိရင်..လမ်းဘေးမှာ တောင်းစားလိုက်မယ် .. ဒေါ်အေးလှိုင်သားဆီက ငွေတစ်ကျပ်တောင် မယူဘူး ..ဘာလို့လဲသိလား ... အဒေါ်တို့နဲ့ ပတ်သက်ရမှာကို ရွံလွန်းလို့... မယူတာသိရဲ့လား .. ကိုယ့်သားသမီးကိုလဲ မေးကြည့်အုံး... အဒေါ့်သားကိုယ်က ရွှေထွက်နေရင်းတောင် ..ကျွန်မက စိတ်မဝင်စားဘူး ...ဘာလို့လဲဆိုတော့ အဒေါ်တို့လိုအဆင့်မရှိတဲ့သူတွေနဲ့ အမျိုးမတော်နိုင်လို့ " " ဘာ ..ညည်းကများ ဘာပြောလိုက်တယ်...ကောင်မလူပါးဝလို့ " ဒေါ်အေးလှိုင်က ဆဲဆိုရင်း တပေါင်းဆီကို ပြေးဝင်သွားတယ် ။တပေါင်းကလဲ တု*တ်တစ်ချောင်းကို ခပ်မြန်မြန်ကောက်ယူလိုက်တယ်။ ဒီမြင်ကွင်းကို အများနဲ့အတူ ငေးကြောင်ကြည့်နေမိသူက ဖိုးဇင်ပါ။ မနွေးဖုန်းဆက်တာကြောင့် ရပ်ကွက်ထဲအမြန်လိုက်လာခဲ့တာ။ ဒီရောက်တော့ မိခင်ဖြစ်သူနဲ့ ချစ်ရသူတို့ရဲ့ရန်ပွဲနဲ့ တန်းတိုးတာ။ သူတို့နှစ်ယောက်ရန်ပွဲကို ကြည့်ရင်း ဖိုးဇင်ကြက်သေသေနေခဲ့မိတာ။ '' ဟာ ..ဘာရပ်ကြည့်နေတာလဲ ကိုဇင်ဖြိုးပိုင် .. ဝင်ဆွဲလေဗျာ " အသံနဲ့အတူ ဖိုးဇင်ကို တွန်းတိုက်ပြီးတော့ လူတစ်ယောက်ပြေးဝင်သွားတော့မှ ဖိုးဇင် သတိပြန်ဝင်လာခဲ့မိတယ်။ တု***တ်ကို ကိုင်ထားရင်း အသင့်ပြင်ထားတဲ့ တပေါင်း။ဒေါ်အေးလှိုင် အကြောင်းကို ကောင်းကောင်း သိနေသူမို့ မိုက်မိုက်ရိုင်းရိုင်းပဲ ရင်ဆိုင်ဖို့ ဆုံးဖြတ်လိုက်တယ်။ "တပေါင်း ..တပါင်းတော်တော့ ...သတိထားလေ ..." ဒေါ်အေးလှိုင်က ပြေးအလာ ။တပေါင်းကလဲ လက်ကိုမြှောက်ဖို့ရွယ်လိုက်ချိန်မှာပဲ စိုးရိမ်တကြီး တားမြစ်သံနဲ့အတူ နောက်ကနေတပေါင်းကို အတင်းဆွဲယူလိုက်တာကို သိလိုက်ရတယ်။ " လွှတ် ..လွှတ်..ခုချက်ချင်းလွှတ် ... အဆင့်မရှိတဲ့ဟာတွေ " တပေါင်း ဒေါသတကြီး ပြောရင်းနဲ့ အတင်းရုန်းကန်အော်ဟစ်ပစ်လိုက်တယ်။တပေါင်းရုန်းကန်နေတဲ့ကြားက ဝင်ဆွဲတဲ့သူကလဲ တပေါင်း ကိုယ်လေးကို အတင်းဆွဲယူခေါ် ငင်သွားခဲ့တယ်။ " လွှတ် ..လွှတ်လို့ပြောနေတယ် .. အခုချက်ချင်း လွှတ်ပေးစမ်း " " ဘုံး ..ဘုံး " ဆွဲခေါ်လာသူကို တပေါင်း အတင်းထုရို*က်ပစ်လိုက်တယ်။ဒီလိုထုရို*က်နေတဲ့ကြားက သူက ကားတံခါးကိုဖွင့်ပြီး ကားထဲကိုတွန်းထည့်ပေးလိုက်တယ်။တပေါင့် ထိုသူ့မျက်နှာကို ရို-က်ချဖို့ရန်လက်ကို မြှောက်လိုက်ချိန်မှာပဲ သူ့မျက်နှာကို မြင်တွေ့လိုက်ရပြီး လူကကြက်သေသေသွားမိတယ်။ ================================= အပိုင်း (၃၁)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁

" ဟို..ဟို...အဲ့ဒါတွေ ညီမလေးမသိဘူးမမ " ကောင်မလေးက ပြောပြောဆိုဆိုနဲ့ တပေါင်းကိုတွန်းတိုက်ပြီး ပြေးထွက်သွားခဲ့တယ်။အခန်းထဲမှာ တပေါင်းနဲ့အဖေရယ် နှစ်ယောက်တည်းပဲ ကျန်ခဲ့တယ်။အခန်းထဲကို တပေါင်းဝင်လိုက်တယ်။အမြဲတမ်းကျော့ကော့အောင်နေခဲ့တဲ့အဖေ။သူ့အင်္ကျီတွေကို တပေါင်းမိးပူတိုက်ပေးတိုင်း ခေါက်ရာထင်တယ်ဆိုပြီးမကျေမနပ်နဲ့ ခါးပတ်နဲ့ရို/က်ခဲ့တဲ့အဖေ။အဖေ့နဲ့ မိထွေးတို့ရဲ့အင်္ကျီအစဖိနပ်အဆုံး တပေါင်းကပဲ သန့်ပြန်ကော့ကျော့နေအောင် လုပ်ပေးခဲ့တာပါ။ အမြဲလိုလို စတိုင်ပန်ဘောင်းဘီရှည်နဲ့တီရှပ်အမျိုးမျိုးနဲ့ သန့်သန့်ပြန့်ပြန့်နေခဲ့တဲ့ အဖေကအခုတော့လဲ မယုံနိုင်စရာကောင်းလောက်အောင် ပေရေစုတ်ပြတ်လို့ လူရုပ်မပေါ်အောင်ဖြစ်နေခဲ့တယ်။ခန္ဓကိုယ်ပေါ်မှာဝတ်ဆင်ထားတဲ့ ဘောင်းဘီတိုပွယောင်းယောင်းနဲ့စွပ်ကျယ်ကလဲ အရောင်မပေါ်တော့တဲ့အပြင် စုတ်ပြဲရာတွေနဲ့ပြည့်လို့ ။တစ်ကိုယ်လုံးမှာလဲ ခြင်ကိုက်ဖုတွေနဲ့ဝဲတွေကအပြည့် ။ကြည့်ရင်းနဲ့ တပေါင်းရင်ထဲတင်းကျပ်ပြီး ဆို့နင့်လာခဲ့တယ်။အိပ်ရာဘေးမှာ တပေါင်းအသာထိုင်ချလိုက်တဲ့အခါ အရောင်မွဲမွဲမျက်လုံးတွေနဲ့မော့ကြည့်လာခဲ့တယ်။ " ဘယ်..ဘယ်သူလဲ " မေးသံက တုန်ရီဖျော့တော့လို့။အမြင်တွေရောကြည်ကြည်လင်လင်မှ ရှိပါရဲ့လားမသိတော့။ "တ...တပေါင်းပါ...ဆေး..ဆေးရုံသွားပြရအောင် " အသံကိုမတုန်အောင် ထိန်ပြီးပြောလိုက်ပေမဲ့ တပေါင်းရဲ့အသံတွေတုန်ရီဆို့နင့်ကာနေခဲ့တယ်။မျက်ရည်မကျမိအောင်ထိန်းရင်း အခန်းပြင်ကိုထွက်ခဲ့လိုက်တယ်။အခန်းပြင်ကိုရောက်တော့ တစ်မနက်လုံးပိတ်ထားခဲ့တဲ့ဖုန်းကို ဖွင့်လိုက်တယ်။ဆေးရုံတင်ဖို့အတွက် ဘယ်သူ့ဆီကမှအကူအညီမတောင်းချင်။ဒါကြောင့်လဲ လူနာတင်ကားကိုပဲဖုန်းဆက်ခေါ်ဖို့ပြင်လိုက်တယ်။ကိုယ်ပိုင်ဆိုင်လေးတစ်ဆိုင်တည်နိုင်ဖို့အတွက် နှစ်ရှည်လများစုထားခဲ့တဲ့ ငွေတွေကိုပဲ သုံးပစ်ဖို့အတွက် တပေါင်းဆုံးဖြတ်ချက်ချလိုက်တယ်။ " တပေါင်း ...ညည်းကကြီးကြီးကျယ်ကျယ်နဲ့ဘာစကားတွေမေးလိုက်တာလဲ...ခြံရောင်းတဲ့ပိုက်ဆံတွေက ဘယ်မှာလဲလို့မေးတယ်ဆိုဟုတ်လား...နင့်အဖေဖြစ်နေတာ... နှစ်နှစ်ပြည့်တော့မယ်ဟဲ့သိလား..ခြံရောင်းတဲ့ပိုက်ဆံက ဘယ်လောက်များနေလို့် ...နင်ကလာမေးနေရတာလဲ ..." တပေါင်းဖုန်းဆက်ဖို့ ပြင်နေချိန်မှာပဲ ဒေါ်သိန်းနုက ဒေါကြီးမောကြီးနဲ့ရောက်ချလာပြီး ဆဲဆိုရန်တွေ့တော့တယ်။တပေါင်းလဲဖုန်းဆက်ဖို့ ပြင်နေတာကိုပြန်ချလိုက်ပြီး ဒေါ်သိန်းနုကို ရင်ဆိုင်ကြည့်လိုက်တယ်။ " တစ်မိသားစုလုံးထိုင်စားပြီး...အသုံးအဖြုန်းကြီးနေရင်တော့ ...ငွေဘယ်လောက်များများကုန်မှာပဲပေါ့...ပြောတော့ လူမမာကထိုင်စားလို့ကုန်တယ်ဆိုပြီး ...လူမမာကိုလဲသွားကြည့်ပါအုံး ...ကိုယ့်တစ်လှည့်စာတောင်မရှိတဲ့ အခန်းကျဉ်းလေးထဲမှာ ထားထားပြီး ...အလွယ်တကူစားဖို့သောက်ဖို့ မုန့်တစ်ထုပ်တောင်အနားမှာ မရှိဘူး... ဝတ်ထားတဲ့အဝတ်တွေကလဲ လက်နှီးစုတ်လောက်တောင်မှ မပြောင်ရောင် ဘူး...ဘာကိုလူမမာအတွက်သုံးတာလဲ ...လူမမာကိုအစားကောင်းကောင်းကောင်းမကျွေးနိုင်ရင်ထားပါရပါတယ်...အဝတ်အစားမဝယ်ပေးနိုင်ရင်လဲထားပါ ...ဒါပေမဲ့ ဒီလောက်ကျယ်တဲ့အိမ်မှာ အိမ်ထောင်ဦးစီးက နေစရာနေရာတောင်မရှိဘူးလား...သူ့အတွက်နေစရာက မိးဖိုချောင်အတက်အဆင်းနေရာတဲ့လား ပြောစမ်းပါအုံး ...ပြီးတော့ အခန်းတစ်ခုလုံးလဲပေရေ ရှုပ်ပွနေတာပဲ " " ဟဲ့ ...တပေါင်း ..နင်ကဘာတွေကြီးကြီးကျယ်ကျယ်ပြောနေတာလဲ ....နင်ကဘယ်နှစ်ပြားထောက်ပံ့ထားလို့ စကားကြီးစကားကျယ်တွေ လာပြောနေတာလဲ ...နင်ထွက်သွားတာ ဘယ်နှစ်နှစ်ရှိနေပြီးလဲ ..တစ်ခေါက်တလေအိမ်ပြန်လာဖူးလား ....မိဘကိုလာကြည့်ဖူးလားပြော...ရုပ်လေးဗန်းပြပြီး ...ပျော်ပါးအလေလိုက်နေတာမဟုတ်လား ... ငါတို့လဲ နိုင်သလောက်လုပ်ပေးနေတာပဲဟဲ့..ငါတို့မှာစားဖို့လဲရှာရသေးတယ် " ဒေါ်သိန်းနုရဲ့အောက်တန်းကျလှတဲ့စကားတွေကြောင့် တပေါင်းရင်ထဲကအုံခဲနေတဲ့ဒေါသအစိုင်အခဲတွေက ဝုန်ခနဲပေါက်ကွဲထွက်သွားခဲ့တော့တယ်။ " စကားကိုအဆင့်တန်းရှိရှိမပြောတတ်ဘူးလား...ကျွန်မကဒီအိမ်ပေါ်ကနေ... ကိုယ့်ဆန္ဒနဲ့ကိုယ်ဆင်းသွားခဲ့တာမဟုတ်ဘူးနော်...ဒေါ်သိန်းနုမောင်သူခိုးကြောင့်ဆင်းခဲ့ရတာလေ...မမှတ်မိဘူးလား..ပြောပြရအုံးမလား ...ကျွန်မအဖေက ဒေါ်သိန်းနုတို့တစ်မိသားစုလုံးကို နှစ်ရှည်လများ ရှာကျွေးခဲ့တာလေ....အခုနေမကောင်းတာ တစ်နှစ်ကျော်လေးကို လူရုပ်တောင်မပေါက်တော့ဘူး..မ‌ေသရုံတမယ်ကျွေးပြီးပစ်ထားတာမဟုတ်ဘူးလား...ခြံဘယ်တုန်းကရောင်းလိုက်တာလဲ....ဘယ်လောက်ရလိုက်လဲဆိုတာကို အခုချက်ချင်းစုံစမ်းလို့ရတယ်နော် ...အလုပ်လုပ်နိုင်တုန်းကတော့ တစ်မိသားစုလုံးထိုင်စာပြီး... နေမကောင်းတော့မှ ကျွန်မတာဝန်ပေါ့ဟုတ်လား..ရတယ်လေ.....ကျွန်မလဲသားသမီးဆိုတော့ပြုစုပေးရမှာပေါ့ ...ပြီးတော့ ဒီအိမ်ကကျွန်မအမေလက်ထက်ထဲကတည်းက အိမ်နော်..ဒီအိမ်ရဲ့အမွေတစ်စုကိုလဲ ကျွန်မဆိုင်တယ်...ဒါကြောင့်အခန်းတစ်ခန်းကို ခုချက်ချင်းရှင်းပေး...ကျွန်မပြောင်းလာခဲ့မယ် ...လိုအပ်ရင် ဒီခြံကိုဆယ်ပေရောင်းပြီး ...ကျွန်မအဖေကို ဆေးကုမယ်...ကျွန်မပြောတာတွေကိုတော့ လက်မခံနိုင်ဘူး...ဆေးဖိုးငွေပဲပေးလို့တော့ လာမတောင်းနဲ့...ငွေတစ်ပြားတောင်မပေဘူးမှတ်ထား ... ပြီးတော့ ထပ်ပြောလိုက်အုံးမယ် ....ကျွန်မကအဒေါ့်လိုမျိုး...

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၃၀) akyiphyu ********* တက္ကစီပေါ်က ဆင်းလိုက်တာနဲ့မြင်ကွင်းတွေက အရင်ကနဲ့ လုံးဝမတူဘဲ ပြောင်းလဲသွားတာကိုတွေ့လိုက်ရတယ်။အရင်ကခြံနဲ့ဝန်းနဲ့အိမ်တွေကလဲ ခြံရယ်လို့မရှိတော့ဘဲ ဆယ်ပေအိမ်လေးတွေပြွတ်သိပ်နေတာကိုတွေ့ရတယ်။အိမ်ခြေတွေပိုတိုးလာတယ်။ဈေးဆိုင်တွေ ပိုများလာတယ်။လေးငါးရှစ်နှစ်အတွင်းမှာအရာရာကပြောင်းလဲခဲ့ပြီး။ကားပေါ်ကဆင်းလိုက်တာနဲ့ အဖေ့အိမ်ရှိရာကိုတပါင်းဦးတည်ပြီသွားလိုက်တယ်။ " အို " မိမိနေခဲ့ဖူးတဲ့အိမ်လေးကိုမြင်လိုက်ရတော့ တပေါင်းရင်ထဲမှာဆို့သွားမိတယ်။အမေရှိစဉ်တုန်းက အမေနဲ့အတူနေခဲ့တဲ့အိမ်လေး။အိမ်လေးက ပေလေးဆယ်ခြောက်ဆယ်ခြံဝန်းကျယ်ထဲမှာတည်ရှိခဲ့တာ။အခုတော့လဲခြံထဲမှာ တိုက်ကြီးတစ်လုံးတည်ဆောက်ထားပြီး အိမ်လေးကမှေးမှိန်ပျောက်ကွယ်လုမတတ်ဖြစ်နေခဲ့တယ်။အဖေတို့တွေ တိုက်အိမ်များဆောက်ထားတာလား။တိုက်အိမ်ကြီးရှိရဲ့နဲ့ သူမဆီကငွေကို ဘာလို့်တောင်းနေရတာလဲလို့ တွေးလိုက်မိတယ်။အတွေးပေါင်းစုံကိုတွေးရင်းအိမ်ရှေ့မှာခပ်ကြောင်ကြောင်နဲ့ရပ်နေမိတယ်။အတော်လေးကြာတော့မှ အိမ်ပေါ်ကိုအကဲခတ်လိုက်ပြီးတပေါင်းလှမ်းတက်ခဲ့လိုက်တယ်။ " မစားချင်လဲ မစားနဲ့လေ....တစ်နေ့တစ်နေ့အဖေရစ်နေတာနဲ့ ..သမီးတို့လဲ အားချိန်ကိုမရဘူး...လူမမာလိုဟန်ဆောင်မနေနဲ့တော့ ...အမေလဲမအားဘူး...သမီးလဲမအားဘူး....အဖေက အိမ်မှာအလကားထိုင်စားပြီးရစ်နေတယ် " "ဒုန်း " ကြားလိုက်ရတဲ့ ရင့်ရင့်သီးသီးစကားသံတွေကြောင့် တပေါင်းကိုယ်လေးဆတ်ခနဲ တုန်သွားမိပြီး အသံကြားရာဆီကို အပြေးသွားလိုက်မိတယ်။ " သူများသားသမီးတွေများ ..တစ်နေ့တစ်နေ့လှလှပပဝတ်စားပြင်ဆင်ပြီး ..တက္ကသိုလ်တက်နေကြတာ..သမီးမှာတော့ ဖအေလူမမာကိုပြုစုပေးနေရတယ်....စားတာသောက်တာလေးတော့... ကိုယ့်ဘာသာလုပ်ပေါ့ ...သမီးတို့က အဖေ့ကျွန်တွေလား....တစ်နေ့တစ်နေ့အဖေ့အလုပ်တွေချည်းပဲ...အဲ့ဒါကြောင့် အမေကအိမ်ပြန်မလာချင်တာပေါ့..နည်းနည်းပါးပါးလဲ ကြိုးစားပြီးလှုပ်ရှားပါအုံးလား ...အဖေကိုယ်တိုင်အပျင်းထူနေလို့ကတော့ ..ရောဂါကဘယ်တော့မှပျောက်မှာမဟုတ်ဘူး..သမီးလဲစိတ်ညစ်လာပြီ ..အိမ်မှာမနေချင်တော့ဘူး...နေရတာစိတ်ပျက်လာပြီ " "ဒုန်း...ဒိုင်း " မိန်းမငယ်လေးရဲ့ဆူပူပြောဆိုသံနဲ့ ပစ္စည်းတွေကို ဆောင့်အောင့်ပြီးပစ်ပေါက်တဲ့အသံတွေက ပိုပြိးကျယ်လာခဲ့တယ်။အသံထွက်ပေါ်လာရာအခန်းက တပေါင်းငယ်ငယ်ကအိပ်ခဲ့တဲ့နေရာက ထွက်ပေါ်လာတာ။အနားရောက်တော့တွေ့လိုက်ရတာက တပေါင်းငယ်ငယ်ကအိပ်ခဲ့ရတဲ့ မီးဖိုချောင်အတက်အဆင်းထောင့်ကွေးကနေရာလေးကို အထပ်သားပြားနဲ့ကန့်ပြီးအခန်းလုပ်ပေးထားတာ။အသံက အဲ့ဒီအခန်းထဲကထွက်လာတာ။အခန်းဆိုပေမဲ့ရှည်ရှည်မျောမျောနဲ့ကျဉ်းမြောင်းလှတဲ့အခန်းလေး။နဂိုကမှ ခပ်မှောင်မှောင်ဖြစ်နေတဲ့ ဒီနေရာမှာ အခန်းဖွဲ့လိုက်တယ်ဆိုတော့ ကျဉ်းကျဉ်းမှောင်မှောင်အခန်းလေးပေါ့။တပေါင်းရင်ထဲ တလှပ်လှပ်တုန်ခါရင်း အခန်းတံခါးဝကနေရပ်ကြည့်လိုက်မိတယ်။တွေ့လိုက်ရတာက ငယ်ငယ်ချောချောကောင်မလေးတစ်ယောက်က အဖေ့ကိုရန်တွေ့နေတာ ။အဖေကအခန်းထဲက ဖျာစုတ်လေးပေါ်မှာခွေခွေလေးလှဲလို့။အခန်းတစ်ခုလုံးကလဲ ကြွက်သိုက်လိုရှုပ်ပွနေပြီး ညစ်ပတ်နံစော်နေခဲ့တယ်။အိပ်ရာပေါ်လှဲနေတဲ့ အဖေ့ပုံစံကလဲ အရိုးပေါ်အရည်တင်လို့် ပိန်လှီခြောက်ကပ်နေတယ်။တကယ်ဆိုအသက်ငါးဆယ်ကျော် ယောက်ျားတစ်ယောက်ဆိုတာ ဒီလောက်အခြေအနေအထိကိုဖြစ်စရာအကြောင်းမရှိဘူးလေ။ဘဝကို ရိုးရိုးရှင်းရှင်းနေသွားမယ်ဆိုရင် အသက်ငါးဆယ်ကျော်ဆိုတာ သုံလေးဆယ်အရွယ်တွေနဲ့သိပ်မကွာခြားလှဘဲနေနိုင်တဲ့အရွယ်မျိုး။အခုတော့ အဖေ့ပုံစံက အသက်ရှစ်ဆယ်နီးပါး အဘိုးအိုကြီးလို အိုနာကျနေခဲ့တာ။တပေါင်းအသံတိတ်ပြီး အခန်းဝမှာရပ်ကြည့်နေချိန်မှာပဲ ကောင်မလေးကနောက်ကိုလှည့်ကြည့်လာခဲ့တယ်။ " ဟင်...ဘယ်..ဘယ်သူလဲ " ကောင်မလေးကတပေါင်းကိုမြင်တော့ တအံ့တဩနဲ့မေးလာတယ်။ကောင်မေးလေးကို တပေါင်းချက်ချင်းမှတ်မိလိုက်တယ်။သူလေးက တပေါင်းခါးထစ်ခွင်ပြီး ချီထိန်းခဲ့ရတဲ့ကောင်မလေးလေ။ " မမ..မမတပေါင်းလား " ကောင်မလေးကတုန်တုန်ယင်ယင်နဲ့မေးလာတယ်။ " နင်တို့အဖေဘာဖြစ်တာလဲ " တပေါင်းကလဲ ခပ်ကြောင်ကြောင်ပြန်မေးလိုက်မိတယ်။ " ဟို...ဟို ..အဖေက ဆိုင်ကယ်မှောက်တာ ခြေထောက်ကိုထိသွားပြီး ...လမ်းမလျှောက်နိုင်ရာကစဖြစ်တာပါ....နောက်ပိုင်း အလုပ်မလုပ်နိုင်ရာက စိတ်ညစ်ပြီး အရက်သောက်တယ်..အဲ့ဒီကနေ အလုပ်လုံးဝမလုပ်နိုင်တော့ဘဲ .အိပ်ရာပေါ်လဲတာပဲ ...ဖြစ်တာတစ်နှစ်ကျော်နေပြီ..အခုတော့ အရက်လဲ မသောက်နိုင်တော့ပါဘူး " " ဪ...ဆိုင်ကယ်မှောက်တယ်ဆိုတော့ ဘယ်သွားတာလဲ " " အလုပ်ကပြန်လာရင်းမှောက်တာပါ မမ " " အလုပ်ကပြန်လာရင်းနဲ့မှောက်တာလား...ဒါဆိုရင် နင်တို့သားအမိတွေ ...စားသောက်ဖို့ငွေရှာထွက်ရင်း ...နင်တို့အဖေဖြစ်တာပဲ ...နင်တို့အဖေကိုလဲကြည့်အုံး...လူကအရိုးပဲ‌ရှိတော့တယ်...ဆေးရုံဘာလို့မတင်တာလဲ " " ဟို..ပိုက်ဆံမရှိဘူးတဲ့ ...ညီမလေးလဲ အဖေ့ကိုဆေးရုံတင်ပေးဖို့ ....အမေ့ကိုပြောနေပါတယ် " " ခြေရင်းဘက်ကခြံကိုဘယ်တုန်းကရောင်းလိုက်တာလဲ...လူမမာကို ဆေးရုံတောင် မတင်နိုင်ဘူးဆိုတော့ ...ခြံရောင်းတဲ့ငွေတွေက ကုန်ပြီလား .. ."

ခံစားချက်ကဆိုးဝါးလွန်းလှတယ်။ရင်ထဲမှာ ဆူးတစ်ချောင်းဝင်စူးနေသလိုမျိုး တဆစ်ဆစ်တနုံ့နုံ့နဲ့ခံစားနေခဲ့ရတာ။တပေါင်းတွေးလေလေ နာကြည်းမိလေလေဖြစ်ကာ နှုတ်ခမ်းကို တင်းတင်းဖိကိုက်ထားမိတယ်။ " ကလင်...ကလင် ..ကလင် " တပေါင်းအတွေးထဲ စိတ်တိုဒေါသထွက်နေမိချိန်မှာ ရုံးဖုန်းသံကိုကြားလိုက်ရတယ်။မနွေးဖုန်းပြောနေသံကိုလဲ ကြားနေခဲ့ရတယ်။ " တပေါင်းရေ... ဖုန်းလာနေတယ် ...လာပြောလိုက်ပါအုံး " မနွေးရဲ့ခေါ်သံကြောင့် တပေါင်းကိုယ်လေး တွန့်ခနဲဖြစ်သွားမိတယ်။လက်ကိုင်ဖုန်းကို ပိတ်ထားတာမို့ ဖိုးဇင်များဆက်တာလားလို့ တွေးလိုက်မိတယ်။ဖိုးဇင်ဆက်တာဆိုရင် သွားမပြောချင်ဘူး။ဒါပေမဲ့ တပေါင်းသွားမပြောမချင်း လှမ်းကြည့်နေတဲ့ မနွေးကြောင့်စိတ်မပါလက်မပါနဲ့ နေရာကနေထသွားလိုက်ပြီး ဖုန်းကိုင်လိုက်တယ်။ " ဟယ်လို ...တပေါင်းပြောနေပါတယ် " " အေး...တပေါင်...ငါပဲ..နင့်အဖေအတော်လေးဖြစ်နေတယ် ..နင်လာမကြည့်ဘူးလား ..လာမကြည့်လဲရတယ်..နင့်သဘောပဲ ....ငါကဝတ္တရာအရအသိပေးတာဒါပဲ " ပြောပြောဆိုတိုနဲ့တစ်ဖက်ကဖုန်းချသွားခဲ့တယ်။ တစ်ဖက်က ဖုန်းချသွားခဲ့ပေမဲ့ တပေါင်းဖုန်းကိုမချနိုင်ဘဲ ငိုင်နေမိတယ်။ " တပေါင်း ...ဘယ်သူဆက်တာလဲ....ဘာဖြစ်လို့်လဲပြောပါအုံး " မနွေးရဲ့မေးသံကိုကြားလိုက်ရမှ တပေါင်း သတိဝင်လာမိပြီး လက်ထဲကဖုန်းကို နေရာမှာ ပြန်ချလိုက်မိပြီး " ဟို..ဟို ...အဖေမသက်သာလို့တဲ့ မနွေး ..." ဒါပဲပြောပြီးတော့ တိုင်ကပ်နာရီကို တပေါင်းလှမ်းကြည့်လိုက်မိတယ်။အချိန်ကနေ့လယ်တစ်နာရီကျော်ပဲရှိသေးတယ်။တပေါင်း နေရာကိုပြန်လာပြီး လုပ်လက်စအလုပ်ကို အမြန်လက်စသပ်လိုက်တယ်။ပြီးတော့ ကွန်ပျုတာကိုပိတ်လိုက်တယ်။ " မနွေး...တပေါင်း အပြင်ခဏသွားချင်ပါတယ်...ခွင့်ပြုပေးပါ နော်...ညနေမိုးမချုပ်ခင်ပြန်လာခဲ့ပါမယ် ...အဖေ့အခြေအနေကို သွားကြည့်မလို့ပါ " တပေါင်းရဲ့ခွင့်တောင်းစကားကြောင့် မနွေးဘာပြောရမှန်းမသိဖြစ်သွားမိတယ်။ကိုချမ်းကလဲမရှိသလို ကျန်တဲ့သူတွေကလဲ သင်တန်းတွေနဲ့သူတို့အလုပ်တွေနဲ့ရှုပ်နေကြတာ။ " အဖေ့ကို သွားကြည့်မလို့လားတပေါင်း ...ဟို ..သင်တန်းကကောင်းလေးတစ်ယောက်ယောက်ကို အဖော်ခေါ်သွားပါလား..မနွေးကားငှားပေးလိုက်မယ်‌လေ " " ရပါတယ် မနွေး..ကလေးတွေစာသင်နေကြတာလေ...တပေါင်းတစ်ယောက်တည်း သွားလို့ဖြစ်ပါတယ်...စိတ်မပူပါနဲ့ .. ဘာမှမဖြစ်ပါဘူးမနွေးရဲ့...အဲ့ဒီမှာ တပေါင်းရဲ့ကြီးကြီးနဲ့လဲ နီးပါတယ် ..စိတ်မပူပါနဲ့နော် " တပေါင်းက ပြောပြီးတာနဲ့ အခန်းထဲကထွက်သွားတာမို့ မနွေးမတားလိုက်နိုင်တော့ ။ဘာလုပ်လို့်လုပ်ရမှန်းလဲမသိတော့ဘဲ အချိန်အတော်ကြာကြာထိုင်ပြီး စဉ်းစားနေမိတယ်။နောက်ဆုံးတော့ စဉ်းစားလို့မရတာနဲ့ ကိုချမ်းဆီကိုဖုန်းခေါ်လိုက်တော့တယ်။ " ဟယ်လို မနွေး..ပြောလေ ..သင်တန်းမှာကိစ္စရှိလို့လား " " သင်တန်းကိစ္စမဟုတ်ဘူးကိုချမ်း...တပေါင်းလေ..သူ့မိထွေးကဖုန်းဆက်ခေါ်တာထင်တယ်...အဲ့ဒါသူတစ်ယောက်တည်းထွက်သွားတယ်လေ " " ဟာဗျာ..မနွေးကမ တားဘူးလား ...အဖော်တစ်ယောက်ယောက်ရအောင်ထည့်ပေးလိုက်မှပေါ့ " "မနွေးလဲ ...အဖော်ခေါ်သွားဖို့ ပြောပါသေးတယ် ကိုချမ်းရယ်...ဒါပေမဲ့လေ ..ဒီနေ့ တပေါင်းဘာဖြစ်နေလဲမသိဘူး....ငိုထားပုံလဲရတယ်.....မျက်နှာလဲလုံးဝမကောင်းဘူးလေ " " ဟုတ်လား...ဘာဖြစ်လို့လဲမသိဘူး..မနက်တုန်းက ..ဟိုတစ်ယောက်လာတာတွေ့တယ်..သူတို့စကားများကြလို့များလား ...ဒုက္ခပါပဲ မနွေးရာ .....ကျွန်တော်က ညနေလောက်မှ ပြန်လို့်ရမှာ ....ဒီမှာက မာရီ့မိဘတွေလဲရောက်နေတယ်လေ ...ဒီလိုလုပ်ပါလားမနွေး..သူ့သူငယ်ချင်းဆီကို ဖုန်းဆက်လိုက်ပါလား...ဖုန်းဆက်ပြီး လိုက်သွားခိုင်းကြည့်လိုက်ပါ " " ဟုတ်ကဲ့...ဟုက်ကဲ့ ကိုချမ်း ...ဖိုးဇင်ဆီကို မနွေးဖုန်းဆက်လိုက်မယ် ..ဒါပဲနော် " ပြောပြီးတာနဲ့မနွေးဖုန်းကိုချလိုက်ပြီး ဖိုးဇင်ဆီကိုခေါ်လိုက်တယ်။ဖုန်းကဝင်သွားပေမဲ့ တော်တော်နဲ့မကိုင်တာမို့ မနွေးစိတ်ညစ်သွားမိတယ်။နောက်တစ်ကြိမ်ထပ်ခေါ်လိုက်ပြန်တော့လဲ မကိုင်တာမို့ မကိုင်မချင်းမကြာခဏခေါ်ကြည့်ဖို့ ဆုံဖြတ်လိုက်ပြီး ဖုန်းကိုပြန်ချထားလိုက်တယ်။ ================================= အပိုင်း (၃၀)ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ (၁) https://www.facebook.com/100067151540690/posts/734556598792718/https://www.facebook.com/100067151540690/posts/735119455403099/https://www.facebook.com/100067151540690/posts/735674495347595/https://www.facebook.com/100067151540690/posts/736235605291484/https://www.facebook.com/100067151540690/posts/736791991902512/https://www.facebook.com/100067151540690/posts/737913055123739/https://www.facebook.com/100067151540690/posts/738456585069386/https://www.facebook.com/100067151540690/posts/739012378347140/https://www.facebook.com/100067151540690/posts/740077244907320/ ၁၀ https://www.facebook.com/100067151540690/posts/740644458183932/ ၁၁ https://www.facebook.com/100067151540690/posts/741255251456186/

" နင်...နင်ဘာပြောလိုက်တယ် ဖိုးဇင်...နင်ကငါ့ကိုတော်တော်အထင်သေးနေတာပဲ ...နင့်မို့ ဒီလိုစကားကိုပြောထွက်တယ်နော်...ငါက ..အခုဘယ်လိုနေနေလို့ သိက္ခာကိုထိန်းရမှာလဲ ပြောပါအုံး....တစ်ခုတော့ပြောလိုက်မယ်ဖိုးဇင်...ဘယ်ယောက်ျားအတွက်မှ... ငါ့သိက္ခာကိုအကျမခံဘူးသိလား...ပြီးတော့လေ...နင့်ကိုငါသံယောဇဉ်သိပ်ရှိပါတယ်ဖိုးဇင်...ငါ့အတွက်တော့ ...နင်ကယုံကြည်ရတဲ့အားကိုးရတဲ့လူတစ်ယောက်ပါပဲ...ဒါပေမဲ့အချစ်ဆိုတာ အဲ့ဒါတွေနဲ့မဆိုင်ဘူး...နင့်ကိုဘယ်လောက်ပဲသံယောဇဉ်ရှိရှိ နင့်နဲ့တော့ လက်တွဲမှာမဟုတ်ဘူး " " ဘာ...မင်းဘာပြောလိုက်တယ်တပေါင်း ....ဘာဖြစ်လို့လဲ ...ဘာဖြစ်လို့...ငါနဲ့လက်မတွဲနိုင်ရတာလဲ..ငါကဘာဖြစ်နေလို့လဲ..မချမ်းသာလို့လား..ကိုယ်ပိုင်ကားမရှိလို့်လား..ကိုယ်ပိုင်အိမ်နဲ့မထားနိုင်လို့လား ...ငါအခုကြိုးစားနေတယ်လေဟာ..ပြောစမ်းပါအုံးတပေါင်းရဲ့.....ငါ့နဲ့ဘာလို့လက်မတွဲနိုင်ရတာလဲ...မင်းအထင်ကြီးနေတဲ့ကောင်လို ငါက ကျော့ကျော့လေးမနေပြလို့လား " ဖိုးဇင်ကနာကျင်ခံခက်စွာနဲ့တပေါင်းကိုမေးလိုက်တယ်။ စိတ်တိုဒေါသထွက်လာပုံရတဲ့ဖိုးဇင်ကို တပေါင်းကြည့်လိုက်မိပြီး " အမှန်တိုင်းပြောရရင် ,,နင်ပြောတဲ့ စည်းစိမ်ဥစ္စာတွေကို ငါမက်မောပါတယ်ဖိုးဇင် ......ဒါပေမဲ့ အဲ့ဒါတွေက... အရမ်းအရေးကြီးတဲ့ဟာတွေတော့မဟုတ်ဘူးဖိုးဇင်....ငါအမှန်တိုင်းပြောမယ် ...နင်စိတ်မဆိုးနဲ့နော်...နင့်အမေက ဒေါ်အေးလှိုင်ဖြစ်နေလို့ ...ငါနင်နဲ့လက်မတွဲနိုင်တာပါ ....နင့်မိဘတွေက ဦးမောင်ခိုင်နဲ့ဒေါ်အေးလှိုင်ဖြစ်နေတာမို့ ..နင့်ကိုငါ့ချစ်လို့မရဘူး....ငါ့ဘဝမှာ... ငါ့အဖေဦးအောင်မင်းတစ်ယောက်နဲ့တင် .... ဘဝသင်ခန်းစာတွေကလုံလောက်နေပါပြီ ..နင့်မိဘတွေနဲ့တော့ ထပ်ပြီးမပတ်သက်ပါရစေနဲ့ " " တပေါင်း ...မင်း...မင်းဘယ်လိုပြောလိုက်တာလဲ ...." ဖိုးဇင်က တုန်တုန်ယင်ယင်နဲ့ မေးလိုက်ရင်းမှ ဒေါသသံတွေပါလာပြီး အသံကခက်ထန်တင်းမာလာခဲ့တယ်။ ဖိုဇင်ရဲ့ တင်းမာခက်ထန်တဲ့အသံနဲ့ ပြောင်းလဲသွားတဲ့ မျက်နှာအမူအရာကြောင့် တပေါင်းအလန့်တကြားနဲ့ ဖိုးဇင်ကိုမော့ကြည့်လိုက်မိတယ်။ '' ငါပြောတာ မှားလို့လားဖိုးဇင် ... နင် ဒေါသသမထွက်နဲ့..နင်သာ ဒေါ်အေးလှိုင်ရဲ့သား မဟုတ်ခဲ့ရင် ..ငါ့ကိုအမြဲသတိတရရှိပေးခဲ့တဲ့နင့်ကို...ငါချစ်မိချင်လဲချစ်မိခဲ့လိမ့်မယ် ...ဒါပေမဲ့ နင့်ကိုသတိရလို့ ...နင့်အကြောင်းကိုတွေးလိုက်တိုင်းမှာ... နင့်မိဘတွေအကြောင်းကလဲအမြဲပါလာတယ်လေ ... နင့်ကို ငါပြောမယ်...ငါ့ချစ်နေမိတဲ့သူက... ငါ့ကိုပြန်မချစ်နိုင်မှန်းလဲငါသိတယ် ..ဒါကြောင့် ငါလဲ ..သူ့ကို မမျှော်လင့်ဘူး ..သူ့ကိုမမျှော်လင့်သလို...နင့်ကိုလဲလက်မခံနိုင်ဘူး ..အဲ့ဒါ ငါ့ရဲ့ရွေးချယ်မှုပဲ ...အိမ်ထောင်ရေးဆိုတာနှစ်ယောက်တည်း တည်ဆောက်လို့ရရင်တောင် ... ဆွေမျိုးသားချင်းဆိုတာ မခေါ်ချင်လို့ဘဲရမယ်...မတော်ချင်လို့မရဘူး...ဒါကြောင့်မို့ ငါတို့က လုံးဝမဖြစ်နိုင်ဘူးဖိုးဇင် " " တပေါင်းရယ် ..မင်း စကားပြောတာ ပြတ်သားလှချ ည်လား ...ငါ့အမေ့လဲ အသက်ကြီးလာပါပြီကွာ ..အရင်လို မဟုတ်တော့ပါဘူး ..ငါကိစ္စတွေမှာလဲ ဝင်မပါတော့ပါဘူး " ဖိုးဇင်ရဲ့ စကားကြောင့် တပေါင်းမဲ့ပြုံးပြုံးလိုက်မိတယ်။ ''တော် ..တော်ပါတော့ ဖိုးဇင်ရယ် ..နင့်အမေအကြောင်းကို ..ခုချိန်ထိသေချာမသိသေးဘူးလား ..လူတစ်ယောက်ရဲ့မွေးရာပါဗီဇဆိုတာ 6သခါမှပျောက်တာပါ ...နင့်အမေက ငါ့အဖေနဲ့ ဘာကွာလို့လဲ ....သူဘယ်လောက်အထိ ကြောက်ဖို့ကောင်းလဲ ...နင်အသိဆုံးပါ....ကိုယ့်သွေးသားရင်းကို Dar ကြိမ်းကြိမ်းပြီး Darနဲ့ အကြိမ်ကြိမ်ပေါက်ခဲ့တဲ့... နင့်အမေလိုလူမျိုးကို ငါမပတ်သက်ရဲဘူး...ယောက္ခမ အဖြစ်လက်မခံနိုင်ဘူး " " တပေါင်း ...မင်း ... မင်း တော်တော့ ....မင်းရဲ့အကြောင်းပြချက်ကအဓိပ္ပါယ်ကင်းမဲ့လှချည်းလားတပေါင်း ...ငါလိုကောင်ကို... လက်မခံနိုင်ဘူးဆိုရင်လဲ ..ဒီတိုင်းပြောလိုက်လို့ရတယ်...ဘာမှမဆိုင်တဲ့ ငါ့အမေ့ကို ထည့်ပြောဖို့မလိုဘူး...အမေက မင်းကိုဘာလုပ်နေလို့လဲ ..မင်းကအရင်ကလို ရိုးသားတဲ့ကောင်မလေးမဟုတ်တော့ဘူးပဲ...သူဌေးတစ်ယောက်ကို အပိုင်ဖမ်းနိုင်ဖို့ ကြိုးစားနေတဲ့ ...မာယာများတဲ့ မိန်းမလည်မဖြစ်နေပြီပဲ..." " ဘာ..နင်ဘာပြောလိုက်တယ်ဖိုးဇင် " "ဖြန်း " တပေါင်းဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ဖိုးဇင်ရဲ့ ပါးပြင်းကို ခပ်ကြမ်းကြမ်းရို)က်ချပစ်လိုက်တယ်။ " နင်နဲ့ငါ့...ဒီနေ့ကစပြီး လုံးဝမသိတဲ့သူတွေလိုပဲ နေသွားကြစို့ ဖိုးဇင် " တပေါင်းပြောပြီးတာနဲ့ ချာခနဲကျောခိုင်းလှည့်ထွက်ခဲ့တယ်။ " တောက် " နေရာမှာ ကျန်ခဲ့တဲ့ဖိုးဇင်လဲ တောက်တစ်ချက်ခေါက်လိုက်ပြီး ကားပေါ်ကိုတက်ကာ ခပ်ကြမ်းကြမ်းမောင်းထွက်ခဲ့လိုက်တယ်။ ~~~~~~~~ အလုပ်ခန်းက အရင်နေ့တွေနဲ့ မတူဘဲတိတ်ဆိတ်နေခဲ့တယ်။အခန်းထဲမှာ တပေါင်းနဲ့မနွေးနှစ်ယောက်တည်း ရှိနေခဲ့တာ။မနွေးကလဲ အလုပ်လုပ်ရင်းနဲ့ တပေါင်းကို မသိမသာအကဲခတ်နေခဲ့တယ်။တပေါင်းကတော့ စာစီစရာရှိတာတွေကို ခပ်မြန်မြန်လုပ်နေလိုက်တယ်။ လူကအလုပ်လုပ်နေပေမဲ့ တပေါင်းရင်ထဲမှာတော့ မီးတောင်တွေ ပေါက်ကွဲနေသလိုခံစားနေရတယ်။တစ်ရက်တည်းမှာပဲ ချစ်ရသူကိုရောငယ်သူငယ်ချင်းကိုပါ ဆုံးရှုံးလိုက်ရတဲ့

#ရင်တွင်းနာ (အခန်းဆက်ဝတ္ထု) အပိုင်း (၂၉) akyiphyu ********* " နင် ..နင် ..အစောကြီးပါလား ဖိုးဇင် ..ကိစ္စရှိလို့လားဟင် " " အင်း ... မနေ့ညတုန်းက ....အိမ်ပြေးကလေးနှစ်ယောက်တွေ့လို့လေ ....ညကတော့ နောက်ကျနေလို့ အလုပ်ရုံမှာပဲခေါ်ထားလိုက်ပြီး ..ဒီမနက်မှ လာပို့တာလေ ..ဒါနဲဈေးကပြန်လာတာလား " တပေါင်းလက်ထဲမှာ ဆွဲလာတဲ့အထုပ်တွေကိုကြည့်ပြီး ဖိုးဇင်က မေးလိုက်တယ်။ " အင်း ....ဟုတ်တယ် ..သင်တန်းကလူတွေကို ..ကြာဆံချက်... ချက်ကျွေးမလို့ပါ.... .နင်လဲ စားပြီးမှပြန်လေ " " အင်း ..စားရမှာပေါ့ ..နင့်လက်ရာကို ငါမှသေချာမစားဖူးသေးတာ .....ငါလဲဝိုင်းကူချက်ပေးမယ်လေ ....အဲ့ဒီအလုပ်တွေက ....ငါကျွမ်းကျင်တဲ့ အလုပ်တွေပဲဟာ " " ဝိုင်းကူပေးတော့ ကောင်းတာပေါ့ ..လာလေ ...သွားကြမယ် " ကိုချမ်းတို့ကို ကျောခိုင်းပစ်လိုက်ပြီး ဖိုးဇင်နဲ့အတူမီးဖိုဆောင်ဆီကို တပေါင်းလျှောက်လာခဲ့လိုက်တယ်။ရင်ထဲမှာတော့ နာကြည်းမှုနာကျင်မှုတွေနဲ့ပေါ့ ။ ~~~~~~~ " တပေါင်း.... မင်းဘာဖြစ်နေတာလဲ ...ငါ့အပေါ် လဲစိမ်းကားသွားသလိုပဲ....ဘာဖြစ်နေတာလဲဟာ..တစ်ခုခုဖြစ်နေတာလား...လိုင်းပေါ်က စာပို့လဲ ချက်ချင်းမပြန်ဘူး " ဖိုးဇင်နဲ့ တပေါင်းတို့နှစ်ယောက်သား စားပြီးသောက်ပြီးတော့ ခြံထဲမှာခဏဆင်းထိုင်ပြီး စကားပြောနေကြတာ။ဖိုးဇင်ရဲ့ အမေးကြောင့် တပေါင်းဘာဖြေရမှန်းမသိဖြစ်သွားမိတယ်။ဖိုးဇင်ပြောသလိုပဲ တပေါင်းဘက်ကလဲ ခပ်စိမ်းစိမ်းပဲနေခဲ့တာ အမှန်ပါ။ဒါကလဲ ဖိုးဇင်ကိုမုန်းလို့မဟုတ်ဘဲ သူ့အမေဒေါ်အေးလှိုင်ကြောင့်ပါပဲ။ သူ့သားနဲ့ သဘောမတူနိုင်ဘူးလို့ ဒေါ်အေးလှိုင်က ရင့်ရင့်သီးသီးပြောသွားပြီးကတည်းက တပေါင်းဘက်က အနေအထိုင်ကိုပိုပြီး ဆင်ခြင်လိုက်တာပါ။ဒေါ်အေးလှိုင်မသိနိုင်ပေမဲ့လဲ ဖိုးဇင်နဲ့အွန်းလိုင်းပေါ်မှာလဲ စကားသိပ်မပြောဖြစ်တော့ဘူး ။ ညဘက်ဆိုရင်လဲ အရင်ကလိုမျိုး အွန်လိုင်းမသုံးဖြစ်ဘဲ ဝရန်တာမှာထိုင်တာ၊ စောစောအိပ်တာနဲ့ပဲ အချိန်တွေကို ကုန်ဆုံးစေခဲ့တာ။ ဘယ်သူ့ကြောင့်မှ တပေါင်းအပြောမခံနိုင်တော့ဘူးလေ။ ကိုထိုက်ကိစ္စနဲ့လဲ အထင်သေးခံခဲ့ရပြီးပြီလေ။တပေါင်းဆီမှာလဲ ဒီမာနလေးပဲချမ်းသာတာမဟုတ်လား ။ " ပြောလေ တပေါင်း...မင်းဘာဖြစ်နေတာလဲလို့ ..ဒီမှာနေရတာ အဆင်မပြေဘူးလား " " ပြေပါတယ် ဖိုးဇင်ရယ်...ငါ အခုတလောသိပ်ပြီးနေမကောင်းလို့ပါ ...နင့်အပေါ် စိမ်းကားတာလဲ မဟုတ်ပါဘူး " ဒေါ်အေးလှိုင်အကြောင်းကိုမပြောပြဘဲ တပေါင်းကစကားကို လွှဲပြောလိုက်တယ်။ " မင်းကိုပြောစရာရှိတယ် တပေါင်း....ဒီစကားကို ပြောချင်ခဲ့တာကြာပါပြီ...မင်းအထင်လွဲမှာစိုးလို့ မပြောဘဲနေခဲ့တာ..." လေးနက်တည်ကြည်တဲ့ ပုံစံနဲ့ ပြောလာတဲ့ ဖိုးဇင်ကို တပေါင်းကြည့်လိုက်မိတယ်။ " ဘာပြောမလို့လဲ ....ပြောလေ " " အင်း ..ငါ..ငါလေ.. မင်းကိုချစ်တယ်တပေါင်း...ငါငယ်ငယ်ကတည်းက ...မင်းကိုပဲချစ်ခဲ့တာပါ ....မင်းနဲ့ချစ်သူတွေဖြစ်ချင်တယ် ... ပြီးရင်... တို့နှစ်ယောက်အမြန်ဆုံးလက်ထပ်ချင်တယ်တပေါင်းရာ " " နင် ..နင်ဘာပြောလိုက်တယ် ဖိုးဇင် " ဖိုးဇင်ရဲ့စကားကြောင့် တပေါင်း အံ့ဩသွားမိပြီး ခပ်ကြောင်ကြောင်နဲ့ ပြန်မေးလိုက်မိတယ်။ " မင်းကိုချစ်တယ်လို့ပြောတာလေတပေါင်း...ငါငယ်ငယ်ကတည်းက ... မင်းကိုချစ်နေခဲ့တာပါ ..မင်းကြောင့်ပဲ ငါ့ဘဝကိုပြောင်းလဲပစ်ခဲ့တာပါ တပေါင်းရယ် ..ငါ့ကိုအဖြေပေးပါအုံး ...ငါ့ဘက်ကတော့ မင်းနဲ့အမြန်ဆုံးလက်ထပ်ချင်တယ် တပေါင်းရယ် ... မင်းကိုစိတ်မချတော့ဘူး " ဖိုးဇင်က သူ့ရင်ထဲက စကားတွေကို ပြောနေချိန်မှာ တပေါင်းတိတ်ဆိတ်စွာနားထောင်နေမိတယ်။ " တပေါင်းဖြေလေကွာ " ငြိမ်သက်တိတ်ဆိတ်နေတဲ့ တပေါင်းကိုကြည့်ပြီး ဖိုးဇင်က မချင့်မရဲနဲ့ ထပ်မေးလိုက်တယ်။ သူမရဲ့လက်ဖဝါးတစ်ဖက်ကို ဆုပ်ကိုင်ပြီးမေးလာတဲ့ ဖိုးဇင်ကိုကြည့်ပြီး တပေါင်းဦးခေါင်းကို ယမ်းခါလိုက်မိတယ်။ " ငါတောင်းပန်ပါတယ် ဖိုးဇင်.....ငါလေနင့်ကိုမောင်နှမတွေလို...သံယောဇဉ်တကယ်ရှိပါတယ်...အဲ့ဒီထက်ပိုပြီး တစ်ခါမှမစဉ်းစားခဲ့ဖူးဘူး ....ပြီးတော့ ငါလေ...အိမ်ထောင်မပြုဘူး...တစ်ယေက်တည်းပဲနေမှာ " " ဘာ..ဘယ်လို ...တကယ်ပဲငြင်းလိုက်တာလား တပေါင်းရာ...ငါ့ဘဝမှာ...မင်းတစ်ယောက်တည်းကိုပဲ စဉ်းစားပြီးနေလာခဲ့တာပါတပေါင်းရယ် ....သေချာလဲ ပြန်စဉ်းစားပေးပါအုံး" " ငါတောင်းပန်ပါတယ်ဖိုးဇင် ရယ်.....ငါတို့မဖြစ်နိုင်ပါဘူး " တပေါင်းအားနာနာနဲ့ပဲ ဆက်ပြီးငြင်းလိုက်မိတယ်။ " ဘာ...ဘာလို့လဲတပေါင်း...တကယ်ပဲ ..ငါ့ကိုဘာလို့လက်မခံနိုင်ရတာလဲ...မင်းကိုပွင့်ပွင့်လင်းလင်းပဲမေးမယ်...ချမ်းပြည့်စုံကို မင်းစိတ်ဝင်စားနေတာလား တပေါင်း...သူက... မင်းအတွက်မဖြစ်နိုင်ဘူးဆိုတာ သိတယ်မဟုတ်လား ..သူလိုလူမျိုးက မင်းကိုစိတ်ဝင်စားရင်တောင် အပျော်ပဲတွံမှာ ...မင်းအဲဒီလောက်မရူးနဲ့တပေါင်း ...မိန်းကလေးသိက္ခာကိုလဲ ထိန်းအုံး " ဖိုးဇင်ရဲ့ရင့်သီးလှတဲ့စကားတွေကြောင့် တပေါင်းထိုင်နေရာက ဝုန်းခနဲထရပ်လိုက်မိတယ်။