uz
Feedback
ဧကြည်ဖြူ၏ ဝတ္ထုများ

ဧကြည်ဖြူ၏ ဝတ္ထုများ

Kanalga Telegram’da o‘tish

Ko'proq ko'rsatish
803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
"သူတို့မတွေ့သွားတာ တော်သေးတာပေါ့ ....အဘွားတို့ မြေးအဘွားသုံးယောက်... သူတို့မိသားစုနဲ့မပတ်သက်ဘဲ အေးအေးချမ်းချမ်းနေကြမယ် ...အဘွားဈေးရောင်းကျွေးနိုင်ပါတယ်ကွယ် " " အဘွားရယ် " အဘွားကိုကြည့်ပြိ လမင်းမချိတင်ကဲရေရွတ်လိုက်မိသည် ။ " မတွေ့လို့တော့ မရဘူးအဘွား ..ဒါက သူတို့ အပြစ်ကျူးလွန်ထားတာပါ ..အပြစ်ကျူးလွန်ထားတဲ့သူတွေကို ..လွှတ်ထားပေးလို့မရပါဘူး ..အထူးသဖြင့် ဦးမောင်မောင် ပါပဲ ...သူတို့အားလုံးသိအောင် ဒီညနေ သူတို့အိမ်ကိုကျွန်တော်သွားမယ်အဘွား ..ပြီးရင် မနက်ဖြန်ညရထားနဲ့ အဘွားနဲ့ကျွန်တော် ရန်ကုန်ကိုပြန်မယ် " မြေးဖြစ်သူ၏ ပြတ်သားသော စကားကြောင့် ဒေါ်အေးကြည်ထိတ်လန့် တုန်လှုပ်သွားမိပြီး " မ..မသွားပါနဲ့ လူလေးရယ် ..အဘွားတောင်းပန်ပါတယ်ကွယ် ..သူတို့နဲ့တွေ့ရလို့ ဘာကောင်းကျိုးမှ မရှိပါဘူးကွယ် ...ငါ့မြေးလေးပဲ စိတ်ဆင်းရဲရလိမ့်မယ်ကွယ် " "ဟင့်အင်း အဘွား ...ဒီတိုင်းတော့ ကျွန်တော် ပြန်မသွားနိုင်ဘူး ...တစ်ခုခုတော့ .ပြောသွားရမယ် ...အဘွားဘာမှမစိုးရိမ်ပါနဲ့ .. မနက်ဖြန် ရန်ကုန်သွားဖို့ပဲ ပြင်ဆင်ထားလိုက်ပါ " "လူလေးရယ် ..နောက်တစ်ခါထပ်ပြီ လူလေးတို့နဲ့အဘွားမခွဲချင်တော့ဘူးကွယ် ...ဖြစ်နိုင်ရင်သွားမတွေ့ပါနဲ့ကွယ် " "စိတ်မပူပါနဲ့အသွား " ~~~~~~~ "ဘယ်သူနဲ့တွေ့ချင်လို့လဲကွဲ့ " အလုပ်သမား ဖြစ်ဟန်တူသောမိန်းမကြီးက လမင်းကို မေးလာလေသည်။ " ဦးမောင်မောင်နဲ့တွေ့ချင်လို့ပါ ..` "သူဌေးလေးတို့မိသားစုတော့ မရှိဘူးကွဲ ... လမ်းလျှောက်ထွက်သွားကြတယ် ..မေမေကြီးတို့ပဲရှိတယ် " မိန်းမကြီး၏ စကားကြောင့် လမင်းခေါင်းငြိမ့်ပြလိုက်ပြီး " ဟုတ်ကဲ့ ခဏလောက်ဝင်တွေ့လို့ရမလား ခင်ဗျာ " " ရပါတယ်... ဘုန်းကြီးကျောင်းက လွှတ်လိုက်တာလား ၀င်လေ " ~~~~~~~ "မေမေကြီး ဧည့်သည်လာပါတယ် .. ဘုန်းကြီးကျောင်းက လွှတ်လိုက်တာ ထင်တယ် " " ဟုတ်လား ...ဒီကိုလွှတ်လိုက်လေ" စကားသံများအဆုံးတွင် တိုက်ကြီး၏ ဧည့်ခန်းထဲသို့ လမင်း၀င်ရောက်လာခဲ့သည်။ဧည့်ခန်းထဲသို့ရောက်သောအခါ နံနက်ကတွေ့ခဲ့ အမျိုးသမီးကြီးနှစ်ယောက်ကို တွေ့လိုက်ရသည်။ " လာလေ ...ဆရာတော်ကြီး ခိုင်းလိုက်တာလား ...ဘာမှာလိုက်သေးလဲ " လမင်းသည် အဘွားအိုကြီး၏ အမေးကိုမဖြေဘဲ ခေါင်းထက်မှဦးထုပ်ကို ချွတ်လိုက်ပြီး နှုတ်ဆက်လိုက်သည်။ " ကျွန်တော့်နာမည်က လမင်းပါ... တွေ့ရတာဝမ်းသာ ပါတယ်ခင်ဗျာ " ဒေါ်ခင်မမနဲ့ ဒေါ်နုနုက လမင်းရဲ့အပြုအမူနှင့် လမင်း၏မျက်နှာကို မြင်လိုက်ကြရပြီးနောက် ထိတ်လန့် အံ့ဩသွားကြပြီးလျှင် "မင်း ...မင်း ဘယ်သူလဲ ... ဘာလို့ ငါ့မြေးမောင်မောင်နဲ့တူနေရတာလား " ဒေါ်ခင်မမက ဦးစွာတုန်တုန် လှုပ်လှုပ်ဖြင့် မေးလိုက်သည်။ "ဟုတ်ကဲ့ ...ကျွန်တော်ကဒေါ်အေးကြည်ရဲ့မြေးပါ ....ပြီးတော့ အားလုံးက သေသွားပြီလို့ထင်နေကြတဲ့မိတုတ်ဆိုတဲ့အမျိုးသမီး ရဲသားပါ ...အမေပြောတာကတော့ ကျွန်တော့်အဖေနာမည်ကမောင်မောင်တဲ့ " "ဘာ ..ဘာပြောတယ် " ဒေါ်ခင်မမက တုန်လှုပ်ချောက်ချားစွာ အော်လိုက်သလို ဒေါ်နုနုသည်လည်း ထိုင်နေရာမှ အလန့်လန့်အဖျပ်ဖျပ်နှင့်ထရပ်လိုက်မိလေသည်။ "မဟုတ်ဘူး ..မဖြစ်နိုင်ဘူး ....မိတုတ်က သေသွားပြီပဲ ... မင်းဘာတွေလာပြောနေတာလဲ .... မင်းလူလိမ်ပဲ ... " " ကျွန်တော်လိမ်လား ..မလိမ် လား သိချင်ရင်..ဒီမှာဓါတ်ပုံတွေကို ကြည့်လိုက်ပါ " လမင်းက ဓါတ်ပုံများကို ထုတ်ပေးလိုက်သည်။ ဒေါ်ခင်မမနှင့်ဒေါ်နုနုတို့သည် ဓါတ်ပုံများကို ကြည့်လျက်ဆွံ့အ ကာ ကြက်သေသေသွားကြလေသည်။အတန်ကြာသောအခါမှ အဘွားအိုကြီးဒေါ်ခင်မမသည် သမီးဖြစ်သူကို ကြည့်လိုက်ပြီး "ဒါ ..ဒါက ဘယ်လိုဖြစ်ရတာလဲ နုနု ..ဒီ ..ဒီကိစ္စကို အခြားသူတွေသာသိသွားရင် ....တစ်သက်လုံးထိန်းသိမ်းလာခဲ့တဲ့ ငါ့တို့ရဲ့မျိုးရိုးဂုဏ်သိက္ခာတော့ရေစုန်မျောပြီးနုနုရဲ့.. ဘယ်လိုလုပ်ကြမလဲ ... ညည်းချွေးမစန္ဒာနဲ့ သူ့မိဘတွေသာသိသွားရင်.. ငါတို့ဘယ်လိုလုပ်ကြမလဲမိနုရဲ့ ..ကြားထဲက ငါ့မြေးဖိုးချမ်းလေးတော့ ဒုက္ခရောက်တော့မှာပဲ...မောင်မောင့်ကိုဖုန်းဆက် ခေါ်စမ်း " " နေ ...နေပါအုံး အမေ ... ကျွန်မ မေးစမ်းကြည့်ပါအုံးမယ် . ဒေါ်နုနုက မိခင်ကိုပြောလိုက်ရင်း လမင်းကိုကြည့်လိုက်သည်။မောင်မောင်၏ငယ်ရူပ်သွင်နှင့် တူလွန်းလှသောမျက်နှာလေးသည် မောင်မောင်၏သားပါဟု အထူးတလည် ရှင်းပြပြောပြစရာမလိုအောင် လုံလောက်နေမှန်း ဒေါ်နုနုသိလိုက်ပါလေသည်။ "မင်း ....မင်းဘာကိစ္စနဲ့လာတာလဲ ...ဒီလောက်နှစ်တွေအကြာကြီးနေမှ ငါတို့မိသားစုကိုဘာဒုက္ခပေးချင်လို့လာတာလဲကွယ် " ကြားလိုက်ရသော စကားကြောင့် တင်းခနဲဖြစ်သွားမိသောစိတ်ကို လမင်းပြန်ထိန်းလိုက်ပြီး "ကျွန်တော်က ဒုက္ခပေးရအောင် လာခဲ့တာမဟုတ်ပါဘူး....ကျွန်တော့်ကို လူဖြစ်ခွင့်မပေးကြတဲ့ ... အဘိုးအဘွားတွေနဲ့ အဖေဆိုတဲ့ လူကိုတွေ့ချင်လို့လာခဲ့တာပါ..."

အဘွားက လမင်းကိုကြည့်ပြီး မေးလာသည်။လမင်းကျောပိုးအိတ်ကို ယိုင်နဲ့နဲ့ကွပ်ပျစ်ခုံပေါ်တင်လိုက်ပြီး ကျောပိုးအိတ်ထဲမှာ ဓါတ်ပုံသုံလေးပုံကိုထုတ်လိုက်သည်။ဓါတ်ပုံများသည် လမင်းလသားအရွယ်လောက်က မိခင်နှင့်အတူ ရိုက်ထားသောပုံနှင့် ဆယ်တန်းအောင်စာရင်းထွက်သည့်နေ့ကမှ ရိုက်ထားသောပုံများဖြစ်လေသည်။ ဓါတ်ပုံများကို အဘွား၏ လက်ထဲသို့ လမင်းကမ်းပေးလိုက်သည်။ " ကျွန် ...ကျွန်တော့်နာမည်က လမင်းလို့ခေါ်တယ်ခင်ဗျာ...ဓါတ်ပုံထဲက ကျွန်တော်တို့သားအမိပုံပါ အဘွား " အဘွားက ယောင်အအနှင့် ဓါတ်ပုံများကိုလှမ်းယူကြည့်ရှုလိုက်ပြီးနောက် အထိတ်တလန့် မျက်နှာဖြင့် လမင်းကိုမော့ကြည့်လာပြီး " ဒီ ....ဒီပုံထဲက မိန်းခလေးက အ... အဘွား သမီးနဲ့ တူလိုက်တာကွယ် .. သူ ..သူက...ဘယ်သူလဲ လူလေး " " ကျွန်တော့် အမေပါ ....နာမည်က မိတုတ်တဲ့ " " ဘာ ..ဘာပြောတယ်ကွဲ့ ...မ..မဖြစ်နိုင်တာ ...မိတုတ် ..မိတုတ်က အဘွားရဲ့သမီးလေ ... သူဆုံးသွားတာကြာပါပြီ .." " ဆုံးတယ်ဟုတ်လား အဘွား ...ဘာကိုပြောတာလဲ ... ကျွန်တော့်အမေက အဘွားရဲ့ သမီးပါ မင်းဘာလို့ဆုံးသွားပြီလို့ပြောရတာလဲ " လမင်းနားမလည်နိုင်စွာ ပြန်မေးလိုက်မိသည်။အဘွားက ငိုလျက်မှ "လူလေးအဘွားကို လာညာနေတာလားကွယ်...အဘွားသမီးလေးကလေ ..လွန်ခဲ့တဲ့ (၁၈)နှစ်ကျော်ကပဲ ရွာရဲ့အနောက်တောထဲက ရေကန်ကြီးထဲမှာ ရေနစ်ပြီးဆုံးသွားခဲ့တာလေကွယ် " အဘွား၏ စကားကြောင့် လမင်းဖြုန်းခနဲ နားမလည်နိုင်ဘဲ ဖြစ်သွားမိသည်။ပြီးမှ မိခင်ဖြစ်သူပြောခဲ့သမျှကို ပြန်စဉ်းစားကြည့်လိုက်ရင်း " အဘွားပြောတာကို .... ကျွန်တော်နားလည်သွားပြီ ... ကျွန်တော်ရှင်းပြပါ့မယ် အဘွား ..အမေပြောတာတော့ အဲ့ဒီတုန်းက ...ရေကန်ထဲခုန်ချမယ်ဆိုပြီး ...အမေသွားခဲ့ပေမဲ့ခုန်မချဖြစ်ဘဲ ကားလမ်းဆီကိုထွက်သွားခဲ့တာတဲ့ ...အဲ့ဒီတုန်းကအမေလို့ပဲ အမျိုးသမီးတစ်ယောက်လဲ ရေကန်မှာလာထိုင်နေတယ်လို့ ပြောတယ် ...အဲ့ဒီမှာ အမေ့က ကားကြုံစီးပြီး... မန္တလေးဘူးတာကိုရောက်သွားပုံရတယ် ..မန္တလေးကနေ ရထားစီးပြီးရန်ကုန်ကို အမေရောက်သွားခဲ့တာ ..ရန်ကုန်ရောက်တော့ ...ကျွန်တော့်ကိုမွေးပါတယ် ... အမေက မြို့သာကုန်းက ဘယ်နေရာမှာရှိတာလဲဆိုတာကလွဲရင် အားလုံးကိုပြောပြနိုင်ပါတယ် .. အဘွားရဲ့နာမည်.. အဘွားအကြောင်းနဲ့ မောင်မောင်ဆိုသူ အကြောင်း...ပြီးတော့မေမေကြီးဆိုတဲ့ အမျိုးသမီးကြီးတွေရဲ့ အကြောင်းတွေလဲပါတယ် " ဒေါ်အေးကြည်တစ်ယောက် ကြက်သေသေလျက် လမင်းပြောသမျှကို နားထောင်နေပြီးနောက် ချုံးပွဲချ၍ ငိုချလိုက်လေသည်။ " ဒါ .ဒါဆို ..အဘွားသမီးမိတုတ် မသေဘူးပေါ့ ဟုတ်လား ...အမယ်လေးဝမ်းသာလိုက်တာကွယ် ... လူ ..လူလေးက အဘွားမြေးပေါ့ကွယ် ဟုတ်လား ..အခုအဘွား သမီးဘယ်မှာလဲဟင် ...ဒီကိုပါ လာခဲ့လား " "နေ ..နေပါအုံး အဘွား ....အမေက ရန်ကုန်မှာကျန်ခဲ့ပါတတ်....ကျွန်တော်က သေချာအောင် အရင်လာစုံစမ်းတာပါ " " အဘွားသမီးလေးကို တွေ့ချင်လိုက်တာကွယ် ... သူနေကောင်းရဲ့လားကွယ် ....အဘွားကြောင့် ...အဘွားကြောင့်ပါကွယ် " "မငိုပါနဲ့ အဘွားရယ် ....အဘွားကို ကျွန်တော်လာခေါ်တာပါ ...အမေကလဲအဘွားကို သိပ်သတိရနေတာပါ ...အဘွားအကြောင်းကိုနေ့တိုင်းပြောပါတယ်..." " ကံကောင်းလို့ကွယ်... သမီးလေးအသက်ရှင်နေတာဝမ်းသာလိုက်တာ မြေးလေးရယ် " " မငိုပါနဲ့ အဘွားရယ် ... ကျွန်တော်နဲ့အတူ ရန်ကုန်သွားရအောင်နော် အဘွား ရှိုက်ကြီးတငင်နှင့်ငိုနေသော အဘွားကို လမင်းနှစ်သိမ့်လိုက်မိသည်။ ~~~~ " ဘယ် ... ဘယ်လိုကွဲ ... ဟို ..ဟို အလှူအိမ်ကို လူလေးရောက်ခဲ့တယ်ဟုတ်လား ...သူတို့ လူလေးကိုတွေ့သွားကြလား ....လူလေးက သူတို့သားမောင်မောင်နဲ့ ဒီလောက်တူတာ သူ....သူတို့မြင်သွားကြလား " တုန်တုန်လှုပ်လှုပ်နှင့် မေးလာသော ဘွားအေကြီးအား လမင်းခေါင်းခါပြလိုက်ပြီး " မတွေ့ပါဘူး အဘွား ... ကျွန်တော်က ဦးထုပ်ဆောင်းထားခဲ့ပါတယ် " " တော် ... တော်သေးတာပေါ့ လူလေးရယ်.. သူတို့မတွေ့သွားတာကံကောင်းတယ် ...သူတို့ လူလေးကို လက်ခံမှာမဟုတ်ဘူး ...သူတို့ကသိပ်ပြီးမောက်မာကြတယ် ..သမီးဆုံးသွားတယ်ဆိုတော့ ဟုတ်ရဲ့လားဆိုပြီး ..ရေကန်ကြီးအထိလိုက်ကြည့်ကြတယ် ... အဘွားကလဲ ...မင်းအမေသွားလေရာယူသွားတတ်တဲ့ အထုပ်ကိုတွေ့လိုက်ရတော့ ဟုတ်တယ်လို့ ပြောလိုက်တော့ သားအမိတွေ သိပ်ကိုဝမ်းသာသွားကြတာ .. သူ့တို့ကို အဘွားတောင်းပန်ခဲ့ပါတယ် ... အဘွားတို့သားအမိ ဒီကနေထွက်သွားပြီး ကလေးကို တခြားမှာသွားမွေးပြီးနေပါ့မယ်လို့ တောင်းပန်းခဲ့တယ် .. သူတို့က လက်မခံခဲ့ဘူး ..ကျပ်မပြည့်တဲ့သူဆီမှာ ..သူတို့သွေးသားကိုမရှင်သန်စေရဘူးဆိုပြီး ...ကိုယ်ဝန်ကို အ...အတင်းဖျက်ချဖို့ လုပ်ခဲ့တာလေ " အဘွားဖြစ်သူ ပြောပြနေစဉ်မှာ လမင်းလက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။ယောကျာ်းဖြစ်ပါလျက် ကိုယ်ကျူးလွန်ခဲ့သည့်အပြစ်ကို တာဝန်မယူသည့်အပြင် တာဝန်ယူမည့်သူကိုပင် ရန်ရှာခဲ့သည်ဆိုသောအခါ လမင်းရင်ထဲ တဆစ်ဆစ်နာကျင်မိသည်။ထိုသို့အကြင်နာတရားကင်းမဲ့သော တာဝန်ယူချင်စိတ်မရှိသောလူများ၏ သွေးများသည် လမင်း၏ကိုယ်ထဲတွင် စီးဆင်းနေသည်ဟု တွေးမိလိုက်သောအခါ မိခင်နဲ့အဘွားဖြစ်သူကို အားနာမိလေသည်။

'နော် အဖေ ... တစ်ခါတည်းပါနော် ... ရန်ကုန်မှာဆို ဆိုင်ကယ်မစီးရဘူးလေအဖေရဲ့ ... ဒီရောက်မှစီးရတာကို ခွင့်ပြုပေးပါနော် .. ပလိစ်ဖေဖေနော် " " သားကလဲကွာ သားအဘွားတွေ စိုးရိမ်နေလိမ့်မယ် ... အဖေကတော့ ငါ့သားရဲ့ဆိုင်ကယ်စီးနိုင်စွမ်းကို ယုံကြည်ပြီးသားပါ ...ဒီလိုလုပ်ကွာ .. အဖေမောင်းမယ် ..သားနောက်ကလိုက်စီးလေ " ဦးမောင်မောင်က သားဖြစ်သူကို ချော့မော့ပြောလိုက်သည်။ "အဖေကလဲ အဲ့ဒီလိုဆိုတော့သားက...ဆိုင်ကယ်တောင်မစီးတတ်တဲ့ မင်းအသုံးမကျတဲ့သူကြီးဖြစ်သွားမှာပေါ့ " ဖိုးချမ်းက မျက်နှာလေးပုပ်ပုပ်နှင့် ဖခင်ကိုပြောလိုက်သည်။သားဖြစ်သူ၏ .စကားကြောင့် ဦးမောင်မောင်က တဟားဟားအော်ရယ်လိုက်ပြီး သားငယ်၏ပခုံးကိုသိုင်းဖက်လိုက်ပြီး "ငါ့သားကတော့ကွာ...တကယ့် ဇွတ်ပဲ ..အမေရေ အမေတို့မြေးကို ခွင့်ပြုပေးလိုက်ပါ " လမင်းသည် လက်ထဲတွင် ထမင်းစားဇွန်းကိုကိုင်လျက်နှင့် မျက်စိရှေ့မှ မြင်ကွင်းများကို မမှိတ်မသုန်ကြည့်နေမိသည်။ အံကိုတင်းတင်းဖိကြိတ်ထားသည့်ကြားမှ မျက်ဝန်းအိမ်မှ မျက်ရည်စက်များက ဇွန်းကိုင်ထားသော လက်ခုံပေါ်သို့ပေါက်ခနဲ ကျရောက်လာသည်။လည်း ချောင်းတစ်လျှောက်တွင်းစူးနင့်၍နာကျင်နေသည်။ ဦးမောင်မောင်ဆိုသူသည်သူ၏သားကို ဖက်လျက်ပြုံးနေသည်။ထိုပြုံးနေသော လူကြီးသည် မိခင်ဖြစ်သူ နေ့စဉ် တမ်းတမ်းတတနှင့်ပြောနေသော မောင်မောင်မှန်းအဝေးကလှမ်းမြင်လိုက်ရကတည်းက လမင်းသိလိုက်ပါသည်။မြင့်မားသောအရပ်၊ထူထဲသောမျက်ခုံးနှင့်စူးရှသောအကြည့်များ၊ မထူမပါးနှုတ်ခမ်းအစုံတို့သည် လမင်းကိုယ့်ကိုယ်ကိုယ် ပြန်မြင်နေရသကဲ့သို့ဖြစ်နေသည် လေ။ အားလုံးကို လမင်းကစူးစူးစိုက်စိုက်ကြည့်နေမိသည်။ထမင်းစားဇွန်းကို လက်ကကိုင်ထားမိသော်လည်း ထမင်းတစ်စေ့တစ်လေမှ ပါးစပ်ထဲသို့မသွင်းမိပါချေ။ရင်ထဲမှာတင်းကြပ်၍ဆို့နင့်နေသည်။ " ကိုမောင်နော် ..ရှင်အဲ့ဒီလို အလိုလိုက်နေလို သားကဆိုးချင် နေတာသိရဲ့လား ... ဆိုင်ကယ်လိုက်မစီးရဘူးနော်သား ... အမေခွင့်မပြုဘူး ..." တစ်ကိုယ်လုံးနီးပါးစိန်ရွှေရတနာများဖြင့် ဆင်မြန်းထားသောအမျိုးသမီးသည် ပြောရင်းနှင့် လှလှပပလေးလျှောက်လှမ်းလာသည် ။မြင်ကွင်းသည် လမင်းထိုင်နေသောနေရာနှင့် ခြေလှမ်းဆယ်လှမ်းစာမျှသာဝေးသောကြောင့် အားလုံးကိုကြားနေမြင်နေရသည်။နေရာတွင် လမင်းဆက်ထိုင်နေနိုင်စွမ်းမရှိတော့ပါချေ။ဦးထုပ်ကို လက်နှင့်အသာဆွဲချ ကာကွယ်ရင်း ထထွက်လာခဲ့သည်။စိန်ရွှေများအပြည့်ဖြင့် ဝင့်ကြွားလှပနေသော အမျိုးသမီးကို တစ်ချက်လှမ်းကြည့်လိုက်ချိန်မှာ စီးကျလာသော မျက်ရည်များသည် ရင်ထဲမှနာကျင်မှုများကြောင့်ပို၍ပင်ပူနွေးနေသယောင် ထင်ရသည်။ ~~~~ ကုပ်ကုပ်မှိုင်းမှိုင်းနှင့်ဖြစ်နေသောအိမ်အိုကြီးကိုကြည့်ရသည်မှာ နှစ်ပေါင်းများစွာမပြုမပြင်ဘဲထားခဲ့ပုံရလေသည်။ကာရံထားသော ထရံကွက်များသည်လည်း ဟိုတစ်ကွက်သည်တစ်ကွက်ဖြင့် အပေါ် အပြဲများဖြစ်နေလေသည်။ခြံရှေ့တွင် ရပ်လျက်မှ လမင်းကြည့်နေစဉ်မှာပင် အိမ်ထဲမှအမျိုးသမီးကြီးတစ်ယောက် ထွက်လာသည်ကို တွေ့လိုက်ရလေသည်။အမျိုးသမီးကြီးသည်လည်းလမင်းကိုမြင်သွားပြီး မျက်လုံးကိုလက်ဖြင့်ကာကြည့်လိုက်လေသည်။ထိုအမျိုးသမီးကြီး၏ ပြည့် ဝိုင်းသောမျက်နှာနှင့် ပိန်လှီလှသော နွမ်းဖက်ဖက်ပုံစံကိုကြည့်ပြီး လမင်ရင်ထဲမှာ စူးအောင့် နာကျင်သွားမိသည်။ " အ ..အဘွား "လမင်း၏ မဝံ့မရဲခေါ်သံကိုမကြားဘဲ အဘွားက လမင်းကို လှမ်းမေးလာသည်၊ "ဘယ်သူတုန်းကွဲ့ ... သန်းဆင့်သားလား ..... လာလေ အိမ်ထဲဝင်ခဲ့လေကွယ် ... သန်းဆင့်ဘာခိုင်းလိုက်လို့လဲ " အဘွား၏ ခေါ်သံအဆုံးတွင် လမင်းခြံထဲသို့ ၀င်လိုက်ပြီး အဘွားကို ခပ်တိုးတိုးမေးလိုက်မိသည်။ " အ ..အဘွားက ဒေါ်အေးကြည်လား " "ဪ ..သန်းဆင့်သားငဦးမဟုတ်ဘူးလား ... ဟုတ်ပါတယ် အဘွားကဒေါ်အေးကြည်ပါ ...ဘာကိစ္စရှိလို့လဲကွဲ ....မုန့်လာမှာတာလား.... ဒီနေ့တော့ရွာထဲမယ် အလှူရှိနေလို့ မုန့်မလုပ်ဖြစ်ဘူးကွဲ့ ...အိမ်ထဲဝင်ထိုင်အုံးလေကွယ် ... အမောပြေရေသောက်အုံး ...လာ..လာ " အဘွားကိုကြည့်ပြီးနှုတ်ဆိတ်လျက် အဘွားနောက်မှ အိမ်ထဲသို့ လမင်းလိုက်ဝင်ခဲ့သည်။အိမ်ထဲသို့ရောက်သောအခါ ယိုင်နဲ့နဲ့ ကွပ်ပျစ်ဘေးရှိ သစ်သားခုံတန်းလေးမှာ အဘွားကထိုင်းခိုင်းလေသည်။ " ထိုင်လေ လူလေး ... အဘွားမှာချိုချိုချဉ်ချဉ်လေးတော့ ကျွေးစရာမရှိဘူးကွယ်...ထန်းလျက်ခဲလေးစားပါအုံး ..." အဖော်ကင်းမဲ့နေရှာသော အဘွားသည် ဧည့်သည်ကိုမျှော်နေပုံရလေသည်။လမင်းကို မရှိရှိတာလေးနှင့် ဧည့်ဝတ်ပြုနေရှာသည်။ဟောင်းနွမ်းနေသော အိမ်လေးထဲတွင် အသုံးအဆောင်ပစ္စည်းများသည် လွန်ခဲ့သောဆယ်စုနှစ်ကျော်ကျော်က အသုံးအဆောင်များသာဖြစ်ပုံရလေသည်။ယုတ်စွအဆုံး ပြက္ခဒိန်များသည် ပင်လျှင် လမင်းတို့မသိသောမကြည့်ဖူးသော မင်းသားမင်းသမီးပုံများဖြစ်လေသည်။ "လူလေးက အဘွားဆီမှာ မုန်လာမှာတာလား ...ဘာမုန့်လိုချင်တာလဲ "

#မုန်းမာန် (အခန်းဆက်ဝတ္ထုရှည် ) အပိုင်း (၁၄ ) ****** " ဪ သိတာပေါ့ကွယ် ... လူလေးက အလှူကိုလာတာလား ... ဟိုရှေ့က လမ်းထဲချိုးဝင်သွားလိုက်ရင်ရောက်ပါပြီတော်....မီးခိုးတိတ်ကျွေးတဲ့အလှူဆိုတော့ ..သူတို့တိုက်နားရောက်ရင် လူတွေအများကြီးတွေ့မှာပါကွယ် " "ဟုတ် ... ဟုတ်ကဲ့ ... ကျေး..ကျေးဇူးပါခင်ဗျာ " အဒေါ်ကြီးကိုကျေးဇူးတင်စကားပြန်ပြောလိုက်သောလမင်း၏အသံများက တုန်ယင်နေခဲ့သည်။ရင်ထဲမှာလည်း မီးရထားကြီးတစ်စင်းဝင်ရောက်ခုတ်မောင်းနေသကဲ့သို့ ခံစားနေရသည်။ဦးခေါင်းထက်က လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်ဆွဲချလိုက်သောလက်များသည်လည်း တဆတ်ဆတ်တုန်နေခဲ့လေသည်။ ~~~~~ လမ်းထဲသို့ချိုးဝင်လိုက်သည်ဆိုလျှင်ပဲ တစ်နေရာဆီသို့ဦးတည်သွားနေကြသော လူအများအပြားကိုတွေ့လိုက်ရလေသည်။လမင်းလည်း ထိုလူအုပ်များနောက်မှ ကပ်၍ လျှောက်လိုက်ခဲ့မိလေသည်။ "ဟဲ မိမြရေ ...မောင်မောင့်သားလေးကမောင်မောင်ငယ်ငယ်က လိုပဲ လူချောလေးဟဲ့ ...အသက် (၁၇)နှစ်သာပြောတယ်လူကောင်ကြီးကလဲ ထွားလိုက်တာအေ " '' ဟုတ်ပအေ ..မောင်မောင့်သား တောင်(၁၇) နှစ်ပြည့်ပြီ ...ညည်းတို့ငါတို့မစွံသေးတာခက်တယ်အေ...ဟား ဟား ဟား " ရှေ့မှပြောသွားကြသော မိန်းမကြီးများဆီမှ စကားသံများကြောင့် တထိတ်ထိတ်ခုန်နေသောလမင်း၏ရင်အစုံက စူးခနဲနာကျင်သွားမိလေသည်။(၁၇)နှစ်ဆိုတော့ လမင်းထက် သုံးလကျော်ပဲငယ်သည်။နှုတ်ခမ်းကိုတွန့်ကွေးပြီး လမင်းနာနာကျင်ကျင်ပြုံးလိုက်မိသည်။ "ဒေါ်ခင်မမရောဒေါ်နုနုပါ ရပ်ရွာ ကိုတော့ သံယောဇဉ်ရှိတယ်နော် ...အခုဆိုရင် သူတို့မိသားစုရန်ကုန်ကိုပြောင်းသွားကြတာ ဆယ်နှစ်လောက်ရှိပြီမဟုတ်လား ... တစ်နှစ်မပျက်ရွာမှာအလှူလာလုပ်နေတုန်းပဲနော် " "ဆယ်နှစ်ဘယ်ကမလဲအေ ... ဒေါ်ခင်မမယောကျာ်းကြီးဆုံးသွားကတည်းကပြောင်းသွားကြတာဆိုတော့ ဆယ်နှစ်ကျော်ပြီပေါ့ ...ဒါပေမဲ့ရပ်ရွာကို သံယောဇဉ်ကြီးလွန်းလို့အလှူလာလုပ်နေတာမဖြစ်နိုင်ပါဘူးတော် ... တစ်နှစ်ထက်တစ်နှစ် သူတို့ပိုကြီးပွားချမ်းသာလာတာကို ကြွားချင်လို့နေမှာပါ..တကယ်သာ သံယောဇဉ်ကြီးပြီး စိတ်စေတနာအမှန်ဆိုရင် ..သူတို့အိမ်မှာ တစ်သက်လုံး ကျွန်ခံလာခဲ့တဲ့ဒေါ်အေးကြည်ကြီးကို ပစ်ထားမလား အေ ... ဒေါ်အေးကြည်ခမျာအသက်ကြီးမှရွာစဉ်လှည့်ပြီး ဈေးရောင်းစားနေရတယ် ... ဒီအဘွားကြီးတစ်ယောက်စာလောက်ကို တစ်လဘယ်လောက်ထောက်ပံ့ရမှာလဲ .. အလကားလူ့ကပ်စေးတွေပါအေ ... အဲ့ဒါကြောင့် ငါလဲအမြင်ကပ်ကပ်နဲ့ သူတို့အလှူလာလုပ်တိုင်း ... ရှေ့ဆုံးကသွားပြီး ဒေါ်ကြီးအေးကြည် အကြောင်းသွားသွားပြောတာ " အမျိုးသမီးဆီမှ ကြားလိုက်ရသောစကားကြောင့် လမင်းရင်ထဲ ဒိန်းခနဲခုန်လှုပ်သွားသည်။ခြေထောက်များက အလိုလို အမျိုးသမီးများအနီးသို့ တိုးကပ်သွားမိပြီး "ဒီ...ဒီမှာခင်ဗျ...ဟို..ဟို ဒေါ်အေးကြည်အိမ်က ဘယ်နားမှာလဲ ခင်ဗျာ ` အမျိုးသမီးများအုပ်စုက ရုတ်တရက် ၀င်မေးလိုက်သော လမင်းကို ခပ်ကြောင်ကြောင် မော့ကြည့်လိုက်ကြသေးသည်။ပြီးမှ " ဪ ... မုန့်အော်ဒါမှာမလို့လား .... ဒီကနေ နောက်ကိုပြန်လျှောက်သွားလိုက် ... အဲ့ဒီမှာ လမ်းကျဉ်းလေးတစ်လမ်းတွေ့လိုက်မယ် .. အဲ့ဒီလမ်းကျဉ်းထဲ တည့်တည့်သာ၀င်သွားလိုက်အစွန်းဆုံးအိမ်ပဲ " " ဟုတ် ..ဟုတ်ကဲ့ ကျေးဇူးပါခင်ဗျာ " သွားရမည့် လမ်းညွှန်ကို သိလိုက်သောအခါ လမင်းလှမ်းလက်စခြေအစုံကို ရပ်တန့်လိုက်ပြီး ရှေ့ဆက်သွားရမည်လား။ နောက်သို့ ပြန်ဆုတ်ရမည်လား တွေဝေနေမိသည်။ရှေ့ဆက်ဖို့ကလည်း သိပ်မလိုတော့။လူအုပ်စုများ အလျှိုအလျှိုဝင်သွားကြသော အိမ်ကြီးကို မြင်နေရလေပြီ။လမင်းအတန်ကြာ တွေတွေဝေဝေနှင့်ရပ်နေမိပြီးနောက် ခြေလှမ်းများကို လှမ်းလိုက်လေသည်။ ~~~~~~ " စားကြနော် စားကြ ..အားနာစရာမလိုဘူး ...အဝသာစားသွားကြ " အတော်လေးကိုအိုမင်းနေပြီဖြစ်သော အဘွားအိုကြီးသည် ကုလားထိုင်ပေါ်တွင်ထိုင်လျက်မှ ရွှေကိုင်းမျက်မှန်ကို သူ့လက်ချောင်းအိုအိုများနှင့် ပင့်တင်လျက်ဝင်လာသမျှလူများကို အော်ဟစ်၍ ပြောနေလေသည်။လက်ချောင်းများတွင် ဝတ်ဆင်ထားသော ဝင်းလက်တောက်ပြောင်နေသည့် လက်စွပ်များမှာလည်း နေရောင်အောက်တွင် တလက်လက်တောက်ပ၍နေလေသည်။ "ငါ့မြစ်ကလေးအတွက်လဲ ဆုတောင်းပေးကြအုံးနော် ....နုနုရေနုနု ....ဘယ်မှာလဲ ငါ့မြေးလေးက ..." " ဟိုမှာ အမေ့မြေးရှိပ... သူ့အပေါင်းအသင်းဟောင်းတွေနဲ့ စကားပြောနေတယ် " ဒေါ်နုနုကသားဖြစ်သူကို လက်ညှိုးထိုးပြပြီး မိခင်ကြီးကိုပြလိုက်သည်။ဒေါ်ခင်မမက သမီးဖြစ်သူ ပြသောနေရာသို့လှမ်းကြည့်လိုက်ပြီး " ဟဲ့ မိနုရဲ့နင့်သားမောင်မောင့်ကို ပြောတာမဟုတ်ဘူး ...ငါ့မြေးလေးဖိုးချမ်းကိုပြောတာအေ့ " " ရှိပါတယ်အမေရဲ့ ... တိုက်ထဲမှာ သူ့အမေ့နားကပ်ပြီး ဘာဂျီကျနေလဲမသိဘူး ...ဟောဟိုမှာထွက်လာပြီးသူ့အဖေဆီသွားနေပြီ " ဒေါ်ခင်မမနှင့် ဒေါ်နုနုတို့ပြောနေစဉ်မှာပင် ဖိုးချမ်းခေါ်ချမ်းမြေ့မောင်က ဖခင်ဖြစ်သူ၏လက်ကို ဖက်တွယ်ဆွဲခေါ်ခဲ့လိုက်ပြီး ဘွားအေကြီးများရှိရာဆီသို့ လျှောက်လှမ်းလာခဲ့လေသည်။

"မြို့သာကုန်းလား သိပ်မဝေးဘူးလေ ..ဆိုင်ကယ်ကယ်ရီစီးသွားလို့လဲရတယ်...မသကာနာရီဝက်သာသာပေါ့ " ~~~~ " ဒါက မြို့သာကုန်းပဲညီလေး ... လမ်းရဲ့ဒီဘက်ခြမ်းပဲနော် ... ဟိုဘက်က တစ်ခြားရပ်ကွက် " ဆိုင်ကယ်သမား အစ်ကိုကြီး ထွက်သွားချိန်မှာ လမင်းတစ်ယောက်တည်း မြို့သာကုန်း ဆိုသော ရပ်ကွက်ကိုငေးကြည့်နေမိသည် ။ဆယ်စုနှစ်ကျော်ကြာလာခဲ့ပြီးသည့်နောက်တွင် ရပ်ကွက်၏ မြင်ကွင်းများက မိခင်ကြီးပြောပြထားသည်နှင့် ကွာခြားနေလေသည်လား။သို့မဟုတ်လျှင် သည် နေရာက မိခင်ကြီး၏ မြို့သာကုန်းမဟုတ်လေသည်လား မသိချေ။လမ်းမကြီးတစ်လျှောက်တွင် ဈေးဆိုင်ခန်းများနှင် စည်ကားနေသည်။လမ်းမတစ်နေရာမှ အတွင်းထဲသို့ ချိုးဝင်သောလမ်းကို တွေ့ရသောကြောင့် ထိုလမ်းမအတိုင်းလမင်း၀င်လာခဲ့သည်။လမ်းတစ်လျှောက်ဘေးဘီဝဲယာမှ အိမ်များကို ငေးကြည့်ရင်းဘယ်သူ့ကိုမေးလို့မေးရမှန်းလဲမသိ။ စမ်းတဝါးဝါးနှင့်မေးရမည်သာ။ လမ်းဘေးတစ်နေရာတွင်ရှိသော ဈေးဆိုင်လေးထဲသို့ လမင်းဝင်လိုက်ပြီ အရဲစွန့် ကာမေးလိုက်မိသည်။ "ဒီမှာ ခင်ဗျ ... ဒေါ်အေးကြည် အိမ်ကဘယ်နားမှာလဲ မသိဘူး " " ဒေါ်အေးကြည်ဟုတ်လား ..ဒီနားတစ်ဝိုက်တော့ ဒီနာမည်မကြားဖူးဘူးနော် လူကလေး ... အနောက်ပိုင်းထဲတော့ သိဘူးရယ် " ဆိုင်ရှင်အဒေါ်ကြီး၏ စကားကြောင့် လမင်းစိတ်ဓါတ်ကျချင်သလိုပင်ဖြစ်သွားမိသည်။ပြီးမှ နှုတ်ကထုတ်မပြောချင်သော နာမည်ကိုမေးလိုက်မိသည်။မိခင်ဖြစ်သူပြောသလိုဆိုလျှင် မြို့သာကုန်းမှလူမှန်သမျှ ထိုနာမည်ကိုသိကြသည်တဲ့လေ။ "ဟို ... ဟို .... ဒေါ်ခင်မမဆိုတာကိုရောသိလားခင်ဗျ...သူ့မြေးနာမည်ကမောင်မောင်တဲ့လေ... အခုဆိုရင် ဦးမောင်မောင်ကအသက်လေးဆယ်လောက်ရှိမယ်ထင်တယ် " @@@@@@@@@@@@@@@@@@@@@@@@ အပိုင်း (14)ဆက်ရန် #ဧကြည်ဖြူ

မတူးက ခုံမှာဝင်ထိုင်းရင်းမိတုတ်ကိုပြောလိုက်သည်။ " သူငယ်ချင်းတွေနဲ့ သွားတာတဲ့ မတူးရဲ့ .. နှင်းအိမ်နဲ့သူရကိုပါခေါ် သွားလို့ မိတုတ်ကပြောလိုက်သေးတယ် ..ခေါ်လို့မရဘူးတဲ့လေ " မိတုတ်ထမင်းစားနေရင်းမှ မတူးကို ပြန်ပြောလိုက်သည်။ "အေးပါဟယ် ..သွားပါစေ ...နင့်သားက ဒီလိုတစ်ခါမှသွားတာမှ မဟုတ်တာ .. နောက်ဆိုကျောင်းလဲတက်ရမှာဆိုတော့လဲ ခုချိန်သွားပါစေ ... သူရကတော့ အဝေးသင်ပဲတက်မယ်တဲ့..သူအဲ့လိုပြောတာပဲ ကျေးဇူးတင်ရအုံးမယ် ... ကိုယ်တွေလဲ ပိုက်ဆံရှိတာမဟုတ်ဘူး .. အိမ်ရှင်ကလဲတိုက်ပြင်ဆောက်မလို့တဲ့လေ.. နောက်သုံးလေးလလောက်ပဲနေရတော့မှာ ... အကြီးမကတော့ သူ့မောင်ကို သူတာဝန်ယူတယ်ပြောတာပဲ .....ဒါပေမဲ့ သူ့အဖေကအလုပ်သိပ်မလုပ်နိုင်တော့ဘူးလေ ..." မတူးညည်းညူညူနှင့် ပြော လိုက်သည်။ "ဘာပဲပြောပြော .. ခင်လေးကတော့ အားကိုးရတယ်နော် မတူး ... စျေးရောင်းတာလဲ သွက်မှသွက် ... ဈေးထဲမှာ သူ့ဆိုင်ကအရောင်းရဆုံးပဲ ....အေးနွယ်တို့လဲ ရှိနေတာပဲမတူးရယ် ...သိပ်ပြီး ပူမနေပါနဲ့ ...နှင်းအိမ်ကလဲအဝေးသင်ပဲတက်မယ်ပြောနေတယ် ..အေးနွယ်ကတော့ သမီးကိုဆိုင်မှာပဲ အချိန်မကုန်စေချင်ဘူး .` အေးနွယ်က ဝင်ပြောလိုက်သည်။ " အေးဟယ် ကလေးတွေကိုဘာတွေလုပ်ခိုင်းရမလဲမသိဘူး .... ဘွဲ့လေးရပြီး ...ရုံးတစ်ရုံးမှာ အေးအေးသာသာလေး လုပ်စေချင်တာပါ..လမင်းကတော့ ဦးကျော်တို့ဆိုင်ကိုပဲ ဦးစီးမယ်ထင်တယ် ...ခုဆိုရင်တစ်ဆိုင်လုံး သူ့လက်သူ့ခြေပဲဟာ....ပြီးတော့ သူများတွေပြောနေကြသလို ပပစိုးနဲ့ ကြိုက်သွားရင်တော့.. သူဌေးသမက်ဖြစ်မှာဟဲ့ ...မိတုတ်ရဲ့နင်ကတော့ နင့်သားအတွက်သိပ်ပူစစရာမလိုပါဘူးအေ ... အေးနွယ်ကရော နှင်းအိမ်ကိုဘာလုပ်စေချင်လဲ " မတူးက အေးနွယ်ကိုမေးလိုက်သည်။ "အေးနွယ်ကတော့ သမီးကို ကျောင်းဆရာမလေး ဖြစ်စေချင်တာ ..ဒါပေမဲ့ သူ့ဝါသနာပါတာကိုပဲ လုပ်ပါစေ ... ကျောင်းပြီးသွားရင်တော့ ...အပြင်အလုပ်ပဲလုပ်ခိုင်းမလားလို့ ထမင်းဆိုင်က အရမ်းပင်ပန်းတယ်လေ " ဆိုင်ထဲတွင်လူပါးနေချိန်ဖြစ်သောကြောင့် အေးနွယ်တို့စိတ်အေးလက်အေးစကားပြောနေကြခြင်းဖြစ်သည်။ အပြင်မှ ပြောနေသံများကို နောက်ဖေးခန်းထဲတွင် အလုပ်သမားတစ်ယောက်နှင့် အိုးခွက်ပန်းကန်များဆေးကြောနေသောနှင်းအိမ်ကြားနေရလေသည်။မိခင်၏ စကားကို ကြားလိုက်ရသောအခါမှ နှင်းအိမ်လည်း ဘာကိုဝါသနားပါလည်း ဆိုသည်ကို စဉ်းစားကြည့်မိသည် ။နှင်းအိမ်တက္ကသိုလ်တက်ဖို့ကတော့ မိခင်ကလည်းထားနိုင်သလို အဘိုးနှင့်အဘွားကလည်း ငွေပို့ပေးမည်ဟု ပြောပြီးသားပင်။သို့သော်လည်း လမင်းနှင့်သူရက အဝေးသင်ပဲတက်မည်ဆိုတော့ နှင်းအိမ်တစ်ယောက်တည်းတော့ ဒေးမတက်ချင်ဖြစ်နေမိသည်။တစ်ခါတလေတော့လည်း အဘိုးတို့ဆီက ပိုက်ဆံလှမ်းတောင်းပြီးစတိုးဆိုင်ကြီးဖွင့်ရကောင်းမလားဟုတွေးမိပြန်သည်။ယခုတလောမှ စတိုးဆိုင်ဖွင့်ချင်စိတ်ကလည်း ဘယ်လိုကနေ ဘယ်လိုပေါ်လာမှန်းမသိဖြစ်နေသည်။တကယ်တမ်း ဘာကိုဝါသနာပါလည်းဆိုတာကိုတော့ ကိုယ်တိုင်လဲ တွေးမရဖြစ်နေသည်။ ~~~~~~ ရထားကည (၁၁)နာရီလောက်တွင် မန္တလေးဘူတာကြီးသို့ ရောက်ရှိသည်။လမင်းရထားပေါ်ကဆင်းလာခဲ့ပြီးနောက် ဘူတာထဲတစ်နေရာတွင် ထိုင်ချလိုက်သည်။ "ကားငှားမလား ...." "ဆိုင်ကယ်ရှိတယ်နော် ...ဆိုင်ကယ် .... နယ်ဝေးသွားရမဲ့သူတွေ ဈေးချိုတဲ့ တည်းခိုခန်းတွေရှိတယ်နော် ... " ကယ်ရိသများနှင့် ခရီးသည် များ၏အသံများက ဘူတာထဲတွင် ဆူညံနေသည်။လမင်းကတော့ ကျောပိုးအိတ်ကိုရင်ခွင်ထဲပိုက်ပြီးတိုင်တစ်တိုင်ကိုမှီကာထိုင်နေလိုက်သည်။သည်တစ်ညတော့ ဘူတာထဲတွင် ဖြစ်သလိုနေရမည်။ နံနက်လင်းမှ ခရီးဆက်ရမည်။ခရီးက မန္တလေးမြို့ကြီးနှင့် သိပ်မဝေးသော်လည်း တစ်ခေါက်တစ်ကျင်းမျှ မရောက်ဖူးသောခရီးလေ။ပြီးတော့ မသေချာမရေရာလှသော ခရီးမဟုတ်လား။မိခင်ဖြစ်သူ ပြောခဲ့သမျှ အနေအထားများနှင့်အတူ ညီဆုံးသောနေရာကိုနှစ်ချီလချီပြီး စုံးစမ်းရှာဖွေခဲ့ရသည်လေ။နာမည်တူရုံနှင့်အရဲစွန့်ပြီးထွက်လာခဲ့သောသည်ခရီးမှာ မှန်နေခဲ့လျှင်လည်း တစ်ခုခုတော့သိရမည်။မှားနေခဲ့လျှင်တော့ မနက်ဖြန်ညရထားကိုမှီအောင် ဘူတာကြီးသို့ ပြန်လာရမည်။ အားလုံးကို လိမ်ညာပြောပြီး ထွက်လာခဲ့သော သည်ခရီးက အောင်မြင်လျှင်တော့ မိခင်ဖြစ်သူ၏ နှလုံးသားကို အနည်းငယ်မျှ အေးငြိမ်းစေမည်ထင်သည်။ ~~~~~~ နံနက် (၅) နာရီကျော်သည်နှင့် ဘူတာအပြင်သို့ လမင်းထွက်လာခဲ့ပြီး ဆိုင်ကယ်ကယ်ရီငှါးလိုက်ကာ မိမိသွားချင်သောနေရာကို ပြောလိုက်သည်။ ဆိုင်ကယ်မောင်း သူ၏ နောက်မှ လမင်းလိုက်ပါလာခဲ့ရင်း စိမ်းသက်လှသော မန္တလေးမြို့ကြီး၏ မြင်ကွင်းများကို ငေးမောကြည့်လာခဲ့သည်။အတန်ကြာသောအခါ လမင်းသွားချင်သော ကျောက်ဆည်ကားဂိတ်သို့ ရောက်လာခဲ့သည်။ ကျောက်ဆည်သို့သွားမည့် ကားလေးပေါ်သို့ တက်ထိုင်လိုက်ချိန်မှာတော့ လမင်း၏ ရင်ထဲတွင် တဒိန်းဒိန်းခုန်လှုပ်နေခဲ့လေသည်။သွားရမည့်ခရီးလမ်းသည် သုံးပုံနှစ်ပုံကျော်လာခဲ့ပြီလေ။ တိရိပ်ရိပ်ပြေးနေသော ကားလေးထဲမှနေ၍ လမ်းဘေးတစ်လျှောက်ရှိ လွမ်းမောဖွယ်ကောင်းသည့် တောင်တန်းများကို တွေ့ မြင်နေရလေသည်။ ~~~~~

" ကျွန်တော်လဲအောင်တယ် အန်တီနွယ်..လမင်းနဲ့ နှင်းအိမ်လို ဂုဏ်ထူးတော့ မပါဘူး " " အောင်ဖို့အဓိက ... ဒီနေ့ အန်တီနွယ်က အိမ်မှာမုန့်လုပ်ကျွေးမယ်နော် ....လမင်းရော ...သူရပါသူငယ်ချင်းတွေခေါ်လာခဲ့ကြနော် ... " "သမီး စာမေးပွဲအောင်တာကို အဘိုးတို့ကိုလဲ အကြောင်းကြားရအောင် အမေ " " အေးပါကွယ် ... မနက်ကျမှ ဦးကျော်တို့ဆိုင်ကနေဖုန်းသွားဆက်ပေါ့ " "ဟုတ်ကဲ့ အမေ ...အဘွားတို့ကို ရန်ကုန်ခေါ်လိုက်မယ်နော် " နှင်းအိမ်ကပျော်ရွှင်စွာပြောနေချိန်မှာ လမင်းသည်မိခင်၏မျက်နှာကို လှမ်းကြည့်လိုက်မိလေသည်။ ~~~~~~ " ခရီးသွားမလို့ ဟုတ်လားလမင်း ... ဘယ်ကိုသွားမှာလဲ ...ဘာကိစ္စလဲ ဦးကျော်တို့ခိုင်းတာလား...သားအမေက ခွင့်ပြုရဲ့လား " အေးနွယ်စိုးရိမ်စိတ်နှင့် လမင်းကို မေးခွန်းများတရစပ်မေးလိုက်မိသည်။ "ဘကျော်တို့ ခိုင်းတာမဟုတ်ပါဘူး မေနွယ် .. သူငယ်ချင်းတွေနဲ့ ဘုရားဖူးသွားမလို့ပါ ..အမေ့ကိုလဲ ပြောပြီးသွားပြီး ... လေးငါးရက်ပဲကြာမှာပါ ...အမေ့ကို ကြည့်ပေးထားပါနော် မေနွယ် " " အေးပါကွယ် ....မေနွယ် ကြည့်ထားပေးပါ့မယ် ... ဘယ်နေ့သွားမှာလဲ ခရီးက " " သဘက်ခါ မေနွယ် " " အေးပါ ... မေနွယ် မုန့်ဖိုးပေးလိုက်အုံးမယ် " "ဟင့်အင်း မေနွယ် ... ပိုက်ဆံကို ဘကျော်တို့ ပေးထားပါတယ် " လမင်းက ငြင်းဆန်လိုက်သည်။ "မဟုတ်တာကွယ် ...ဦးကျော်တို့ ပေးတာက ပေးတာပဲလေ .. သား ခရီးသွားမှာကို မေနွယ်ကမုန့်ဖိုးလေးနည်းနည်းပါးပါးတောင် မပေးရဘူးလားကွယ် " . ဘယ်သောအခါမှ အပျော်အပါးကို မမက်ဘဲ အမြဲတမ်းအလုပ်ကို ဦးစားပေးတတ်သော လမင်းကခရီးထွက်မည်ဆိုသောကြောင့် အေးနွယ် အံ့ဩမိပြီး လမင်းကမယူသော မုန့်ဖိုးကို ဇွတ်ပင်ပေးလိုက်ရသည်။ ~~~~ "ဟဲ့ လမင်း ..နင်ဘယ်သူတွေနဲ့ သွားမှာလဲ ... " လမင်းအိမ်ပေါ်တက်ခါနီးမှာ အနောက်ကနေ ခပ်မာမာလေသံနှင့်မေးလိုက်သော နှင်းအိမ်၏ အသံကြောင့် အိမ်ပေါ်တက်လက်စခြေထောက်ကို ရပ်တန့်ပြီး နှင်းအိမ်ကို လှည့်ကြည့်လိုက်မိသည်။ " ငါ့သူငယ်ချင်းတွေနဲ့ သွားမှာ ... ဘယ်သူတွေလဲဆိုတာတော့ ပြောပြလဲ နင်သိမှာ မဟုတ်ဘူး ..." "ဘာလို့ မသိရမှာလဲ ဒီနားတစ်ဝိုက်မှာ ငါမသိတဲ့သူမရှိဘူး ....ဘာလဲ ... ပပစိုးတို့နဲ့သွားမှာမဟုတ်လား " " နင်မသိတဲ့သူတွေပါဆိုဟာ ... ဘာဖြစ်နေတာလဲ " လမင်းစိတ်မရှည်တော့တာမို့ အသံခပ်ဆတ်ဆတ်နှင့် ပြန်အော်လိုက်မိသည်။ "ဘာမှမဖြစ်ပါဘူး ... မေတုတ်ကိုတစ်ယောက်တည်းထားခဲ့ပြီး ...အပျော်ခရီးထွက်နိုင်တယ်နော် ... သူများအလှည့်တုန်းကတော့ နာရီဝက်လောက်ကားစီးသွားရင်ရောက်တဲ့နေရာကို... ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့လေ ... အေးလေ ဘယ်တူမလဲပိုက်ဆံရှိတဲ့ မမနဲ့ဆိုတော့လဲ ... " နှင်းအိမ်မကျေမနပ်ပြောပြီး ချာခနဲ ပြန်လှည့်ထွက်ခဲ့လိုက်သည်။ "ဟာ ...ဒီအရူးမ ဘာတွေ ပြောသွားတာလဲ " လမင်းပြန်ပြောလိုက်သော်လည်း နှင်းအိမ်ကမကြားတော့ပေ။ခြေသံပြင်းပြင်းနှင့် ထမင်းဆိုင်ဘက်သို့ ပြန်ကူးသွားလေပြီ။လမင်းလည်း အထူးတလည်ရှင်းပြချင်စိတ်မရှိသောကြောင့် လှမ်းခေါ် မနေတော့ပါ။ လမင်းကို လူတကာကပပစိုးနှင့် အထင်လွှဲစနောက်နေသည်ကိုလည်းလိုက်ရှင်းပြမနေချင်တော့ပါ။ပပစိုးက ဘကျော်မိတ်ဆွေ၏ သမီးဖြစ်သည်။လွန်ခဲ့သောနှစ်ကမှ ကားလမ်းမတန်းသို့ အိမ်ပြောင်းလာခဲ့ကြခြင်းဖြစ်သည်။ပပစိုးက လမင်းတို့ထက် အသက်ကြီးပြီး ဘွဲ့ရပြီးသားလည်းဖြစ်သည်။ကားလမ်းမတန်းရှိသူတို့တိုက်၏ မြေညီထပ်မှာပဲ စတိုးဆိုင်အကြီးကြီး ဖွင့်ထားသည်။ဘကျော်တို့ဆိုင်သို့ မကြာခဏလာရင်းနှင့် လမင်းနှင့် ရင်းနှီးခဲ့ခြင်းဖြစ်သည်။စကားအပြောအဆို ပွင့်လင်းပြိ စိတ်သဘောထားလည်းကောင်းသူမို့ လမင်းကလည်း ပပစိုးကို ခင်သည်။ပပစိုး၏ မိဘများသည်လည်း ဘကျော်တို့၏ မွေးစာသားလိုဖြစ်နေသော လမင်းကိုခင်ကြသည်။လမင်းက အချိန်အားရင်အားသလို ပပစိုးတို့ဆိုင်တွင်သွားကူညီပေးခဲ့သည်။အကြောင်းက သည်မျှသာဖြစ်သည်။သည်ထက်မပိုခဲ့။သို့သော်လည်း တစ်ဆိတ်ကိုတစ်အိတ်လုပ်သူများကြောင့် စကားကကားပြီး လမင်းနှင့်ပပစိုးပဲချစ်သူတွေဖြစ်နေကြသကဲ့သို့ လျှောက်ပြောနေကြခြင်းဖြစ်သည်။ ~~~~~ ခေါင်းထက်က တစ်ထွာထွာသာသာရှိသော ဆံပင်များကိုနှင်းအိမ်လက်နှင့် အတင်းဆောင့်ဆွဲနေမိသည်။တစ်သက်လုံးကထားခဲ့သောဆံပင်တိုတိုကို ခုမှပင်မုန်းမိသလိုလိုဖြစ်မိသည်။ဆံပင်ရှည်ရှည်တွေလိုချင်နေမိသလိုလို။ "သမီး ဘာဖြစ်လို့လဲ ...ခေါင်းကိုက်လို့လား ... အပေါ်မှာသွားနားချင်နားလေကွယ် ..." မိခင်၏အသံကိုကြားမှ နှင်းအိမ်သတိဝင်လာပြီး "မဟုတ်ပါဘူး အမေ .....ခေါင်းမကိုက်ပါဘူး ... လူပါးတုန်း သမီး အဝတ်တွေသွားလျှော်လိုက်အုံးမယ် " မိခင်ရှေ့မှာ ရပ်မနေချင်သောကြောင့် နောက်ဖေးရေချိုးခန်းဆီသို့ နှင်းအိမ်ထွက်လာခဲ့သည်။ရေချိုးခန်းထဲရောက်သည်နှင့် ဇလားထဲတွင် စိမ်ထား သော အဝတ်များကို တဘုံးဘုံးနှင့် ရိုက်လျှော်ပစ်လိုက်သည်။ ~~~~~ "လမင်းတို့က ညကရထားနဲ့သွားတာလား ...ပပစိုးတို့နဲ့ သွားတာတော့ မဟုတ်ပါဘူး ... မနက်ကအငယ်ကောင်ဆီထမင်းချိုင့် သွားပို့ရင်း ပပစိုးကိုသူ့ဆိုင်မှာတွေ့ပါတယ် "

#မုန်းမာန် (အခန်းဆက်ဝတ္ထုရှည် ) အပိုင်း ( ၁၃ ) ******** "အမေ.... စုဘူးကြီးကိုင်ပြီးဘာတွေစဉ်းစားနေတာလဲ ....စုဘူးဖောက်မလို့လား.... ပိုက်ဆံလိုနေလို့လား " မိခင်ကို မေးလိုက်ရင်း မိခင်၏အနားတွင် လမင်းထိုင်ချလိုက်သည်။ "အေးနွယ်တို့က သူ့အမတို့နဲ့တွေ့ခဲ့တယ်တဲ့လေ ....အမေလဲ အမေ အေးကြည်ကိုသတိရလို့ပါ သားရယ်... အမေနေမှကောင်းရဲ့လားမသိဘူး ... မေမေကြီးတို့ကလဲ အမေ့ကိုအလုပ်တအားခိုင်းတာလေ ... အမေဘာများဖြစ်နေပြီလဲ မသိဘူး ..အီး..ဟီးဟီး " ပြောရင်းဖြင့် တအီးအီးနှင့် ငိုချလိုက်သော အမေ့ကိုကြည့ပြီး လမင်းရင်ထဲမှာလည်း ဆို့နင့်လာသည်။ငိုနေသော အမေ့ကို လမင်း ခပ်တင်းတင်းပွေ့ဖက်လိုက်မိသည်။ "မြို့သားကုန်းကို ပြန်ချင် တယ် ...မြို့သာကုန်းကို ဘယ်လိုပြန်မလဲ သားသိလား...အမေအေးကြည်နဲ့ မောင်မောင်တို့အိမ်ကလူတွေကိုအမေ့သားလေးက မောင်မောင်ထက်ပိုပြီးချောတယ်ဆိုတာကိုလဲ ပြချင်တယ် ...ပြီးရင် အမေ အေးကြည်ကို အမေတို့အိမ်ကို ခေါ်ခဲ့ကြမယ်လေ ... အမေ့ကို နှင်းအိမ်နဲ့ပေးတွေ့ရမယ် ...ဒါပေမဲ့မေမေကြီးတို့ကိုလဲကြောက်တယ် ...သူတို့က အမေ့ကိုပါးရိုက်တယ် .. တံမြက်စည်းတွေနဲလဲကျောကုန်းတွေကို ရိုက်သေးတယ် '" "အမေရယ် ...တော်ပါတော့ဗျာ ..မပြောပါနဲ့တော့နော် ....အဲ့ဒီလောက်အရိုက်ခံခဲ့ရတာတောင် မောင်မောင်ဆိုတဲ့လူကို တွေ့ချင်နေသေးတာပဲလား " လမင်းအံကိုတင်းတင်းကြိတ်ပြီး မိခင်ကိုမချိတင်ကဲမေးလိုက်မိသည်။အမေကတော့ ကလေးငယ်လေးတစ်ယောက်လို ငိုနေဆဲပါပင်။ ~~~~~~ "ရပါတယ် သမီးရယ် သွားအိပ်တော့ ... အဲ့ဒီလောက်လဲ မဟုတ်ပါဘူး ...ဇက်ကြောတွေနည်းနည်းတင်းနေရုံပါပဲ " အေးနွယ် ပြောလိုက်သော်လည်း နှင်းအိမ်က မိခင်၏နောက်ဘက်တွင် ဒူးထောက်၍ ထိုင်ပြီးလျှင်မိခင်ပခုံး တလျှောက်ကို အသာအယာ နှိပ်ပေးနေသည်။ "အမေအသက်က သုံးဆယ်ခြောက်နှစ်ပဲရှိသေးတာနော် ...အမေချစ်သူထားဖူးလားဟင် " " ကောင်မလေး ဘာတွေလာမေးနေတာလဲ ...သ..သမီးမှာ ချစ်ရမဲ့သူရှိနေပြီလားဟင် " နှင်းအိမ်၏အမေးကြောင့် အေးနွယ် အံ့ဩတုန်လှုပ်သွားမိပြီး ပြန်မေးလိုက်မိသည်။ နှင်းအိမ်က ခေါင်းကိုခါယမ်းလိုက်ပြီး "မဟုတ်ပေါဘူး အမေရယ် ... အမေ ဦးမျိုးကိုချစ်လားဟင်....တကယ်လို့ ဦးမျိုးကို အမေချစ်တယ်ဆိုရင် သမီး သဘောတူပါတယ်... ကြီးကြီးတူးကပြောတယ်...ဦးမျိုးက အမေ့ကိုချစ်နေတာကြာနေပြီးတဲ့ ... " အေးနွယ် အံ့ဩစိတ်နှင့် သမီးဖြစ်သူနှင်းအိမ်ကိုကြည်လိုက်မိသည်။နှင်းအိမ်၏ပုံစံသွင်ပြင်သည် တည်တည်ငြိမ်ငြိမ်နှင့် အတည်ပေါက် ပြောနေပုံရသည်ကို အေးနွယ် တွေ့လိုက်ရသည်။ "ဘာလို့ ဒီလိုစကားတွေ ပြောရတာလဲ ....သမီတစ်ယောက်လုံး ရှိနေတာကို ...အမေကဘာလို့ အိမ်ထောင်ပြုရမှာလဲ ..ပြီးတာ့ ယောကျာ်းတွေက အကျင့်ကောင်းတာမဟုတ်ဘူး " " အဲ့ဒီလိုလဲ မဟုတ်ပါဘူးအမေရယ် ....အဘိုးနဲ့ ဘဘတို့လို လူကောင်းတွေလဲရှိမှာပါ ..ပြီးတော့လေ ... တကယ်လို့သမီးအိမ်ထောင်ကျသွားရင် ... အမေတစ်ယောက်တည်း ကျန်ခဲ့ရမှာ မဟုတ်လား ...အရင်က ဦးမျိုးကို ပြောဆိုခဲ့မိတာတွေကိုလဲ သမီးတောင်းပန်ပါတယ် " မျက်နှာနွမ်းနွမ်းလေးနှင့်ပြောနေသော သမီးဖြစ်သူကိုကြည့်ပြီး အေးနွယ် သက်ပြင်း မသိမသာ ချလိုက်မိသည်။ " ကဲပါ ...ဘာတွေပြောနေမှန်းမသိတော့ဘူး ...သွားအိပ်တော့ .... အမေ့အတွက်က ..ငါ့သမီးရှိရင် ပြည့်စုံပြီးသားပဲ " ~~~~~~ "အေးနွယ် ... ကလေးတွေ ပြန်မလာသေးဘူးလားဟယ် ..ကြာလိုက်တာ... ငါက စျေးရောင်းသွားရအုံးမှာလေ " မိတုတ်က ဆိုင်ရှေ့မှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေရင်းမှ အေးနွယ်ကို လှမ်းပြောလိုက်သည်။ "လာမှာပေါ့ မိတုတ်ရယ်.. ကျောင်းမှာက လူတွေအများကြီးကို...မနည်း တိုးဝှေ့ကြည့်ရမှာလေ ` အေးနွယ်လည်းပြောသာပြောလိုက်ရသည် မိတုတ်ကဲ့သို့ စိတ်များလှုပ်ရှားနေသောကြောင့် ဟင်းချက်နေရသည်ပင် စိတ်ကမပါ။ "ငါ့သားလေးလဲ အောင်ရင်ကောင်းမယ်အေ...သူ့အစ်မကတော့ ပညာရေးကံမပါရှာဘူး ... ငါ့သားကို သူ့အဖေလိုပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေချင်ဘူး " မတူးသည်လည်း စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။နံနက်ခင်းသည် လင်းအရုဏ်မလာသေးဘဲ ပတ်ဝန်းကျင်တစ်ခုလုံးက လမ်းမီးများနှင့်မှိန်ပျပျရှိနေဆဲ။ မိတုတ်၊အေးနွယ်နှင့်မတူးတို့ ရင်ထဲတွင် မျှော်လင့်ချက်များနှင့် လင်းလက်တောက်ပ၍နေသည်၊၊ "လာပြီဟဲ့ အေးနွယ် ... ဟီး ..ဟီး ..ငါ့သားက စာမေးပွဲအောင်မှာပါ ...သားလေး .. အောင်လား ..စာမေးပွဲအောင်တယ် မဟုတ်လား " အပြေးတစ်ပိုင်းနှင့် လာနေကြသောကလေးများဆီသို့ မိတုတ်အပြေးသွားပြီး မေးလိုက်သည်။လမင်းကလည်းမိခင်ဆီကို ပြေးသွားလိုက်ပြီး " အောင်တယ် အမေ .. သား အောင်မှာပါလို့... အမေ့ကိုပြောထားပြီးသားပဲ ...အခုက သေချာအောင် သွားထပ်ကြည့်တာ ." "သမီးရော ... သမီးအောင်ရဲ့လားဟင် " ငြိမ်သက်တိတ်ဆိတ်နေသောသမီးဖြစ်သူကို အေးနွယ်စိုးရိမ်စိတ်နှင့် မေးလိုက်မိသည်။ "သမီးအောင်ပါတယ် အမေရဲ့ .... ဂုဏ်ထူးတစ်ခုပဲပါလို့ စိတ်တိုနေတာ " " အမယ်လေး တော်သေးတာပေါ့ သမီးရယ် ...ငါ့သမီးက ငြိမ်နေတော့ အမေဖြင့်စိတ်ပူသွားတာပဲ ... သူရလည်း အောင်တယ် မလား "

" ဖြစ်ခဲ့သမျှတွေကို မေ့လိုက်တော့ ငါ့ညီမ ..အိမ်ကိုပြန်လာပြီး အဖေနဲ့အမေ့ကို လာတွေ့အုံး ..... အမေကငါ့ညီမကို သိပ်သတိရနေတယ်... အဖေလဲပါးစပ်ကထုတ်မပြောပေမဲ့ ငါ့ညီမကိုအတော်လေး သတိရနေပုံပဲ ... ဒါနဲ့ ဟိုအဘွားကြီး ဒီကိုရောက်လာသေးတာလား " ကိုဖိုးအောင်၏အမေးကို အေးနွယ် ခေါင်းငြိမ့်ပြလိုက်မိသည် ။ " လောလောဆယ်တော့ အဘွားကြီးလာတော့မှာမဟုတ်ဘူး ... ဟိုလူယုတ်မာ ကားမှောက်လို့ ဆေးရုံရောက်နေတယ်လေ...ကဲပါ ဒါတွေထားလိုက်.. ညီမတို့အစ်ကိုနဲ့ တစ်ခါတည်း လိုက်ခဲ့မှာလား " အစ်ကိုဖြစ်သူ၏ အမေးကြောင့် သမီးလေးနှင်းအိမ်ကိုအေးနွယ်ကြည့်လိုက်မိသည်။နှင်းအိမ်ကလည်း မိခင်ကို မော့ကြည့်လိုက်သည်။သားအမိနှစ်ယေက် မျက်လုံးချင်းဆုံခိုက်တွင် အတန်ကြာစိုက်ကြည့်နေမိကြလေသည်။ ~~~~~~~ "မေနွယ်တို့ ခရီးသွားမလို့ လမင်း ..ညဘက်ကျရင် သူရကိုလာအိပ်ခိုင်းထားတယ် ... သားလဲ ကြည့်ပေးတားအုံးနော် " " ဟုတ်ကဲ့ပါမေနွယ် ... ဘယ်ကိုသွားကြမှာလဲ မေနွယ် " လမင်းသိချင်စိတ်ဖြင့် မေးလိုက်မိသည် ။ " နှင်းအိမ်ရဲ့ အဘိုးနဲ့အဘွားဆီကို ခဏပြန်မလို့ပါ " " ဪ ...ဟုတ်ကဲ့ " လမင်းခေါင်းကို အသာငြိမ့်ပြလိုက်မိပြီး နှင်းအိမ်ကို လှမ်းကြည့်လိုက်မိသည်။နှင်းအိမ်သည် မျက်နှာထားတည်တည်နှင့်ငြိမ်သက်နေသည်။စာမေးပွဲပြီးသွားကတည်းက သူတို့ နှစ်ယောက် သိပ်ပြီး မတွေ့ဖြစ်တာကြောင့် ထင်သည်။ နှစ်ယောက်သားအရင်ထက် ပိုစိမ်းသွားသလို ခံစားရသည်။ ~~~~~ "အေးနွယ်တို့ရန်ကုန်မှာပဲ နေမယ် အမေ ... ဒီမှာမနေချင်ဘူး.." အေးနွယ်၏စကားကြောင့် ဖခင်ကြီးသည် မျက်နှာထားတင်းတင်းနှင့် စကားဝိုင်းမှ ထထွက်သွားသည်။မိခင်ဖြစ်သူ ဒေါ်ရီကတော့ သမီးဖြစ်သူ၏ ခံစားချက်ကို သိနေသောကြောင့် ဘာမျှဝင်မပြောဘဲ နေသည်။အစ်ကိုဖြစ်သူ ဖိုးအောင်က ညီမငယ်ကို ကြည့်လိုက်ပြီး "ငါ့ညီမသဘောပါပဲ ...မကြာခဏ တော့ ပြန်လာပေါ့ဟာ ....ငါ့ညီမရသင့်ရထိုက်တာကိုလဲ အစ်ကိုခွဲပေးမှာပါ " အစ်ကိုဖြစ်သူ၏ စကားကြောင့် အေးနွယ်ခေါင်းကိုခါယမ်းလိုက်မိသည်။ " အေးနွယ် ဘာမှမလိုချင်ပါဘူး အစ်ကို ....တစ်ဝမ်းတစ်ခါးအတွက်တော့ အေးနွယ်တို့ရှာစားတတ်နေပါပြီ ..." "နင့်က ငယ်သေးတယ် ငါ့ညီမရဲ့ ..... တူမလေးရှေ့ရေးကလဲ ရှိသေးတယ် ... အဖေတို့စီစဉ်ပေးတဲ့ အတိုင်းပဲလက်ခံလိုက်ပါ ..." ~~~~~ မိဘများကိုထားခဲ့ပြီး ရန်ကုန်သို့ပြန်ရမည်ဆိုတော့လည်း အေးနွယ်ရင်ထဲမကောင်းမိ။ဖခင်ကြီးက အေးနွယ်ကို စကားသိပ်မပြောသော်လည်း သမီးလေးနှင်းအိမ်ကိုတော့ စကားပြောရှာသည်။အေးနွယ်တို့ ပြန်ဖို့အတွက်ပြင်ဆင်နေချိန်တွင် ဖခင်ကြီးသည် သူ၏အခန်းထဲသို့ ဝင်သွားသည်မှာ အေးနွယ်တို့ကားဂိတ်သွားဖို့ အဆင်သင့်ဖြစ်ချိန်အထိ အခန်းထဲမှ ထွက်မလာတော့ချေ။အေးနွယ်တို့သားအမိ ဖခင်ကြီး၏ အခန်းရှေ့တွင် ထိုင်ချလိုက်ကြပြီ အခန်းထဲသို့ မှန်း၍ ကန်တော့လိုက်ကြသည်။ " အဘိုး သမီးပြန်တော့မယ်နော် အဘိုးကို ကန်တော့ခဲ့ပါတယ်...နောက်လဲထပ်လာလည်ပါ့မယ် အဘိုး " သမီးနှင်းအိမ်က သူ့အဘိုးကို နှုတ်ဆက်နေသည်။ "သ..သမီးတို့သွားတော့မယ်နော် အဖေ " အေးနွယ်ရှိုက်သံကို ထိန်းပြီး နှုတ်ဆက်လိုက်ချိန်တွင် အခန်းထဲမှ ရှိုက်သံလိုလိုကြားလိုက်ရသည်။အဖေငိုနေမှန်းသိလိုက်ရသောအခါ အေးနွယ်စိတ်မထိန်းနိုင်တော့ဘဲ ငိုချလိုက်မိသည်။ နှင်းအိမ်က.ငိုနေသောမိခင်ကို ခပ်ဖွဖွဖက်လိုက်မိသည်။အဘွားလည်း မျက်နှာကိုတစ်ဖက်သို့လှည့်ကာ ငိုနေပုံရလေသည်။ @@@@@@@@@@@@@@@@@@@@@@ အပိုင်း (၁၃) ဆက်ရန် #ဧကြည်ဖြူ

~~~~~~ ဒုတိယအကြိမ်မြောက် ဒေါ်သုန်ရောက်လာချိန်မှာတော့ အေးနွယ်ဝင်းမပါတော့။နှင်းအိမ်က ဒေါ်သုန့်ကို အိမ်အပေါ်ထပ်သို့ ခေါ်ခဲ့သည်။ ပျဉ်ခင်းပြီး သွပ်ပြားဟောင်းများကာရံထားသော အိမ်ကိုကြည့်ပြီး ဒေါ်သုန်ကစိတ်မကောင်းဖြစ်နေသလောက် နှင်းအိမ်ကအရွယ်နှင့်မလိုက်အောင် တည်ငြိမ်နေခဲ့သည်။ " အဘွားလဲ မိန်းမတစ်ယောက်ပဲ .... မိန်းမချင်းကိုယ်ချင်းစာကြည့်ပါအုံး ...အဘွားကိုတွေ့ရတာ အမေဘယ်လောက် စိတ်ပင်ပန်းလိုက်မလဲ ... အဘွားရဲ့သားက နှင်းအိမ်အတွက်အဖေဆိုပေမဲ့ အမေ့အတွက်တော့မုန်းတီး စက်ဆုပ်ဖို့ကောင်းတဲ့ မုဒိမ်းကောင်ပါ .... အဲ့ဒီလို မုဒိမ်းသမားကို နှင်းအိမ်လဲအဖေအဖြစ် လက်မခံနိုင်ပါဘူး ...ဒီကို ထပ်လောပါနဲ့တော့ ...နှင်းအိမ်အတွက် အဘွားလဲမလိုအပ်ဘူး .. အဖေလဲ မလိုအပ်ပါဘူး ...နောက်ထပ် အမေ့ကို စိတ်ဆင်းရဲအောင် လုပ်မယ်ဆိုရင် ဒီတိုင်းသည်းခံနေမှာ မဟုတ်တော့ဘူး...အခုအဘွားလို့ခေါ်နေတာကလဲ အသက်ကြီးတဲ့သူမို့ အဘွားလို့ခေါ်တာပါ ...အဘွားအဖြစ် အသိအမှတ်ပြုလို့ မဟုတ်ပါဘူး " " မြေး ..မြေးလေးရယ် ...အဘွား တောင်းပန်ပါတယ်ကွယ်.... မြေးလေးကို ချမ်းချမ်းသာသာနဲ့ နေစေချင်လို့ပါကွယ် " ဒေါ်သုန်သည် မြေးမလေးကို တောင်းတောင်းပန်ပန်နှင့် ပြောလိုက်သည်။ "ပြန်ပါတော့ အဘွား ... ဒီတစ်သက်လုံး ...အဘွားကိုရော ...အဘွားရဲ့သား မုဒိမ်းကောင်ကိုပါ မတွေ့ချင်ပါဘူး ... ဘယ်တော့မှ လာမပတ်သက်ပါနဲ့ " နှင်းအိမ်က အတည်ငြိမ်ဆုံး အနေအထားနှင့်ပင်ပြောဆိုလိုက်သည်။ ဒေါ်သုန်သည်ငိုကာယိုကာနှင့် အကြိမ်ကြိမ် အခါခါတောင်းပန်လေသည်။နှင်းအိမ်သည်လည်း အဆုံးထိ ခေါင်းကိုတွင်တွင်ခါ၍ ငြင်းဆန်ပစ်လိုက်လေသည်။ ~~~~ " ဖိုး ..ဖိုးအောင် ..မင်း..မင်း ဘာကိစ္စရှိလို့လဲ " မလာစဖူးရောက်လာသော မတ်ဖြစ်သူကို ဒေါ်ခင်မိမိ အထိတ်တလန့် နှင့် မေးလိုက်မိသည်။ " အစ်မကြီးယောကျာ်းရှိလား ....ကျွန်တော် သူနဲ့တွေ့ချင်တယ် ... ကျွန်တော် ပွဲရုံလဲရောက်ခဲ့ပြီးပြီ ... ပွဲရုံမှာလဲမရှိလို့ " " နေ ..နေပါအုံး ဖိုးအောင်း .. မင်းမှာ ဘာကိစ္စရှိလို့လဲ ...` ဒေါသထွက်နေဟန်ရှိသော ဖိုးအောင်ကို ဒေါ်ခင်မိမိ ထပ်မေးလိုက်သည်။ဖိုးအောင်က ဒေါ်ခင်မိမိရဲ့ အမေးကိုမဖြေဘဲ ဒေါသသံနှင့် ပြန်ဖြေလိုက်သည်။ "ဒီကိစ္စက အစ်မသိဖို့မလိုပါဘူး ... ကျွန်တော်တို့ချင်း ရှင်းရမဲ့ကိစ္စပဲ " ဖိုးအောင်၏ အမူအရာနှင့် ပုံစံကို ကြည့်ပြီး ဒေါ်ခင်မိမိ သဘောပေါ်လိုက်သည်။ "ကဲ လာ ဖိုးအောင် ...အိမ်ထဲဝင်ထိုင်အုံး ... အစ်မတို့စကားပြောကြမယ် " ~~~~~~~ " ဒီမှာ ဖိုးအောင် .. အစ်မ ပြောမယ် ... ခုချိန်မှာ ကိုမြင့်မောင်ဘာပဲဖြစ်ဖြစ် အစ်မစိတ်မဝင်စားဘူး ..ဒါပေမဲ့ မင်းတစ်ခုခုဖြစ်ရင် အစ်မရဲ့ညီမနဲ့ကလေးနှစ်ယောက်ဒုက္ခရောက်လိမ့်မယ်ကွဲ ...အခုလဲ ကိုမြင့်မောင်အိမ်မှာ မရှိဘူး .. သားအိမ်ကထွက်သွားလို့ လိုက်ရှာနေတယ် ...အဘွားကြီးကတော့ ....အေးနွယ်တို့ ရန်ကုန်မှာရှိတယ်လို့ သတင်းရလို့ သွားရှာတယ်.....အစ်မအထင်တော့ အဘွားကြီးကိုတွေ့ရင်အေးနွယ်တော့ စိတ်ဆင်းရဲလိမ့်မယ် ထင်တယ် . " " ဗျာ ...ဘာပြောတယ် အစ်မ ..ကျွန်တော့်ညီမကိုတွေ့ပြီလား ဟုတ်လား ...သူတို့ ဘယ်မှာ တဲ့လဲ " ~~~~~~ စောစောစီးစီးပိတ်ထားသောဆိုင်ကိုကြည့်ပြီး လမင်းအံ့ဩနေမိသည်။ယနေ့ဆိုလျှင် မေနွယ်တို့ ဆိုင်ခပ်စောစောပိတ်သည်မှာ သုံးရက်တောင်ရှိနေပြီဖြစ်သည်။လမင်းအလုပ်သွားချိန်တွင်လည်း ဆိုင်က မဖွင့်သေး ။ညဘက် ပြန်လာတော့လည်း ဆိုင်ကပိတ်လျက်သား။ " အမေ ... ဒီရက်ပိုင်း မေနွယ်တို့ ဆိုင်ရောဖွင့်ရဲ့လား " အမေ့ကို လမင်းမေးလိုက်သည်။ "ဖွင့်ပါတယ်သားရဲ့ ..အမေတောင် ထမင်းသွားစားတယ်လေ ... ဒါပေမဲ့ ညမိုးချုပ်တာနဲ့ ဆိုင်ပိတ်သွားရော .." "ဟုတ်လား အမေ ... ဆိုင်အစောကြီး ပိတ်တယ်ဆိုတော့ ....မေနွယ်များ နေမကောင်းလို့လား အမေ " " သိဘူးလေ ... နေ့ခင်းကတော့ ဈေးရောင်းနေတာပဲ " လမင်း ပြတင်းပေါက်ကို ဖွင့်ပြီးမေနွယ်တို့အိမ်ကို ကြည့်လိုက်မိသည်။လမင်းကြည့်နေသော်လည်း တစ်အိမ်လုံးတိတ်ဆိတ်၍ ဘာသံကိုမျှ မကြားရပေ။ ~~~~~~ သမီး၏ အခြေအနေကို အေးနွယ်အကဲခတ်နေမိသည်။မိခင်၏ အဖြစ်ကိုသိသွားပြီးသည့်နောက်တွင် သမီးကသိသိသာသာစကားနည်းသွားသည်ကို အေးနွယ် သတိထားမိသည်။သမီး၏ရင်ထဲ စိတ်ထဲတွင် ဘာတွေတွေးနေသည်ကိုတော့ အေးနွယ်မခန့်မှန်းနိုင်ပါချေ။သေချာသည်မှာ သမီးသည် အလုပ်များကိုမနားမနေလုပ်လျက် မျက်နှာအမူအရာသည်လည်း တည်တည်တင်းတင်းနှင့် ဖြစ်နေသည်ကို အေးနွယ်တွေ့ နေရလေသည်။ ~~~~~ "အေး...အေးနွယ် " ဆိုင်ထဲသို့ ၀င်လာသော ဧည့်သည်ထံမှ မိမိနာမည်ကိုခေါ်သံကြားလိုက်ရသောကြောင့် အေးနွယ် ခေါင်းမော့ကြည့်လိုက်မိသောအခါ ရင်ထဲဒိန်းခနဲဆောင့်ခုန်သွားပြီးလျှင် နှုတ်မှတုန်တုန်လှုပ်လှုပ်နဲ့ ခေါ်လိုက်မိလေသည်။ " အစ်...အစ်ကိုဖိုးအောင် " ~~~~~~ နှင်းအိမ်သည် ဘကြီးဖြစ်သူ၏မျက်နှာကို မကြည့်ဘဲ အောက်ကြမ်းခင်းကိုသာစူးစူးစိုက်စိုက်နှင့် ကြည့်နေမိသည်။

" အေးနွယ် ..သမီး .... ဘွားလေး တောင်းပန်ပါတယ်ကွယ် ..ကလေးဘယ်မှာလဲ ... ဘွားလေးမသေခင် တွေ့သွားချင်လို့ပါကွယ် " ဒေါ်သုန်က ဆိုင် အလုပ်သမားလေးများကို စူးစူးစိုက်စိုက်လိုက်ကြည့်ရင်း မေးလိုက်သည်။ မျက်နှာပြောင်တိုက်လှသော ဒေါ်သုန်ကိုကြည့်ပြီး အေးနွယ်ရင်ထဲမှ ဒေါသများထိန်းချုပ်၍မရတော့ပါချေ။ " ရှင်တို့မှာ လူအသိစိဓါတ်ရှိရင် ကျွန်မတို့ဆီကို မလာသင့်ဘူးနော် ... ဒီကလေးက ရှင်တို့နဲ့ဘာမှမဆိုင်ဘူး ..." " ဘာပြောတယ် အေးနွယ် ... ဘာကိစ္စမဆိုင်ရမှာလဲ ...ငါတို့ရဲ့သွေးသား ..ငါ့ရဲ့မြေးအရင်းခေါက်ခေါက်လေ ....ကလေးက ငါတို့နဲ့လဲ ဆိုင်တယ်ဟဲ့ အေးနွယ်ရဲ့ " " တော်တော့ ပါးစပ်ပိတ်ထားလိုက်တော့ ....အခုချက်ချင်းဆိုင်ထဲက ထွက်သွားနော် ....ထွက်သွား ...`` ~~~~~ ဆိုင်ထဲမှ အမေ့ရဲ့ ဒေါသတကြီး အော်သံကြောင့် ဟင်းအိုးကို ချပြီး နှင်းအိမ်အပြေးထွက်ခဲ့မိသည်။ " အမေ ...အမေဘာဖြစ်တာလဲ " နှင်းအိမ်၏ အမေခေါ်သံကြောင့် ဒေါ်သုန်သည်တုန်တုန်ယင်ယင်နှင့် နှင်းအိမ်နားသို့ လျှောက်သွားကာ နှင်းအိမ်၏လက်များကို ဆုပ်ကိုင်လိုက်သည်။ " မြေးလေး ... သူ ..သူကငါ့မြေးမလေးလား အေးနွယ် ... မြေးလေး ...အဘွားမြေးလေး ... ဒီအရွယ်တောင် ရောက်နေပြီလားကွယ် " မိမိလက်ကိုဆွဲယူပြီး ငိုသံနှင့် မေးနေသောဧည့်သည်အဘွားကြီးကို နှင်းအိမ် ကြောင်တောင်တောင်နှင့် ကြည့်နေမိသည်။ အေးနွယ်က နှင်းအိမ်ကို ဖက်တွယ်ထားသော ဒေါ်သုန်၏လက်များကို အတင်းဆွဲဖယ်ပစ်လိုက်ပြီး နှင်းအိမ်ကို အပေါ်ထပ်သို့ တက်ခိုင်းလိုက်သည်။ " ထွတ်သွား...အခုချက်ချင်းထွက်သွားလို့ ...နှင်းအိမ် အပေါ် မှာသွားနေစမ်း.... ပြောတာကြားလာ ..." "နင် ဒီလိုမလုပ်နဲ့ အေးနွယ် ... ကလေးက ငါ့မြေးငါ့သွေးသားလေ ....နင် ဒီလိုတော့မရက်စက်ပါနဲ့ အေးနွယ် ...သေခါနီး ဒီအဘွားကြီးက ညည်းကိုရှိခိုးပြီး တောင်းပန်ပါတယ်အေ ....` '' မြေးဟုတ်လား ...ဒီကိစ္စတွေကို ကျွန်မသမီးကို ဘယ်လိုရှင်းပြရမှာလဲ ..အမှန်တိုင်းပြောပြလိုက်ရမှာလား ပြောပါအုံး...အရှက်မရှိလာရဲတယ်နော် ... ဒီမှာကားဆရာ...ဒီအဘွားကြီးကို ပြန်ခေါ်သွားပါ ... မသွားရင် သက်ဆိုင်ရာနဲ့ တိုင်ရလိမ့်မယ် " အဘွားင်္ကြီးဒေါ်သုန်၏ဘေးနားတွင် ခပ်ရို့ရို့ရပ်နေသော ကားသမားဖြစ်ပုံရသည့်လူကို အေးနွယ်ပြောလိုက်သည်။ထိုလူကလည်း အဘွားကြီးကိုဖျောင့်ဖျခေါ်ယူနေလေသည်။အဘွားကြီးဒေါ်သုန်သည် အားမတန်မာန်လျှော့ကာပြန်လိုက်သွားသော်လည်း အေးနွယ်ကို ကြည့်လိုက်ပြီး " ဒီမှာ မိအေးနွယ် ... ငါပေးခဲ့ကျွေးခဲ့လို့ ညည်းလူဖြစ်ခဲ့တာပါ ... ငါ့မြေးကိုမရရအောင်ခေါ် ပြမယ်ဆိုတာ ညည်းမှတ်ထားလိုက် ... ညည်းထွက်ပြေးမယ်မကြံနဲ့နော် ကြားလား " " မပြေးပါဘူး ...ပြေးစရာလဲမလို ပါဘူး ...သတ္တိရှိရင် ထပ်လာခဲ့ကြည့်လိုက် ...." အေးနွယ်လည်းဘာကိုမှ ကြောက်မနေတော့ဘဲ ဒေါ်သုန် မျက်နှာကို တည့်တည့်ကြည့်ပြီး ပြန်ပြောလိုက်သည်။အေးနွယ်အကြောက်ဆုံးနေ့ကို ရောက်လာပြီဆိုမှတော့ ရင်ဆိုင်ဖို့ရန်သတ္တိရှိရတော့မည်ပေါ့။ ~~~~~~ အမေ့မျက်နှာကို ကြည့်လိုက်ပြီး ပြောလာမည့်စကားကို နှင်းအိမ်နားစွင့်နေမိသည်။ "ဒီအကြောင်းတွေကို အမေ တကယ်မပြောချင်ဘူး သမီး.... ဒါတွေကိုမပြောချင်လို့ မိဘတွေကို တောင် အဆက်အသွယ်ဖြတ်ခဲ့ရတာ ... အမေအစိုးရိမ်ဆုံးကဘာလဲသိလား ...ဒီအကြောင်းတွေကို သမီးသိသွားမှာကိုပဲ ..အခုတော့ အမေစိုးရိမ်နေသလိုဖြစ်လာပြီး ...ဖြစ်နိုင်ရင် အမေမပြောချင်ဘူး ...." အေးနွယ်ခေါင်းကိုအောက်သို့ငုံ့လျက် သမီးကိုပြောလိုက်မိသည်။ "ဒီကိစ္စက သမီးနဲ့ပတ်သက်နေတယ်ဆိုတော့ ပြောပြပါအမေ ...သမီးက ကလေးမဟုတ်တော့ပါဘူး ... အမေ့ကိစ္စပဲဖြစ်ဖြစ် သမီးအကုန်သိချင်တယ် ..အဖေကတကယ်ပဲ သေသွားတာလား ...ဒါမှမဟုတ် ဘယ်လိုလူမျိုးမလို့ အမေပုန်းနေတာလဲ ပြောပြပေးပါ " မိခင်၏ လက်ကိုဆုပ်ကိုင်ပြီး နှင်းအိမ်မေးလိုက်သည်။ "ဟုတ်ပါတယ် ... ဘယ်သူ့ကိုမှ မပြောရင်တောင် သမီးကိုတော့ ပြောပြရမယ်ဆိုတာ အမေသိပါတယ် ... ဒါပေမဲ့ ဒီအကြောင်းတွေကိုသိသွားရင်..သမီးရင်ထဲမှာဘာမှမခံစားပါဘူးလို့ ကတိပေးရမယ် ... အဲ့ဒီလိုကတိပေးနိုင်မှ အမေပြောပြမယ် " နှင်းအိမ်ခေါင်းကို အခါခါ ငြိမ့်လိုက်မိပြီး " ဟုတ်ကဲ့ပါ အမေ ...သမီးကတိပေးပါတယ် " ~~~~~~~ " အမေရယ်. " အမေ့ဆီမှ မယုံနိုင်စရာ စကားများကို ကြားလိုက်ရသောအခါ အမေ့ကိုသနားလွန်း၍ အမေ့ကိုဖက်ပြီး နှင်းအိမ်ငိုလိုက်မိသည်။ ထို့အတူ ရင်ထဲတွင်နာကြည်းမုန်းတီးမှုများနှင့်ရွံရှာစက်ဆုပ်စိတ်များဝင်ရောက်လာလေသည်။ " ဟိုအဘွား ထပ်လာခဲ့ရင် .. သမီးရှင်းပေးပါ့မယ်... အမေဘာမှ စိတ်မပူပါနဲ့ ... " နှုတ်ခင်းကို ဖိကိုက်၍ ငိုနေသောအမေ့ကိုနှင်းအိမ်နှစ်သိမ့်ပေးလိုက်မိသည်။ပြီးလျှင့် ကျေးဇူးတင်စိတ်ဖြင့် အမေ့မျက်နှာကို နှင်းအိမ်ကြည့်မိသည်။အသက်အရွယ်ငယ်ငယ်လေးတွင် အမေကသတ္တိရှိရှိနှင့် နှင်းအိမ်ကိုမွေးထုတ်ခဲ့သည်လေ။ထိုစဉ်က အမေသာကိုယ်ဝန်ကို ဖျက်ချခဲ့လျှင် နှင်းအိမ်ဆိုတာ လူ့လောကကြီးမှာ ဘယ်ရှိမှာလဲ။

#မုန်းမာန် (အခန်းဆက် ဝတ္ထုရှည် ) အပိုင်း (၁၂ ) ******** " ဦးကျော်တို့ဆိုင်မှာ ဈေးသွား ရောင်းမှာဟုတ်လား...သားအမေက ခွင့်ပြုလို့လား " အေးနွယ်စိတ်ပူပြီး မေးလိုက်မိသည်။ မိတုတ်က သူ့သားကိုဦးကျော်တို့ ခေါ်သွားမှာစိုးရိမ်နေသည်လေ။ "ကျွန်တော် သေချာပြောပြထားတယ်မေနွယ် ...အပြင်မှာအလုပ်ထွက်လုပ်ရင် အမေ့ကိုစိတ်မချလို့ ..ဘကျော်တို့ဆိုင်မှာဆိုတော့ အမေ့ကို မြင်နေရတယ်လေ .. ဆိုင်ကို အမေလာချင်ရင်လဲ လာလို့ရနေတာပဲ " " အေးပါလမင်းရယ် အဆင်ပြေရင်ပြီးတာပဲ ....သားအမေကလေ သားပြောတာပဲ နားထောင်တာ ..မေနွယ်တို့ပြောရင့်ရတာမဟုတ်ဘူး ..." " ဟုတ်တယ် ... အမေက ချော့ပြောမှရတာ ...အမေ့ကို ကြည့်ပေးထားပါအုံးနော် မေနွယ် ... အဝတ်တွေလိုက်လျှော်နေရင်လဲ ကျွန်တော့်ကို ပြောပါနော် ....အဲ့ဒီအဝတ်လျှော်တဲ့အလုပ်ကို မလုပ်နဲ့ပြောလဲ လိုက်လုပ်နေတာပဲ... ဘယ်လိုတားရမှန်းကို မသိတော့ဘူး " " အေးပါသားရယ် ...မင်းအမေက အလုပ်ကိုအားလပ်ချိန်ကိုမပေးချင်ဘူးဖြစ်နေတာ ..သူက အချိန်ပြည့်ငွေပဲရှာချင်နေတာလေ...သားစိတ်မပူပါနဲ့ ..... မေနွယ်သေချာကြည့်ထားလိုက်ပါ့မယ် " " ဟုတ်ကဲ့ မေနွယ် ... ဒါဆို ကျွန်တော်သွားအိပ်တော့မယ် မေနွယ် ..." မေနွယ့်ကို နှုတ်ဆက်ပြီး အိမ်ဘက်သို့လမင်းပြန်ခဲ့လိုက်သည်။နေ့ခင်းကျောင်းကပြန်လာပြီးကတည်းက နှင်းအိမ်၏အရိပ်ယောင်ကိုမတွေ့ရသောကြောင့် အိမ်ပေါ်ထပ်ကို နားစွင့်လိုက်မိသေးသည်။အပေါ်ထပ်ဆီမှအသံများကတိတ်ဆိတ်လျက်။ သည်တစ်ခါတော့ သူမတော်တော်လေးစိတ်ဆိုးသွားပုံရသည်။ ~~~~.~~~ တစ်မနက်လုံး လမင်းတို့ အိမ်ဘက်ဆီသို့ နှင်းအိမ်အကဲခတ်နေသော်လည်း အိမ်တံခါးပိတ်ထားပြီး တိတ်ဆိတ်နေသည်ကိုသာတွေ့ရသည်။မနေနိုင်သည့်အဆုံးတွင် အမေ့ကို လှမ်းမေးလိုက်မိသည်။ "လမင်းဘယ်သွားလဲ အမေ " "လမင်းက ဦးကျော်တို့ဆိုင်မှာ ဈေးသွားကူရောင်းတယ် ... မနက် ခြောက်နာရီကနေ ညခုနစ်နာရီအထိတဲ့လေ ...အမေ့သမီးရော ဘာလုပ်ချင်လဲ ... " " သမီးလဲ ဒီတိုင်းတော့ မနေချင်ပါဘူး ..အမေ့ဆိုင်ကိုပဲ ဝိုင်းကူမယ်လေ " သမီးဖြစ်သူ၏ စကားကြောင့် အေးနွယ် မျက်လုံးပြူးသွားမိသည်။စိတ်ဆတ်သော သမီးနှင့် ဆိုင်သို့လာသောဧည့်သည်များ အဆင်မပြေဖြစ်မည်ကိုစိုးရိမ်သွားမိသောကြောင့် ဖြစ်သည်။ဆိုင်ဆိုသည်မှာလည်းလူပေါင်းစုံ လူအမျိုးမျိုးလာကြသည်မဟုတ်လား။ မလုပ်နှင့်ပြောလျှင် ပိုလုပ်မည်စိုးသောကြောင့် လောလောဆယ်တော့ အေးနွယ်ခေါင်းငြိမ့်လိုက်ရသည်။ ~~~~~~~ "အမေဘာတွေပြောနေတာလဲ ....အေးနွယ်....အေးနွယ်က သူ့ချစ်သူနဲ့လိုက်သွားတာမဟုတ်ဘူးလာ " သာဖြစ်သူရဲ့ ထိတ်လန့် အံ့ဩသွားသောမျက်နှာကို ကြည့်ပြီး ဒေါ်ရီမျက်ရည်အဝဲသားနှင့် ခေါင်းကိုခါယမ်းပြလိုက်မိသည်။ " အမေဗျာ ..ဒီကိစ္စတွေကို အရင်ကတည်းက ဘာလို့မပြောတာလဲ ... အဲ့ဒီလူယုတ်မာကို ကျွန်တော်သွားသတ်မယ် ....ခုချက်ချင်းဖြူးကိုသွားမယ် " "ဟဲ့ ... ဟဲ့ ..ငါ့သားရယ် ...အမေတောင်းပန်ပါတယ် ....မသွားပါနဲ့ ..မင်းမှာလဲ သားသမီးတွေနဲ့လေ ဖိုးအောင်ရဲ့ " ပြောဆိုနေရင်းမှ ဝုန်းခနဲ ထရပ်ကာ အိမ်ပြင်သို့ထွက်ရန်ပြင်လိုက်သော သားဖြစ်သူဖိုးအောင်ကို ဒေါ်ရီအတင်းဖမ်းဆွဲတားလိုက်ရသည်။ " တကယ်ဆို အမေပြောခဲ့သင့်တယ် ...ကျွန်တော်တို့က သူ့တို့သားအမိကို ကျေးဇူးရှင်အမှတ်နဲ့ ကိုးကွယ်နေမိတာ ... ဘယ်လောက် ခံပြင်းစရာကောင်းလဲ ... ဒီလူယုတ်မာကြီးအသက်မရှင်သင့်ဘူး " " မင်းတို့သားအဖတွေရဲ့ ဒေါသကိုသိလို့ ..ဒုက္ခရောက်မှာစိုးလို့ အမေမပြောခဲ့တာပါ ... မင်းညီမလေးကိုလဲ အရှက်တကွဲမဖြစ်စေချင်ဘူး ...အခုဆိုမင်းတို့အဖေက မင်းညီမလေးကို အမိုက်မဆိုပြီးနာမည်တောင် အပြောမခံဘူးလေ ... အမေတို့လဲ အသက်ကြီးနေပါပြီးကွယ် ပြဿနာတွေမဖြစ်ပါစေနဲ့တော့ .. မင်းညီမလေးကိုသာရှာပြီးတော့ကြည့်ရှုစောင့်ရှောက်ပေးပါ ...မင်းတို့အဖေလဲ အခုတော့ သူ့သမီးကို တွေ့ချင်နေပါပြီ " "ဘာပဲဖြစ်ဖြစ် ဒီကိစ္စကို ဒီတိုင်းတော့ မထားနိုင်ဘူး အမေ ... ဟိုလူယုတ်မာကြီးရှိတဲ့ ဖြူးမြို့ကို ကျွန်တော်သွားမယ်... ပြီးတော့ ညီမလေးကို ရှာမယ် ...တောက် " ဖိုးအောင်တစ်ယောက် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်လျက် တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်သည်။ ~~~~~~ "အမေ ... ဧည့်သည်တွေက အမေ့ကို တွေ့ချင်လို့တဲ့ " နောက်ဘက်ခန်းထဲမှာ ဟင်းချက်နေသော အမေ့ကို နှင်းအိမ်ဝင်ပြောလိုက်သည်။ဆိုင်ရှေ့ကို ကားကြီးတစ်စီးထိုးရပ်လာပြီး သူဌေးမကြီးဖြစ်ပုံရသော အဘွားကြီးသည် အမေ့နာမည်ကို မေးနေသောကြောင့် နှင်းအိမ်လဲ ယောင်နနနှင့်ပင် အမေ့ကို ခေါ်ပေးလိုက်သည်။ "ဘယ်သူတွေလဲ သမီး ... ဒီမှာ ဟင်းအိုးက တန်းလန်းကြီးနဲ့ကွယ် ....ဟင်းအိုးကို သမီးလာကြည့်ထားလိုက်အုံး " သမီးကိုပြောပြီးအေးနွယ် အပြင်သို့ထွက်ခဲ့သည်။ ~~~~~~~ မြင်လိုက်ရသော မြင်ကွင်းကြောင့် အေးနွယ်ထိတ်လန့် တုန်လှုပ်သွားမိသည်။ " ဘာ ....ဘာလာလုပ်တာလဲ ..ဘာကိစ္စလဲ ... ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ " အေးနွယ်၏မေးသံအဆုံးတွင် ဒေါ်သုန်ကအေးနွယ်ကို ကြည့်လိုက်ပြီး

" ကြီးကြီးတူးယောကျာ်း ဘဘရေခဲကလေ အရက်ဒီလောက်သောက်နေတဲ့ အရက်သမားကြီးကိုများလာပြောနေတယ် ...နှင်းအိမ်အမေကို ဘယ်သူနဲ့မှ မပေးစားဘူး ...လာမပြောနဲ့ နော် ကြီးကြီးတူး ...နှင်းအိမ် စိတ်ဆိုးမှာ " " အေးပါအေ.... မပြောဘူး ...မပြောတော့ဘူး ..." တဖြည်းဖြည်းနှင်းအိမ် တကယ်စိတ်တိုလာမှန်းသိတော့ မတူး အမြန်ပြန်ခဲ့ရသည်။ ~~~~~~ "ကြီးကြီးတူးက စနေမှန်းသိရဲ့နဲ့ သမီးဘာလို့ ဒေါသတကြီးနဲ့ ပြန်ပြောနေရတာလဲ ... အဲဒီလို ရိုင်းတာကို အမေမကြိုက်ဘူးလို့ ပြောထားတယ်လေ " အေးနွယ်သမီးကို ခပ်ငေါက်ငေါက်ဆူလိုက်သည်။ နှင်းအိမ်ကမိခင်မျက်နှာကိုကြည့်ပြီး ခေါင်းကိုငုံ့ထားလိုက်မိသည်။နှင်းအိမ် မျက်လုံးထဲမှာတော့ မိခင်၏ ရှက်ပြုံးလေးပြုံးနေသည့် မျက်နှာကိုပဲ မြင်ယောင်နေမိသည်။ "နောက်တစ်ပတ်ဆိုရင် စာမေးပွဲဖြေရတော့မှာနော် သမီး ..မဟုတ်တာတွေလျှောက်တွေးမနေနဲ့ ...အမေလဲဘယ်တော့မှ အိမ်ထောင်မပြုပါဘူး သမီးရယ် ...အမေ့အတွက် ငါးသမီးရှိရင် ပြည့်စုံနေပါပြီ...ဦးမျိုးကိုလဲ ရန်သွားမလုပ်နဲ့နော် ....အမေအရှက်မကွဲချင်ဘူး " မျက်နှာလေးညှိုးသွားသော သမီးဖြစ်သူကို အေးနွယ်ပြန်ချော့လိုက်ရသည်။ဆံပင်ကတိုတိုရှပ်အင်္ကျီနှင့်ဆိုတော့ ယောက်ျားလေးလိုဖြစ်နေသော သမီးကိုကြည့်လိုက်မိပြီး " ဆံပင်အရှည်မထားတော့ဘူးလား သမီး...ဆယ်တန်းဖြေပြီးရင် ဆံပင်အရှည်ထားပါလား " "မထားချင်ဘူး ခေါင်းရှုပ်တယ်အမေရဲ့ ...." ~~~~~~ " နှင်းအိမ် နင်ဖြေနိုင်လား....ဒီနေ့စာမေးပွဲနောက်ဆုံးနေ့ဆိုတော့ ... ငါတို့ ရင်ပြင်သွားကြမလား ... လမင်းကို မတွေ့သေးဘူး ..သူဘာလို့ ကြာနေတာလဲ မသိဘူး " သူရကနှင်းအိမ်ကိုမေးရင်း လမင်းကိုလိုက်ရှာလိုက်သည်။ကျောင်းရှေ့မှာတော့ ကျောင်းသားများ ကိုယ့်အစုနှင့်ကိုယ် ဟိုဒီသွားကြဖို့ တိုင်ပင်နေကြသည်။နှင်းအိမ်ကလည်း သူငယ်ချင်းများနှင့် လျှောက်လည်ချင်နေသည်။သို့သော်လည်း လမင်းတို့မပါလျှင် မိခင်ကမလွှတ်မှာကို သိသောကြောင့် လမင်းထွက်အလာကို စောင့်နေမိသည်။ "ဟိုမှာ လမင်းလာပြီဟ ..." လမင်းဆီကို သူရပြေးသွားပြီး အကျိုးအကြောင်း ပြောလိုက်သည်။လမင်းက ခေါင်းကို ယမ်းခါလိုက်ပြီး " မသွားပါဘူး ...စာမေးပွဲရက်အတွင်းမှာ အမေ့ကိုဘာမှဝိုင်းမကူခဲ့ရဘူး ... အိမ်မှာအလုပ်တွေ ပုံနေတာပဲ ... မနက်ဖြန်ကစပြီး အလုပ်ဆင်းရမှာမို့ ဒီနေ့အိမ်အလုပ်တွေ အပြီးလုပ်ရမှာ...အမေတို့လဲမျှော်နေလိမ့်မယ် .... အိမ်ပဲပြန်ကြမယ် " လမင်းက သူရကိုပြောသလိုနှင့် နှင်းအိမ်ပါကြားအောင် ပြောလိုက်သည်။ နှင်းအိမ်ဘာမှ မပြောတော့ဘဲ ကားလမ်းတစ်ဖက်ခြမ်းကိုကူးခဲ့လိုက် သည်။ရင်ထဲမှာတော့ မကျေနပ်။နှင်းအိမ်ဖြစ်ချင်လုပ်ချင်သမျှကို ငြင်းပယ်တတ်သော လမင်းကို လုံးဝမကျေနပ်။ "နှင်းအိမ်စိတ်ဆိုးသွားပြီထင်တယ် လမင်း " " ထားလိုက်ပါ ...သူကအမြဲ စိတ်ဆိုးနေတာပဲဟာ ....ဒီလောက်ပင်ပန်းနေတာကို နားဖို့မတွေးဘဲ ပျော်ပါးဖို့ပဲတွေးနေတယ်... " " တိုးတိုးပြောပါ လမင်းရာ...ကြားသွာလို့ မိုးမီးလောင်နေအုံးမယ် " သူရက လမင်းကို အထိတ်တလန့်နှင့်တားမြစ်လိုက်သည်။လမင်းကတော့ ဆောင့်ဆောင့်အောင့်အောင့်နှင့်ထွက်သွားသောနှင်းအိမ်ကို ကြည့်ပြီး ကားလမ်းကို အမြန်လိုက်ကူးလိုက်သည်။တော်ကြာနေ သူ့အပေါင်းအသင်းများနှင့် လစ်ထွက်သွားမှဖြင့် မေနွယ်စိတ်ပူနေရအုံးမည်လေ။ @@@@@@@@@@@@@@@@@@ အပိုင်း ( ၁၂ ) ဆက်ရန် #ဧကြည်ဖြူ

ကောင်မလေးများစျေးလာဝယ်လျှင်အမေမကြိုက်။မိန်းခလေးများက လမင်းကိုကြည့်လျှင်လည်း မကြိုက်။ရှင်းရှင်းပြောရလျှင် လမင်းနားသို့ကပ်သော မိန်းခလေးမှန်သမျှကို အမေကကြည့်မရဖြစ်တတ်သည်။ ရန်တွေ့လွှတ်တတ်သည်။တစ်လောကလုံးမှာ အမေကြည့်လို့ရသည်မှာ နှင်းအိမ်တစ်ယောက်ပဲရှိမည်ထင်သည်။တစ်လောကလုံးနှင့် မတည့်သည့်နှင်းအိမ်ကလည်း အမေနှင့် အဆင်ပြေတာကိုတော့ လမင်း အံ့ဩမိသည်။သည်အချက်လေးတစ်ချက်နှင့်ပင်လမင်းလည်း နှင်းအိမ်၏ဆိုးဒဏ်ကို တော်တော်များများသည်းခံပေးခဲ့ရသည်လေ။ ~~~~~ "ဘာပြောတယ် မြင့်မောင် ... အေးနွယ်တို့ကို တွေ့ပြီးဟုတ်လား " ဒေါ်သုန်၀မ်းသာအားရနှင့် မေးလိုက်သည်။ "ဟုတ်တယ် အမေ...ရန်ကုန်မှာ တွေ့တာတဲ့ ... အေးနွယ်ကိုလည်း သူတို့မမြင်ဖူးတော့ အတိအကျမပြောနိုင်ပေမဲ့ အေးနွယ်တို့ သားအမိဖြစ်ဖို့သေချာတယ် ....ဒီရက်ပိုင်းထဲမိမိနေမကောင်းဖြစ်နေလို့ အမေ ..မိမိနေကောင်းတာနဲ့ ကျွန်တော်ရန်ကုန်သွားပေးပါ့မယ် " " အေး ... မြန်မြန်သွား ...တွေ့ရင် ငါ့မြေးကိုရအောင်ခေါ်လာခဲ့ " " ဪ ... ကျွန်မက ဟုတ်မှဟုတ်ပါ့မလားဆိုပြီး ရှင်တို့ကိုသံသယ၀င်နေပေမဲ့ ဘာမှမမေးဘဲ စောင့်ကြည့်နေခဲ့တာ ...ရှင်က တကယ်လူယုတ်မာပဲ ကိုမြင့်မောင် " အခန်းထဲသို့ ရုတ်တရက်ဝင်ရောက်လာသော ဇနီးဖြစ်သူခင်မိမိကိုကြည့်ပြီး ဦးမြင့်မောင် ထိတ်လန့်တုန်လှုပ်သွားမိလေသည်။။ " မ ..မဟုတ်ဘူး မိမိ ... အစ်ကို ရှင်းပြပါ့မယ် .." "တော်ပါတော့ ...ရှင့်မျက်နှာကိုလဲ မကြည့်ချင်ဘူး လူယုတ်မာကြီးရဲ့ ...ရှင့်တို့သားအမိတွေ ပြောနေ လုပ်နေတာတွေကို...ကျန်းမသားအကုန်သိတယ် လူယုတ်မာကြီးရဲ့ ...ရှင်မရှက်ဘူးလားဟင် " " ဘာ ... ဘာပြောတယ်မိမိ ... သား....သားကသိနေတယ်ဟုတ်လား ... ဘယ်တုန်းကသိတာလဲ ပြောစမ်း .." ဇနီးဖြစ်သူကို ဦးမြင့်မောင် မေးလိုက်သည်။သားသည် သူ့ဘဝ၊သူ့မျှော်လင့်ချက်ဖြစ်သည်။သားစိတ်ထိခိုက်သွားမှာကိုတော့ သူမလိုလား။ သားဖြစ်သူကြောင့်ပင် အေးနွယ်ကိုရှာသည့်ကိစ္စကို ဦးမြင့်မောင်အချိန်ဆွဲနေခဲ့ခြင်းဖြစ်သည်။ဇနီးဖြစ်သူခင်မိမိကို ဦးမြင့်မောင်ချစ်သည်။ထို့အတူ သားဖြစ်သူကိုလည်း ဦးမြင့်မောင်ဘ၀တစ်ခုလုံးပေးဆပ်ရဲသည့်အထိချစ်သည်။အေးနွယ်နှင့် ဖြစ်ခဲ့သောကိစ္စသည် အသွေးအသားဆန္ဒကြောင့် မှားယွင်းခဲ့မိခြင်းသာဖြစ်သည်။မိခင်ကြီး၏ဆန္ဒကြောင့်သာ အေးနွယ်တို့ကို ရှာနေရခြင်းဖြစ်သည်။ရင်ထဲတွင် ဘာခံစားချက်မှ မရှိ။မမြင်ရသော သမီးဆိုသောသံယောဇဉ်ကြိုးသည် လက်ရှိ မြင်နေရသော သားဆိုသည့် သံယောဇဉ်ကြိုးကို မထိုးဖောက်နိုင်ပါလေ။ "တဆိတ်ရှိ ရှင်တို့သားအမိတွေ တိုးတိုးကြိတ်ကြိတ်နဲ့ တိုင်ပင်နေ တာကို မရိပ်မိဘဲနေမလား ... ရှင်တို့ကအရှက်မရှိ ကလေးကိုလိုက်ရှာချင်သေးတယ်ပေါ့. ဟုတ်လား ...ရှာရဲရင် ရှာကြလေ ... ရှင်နဲ့လည်း မပေါင်းနိုင်တော့ဘူး " " ဒီမှာ ...ခင်မိမိ ညည်းပါးစပ်ကို ပိတ်လိုက်တော့ ...လူပဲ တစ်ခါတလေတော့ မှားမှာပဲ အေ့ ...ညည်းတို့သားအမိကို ငါ့သား ဘယ်လိုထားခဲ့လဲ...ဒီလောက်ကိစ္စလေးကိုမှ ညည်းတို့က နားလည်မပေးနိုင်ဘူးလား ..ကလေးကိုတွေ့ချင်တာလဲ ငါပဲတွေ့ချင်တာ...ဘာပဲဖြစ်ဖြစ် သူလဲ ငါ့မြေးပဲဟဲ့ ...ပြောလက်စနဲ့ တစ်ခါတည်းပြောလိုက်မယ် ...ငါ့မြေးကိုတွေ့ရင် ဒီမှာခေါ်ထားမှာ ...မကျေနပ်တဲ့သူ မနေနဲ့ " အော်ဟစ်သောင်းကျန်းနေသော ချွေးမဖြစ်သူကို ဒေါ်သုန်ထ အော်ပစ်လိုက်သည်။ " အမေဘာတွေပြောနေတာလဲ ...တော်ပါတော့အမေ .... သူတို့ကို အမေရှာချင်ရှာမရှာချင်နေ ... ကျွန်တော်ကတော့ မရှာဘူး...." ဦးမြင့်မောင် မိခင်ကို ပြန်အော်လိုက်သည်။ထိုအခါ ဒေါ်သုန် ဒေါသတကြီးနှင့် ထသောင်းကျန်းလေသည်။ "မြင်မောင် မင်း...မင်း ... မင်းလဲ ဆင်း ... ငါ့အိမ်မှာမနေကြနဲ့ ... ခုချက်ချင်းထွက်သွားကြ ....သွားကြ ...တစ်ယောက်မှ မနေကြနဲ့ " ~~~~ နှင်းအိမ်လှေးကားမှ ဆင်းလာခဲ့ရင်း မိခင်နှင့်ဒေါ်ကြီးမတူးတို့ ခပ်တိုးတိုးစကားပြောနေကြသည်ကို မသိမသာအကဲခတ်နေမိသည်။မမြင်စဖူး အမေ့မျက်နှာပေါ်က ရှက်သလိုပြုံးနေသောအပြုံးကို နှင်းအိမ်တွေ့မြင်နေရသည်။နှင်းအိမ် ခပ်မြန်မြန်ပဲ လှေကားကဆင်းသွားလိုက်ပြီး အမေတို့ နားကို လျှောက်သွားလိုက်သည်။ " အမေနဲ့ ကြီးကြီးတူးဘာတွေပြောနေတာလဲ.. နှင်းအိမ်သိတယ်နော်....ဆေးဆိုင်ကဦးမျိုးအကြောင်းပြောနေမဟုတ်လား ...ကြီးကြီးတူးနော် ...အောင်သွယ်မလုပ်နဲ့ ... အမေကနှင်းအိမ်နဲ့ပဲ တစ်သက်လုံးနေရမှာ " "ဟဲ့ ..နှင်းအိမ်ရဲ့နင့်အမေက အခုမှ အသက်သုံးဆယ်ကျော်ပဲရှိသေးတာလေ ... ညည်းကနားလည်ပေးလိုက်ပေါ့ နှင်းအိမ်ရယ် ..အချိန်တန်တော့ ညည်း အိမ်ထောင်ပြုရင် ညည်းအမေတစ်ယောက်တည်း ဖြစ်နေမှာပေါ့ " မတူးက လေသံချိုလေးနှင့် နှင်းအိမ်ကိုပြောလိုက်သည်။ "မဖြစ်ဘူး ..မဖြစ်ဘူး ..ဘယ်တော့မှမဖြစ်ဘူး ...နှင်းအိမ်လဲယောကျာ်းမယူဘူး ...ယောကျာ်းတွေက အကျင့်ကောင်းတာမဟုတ်ဘူး ... မေတုတ်ရဲ့မောင်မောင်ဆိုလဲ အကျင့်မကောင်းဘူး....နှင်းအိမ်အဖေတောင် သေသွားလို့ပေါ့ " " အမယ်လေးဟဲ့ ...ယောက်ျားမုန်းသူကြီးနဲ့ လာတွေ့နေတယ် ....ငါ့ယောကျာ်းဆို ဘယ်လောက်ကောင်းလဲ ..ငါ့ကိုတစ်သက်လုံး ရှာကျွေးလာခဲ့တာ "

" အဲ့ဒါကလေ ဒီလိုအမေရဲ့ ... သမီးသူငယ်ချင်းတွေက စာမေးပွဲအတွက် ... ယက္ခညီနောင်ဆီမှာသွားဆုတောင်းမယ်ဆိုလို့ ... သိချင်လို့ လိုက်သွားမလို့ပါ ...သမီးတစ်ယောက်တည်းဆို မသွားပါဘူး " " ကဲ ဟုတ်ပါပြီ ထားလိုက်ပါတော့ ...နေ့လယ်က ကောင်လေးတွေနဲ့ ရန်ဖြစ်သေးတယ်ဆို... ဘာလို့ဖြစ်တာလဲ " " အဲ့ဒါကလည်း သူတို့ကအရင်လိုက်စတာအမေရဲ့ ...သမီးကို တွေ့တာနဲ့ ဘောပြားမလို့လိုက်လိုက်ခေါ်တာ ... ပြီးတော့ သမီး မုန့်ထုတ်ကိုလိုက်လုလို့ ပြန်လုပ်ပစ်လိုက်တာ ....အလကားပါ အမေရယ် ... အဲ့ဒီကောင်တွေက အဆင့်မရှိတဲ့ကောင်တွေပါ ... သမီးကိုမယှဉ်နိုင်ပါဘူး " " ဟဲ့ ..ဟဲ့ သမီးရယ် ကျောင်းသားချင်းချင်းကို ကွယ်...ဘာလို့အဲ့ဒီလိုစကားကြမ်းကြမ်းတွေပြောရတာလဲ.... သူတို့က ခင်လို့မင်လို့ စတာနေမှာပါ..နောက်ကိုအဲ့ဒီလိုတွေမလုပ်နဲ့ ... မပြောပါနဲ့ သမီးရယ် " သမီးလေး၏ နှုတ်မှစကားလုံးကြမ်းကြမ်းများထွက်လာသောကြောင့် အေးနွယ် အလန့်တကြားဟန့်တားလိုက်မိသည်။ "ဟင့်အင်း ပြောမှာပဲအမေ....သူတို့လိုကောင်တွေက သမီးကိုစ စရာလား ..... လူတွေကစုတ်စုတ် ပြတ်ပြတ်နဲ့ ရွံစရာကောင်တွေ...တန်ရာတန်ရာမနေကြဘူး ..ပြီးတော့အမေပဲပြောတယ်လေ ... သမီးအသားကို အထိမခံအကိုင်မခံနဲ့ ဆို " " ကဲ တော်ပါတော့ နှင်းအိမ်ရယ် အမေပဲမှားပါတယ်အေ...သားမွေးထားတဲ့သူက ရန်ပွဲလိုက်မရှင်းရဘူး ...သမီးမွေးထားတဲ့သူက ရန်ပွဲလိုက်ရှင်းနေရတာ ..ကဲ ... လာ ထမင်းလာစားတော့ ..." ပြောမနိုင်တော့သည့်အဆုံး ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ပြီး အေးနွယ်အောက်ထပ်သို့ ပြန်ဆင်းခဲ့လိုက်သည်။ ~~~~~~ " အမေနော် အဝတ်တွေလိုက်မလျှော်ရဘူးလို့ ကျွန်တော် ပြောထားတယ် မဟုတ်လား ... ကျွန်တော်စာမေးပွဲပြီးရင် အမေဈေးလဲမရောင်းရတော့ဘူး .... ကျွန်တော်အလုပ်လုပ်မှာ...အခုအမေပိုက်ဆံမလောက်ဘူးဆိုရင်လဲ ဘကျော်တို့ဆိုင်မှာ....အချိန်ပိုင်းသွားလုပ်ပေးမယ် " လျှော်ရမည့်အဝတ်များကို ကော်ဇလားထဲ ထည့်စိမ်နေရင်းမှမိခင်ကို လမင်းလှမ်းပြောလိုက်သည်။မိတုတ်က သားဖြစ်သူကိုလှမ်းကြည့်လိုက်ပြီး "မလုပ်ရဘူး ... သားလေးဘာအလုပ်မှ လုပ်စရာမလိုပါဘူး .... သားအဖေမောင်မောင်လဲ ဘာအလုပ်မှမလုပ်ဘူး.....သူ့ဖိနပ်ကအစအမေကတိုက်ပေးခဲ့တာသားရဲ့... ပြောရင်းနဲ့သတိရလိုက်တာ မြို့သာကုန်းကိုပြန်ချင်လိုက်တာ သားရယ် " " ဒီအကြောင်းတွေ ပြောပြန်ပြီးလား အမေ ...အဲ့ဒီအကြောင်းတွေ မပြောနဲ့တော့လို့ ကျွန်တော်ပြောထားတယ် မဟုတ်လား ..." စကားပြောနေရင်းမှ မျက်နှာညှိုးသွားသော မိခင်ကို ကြည်ပြီး လမင်းအသံမာမာနှင့် ထပြောလိုက်မိသည်။ငယ်စဉ်ကတည်းက အကြိမ်ထောင်ပေါင်းများစွာကြားခဲ့ရသော အကြောင်းများကိုလမင်းနားမထောင်ချင်တော့ပါ။ကိုယ်ဝန်ကိုဖျက်ချခိုင်းတာ၊ အမေ့ကိုဝိုင်းရိုက်ကြတာ၊ ရေကန်ထဲခုန်ချဖို့သွားခဲ့တာ အား လုံးကို လမင်းရင်ထဲမှာရော၊အသည်းထဲမှာပါစွဲမြဲအောင် မှတ်မိနေပြီဖြစ်ပါသည်။မိခင်ဆီမှ သည်အကြောင်းများကို ကြားရသောအခါတိုင်းရင်ထဲတွင် နာကြည်းမုန်းတီးမှုများသည် လည်း ခိုင်မာသည်ထက်ပို၍ ခိုင်မာလာခဲ့သည်။ ~~~~. "သားလိုချင်တယ်ဆိုလို့သာ ...အိုးအိမ်ဘက်က ဘကျော်သူငယ်ချင်းဆီမှာအကူအညီတောင်းလိုက်ရတာ ... သူတို့လဲ ရန်ကုန်လောက်ပဲ စာရင်းသိတာတဲ့သားရဲ့ ...စားမေးပွဲအတွက်မဖြစ်မနေလိုအပ်နေတာလားသား...သူတို့က အချိန်နည်းနည်းကြာမယ်ပြောနေလို့ " ဘကျော်၏စကားကြောင့် လမင်းသက်ပြင်းချလိုက်မိသည်။ "ရပါတယ်ဘကျော်ရဲ့ ... သိရရင်ပြီးတာပဲ အချိန်ကြာလည်းရပါတယ် " လမင်း၏ အေးစက်စက်ဖြစ်သွားသော မျက်နှားကို ဦးကျော်ကြည့်လိုက်ပြီး "သားလမင်း ..ဘကျော်ကို အမှန် တိုင်းပြောစမ်း ... သားသိချင်နေတာက မြို့သားကုန်းကဘယ်နေရာမှာရှိလဲဆိုတာသိချင်နေတာ မဟုတ်လား...သားရယ် မင်းအမေမိတုတ်ပြောနေတာတွေသာ အမှန်တွေဆိုရင် ...သွားတွေ့လည်းစိတ်မကောင်းစရာပဲဖြစ်လိမ့်မယ်ထင်တယ်...သားတို့သာလက်ခံရင် ... ငါ့သားကို ဘကျော်တို့ က အမွေစားအမွေခံအဖြစ်မွေးစာမှာပါ ..ဘကျော်တို့မှာ ချမ်းချမ်းသာသာကြီးမဟုတ်ပေမဲ့ .....အေးအေးဆေးဆေး လုပ်ကိုင်စားလို့တော့ရပါတယ်...ငါ့သား ဆယ်တန်အောင်ရင် တက္ကသိုလ်တက်ဖို့လည်းမပူနဲ့ " ဘကျော်ပြောနေတာကို လမင်း ငြိမ်သက်ပြီးနားထောင်နေမိသည်။သူ့အပေါ်ထားသော ဘကျော်နှင့်ကြီးစန်းတို့၏ စေတနာမေတ္တာကိုလမင်းယုံကြည်ပါသည်။သို့သော်လည်း ငယ်စဉ်ကတည်းက မိခင်သင်ပေးထားခဲ့သည့် စိတ်ဓါတ်က သူ့ရင်ထဲတွင် အမြစ်တွယ်နေပြီဖြစ်သည်။ဘကျော်နှင့်ကြီးစန်းက သူ့အပေါ် သံယောဇဉ်ရှိသလို သူကလည်း ဘကျော်တို့အပေါ် ချစ်ခင်ပါသည်။သို့သော်လည်း ဘကျော်တို့ဆီမှ ဘာလို့မှ မမျှော်ကိုး၊မလိုချင်ပါ။ကျောင်းပိတ်ရက်များနှင့်အားသည်အချိန်များတွင် ဘကျော်တို့ကို သူလာကူညီပေးခြင်းသည်လည်း မေတ္တာသက်သက်သာဖြစ်သည်။ဘကျော်တို့ ပေးနေသော သူ့ကျောင်းစရိတ်များအတွက် နိုင်သမျှအင်အားနှင့် ပြန်ပေးဆပ်နေခြင်းသာဖြစ်သည်။ဖြစ်နိုင်လျှင် လမင်းငွေရှာချင်နေပါပြီ။ မိခင်ဖြစ်သူ ပင်ပင်ပန်းပန်းဈေးရောင်းနေသည်ကိုမကြည့်ရက်။အမေနှင့်အတူ ဈေးလိုက် ရောင်းပေးပြန်တော့လည်း အမေကမကြိုက်။လမင်းစျေးရောင်းနေချိန်

#မုန်းမာန် (အခန်းဆက်ဝတ္တုရှည်) အပိုင်း(၁၁) ******** စူပုတ်နေကြသောမျက်နှာများကိုကြည့်ပြီး နှစ်ယောက်သားရန်ဖြစ်လာကြပြန်ပြီမှန်းအေးနွယ်သိလိုက်သည်။ သူရကိုကြည့်လိုက်ပြန်တော့လည်း မျက်နှာငယ်လေးနှင့်။ "ကလေးတွေအဝတ်အစားလဲပြီးရင်ထမင်းစားကြမယ် ...လမင်း အဝတ်အစားလဲပြီးရင်လာခဲ့နော်... သားအမေကဘူတာဘက်သွားတယ် ...သူရလဲ ဒီမှာပဲထမင်းစားသွားလိုက် ..." "သမီးမစားသေးဘူး ...အိမ်စာတွေ ပါလာလို့ လုပ်လိုက်အုံးမယ် " သမီး၏ အဖြေစကားကြောင့် အေးနွယ်သက်ပြင်းသာချလိုက်မိသည်။အလုပ်သမားကောင်မလေးကို လမင်းနှင်သူရအတွက် .ထမင်းပြင်ခိုင်းလိုက်သည်။နေ့လယ်ခင်းဆိုင်လူကျချိန် ဖြစ်နေသောကြောင့် ရှည်ရှည်ဝေးဝေးပြောမနေတော့ဘဲ လွှတ်ထားလိုက်ရသည်။သူရကအလိုက်တသိနှင့် စားပွဲကူထိုးပေးနေချိန်မှာအဝတ်အစားလဲပြီးပြန်ရောက်လာသောလမင်းက ပန်းကန်များ၀င်ဆေးနေသည်။ "ကလေးတွေ ထမင်းလာစားကြတော့... အဲ့ဒါတွေထားလိုက်...ထမင်းစားပြီးစာကျက်ရအုံးမယ်လေ " "ရပါတယ်မေနွယ် ... လူကျနေတုန်းလေးဝိုင်းကူပေးတာပါ " အေးနွယ်အော်လိုက်သော်လည်း လမင်းတို့ကလုပ်မြဲ ဆက်လုပ်နေကြသည်။ ဒါကလည်း နေ့စဉ်ထုံးစံလိုဖြစ်နေသည်ကိစ္စပင်။နေ့လယ် (၁၂) နာရီကျောင်းလွှတ်ချိန်နှင့် ထမင်းဆိုင် လူကျချိန်က ချိန်ကိုက်ထားသလိုပါပင်။အေးနွယ်၏ ထမင်းဆိုင်က သန့်ရှင်းသပ်ရပ်မှုနှင့်အရသာ ကောင်းမွန်မှုများကြောင့် အရောင်းသွက်သည်။ဆိုင်တွင် ကောင်မလေးနှစ်ယောက်ပါ ခေါ်ထားရသေးသည်။ထမင်းဆိုင်နှင့်ပဲ ရှာဖွေစားသောက်လာခဲ့သော အေးနွယ်အတွက် ယခုလက်ရှိနေရာကိုလည်း အပိုင်ဝယ်လိုက်နိုင်ပြီဖြစ်သည်။သိပ်မကျယ်သော မြေကွက်ပေါ်မှာ နှစ်ထပ်အိမ်လေးဆောက်ပြီး အောက်ထပ်မှာ ထမင်းဆိုင်ဖွင့်လိုက်သည်။မိတုတ်တို့သားအမိကို အေးနွယ်ဘေးမှ အိမ်ကိုငှားအောင်မနည်း ခေါ်ခဲ့ရသည်။သည်နေရာက ဦးကျော်၊ ဒေါ်စန်းတို့နှင့် နီးသွားသောကြောင့် မိတုတ်ကမပြောင်းချင်။မနည်း ခေါ်ခဲ့ရခြင်းဖြစ်သည်။မိတုတ်ကိုရော လမင်းကိုပါ အေးနွယ်စိတ်မချ၊ မထားခဲ့နိုင်ပါ။အေးနွယ်တို့သားအမိနှစ်ယောက်တည်းလည်း မနေရဲသလိုဖြစ်နေသည်။ပြီးတော့ အေးနွယ် အတွက်တော့ လမင်းကလည်း သားတစ်ယောက်လို ဖြစ်နေခဲ့သည်လေ။လမင်းနှင့်နှင်းအိမ်မတည့်တာကိုတော့ အေးနွယ်လည်းဘာမှမတတ်နိုင်။ဘာပဲဖြစ်ဖြစ် မောင်နှမများမဟုတ်တော့လည်း သူတို့ မတည့်ကြသည်ကို အေးနွယ်၏ စိတ်မှကျေနပ်သလိုဖြစ်ရသည်။နှစ်ယောက်သားတပူးတွဲတွဲနေပြီး အရွယ်မတိုင်ခင်တစ်ခုခုဖြစ်သွားမှာကိုတော့ အေးနွယ်စိုးရိမ်မိသည်လေ။ ကိုယ်တိုင်ခံစားခဲ့ရသော အတွေ့အကြုံများကြောင့် သမီးလေးအတွက် စိတ်ပူမိသည်မှာလည်းအမှန်။ဒါကြောင့်လဲ သမီးလေးက ယောကျာ်းလိုလိုမိန်းမလိုလိုဖြစ်နေသည်ကို အေးနွယ် သည်အတိုင်းလွှတ်ထားလိုက်ခြင်းဖြစ်သည်။ " ဒီနေ့ကျူရှင်က ဘယ်အချိန်လဲ သားတို့ ...နှင်းအိမ်ကိုလဲ ခေါ်သွားကြအုံး ." " ဒီနေ့ကျူရှင်က ညနေပိုင်းမှအန်တီနွယ် ...." လမင်းနှင့် သူရထမင်းစားနေတုန်း အေးနွယ်မေးလိုက်သောအခါ သူရကပြန်ဖြေသည်။လမင်းကတော့ ဘာမျှမပြောဘဲ ထမင်းသာစားနေသည်။အရပ်ရှည်ရှည် အသားဖြူဖြူနှင့် သိသိသာသာကို ချောမောကြည့်ကောင်းလာသော လမင်းကိုကြည့်ပြီး သမီးလေးအတွက် အေးနွယ်စိတ်ပူမိသည် ။ဆယ်ကျော်သက်အရွယ်လေးဆိုတော့ လမင်းကြောင့် ရင်ခုန်စိတ်လှုပ်ရှားမှာကို ပူပန်မိသည် ။အေးနွယ် အနေနှင့် လမင်းကို ဘယ်လောက်ပဲချစ်ချစ် သမီးလေးကို ပညာတတ်ဘွဲ့ရဖြစ်စေချင်သည်။မိမိလိုငယ်ငယ်ရွယ်ရွယ်နှင့်ဒုက္ခမရောက်စေချင်မိ။ဒါကြောင့်လဲ သူတို့ကိုကျောင်းသွားချိန်သာ အတူသွားခိုင်းသည်။သူတို့တွေချည်းပဲလွှတ်ပြီးစာတောင် အတူမကျက်ခိုင်း။လမင်းကလည်း သူ့အမေမိတုတ်အတိုင်း မာနခဲဆိုတော့ သည်အတွက်တော့စိတ်ချရသည်။ ~~~~~~ လူပါးချိန်မှာ အေးနွယ်အိမ်ပေါ်သို့တက်လာခဲ့သည်။အိမ်ပေါ်သို့ ရောက်သည်နှင့် သမီး၏ စာကျက်သံကိုကြားလိုက်ရသည်။သမီးလေးနှင်းအိမ်က အများအမြင်မှာ မိန်းမဆိုးလေးတစ်ယောက်လိုဖြစ်နေသော်လည်း စာနှင့်ပတ်သက်လာလျှင် ပြောစရာမလို။အမေကိုလည်းချစ်သည်။စာကျက်နားလျှင် ဆိုင်မှာလည်းဝင်ကူသည်။အလုပ်လုပ်လျှင်လည်း မအေထက်တောင်လျှင်မြန်ဖျက်လက်နေတတ်သေးသည်။ခက်သည်မှာ လုပ်ချင်ရာကို ဇွတ်လုပ်တတ်သောစိတ်နှင့် တစ်ခါတစ်ခါ တစ်ဖက်သားကို အနိုင်ယူချင်သောစိတ်ဖြစ်သည်။ သမီး၏ထိုအကျင့်ကိုတော့ အေးနွယ်လည်းမကြိုက်။တစ်ခါတစ်ခါ သမီးလေးကိုကြည့်ပြီး မာန်မာနကြီးသောစကားပြောလျှင်အထက်စီးဆန်လှသောဒေါ်သုန်ကိုမြင်ယောင်ပြီး အေးနွယ်ရင်ထဲပူလောင်ရသည်။တွေးလိုက်ရုံနှင့်ပင် ရွံရှာမုန်းတီးစိတ်များဖြစ်ပေါ်လာမိသည်။ဖြစ်နိုင်လျှင် ဒီတစ်သက်ထိုသူများနှင့် သမီးကိုမတွေ့စေချင်၊ မဆုံစေချင်ပါ။ " အမေ ဘာရပ်လုပ်နေတာလဲ ..သမီးဗိုက်ဆာနေပြီ .လမင်း သူ့အိမ်ပြန်သွားပြီလား " " ဟင် ..အင်း ...ပြန်သွားပြီ ... " သမီး၏မေးသံကိုကြားမှ အေးနွယ် အသိဝင်လာပြီးခေါင်းငြိမ့်ပြလိုက်ပြီး သမီးဘေးမှာ၀င်ထိုင်ရင်းမေးလိုက်မိသည်။ "ဒါနဲ့ သမီးကအိမ်ကိုတန်းမပြန်ဘဲ ဘုရားထဲသွားမလို့ဆို...အမေ့ကို မပြောဘဲ ဘုရားထဲဘာသွားလုပ်မလို့လဲ " မိခင်၏ အမေးကြောင့် နှင်းအိမ် လက်ထဲက ဘောပင်လ်ကိုချလိုက်ပြီး