uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
~~~~ အိမ်ပြောင်းပြီဆိုတော့လဲ ပြောင်းရွှေ့ရသူက မြယွန်းမီတစ်ယောက်တည်းသာ။ သားအမိနှစ်ယောက်လုံး မြယွန်းမီကိုအိမ်ပြောင်းအိမ်ရွေ့သမားတွေ ပစ်ထားခဲ့ပြီး ညနေစောင်းမှ အိမ်သစ်ကိုရောက်လာခဲ့ကြတယ်။ မြယွန်းမိတစ်နေကုန်မောပန်းနေပေမဲ့ အမောတွေကို ရင်ထဲမှာမျိုသိပ်ပြီး သားအမိနှစ်ယောက်စားဖို့ အမြန်ပြင်ဆင်ပေးလိုက်ရပြန်တယ်။ "မိယွန်း ပစ္စည်းတွေကိုလိုအပ်တာပဲ ထုတ်သုံးနော် ...အကုန်မထုတ်နဲ့ ... ဒီအိမ်ကသုံးလချုပ်ပဲ ငှားထားတာ " "ရှင် .." မြယွန်းမီနှုတ်မှ ရှင်တစ်လုံးသာထွက်နိုင်ပြီး ဆွံ့အသွားရတော့ တယ်။ ~~~~~ သုံးလအတောအတွင်းမိခင်နဲ့ အစ်ကိုဖြစ်သူတို့ တရားရင်ဆိုင်နေကြချိန်မှာ မြယွန်းမီလဲကျောင်းပိတ်လိုက်တာမို့ ဆိုင်ဘက်ကို သေချာလေး ပြန်ကူခွင့်ရလာတယ်။သူမဆိုင်ထိုင်ဖြစ်ချိန်မှာ အောင်းနေတဲ့ဒိတ်အောက် အထည်တွေကို လျှော့ဈေးနဲ့ချရောင်းပြီး ပစ္စည်းသစ်တွေကိုဝယ်တင်နိုင်အောင်ကြီးစားခဲ့တယ်။ဆိုင်ထမှာစိတ်မရှိတဲ့ မိခင်ကိုလဲ ဒုက္ခမပေးတော့ဘဲ ဆိုင်မပြုတ်ရေးသာ အစွမ်းကုန်ကြိုးစားခဲ့ရတယ်။ခြံရောင်းရငွေက သိန်းထောင်ကျော်ရတယ်ဆိုတဲ့ စကားသံကိုသာကြားခဲ့ရပြီး ငွေစတစ်ရွက်ပင်မမြင်ရတာမို့ တွေထွေထူးထူးလဲ မမေးချင်တော့ပါ။ ~~~~~ " မိယွန်း သမီးလာအုံး.." မကြားစဖူး မိခင်ဆီကသမီးဆိုတဲ့ခေါ်သံကြောင့် မြယွန်းမီရင် ထိတ်သွားရတယ်။ "ဟုတ်ကဲ့ ..အမေ ... ဘာဖြစ်လို့လဲ ပြောလေ " "အမေပြောမယ် ... သမီးအစ်ကိုရဲ့ကိစ္စမှာ အမေတို့နိုင်ခဲ့ပြီ" "ရှင်..တကယ်လား အမေ ... " မြဲယွန်းမီမယုံကြည်နိုင်စွာ ပြန်မေးလိုက်မိတယ်။ "အင်း ..ဟုတ်တယ် ..ငွေတော့ ကုန်သွားတာပေါ့ ...သူနဲ့အိပ်ခဲ့တဲ့ ကောင်တွေကို ငွေပေးပြီးစည်းရုံးလိုက်တော့ သူတို့အတူအိပ်ခဲ့တဲ့ ပုံသက်သေဗီဒီယိုသက်သေတွေရလာတယ်လေ ...အမေလဲဒီလောက်ထိ မလုပ်ချင်ပါဘူး ...ဒါပေမဲ့ ဒီမိန်းခလေးကသိပ်လွန်တယ် .. သူ့ကိုယ်သူတန်ဖိုးထားရမှန်းမသိဘူး တခြားသူကိုလဲ ဒုက္ခလိုက်ပေးတယ် ....သမီးလဲမှတ်ထားနော် ဘယ်သူ့ကိုမှမယုံနဲ့ ... ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားပြီးနေပါ ...တစ်ခုခုမဟုတ်တဲ့သတင်းထွက်လို့ကတော့ အမေ့အကြောင်းသိတယ်နော် " " ဟုတ် .. ဟုတ်ကဲ့အမေ " " ပြီးတော့ အမေတို့မကြာခင်အိမ်ပြောင်းကြမယ် ... ပိုတဲ့ငွေနဲ့တိုက်ခန်းလေးတစ်ခန်းဝယ်ထားတယ် .. နေရာကောင်းလို့ အခန်းကကျဉ်းပေမဲ့ အမေတို့သားအမိနှစ်ယောက်နေလို့ရမှာပါ ... သမီးအစ်ကိုကို နိုင်ငံခြားကို ပို့လိုက်တော့မယ် .... အိမ်ရောင်းထားတဲ့ငွေကမပိုတော့လို့ အမေတို့အနေအစားတော့ ဆင်းရဲလိမ့်မယ် ...'' မိခင်ရဲ့စကားကိုမြယွန်းမီ ကျေကျေနပ်နပ်ပဲခေါင်းငြိမ့်ပြလိုက်ပါတယ်။ပိုတဲ့ငွေက တိုက်ခန်းကျဉ်းလေးတစ်ခန်းပဲရတယ်ဆိုတော့ ငွေတွေဘယ်လောက်ကုန်သွားလဲ မေးစရာမလိုတော့ပါလေ။ ဘာပဲဖြစ်ဖြစ်မိခင်စိတ်ချမ်းသာရင် သူမလဲကျေနပ်ရပါတယ်။ ~~~~~ အိမ်ပြောင်းခဲ့ပြီး တစ်လအတွင်းမှာပဲ လင်းမြတ်ဇင်နိုင်ငံခြားကိုထွက်သွားခဲ့တယ်။အိမ်နဲ့ခြံရောင်းရတဲ့ငွေတွေကို လင်းမြတ်ဇင်အတွက်တော်တော်များများသုံးလိုက်တာမို့ မြယွန်းမီ တို့ သားအမိမှာတိုက်ခန်းကျဉ်းလေးတစ်ခန်းပဲကျန်ခဲ့တယ်။အထည်ဆိုင်လေးကတော့ မြယွန်းမီကျားကန်ကန်ပြီးကြိုးစားခဲ့တာမို့ ဟန်မပျက်ရည်တည်နိုင်ခဲ့တယ် ။ငွေကြေးခက်ခဲသွားတဲ့ အခြေအနေမှာ အချိန်ပိုင်းစာလိုက်ပြတဲ့ အလုပ်တွေကိုပါလုပ်ကိုင်ခဲ့ရတယ်။ ဘ၀ကထင်ထားတာထက် ပိုပြီးအခြေအနေပိုဆိုးခဲ့တာမို့ မြ ယွန်းမီရဲ့စိတ်တွေပိုပြီး အေးစက်မာကျောလာခဲ့သလို အစ်ကိုဖြစ်သူနဲ့ ပတ်သက်ပြီး ရင်ထဲကနာကျင်မှုတွေကလဲ ပျောက်ပျက်မသွားခဲ့ပါ။ပြဿနာတွေပြီးလို့ လေယာဉ်ပေါ်တက်ချိန်အထိ သူမကို တောင်းပန်းစကားတစ်ခွန်းမှမပြောခဲ့သလို အသိအမှတ်ပြုစကားပင်မပြောခဲ့တဲ့သူကို သူမရင်ထဲမှာ နာကြည်းနေမိဆဲပါပင်။ ~~~~~~ မြယွန်းမီ အလုပ်သွားဖို့ပြင်ဆင်ပြီးချိန်အထိ အိပ်ရာထဲ ခွေနေတဲ့မိခင်ကို အခန်းတံခါးဖွင့်ကာ အသာချောင်းကြည့်လိုက်တယ်။လွန်ခဲ့တဲ့ (၂ ) နှစ်ကတည်းက အထည်ဆိုင်ကိုနားလိုက် အိမ်ခြံမြေပွဲစားအလုပ်ကိုပဲ လုပ်တော့တာမို့ မိခင်ရဲ့အပြင်ထွက်ချိန်တွေက မမှန်တော့။ပြီးတော့ကြည့်ရတာ ပန်းသွေးချယ် တို့ဆီက ဖုန်းလာပြီးကတည်းက လူကလန်းဆန်းတက်ကြွတဲ့ပုံမရှိတော့သလို တွေ့မြင်နေခဲ့ရတယ် ။သူမသက်ပြင်းမောကို ချလိုက်ပြီး မိခင်ကို နှုတ်ဆက်လိုက်တယ်။ "အမေ ...သမီးသွားတော့မယ် " "ဟဲ့ နေအုံး ...နင်မသွားနဲ့အုံး .. နင်မနေ့က ပြောတဲ့စကားက တကယ်လား မိယွန်း...ညည်းက အိမ်မှာမနေလို့ ဘယ်သူနဲ့ သွားနေမှာလဲ ..လိုင်းပေါ်ကကောင်ကရော ဘာလဲ ....ညည်းငါ့ကို သေချာမရှင်းပြသေးဘူးနော် မိယွန်း " "အခုသူနဲ့ အလုပ်တူတူလုပ်တော့မှာ အမေရဲ့ " လို့ ပြန်ဖြေလိုက်ရင် မိခင်ဘယ်လိုများဖြစ်သွားမလဲမသိ။ သမီးအတွက်ပူတဲ့ အပူက သားကိစ္စပြန်ဝင်လာတော့ ချောင်ထိုးခံလိုက်ရပြီးမှ တရေးနိုး သတိရလို့ ပြန်ထမေးတဲ့ပုံမျိုးပါပဲ။ " သူ့ဘက်က ဖြေရှင်းပေးထားပြီးပြီလေ ..အမေသိတယ်ထင်နေတာ ..အမေ့သားအတွက်ပဲ စိတ်ပူနေလို့ သမီးကိုအခုမှသတိရတာလား .. "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု) အပိုင်း (၉) ****** မိခင်ရဲ့သဘောထားကို မြယွန်းမီမလွန်ရဲပေမဲ့ ဖခင်နဲ့အတူနေခဲ့တဲ့အိမ်ဖြစ်ပြီး မွေးကတည်းက နေခဲ့တဲ့အိမ်မို့ နှမြောတသစိတ်နဲ့ ရင်ထဲမှာဆို့နင့်နေမိတယ်။ငွေကြေးအတွက်ဖြေရှင်းနည်းလမ်းကလဲ ဒီတစ်ခုပဲရှိတာကို မြယွန်းမီသိပါတယ်။သို့ပေမဲ့ စိတ်က မိခင်ရဲ့အကြံအစည်ကို အခါခါတားဆီးနေမိတယ်။အစ်ကိုဖြစ်သူကိုလဲ မှတ်လောက်သားလောက်အောင်ပစ်ထားလိုက်စေချင်တဲ့စိတ်တွေ ဖြစ်ပေါ်နေမိတယ်။ ~~~~ " မိယွန်း မလိုတဲ့ပစ္စည်းတွေကို အရင်ထုတ်ပြီး လွှင့်ပစ်ဖို့လုပ်...အဝတ်အစားတွေလဲဝတ်တာတွေပဲယူ" "အိမ်ကတည့်သွားပြီလား အမ ." "အင်း ..စရံချပြီးသွားပြီ....နေလို့တော့ရသေးတယ်..." ပြောနေတဲ့ မိခင်တော့ ဘယ်လိုနေတယ်မသိပါ။ မြယွန်းမီနားထောင်ရင်းမျက်ရည်ပါကျလာမိတယ်။တကယ်တမ်း ပြောင်းရွေ့ရမယ်ဆိုတော့ အစ်ကိုဖြစ်သူကို ဒေါသတွေထွက်လာမိတယ်။ သူသာကောင်းကောင်းမွန်မွန်နေခဲ့ရင် ဒီလိုတွေဖြစ်လာစရာအကြောင်း မရှိဘူး မဟုတ်လား။ " ဒီနေ့ ... အမေကိစ္စလေးရှိလို့ ဈေးမသွားနိုင်ဘူး ..သမီးဆိုင်ခဏလောက်ထိုင်ပေးမလား " "ဟုတ်ကဲ့ အမေ " ~~~~~~ အိမ်ပေါ်တက်တက်ချင်းမှာပဲ ဧည့်ခန်းထဲမှာမိခင်နဲ့အတူ ရှေ့နေ့ ဝတ်စုံနဲ့ လူတစ်ယောက်ရယ်အစ်ကိုဖြစ်သူကိုပါ တွေ့လိုက်ရတာမို့ မြယွန်းမီခြေလှမ်းတွေ့တုံ့ခနဲဖြစ်သွားရတယ်။ "သမီးပြန်ရောက်ပြီ အမေ " မိခင်ကို နှုတ်ဆက်လိုက်ပြီး မြယွန်းမီအနောက်ခန်းထဲကို ဝင်လာခဲ့လိုက်ရင်း စကားသံတွေကို မသိမသာနားစွင့်နေမိတယ်။ " သူတို့က သိန်းငါးရာတောင်းတယ်...လျှော်ကြေးပေးလိုက်ရင်တော့ အချိန်ကုန်လဲသက်သာပြီးလူမသိသူမသိပြီးသွားနိုင်တာပေါ့ ...ဒါပေမဲ့ သူတို့ဘက်က ဒါကြီးနဲ့ နောက်တစ်ချိန်အထိလိုက်ရှုပ်နေမှာစိုးတာ ...အဓိကက မိန်းခလေးကတခြားယောက်ျားတွေနဲ့ ပတ်သက်နေတဲ့ သက်သေတွေရရင်တော့ ရှုံးစရာအကြောင်းမရှိဘူးပေါ့ " " ဒါဆို သက်သေကိုရအောင်ရှာကြတာပေါ့ဆရာ...သူတို့ကိုတော့ သိန်းငါးရား မပေးဘူး...တခြားလူတွေကိုပဲ ဝေမျှပေးလိုက်မယ် " " ဒါဆိုရင် ... ပထမဆုံးရုံးချိန်မှာ သက်သေတစ်ခုလောက်ဖြစ်ဖြစ်ရ ရင် ပိုအဆင်ပြေတာပေါ့ ...ကျွန်တော်တို့ဘက်ကလဲ ဂုဏ်သိက္ခာညှိုနွမ်းစေမှုနဲ့ ပြန်စွဲထားတော့ နှစ်ဖက်အကြိတ်အနယ်ဖြစ်ကြမှာပဲ...မောင်လင်းမြတ်ဇင်က တရားခွင်မှာ ဆရာပြောတဲ့အတိုင်း အပိုအလိုမရှိအောင်ပြောပါ ..." "ဟုတ် ..ဟုတ်ကဲ့ပါ ဆရာ " " ဒီမိန်းခလေးဟာ တကယ်ပဲတွဲသမျှရည်စားတိုင်းနဲ့အတူလိုက်အိပ်တတ်တဲ့အကျင့်ရှိတာကို တရားရုံးမှာ ထင်ထင်ရှားရှားပြနိုင်ဖို့ပဲ အရေးကြီးတယ်" ကြားနေရတဲ့စကားတွေကြောင့် မြယွန်းမိသက်ပြင်းမောတွေသာချနေမိတယ်။အစ်ကိုဖြစ်သူ ရည်းစားတတစ်ယောက်ထားလိုက်တဲ့ကိစ္စက မြယွန်းမီတို့ကို အိုးမဲ့အိမ်မဲ့ဘ၀ကိုရောက်စေခဲ့တဲ့အထိဖြစ်လာခဲ့တာက တကယ့်ကို မယုံနိုင်စရာပင်။နှစ်ဖက်လုံးလဲ မှားမှန်းသိသိနဲ့ မညှိနှိုင်းကြဘဲ မာနတွေ အတ္တတွေနဲ့ရှေ့ဆက်တိုးနေကြပုံက တွေ့မြင်နေရသူအတွက် စိတ်ပျက်စရာကောင်းလှတယ်။ ~~~~~~~ " မိပန်းညည်းလဲ ဒီရက်ပိုင်းတော့ အသွားအလာအနေအထိုင် ဆင်ခြင်ပါအေ ... ညည်းကိုတရားပြန်စွဲထားတာ သိတယ်မဟုတ်လား ..." မိခင်ဖြစ်သူရဲ့စကားကို ပန်းသွေးချယ်တစ်ယောက် ခေါင်းခါပြလိုက်ပြီး "အေးဆေးပါ အမေရယ် ...သူတို့ဘက်က သက်သေပြနိုင်တယ်ဆိုရင်လဲ .. တွဲသွားတွဲလာပုံလောက်နေမှာပေါ့ ... သမီးဆီမှာက အိပ်ခန်းထဲကပုံတွေဗီဒီယိုတွေရှိနေတာ အမေရဲ့ ... ဘာမှစိတ်ပူနေစရာမလိုပါဘူး ... အိမ်ထဲမှာ အောင်းနေဖို့တော့ မဖြစ်နိုင်ဘူး...ချယ်ပျင်းတယ်အမေရဲ့ " ပန်းသွေးချယ်က ဘာကိုမှ ဂရုမစိုက်ဘဲ ပိုင်နိုင်စွာပြောလိုက်ပြီး အပြင်သွားဖို့ပြင်လိုက်တယ်။ ~~~~~ တစ်နေ့တစ်နေ့ အလုပ်များနေတဲ့မိခင်ကြောင့် မြယွန်းမီမှာ ကျောင်းပျက်ကွက်ရက်တွေများပြီး အထည်ဆိုင်မှာပဲ အချိန်ကုန်နေရတယ်။အိမ်ပြောင်းရွှေ့ဖို့ရက် က တစ်လတောင်ကျော်လာခဲ့ပြီဖြစ်ပေမဲ့ ဘယ်ကိုပြောင်းရမှန်းလဲမသိတဲ့အဖြစ်။အထည်ဆိုင်လေးအခြေအနေပျက်ယွင်းသွားရင်ဖြင့် မြယွန်းမီတို့မိသားစုရဲ့အနာဂတ်လမ်းက မတွေးဝံ့စရာပေ။ " ဒီပိတ်ရက်မှာအိမ်ပြောင်းကြမယ် မိယွန်း... တိုက်ခန်းကကျဉ်းတယ် ...လိုတဲ့ပစွည်းပဲယူမယ်ကြားလား " " ဟုတ် ..ဟုတ်ကဲ့ အမေ...ဒါနဲ့ အမေ့သားကိစ္စကရော ဘယ်လိုဖြစ်သွားပြီလဲ " ''ဒီကိစ္စကို ညည်းစိတ်ဝင်စားသေးတယ်ပေါ့လေ ဟုတ်လား ... ငါ့တို့ဘက်ကသာရှုံးရင်... ညည်းအစ်ကိုလဲ အနည်းဆုံးထောင်ငါးနှစ်ပဲ ... ဒါနဲ့မပြီးသေးဘူးနော် ....သူတို့ကို လျော်ကြေးပေးရအုံးမှာ သိရဲ့လား ... ဒါပေမဲ့ ဒါတွေကို ညည်း ပူစရာမလိုပါဘူး ... ဒီတစ်ခေါက်ရုံးချိန်းမှာ အမေတို့ဘက်မှာ သက်သေတွေရှိနေပါပြီ ... မကြာခင်မှာ ဒီတရားခွင်လဲပြီးဆုံတော့မှာပါ " အမေကသားဇောဖြင့် မောရမှန်းမသိပါ။ မြယွန်းမီမှာသာ ပင်ပန်းလွန်းတဲ့ ဒဏ်တွေကြောင့် လူကတဖြည်းဖြည်းပိန်လှီလာခဲ့ရတယ်။အမေကတော့ ဒါကိုသတိထားမိပုံပင်မရပါ သူ့အတွေး သူ့မျက်လုံးထဲမှာ သားကိုပဲမြင်နေခဲ့ပုံပင်။

~~~~~~ အိမ်သံပန်းတံခါးသော့တွေကိုဖွင့်ပြီး မြယွန်းမီအိမ်ထဲဝင်ခဲ့ချိန်မှာ တစ်အိမ်လုံးတိတ်ဆိတ်နေခဲ့တယ်။ဖိနပ်စင်မှာ ဖိနပ်ကိုထားလိုက်တော့ မီခင်ဈေးသွားရင် စီးနေကျဖိနပ်ကို တွေ့လိုက်ရတာမို့ မြယွန်းမီရင်တွေတုန်ပြီး အိမ်ထဲကို ဝင်ခဲ့လိုက်တယ်။မိခင်ရဲ့ အခန်းဝကိုအရောက်မှာ အခန်းတံခါးကို ဖွဖွခေါက်ပြီး တံခါးကိုဖွင့်ကြည့်လိုက်တယ်၊၊ "အမေ နေမကောင်းဘူးလားဟင် ... မြယွန်းမီမေးလိုက်မှ မိခင်ကြီးဆီက ငိုသံထွက်လာတာမို့ စိတ်ထဲပူသွားရပြီး အခန်းထဲပြေး၀င်လိုက်မိတယ်။ "ဘာဖြစ်လို့လဲ အမေ ... ဘာဖြစ်လို့လဲ " " နင့်အစ်ကိုလူမိုက်မရှိတော့ဘူး....အိမ်ကပိုက်ဆံတွေ ယူပြီးထွက်သွားပြီ " "ရှင် ...ဘယ်ကိုထွက်သွားတာလဲ အမေ ..ပန်းသွေးချယ်ဆိုတဲ့မိန်းမနဲ့ သွားတာလား " မြယွန်းမီအထိတ်တလန့်နဲ့ မိခင်ကို ပြန်မေးလိုက်မိတယ်။ " မသိဘူးအေ...မသိတော့ဘူး ...အဲ့ဒီဟာမနဲ့သွားတာကမှ ငါရင်အေးရအုံးမယ် ... မဟုတ်ရင် ဟိုဟာတွေက သူ့ကိုတရားခံပြေး ဖြစ်အောင်လုပ်လိမ့်မယ် ... နင့်အဖေအမျိုးတွေဆီကို ဖုန်းဆက်စမ်း..... နင့်အစ်ကိုလာသေးလားပဲမေး အပိုစကားတွေမပြောနဲ့ .." "ဟုတ်ကဲ့ အမေ " တစ်ဝမ်းကွဲရောနှစ်ဝမ်းကွဲအမျိုးတွေပါမကျန် ဖုန်းဆက်ကြည့်ပေမဲ့ အကြောင်းကမထူး။ သူတို့ဆီလဲ မလာဘူးတဲ့လေ။လင်းမြတ်ဇင်ဖုန်းကို မကြာခဏဆက်ကြည့်တော့ ဖုန်းကစက်ပိတ်ထားခဲ့တယ်။လင်းမြတ်ဇင်သူငယ်ချင်းတွေရဲ့ ဖုန်းကို ခေါ် တော့လဲ အကြောင်းကမထူး။ပြဿနာထဲကို သူတို့ကိုဆွဲခေါ်မှာ ကြောက်၍ ထင် ဖုန်းကိုခပ်မြန်မြန်ပြောပြီးချပစ်လိုက်ကြတယ်။ပြောတော့လဲ အချစ်ဆုံး သစ္စာအရှိဆုံးသူငယ်ချင်းတွေတဲ့လေ။အိမ်က အမေနဲ့ ညီမတက်ကိုပိုခင်တွယ်တဲ့သူတွေတဲ့လေ။အခုတော့ ဖုန်းလေးဆက်တာကို စိတ်မရှည်ချင်ကြ။ " မလာဘူးတဲ့ အမေ " "ထားလိုက်တော့ ... ဟိုဘက်က အခြေအနေကိုစောင့်ကြည့်ရမှာပဲ " ~~~~~~ "ကျွန်မတို့ကလဲ ရှင့်အိမ်ကိုလာချင်လွန်းလို့ လာရတာမဟုတ်ဘူး ... ရှင့်သားဘယ်မှာလဲ ..ရှင့်သားကို ခုချက်ချင်းထုတ်ပေး ... မထုတ်ပေးရင် ရှင်တို့သားအမိကိုပါ ဖမ်းခိုင်းပစ်မယ် " ဒေါ်သင်းသင်းကြူက ဘေးအိမ်တွေပါ ကြားအောင်ခုနှစ်သံချီ ဟစ်ပြီးအော်လိုက်တယ်။ ''စကားကို အေးအေးဆေး ပြောပါ ဒေါ်သင်းသင်းကြူ ...သူအိမ်ကထွက်သွားလို့ ကျွန်မရှာပေးမယ်လို့ ပြောပြီးပြီနော် .. ဒီလောက် ပြောနေတဲ့ကြားက ကျွန်မတို့ကိုပါ ဖမ်းခိုင်းမယ်ဆိုတော့ ...ဘာလဲ ကျွန်မသားနဲ့အိပ်ဖို့ ရှင့်သမီးကို ကျွန်မတို့က ဆွဲခေါ်ခဲ့မိလို့လား ... သမီးရည်းစားဘဝမှာ မှားမိကြတိုင်း ယောကျာ်းလေးကိုပဲအပြစ် တင်မနေနဲ့ ... လက်ခုပ်ကနှစ်ဖက်တီးမှမြည်တာ.... ယောကျာ်းတွေဆိုတာ တောင်းကြည့်လို့ရရင်ယူမှာပဲ ... ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတဲ့ မိန်းခလေးမှန်သမျှ လက်မထပ်ရသေးဘဲနဲ့ ဘယ်တော့မှအတူမအိပ်ဘူး ..... ကျွန်မကရှာပေးပါမယ်လို့ ပြောထားရက်နဲ့ ရှင်တို့ဘက်က တရားလွန်လာရင် .. ကျွန်မကရောငြိမ်ခံနေမယ်ထင်လား ...ခုချက်ချင်း ရဲစခန်းကိုဖုန်းဆက်ပြီး ပိုင်နက်ကျူးလွန်မှုနဲ့ တိုင်လိုက်ရမလား " ဒေါ်မြစန္ဒာရဲ့ စကားအဆုံးမှာ ဒေါ်သင်းသင်းကြူတို့ အုပ်စုမျက်စိမျက်နှာတွေပျက်သွားကြပြီး ပြန်ဖို့ပြင်ဆင်လိုက်ကြတယ်။ "နင့်လိုဟာမနဲ့ ငါတို့လဲစကားအပိုတွေ မပြောချင်ပါဘူး ....တရားရုံးကပဲ ပြောကြတာပေါ့ စောင့်နေလိုက်ပါ " " သဘောပါပဲ ... ကျွန်မလဲ စောင့်နေပါ့မယ် " ဒေါ်သင်းသင်းကြူတို့ အုပ်စုထွက်သွားပြီးချိန်မှာတော့ ဒေါ်မြစန္ဒာတစ်ယောက် ဖုန်းမကိုင်တဲ့ သားဖြစ်သူဆီကို ဖုန်းတွေထပ်ဆက်လိုက်တယ်။ ~~~~ " ရှင် ဘယ်လိုအမေ ....အိမ်နဲ့ ခြံကိုရောင်းတော့မယ်ဟုတ်လား ... " မြယွန်းမီမယုံကြည်နိုင်စွာ မေးလိုက်မိတယ်။ဒီအိမ်နဲ့ခြံက အဖေ့ဆီကနေ မင်္ဂလာနှစ်ပတ်လည် လက်ဆောင်အဖြစ်ရထားတာမို့ အမေသိပ်ကိုတန်ဖိုးထားခဲ့တာ သူမအသိဆုံးလေ။စီးပွားရေးအဆင်မပြေစဉ်အချိန်တုန်းကတောင် ခြံကိုပိုင်းရောင်းဖို့ အမျိုးတွေက အကြံပေးခဲ့ပေမဲ့ တုတ်တုတ်မလှုပ်ခဲ့တဲ့သူလေ။ "တကယ်ပဲရောင်းတော့မလို့လား အမေ...ဒါကအဖေလက်ဆောင်ပေးခဲ့တဲ့ခြံလေ .. အမေရောင်းရက်လို့လား.... " " ငါ့သားတစ်ယောက်လုံး ဒုက္ခရောက်နေမှတော့ ...ငါ့ခံစားချက်က ဘာအရေးကြီးလို့လဲ...လောကမှာ ငါ့အတွက်ငါ့သားသမီးကပဲ အရေးကြီးဆုံး ... ငွေတွေအကုန်ကုန်ရင်ကုန်သွားပါစေ ငါ့သားဒုက္ခမရောက်အောင် ငါကြိုးစားရမှာပဲ " @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (၉) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

" ဒီလောက်ဖြစ်နေတာ အဲ့ဒီအဘွားကြီးရဲ့ငွေတွေကို ရအောင်ကိုယူပြအုံးမယ် ... အဲ့ဒီအဘွားကြီး ပုံမလာတာကို သမီးအစကတည်းက သိတယ် ... သူ့သားကိုရောဘယ်သူက ယူမယ်ပြောလို့လဲ ..ကြည်နေ သူ့သားကိုထောင်ချပစ်ပြီး ...သူတို့ပိုင်ဆိုင်မှုတွေကို သမီးရအောင်ယူပြမယ် " " သမီးမှာသက်သေတွေရော ရှိလို့လား ..." "ရှိတာပေါ့ အမေရဲ့ ...ဓါတ်ပုံ သက်သေလား ..ဗီဒီယိုသက်သေ လား အစုံရှိတယ်..." "ဒါဆိုရင် ပွဲပြီးပြီပဲ ....အမေ ရှေ့နေတစ်ယောက်ရှာထားလိုက် တော့မယ် ..သမီးလဲ ဒီရက်ပိုင်းမှာ အပြင် သိပ်မထွက်နဲ့တော့ " " ရပါတယ်အမေရယ်.. အေးဆေး ပါ ...အဘွားကြီးက သူ့သားနဲ့သမီးကို ...မိုးချုပ်တာနဲ့ အခန်းအောင်းခိုင်းထားတဲ့ငတုံးတွေပါ .." ~~~~ မိခင်ဖြစ်သူနဲ့ အစ်ကိုဖြစ်သူ တို့ စကားပြောနေချိန်မှာ မြယွန်းမီ နားထောင်မနေတော့ဘဲ စာကြည့်စားပွဲမှာပဲ ထိုင်နေလိုက်တယ်။ ~~~~~~ "ကျွန်တော် သူ့ကိုလုံးဝလက်မထပ်နိုင်ဘူး အမေ ... " လင်းမြတ်ဇင်က ခါးခါးသီးသီး ငြင်းဆိုလိုက်တာမို့ ဒေါ်မြစန္ဒာ သားဖြစ်သူကိုကြည့်လိုက်ပြီး "ပြောတာ လွယ်လှချည်လားလင်းမြတ်ဇင်ရဲ့ ...ဒီလိုတွေဖြစ်မှာစိုးလို့ ငါအတန်တန်တားခဲ့တယ်လေ .. မင်းပဲချစ်လှချည်ရဲ့ဆို ဘာလို့လက်မထပ်ချင်ရတာလဲ ....တာဝန်ယူချင်စိတ်မရှိဘဲ သူများသားသမီးကို စော်ကားရလားဟဲ့ " " ကျွန်တော်စော်ကားတာမဟုတ်ဘူးအမေ .... တာဝန်မယူချင်လို့လဲမဟုတ်ဘူး ...သူကကျွန်တော်နဲ့ပဲ အတူအိပ်တာမဟုတ်ဘူး ... ကျွန်တော်နဲ့တွဲနေရင်းက တခြားကောင်တွေနဲ့ပါ လိုက်အိပ်နေတာ ..... သူ့အကြောင်းကို သိလို့ ကျွန်တော် သူ့ကိုအဆက်ဖြတ်လိုက်တာပါ " သားဖြစ်သူရဲ့ စကားကြောင့် ဒေါ်မြစန္ဒာ ရင်ဘတ်ကို လက်နဲ့ပါဖိထားလိုက်ရတယ်။ " အဲ့ဒီတော့ ဘယ်လိုလုပ်မလဲ လင်းမြတ်ဇင်ရဲ့ ... အဲ့ကောင်မလေးရှုပ်ပွေတာကို မင်းသက်သေပြနိုင်လို့လား ... မင်းကို သူတို့က ရုံးတိုင်မှာတဲ့ ....သူတို့မှာ သက်သေရှိတယ်တဲ့ သိရဲ့လား ...ဒီလိုအမှုနဲ့ ထောင်ကျခဲ့ရင်လဲ မင်းတစ်ဘ၀လုံးနာလန်ထူမှာ မဟုတ်တော့ဘူး ... ဘယ်လိုလုပ်ကြမလဲ လင်းမြတ်ဇင်ရဲ့ ..ငါသေသာသေပစ်လိုက်ချင်ပါတော့တယ်ဟယ် " ဒေါ်မြစန္ဒာပြောရင်း မထိန်းနိုင်တော့ဘဲ ငိုချပစ်လိုက်တယ်။လင်းမြတ်ဇင်ကတော့နေရာမှာငူငူ ချည်းထိုင်နေခဲ့တယ်။ "ကျွန်တော့် သူ့ကိုရွံတယ် အမေ ... အတူအိပ်တဲ့အခြေအနေထိဖြစ်ရတာလဲ သူမြူဆွယ်လို့ဖြစ်ရတာ... " " မင်းအခုမှ အဲ့ဒီလိုပြောလို့မရဘူး လင်းမြတ်ဇင်ရဲ့ ...သူဘယ်လိုပဲ မြူဆွယ်ပါစေမင်းပါမှဖြစ်မှာ လေ ... တဏှာရာဂစိတ်ဆိုတာလူတိုင်းမှာရှိတယ် ... ဒါပေမဲ့အဲ့ဒီစိတ်ကို အသိဉာဏ်နဲ့သိက္ခာနဲ့ထိန်းနိုင် ရတယ်....ဒီလိုမှမဟုတ်ရင် လူတွေဟာတိရစ္ဆာန်နဲ့ ဘာကွာတော့မှာလဲ ... ငါတို့ရှေ့ဆက်ဘာလုပ်ကြမလဲ" ပြောရင်းနဲ့မှ ဒေါ်မြစန္ဒာ အသက်ရှူတွေပါကြပ်လာခဲ့တယ်။ "မိယွန်း ...မိယွန်းလာပါအုံး ...အမေ့ကိုဆေးယူပေးပါအုံး ...အမေခေါင်းတွေ အရမ်းမူးလာပြီး " စကားဝိုင်းကို နားစွင့်နေတဲ့ မြယွန်းမီမှာ မိခင်ရဲ့အသံကြောင့် ဆေးယူပြီး မိခင်ဆီအပြေးသွားလိုက်ရတယ်။မိခင်နားကို ရောက်တဲ့အခါ မိခင်ဘေးနားမှာ မလှုပ်မယှက်ထိုင်နေတဲ့ အစ်ကိုဖြစ်သူကို ကြည့်ပြီး စိတ်ထဲတိုသွားရတယ်။လုပ်တုန်းကလုပ်ခဲ့ပြီးမှ ပြဿနာဖြစ်လာတော့ မိဘကိုဒုက္ခပေးဖို့ကိုပဲ သတိရတဲ့သူ။အစ်ကိုတစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ သံယောဇဉ်ရှိရှိ မိခင်နဲ့တော့မလဲနိုင်ပါဘူး။ ~~~~~ "အမေဈေးရောင်းမသွားနဲ့နားလိုက်ပါ ... သမီးဒီနေ့ ကျောင်းမသွားတော့ဘူးလေ " "ရတယ် မလိုဘူး ..ငါလုပ်နိုင်တယ် ... ကျောင်းက အရေးကြီးတယ် ..ကျောင်းပဲသွားတက် .. ဒါနဲ့ ညည်းအစ်ကိုမနိုးသေးဘူးလား ..သွားနှိုးစမ်း...ကိစ္စက ဒီတိုင်းနေရုံနဲ့ ပြီးမတဲ့လား " "ဟုတ်ကဲ့ အမေ " မိခင်ရဲ့ ခိုင်းစေမှုကြောင့် မြယွန်းမီစိတ်မပါလက်မပါနဲ့ အစ်ကိုဖြစ်သူ အခန်းရှေ့ကို ရောက်သွားရတယ်။ " ဒေါက် ....ဒေါက် " " အမေခေါ်နေတယ် " အသံကျယ်ကျယ်နဲ့ ခေါ်လိုက်ပေမဲ့ အထဲကအသံမကြားရတာမို့ မြယွန်းမီထပ်အော်လိုက်တယ်။ "မနိုးသေးဘူးလား ...အမေခေါ်နေတယ် " နောက်တစ်ကြိမ်ထပ်ပြီး ခေါ်လိုက်ချိန်မှာတော့ အခန်းတံခါးက ပွင့်လာပြီး လင်းမြတ်ဇင်အခန်းထဲက ထွက်လာခဲ့တယ်။ ~~~~~ "မင်း ဒီနေ့ဘယ်မှမသွားနဲ့အုံး....အပြင်လဲမထွက်နဲ့ ...အဲ့ဒီမိန်းမတွေအိမ်ကိုလာရင်လဲထွက် မတွေ့နဲ့ ကြားလား ...." မိခင်ရဲ့စကားကိုလင်းမြတ် ခေါင်းလဲမငြိမ့် ခေါင်းလဲမခါဘဲ တိတ်ဆိတ်စွာနားထောင်နေခဲ့တယ်။ "ဖုန်းဆက်လို့ပဲဖြစ်ဖြစ် ... မင်းတို့ချင်း စကားပြောဖြစ်ရင် ..သူ့ကို ဆဲဆိုတာတွေဘာတွေ ..မိုက်မိုက်ရိုင်းရိုင်းမပြောနဲ့နော် ... ဒီလိုကိစ္စတွေမှာ ... ယောကျာ်းလေးက တစ်ပန်းရှုံးပြီးသားပဲ ... ဒီကိစ္စတွေက မင်းပါလို့ဖြစ်ခဲ့တာ ခုမှခေါင်းရှောင်လို့တော့မရဘူး '' ဒေါ်မြစန္ဒာတို့ ထွက်လာကြချိန်မှာတော့ လင်းမြတ်ဇင်တစ်ယောက်တည်း အိမ်မှာကျန်ခဲ့တော့တယ်။

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၈) ******* အမျိုးသမီးရဲ့စကားကြောင့် ဒေါ်မြစန္ဒာရင်တွေဒိန်းခနဲ ဆောင့်ခုန်သွားခဲ့ရတယ်။ ဧည့်သည်အတွက်ကော်ဖီနဲ့ မုန့်သွားယူဖို့ပြင်နေတဲ့ မြယွန်းမီရဲ့ ခြေလှမ်းတွေလဲ ရပ်တန့်သွားရတော့တယ်။ "ထိုင် ..ထိုင်ကြပါအုံးရှင် ..သားရေးသမီးရေးကိစ္စဆိုတာ ဘာကိုပြောတာလဲရှင် ..နားမရှင်းလို့ပါ " ဒေါ်မြစန္ဒာဟန်မပျက်အောင် ထိန်းရင်းမေးလိုက်တယ်။ "ဒီလိုပါ ...ကျွန်မသမီးပန်းသွေး ချယ်နဲ့ ... ဒေါ်မြစန္ဒာရဲ့သားလင်းမြတ်ဇင်က ချစ်သူတွေဖြစ်နေကြတာကြာပါပြီ ..သူတို့ချင်းလဲ အတူတူနေကြတယ်လို ပြောပါတယ် ... ဒါကလဲ ဒေါ်မြစန္ဒာရဲ့ သားကလက်ထပ်ယူမယ်လို့ပြောလို့ ကျွန်မသမီးကလိုက်လျောခဲ့တာပါ ..အခုတော့ ကျွန်မသမီးကို မပြောမဆိုနဲ့အဆက်အသွယ်ဖြတ်ထားတာကြာပါပြီ ...ဒီကိစ္စကို ဒေါ်မြစန္ဒာဘက်က ဘယ်လိုစီစဉ်ပေးမလဲ " "ရှင် " ကြားလိုက်ရတဲ့ စကားတွေကြောင့် ဒေါ်မြစန္ဒာ ကြက်သေသေသွားမိတယ်။ဖြုန်းခနဲ ဘာစကားမှ ပြန်မပြောနိုင်သေးဘဲ အတန်ကြာအောင် အမျိုးသမီးကိုကြောင်ငေးကြည့်နေမိတယ်။ "နောက်တစ်ပတ်အတွင်းမှ ... ဒေါ်မြစန္ဒာ ရဲ့သားဆီက အဆက်အသွယ်မရရင် ... သူ့ကို ကာမလိမ်လည်ရယူမှုနဲ့ တရားစွဲမှာပါ့ " ကြားလိုက်ရတဲ့ စကားက ဒေါ်မြစန္ဒာရဲ့ နားထဲမှာ ဗုံးတစ်လုံးပေါက်ကွဲသွားသလိုပါပင်။အသားများပင်ဆိုးဆိုးဆတ်ဆတ်တုန်လာရတယ်။ "နေ..နေပါအုံး ဒေါ်သင်းသင်းကြူ ... လူငယ်တွေကိစ္စမှာ ...ကျွန်မတို့လူကြီးတွေက ဘာလို့ဝင်ပါရမှာလဲ ... သူတို့ကျေနပ်လို့ သူတို့ချင်းဖြစ်ခဲ့ကြတဲ့ကိစ္စပဲလေ ...သမီးရည်းစားဖြစ်တိုင်း လက်ထပ်ရမယ်လို့ ထုံးစံရှိလို့လား " "ဘာပြောလိုက်တယ် ဒေါ်မြစန္ဒာ ...ရှင်သားသမီးချင်းစာနာစိတ်မရှိဘူးလား ... သားရှင်ဆိုပြီး စကားကိုလက်လွတ်စပယ် မပြောနဲ့နော် ... ရှင်ကမိဘတစ်ယောက်ပဲ...ရှင့်မှာတာဝန်အပြည့်ရှိ တယ် " "ကျွန်မမှာ တာဝန်ရှိတယ်ဟုတ်လား ...ဘာလဲ ကျွန်မကသူတို့ကိုအတူအိပ်ခိုင်းခဲ့လို့လား ပြောပါအုံး ...ဒီလိုတွေဖြစ်လာမှာစိုးလို့ ..ကျွှန်မသားကိုရောရှင့်သမီးကိုပါ ဆိုဆုံးမခဲ့တယ်...ဒါပေမဲ့ ရှင့်သမီးက သားအမိချင်းတောင်ပြန်ပေးစားခဲ့သေးတယ်လေ ...." "ရှင်ခုချိန်မှဒီလို မပြောနဲ့ ..ဒါကရှင့်သား လုပ်ထားတဲ့ကိစွပဲ ..ရှင်တာဝန်ယူရမှာပဲ ... ခေါင်းရှောင်ဖို့ မစဉ်းစားနဲ့ " "ကျွန်မက ခေါင်းရှောင်နေတာ မဟုတ်ဘူး ...သူတို့ဘာသာကြည့်ဖြူပြီး အတူအိပ်ခဲ့တုန်းကအိပ်ခဲ့ပြီး ..အဆင်မပြေလို့ ခွါပြဲကြတာကို ..ကျွန်မသားကို ထောင်ချမယ်လို့ စပြောတာကရှင်လေ ... ကျွန်ရှင်းရှင်းပဲပြောလိုက်မယ် ..ရှင့်သမီးကို ကျွန်မသားနဲ့ သဘောမတူနိုင်လို့ ....ကျွန်မကတော့မပေးစားနိုင်ဘူး ...သူ့သဘောနဲ့သူယူလဲမတားဘူး....သူ့အတွက်လဲတစ်ပြားတစ်ချပ်မှမထောက်ပံ့နိုင်ဘူး ...အရှင်းဆုံးပြောထားတာ " " ဘာပြောလိုက်တယ် ... ကိုယ်ချင်းစာတရားကင်းမဲ့ လှချည်လား .. နင့်မှာလဲသမီးရှိတယ်ဆိုတာကို မမေ့နဲ့အုံး " "တော်စမ်း ... ငါ့သမီးကို ဆွဲမထည့်နဲ့ ...ငါ့သမီးကသာ ရည်းစားဘဝမှာ အတူလိုက်အိပ်ရလောက်အောင် အရှက်သိက္ခာကင်းမဲ့တဲ့သူဆိုရင် ငါကိုယ်တိုင်သတ်ပစ်မယ် ... အတူလိုက်အိပ်ရင် ဒီလိုပြဿနာတွေဖြစ်မယ်ဆိုတာ မစဉ်းစားမိကြဘူးလား ... ပြဿနာဖြစ်လာမှ မိဘကိုဒုက္ခပေးရလား ... လင်းမြတ်ဇင်အခုအိမ်မှာမရှိဘူး ....သူပြန်လာရင် ရှင်တို့ဆီလွှတ်ပေးလိုက်မယ်...အခုပြန်ကြပါတော့ " အခြေအနေက တင်းမာလာပြီး ဒေါ်မြစန္ဒာက ဒေါ်သင်းသင်းကြူတို့ကို ပြန်ခိုင်းလိုက်တယ်။ " ပြန်မှာပါ ...ရှင့်လို မိန်းမမျိုးနဲ့လဲ စကားမပြောချင်ပါဘူး...လင်းမြတ်ဇင်ဆိုတဲ့ကောင်လာရင်သာ အမြန်းဆုံးလာတွေ့ခိုင်းလိုက်ပါ ...တစ်ပတ်ကျော်လို့မှ ပေါ်မလာရင်... ရှင့်သားကိုမုဒိမ်းမှုနဲ့ ထောင်ချပစ်မယ်... ကျွန်မတို့မှာ သက်သေတွေ အကုန်ရှိတယ် " ဒေါနဲ့မောနဲ့ ပြောပြီးထွက်သွားတဲ့ ဒေါ်သင်းသင်းကြူတို့ကို ကြည့်ပြီး ဒေါ်မြစန္ဒာဆိုဖာခုံပေါ်အရုပ် ကြိုးပြတ်လဲကျသွားရတော့တယ်။ '' အမေ ...အမေသတိထားအုံးလေ ... မူးလို့လား ..ဆရာဝန်သွားခေါ်လိုက်ရမလား " ခေါ် မြစန္ဒာဘာမှမပြောနိုင်ပါ။နားထင်ကို လက်နဲ့အသာဖိရင်း သမီးဖြစ်သူကိုခေါင်းငြိမ့်ပြလိုက်ရတယ်။ ~~~~~ "အသက်က ခုမှလေးဆယ်ထဲ ဝင်မယ်ကြံသေးတာနော် မမမြ ... ကိုယ့်ကိုယ်ကို ဂရုစိုက်မှပေါ့ ... သွေးပေါင်တွေလဲကျနေတယ်နော် .... ဒီရက်ပိုင်းတော့ နားနားနေနေပြီး အိပ်ရေး၀အောင်အိပ်အုံး " ဆရာဝန်မလေးနဲ့က ရင်းနှီးနေတဲ့သူဖြစ်တာမို့ ဆရာဝန်မလေးက ရင်းရင်းနှီးနှီးပဲပြောလာခဲ့တယ်။ဒေါ်မြစန္ဒာကတော့ ကိုယ့်အကြောင်းကိုယ်သာသိတာမို့ မချိပြုံးနဲ့သာနားထောင်နေလိုက်ရတယ်။ ~~~~~~ " မြစန္ဒာဆိုတဲ့မိန်းမမောက်မာချက် က ...ညည်းတို့လက်ထပ်လဲ မထားဘဲ့တဲ့လေ... ငွေတော့တစ်ပြားတစ်ချပ်မှမပေးဘူးတဲ့ဟေ " ဒေါ်သင်းသင်းကြူ မကျေမချမ်းနဲ့ ပြောလိုက်တယ်။

~~~~~~ တစ်လကျော်နီးပါးလောက်ပျောက်သွားခဲ့ပြီး ပြန်ရောက်လာချိန်မှာ ဖြူဖြူချောချောကောင်လေးတစ်ယောက်အဖြစ်ကနေ ညှင်းသိုးသိုးပိန်ပိန်လှီလှီပုံပေါက်နေတဲ့သားဖြစ်သူကိုကြည့်ပြီး ဒေါ်မြစန္ဒာ အသက်ရှူရပ်မလိုပင်ဖြစ်သွားရတယ်။သားဖြစ်သူရဲ့ မျက်နှာကို မြင်လိုက်ရချိန်မှာပဲ ဒေါ်မြစန္ဒာမှာဆူပူမာန်မဲဖို့ စကားလုံးတွေပါ ပျောက်ဆုံးသွားရတော့တယ်။မအေကို မြင်တာနဲ့ ခြေသလုံးကိုဖက်ပြီး ရှိုက်ကြီးတငင်ငိုချလိုက်တဲ့ သားဖြစ်သူကြောင့် တင်းထားခဲ့တဲ့ ဒေါ်မြစန္ဒာရဲ့စိတ်တွေ အရည်ပျော်သွားခဲ့ရတော့တယ်။ "သား..ဒီနေ့ကစပြီး လိမ်လိမ်မာမာနေပါတော့မယ် အမေ...ရရာအလုပ်ဝင်လုပ်ပြီး နိုင်ငံခြားသွားဖို့ပဲ အာရုံစိုက်ပါတော့မယ် " " သားသမီးယုံစုံးလုံးကန်း " တဲ့။ သားဖြစ်သူနဲ့ ပတ်သက်ရင် ဒေါ်မြစန္ဒာစုံလုံးကန်းခဲ့တာလဲကြာခဲ့ပါပြီ။ဒီတစ်ကြိမ်ယုံကြည်ပေးလိုက်ဖို့ကိုလဲ ဒေါ်မြစန္ဒာမကြောက်တော့ပါဘူး။ ~~~~ အစ်ကိုဖြစ်သူ ဒီတစ်ခေါက် အိမ်ကိုပြန်လာချိန်မှာတော့ မြယွန်းမီအရင်လို စကားမပြောဖြစ်တော့ပါ။မျက်ခုံးမှာချုပ်ထားရတဲ့ ဒဏ်ရာကကျန်ခဲ့တဲ့ အမာရွတ်လိုပဲ ရင်တွင်းကနာကျင်မှုကလဲ မေ့ဖျောက်၍မပျောက်နိုင်တော့ဘဲ ဖြစ်နေခဲ့ပါပြီ။မောင်နှစ်မနှစ်ယောက်ကြားမှာ စကားပြောဆိုခြင်းများမရှိကြတော့သလို နှစ်ယောက်သား မဆုံဖြစ်အောင် မြယွန်းမီကပဲ အရင်ဦးအောင်ရှောင်နေလိုက်ခဲ့လိုက်တယ်။ ~~~~~ ဒီနေ့လပြည့်နေ့မို့ ဒေါ်မြစန္ဒာ ရောမြယွန်းမီပါ အိမ်မှာရှိနေခဲ့ကြတယ်။လင်းမြတ်ဇင်တစ်ယောက်ကတော့ မနက်လင်းကတည်းက အလုပ်ကိစ္စနဲ့ အပြင်ကိုထွက်သွား ခဲ့တယ်။ "သမီးရေ ... အိမ်ရှေ့မှာ ဧည့်သည်တွေထင်တယ် ...သွားကြည့်လိုက်ပါအုံး " မိခင်ရဲ့စကားကြောင့် မြယွန်းမီခြံထဲကို အပြေးဆင်းခဲ့လိုက်ပြီး ခြံတံခါးကိုဖွင့်ပေးရင်း မေးလိုက်တယ်။ "ဘယ်သူနဲ့ တွေ့ချင်လို့ပါလဲ အန်တီ " " မင်းက ဒေါ်မြစန္ဒာသမီးလား ... ဒေါ်မြစန္ဒာရှိတယ် မဟုတ်လား " "ဟုတ်ကဲ့ ရှိပါတယ်အန်တီ .. အိမ်ထဲဝင်ပါနော် '' ~~~~ သမီးငယ်နဲ့အတူ အိမ်ပေါ်ကိုတက်လာတဲ့ မျက်နှာစိမ်း အမျိုးသမီးကို ဒေါ်မြစန္ဒာကြည့်နေမိတယ်။ " ဝင်ခွင့်ပြုပါ ဒေါ်မြစန္ဒာ ...ကျွန်မက ပန်းသွေးချယ်ရဲ့မိခင် ဒေါ်သင်းသင်းကြူပါ ..သားရေးသမီးရေးကိစ္စလေးဆွေးနွေးဖို့လာခဲ့တာပါ '' @@@@@@@@@@@@@@@@@@@@@@ အပိုင်း (၈) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

ရှောင်ပေးသလို ထွက်သွားတဲ့ ပန်းသွေးချယ်ရဲ့မိခင်ကြောင့် လင်းမြတ်ဇင်မျက်နှာပူသွားရတယ်။ "ဘာလဲမောင် ရှက်နေတာလား ....အမေ့ကို အားနာတာလား ...အမေ့ကရှောင်ပေးတာ မဟုတ်ပါဘူး ...ချစ်ပြန်လာမှ ပိုက်ဆံပါလာလို့ ဈေးသွားဝယ်ရတာလေ " ချစ်သူဆီကကြားလိုက်ရတဲ့ စကားကြောင့် လင်းမြတ်ဇင်ရင်ထဲ စိတ်မကောင်းဖြစ်သွားရတယ်။ ~~~~~~~ "ကိုကို ဒါဘာလုပ်နေတာလဲ ...မလုပ်နဲ့နော် ... အဲ့ဒီငွေတွေက အထည်ဖိုးရှင်းရမဲ့ငွေတွေ " တစ်ပတ်လောက်ငြိမ်နေလို့ အေးဆေးဖြစ်သွားပြီထင်ခဲ့တာ မမျှော်လင့်ထားတဲ့ အခြေအနေကို တွေ့မြင်လိုက်ရတာမို့ မြယွန်းမီ အထိတ်တလန့်နဲ့ တားမြစ်လိုက်မိတယ်။ အစ်ကိုဖြစ်သူ လင်းမြတ်ဇင်တစ်ယောက် မိခင်ရဲ့ဗီရိုသော့ကိုခိုးဖွင့်ပြီး အထဲကငွေတစ်ထပ်ကို ယူနေတာကိုတွေ့လိုက်ရတယ်။ဒီနေ့ကျောင်းပိတ်ရက်မို့ မြယွန်းမီ ဈေးကိုလိုက်သွားပြီး စောစောပြန်လာခဲ့ရာက ပက်ပင်းတွေ့တာပဲဖြစ်တယ်။ဒီငွေတွေကအထည်ဖိုးရှင်းရမဲ့ငွေတွေ။ ဒီငွေတွေ ပါသွားရင်ဖြင့် မိခင်ဖြစ်သူဒုက္ခအကြီးအကျယ်ရောက်ပေးလိမ့်မယ်။ "ဖယ်စမ်းပါဟာ ..ငါအကုန်ယူတာလဲ မဟုတ်ဘူး ... နင်မမြင်ချင်ယောင်ဆောင်နေလိုက် ...အမေ သိမှာတောင် မဟုတ်ဘူး " "ဟင့်အင်း...မရဘူးကိုကို..အဲ့ဒီငွေတွေက အထည်ဖိုးရှင်းဖို့ အတိအကျထားထားတဲ့ငွေတွေပါ ... အထည်ဖိုးတွေ မရှင်းနိုင်ရင် အမေဒုက္ခရောက်လိမ့်မယ် " "ဟာ ....နင်ဘာဖြစ်နေတာလဲ ...ဘာလဲမျက်နှာကောင်းလိုချင်နေတာလား ..ငါယူနေတာ နင့်ကျောင်းတစ်လစာဖိုးတောင်မရှိပါဘူး ..အမေ့ပိုက်ဆံတွေကို နင်တစ်ယောက်တည်း မောင်ပိုင်စီးချင်နေတာလား " "ကိုကိုရူးနေပြီလား ... မယားတရူးရူးနေတာလား ...ကိုကိုဒီအရွယ်ထိ ဘာအလုပ်မှမလုပ်ရဘဲ အေးဆေးထိုင်စားနေလို့ရအောင်...ညီမလေးကအမေနဲ့အတူဝိုင်းရှာခဲ့တာ သိရဲ့လား...ကိုကို ဘာဝိုင်းကူခဲ့လဲ ....ကိုကို့စိတ်ထဲမှာ အမေ့ကို ငွေထုတ်စက်လိုပဲ မှတ်နေတာမဟုတ်လား ...ညီမလေး ပညာသင်နေတယ်ဆိုတာကလဲ အမေ့ကိုအလုပ်မလုပ်စေချင်လို့ ကြိုးစားနေတာ ....ငွေကို အလကားဖြန်းနေတာမဟုတ်ဘူး " မပြောစဖူးပြန်ပြောရင်း ပိုက်ဆံတွေကို ပြန်လုနေတဲ့ ညီမဖြစ်သူကိုကြည့်ရင်း လင်းမြတ်ဇင် အံ့ဩသွားမိသလို စိတ်လဲတိုသွားမိတယ်။မောင်နှမနှစ်ယောက် တွန်းထိုးရုန်းကန်ကြရင်း လင်းမြတ်ဇင်က ညီမဖြစ်သူကို ကန်ကျောက်ထိုးကြိတ်သလို မြ ယွန်းမီလဲ အင်အားရှိသမျှ ပြန်လည်ထုရိုက်ပြီးငွေကို ပြန်လုယူဖို့ ကြိုးစားလိုက်တယ်။သို့ပေမဲ့ အင်အားချင်းမမျှတာမို့ နောက်ဆုံးတော့ မြယွန်းမီမှာ ဒဏ်ရာတွေနဲ့ကျန်ခဲ့ပြီး လင်းမြတ်ဇင်က ငွေတွေကိုယူကာထွက်သွားခဲ့တယ်။ ~~~~~~ "ခွေးထက်မိုက်တဲ့ကောင် ..ဘယ်တော့မှလက်မခံတော့ဘူး ...ဒင်းကို သားအဖြစ်က စွန့်ပစ်လိုက်ပြီး ...ညည်းလဲအဲ့ဒီကောင်ကိုဘယ်တော့မှ မခေါ်နဲ့ " ဒေါ်မြစန္ဒာနာနာကြည်းကြည်းနဲ့ပြောလိုက်ပြီး အခန်းထဲဝင်ကာကြိတ်ငိုမိတယ်။ တစ်သက်လုံးကအလိုလိုက်ထားသမျှ အားလုံးက မိမိရဲ့အပြစ်တွေပဲဆိုတာကို နောင်တသိနဲ့ သိလိုက်တယ်။သားသမီးချင်းတူတူ သား ယောကျားလေးမို့ ဘာမဆိုဦးစားပေးခဲ့တယ်။သမီးလေးကို နှိမ်ပြီး သားကိုဦးစားပေးခဲ့သမျှ ရင်တွေ မွမွကြေရလေပြီ။အထည်ဖိုးငွေတွေ ဆုံးရှုံးသွားတာက ပြန်ရှာလို့ရပေမဲ့ သားတစ်ယောက်ကို ဆုံးရှုံးသွားသလို ခံစားနေရတဲ့စိတ်က နှလုံးသားကိုကွဲကြေစေခဲ့တယ်။ ~~~~~ လင်းမြတ်ဇင် အိမ်မပြန်ရဲတာနဲ့ ချစ်သူကိုပေးပြီးပိုတဲ့ငွေနဲ့ အဆောင်မှာငှားနေလိုက်တယ်။ အဆောင်မှာ ဝိုင်ဖိုင်ပါတာမို့ တစ်နေကုန် ဂိမ်းကစားနေခဲ့ပြီး ညနေစောင်းမှ ချစ်သူကိုသွားကြိုရင်း ဗိုက်ကိုဖြည့်ရတယ်။ ဒီရက်အတောအတွင်းမှာ အိမ်ကလဲဖုန်းဆက်မလာခဲ့သလို လင်းမြတ်ဇင်လဲ ဖုန်းမဆက်ရဲလို့ ဖုန်းမခေါ်ဖြစ်ခဲ့ပါ။ ဒီတိုင်းကြာရှည်နေရင် အဆင်မပြေနိုင်မှန်းသိပေမဲ့ အလုပ်လုပ်ဖို့အတွက်ကလဲ ရှာမရဖြစ်နေခဲ့တယ်။ ~~~~~~ ချစ်သူကိုလိုက်ပို့ပေးပြီး တော့ လင်းမြတ်ဇင်အဆောင်ကိုပြန်လာခဲ့လိုက်တယ်။လက်ထဲမှာ အသုံးစရိတ်မရှိတော့တာကို ချစ်သူကို မပြောရက်လို့ မပြောလိုက်ရဘူး။ ဘားတစ်ခုမှာ အကြော်ဆရာအဖြစ်အလုပ်ရလိုက်ပေမဲ့ လက်တလောသုံးဖို့ ငွေကတစ်ပြားမှကိုမရှိဖြစ်နေခဲ့တယ်။လက်ထဲမှာ ဘတ်စ်ကားခအကြွေ တချိုသာရှိပြီး ဖုန်းဆက်ဖို့ပင် ဘေမရှိတဲ့အဖြစ်။ ကြံရာမရှာတဲ့ အဆုံးမှာ ချစ်သူဆီကိုပဲ ပြန်သွားဖို့ လင်းမြတ်ဇင်ဆုံးဖြတ်လိုက်တယ်။ ~~~~~~~~ ချစ်သူရဲ့အိမ်နားကိုအရောက်မှာ အိမ်ရှေ့မှာကားဖြူလေးတစ်စီးရပ်ထားတတွေ့လိုက်ရတယ်။ ကားကိုလှမ်းကြည့်ပြီး အိမ်ထဲကို ဝင်သွားဖို့မဝံ့မရဲဖြစ်နေချိန်မှာပဲ အိမ်ထဲကနေ ချစ်သူပန်းသွေးချယ်နဲ့အတူ အမျိုးသားတစ်ယောက်အတူထွက်လာတာကို တွေ့လိုက်ရတာမို့ မှောင်ရိပ်မှာကွယ်ရပ်လိုက်မိတယ်။နှစ်ယောက်သား လက်ချင်းချိတ်ကာထွက်လာကြကာ ကားပေါ်ကိုရယ်မောပျော်ရွှင်စွာတက်သွားတဲ့ပုံကိုကြည့်ပြီး လင်းမြတ်ဇင်တောက်တစ်ချက်ကို နားကြည်းစွာခေါက်လိုက်မိတယ်။

ပြောပြောဆိုဆိုနဲ့ လက်မောင်းကို အတင်းဆွဲကိုင်ပြီး တင်းတင်းကြပ်ကြပ်ပွေ့ဖက်လာတဲ့ ပန်းသွေးချယ်ကြောင်း လင်းမြတ်ဇင်စိတ်တွေ တွေဝေသွားမိတယ်။ အထိအတွေ့က လူကိုထုံထိုင်းသွားစေသည်လားမသိ။လင်းမြတ်ဇင် အတွေး၀င်္ကပါထဲရောက်သွားသလိုဖြစ်သွားရတယ်။နားထဲမှာ တော့ ချစ်သူရဲ့ကနွဲ့ကလျ တောင်းပန်သံနဲ့ ချိုအီအီအနမ်းတွေကိုပဲ သတိရနေမိတယ်။ ~~~~~~ "လေးနာရီထိုးတော့မယ်မောင် ...ချစ်ပြန်တော့မယ်နော် ..တော်ကြာ မောင့်အမေသိသွားအုံးမယ် " ပန်းသွေးချယ်ပြန်တော့ ကားဂိတ်ထိလင်းမြတ်ဇင် လိုက်ပို့ပေးလိုက်တယ်။စိတ်ထဲမှာလဲ မှားလား၊မှန်လားမဝေခွဲတတ်ပေမဲ့ ပန်းသွေးချယ်ရဲ့ အချစ်နွံအောက်မှာ လင်းမြတ်ဇင်ကျဆုံးသွားရပြန်တယ်။ ~~~~~ " ခြံကပေ (၄၀) ပေ (၆၀) အမေ ရဲ့ ... အိမ်ကတော့ တိုက်ပုလေးပါပဲ ...ရန်ကုန်မြို့ထဲ ဒီ အကျယ်အဝန်းနဲ့ဆိုဈေးလည်း နည်းမှာမဟုတ်ဘူးသိလား ... ပြီးတော့ သူလဲနိုင်ငံခြားသွားမှာဆိုတော့ ...အဆင်မပြေစရာအကြောင်းမရှိဘူးလေ ...." ပန်းသွေးချယ်က မိခင်ကိုမစားရဝခမန်းပြောလိုက်တယ်။ "ညည်းသဘောပါပဲအေ ... မောင်အောင်ထိုက်ကရော အခြေအနေ ဘယ်လိုလဲ " "သူကရှုပ်ချင်တယ်အမေရဲ့...ခုချိန်မို့သာငွေကျနေတာ ..." "အင်းလေ ... ညည်းက အမေ့ထက်ပိုသိပါတယ်... နှပ်ပစ်ခံရတာမျိုးတော့ မဖြစ်စေနဲ့နော်" " အင်းပါ အမေရဲ့ ... သမီးပိုင်ပါတယ် " ~~~~~ ဒေါ်မြစန္ဒာမှာ သွေးတွေပွက်ပွက်ဆူအောင်ဒေါသဖြစ်သွားမိပေမဲ့ စိတ်ကိုထိန်းပြီး အိမ်ကိုပြန်လာခဲ့လိုက်တယ်။ခြံဝကို ရောက်တဲ့အချိန်မှာခြံတံခါးကိုဖွင့်လိုက်ပြီး ခြေသံပြင်းပြင်းနဲ့ ဝင်ခဲ့လိုက်တယ်။ " မိယွန်း တံခါးလာဖွင့်ပေးစမ်း... နင့်အစ်ကိုရှိလား...သူ့ကို ခေါ်လိုက်စမ်း " အိမ်ရှေ့ကမိခင်ရဲ့ အသံကြောင့် မြယွန်းမီရင်တုန်သွားရပြီး အိမ်ရှေ့ကိုအပြေးထွက်ခဲ့မိတယ်။ "ကိုကို အိပ်နေတယ်အမေ.." မြယွန်းမီရဲ့ စကားမဆုံးခင်မှာပဲ ဒေါ်မြစန္ဒာကိုယ်တိုင် သားဖြစ်သူရဲ့ အခန်းရှေ့ကိုသွားလိုက် ပြီး "လင်းမြတ်ဇင် ..မင်းထစမ်း ...အိမ်ကိုဘယ်ကကောင်မကို ခေါ်လာခဲ့တာလဲ ...မျက်နှာငယ်လေးနဲ့ ပြန်လာလို့ အချိုးပြောင်းသွားပြီထင်တာ...ပိုဆိုးလာတာပါလားလင်းမြတ်ဇင်ရဲ့ ... ငါ့အိမ်ကို ဘယ်ကောင်မမှ ခေါ် လာစရာမလိုဘူး " မိခင်ဖြစ်သူရဲ့ အသံကြောင့် လင်းမြတ်ဇင် အိပ်ချင်မူးတူးနဲ့ ထလိုက်ပြီး " သူ့ဘာသာလာတာ ... ကျွန်တော် ခေါ်တာမဟုတ်ပါဘူး...ပြီးတော့ ခဏတဖြုတ်လာတာပဲ ..ဘာပြဿဖြစ်မှာမို့လို့လဲ " လင်းမြတ်ဇင်ရဲ့ ခပ်ဆောင့် ဆောင့် အသံကြောင့် ဒေါ်မြစန္ဒာ စိတ်ပိုတိုသွားရပြီးသားဖြစ်သူရဲ့ ကျောကုန်းကို ပြေးထုလိုက်တယ်။ "အိမ်ထိလိုက်လာတာ ပြဿနာပေါ့ဟဲ့ ... မင်းက မိန်းမတွေ အကြောင်းဘယ်လောက်သိလို့လဲ ... ပြီးတော့ နင့်ဟာမကိုငါ ချွေးမ မတော်နိုင်ဘူး ...မိန်းမတစ်ယောက်က အဲ့လောက်တဏှာကြီးနေရင် ဘယ်တော့မှမိန်းမကောင်းဖြစ်လာမှာ မဟုတ်ဘူး " " ဟာဗျာ...စိတ်ညစ်လာပြီး ...အမေဘာဖြစ်နေတာလဲ .. ကျွန်တော့်ကို အိမ်မှာမထားချင်လို့လား ဆူညံနေတဲ့ အိမ်အခြေအနေကိုကြည်ပြီး မြယွန်းမီစိတ်ညစ်သွားမိတယ်။မနက်တုန်းကနဲ့မတူဘဲ ပြောင်းလဲသွားတဲ့ အစ်ကိုဖြစ်သူကိုလဲ မြယွန်းမီအံ့ဩနေမိတယ်။တစ်ချက်တစ်ချက်မိခင်ကို ပြန်အော်နေတဲ့အသံက ရင်တုန်စရာကောင်းလှတယ်။ "ပြောချင်ရင် ကျွန်တော့်ကိုပြော...သူ့ကိုပြောစရာမလိုဘူး ...အမေ့မှာလဲ သမီးရှိသေးတယ် ..ဝဋ်လည်နေမယ် " သူမကို ဆွဲထည့်ပြီးပြောလိုက်တဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီ မယုံကြည်နိုင်စွာလှမ်းကြည့်လိုက်မိတယ်။ ~~~~~~~ "နင်ကျောင်သွားရင် ..နင့်အခန်းကိုလဲ သော့ခတ်ခဲ့မိယွန်း ... အဲ့ဒီဟာမထပ်မလာဘူးလို့ မပြောနိုင်ဘူး ... ငါလဲဈေးမသွားဘဲ အိမ်မှာနေလို့မရဘူး ..ဒင်းကိုနိုင်ငံခြား မြန်မြန်သွားရအောင် လုပ်ပေးတော့မှဖြစ်မှာပါ ... ကျောင်းဆင်းတာနဲ့အိမ်ကိုပဲပြန်လာ ..ဈေးထဲကို မလာနဲ့ တော့ " "ဟုတ်ကဲ့ပါ အမေ " သားအမိနှစ်ယောက်ရင်တထိတ်ထိတ်နဲ့ပဲ အသီးသီးထွက်လာခဲ့ရတယ်။လင်းမြတ်ဇင်တစ်ယောက်ကတော့ သူ့အခန်းတံခါးကိုပိတ်ပြီးကျန်နေခဲ့တယ်။ ~~~~ " လာလေမောင် ....ဘာကို ကြောက်နေတာလဲ ..ချစ်မိဘတွေက အေးဆေးပါနော် " ချစ်သူရဲ့ အသံချိုချိုလေးကြောင့် လင်းမြတ်ဇင် မဝံ့မရဲနဲ့ အိမ်ထဲကိုလိုက်ဝင်ခဲ့လိုက်တယ်။ဒီနေ့ ပန်းသွေးချယ်အလုပ်ပိတ်တဲ့ ရက်မို့ နှစ်ယောက်သားလျှောက်လည်ကြရင်း အပြန်မှာပန်းသွေး ချယ်ရဲ့ အိမ်ကိုလိုက်လည်ခဲ့ခြင်းဖြစ်တယ်။အိမ်ရှေ့ရောက်ချိန်မှာ ဖြုန်းခနဲမို့ အိမ်ထဲမဝင်ရဲဖြစ်နေခဲ့မိတယ်။ "လာလေ မောင်ရဲ့ လာပါ...အိမ်မှာ အမေပဲရှိတာပါ ...အဖေ အပြင်သွားပါတယ် " "လာလေ သားရဲ့ လာပါ ..အားနာစရာမလိုပါဘူးကွယ် .. ဒီမှာ ထမင်းစားပြီးမှ ပြန်နော် " ဖော်ရွေလှတဲ့ ချစ်သူရဲ့မိခင်ကိုကြည့်ပြီး လင်းမြတ်ဇင်စိတ်ထဲမိခင်ဖြစ်သူကိုပြေးမြင်လိုက်မိတယ်။ချစ်သူရဲ့ မိခင်နဲ့ သူ့ရဲ့မိခင်ဖြစ်သူတို့ကြားက ကွာခြားလှတဲ့အခြေအနေကိုကြည့်ပြီး ချစ်သူကို အားနာသလိုပင်ဖြစ်သွားရတယ်။ "အေးဆေးမှပြန်နော် သား...အန်တီ ဈေးဆိုင်သွားလိုက်အုံးမယ် "

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၇) ******* " ဒေါက် ..ဒေါက် .." လင်းမြတ်ဇင် အခန်းတံခါးကို ခပ်ကြမ်းကြမ်းခေါက်ပစ်လိုက်တယ်။ အခန်းတံခါးပွင့်သွားချိန်မှာ ထိတ်လန့်အံ့ဩနေတဲ့ ပန်းသွေးချယ်ကိုတွေ့လိုက်ရတယ်။လင်းမြတ်ဇင် ဒေါသစိတ်ကို မထိန်းနိုင်တော့ဘဲ ပန်းသွေးချယ်ရဲ့ မျက်နှာကို လက်နဲ့ရိုက်ချပစ်လိုက်မိတယ်။ "ဖြန်း " "မိန်းမပျက်မ...တဏှာကြီးတဲ့ မိန်းမ " ရုတ်တရက်မို့ ပန်းသွေးချယ် လဲ ကြောင်အသွားပြီး အငိုက်မိသွားခဲ့တယ်။လင်းမြတ်ဇင် အခန်းတံခါးကို ဝုန်းခနဲပြန်ပိတ်လိုက်ပြီး တည်းခိုခန်းထဲကပါ ထွက်လာခဲ့လိုက်တယ်။ ~~~~ တည်းခိုခန်းထဲက ထွက်လာပြီးချိန်မှာ လင်းမြတ်ဇင်ဘယ်သွားလို့ သွားရမှန်းမသိ။ရှက်စိတဒေါသစိတ်တွေနဲ့ လူကအသားများပင် တဆတ်ဆတ်တုန်နေခဲ့တယ်။ အိမ်ကိုပြန်ဖို့ရန်လဲမဝံ့ရဲ။ ညကလဲ တဖြည်းဖြည်းနက်လာပြီးမို့ လမ်းပေါ်မှာဆက်နေဖို့ အဆင်မပြေတော့သလို တည်းခိုခန်းငှားဖို့လဲ ငွေကမပြည့်တော့။ဒုက္ခဆိုတာဒါလားလို့ တွေးလိုက်မိချိန်မှာ စိတ်ထဲပေါ်လာတာက မိခင်ရဲ့ မျက်နှာ။ကိုယ်လုပ်ခဲ့တဲ့အပြစ်တွေအတွက် ပြန်ဖို့ရန်လဲမဝံ့ရဲပါ။ခြေလှမ်းတွေကို အဓိပ္ပါယ်မဲ့လှမ်းရင်း လင်းမြတ်ဇင်နောင်တတွေအကြီးအကျယ်ရနေမိတယ်။ ~~~~ အိမ်တံခါးဖွင့်လိုက်ချိန်မှာ တွေ့မြင့်လိုက်ရတဲ့မြင်ကွင်းကြောင့် မြယွန်းမီရင့်ထဲနင့်ခနဲပင် ဖြစ်သွားရတယ်။ကျောပိုးအိတ်ကို ရင်မှာပိုက်ပြီး အိပ်နံရံကို မှီကာ အိပ်ပျော်နေတဲ့အစ်ကိုဖြစ်သူကိုကြည့်ပြီး ရင်ထဲကနာကြည်းနာကျင်မှုတွေက အကုန်လွင့်ပျောက်သွားရတော့တယ်။ "ကိုကို ...ကိုကိုထလေ ... ဘယ်အချိန်ကတည်းက ရောက်နေတာလဲ...ရောက်နေရင်လဲ ညီမလေးကို နှိုးလိုက်တာမဟုတ်ဘူး... . ..ဖုန်းဆက်လဲရတာပဲကို " "ဟဲ့ ..ဘယ်သူနဲ့စကားပြောနေတာလဲ မိယွန်း " မြယွန်းမီအခ်ကိုဖြစ်သူကို နှိုးနေချိန်မှာပဲ ဒေါ်မြစန္ဒာတစ်ယောက် အိမ်ရှေ့ကိုရောက်လာခဲ့ပြီးလှမ်းမေးလိုက်တယ်။ မြယွန်းမီက မိခင်ဖြစ်သူကို နှုတ်ကပြန်မဖြေဘဲ လက်ညှိုးထိုးပြလိုက်တယ်။ ဖိနပ်ချွပ်ခုံမှာ ညှိုးညှိုးငယ်ငယ်မျက်နှာလေးနဲ့ထိုင်နေတဲ့ သားဖြစ်သူကိုကြည့်ပြီး ဒေါ်မြစန္ဒာ ရင်ကွဲမတတ်ပင်ဖြစ်သွားရတယ် ။သုံးလေးရက်အတွင်းမှာ သိသိသာသာ ပိန်ကျသွားတဲ့သားဖြစ်သူက မျက်နှာငယ်လေးနဲ့ ဒေါ်မြစန္ဒာကို မော့ကြည့်နေခဲ့တယ်။ '' အမေ ..သားတောင်းပန်ပါတယ်နော် .." သားဖြစ်သူထံက တောင်းပန်စကား ခပ်တိုးတိုးထွက်လာချိန်မှာတော့ ဒေါ်မြစန္ဒာမျက်နှာကို တစ်ဖက်လှည့်ပြီး မျက်ရည်ကျမိတယ်။နှုတ်ကတော့ အသံမာမာနဲ့ ငေါက်ငမ်းပစ်လိုက်တယ်။ " လူမြင်မကောင်းအောင် ...အဲ့ဒီမှာ ဘာလုပ်နေတာလဲ ..အိမ်ထဲဝင်လေ ..ရေမိုးချိုးပြီး အိပ်တော့ " ~~~~~~ မိခင်နဲ့ ညီမဖြစ်သူတို့ အသီးသီးထွက်သွားပြီးတဲ့နောက်မှာ လင်းမြတ်ဇင်ဖုန်းအားသွင်းရင်း ဖုန်းကိုဖွင့်လိုက်တယ်။ "တူ ..တူ .." ဖုန်းကိုဖွင့်လိုက်တာနဲ့ အသံမက်ဆေ့တွေနဲ့အတူ ဖုန်းခေါ်ထားတဲ့ မက်ဆေ့တွေကိုတွေ့လိုက်ရတယ်။နာကြည်းဒေါသစိတ်နဲ့ အတူ ဖုန်းကိုပိတ်ပြီးအိပ်ပစ်လိုက်တယ်။ ~~~~~~ လင်းမြတ်ဇင်တရေးနိုးလာတော့ နေ့လယ်ပင်ရောက်နေပြီ။အိပ်ရာထဲကလူးလဲထလိုက်ပြီး ရေမိုးချိုးလိုက်တယ်။ရေချိုးပြီးတော ညနေစာချက်ဖို့ပြင်ဆင်နေချိန်မှာပဲ ခြံရှေ့ကခေါ်သံလိုလို ကြားလိုက်တာမို့ ထွက်ကြည့်လိုက်တယ်။ "ဟင်" ခြံရှေ့ကိုကြည့်ပြီး လင်းမြတ်ဇင်မျက်လုံးပြူးသွားရတယ်။ ခြံရှေ့မှာ ပန်းသွေးချယ်တစ်ယောက်ရပ်နေပြီး သူ့ကိုအော်ခေါ်နေခဲ့တာဖြစ်တယ်။ဘေးပတ်ဝန်းကျင်ကို အကဲခတ်ပြီး လင်းမြတ်ဇင်ခြံထဲကို ခပ်သွက်သွက်ဆင်းခဲ့လိုက်တယ်။ "ခင်ဗျားဘာလာလုပ်တာလဲ ...အရှက်မရှိဘူးလား " "မောင်ရယ် ချစ်တောင်းပန်ပါတယ်နော် ... ညတုန်းက ချစ်မူးနေခဲ့တာပါ .....သူငယ်ချင်းတွေလာခေါ်လို့ ကလပ်ကိုပါသွားရင်း သောက်လိုက်မိတာ ....မောင်ချစ်ရဲ့ ပါးကိုရိုက်လိုက်တဲ့အချိန်မှ ချစ်သတိပြန်ဝင်လာခဲ့တာ .. ယုံပါနော် ... ချစ်ကို အိမ်ထဲခဏလောက်ဝင်ခွင့်ပြပါနော် ..ချစ်အားလုံးရှင်းပြပါ့မယ် " " မလိုတော့ပါဘူး ..ခင်ဗျားနဲ့လဲ မပတ်သက်ချင်တော့ဘူး ... ပြန်ပါတော့ " လင်းမြတ်ဇင် အသံမာမာနဲ့မောင်းထုတ်ပစ်လိုက်တယ်။ "ချစ်တောင်းပန်ပါတယ် မောင်ရယ်...ရှင်းပြတာကိုနားထောင်ပါအုံးမောင်ရယ်" မောင်းထုတ်နေပေမဲ့လဲ ခြံဝမှာတငိုငိုတရယ်ရယ်နဲ့ တောင်းပန် နေတာကြောင့် လမ်းဖြတ်သွားဖြတ်လာတွေက ဂရုတစိုက်နဲ့ ကြည့်သွားကြတယ်။ကြာရင် အခြေအနေဆိုးလာနိုင်တာမို့ သူမကို ခြံထဲပေးဝင်လိုက်ရတော့တယ်။ခြံထဲရောက်တော့လဲ ခြံရှေ့ကနေ မသိမသာအကဲခတ်ကြည့်နေ့သူတွေရှိနေတာမို့ အိမ်ပေါ်ထိ ခေါ်ခဲ့လိုက်ရတော့တယ်။ ~~~~~ "ပြောစရာရှိတာ ပြောပြီးရင်ပြန်ပါတော့ ...ကျွန်တော်လဲ အေးအေးဆေးဆေးပဲနေချင်တယ် .. ဘယ်သူနဲ့မှမပတ်သက်ချင်တော့ဘူး " "မောင်ရယ် ပြောရက်လိုက်တာ ..မတော်တဆမှားသွားခဲ့မိတာပါ...သူ့ကိုလဲ တိုင်မယ်လို့ပြောလိုက်ပါပြီ .... မောင့်ကျေးဇူးကြောင့် ချစ်လဲဘာမှမဖြစ်ခဲ့ပါဘူး ..ချစ်ကိုခွင့်လွှတ်ပါနော် ...မောင်မရှိရင် ချစ်သေလိမ့်မယ် "

"ဟဲ့ .. အခုချိန်ကစပြီး နင်နဲ့ငါနဲ့ ဘာမှမပတ်သက်တော့ဘူး ....ငါ့ဆီမှာ နင့်လိုအကျင့်ယုတ်တဲ့ ညီမ မျိုးမရှိဘူး ... အဲ့ဒီလိုစိတ်ဓါတ်နဲ့ နင့်ဘ၀ဘယ်တော့မှ အဆင်ပြေမှာမဟုတ်ဘူး မှတ်ထားလိုက် " ကျိန်စာတိုက်သလို ပြောဆိုပြီး ထွက်သွားတဲ့အစ်ကိုဖြစ်သူကို မြယွန်းမီအံကလေးကြိတ်ကာ ကြည်နေမိတယ်။ "မိယွန်း ..တံခါးသွားပိတ်လိုက်စမ်း " သားဖြစ်သူလင်းမြတ်ဇင် အိမ်ထဲကထွက်သွားပြီးချိန်မှာတော့ ဒေါ်မြစန္ဒာဘုရားခန်းထဲမှာ ငူငူချည်းထိုင်နေမိတယ်။ဖွင့်ထားတဲ့ တရားခွေထဲမှ ဆရာတော်ကြီးရဲ့ တရားသံက ဒေါ်မြစန္ဒာရင်ထဲက အပူမီးကို မငြိမ်းအေးစေနိုင်ပါဘူး။ ~~~~ သူငယ်ချင်းအိမ်မှာ နှစ်ရက်ကနေသုံးရက်ဖြစ်လာတော့ သူငယ်ချင်းရဲ့မိဘတွေက လင်းမြတ်ဇင်ကို သိပ်မကြည်ဘူးဖြစ်လာတယ်။ သူငယ်ချင်းကလဲ လင်းမြတ်ဇင်နဲ့ သက်တူရွယ်တူဖြစ်ပြီး မိဘလုပ်စာထိုင်စားနေသူဆိုတော့ ပိုဆိုးတာပေါ့ ။ရှေ့ဆက်ပြီး ဘာလုပ်ရမှန်းမသိတာနဲ့ လင်းမြတ်ဇင် ချစ်သူရဲ့အလုပ်ပြန်ချိန်ကို လာစောင့်နေမိတယ်။ ညနေ (၅)နာရီထိုးပြီးလို့ ချစ်သူရဲ့ ရုံးရှေ့မှာစောင့်နေချိန်မှာပဲ ပန်းသွေးချယ်ရုံးဆင်းလာတာကို တွေ့လိုက်ရတယ်။တစ်ယောက်တည်းတော့ မဟုတ်။ သူမရှေ့မှာ မိန်းခလေးနှစ်ယောက်အတူတွဲထွက်လာပြီး သူမကတော့ ယောကျာ်းလေးတစ်ယောက်နဲ့အတူ တွန်းလားဆွဲလား လုပ်ပြီး ရယ်ရယ်မောမောနဲ့ ထွက်လာတာဖြစ်တယ်။တစ်ချက်တစ်ချက် အတူပါလာတဲ့ ယောက်ျားက သူမရဲ့လက်ကို ဖမ်းဆွဲထားတတ်ပြီး သူမကလဲ ထိုယောကျာ်းရဲ့ ရင်ဘတ်တွေကို လက်သီးဆုပ်လေးနဲ့ပြန်ထုနေတယ်။ မြင်နေရတဲ့ မြင်ကွင်းက သမီးရည်းစားတွေကလူကျီစယ်နေတဲ့ မြင်ကွင်းနဲ့တူနေတာမို့ လင်းမြတ်ဇင်စိတ်ထဲတင်းခနဲဖြစ်သွားမိတယ်။ ဒီအချိန်မှာပဲ ပန်းသွေးချယ်က သူ့ကိုမြင်သွားပြီး သူ့နားကိုအပြေးရောက်လာခဲ့တယ်။ "မောင် ..ချစ်ကိုလာကြိုတာလား ...ချစ်လဲမောင့်ကိုလွမ်းနေတာ မောင်ရဲ့ ..." ပန်းသွေးချယ်ဆီကနေ ဒီလိုမျိုးတီတီတာတာ စကားသံတွေ ကြားလိုက်ရပြန်တော့ ခပ်စောစောက ဖြစ်နေတဲ့ လင်းမြတ်ဇင်ရဲ့ ဒေါသတွေပြေလျော့သွားရပြန်တယ်။ ~~~~~~ "မောင်က ဘာလို့အိမ်ပေါ်ကဆင်းလာရတာလဲ ...ဒီခေတ်ကြီးထဲမှာ ကျောတစ်ခင်းစာရဖို့က လွယ်တာမဟုတ်ဘူး ..အိမ်ကိုပြန်ပါမောင်ရယ် ... အိမ်ပြန်ပြီး မောင့်အမေ စကားကို နားထောင်လိုက်ပါ ..ပြီးတော့ နိုင်ငံခြားသွားဖို့ပဲလုပ်ပေါ့ " ချစ်သူရဲ့စကားကို လင်းမြတ်ဇင်ကိုခွန်းတုံ့မပြန်ဘဲ နားထောင်နေမိတယ်။ချစ်သူပြောသလို ချက်ချင်းပြန်သွားဖို့က မဖြစ်နိုင်။သို့ပေမဲ့ ချစ်သူကျေနပ်အောင် လင်းမြတ်ဇင် ခေါင်းငြိမ့်ပြလိုက်မိတယ်။ ~~~~ အိမ်ကိုလဲ မပြန်ချင်။သူငယ်ချင်းအိမ်လဲ မပြန်ချင်တာကြောင့် ဒီတစ်ညတော့ တည်းခိုခန်းမှာပဲအိပ်ဖို့ လင်းမြတ်ဇင်ဆုံးဖြတ်လိုက်တယ်။ စျေးလဲသင့်ပြီး ဝန်ဆောင်မှုလဲကောင်းတဲ့ တည်းခိုခန်းဆီကို လင်းမြတ်ဇင်ထွက်လာလိုက်တယ်။ ~~~~~ တစ်ရက်စာ ငွေကြိုရှင်းပေးပြီးတော့ ကောင်တာကပေးတဲ့သော့ကိုယူကာ အခန်းရှိရာဆီကို လင်းမြတ်ဇင်လျှောက်လာလိုက်တယ်။ အခန်းတွေကြားက စင်္ကြန်လမ်းတစ်လျှောက်မှာတော့ တစ်ယောက်တည်းသမားဆိုလို့ လင်းမြတ်ဇင်တစ်ယောက်သာရှိပြီး မြင်မြင်သမျှက စုံတွဲတွေဖြစ်တယ်။ဒီအချိန်မှာပဲ ရှေ့တစ်ခန်းကျော်က အခန်းထဲကိုဝင်သွားတဲ့ စုံတွဲကိုကြည့်ပြီး လင်းမြတ်ဇင် ကြက်သေသေသွားမိတယ်။စင်္ကြန်မီးရဲ့အရောင်က ပြာလဲ့လဲ့အရောင်ဖြစ်တာမို့ မျက်နှာတွေကို သဲသဲကွဲကွဲမမြင်လိုက်ရပေမဲ့ ရင်ထဲမှာ စွဲလမ်းချစ်ခင်နေရတဲ့ မျက်နှာကို လင်းမြတ်ဇင်ချက်ချင်းမှတ်မိလိုက်တယ်။နေရာမှာ အတန်ကြာတောင့်တောင့်မတ်မတ်ကြီး ရပ်နေမိပြီးနောက်မှာ သူမတို့ဝင်သွားတဲ့ အခန်းတံခါးကို လင်းမြတ်ဇင်သွားခေါက်လိုက်တယ်။ @@@@@@@@@@@@@@@@@@@ အပိုင်း (၇) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

မိခင်ရဲ့ မကျေမနပ် ဆူပူသံတွေက အိမ်ထဲမှာဆူညံစွာထွက်ပေါ်နေခဲ့တယ်။ ဒီနေ့ညအဖို့မှာ အစ်ကိုဖြစ်သူပြန်ရောက်လာခဲ့ရင် အိမ်မှာ မုန်းတိုင်းထန်တော့မှာကို ကြိုသိလိုက်တယ်။ ~~~~ ဒေါ်မြစန္ဒာ ဆေးတစ်ခွက်ကိုသောက်လိုက်ပြီး အိမ်ရှေ့ခန်းမီးကို အမှောင်ချကာ အမှောင်ထဲမှာ ပဲထိုင်နေလိုက်တယ်။ယောကျာ်းဖြစ်သူဆုံးပါးသွားချိန်မှာ ဒေါ်မြစန္ဒာရဲ့အသက်က (၂၅) နှစ်ကျော်ကျော်ပဲရှိသေးတယ်။အသက် (၂၅) နှစ်အရွယ်ဆိုတာ နောက်အိမ်ထောင်ပြုဖို့အတွက် အရွယ်ကောင်းဖြစ်ပေမဲ့ ဘ၀ကိုသားသမီးတွေအတွက်ပဲပေးဆပ်ပြီးနေခဲ့တယ်။ယောကျာ်းဖြစ်သူ ထားခဲ့တဲ့ အိမ်နဲ့ခြံရှိတာမို့ နေဖို့အတွက်က မပူခဲ့ရ။စားဖို့အတွက်လဲ ဘဏ်မှာအပ်ထားတဲ့ ငွေတွေကိုထုတ်ပြီး ဈေးမှာအထည်ဆိုင်ဖွင့်ခဲ့တယ်။သားတစ်ယောက်သမီးတစ်ယောက်ရှိလို့အခြားသူတွေက အားကျကြသလို့ ဒေါ်မြစန္ဒာလဲ အမျှော်လင့်ကြီး မျှော်လင့်ထားခဲ့တာ။သမီးလေးက အိမ်မှာ အိမ်မှုကိစ္စ ဝိုင်းလုပ်ပြီး အားကိုးရသလို ၊ သားလေးကလဲ အားကိုးရမယ်ထင်ခဲ့မိတာ။ တကယ်တမ်း လက်တွေ့မှာတော့ သားဖြစ်သူကအသက် (၁၆)နှစ်ကျော်လာတာနဲ့ မိဘကို ခြေရာတိုင်းလားခဲ့တဲ့အဖြစ်နဲ့ ကြုံခဲ့ရတယ်။အားမကိုးရတဲ့အပြင် သူ့ကိုပဲ ပြန်ကြောက်နေရတဲ့အဖြစ်မျိုးနဲ့ ကြုံခဲ့ရတယ်။တစ်ခါတလေ စိတ်နာနာနဲ့ မောင်းထုတ်ပစ်လိုက်ချင်စိတ်တွေ ဖြစ်ခဲ့ရပေမဲ့ စိတ်ကူးက လက်တွေ့ဖြစ်မလာခဲ့ပါဘူး။ သူ့ဘာသာ ဘယ်လိုပဲဖြစ်ဖြစ် ည (၈) နာရီကျော်လို့မှ သားဖြစ်သူ အိမ်ပြန်မလာရင် ဒေါ်မြစန္ဒာမှာရင်ပူနေရပြီ။ သင်တန်းတက်ချင်တယ်ဆိုလို့ သင်တန်းအပ်ပေးခဲ့တယ်။ဖုန်းလိုချင်ရင်ဖုန်းဝယ်ပေးခဲ့တယ်။သားကို ချစ်လွန်းလို့သာ စိတ်တိုင်းကျဖြည့်ဆည်းပေးခဲ့ပေမဲ့ ဒေါ်မြစန္ဒာမှာ ပြောပလောက်အောင် ငွေကြေးပြည့်စုံနေတာမဟုတ်ဘူး။ သမီးငယ် မြယွန်းမီက အလုပ်မှာတစ်ဖက်တစ်လမ်းက ဝိုင်းကူပေးနေလို့သာ အသက်ရှုချောင်နေခဲ့ရတာ။ သားကြီးရယ်လို့ အားကိုးရကြည့်ပါလား။ဒေါ်မြစန္ဒာတို့ဘဝ ဒီထက်အဆင်ပြေတာပေါ့။ ဒေါ်မြစန္ဒာ အမှောင်ထဲမှာထိုင်ပြီး ဟိုဒီတွေးရင်းသက်ပြင်းတွေအခါခါချနေမိတယ်။ ဒီအချိန်မှာပဲ အိမ်ရှေ့တံခါးက အသံကြားလိုက်ရတာမို့ မီးကို ထဖွင့်လိုက်ပြီး တံခါးကိုသွားဖွင့်ပေးလိုက်တယ်။ "မင်း...ဘယ်အချိန်ရှိနေပြီလင်းမြတ်ဇင် " ဒေါ်မြစန္ဒာ အသံမာမာနဲ့မေးလိုက်တော့ လင်းမြတ်ဇင်ဖုန်းကို ဖွင့်ကြည့်လိုက်ပြီး " (၉)နာရီကျော်ပဲရှိသေးတယ်လေ ..ဘာဖြစ်လို့လဲ ' "ဘာဖြစ်လို့လဲ ဟုတ်လား ... မင်းငါ့ကို ဘယ်လိုလေသံနဲ့ ပြန်ပြောလိုက်တာလဲ လင်းမြတ်ဇင် ...မင်း မနက်က အိမ်မှာဘာလုပ်သွားတာလဲ ... မင်းအဲ့ဒီလောက်ထိ ရိုင်းနေပြီလား ....အဲ့ဒီငွေတွေက ဘာလုပ်ဖို့လဲ ...မင်းညီမလက်ကောက်ကိုရော ဘာလုပ်လိုက်တာလဲ ပြောစမ်းလူမိုက်ရဲ့ " "ငွေအရေးတကြီးလိုလို့ ခဏယူသုံးတာပါ ..သားသမီးချင်းတူတူ သူ့ကိုကျတော့ ပေးသုံးပြီး ..ကျွန်တော်ကျတော့ မရဘူးလား " "ဟဲ့ လင်းမြတ်ဇင်ရဲ့ ..နင်တို့နှစ်ယောက်လုံးကို အသုံးစရိတ်တူတူပဲ ပေးတာလေ .. သူက သူ့ပိုက်ဆံသူစုပြီး လုပ်ထားတာလေ ..မင်းက ဘာကိစ္စငွေလိုရတာလဲ .. သင်တန်းကြေးဆိုလဲ ငါပေးနေတာပဲလေ ..စားဖို့သောက်ဖို့လဲ မပူရတာကို ဘာအတွက်ငွေလိုတာလဲ ...ဘယ်မယားအတွက် ငွေက လိုရတာလဲ ...အဲ့ဒီမိန်းမလည်မက နင့်ကို ဘာတွေညာတောင်းနေလဲ " "အမေ ..မဟုတ်တာတွေ မပြောနဲ့နော် .. ပြောချင်ရင် ကျွန်တော့်ကိုပဲပြော..သူနဲ့ ဘာမှမဆိုင်ဘူး " လင်းမြတ်ဇင် မိခင်ကို မကျေမနပ်နဲ့ ပြန်ပြောလိုက်တယ်။ "ငါကလဲ သူများသားသမီးကို မပြောချင်ပါဘူးဟဲ့ ..ခုဟာက မင်းက လွန်လွန်မင်းမင်း ဖြစ်လာတာလေ ... ကောင်မခိုင်းသမျှ လိုက်လုပ်နေတာ..ကြာရင်အိမ်နဲ့ ခြံကိုပါ ရောင်းစားတော့မှာ ... မွန်ပြီးမိန်းမလည်မခိုင်းသမျှ အကုန်လိုက်လုပ်နေတာမင်းလေ '' ' ဟာဗျာ ... မဟုတ်ပါဘူးဆို.. မပြောနဲ့တော့ဗျာ ...အမေတို့ ငွေတွေကို ပြန်ဆပ်ရင်ပြီးရောမဟုတ်လား ...အဲ့ဒီလောက် ငွေမက်နေရလား " လင်းမြတ်ဇင်က ဒေါ်သနဲ့ပြန်အော်လိုက်တာမို့ ဒေါ်မြစန္ဒာ စိတ်တိုသွားရပြီး "လင်းမြတ်ဇင် ..မင်း .. မင်း.. မအေကို ဘယ်လို အသံနဲ့ ပြောတာလဲ .... ထမင်းနပ်မှန်အောင် စားနေရလို့ လူပါး၀တဲ့ကောင်..ကဲဟယ် ..." "ဖြန်း " " ဟာ ...တော်ပြီဗျာ ....အမေနဲ့ဘာစကားမှမပြောချင်ဘူး " " ဒုန်း " " ခွမ်း " ပါးပြင်ကိုအရိုက်ခံလိုက်ရသဖြင့် လင်းမြတ်ဇင်နာကျင်ကာ ဒေါသထွက်သွားပြီး ပြတင်းပေါက်မှန်ကိုရိုက်ခွဲပစ်လိုက်တယ်။ "ဟဲ့ အကောင် ..နင်ဒါ ဘာအချိုးချိုးတာလဲ ....အဲ့ဒီလောက်ဖြစ်နေရင်လဲ ယူလိုက်ကြတော့ ..ငါ့ကို ဒုက္ခလာမပေးနဲ့ " " စိတ်ချပါ ဒုက္ခလဲမပေးပါဘူး ..အမေ့အိမ်မှာလဲ မနေပါဘူး " လင်းမြတ်ဇင် အခန်းထဲဝင်ပြီး ကျောပိုးအိတ်ထဲကို အဝတ်အစားသုံးလေးစုံကောက်ထည့်ပြီး အပြင်ကိုပြန်ထွက်ဖို့ပြင် လိုက်တယ်။ ဒီမြင်ကွင်းကို ဒေါ်မြစန္ဒာက ရပ်ကြည့်နေသလို မြယွန်းမီလဲရပ်ကြည့်နေမိတယ်။လင်းမြတ်ဇင်က အိမ်ပေါက်ဝအရာက်မှာ မြယွန်းမီရှိရာဆီကို လှည့်ကြည့်လိုက်ပြီး ဒေါသသံနဲ့ပြောလိုက်တယ်။

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း(၆) ***** "ကိုကို ဘာလုပ်နေတာလဲ " မြယွန်းမီးရေချိုးခန်းထဲက ထွက်လာချိန်မှာ သူမရဲ့ ဗီရိုကိုဖွင့်ပြီး မွှေနှောက်ရှာဖွေနေတဲ့ အစ်ကိုဖြစ်သူကိုတွေ့လိုက်ရတာမို့ မြယွန်းမီရဲ့ မျက်လုံးတွေပြာဝေသွားပြီး အထိတ်တလန့်နဲ့ မေးလိုက်မိတယ်။ " ငါ ငွေနည်းနည်းလောက် လိုနေလို့ပါ ..နင့်မှာရှိရင် ပေးစမ်းပါ " " ငွေဟုတ်လား ...ဘာငွေမှမရှိဘူး ...ကိုကိုရောညီမလေးပါ မုန့်ဖိုးတူတူ ရကြတာလေ ..ညီမလေးမှာ ကျောင်းစရိတ်လဲ ကိုယ့်ဘာသာရှင်းရတာ .. ဒါနဲ့ လကုန်ရင် ပြန်ပေးမယ်ဆိုတဲ့ လက်ကောက်က ဘယ်မှာလဲ " " လာပြန်ပြီလား ဒီလက်ကောက် ...အမေ့ပိုက်ဆံတွေကို နင်တစ်ယောက်တည်းပိုင်တာမဟုတ်ဘူး ..ငါလဲပိုင်တယ် ..အဲ့ဒီလက်ကောက်လဲ ပြန်မပေးတော့ဘူး....အခုဒီမှာရှိတဲ့ငွေကို ငါယူသွားမယ် ..." "မရဘူးကိုကို..အဲ့ဒါကျောင်းအတွက်လိုအပ်တာတွေသုံးဖို့ပါ ...ယူသွားလို့မရဘူး ..ကိုကိုက ဘာကိစ္စငွေလိုနေရတာလဲ ..ဘာလဲ ပန်းသွေးချယ်ဆိုတဲ့မိန်းမအတွက်လား ...အဲ့ဒီမိန်းမ ဘယ်လောက်ရှုပ်လဲ ကိုကိုသိလား...သူကမိန်းမလည်မ" ညီမဖြစ်သူရဲ့ စကားကြောင့် လင်းမြတ်ဇင် ဒေါသထွက်သွားရပြီး " ဘာပြောတယ် ..နင်ကများဘာပြောတယ် ... နင့်ကိုယ်နင် နည်းပညာတက္ကသိုလ်ကျောင်းသူဆိုပြီး တခြားသူတွေကို အထင်သေးနေတာလား ..ဘ၀င်လာမြင့်မနေနဲ့ ..ငါ့ချစ်သူကို နင်ပြောစရာမလိုဘူး " " မပြောလို့ရမလား ...မနေ့က တောင် အဲ့ဒီမိန်းမကိုယောကျာ်းတစ်ယောက်နဲ့တွေ့ခဲ့သေးတယ် ..လူမြင်ကွင်းမှာ ပူးကပ်နေတာပဲ ..ကိုကိုအလို့ အဲ့ဒီမိန်းမလိမ့်သမျှခံနေရတာ သတိထားအုံး " "တော်စမ်း.. နင့်ပါးစပ်ကို ပိတ်ထားစမ်း ... နင်က သူ့အကြောင်း ဘာသိလို့ လျှောက်ပြောနေရတာလဲ ... သူက နင့်လိုစိတ်ပုတ်ပြီး အပေါင်းအသင်းမရှိတဲ့သူမဟုတ်ဘူး ... သူ့မှာ အပေါင်းအသင်းတွေအများကြီး ...မသိဘဲလျှောက်မပြောနဲ့ ... " စုံးလုံးကန်းကာ ယုံကြည်နေ တဲ့ အစ်ကိုဖြစ်သူကို မြယွန်းမီစိတ်ပျက်စွာကြည့်လိုက်ပြီး "ယုံချင်ယုံး မယုံချင်နေ ...ကိုကို့ကို ဘာမှမပြောတော့ဘူး ... ညီမလေးပိုက်ဆံကိုလဲ တစ်ကျပ်တောင် မပေးနိုင်ဘူး " "မပေးလဲယူတယ်ဟာ ...ဘာဖြစ်လဲ ..ဘာလုပ်ချင်လဲ " ညီမဖြစ်သူက ငယ်ငယ်တုန်းကတည်းက သူ့ကိုအလျှော့ပေးတတ်မှန်းသိတော့ လင်းမြတ်ဇင်က စာအုပ်ထဲညှပ်ထားတဲ့ငွေကို အတင်းယူပြီး အခန်းပြင်ကိုထွက်သွားခဲ့တယ်။ ဒီတစ်ခါတော့ မြယွန်းမီလဲ သည်းညည်းမခံတော့ဘဲ အစ်ကိုဖြစ်သူရဲ့နောကျောကို ပေါင်ဒါဘူးနဲ့ ကောက်ပေါက်ပစ်လိုက်တယ်။မာကျောတဲ့ပေါင်ဒါဘူးရဲ့အရှိန်ကြောင့် လင်းမြတ်ဇင်ရဲ့ကျောမှာအောင့်ခနဲ ဖြစ်သွားရတယ်။နာကျင်မှုကြောင့် ဒေါသထွက်သွားခဲ့ပြီး ညီမဖြစ်သူကို ပြေးကန်ပစ်လိုက်တယ်။ အသက်တစ်နှစ်ကျော်နှစ်နှစ်ပဲကွာတဲ့ အရွယ်တွေဖြစ်ပေမဲ့ ယောကျာ်းနဲ့ မိန်းမမို့ အားချင်းမမျှဘဲ မြယွန်းမီဝုန်းခနဲ ပစ်လဲသွားရတော့တယ်။လင်းမြတ်ဇင်က ဒါတောင် မကျေနပ်နိုင်သေးဘဲ လက်သီးနဲ့ထပ်ပြီးထိုးလိုက်တယ်။ "မှတ်ထား ....နောက်တစ်ခါ ဒီလိုအချိုးမျိုးလာမချိုးနဲ့....ငါက နင့်ထက်အကြီး .. ငါ့ကိစ္စတွေကို နင်ဘာမှပြောစရာမလိုဘူး " ပြောဆိုပြီး ထွက်သွားတဲ့ အစ်ကိုဖြစ်သူရဲ့ နောက်ကျောကို မြယွန်းမီနာနာကြည်းကြည်းနဲ့ ကြည့်လိုက်မိတယ်။ ~~~~ " မောင်ကတီရှပ်အင်္ကျီတွေနဲ့ သိပ်လိုက်တာပဲ ... မောင့်ကိုဝယ်ပေးချင်လွန်းလို့ ချစ်ရဲ့အသုံးစရိတ်ထဲကဝယ်ထားတာ " နီညိုရောင် တီရှပ်အင်္ကျီလေးကို ကမ်းပေးရင်းပြောလာတဲ့ ချစ်သူကို လင်းမြတ်ဇင်ချစ်မြတ်နိုးစွာကြည့်လိုက်မိပြီး အင်္ကျီလေးကို လှမ်းယူလိုက်တယ်။ သူ့အတွက်ဆိုရင် စွပ်ကျယ်အင်္ကျီလေးတွေကအစ ဂရုတစိုက်ဝယ်ပေးတတ်တဲ့ ချစ်သူကို ဘယ်သူတွေ ဘာပြောပြောလင်းမြတ်ဇင်ယုံကြည်တယ်။ သူမဘက်က ကိုယ့်အပေါ် သိတတ်တော့လဲ လင်းမြတ်ဇင်ဘက်ကလဲ သူမငွေလိုတဲ့အခါ မရရအောင်ရှာဖွေပေးခဲ့တယ်။ "မောင့်ရဲ့ သင်တန်းကရော ဘယ်လိုလဲ ... သင်တန်းပြီးရင် အလုပ်ရမှာသေချာလား " "အင်း သင်တန်းပြီးရင် ..အရည်အချင်းအလိုက် ဟော်တယ်တွေမှာ အလုပ်ရမယ်ပြောတယ် ...အမေကလဲ နိုင်ငံခြားပို့ပေးမယ်လို့ ပြောတာပဲ " " နိုင်ငံခြားသွားမယ်ဆိုရင်တော့ ဒီတိုင်းသွားလို့မရဘူးနော် ... ချစ်နဲ့လက်ထပ်ပြီးမှ သွားရမှာ " ချစ်သူပန်းသွေးချယ်ရဲ့ စကားကို လင်းမြတ်ဇင်ဘာမှပြန်မပြောဘဲ ညီမဖြစ်သူဆီကလုယူလာတဲ့ ပိုက်ဆံကို ချစ်သူလက်ထဲကို ထည့်ပေးလိုက်တယ်။ ~~~~~~ "ဒီလောက်ဖြစ်နေတာကို နင်ဘာလို့ မပြောရတာလဲ မိယွန်းရဲ့ ..နုံလှအလှချည်းလား ... တကယ်ဆို လက်ကောက်ယူသွားကတည်းက ပြောပါလား ... နင့်ကိုပဲသတ်ပစ်ချင်တယ် ... အဲ့ဒီကောင်တော်တော်ဇောင်းကြွနေတယ် ...ဖုန်းဆက်တော့လဲ မကိုင်ဘူး ပြန်လာမှတွေ့မယ်... ဒင်းကို ဒီနိုင်ငံမှာ မထားဘူး ... နိုင်ငံခြားကို အမြန်ဆုံးပို့ပစ်ရမယ်... ညည်းလဲ သူအနိုင်ကျင့်သမျှ ခံမနေနဲ့ .. ငွေတွင်းက ဘယ်လောက်နက်လဲသိတယ်မဟုတ်လား...ညည်းကျောင်းစရိတ်ကလဲ နည်းတာမဟုတ်ဘူး ... "

မိခင်ရဲ့အမေးကြောင့် မြယွန်းမီ အဖြေရခက်သွားမိတယ်။မလိမ်တတ်သူပီပီ အမှန်တိုင်းပြောမိပြန်ရင်လဲ အဆူခံရမှာသေချာသလောက်ရှိတယ်။ "ဟုတ်....လမ်းစရိတ်မရှိဘူးဆိုလို့ ပေးလိုက်တယ် အမေ " " ဪ ....ညည်းကိုယ်တိုင် ပေးလိုက်တာပေါ့လေဟုတ်လား...ကောင်းတယ် သိပ်ကောင်းတယ် ...အစ်ကိုကလိမ်မှန်းသိသိနဲ့ ညီမဖြစ်သူက ငွေထုတ်ပေးလိုက်တယ် ... နင့်အစ်ကိုကိုဖျက်ဆီးနေတာ နင်ပဲမိယွန်းရဲ့...ကောင်မတွေလဲ ရွကိုရွတယ်... ယောကျာ်းလေးဆီကို သူတို့ကပဲ ဖုန်းအရင်ဆက်နေကြတာ ....အချိန်အခါလဲမသိကြဘူး ...ညနက်သန်းခေါင်လဲဖုန်းတွေခေါ်ပြီး ဘာလုပ်မလို့လဲ မသိဘူး ..မိယွန်းနော် နင်လဲသတိထား...နင်အဲ့ဒီလိုရွပိုးထိုးလို့ကတော့.. နင့်ကိုငါကိုယ်တိုင်သတ်ပစ်မှာနော်ကြားလား " သားစိတ်ကြောင့် ဒေါ်မြစန္ဒာစိတ်တွေတိုပြီး သမီးဖြစ်သူကိုပါ ပြောဆိုမာန်မဲပစ်လိုက်တယ်။သားကြီးမို့အားကိုးရမလားမှတ်တယ်။ အသက်ဆယ့်ငါးနှစ်ကျော်လာကတည်းက မအေကို မသိမသာ ကလန်ကဆန်ပြန်လုပ်လာတာ။ မအေမှာတော့ တစ်နေကုန်တစ်နေခန်းဈေးရောင်းပြီး သားသမီးတွေပညာတတ်ဖြစ်စေချင်လွန်းလို့ ချွေတာနိုင်သလောက်ချွေတာပြီး ပညာကို သင်ပေးလိုက်ရတာ။ သားတော်မောင်က ဆယ်တန်းအခါခါကျပြီး ဂိမ်းကိုပဲစွဲလမ်းလာခဲ့တယ်။ ဂိမ်းကို စွဲလမ်းတာမှ ထမင်းစားချိန်မှာတောင် ထမင်းကိုဖြောင့်ဖြောင့်မစားနိုင်တဲ့ဘ၀မျိုး။တစ်နေ့တစ်နေ့အိပ်ချိန်က သုံးလေးနာရီထက်မပိုခဲ့။ အခုလိုအရွယ်ရောက်လာပြန်တော့လဲ ဂိမ်းတင်မဟုတ်ဘဲမိန်းမကိစ္စပါ ပါလာခဲ့ပြန်တယ်။ ဒေါ်မြစန္ဒာတစ်ယောက်စိတ်မသက်မသာနဲ့ သက်ပြင်းကိုချလိုက်ပြီး ဖုန်းကို ထုတ်ကြည့်လိုက်တယ်။ ဒေါ်မြစန္ဒာဖုန်းကိုဖွင့်လိုက်ပြီးသားဖြစ်သူရဲ့ဖေ့ဘုတ်အကောင့်ထဲကိုဝင်ကြည့်လိုက်တယ်။ ဒီအခါ ဖုန်းစခရင်မှာ မြင်လိုက်ရတဲ့ ဓါတ်ပုံကြောင့် ဒေါ် မြစန္ဒာမှာ အသက်ရှုရပ်မလိုပင်ဖြစ်သွားရတယ်။ @@@@@@@@@@@@@@@@@@@@@@@ အပိုင်း( ၅ ) ဆက်ရန် A Kyi Phyu #ဧကြည်ဖြူ

မိသားစုသုံးယောက်တည်းရှိတဲ့အိမ်မှာ မိုးလင်းမိုးချုပ်အမေ့ရဲ့ ဆူပူသံတွေနဲ့ပဲ ပြည့်နေခဲ့တယ်။သားသမီးတွေ မလိမ္မာလို့ ၊ဆူပူစရာရှိလို့ဆူပူနေရတာထက် ဝသီလိုဖြစ်နေတဲ့မိခင်ရဲ့ နှုတ်ထွက်စကားကြမ်းကြမ်းတွေအောက်မှာ မြယွန်းမီတို့ရဲ့ ကလေးဘဝက အပြည့်အဝပျော်ရွှင်မှုတွေမရရှိခဲ့တာတော့ အမှန်ပါပဲ။ ~~~~ "အငယ်မ ....ငါ့ကို ပိုက်ဆံသုံးသောင်းလောက်ချေးပါလား " " သုံးသောင်းဟုတ်လားကိုကို ..အဟွပ် ..အဟွပ် " အစ်ကိုဖြစ်သူရဲ့ စကားကြောင့် မြယွန်းမီမှာစားလက် စ ထမင်းပါသီးသွားရတယ်။ "ကိုကိုရယ် ... ညီမလေးမှာ သုံးသောင်းဘယ်လိုရှိမှာလဲ ... တစ်နေ့ကပဲ ... ကိုကိုငါးထောင် ယူသွားတယ်လေ " ညီမဖြစ်သူရဲ့ စကားကြောင့် လင်းမြတ်ဇင် ထမင်းစားပွဲမှာ ဝုန်းခနဲဝင်ထိုင်ပစ်လိုက်ပြီး " နင်ကလဲ ဒါလေးတောင်မပေးချင်ဘူးလား...ဟိုနေ့က ငါးထောင်က ဖုန်းဘေထည့်တာကုန်သွားပြီဟ ... နင်ကအမေနဲ့ဆိုင်ထိုင်နေရတာ ... ဆိုင်းဈေးခွက်ထဲက ပိုက်ဆံတွေနင်နှိုက်ယူနေတာ ငါမသိဘူးထင်နေလား ..." "အမ် ... ကိုကိုနော် မဟုတ်တာတွေမပြောနဲ့ ...ညီမလေးက အမေပေးမှယူတာ ... ပြီးတော့ ကိုကို့ကိုလဲ အမေမုန့်ဖိုးပေးနေတာပဲကို " စကားကြောရှည်နေတဲ့ ညီမဖြစ်သူကို လင်းမြတ်ဇင်စိတ်မရှည်ချင်တော့ "ကဲ ..မိယွန်း စကားမရှည်နဲ့ ... နင်ပေးမှာလားမပေးဘူးလား ... ငါစိတ်တိုလာပြီး ... နင်တို့စားဖို့လဲ ငါအဆင်သင့်ချက်ပေးထားရတာကို .. မပေးရင်လဲနေဟာ မြို့ထဲကို ပိုက်ဆံမပါဘဲသွားတော့မယ် " အစ်ကိုဖြစ်သူဆီက ဒီလိုစကားကိုကြားရတော့လဲ မြယွန်းမီစိတ်မကောင်းဖြစ်သွားရတယ်။ "သုံးသောင်းတော့ မရှိဘူးကိုကို ...ရှိသလောက်ပေးလိုက်မယ် ..ဒါနဲ့ဒီနေ့သင်တန်းရက် မဟုတ်ပါဘူး ဘယ်သွားမလို့လဲ " "နင်ကလဲ တော်တော်ရှည်နော် ..ပိုက်ဆံပေးရတယ်ဆိုပြီး စစ်လားဆေးလားနဲ့ ...ချိန်းထားလို့ သွားမှာ " " ဘယ်သူနဲ့ချိန်းထားတာလဲ ကိုကို ...ပန်းသွေးချယ်ဆိုတဲ့တစ်ယောက်လား ...သူကရှုပ်တယ်လို့သတင်းကြားတယ်နော် ကိုကို " ညီမဖြစ်သူရဲ့ စကားကြောင့် လင်းမြတ်ဇင်ဒေါသထွက်သွားမိပြီး "နင့်ပါးစပ်ကိုပိတ်ထားစမ်းအငယ်မ ..ငါကနင့်ထက်အကြီး ..ငါ့ကောင်မလေးကို နင်ဘာမှပြောစရာမလိုဘူးကြားလား ..နောက်တစ်ခါဒီလို ထပ်ပြောရင် နင့်မျက်ခွက်စုတ်ပြီမှတ် " ကြိမ်းမောင်းပြောဆိုပြီး ထွက်သွားတဲ့ အစ်ကိုဖြစ်သူ့ကို မြ ယွန်းမီနှမြောတသစွာငေးကြည့်နေမိတယ်။ပြောလို့ ပြောတာမဟုတ်ဘူး။မြယွန်းမီတို့ မောင်နှမနှစ်ယောက်မှာ မြယွန်းမီကအသားအရည်ကအစ အညိုဘက်သွားပြီး ရုပ်ရည်ကကြည့်ကောင်းတယ်ဆိုရုံအဆင့်ပဲရှိပေမဲ့ အစ်ကိုဖြစ်သူလင်းမြတ်ဇင်ကတော့ မင်းသားတစ်ယောက်လို အရပ်မြင့်မြင့်နဲ့ဖြူဖြူချောချောလေး။ဒီခေတ်မှာ ကောင်လေးတစ်ယောကချောလွန်းတော့လဲ မိန်းမတွေဝိုင်းဝိုင်းနေတာပေါ့။လူကချောသလို အလုပ်ကျတော့လဲ တအားရွေးတာ။မိခင်က ဈေးထဲမှာအထည် ဆိုင်ဖွင့်ထားတာမို့ ဝိုင်းကူခိုင်းလဲမရသူ။ အပြင်အလုပ်ကိုဘာမှ ခိုင်းလို့မရပေမဲ့ သူဝါသနာပါတဲ့အချက်အပြုတ်တာဝန်ကိုယူထားတာကိုပဲ မြယွန်းမီတို့သားအမိမှာ ကျေးဇူးတင်နေရတာ။ လူက၀င်ငွေရတဲ့ အလုပ်မှာဝိုင်းမကူပေမဲ့ စကားပြောလိုက်ရင်တော့ အကြီးကြီးတွေချည်းပဲ။နိုင်ငံတကာ ဟိုတယ်တွေမှာစာဖိုမှူးလုပ်ချင်တယ်ဆိုလို့ စားဖိုမှူးသင်တန်းလဲထားပေးထားရသလို အင်္ဂလိပ်စကားပြောသင်တန်းလဲထားပေးထားရတယ်။လက်ရှိမှာ အလုပ်ကမရှိသေးပေမဲ့ တောင်းလိုက်သုံးလိုက်တဲ့ငွေက မနည်းလှ။အိမ်မှာချက်ပြုတ်တဲ့ တာဝန်ကလွဲရင်ဘာမှမလုပ်ဘူး။မိခင်က ပါးစပ်ကို မနားတမ်းဆူနေပြောနေရင်လဲ သူ့ကိုပြောနေတာမဟုတ်သလို တုတ်တုတ်မလှုပ်တဲ့သူ။ ယုတ်စွအဆုံး အလုပ်နဲ့ပတ်သက်ရင် သူ့အိပ်ရာတောင်သူမသိမ်းလို့ မြယွန်းမီပဲလုပ်ပေးရတာ။ သူ့အလုပ်က သင်တန်းမရှိတဲ့ရက်ဆို ချက်ပြုတ်ပြီးလို့အားနေရင် ဂိမ်းပဲထိုင်ဆော့နေတာ။အရင်ကတော့ ရည်းစားဘာညာလဲစိတ်ဝင်စားခြင်းမရှိဘူး ။ ဂိမ်းဆော့ရင်းနဲ့မှ ရည်းစားပါရသွားခဲ့တာ။ အလုပ်မှမလုပ်သေးခင် ရည်းစားအရင်ထားတော့ မိခင်ဖြစ်သူဒေါ်မြစန္ဒာမှာ စိတ်တိုစိတ်ဆိုးတာပေါ့။စိတ်ဆိုးပေမဲ့လဲ အသက်နှစ်ဆယ်ကျော်လာပြီဖြစ်တဲ့သားကငယ်ငယ်ကလို မိခင်ကိုကြောက်ရွံ့ခြင်းမရှိတော့ဘူးလေ။ ဒီလိုပြောမရဆိုမရဖြစ်လာတဲ့ သားကိုမနိုင်သမျှ ဒေါ်မြစန္ဒာရဲ့ ဒေါသတွေကသမီးဖြစ်သူ မြယွန်းမီအပေါ် ပဲ ပုံကျလာတော့တာလေ။ဒေါ်မြစန္ဒာမှာအသက် (၁၆) ကျော်ကျော်မှာ အိမ်ထောင်ကျခဲ့ရပြီး (၁၈ )နှစ် အရွယ်မှာ သားကို မွေးခဲ့တာ။ ဖခင်ကလဲမရှိတဲ့အပြင် သားနဲ့ အမေကလဲ (၁၈)နှစ်ပဲ ကွာလို့ရယ်လားမသိ လင်းမြတ်ဇင်တစ်ယောက် အသက်ကြီးလာလေလေ မိခင်ကိုကြောက်ရွံ့မှုကင်းမဲ့လာလေလေ ဖြစ်လာခဲ့တယ်။ ~~~~~ "မိယွန်းနင့်အစ်ကိုက ဘယ်သွားလို့နင်ကထမင်းချက်နေရတာလဲ .. ဒီနေ့သင်တန်းမရှိဘူးမဟုတ်လား " ဒေါ်မြစန္ဒာညနေဈေးသိမ်းပြီးပြန်လာတော့ နောက်ဖေးမီးဖိုချောင်မှာ ညနေစာချက်နေတဲ့ သမီးဖြစ်သူကိုမြင်လိုက်ရတာမို့ စိတ်ပူပြီး မေးလိုက်မိတယ်။ "ဟို ... ဟို ..ကိုကိုက ကိစ္စရှိလို့ဆိုပြီး အပြင်သွားတယ်အမေ " "ကိစ္စဟုတ်လား ...သူက ဘာကိစ္စရှိရမှာလဲ ... ကောင်မတွေနဲ့ သွားချိန်းတွေ့တာနေမှာပေါ့ ... နင် သူ့ကို ပိုက်ဆံပေးလိုက်သေးလား မိယွန်း "

" ဘယ်သူက အိမ်ကိုဒီတိုင်းထားခဲ့မှာလဲ ....ရောင်းမှာပေါ့ ... အိမ်ကိုပွဲစားဆီမှာအပ်ပြီးပြီ... ဝယ်သူနဲ့လဲ လာကြည့်ပြီးပြီ ...နေဖို့အိမ်လဲ ရှာနေပြီ ..ညည်းဘာမှပူစရာမလိုပါဘူး မြယွန်းမီရဲ့ ...ငါပဲ အကုန်လုပ်မှာပါ " တကယ်ကြီးပြောနေတဲ့ မိခင်ကိုကြည့်ပြီး မြယွန်းဘာပြောလို့ ပြောရမှန်းမသိတော့ပေ။တစ်ခုခုလုပ်ချင်တာဖြစ်ချင်တာရှိရင် ချက်ချင်းထလုပ်တတ်တဲ့အကျင့်ကကောင်းတယ်လို့ပဲပြောရမလား။ ဘာပဲဖြစ်ဖြစ်လိုတာထက်ပိုနေရင်တော့ အဆင်မပြေတာအမှန်။ အဆင်ပြေရာပြေကြောင်းကို ပြောပြန်ရင်လဲ စိတ်ဆိုးမှာက သေချာတယ်။သူမ လုပ်နေတာတွေကို တစ်ခုလေးပဲဖြစ်ဖြစ်ဆန့်ကျင်ဘက်သွားပြောမိရင် ''မိဘကို ဆန့်ကျင်ဘက်လုပ်တယ် ... နင်တို့လုပ်စာစားနေရတော့ နင်တို့စိတ်တိုင်းကျနေရမှာပေါ့လေ " ဆိုတဲ့ ခပ်ရွဲ့ရွဲ့ စကားတွေထွက်လာအုံးမှာ။တကယ်ဆိုရင် မြယွန်းမီတို့နဲ့ မိခင်ရဲ့ကြားမှာ ခေတ်စနစ်အရမ်းကွာဟနေရအောင်လဲ အမေကသိပ်အသက်ကြီးသေးတာမဟုတ်ဘူး။အသက် (၄၅) ဆိုတာ လန်းဆန်းတက်ကြွနေတုန်းအရွယ်။ကိုယ်ပိုင်လုပ်ငန်းတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေရမဲ့အရွယ်မဟုတ်လား။ ဒါပေမဲ့ အချိန်ပြည့်သောကတွေ အပူမီးတွေကို ရင်ဝယ်ပိုက်ပြီး မပျော်ရွှင်နိုင်ဖြစ်နေတဲ့စိတ်ကို ဘယ်လိုဖျောင်းဖျကုစားပေးရမှန်းပင်မသိတော့။ အခုလဲ ချက်ချင်းအိမ်ပြောင်းဖို့ပြင်ဆင်နေသတဲ့လေ။ "နေပါအုံး အမေ ..အိမ်က ဘာလို့ ပြောင်းမှာလဲ ...ဟိုမိန်းမတွေကြောင့်လား ...ဘာကြောက်စရာရှိလိုလဲ ... ပြောင်းရရွေ့ရနဲ့ စရိတ်ကုန်လူပန်းတယ် '' " စရိတ်ကုန်တော့ ဘာဖြစ်လဲ ..ဒီလိုဟာတွေနဲ့ မပတ်သက်ရဖို့သာ အဓိက...ဒီမိန်းမတွေ ဘယ်လောက်တောင်ကြောက်စရာကောင်းလဲ နင်မသိဘူးလား မိယွန်းရဲ့ ...နင့်အစ်ကိုဘဝကိုလိုက်ဖျက် ဆီးနေတဲ့ဟာတွေ " " အဲ့ဒါက ပြီးပြီးသားကိစ္စတွေ လေအမေရယ်...အဲ့ဒီမိန်းမကရော ဒီတစ်သက်လင်မယူဘဲနေမှာတဲ့လား...ဘာကိုတွေးပူနေတာလဲ ..ပြီးတော့အမေ့သားလဲ ဒီမှာရှိတာမှမဟုတ်တာ " " နင့်အစ်ကို နောက်လထဲပြန်လာတော့မှာ " "ရှင် '' မိခင်ရဲ့စကားကြောင့် မြယွန်းမီထိတ်လန့်တုန်လှုပ်သွားပြီး ထိုင်နေရာမှ ထရပ်လိုက်မိတယ်။ "သူ ..သူကဘာလို့ ပြန်လာမှာလဲ အမေ " "ဟဲ့...မပြန်လာလို့ သူများနိုင်ငံမှာ အပြီးနေရမှာလား...သူသွားတာ (၅) နှစ်ပြည့်ပြီလေ... ပြန်လာမှာပေါ့ ...ပြန်လာပြီး ကိုယ်ပိုင်ဆိုင်ဖွင့်မလို့တဲ့ '' မိခင်ရဲ့စကားတွေက နားထဲမှာဝေးသွားလိုက်နီးလာလိုက် ။ မြယွန်းမီရင်တွေတဆတ်ဆတ်တုန်ပြီး ခြေထောက်တွေပါ မခိုင်ချင်ဖြစ်လာရတယ်။ စိတ်ကိုအတန်တန်ထိန်ချုပ်နေတဲ့ကြားကနေ နှုတ်ကနေစကားတစ်ခွန်းထွက်သွားခဲ့တယ်။ "အမေ့သား ပြန်လာရင် ... သမီးအိမ်မှာမနေတော့ဘူး...အဆောင်မှာပဲပြောင်းနေတော့မယ် " မှားလားမှန်လား မခွဲခြားနိုင်တော့ပေမဲ့ ရင်ထဲကဆန္နကို မြယွန်းမီဖွင့်ထုတ်ပြောပစ်လိုက်တယ်။ "ဘာ ..ဘာပြောလိုက်တယ် မြယွန်းမီ ..နင်ကငွေရှာနိုင်နေပြီဆိုပြီး ဒီစကားပြောတာလား ... နင်တော်တော်တစ်ကိုယ်ကောင်းဆန်တဲ့ မိန်းမပါလား ...နင်ကဒီလောက်စိတ်နာနေရအောင် ...နင့်အစ်ကိုက နင့်ကိုဘာတွေဒုက္ခပေးထားလို့လဲ ပြောပါအုံး...ပြောလိုက်ရင်လဲ အမေ့သားဆိုတာချည်းပဲ ... နင်တို့နှစ်ယောက်လုံးကို တစ်ဖအေတစ်မအေတည်းမွေးထားတာပါ မြယွန်းမီရဲ့ '' "ဘာပဲဖြစ်ဖြစ် ... သူနဲ့တော့ တစ်အိမ်ထဲမှာ မနေနိုင်ဘူးအမေ...သမီး အဆောင်မှာပဲသွားနေမယ် ..." " ဘာ .. နင်ပြောလေဆိုးလေပါလား မြယွန်းမီရဲ့ ... တစ်ကောင် ကြွက်မ ...တစ်ယောက်တည်းနေချင်တယ် မဟုတ်လား ...သွား..ခုချက်ချင်းဆင်းသွား ... မြစန္ဒာတို့က ဘယ်သူ့ကိုမှခင်တွယ်မနေဘူးသိထား " "ဒုန်း .. ဝုန်း " "ခွမ်း " အော်ဟစ်ပြောဆိုပြီး ပစ္စည်းတွေကို ထုရိုက်ပေါက်ခွဲနေတဲ့ မိခင်ကိုကျောခိုင်းပြီး မိမိအခန်းရှိရာဆီကို မြယွန်းမီထလာခဲ့လိုက်တယ်။မိခင်တစ်ယောက်က သားတစ်ယောက်ကို အလွယ်တကူ ခွင့်လွှတ်နိုင်ပေမဲ့ အသက်မကွာလှတဲ့ မောင်နှမတွေကြားက နာကျည်းနာကျင်မှုကလွယ်လွယ်နဲ့ မေ့ပျောက်ဖို့ခက်လှတယ်လေ။အဖြစ်အပျက်တွေက အချိန်အားဖြင့် ငါးနှစ်ကျော်လာခဲ့ပြီဆိုပေမဲ့ ခုပြန်တွေးရင်ခုနာကျင်နေရတုန်းပဲလေ။ ~~~~~ (လွန်ခဲ့သောခြောက်နှစ် ) မြယွန်းမီရဲ့ အသက်(၁၉)နှစ်အရွယ်။ ငယ်ငယ်ကနေ အသက်(၁၉)နှစ်အရွယ်အထိ လောကကြီးမှာဘယ်သူ့ကိုအချစ်ဆုံးလဲလို့ လူတွေကမြယွန်းမီကိုမေးရင်း အမေနဲ့ကိုကိုလို့ပဲ မဆိုင်းမတွ ပြန်ဖြေခဲ့တာ။ဝမ်းကွဲ ဆွေမျိုးတွေများစွာရှိပေမဲ့ အမေ နဲ့အစ်ကိုဖြစ်သူကိုပဲ မြယွန်းမီယုံကြည်ချစ်ခင်ခဲ့တာ။သို့ပေမဲ့ လောကကြီးမှာ အကြောက်ဆုံးလူတွေကိုပြောပါဆိုရင်လဲ အမေနဲ့ ကိုကိုလို့ပဲ မြယွန်းမီဖြေခဲ့မိမှာ။ ခင်ပွန်းဆုံးပါးသွားပြီဖြစ်တဲ့ကလေးနှစ်ယောက်မိခင်မုဆိုးမတစ်ယောက်ရဲ့ဘ၀က ငွေလုံလုံလောက်လောက်မကျန်ခဲ့ရင် ခက်ခဲပင်ပန်းတယ်ဆိုတာကို မြ ယွန်းမီငယ်ငယ်ကတော့ နားမလည်ခဲ့ဘူးပေါ့။ နားမလည်ဘူးဆိုပေမဲ့လဲ မြယွန်းမီအနေနဲ့ မိခင်ကို ဒုက္ခပေးတာမျိုးမရှိခဲ့သလို နိုင်သလောက်ဝန်အားလေးနဲ့ကူညီပေးခဲ့တယ်။ခက်တာက မြယွန်းမီ ဘယ်လောက်ပဲကူညီခဲ့ပါစေ တစ်နေ့တစ်နေ့ မိခင်ရဲ့နှုတ်ဖျားကနေ ချိုသာတဲ့စကားသံတွေ အစားဆူပူမာန်မဲသံတွေကိုပဲ ကြားနေခဲ့ရတယ်။မြယွန်းမီသိတတ်စ အရွယ်ကတည်းက

#ရူးနေတဲ့ကြယ် (အခန်းဆက်ဝတ္ထု ) အပိုင်း (၄) ******** ခြံထဲဝင်လိုက်ချိန်မှာ မြင်လိုက်ရတဲ့ မျက်နှာကြောင့်မြယွန်းမီနဲ့မေမိုးစက်တို့ အံ့ဩသွားမိကြသလို့ ဟန်နေထူးလဲ အံ့ဩသွားရတယ်။ "မိုးစက်တို့ကိုအလုပ်အပ်တာ ကို ဟန်နေထူးလား " မေမိုးစက် မယုံကြည်နိုင်စွာ မေးလိုက်တယ်။ "မိုးစက်တို့က(green house) ကုမ္ပဏီက ၀န်ထမ်းတွေလား " ဟန်နေထူးလဲ မယုံကြည်နိုင်စွာပြန်မေးလိုက်တယ်။ "ဟုတ်ပါတယ်ရှင် ... မိုးစက်က ပရိဘောဂဒီဇိုင်းပိုင်းကိုပဲတာဝန်ယူတဲ့ မေမိုးစက်ပါ ..ယွန်းကတော့ အိမ်တွင်းပြင်ဆင်မှုအားလုံးအတွက်တာဝန်ယူထားတဲ့သူပါ " မေမိုးစက်မိတ်ဆက်စကားပြောနေချိန်မှာပဲ မြယွန်းမီ စိတ်ပျက်လက်ပျက်နဲ့ ထွက်ပြေးချင်စိတ်ပေါက်နေမိတယ်။အလုပ်အပ်သူက ဟန်နေထူးမှန်းသိသိနဲ့ သူဌေးကတမင်ပဲလွှတ်လိုက်လေသလား။ ဒါမှမဟုတ် ဟန်နေထူးမှန်းမသိလို့ မြယွန်းမီကို လွှတ်လိုက်တာလားမသိတော့။ပြဿနာပူပူနွေးဖြစ်ထားကြတဲ့ မြယွန်းမီတို့နှစ်ယောက်ကြားမှာ ရှေ့ဆက်အလုပ်ဘယ်လိုလုပ်ကြရမှာလဲ။မိတ်ဆက်စကားပြောတာလောက်က မေမိုးစက်နဲ့ ပြောခိုင်းလို့ရပေမဲ့ တကယ်တမ်းအလုပ်စကားပြောရမှာက သူမပဲပြောရမှာ။မေမိုးစက်ရဲ့တာဝန်က မြယွန်းမီကမှ တဆင့်သွားရမှာ။စိတ်ညစ်ညစ်နဲ့ အံကိုကြိတ်ပြီး မြယွန်းမီသက်ပြင်းတွေသာ ချနေမိတယ်။ "ယွန်း ...အလုပ်ကိစ္စပြောလိုက်အုံးလေ ... မိုးစက် ခြံထဲလိုက်ကြည့်လိုက်အုံးမယ်.. " မေမိုးစက်ကပြောပြီးတာနဲ့ ခြံထဲကို လျှောက်သွားလိုက်တယ်။ ~~~~ " ကျွန်တော့်အတွက်ကတော့ ... ဘယ်သူပဲဖြစ်ဖြစ် ကျွန်တော့်ဆိုင်ကို ခေတ်မီလှပတဲ့ဒီဇိုင်းပုံစံမျိုးဖြစ်အောင်ဖန်တီးပေးနိုင်သူဖြစ်ဖို့ပဲ အရေးကြီးတာ ... ဖြစ်ခဲ့တဲ့ကိစ္စတွေအတွက် မင်းဘက်ကဘာခံစားချက်မှမရှိဘူးဆိုရင်တော့... ငါတို့အလုပ်တူတူတွဲလုပ်ကြတာပေါ့ " "ခံစားချက်ဟုတ်လား ...ကျွန်မဘက်ကလည်း ဘာခံစားချက်မှမရှိပါဘူး...အလုပ်ကအလုပ်ပဲ လုပ်နိုင်တာပေါ့ ...ဒါပေမဲ့ တစ်ခုတော့ ရှိတယ် ...ကျွန်မရဲ့ အရည်အချင်းကို ယုံကြည်မှအလုပ်အပ်ပါ ..အလုပ်အတွက် ဆွေးနွေးတိုင်ပင်လို့ရပေမဲ့ .. ကျွန်မကို ဆရာလုပ်လို့မရဘူး...အဲ့ဒီအချက်ကိုလက်ခံနိုင်ရဲ့လား " မြယွန်းမီမျက်နှာထားတင်းတင်းနဲ့ပဲ ပြောလိုက်တယ်။စတွေ့ ကတည်းက အဆင်မပြေတဲ့သူမတို့နှစ်ယောက်ကြားမှာ ဒီလို ပြတ်ပြတ်သားသား ပြောထားရမှာပဲ။မဟုတ်ရင်ပိုင်ရှင်က သူ့စိတ်တိုင်းကျ အကုန်လိုက်ခိုင်းနေရင် မြယွန်းမီတို့အနေအထားက အင်ဂျင်နီယာတစ်ယောက်နဲ့မတူဘဲ ပစ္စည်းတွေနေရာချဖို့အတွက် နေ့စားခေါ်ထားတဲ့ အလုပ်ကြမ်းသမားနဲ့တူသွားမှာပေါ့။ အေးစက်စက်အမူအရာနဲ့ အတူ အသံမာမာနဲ့ပြောနေတဲ့ မျက်နှာတင်းတင်းကိုကြည့်ပြီး ဟန်နေထူး စိတ်တိုသလိုတော့ဖြစ်သွားမိတယ်။လုပ်ငန်းရှင်သူဌေးတွေကြားမှာ နာမည်ကောင်းတွေများလို့သာ အလုပ်အပ်လိုက်ရတာ။ မျက်နှာက သူ့လုပ်စာကို တစ်လောကလုံးထိုင်စားနေလို့ မကျေမနပ်ဖြစ်နေတဲ့ မျက်နှာထားမျိုးနဲ့။ဒီမျက်နှာက ပုံမှန်မျက်နှာထားပဲလား။ကိုယ်နဲ့မိုဖြစ်နေတာပဲလားတော့မသိဘူး။တကယ်ဆို ဖြစ်ခဲ့တဲ့ပြဿနာက သူမကြောင့်ဖြစ်တာလေ။ကိုယ်က ဘာလုပ်မိလို့လဲ။စေတနာအပြည့်နဲ့ စီစီတီဗီမှတ်တမ်းကိုတင်ပေးလိုက်တာကိုတောင်.ကျေဇူးတင်ရမှန်းမသိတဲ့ဟာမလေး။ သူပဲ မာနကြီးတာလား။ ဟန်နေထူးဆိုတဲ့ကိုယ်လဲ ဘယ်လောက်မာနကြီးလဲဆိုတာကို ပြရသေးတာပေါ့။ "ဟုတ်ပြီလေ ....ကျွန်တော်လိုချင်တဲ့ ပုံစံကိုတိုင်ပင်ဆွေးနွေးရုံပါပဲ ... ကျန်တာလုံး၀၀င်မပါဘူး စိတ်ချ ...တစ်ခုတော့ရှိတယ် ...အပြင်အဆင်ဒီဇိုင်းက ရာသီဥတုနဲ့ကိုက်ညီပြီး လုံး၀ဆန်းသစ်လှပနေရမယ် ... ခေတ်မီမီမဟုတ်ဘဲ ပုံတုံးကြီးဖြစ်နေရင်တော့... အစအဆုံးပြန်လုပ်ပေးဖို့မင်းတာဝန်ယူရမှာနော် " " ရှင်ပြောချင်တာ ဒါပဲမဟုတ်လား ... ဒီနေ့ပဲတိုက်ရဲ့အတွင်းအပြင်ကို ပုံတွေရိုက်ယူသွားမယ် .. အကြာဆုံးမှ တစ်ပတ်အတွင်းပဲ... ပုံကြမ်းပြပေးမယ် ...ရှင်ထားချင်တဲ့ပစ္စည်းအမျိုးအစားတွေကိုပါ တစ်ခါတည်း တိုင်ပင်ဆွေးနွေးလို့ရပါတယ် '' အလုပ်ထဲ စိတ်ရောက်သွားတော့လဲ မြယွန်းမီးအနေအထားကပုံမှန်လိုပြန်ဖြစ်သွားတယ်။နှစ်ယောက်သား မိနစ်နှစ်ဆယ်လောက် ဆွေးနွေးပြောဆိုပြီးတော့ မေမိုးစက်ကိုပါခေါ်ပြီးတိုက်ထဲကို ဝင်ခဲ့လိုက်ကြတယ်။တိုက်ထဲရောက်တော့ ဖုန်းကိုထုတ်ပြီး ဓါတ်ပုံ၊ ဗီဒီယိုရိုက်ပြီးအလုပ်များသွားရတော့တယ်။ ~~~~~~~ "အမေ ဘာတွေလုပ်နေတာလဲ " တိုက်ခန်းထဲဝင်ဝင်ချင်းမှာပဲ အခန်းထဲမှာအထုပ်တွေထုပ်ထားတာကို မြင်လိုက်ရတာမို့ မြ ယွန်းမီ မိခင်ကိုလှမ်းမေးလိုက်မိတယ်။ "အိမ်ပြောင်းရင် အဆင်သင့်ဖြစ်ရအောင်ထုပ်ထားတာလေ ..နင်လဲမသုံးတော့တဲ့ ပစွည်းတွေကို ထုပ်ထားလိုက်... တစ်ခါတည်း လွှင့်ပစ်ခဲ့ရအောင် " မိခင်ရဲ့စကားကြောင့် မြယွန်းအံ့ဩသွားရပြီး "အိမ်က တကယ်ပြောင်းမှာလား အမေ...အိမ်ပြောင်းတာ အဲ့ဒီလောက်မလွယ်ဘူးလေ ... ဒီအိမ်ကိုဒီတိုင်းထားခဲ့ပြီး... ဘယ်မှာသွားနေမှာလဲ "