803
Obunachilar
+424 soatlar
+167 kunlar
+4630 kunlar
Postlar arxiv
မအေးလှိုင်က ပါးစပ်က ပြောရင်းနဲ့ ဖိုးဇင်ရဲ့ကျောပြင်ကို လက်ဝါးနဲ့ ခပ်ပြင်းပြင်းနှစ်ချက်ဆင့် ရို**က်လိုက်တယ်။ပြီးတော့ လမ်းမဘက်ကို မျှော်ကြည့်လိုက်တယ်။
" tသနာလေးကလဲ ပြောမရဆိုမရ ....tသနာကြီးကလဲ အချိန်တန်ရင် အိမ်ပြန်မလာချင်ဘဲ အရည်ဆိုင်မှာပဲ အချိန်ကုန်နေတယ် ... တော်တော်လေးစိတ်ပျက်ဖို့ကောင်းတဲ့ဟာတွေ ... အားလုံးကို ထားပစ်ခဲ့ပြီး ထွက်သွားလိုက်ချင်တော့တယ် ...ဟဲ့ ..ဖိုးဇင် ....ဘာငိုင်နေတာလဲ ဆိုင်ကိုမြန်မြန်သိမ်းထားနှင့်စမ်း ...နင့်ပထွေးနောက်ကို ငါ လိုက်သွားလိုက်အုံးမယ် ....ကလေးမနိုးစေနဲ့နော် ..အကြီးမယ် မောင်လေးကို ယယပ်ခတ်ပေးထားလိုက်နော် ... ဖိုးဇင် ...ပစ္စည်းတွေကို လှည်းပေါ် တင်ထားလိုက် ... ပန်းကန်တွေကျမကွဲစေနဲ့နော်...ကျကွဲလို့ကတော့ နင့်ကို အtသသ *တ်မှာ "
" ဟုတ်...ဟုတ်ကဲ့ပါ အမေ "
ကလေးတွေကို မှာပြီးတာနဲ့ အရက်ဆိုင်တွေရှိတဲ့ လမ်းဘက်ကို မအေးလှိုင်ထွက်လာခဲ့လိုက်တယ်။
~~~~~~
ခြေချင်းဝတ်ဆီက တဆစ်ဆစ်ကိုက်ခဲနာကျင်နေတာကြောင့် တပေါင်းလန့်နိုးလာခဲ့တယ်။လူကနိုးလာတာနဲ့ တစ်ပြိုင်နက် ခြေချင်းဝတ်ဆီက တဆစ်ဆစ်ကိုက်ခဲနာကျင်နေသလိုဝမ်းဗိုက်ထဲကလဲ တဂွီဂွီမြည်ကာ ဆာလောင်နေခဲ့တယ်။
==================================
အပိုင်း (၃) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ
စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်
ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
(၁)
https://www.facebook.com/100067151540690/posts/734556598792718/
" အဲ့ဒီကြက်ဖ ဘယ်လောက်တန်လဲ နင်သိလား ....ကြက်ကိုပြန်မတွေ့ရင် ...နင့်ကိုထမင်းမကျွေးဘဲထားမယ်..ခိုးစားဖို့မစဉ်းစားနဲ့ ...ဂြိုဟ်ကောင်မလေး ..ငါ့ကိုဒုက္ခပေးဖို့ လူဖြစ်လာတာ ..တောက် "
ကိုအောင်မင်း မကျေနိုင်မချမ်းနိုင်နဲ့ ပြောလိုက်ရင်းက ရုန်းကန်နေတဲ့ တပေါင်းရဲ့ခြေထောက်တွေကို သံပေတံ စောင်းနဲ့ ဆင့်ကာဆင့်ကာရို*က်လိုက်တယ်။
" ဒုက် ....ဒုက် "
" အား "
" အသံမထွက်နဲ့လို့ ပြောနေတာ မကြားဘူးလား ... မျိုချစမ်း ....ငိုသံလဲ မကြားချင်ဘူး ..ဘာသံမှမကြားချင်ဘူး ...ပါးစပ်ကို ပိတ်ထား "
သရဲသဘက်စီးနေသလိုဖြစ်နေတဲ့ ဖခင်ဖြစ်သူရဲ့ မျက်နှာကိုကြည့်ပြီး တပေါင်းတစ်ကိုယ်လုံး တဆတ်ဆတ်တုန်ယင်နေမိတယ်။
" ဒီနေ့ ...နင့်ကို ထမင်းမကျွေးဘူး ... တစ်ညလုံး ဒီအတိုင်းနေ ..ဘာသံမှ မကြားချင်ဘူးနော် "
" ဘုတ် "
ကိုအောင်မင်း ဒေါသမပြေနိုင်သေးဘဲ သမီးဖြစ်သူကို ခပ်ပြင်းပြင်းတစ်ချက်က *န်ကျောက်လိုက်ပြီး အိမ်ရှေ့ခန်းကို ထွက်ခဲ့တယ်။နောက်ဖေးမီးဖိုခန်းထဲက ချောင်ထဲမှာတော့ တပါင်းတစ်ယောက်တည်းကျန်နေခဲ့တယ်။
~~~~~~
" ဖိုးဇင် သွားစမ်း ....အပျိုကြီး ဆိုင်မှာ အချိုမှုန့်သွားဝယ်စမ်း ... မြန်မြန်သွားမြန်မြန်ပြန်လာနော်... ဆိုင်သိမ်းတော့မှာ..."
" ဟုတ်ကဲ့ပါ အမေ "
မိခင်ဖြစ်သူရဲ့ ခိုင်းစေမှုကြောင့် ဈေးလမ်းနဲ့တစ်လမ်းကျော်က လမ်းမတန်းမှာရှိတဲ့ အပျိုကြီးကုန်ခြောက်ဆိုင်ကို ဖိုးဇင် အပြေးထွက်လာခဲ့လိုက်တယ်။ဈေးလေးထိပ်ကိုရောက်တော့ တပေါင်းတို့ရဲ့ကုန်ခြောက်ဆိုင်လေးကို ဖိုးဇင် ငေးကြည့်မိတယ်။အရင်နေ့တွေကဆိုရင် ည(၇)နာရီကျော်မှ တပေါင်းတို့ဆိုင်က ပိတ်တာ။ဆိုင်ပိတ်ချိန်ဆိုရင် တပေါင်းရောက်လာပြီး သူ့မိထွေးနဲ့ဆိုင်ကူသိမ်းနေကြ။ ဒီနေ့တော့ နေ့လယ်ထဲက ဆိုင်ကိုပိတ်သွားတာ။ ကြားရတဲ့ သတင်းက တပေါင်းအဖေရောင်းဖို့ ယူလာခဲ့တဲ့ကြက်ဖကြီးပျောက်သွားလို့ ဆိုလား။ကြက်ဖကို ခြံထဲမှာ လှောင်ထားပြီး တပေါင်းကိုကြည့်ခိုင်းထားတဲ့ကြားက ပျောက်သွားလို့တဲ့။ ကြက်ပျောက်တာနဲ့ပဲ တပေါင်းကို အတင်းလိုက်ရို** က်နေတာကို ဖိုးဇင်လဲ တွေ့လိုက်တယ်လေ။ပျောက်သွားတဲ့ကြက်ကို ဖိုးဇင်ကူရှာပေးချင်ပေမဲ့ ဖိုးဇင်လဲလုံးဝကိုမအားတာ။ ဟိုဟာလိုရင် ပြေးဝယ်ပေးရ။ဒီဟာလိုရင် ပြေးဝယ်ပေးရနဲ့ အားတဲ့အချိန်မှာလဲ ပန်းကန်တွေဆေးရတယ်။ မိခင်ဖြစ်သူလှီးထားတဲ့ ပဲပြား၊ အာလူး၊ အသားတုစတာတွေကို တုတ်နဲ့ထိုးပေးရသေးတယ်။ဒီကြားထဲ အငယ်ဆုံးလေးကို ထိန်းပေးရတယ်။မိခင်ဖြစ်သူ အိမ်ကိုပြန်သွားရင်လဲ ဆိုင်မှာဈေးရောင်းပေးရတယ်။
~~~~~~~
" ဟာ....ပေါက်ပေါက်ရေ .. ဟေ့ ပေါက်ပေါက် "
ဖိုးဇင်ဈေးဝယ်ပြီးတော့ ထွက်လာချိန်မှာ ဆိုင်ရှေ့လမ်းမှာ သူငယ်ချင်းပေါက်ပေါက်ကို တွေ့လိုက်တာမို့ ဝမ်းသာအားရနဲ့ လှမ်းခေါ်လိုက်မိတယ်။ပေါက်ပေါက်က တပေါင်းတို့အိမ်နားမှာနေတာလေ။
" ပေါက်ပေါက် ..မင်းဈေးလာဝယ်တာလား .....ဒါနဲ့ တပေါင်းအခြေအနေ ဘယ်လိုလဲကွ ...နေ့လယ်က သူအရိုက်ခံနေရတာ မင်းတွေ့တယ်မဟုတ်လား ....အခုရောငြိမ်သွားပြီလား ....အရိုက်ခံနေရတုန်းပဲလားကွ "
" ဪ ..အေး ..နေ့လယ်က တော့ သူအရိုက်ခံနေရတယ်.....သူထွက်ပြေးသေးတယ်လေ ... သူ့အဖေပြန်ဖမ်းခေါ်လာခဲ့ပြီး ...မရို က်တော့ဘူးထင်တယ် ..ငြိမ်နေတယ်ကွ "
" ဟုတ်လား ...ဒါဆို ကြက်ကိုပြန်တွေ့သွားပြီထင်တယ် "
ဖိုးဇင်ဝမ်းသာအားရနဲ့ ပြောလိုက်မိတယ်။ဖိုးဇင် ပြောလိုက်တော့ ပေါက်ပေါက်ကခေါင်းကို ခါယမ်းလိုက်ပြီး
" မတွေ့သေးဘူးဟ ..သူ့အဖေနဲ့ သူ့အဖေသူငယ်ချင်းလိုက်ရှာနေကြတယ် ..ငါတို့အိမ်ဘက်ကိုတောင် လာရှာသွားသေးတယ်လေ "
" ဟင် .. ဟုတ်လား ...ဒါဆို မတွေ့သေးဘူးပေါ့ ...ဒုက္ခပါပဲကွာ .....တပေါင်းတော့ ထပ်ပြီး အရိုက်ခံရအုံးမယ်ထင်တယ် ..... ငါလဲ ရပ်ကွက်ထဲပတ်ပြီး သူ့အဖေ့ရဲ့ ကြက်ကိုလိုက်ရှာပေးရင် ကောင်းမလားမသိဘူး "
" မင်းလိုက်ရှာမယ်ဆိုရင် ပြောလေ ... ဒီညတော့ မိုးချုပ်နေပြီ ....မနက်ကျမှ လိုက်ရှာကြတာပေါ့ "
" အေး ..အေး ....မနက်ကျရင် ငါ့အမေ့ကို ဝိုင်းကူပြီးတာနဲ့ ငါထွက်လာခဲ့မယ်ကွာ..ငါသွားတော့မယ်နော် "
ပေါက်ပေါက်ကို နှုတ်ဆက်ပြီးတာနဲ့ ဆိုင်ဘက်ကို ဖိုးဇင်ဒုန်းစိုင်းပြီးပြန်ပြေးလာခဲ့လိုက်တယ်။မပြေးလို့လဲ မဖြစ်ဘူး။မိခင်ဖြစ်သူ စိတ်မရှည်တာ၊ဒေါသကြီးတာကို ဖိုးဇင်အသိဆုံးပဲလေ။
~~~~~~~
ဖိုးဇင်မောကြီးပန်းကြီးနဲ့ ပြန်ပြေးလာခဲ့ပေမဲ့ ဆိုင်ရှေ့မှာ ခါးထောက်ပြီးရပ်နေတဲ့ မိခင်ဖြစ်သူကို တွေ့လိုက်ရတာမို့ ပြေးနေတဲ့ ခြေထောက်တွေတုံ့ခနဲဖြစ်သွားရတယ်။
" လာစမ်း ..လာစမ်း ... tသနာလေး ....ဟိုနားနဲ့ဒီနားကို ပေါ်မလာဘဲ ဘယ်မှာသွားtသနေတာလဲ ...ဆိုင်သိမ်းတော့မယ်လို့ နင့်ကိုပြောလိုက်တာ မကြားဘူးလား .....ကလေးတွေအိပ်ချင်နေပြီဟဲ့ tသနာလေးရဲ့ ...အပြင်ထွက်ရင် ဇောင်းထဲကမြင်းကို လွှတ်လိုက်သလိုပဲ ...အချိန်ရတာနဲ့ အလေလိုက်ဖို့ပဲ တွေးနေတယ်...အသုံးမကျတဲ့ကောင်... မစိန်လှသားတွေနဲ့များကွာပ...ဟိုကလေးတွေများ ..မိဘက တစ်ခွန်းဆိုတစ်ခွန်းပဲ ..မိဘအရိပ်အကဲကိုလဲသိတယ်.... သက်တူရွယ်တူတွေဖြစ်ပြီး နင်ဘာအသုံးကျလဲ ပြော "
" ဘုံး ....ဘုံး "
" ဟုတ်တယ် ...ဝင်မပါနဲ့...ဒီခေတ်ကလေးတွေလဲ လွယ်တာမဟုတ်ဘူး...သူတို့က မိဘကိုပြန်ခံပြောချင်နေကြတာ ....ကိုယ်နဲ့လဲမဆိုင်ဘူး..မဆိုင်သလိုသာနေလိုက် "
တစ်ယောက်တစ်ပေါက်စကားတွေတီးတိုးပြောနေကြချိန်မှာ တပေါင်းကလဲ သူမတို့ရပ်ကွက်လမ်းအတိုင်းပြေးထွက်ခဲ့ပြီး ကြီးတော်ဖြစ်သူရှိတဲ့ဘေးရပ်ကွက်ဆီကို ပြေးလွှားခဲ့တယ်။
~~~~~~~~~~~~~
လမ်းပေါ်မှာ အော်ဟစ်ငိုယိုပြီး ပြေးသွားတဲ့တပေါင်းကိုမြင်လိုက်ရတော့ ဖိုးဇင်ကြောင်ပြီးငေးကြည့်နေခဲ့မိတယ်။တပေါင်းကို သူ့အဖေလိုက်ရို*/က်နေတာကိုမြင်ပေမဲ့ ဖိုးဇင်လဲမကယ်နိုင်ပါ။တပေါင်းကိုသနားပေမဲ့ ဖိုးဇင်မကူနိုင်ဘဲ လမ်းပေါ်ကပဲငေးကြည့်နေမိတယ်။ဖိုးဇင်လဲ တစ်ခါတလေဆိုရင် အမေနဲ့အဖေရို/က်တာ နာလွန်းလို့ တပေါင်းလိုပဲ လမ်းပေါ်လျှောက်ပြေးနေရတတ်တယ်။ဒီလိုအချိန်ဆိုရင် ဖိုးဇင်ကိုလဲကူမဲ့သူမရှိခဲ့ဘူး။
" ဖိုးဇင်...နင်ဘာကြည့်နေတာလဲ ..အလုပ်လာလုပ်လေ..ဘာလဲ...နင်လဲပြေးချင်နေတာလား.....နင်ကြပ်ကြပ်သတိထားနော်ဖိုးဇင်...တပေါင်းဆိုတဲ့ဟာမလေးဘယ်လောက်အကြောတင်းလဲရိုင်းလဲတွေ့လား...နင်..အဲ့ဒီဟာမလေးနဲ့အပေါင်းအသင်းမလုပ်နဲ့ကြားလား..ဘယ့်နှယ့် မိန်းကလေးဖြစ်ပြီး ...မိဘကဆုံးမတာကို လမ်းပေါ်ထွက်ပြေးရတယ်လို့ ...အဲ့ဒီလိုအကြောတင်းမျိုးကို အေးလှိုင်ဆီကို တစ်ရက်ပဲပို့ထားကြည့်စမ်းပါ ...တင်းနေတဲ့အကြောကိုလျှော့ပေးလိုက်မယ်....သားသမီးဖြစ်ပြီး မိဘကိုလာမလုပ်နဲ့မရဘူး.....အေးလှိုင်တို့က သားသမီးကိုစည်းကမ်းနဲ့အုပ်ချုပ်တာ...စားစရာမရှိရင်အန်ကျွေးလိုက်မယ်...အချိုးမပြေတော့လာမလုပ်နဲ့ ...တစ်ခါတည်းခြေလက်တွေကို ရို***က်ချိုးပြီး တစ်သက်လုံးရှာကျွေးပစ်လိုက်မယ် "
လမ်းပေါ်ပြေးလွှားနေကြတဲ့ တပေါင်းတို့သားအဖကိုကြည့်ပြီး မအေးလှိုင်ကနှုတ်ခမ်းကိုမဲ့ရွှဲ့ပြီးပြောလိုက်တယ်။
~~~~~-
တပေါင်းပြေးရလွန်းလို့ မောနေပြီ။အော်ငိုရလွန်းလို့လဲ အသံက မထွက်တော့ဘူး။လမ်းတစ်လျှောက်မှာ ချော်လဲခဲ့တာမို့ ညာဘက်ခြေချင်းဝတ်ကလဲ အထိမခံနိုင်လောက်အောင် နာနေခဲ့တယ်။ " မလိုက်ပါနဲ့တော့ အဖေရယ်လို့ "စိတ်ထဲက ဆုတောင်းနေပေမဲ့ နောက်ကနေပြေးလိုက်လာနေဆဲဖြစ်တဲ့ ဖခင်ကြောင့် တပေါင်းခြေလှမ်းတွေကို မရပ်ရဲဘူး။တပေါင်းတစ်ကိုယ်လုံး အရမ်းကိုနာကျင်နေပြီ။နောက်ထပ် အရို*က်ခံရရင် tသဖို့ပဲရှိတော့တယ်။တဖြည်းဖြည်းနီးကပ်လာတဲ့ ဖခင်ကြီးကို ကြည့်ပြီး ကြီးတော်ဖြစ်သူရဲ့ အိမ်ရှိရာဆီကို တပေါင်းအားကုန်ပြေးသွားလိုက်တယ်။
"ကြီးကြီးရေ...ကြီးကြီး ... တပေါင်းကိုအဖေလိုက်ရို**က်နေလို့ ကယ်ပါအုံး "
" ဟဲ့ ..ဟဲ့ ....ဘာဖြစ်လာတာလဲ တပေါင်းရဲ့ "
တပေါင်းရဲ့အော်သံကြောင့် ကြီးတော်ဖြစ်သူက အိမ်ပေါ်က ပြေးဆင်းလာခဲ့ပြီး တပေါင်းကို လှမ်းမေးလိုက်တယ်။
" အ ..အဖေ ..သမီးကို... လိုက်ရို*က်နေလို့ ကယ်ပါအုံးကြီးကြီးရဲ့ "
တပေါင်းရဲ့ ပြောစကားမဆုံးခင်မှာဘဲ ကိုအောင်မင်းတစ်ယောက် မရီးဖြစ်သူရဲ့ခြံထဲကို ဝင်ရောက်လာခဲ့တယ်။
" ဟဲ့ ..အောင်မင်း ..ဘာဖြစ်တာလဲ ....ကိုယ့်သားသမီးကို ရန်သူလို သဲကြီးမဲကြီးလိုက်ရို*က်နေရလားဟဲ့ "
မရီးဖြစ်သူရဲ့စကားကြောင့် ကိုအောင်မင်းရဲ့ ဒေါသက အထွတ်အထိပ်သို့ ရောက်သွားခဲ့ရတယ်။
'' အေး ..အပြစ်ရှိလို့ လိုက်တာလေ ...ကိုယ့်သားသမီး ကိုယ်ဆုံးမတာဘာဖြစ်လဲ ....နင်တို့ ဝင်မပါနဲ့ ...အေး... သူ့တာဝန်တွေကို တစ်သက်လုံးယူနိုင်တယ်ဆိုရင်တော့ ဝင်ပါလို့ရတယ်နော် ... တာဝန်မယူနိုင်ဘဲနဲ့တော့ နှမ်းလာမဖြူးနဲ့ "
ကိုအောင်မင်းက မရီးဖြစ်သူကို ခပ်ရိုင်းရိုင်းပြန်ပြောလိုက်တယ်။ကိုအောင်မင်းရဲ့ စကားကြောင့် မရီးဖြစ်သူလဲ မျက်နှာပျက်သွားရပြီး
" အေး ....၀င်မပါဘူး ..နင်လဲ ငါ့ခြံထဲက ထွက်သွား...နင်လိုကောင်မျိုးနဲ့ ငါတို့လဲမပတ်သက်ချင်ဘူးဟေ့ ...တပေါင်း...နင်လဲသွားတော့ .... နောက်တစ်ခါကြီးကြီးဆီကို မလာနဲ့နော် ကြားလား ... သူက ဖအေအရင်းပဲ tသအောင်တော့ သ*တ်မှာမဟုတ်ဘူး .."
ကြီးတော်ဖြစ်သူရဲ့ ယတိပြတ်စကားကြောင့် တပေါင်းနေရာမှာ ပုံလျက်လဲကျသွားရတယ်။
"ဂန်းနာမလေး ... ထစမ်း မြန်မြန် ... နင့်အချိုးကို ဒီနေ့ ရအောင်ပြင်မယ် ....ထစမ်း ..ရှေ့ကမြန်မြန်သွား "
ဒေါသတကြီးနဲ့ပြောလိုက်တဲ့ ဖခင်ဖြစ်သူရဲ့အသံကြောင့် တပေါင်း လဲနေရာကထလိုက်ပြီး အိမ်ဘက်ကိုအမြန်ပြန်လျှောက်လာခဲ့တယ်။
~~~~~~
" ခွပ် ... ခွပ် "
'' မငိုနဲ့ ..အသံမထွက်နဲ့နော် "
ကိုအောင်မင်းက သမီးဖြစ်သူတပေါင်းရဲ့ ခြေထောက်တွေကို ကြိုးနဲ့ချည်ထားလိုက်ကာ ပခုံးနဲ့ လက်မောင်းတွေကို လက်*သီးနဲ့ထိုးချလိုက်တယ်။တပေါင်းက ကြောက်လန့်ပြီးရုန်းရင် ခြေထောက်တွေကို ရို*က်တယ်။ဆေးလိပ်မီးနဲ့တို့တယ်။တပေါင်းမှာ ကြောက်ကြောက်လန့်လန့်နဲ့ ရုန်းကန်နေတာမို့ ခြေချင်းဝတ်တစ်ဖက်က ပွန်းပဲ့ကာthway တွေပင်ထွက်နေခဲ့တယ်။
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၂)
akyiphyu
************
အခန်း(၂)
ဆုံးမသွန်သင်တာလား.....?
အိမ်တွင်း အကြ).*မ်းဖက်တာလား ...?
မိဘက ဆုံးမသွန်သင်နေတာပဲလေဆိုပြီး ...ကလေးငယ်တွေရဲ့ငိုသံတွေကို လျစ်လျူရှုခဲ့ကြတယ်................................
" ဘယ်အချိန်ရှိနေပြီလဲ နင်သိလား...နင်ကတော့ အိမ်မှာအဆင့်သင့်စားသောက်နေပြီးတော့ ...နေ့ခင်းနေ့လယ်ခဏတစ်ဖြုတ်လေး ဆိုင်လာထိုင်ပေးရတာကို မအားဘူးဖြစ်နေတာလား ....အဆော့မမက်နဲ့နော်....အရွယ်မရောက်သေးဘဲ ပိုးမထနဲ့ ..ကြပ်ကြပ်သတိထားနေနော် ကြားလား..."
" ဟုတ်...ဟုတ်ကဲ့ပါ အမေသိန်းနု "
တပေါင်းကြောက်ကြောက်နဲ့ခေါင်းငြိမ့်ပြလိုက်မိတယ်။
" သမီးလေး...နေခဲ့အုံးနော်...အမေ ရေပြန်ချိုုးလိုက်အုံးမယ်နော်..အမေပြန်လာရင် သမီးကို ခေါ်မယ်နော် "
မသိန်းနုကသမီးငယ်လေးရဲ့ ပါးပြင်လေးကိုနမ်းရှိုက်လိုက်ပြီး ဆိုင်ထဲကထွက်သွားခဲ့တယ်။
~~~~~~~~~~~
" ကြောက်ပါပြီး အဖေရဲ့ ...နောက်ကို မဖြစ်စေရပါဘူး အဖေရဲ့ ...နာလို့ tသပါတော့မယ် "
တပေါင်းနာနာကျင်ကျင်နဲ့အော်ဟစ်ငိုလိုက်ပေမဲ့ ကိုအောင်မင်းက သူ့လက်တွေကိုမရပ်တန့်ဘဲ သမီးဖြစ်သူရဲ့ခြေသလုံးနဲ့တင်ပါးကို ခါးပတ်နဲ့တစ်ချက်ပြီးတစ်ချက်ဆက်ရို*က်နေခဲ့တယ်။
" ဘာခိုင်းခိုင်းအချိုးကိုမပြေဘူး...အိမ်မှာရှိတဲ့ပစ္စည်းတွေလဲ နင်ခွဲပစ်လို့ကုန်တာ....နင် ဖျက်ဆီးပစ်လို့ ကုန်တာ...ကလေးထိန်းခိုင်းရင်လဲ ကလေးမှာဒဏ်ရာ မရတဲ့နေ့ကိုမရှိဘူး ..နင့်ကိုဘယ်နေရာသွားသုံးစားရမလဲ ...နင့်ကိုမနက်က ဘာမှာခဲ့လဲ ...အဲ့ဒီကြက်ဖက ရောင်းဖို့ဆိုင်ထားပြီးသားမို့ ကြည့်နေပါလို့မပြောခဲ့ဘူးလား ..မှာထားတဲ့ကြားက အခုပျောက်သွားပြီ ...အဲ့ဒီကြက်ကဘလောက်တန်လဲနင်သိရဲ့လား တပေါင်း... "
" မ..မသိပါဘူးအဖေ..သမီးကကြက်သားဟင်းလဲမစားဖူးပါဘူး...အဖေနဲ့အမေသိန်းနုပဲစားတာဆိုတော့ အမေသိန်းနုကိုမေးကြည့်ပါ ...ပြီး...ပြီးတော့ သမီးက ကြက်ကိုစောင့်ကြည့်နေတာကို ...အမေသိန်းနုကခေါ်ခိုင်းလို့သွားရတာပါ "
" ဘာ...ဟဲ့...နင်ဘာပြောလိုက်တယ်...ကိုအောင်မင်း ရှင့်သမိးပြောတာကြားတယ်နော်....သူများတွေကြားရင် ..သူ့ကို ထမင်းမကျွေးဘဲထားတယ်ထင်နေအုံးမယ် ...သူ့ကိုခိုင်းတယ်ဆိုတာကလဲ ခဏလေးပါတော်...သူသွားတဲ့အချိန် ကျွန်မကြည့်ထားတာပါ...ကျွန်မဈေးဆိုင်သွားတော့မှပျောက်တာနေမှာပေါ့ ...ရှင့်သမီက လူကကြည့်တော့ အရွယ်မရောက်သေးဘူး...ဈေးထဲကမအေးလှိုင်သား ...ဖိုးဇင်ဆိုတဲ့ကောင်လေးနဲ့ တတွဲတွဲနဲ့ ...တစ်ခုခုခိုင်းလိုက်ရင် ...အဲ့ဒီကောင်လေးနဲ့စကားသွားပြေားနေရော "
အဖြစ်မှန်ကို တပေါင်းရှင်းပြလိုက်ကာမှ ပိုရှုပ်သွားခဲ့ရပြီး မသိန်းနုကဒေါသတကြီးနဲ့ထအော်လိုက်တယ်။မသိန်းနုရဲ့ စကားကြောင့် ကိုအောင်မင်းစိတ်တိုဒေါသထွက်သွားပြီး
" ဘာ...ဘာပြောတယ်... ဟုတ်လား တပေါင်း...နင်ကအရွယ်မရောက်သေးဘူး ဘာအချိုုးချိုးတာလဲ..နွေတပေါင်း နင်တော်တော်ထိန်းမနိုင်ပါလား "
ကိုအောင်မင်းကဒေါသတကြီးဆဲဆိုလိုက်ရင်းနဲ့ ခါးပတ်ကိုထပ်ပြီးမြှောက်ကိုင်လိုက်တယ်။ဒီအခါမှာတော့ တပေါင်းကနေရာမှာဆက်ပြီး ရပ်မနေရဲတော့ပါ။တိုင်ကိုဖက်ထားတဲ့ သူမလက်တွေကိုလွှတ်လိုက်ပြီး အိမ်ပေါက်ဝကနေ တစ်ဟုန်ထိုးပြေးဆင်းလာခဲ့မိတယ်။
" တပေါင်း နင်ဘယ်ပြေးတာလဲရပ်စမ်း..ရပ်လို့်ပြောနေတာ ကြားလား...အေး..မိရင် ဒီထက်ပိုနာမယ်နော်...တောက်...ဒီ ( ....) "
အိမ်ပေါ်ကဆင်းပြေးသွားတဲ့ တပေါင်းနောက်ကို ပြေးလိုက်ရင်းက ကိုအောင်မင်းတစ်ယောက် အော်ဟစ်ဆဲဆိုလိုက်တယ်။ကိုအောင်မင်းကနောက်ကနေ ဒေါသတကြီးနဲ့လိုက်၊တပေါင်းကရှေ့ကနေ ငိုပြီးပြေးနဲ့ ရပ်ကွက်လမ်းကျဉ်းလေးထဲမှာအသံတွေဆူညံသွားတယ်။
တပေါင်းရဲ့ဦးတည်ပြေးရာအရပ်က မိခင်အရင်းရဲ့အစ်မဖြစ်သူအိမ်သို့ဖြစ်လေတယ်။
" တပေါင်း...မပြေးနဲ့လို့ပြောနေတာ မကြားဘူးလား ခွေးမ ရဲ့..နင်ေ*သချင်နေတာလား ဟုတ်လား ..ဂန်းနာမရဲ့ "
" အီး..ဟီး ..ဟီး ..ကြောက်ပါပြီ အဖေရဲ့ ..နောက်ကို သမီးသေချာကြည့်ထားပါ့မယ် "
တပေါင်းက အော်ဟစ်ငိုယိုပြီး ကြောက်ကြောက်လန့်လန့်နဲ့ပြေးတာမို့ ကိုအောင်မင်းမှာ ယောက်ျားတန်မဲ့ သမီးဖြစ်သူတပေါင်းကို ဘယ်လိုမှလိုက်လို့မမီဘဲဖြစ်နေခဲ့တယ်။ကိုအောင်မင်းနဲ့ တပေါင်းအဖြစ်ကို ရပ်ကွက်ထဲကလူတွေက ကြည့်ပြီး သက်ပြင်းချကြသူတွေချကြသလို နှာခေါင်းရှုံ့သူတွေလဲ ရှုံ့ကြတယ်။
" အင်း ..ဒီကလေးမလဲ ဝဋ်ကြွေးကြီးပါတယ်...နေ့တိုင်းကိုအရို*က်ခံနေရတာပဲ...ရို*က်တဲ့သူကလဲ မိထွေးမဟုတ်ဘဲ... သူ့ဖအေအရင်းကရို*က်တာဆိုတော့ ...ဝင်ဆွဲလို့်လဲမဖြစ်ဘူး "
အမြင်မတော်သူတစ်ယောက်က စိတ်ပျက်လက်ပျက်နဲ့ပြောလိုက်တယ်။
" အမယ်လေး သွားမဆွဲနဲ့နော်..ကြားသုံးကြားဝင်မပါချင်ပါနဲ့.....သူ့အဖေနဲ့သူ့သမီးအချိန်တန်ရင် ပြန်တည့်ကြမှာ ...မသိသလိုသာနေ...မကြည့်ချင်ရင်မျက်လုံးမှိတ်ထားလိုက်...မကြားချင်ရင်နားပိတ်ထားလိုက်...ဝင်ပါဖို့တော့လုံးလုံးမတွေးနဲ့နော်... သူတို့ကနေ့တိုင်းဖြစ်နေတာ "
သားအဖကြားဝင်ပါချင်သူကို တစ်ယောက်ကတားမြစ်လိုက်တယ်။နောက်တစ်ယောက်ကလဲ ပြေးနေကြတဲ့တပေါင်းတို့သားအဖကိုလှမ်းကြည့်လိုက်ပြီးမှ
ကုန်ခြောက်ဆိုင်လေးထဲကို တပေါင်းတို့ဝင်လိုက်တာနဲ့ မိထွေးဖြစ်သူမသိန်းနုရဲ့ ဆူဆူအောင့်အောင့်ဆဲဆိုသံ ခပ်တိုးတိုးနဲ့အတူ မာကျောလှတဲ့လက်ခေါက်ကလဲ တပေါင်းရဲ့ ခေါင်းထိပ်တည့်တည့်ပေါ်ကို ကျရောက်လာခဲ့တော့တယ်။
==================================
အပိုင်း (၂) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
" မင်္ဂလာပါ "
စာချစ်သူများရှင်
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု) ကိုစာဖတ်ခ 1000 Ksပေးသွင်းပြီး နေ့စဉ်ဖတ်ရှုနိုင်ပါတယ်။
စာဖတ်ခ 1000Ks ပေးသွင်းဖို့ရန်အခြေအနေအခက်အခဲရှိပါကလဲ Free ဖတ်ရှုလို့ရပါတယ်ရှင်
စ/ဆုံး ဖတ်ရှုပြီးမှလဲ စာဖတ်ခကိုပေးသွင်းလို့လဲရပါတယ်ရှင် ....
စာဖတ်သူများကို မေတ္တာရပ်ခံချင်တာက စာဖတ်ခ 1000 Ks ပေးသွင်းနိုင်သူများအနေဖြင့်စာဖတ်ခပေးသွင်းပေးပါရန်နှင့်
အခန်းဆက်ဝတ္ထုမှာလဲရေးသားထားပြီးသော ဝတ္ထုမဟုတ်ပါဘူးရှင် ..
နေ့စဉ်ရေးသားပြီးတစ်ပိုင်းစီတင်ပေးသွားမှာဖြစ်ပါတယ်...
စာဖတ်ခကို KPay (or) Wave နဲ့ ပေးသွင်းလို့ရပါတယ်
A Kyi phyu မှာ Paid group မရှိပါဘူးနော်
ငွေအများကြီးပေးလဲ စ/ဆုံး ပေးဖတ်စရာမရှိပါဘူးရှင်
တစ်နေ့တစ်ပိုင်းပဲ ရေးပြီး
ရေးပြီးတာနဲ့တင်တာပါ
စာဖတ်ခ 1000 ကျပ်ကိုလဲ စ/ဆုံး ဖတ်ပြီးမှ ဇာတ်လမ်းကြိုက်မှလဲ ချီးမြှင့်လို့ရပါတယ်
ငွေပို့ထားတဲ့ ss ပြပြီး စ/ဆုံး Link လာတောင်းရင် A Kyi မျက်နှာပူလို့ပါရှင်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
#AKyiPhyu
#ဧကြည်ဖြူ
တပေါင်းကဘာမသိညာမသိနဲ့ စကားသွားပြောမိလို့လဲအရို*က်ခံရတယ်။အလိုက်မသိသီချင်းညည်းမိလို့လဲ အရိုက်ခံရတယ်။ အဲ့ဒီလိုတပေါင်း အရိုက်ခံနေရပြီဆိုရင် မိထွေးဖြစ်သူအမေသိန်းနုကလဲ ထိုင်ကြည့်နေတတ်တာ။ တစ်ခါတလေဆို
အဖေစိတ်ဆိုးဆိုးနဲ့အိမ်ပေါ်က ကန်ချလိုက်ရင် တပေါင်းမှာမြေကြီးပေါ်ပုံလျက်သားပဲ။ဒီလိုဖြစ်ရင်လဲ အမေသိန်းနုက သူနဲ့မဆိုင်သလိုပဲနေခဲ့တာလေ။
~~~~~~~~~~~
" ဟေ့ တပေါင်း ...နင်တို့ဘယ်သွားမလို့လဲဟ "
ဖိုးဇင်က လက်ထဲကမုန့်ဖက်အထုပ်ကို မနိုင်မနင်းဆွဲကာရပ်လိုက်ပြီးမှ တပေါင်းတို့ညီအစ်မကို လှမ်းပြီးနှုတ်ဆက်လိုက်တယ်။
" ငါ့တို့တွေ အမေသိန်းနုဆိုင်ကိုသွားမလို့လေ...နင်နိုင်ရောနိုင်ရဲ့လားဖိုးဇင်..ငါ့ဝိုင်းဆွဲပေးရအုံးမလား "
" ရပါတယ်ဟာ...နင့်ညီမကိုသာနိုင်အောင်ချီပါဟာ...တော်ကြာကလေးပြုတ်ကျလို့အရိုက်ခံနေရပါအုံးမယ် "
ဖိုးဇင်ရဲ့စကားကြောင့် တပေါင်းက ညီမငယ်လေးကို သူမခါးပေါ်ကိုရောက်အောင်ပင့်တင်လိုက်ပြီးမှ အသံစာစာလေးနဲ့ ဖိုးဇင်ကိုပြန်ပြောလိုက်တယ်။
" ငါ့ညီမကိုယ်လုံးလေးများ ငါနိုင်ပါတယ်ဟယ်...ဒါနဲ့ ကျောင်းဖွင့်ရင် နင်ကျောင်းဆက်တက်အုံးမှာလား ဖိုးဇင် "
တပေါင်းရဲ့အမေးကြောင့် ဖိုးဇင်ကတွေဝေသွားပြီးမှ
" မသိသေးပါဘူးဟာ ...ငါတို့မောင်နှမသုံးယောက်လုံးကျောင်းတက်ရင်း ငါ့ညီအငယ်ဆုံးလေးကို ...ဘယ်သူကထိန်းမလဲ...အမေတစ်ယောက်တည်းနဲ့ဆိုင်ကိုမနိုင်ဘူးတဲ့ ...အမေကတော့ပြောတယ်...ဒီဲတစ်နှစ်ကျောင်းနားချင်နားရမယ်တဲ့ ...နင်ရောကျောင်းဆက်တက်ရမှာလားတပေါင်း "
ဖိုးဇင်ရဲ့အမေးကြောင့် ဒီတစ်ခါမျက်နှာညှိုးသွားရသူက တပေါင်းပါ။တပေါင်ကသက်ပြင်းရှည်ကြီးကိုချလိုက်ပြီး
" အင်း...မတက်ရတော့ဘူးထင်ပါတယ်ဟယ်...မိန်းခလေးဆိုတာ စာရေးတတ်ဖတ်တတ်ရင်ရပြီလို့ အမေသိန်းနုကပြောတယ်...အဖေကလဲ ဟုတ်တယ်လို့ထောက်ခံတယ်ဆိုတော့... ကျောင်းဆက်မတက်ရတော့ဘူးထင်ပါတယ်...ရှေ့လဆိုကျောင်းတွေအပ်ရတော့မှာနော် ...."
တပေါင်းရဲ့စကားတွေကြောင့် ဖိုးဇင်ငြိမ်ကျသွားမိတယ်။ကျောင်းတွေဖွင့်တော့မှာဆိုတဲ့စကားက ဖိုးဇင်ရဲ့နားထဲမှာပဲ့တင်ထပ်နေခဲ့တယ်။
" ဘာငိုင်နေတာလဲ ဖိုးဇင်...သွားရအောင်လေ...တော်ကြာ ငါတို့အရိုက်ခံနေရအုံးမယ် "
တပေါင်းကပြောလိုက်ရင်း ခြေလှမ်းတွေကို ခပ်မြန်မြန်လှမ်းလိုက်တယ်။
~~~~~~~~
ဖိုးဇင်နဲ့တပေါင်းတို့ ဈေးလမ်းလေးထဲကိုဝင်လိုက်တယ်ဆိုရင်ပဲ မျက်နှာတွေခက်ထန်တင်းမာကာ စိတ်ဆိုးနေကြတဲ့ သူတို့ရဲ့ မိခင်တွေကိုတွေ့လိုက်ကြရတယ်။
" tသနာလေး ....စျေးဝယ်ခိုင်းလိုက်ရင် ..ပေါ်မလာဘူး...လမ်းမှာဆော့နေတာမဟုတ်လား ...မိဘကခိုင်းလိုက်ရင် အလေးမထားဘူး ...လာစမ်း ..ဒီကိုမြန်မြန်လာခဲ့ ..ခိုင်းလိုက်ရင်ပေါ်မလာတဲ့ နင့် ခြေထောက်တွေကို ဆုံးမပေးမယ် "
မအေးလှိုင်က ပြောပြောဆိုဆိုနဲ့ ဆိုင်ဘေးမှာရှိနေတဲ့ တု*တ်တစ်ချောင်းကို ကောက်ယူလိုက်ပြီး သားဖြစ်သူဖိုးဇင်ရဲ့ ခြေသာလုံးတွေကို တရွှမ်းရွှမ်းမြည်အောင် ရို*က်ပစ်လိုက်တယ်။ဒီအချိန်မှာပဲ ဆိုင်ထဲကို ကိုမောင်ခိုင်ရောက်လာခဲ့ပြီး သားဖြစ်သူကို နားရင်းတစ်ချက် ခပ်ဆတ်ဆတ်လေးရို) က်ပစ်လိုက်ပြန်တယ်။
" မင်းကလဲမင်းပဲ ...မိဘတွေ ဒီလောက်အလုပ်လုပ်နေရတာကို မမြင်ဘူးလား...အရွယ်မရောက်သေးဘူး အချိုးမပြေတော့ လာမလုပ်နဲ့နော် ... ငါကရို** က်မိရင် လက်လွန်မှာစိုးလို့ ထိန်းနေတာ ...အစားကျတော့ နပ်မှန်အောင်စားချင်တယ် ...အလုပ်တော့ လက်ကြောမတင်းလာမလုပ်နဲ့ ကွ....ကြပ်ကြပ်သတိထားနေ ဟေ့ကောင် "
ကိုမောင်ခိုင်က ဖိုးဇင်ကို ခြေထောက်နဲ့တစ်ချက်ဆောxင့် ကန်ပြီးတော့ ပြောလိုက်တယ်။ဖိုးဇင်မှာ မိခင်နဲ့ ဖခင်ရဲ့ကြားမှာ မျက်နှာငယ်လေးနဲ့ ဘာကိုမှ ရှင်းမပြနိုင်ဘဲ ငူငူကြီးရပ်နေမိတယ်။
" ဟယ် ..ကြည့်စမ်း ...ဆုံးမနေတဲ့ကြားက ဂျစ်ကန်ကန်လုပ်နေတာလား ဖိုးဇင်ရဲ့..အဲ့ဒါဘာရပ်လုပ်နေတာလဲ ... ပန်းကန်တွေဆေးပြီးရင် ... အကြီးနှစ်ကောင် ခေါ်သွားပြီးအိမ်မှာရေသွားပြန်ချိုးပေးလိုက်အုံး...သွားလေ ..ပြောနေတာမကြားဘူးလား ..ပန်းကန်တွေသွားဆေးပါဆို ..နင်ဟာလေ ဂျစ်တိဂျစ်ကန်နဲ့ ... ရှင့်သား ဘယ်လောက် အကြောတင်းလဲ မြင်ပြီ မဟုတ်လားကိုမောင်ခိုင် "
မအေးလှိုင်က ဖိုးဇင်ကိုကြည့်ပြီး ယောက်ျားဖြစ်သူ ကိုလှမ်းပြောလိုက်တယ်။ ဒီအခါ ကိုမောင်ခိုင်က ဖိုးဇင်ကိုတစ်ချက်ထပ်ကန်ပစ်လိုက်ပြီး
" ဟေ့ကောင် ..မင်းအမေခိုင်းနေတာ မကြားဘူးလား ..ပန်းကန်တွေသွားဆေးလေ .. ဘာရပ် လုပ်နေတာလဲ ..ငါ ..တယ် .. လုပ်လိုက်ရ "
ဖခင်ဖြစ်သူ ကိုမောင်ခိုင်က ဝမ်းခေါင်းသံကြီးနဲ့ထအော်လိုက်တာမို့ ဖိုးဇင်လဲလန့်ပြီးတော့ ပန်းကန်ဆေးတဲ့နားကို အမြန်သွားလိုက်တယ်။
~~~~~~~
" ဟဲ့ ...မိန်းမရွှင်မလေး မြန်မြန်လာစမ်း ....ငါ့မှာတော့ရေချိုးချင်လို့စောင့်နေတာ ဘယ်လောက်ကြာနေပြီလဲ ..နင်ကတော့ အလေလိုက်နေတယ်ပေါ့ ဟုတ်လား...လူကကြည့်တော့ အရွယ်မရောက်သေးဘူး ...ပိုးကထချင်နေတယ်ပေါ့လေ ....ကဲဟယ် ရွချင်အုံး... "
" ဂေါက်...ဂေါက် "
တပေါင်းငိုသံကိုကြားလိုက်ရတဲ့သူတွေထဲက မိန်းမတစ်ယောက်ကထပြောလိုက်တယ်။
" ဪ ....အေ...သူ့မလဲ ကလေးကထိန်းပေးရသေးတယ်မဟုတ်လား...အဝတ်လျှော်ထမင်းချက်ကလဲလုပ်ရသေးတယ်...အသက်ဆယ့်နှစ်နှစ်ဆိုတာတကယ်တော့ ဆော့ကောင်းတုန်းအရွယ်ပါအေ..သူ့ခမျာ သူ့အမေမြခက်ဆုံးသွားပြီး.....မိထွေးနဲ့နေရလို့ ဒီလိုတွေဖြစ်နေတာ..အိမ်ကဟာတွေ တပေါင်းကိုကြည့်ထားကြနော် ....နင်တို့တွေ ..ငါ့များေ*သရင် ဒီထက်ဆိုးမယ် "
မိန်းမကြီးက တပေါင်းအကြောင်းကိုပြောရင်းကနေ သူ့သားသမီးတွေကိုပါ လှမ်းပြောလိုက်တယ်။သူပြောမယ်ဆိုရင်လဲပြောချင်စရာပါပဲ။တပေါင်းရဲ့မိခင် မမြခက်ကလွန်ခဲ့တဲ့ငါးနှစ်ကျော်ကဆုံးသွားခဲ့တာ။မမြခက်ဆုံးသွားပြီးတော့ ဘာကြာလို့လဲ။ခြောက်လတောင်မပြည့်သေးဘူး။တပေါင်းရဲ့ဖခင်ကိုအောင်မင်းက နောက်မိန်းမဖြန်တဲ့ မသိန်းနုကိုအိမ်ပေါ်ခေါ်တင်လာတာ။နောက်မိန်းမအိမ်ပေါ်ခေါ်လာတော့လဲ ဘယ်သူကဘာပြောမှာလဲ။သူရှာကျွေးနိုင်လို့်သူခေါ်လာတာလေ။ရပ်ကွက်ထဲမှာ ကိုအောင်မင်းအမျိုးတွေရော၊မမြခက်အမျိုးတွေရောရှိကြပေမဲ့ မိဘတွေမရှိကြတော့ဘဲ မောင်နှမသားချင်းတွေပဲရှိတာဆိုတော့ ဒီကိစ္စကိုရေးကြီးခွင်ကျယ်လုပ်ပြီးပြောမနေကြတော့ဘူး။ကိုအောင်မင်းဆိုတာကလဲ မမြခက်မဆုံးခင်ကရော၊ဆုံးပြီးသွားတော့ရောငွေကြေအနည်းငယ်ချောင်လည်သူဖြစ်ပေမဲ့ နှစ်ဖက်ဆွေမျိုးတွေနဲ့ဆီလဲ အသွားအလာသိပ်လုပ်တဲ့သူမှမဟုတ်တာ။ဒီတော့လဲ ကိုအောင်မင်းဘာလုပ်လုပ်ပြောမဲ့သူရယ်လို့လဲမရှိဘူ။အခုဆိုရင် ကိုအောင်မင်းမှာနောက်မယားမသိန်းနုနဲ့ရတဲ့ကလေးမလေးတောင် အသက် (၂)နှစ်ပြည့်ပြီးပြီ။မယားကြီးနဲ့ရခဲ့တဲ့ နွေတပေါင်းခေါ်တပေါင်းကတော့ အသက်ဆယ့်နှစ်နှစ်ထဲရောက်လာခဲ့ပြီ။မိခင်ကြီးမရှိတော့ကတည်းက ဖခင်ရဲ့အရို/က်အနှက်ကိုခံပြီး ကြီးပြင်းလာခဲ့တဲ့တပေါင်းက တဖြည်းဖြည်းအရွယ်ရောက်မှန်းမသိရောက်လာခဲ့တယ်။
~~~~~~~~~~~
" တပေါင်းရယ် ..နင်လဲနေ့တိုင်းအရို*က်ခံနေရတယ်ဆို...ဘာလို့အဲ့ဒီလောက်အရိုက်ခံနေရတာလဲ ...ညည်းကသိန်းနုကိုအလုပ်ဝိုင်းမကူဘူးလားဟဲ့...သူ့မှာလဲ ဈေးလေးထဲမှာ ကုန်ခြောက်ဆိုင်တစ်ဖက်နဲ့ မဟုတ်လား.....ညည်းကဝိုင်းကူမှပေါ့ "
ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းကညီမငယ်လေးရဲ့လက်ကိုလှမ်းဆွဲထားလိုက်ပြီးမှ
" တပေါင်းလဲဝိုင်းကူလုပ်ပါတယ်ကြီးကြီးရဲ့....ထမင်းလဲချက်တယ်..အဝတ်လဲလျှော်တယ်...ညီမလေးကိုလဲထိန်းပေးပါတယ်...အိမ်သန့်ရှင်းရေးလဲ တပေါင်းပဲလုပ်တာပါ....ဒါပေမဲ့ အဖေအလုပ်ကပြန်လာရင်... ရိုက်စရာအကြောင်းကဘယ်လိုပေါ်လာလဲမသိဘူး...မနေ့ကတော့ ဟင်းကငန်သွားလို့တဲ့..ပြီးတော့ညီမလေးချော်လဲလို့တဲ့လေ ...."
" ဟုတ်လား...ညည်းကလဲကလေးထိန်းပါဆို..ကလေးကိုမကြည့်ဘူးလား "
" ကြည့်တာပေါ့ ကြီးကြီးရယ်....တပေါင်းမီးပူတွေတိုက်နေတုန်း ညီမလေးကအတင်းပြေးဆင်းသွားတာ...မီးပူတိုက်နေတာဆိုတော့ ချက်ချင်းလိုက်လို့်မရဘူးလေ...အဖေကတပေါင်းဘာလုပ်လုပ်ရိုက်ပဲရိုက်နေတာကြီးကြီးရဲ့...အရိုက်မခံရတဲ့နေ့ကိုမရှိဘူး .....ညီမလေးကိုထိန်းရင်းနဲ့တစ်ခါတလေသွားဆော့မိရင်လဲ ရို*က်တာပဲ...တပေါင်းကသမီးရင်းရောဟုတ်ရဲ့လားမသိဘူး...အမေသိန်းနုပြောသမျှစကားကိုဆိုရင် အဖေကယုံတယ်...တပေါင်းရှင်းပြရင်တော့လက်မခံဘူး...အဖေက သူ့မိန်းမကိုပဲ ပိုချစ်တာပါ "
ကြီးတော်ဖြစ်သူကို တပေါင်းခံစားနေရတာတွေကို ရင်ဖွင့်ပြောပြလိုက်မိတယ်။
" အမယ်လေးလေး မိတပေါင်း ...ဖအေကိုဘယ်လိုတွေပြောနေတာလဲ...မိဘကိုအဲ့ဒိလိုမပြောရဘူးဟဲ့ ငရဲကြီးလိမ့်မယ်...ဘာပဲဖြစ်ဖြစ်မိဘဟဲ့..မစော်ကားရဘူး...မိဘပြောစကားကိုသားသမီးကနာခံရမယ်...သားသမီး..ဆိုတာ မိဘပြောစကားကိုနားထောင်ရတယ်...မိဘကျေးဇူးဆိုတာဆပ်လို့မကုန်ဘူးအေ့...နောက်ကိုဒီလိုတွေလျှောက်မပြောရဘူးနော်...ကြားလား "
" ဟုတ်ကဲ့ပါ ကြီးကြီး "
ကြီးတော်ဖြစ်သူရဲ့စကားကြောင့် တပေါင်းမျက်နှာလေးကို ရှုံ့မဲ့လိုက်မိပြီးစိတ်ဓါတ်ကျသွားရတယ်။တပေါင်းနေ့တိုင်းအရို/က်ခံနေရလို့ ကြီးတော်ဖြစ်သူကများ ကူညီနိုင်မလားဆိုပြီး ဖွင့်ပြောမိကာမှ ပိုဆိုးသွားရတဲ့အဖြစ်။
" တပေါင်း ပြန်တော့မယ်နော် ကြီးကြီး "
" အေး..အေး..ပြန်တော့ ...ကြီးကြီးပြောတာကိုမမေ့နဲ့နော်...မိဘကိုမပြစ်မှားရဘူးကြားလား...."
" ဟုတ်ကဲ့ပါ ကြီးကြီး"
တပေါင်းခေါင်းငြိမ့်ပြလိုက်ပြီး ကြီးတော်ဖြစ်သူရဲ့ခြံထဲကထွက်ခဲ့လိုက်တယ်။ကြီးတော်မနှင်းက ဖခင်ဖြစ်သူရဲ့အစ်မဆိုတော့ သူ့မောင်ဘက်ကလိုက်ပြီးပြောပုံပင်။နောက်ရက်မှ မိခင်ဖြစ်သူရဲ့အစ်မကိုသွားတိုင်ဖို့ တွေးလိုက်တယ်။
" မမ ..ချီ...ချီ...မီးမီးညောင်းတယ် "
တပေါင်းကိုယ့်အတွေးနဲ့ကိုယ် အစီအစဉ်ချနေတုန်းမှာပဲ ညီမငယ်ဖြစ်သူရဲ့ အသံကြောင့် ညီမငယ်လေးကိုချီဖို့ပြင်လိုက်ရတယ်။
" အား..နာလိုက်တာ ..ကျွတ်..ကျွတ် "
အငယ်မလေးကို ကောက်ချီလိုက်ကာမှ ခါးနဲ့ကျောပြင်တစ်လျှောက်စူးအောင့်နာကျင်သွားတာမို့ တပေါင်းစုတ်သပ်ညည်းညူလိုက်မိတယ်။ဒါကမနေ့က အဖေကန်ထားလို့နာနေခဲ့တာ။တစ်နေ့တစ်နေ့ အရို*က်ခံရ၊ အကန်ခံရ အထုအနှ*က်ခံရတာတွေကြောင့် တပေါင်းတစ်ကိုယ်လုံးမှာဒဏ်ရာရယ်လို့ မရှိတဲ့နေရာကိုမရှိဘူး။ အကြောင်းအမျိုးမျိုးနဲ့ အရို*က်ခံနေရတာပဲ။ကုန်ကုန်ပြောရရင် အဖေနဲ့အမေသိန်းနုတို့ အဆင်မပြေဖြစ်နေချိန်မှာ
#ရင်တွင်းနာ
(အခန်းဆက်ဝတ္ထု)
အပိုင်း (၁)
akyiphyu
************
အခြေခံလူတန်းစားအများစုနေထိုင်ကြတဲ့ ရန်ကုန်မြို့ရဲ့ဆင်ခြေဖုံးရပ်ကွက်တစ်ခု။ရပ်ကွက်ဈေးလမ်းလေးက မနက်ငါးနာရီလောက်ကနေ ညဆယ်နာရီလောက်အထိ စည်ကားနေတတ်တဲ့နေရာ။ရပ်ကွက်ဈေးလေးဆိုပေမဲ့ ပဲပြုတ်သည်ကအစ သားငါးသည်တွေအဆုံး စည်ကားစုံလင်တဲ့ဈေးတန်းလေးဖြစ်တယ်။ဈေးလမ်းက ရပ်ကွက်ရဲ့လူစည်ကားရာလမ်းဆုံမှာဆိုတော့ တစ်နေကုန်ဖွင့်ထားကြတဲ့ ဆိုင်တွေလဲရှိတယ်။တစ်နေကုန်ဖွင့်တဲ့ဆိုင်တွေထဲမှာ ဖိုးဇင်တို့ဆိုင်လဲပါတယ်။ဖိုးဇင်တို့ဆိုင်က မုန့်ဟင်းခါး၊မုန်တီ၊အသုပ်၊တုပ်ထိုးစတဲ့ စားစရာတွေရောင်းတဲ့ဆိုင်။ဦးဆောင်လုပ်ကိုင်သူကတော့ ဖိုးဇင်တို့ရဲ့မိခင်ဖြစ်တဲ့မအေးလှိုင်။ဖိုးဇင်တို့မှာ မောင်နှမလေးယောက်ရှိတယ်။ဖိုးဇင်ကအကြီးဆုံး။သူ့အောက်မှာ ညီမလေးနဲ့ညီအငယ်နှစ်ယောက်ရှိတယ်။အခုဆိုရင် ဖိုးဇင်ကအသက်ဆယ့်နှစ်နှစ်ဆိုတော့ သူ့အောက်ကညီမလေးက အသက်ကိုးနှစ်၊နံပတ်သုံးညီလေးက အသက်ခြောက်နှစ်၊အငယ်ဆုံးလေးက သုံးနှစ်မပြည့်သေးဘူး။မိသားစုခြောက်ယောက်ရဲ့စားဝတ််နေရေးကို ဖခင်ဖြစ်သူကိုမောင်ခိုင်ကဆိုက်ကားနင်းတာရယ်၊မုန့်ဆိုင်ကရတဲ့ဝင်ငွေနဲ့ပဲဖြေရှင်းကြတာ။ဒါကြောင့်လဲ မုန့်ဆိုင်ကို မိုးလင်းကနေမိုးချုပ်ထိတစ်နေကုန်ရောင်းတယ်။တစ်နေကုန်ဆိုတော့ မိခင်ဖြစ်သူမအေးလှိုင်တစ်ယောက်တည်းတော့ တစ်နေကုန်ဆိုင်ဘယ်ထိုင်နိုင်ပါ့မလဲ။ဒီတော့လဲ ဖိုးဇင်ကပဲ မိခင်ရဲ့ကူဖော်လောင်
ဖက်ဖြစ်လာခဲ့ရတယ်။
ဖိုးဇင်က ထမင်းဇလုံကို ဝယ်သူတွေထိုင်စားကြတဲ့စားပွဲခုံပုလေးပေါ်တင်လိုက်ပြီး ထမင်းကို ချဉ်ရည်အနှစ်နီနီရဲရဲနဲ့အားရပါးရနယ်လိုက်တယ်။ထမင်းနဲ့စားဖို့အတွက် မနက်ကကျန်တဲ့ ဘူးသီးကြော်တစ်ခုကိုကောက်ယူလိုက်တယ်။ဘူးသီးကြော်က မုန့်ဟင်းခါးနဲ့ တွဲရောင်းတာ။မုန့်ဟင်းခါးက တစ်မနက်ပဲရောင်းတာဆိုတော့ အကြော်တွေပိုနေခဲ့ရင် ဖိုဇင်တို့ ထမင်းနဲ့စားရတယ်။ဒါကြောင့် ဖိုးဇင်တို့အတွက်ဟင်းရယ်လို့ သီးသန့်ချက်တဲ့နေ့ရယ်လို့ သိပ်မရှိဘူး။ ဖိုးဇင်ထမင်းစားနေရင်းနဲ့ ဖန်ဂေါ်လီပစ်တမ်းဆော့နေကြတဲ့ သူရတို့အုပ်စုကို ငေးကြည့်နေမိတယ်။ဖိုးဇင်အတွက် ဆော့ကစားချိန်ဆိုတာမရှိဘူး။ မိုးလင်းမိုးချုပ် မိခင်ဖြစ်သူကို ဝိုင်းကူနေရတယ်။ကလေးလဲ ကူထိန်းပေးရတယ်။တစ်နေ့တစ်နေ့ အလုပ်တွေပဲလုပ်နေခဲ့ရတာ။ကျောင်းပိတ်ရင် ဆော့ရမလို့ ထင်ထားခဲ့ရသမျှ။ကျောင်းပိတ်တော့မှ ဖိုးဇင်အတွက် အလုပ်တွေကတန်းစီနေတော့တာ။ကျောင်းတက်နေတုန်းကမှ ကျောင်းမုန့်စားဆင်းချိန်မှာ ခဏလောက် ဆော့ချိန်ရသေးတာလေ။
"ဖိုးဇင် ...ဟဲ့ကောင်လေး စားလို့မပြီးသေးဘူးလား ... ဒီမှာပန်းကန်တွေဆေးရအုံးမယ်ဟဲ့ "
ထမင်းစားနေတဲ့ သားဖြစ်သူကို မအေးလှိုင်စိတ်မရှည်နိုင်ဘဲ ထအော်လိုက်တယ်။မအေးလှိုင်အော်လိုက်ပေမဲ့ ဖိုးဇင်ကမကြားဘူး။လမ်းပေါ်မှာ ဆော့ကစားနေကြတဲ့ ကလေးတွေကို ဖိုးဇင်ငေးကြည့်ပြီး ထမင်းစားဖို့တောင်မေ့နေခဲ့တာ။လက်ကိုထမင်းဇလုံထဲမှာ တန်းလန်းချထားပြီး ကစားဝိုင်းကိုငေးနေမိတာ။
" ဖိုးဇင် ... tသနာလေး ...ခေါ် မကြားအော်မကြားနဲ့ ... ထမင်းစားတာ ဒီလောက်ကြာရလားဟဲ့...ကဲဟယ်..ကြာအုံး.. "
" ဘုံး...ဘုံး "
မအေးလှိုင်တစ်ယောက်စိတ်တိုတိုနဲ့ထလာပြီး ဖိုးဇင်လေးရဲ့ ကျောပြင်ကိုတဘုံးဘုံးမြည်အောင်ထု **ရို*က်ပစ်လိုက်တယ်။ထမင်းစားနေတုန်း အရို%က်ခံလိုက်ရတာမို့ ဖိုးဇင်လန့်ဖျပ်သွားရတယ်။
" စားနောက်သွားနောက် ..tသရင် အရင်tသမဲ့ဟာလေး ...ထမင်းစားတာ ဒီလောက်ကြာရလားဟဲ့....မစားနဲ့တော့ "
" ဘုံး ...ဘုံး "
မအေးလှိုင် မကျေမနပ် ထပ်ပြောလိုက်ရင်း ဖိုးဇင်ရဲ့ကျောပြင်ကို သုံးလေးချက်ဆင့်ရို%က်လိုက်ရင်း လက်မောင်းကနေ ဆွဲဆောင့်ပစ်လိုက်တယ်။
" သွား....ပန်းကန်တွေသွားဆေးတော့....နောက်ကို မြဲမြဲမှတ်ထား...ထမင်းကိုဇိမ်ဆွဲစားရင် ...ဒီထက်နာမယ်မှတ်...မအေက ...ကလေးတစ်ဖက်နဲ့ဈေးရောင်းနေတာကို ....ဝိုင်းကူဖို့မစဉ်းစားဘူး....လစ်တာနဲ့ဆော့ဖို့လောက်ပဲချောင်းနေတယ်...ဖိုးလုံးတို့ညီအစ်ကိုတွေဆိုရင်...ကျောင်းတောင်မတက်ရဘဲ ပလုံကောက်နေရတာနင်မြင်လား...နင့်ကိုအဲ့ဒီလိုခိုင်းစားရမလားပြော.....အရိပ်ထဲမှာနေပြီး ဝိုင်းလုပ်နေရတာကို မလုပ်ချင်ဘူး...အေး...အဲ့ဒီလိုကြပ်ကြပ်လုပ်သိလား...နင့်ကို ဖိုးလုံးတို့အုပ်စုနဲ့ပလုံလိုက်ကောက်ခိုင်းမှာ "
မအေးလှိုင်က သားဖြစ်သူကိုမကျေမချမ်းပြောဆိုလိုက်ပြီး မျက်စောင်းခဲကာကြည့်နေလိုက်တယ်။ဖိုးဇင်ကတော့ မျက်ရည်အရွှဲသားနဲ့ပန်းကန်တွေထိုင်ဆေးနေတယ်။
~~~~~~~~~~~~
" အမယ်လေး ကြော/*က်ပါပြီအဖေရဲ့ ...နောက်ကို အလုပ်တွေပြီအောင်လုပ်ပါ့မယ် ...အမေသိန်းနုကိုလဲဝိုင်းကူပါ့မယ် ...နာလှပါပြီ အဖေရဲ့..အီး..ဟီး..ဟီး "
နဂိုကဆူညံနေတဲ့ရပ်ကွက်လေးက တပေါင်းရဲ့ငိုသံခပ်စူးစူးကြောင့် ပိုပြီးဆူညံသွားခဲ့ပေမဲ့ ဘယ်သူကမှတပေါင်းရဲ့ငယ်သံပါအောင်အော်ငိုလိုက်တဲ့ငိုသံကို ဂရုမစိုက်ကြတော့ဘူး။နှစ်ချီအောင် မြင်ကြားနေခဲ့ရတဲ့ဒီအဖြစ်အပျက်တွေက သူတို့တွေအတွက်ရိုးနေခဲ့ပြီ။
"တပေါင်းဆိုတဲ့ဟာမလေးလဲ ထုလေမာလေငါးဖယ်ပဲ ....နေ့တိုင်းလုပ်နေရတဲ့အလုပ်တွေကိုတောင် သူ့မှာမပြီးဘူး "
LiKe & Comment & Share လေးတွေနဲ့ ကူညီပေးကြပါအုံးရှင်
ကလောင်နာမည်ဖျက်ပြီး Copy ယူခွင့်မပြုပါ
ခိုးယူသုံးစွဲခြင်းများ ခွင့်မပြုပါ
စာဖတ်သူများအားလုံးကို
ကျေးဇူးတင်ချစ်ခင်လျက်ပါ
A Kyi Phyu
#ဧကြည်ဖြူ
A Kyi Phyu
#ဧကြည်ဖြူ
28.8.2023
ကျွန်မကိုမျက်လုံးပြူးကြီးတွေနဲ့လှမ်းကြည့်နေတယ်။ ကျွန်မကတော့ အားလုံးရဲ့ အလယ်မှာ ခရီးဆောင်ကြီးကိုင်လို့ ဘာဆက်လုပ်ရမှန်းမသိဘူးဖြစ်နေမိတယ်။ကျွန်မတို့ရဲ့ မိသားစုရှင်းတမ်းကလဲ တိုးစည်သူကြောင့် တစ်ခန်းရပ်သွားတယ်။
"ဘယ်လိုလဲ သမီးလတ် .. သူတို့ဘက်က ကမ်းလှမ်းတဲ့ကိစ္စကို သမီးသဘောတူလား "
ကျွန်မ အဖေ့ကိုကြောင်ငေးငေးနဲ့ ကြည့်နေမိပြီးမှ ခေါင်းကို ငြိမ့်ပြလိုက်မိတယ်။
" ဟုတ် ..ဟုတ်ကဲ့ သမီး သဘောတူပါတယ် .. လူကြီး စုံရာနဲ့ လာတောင်းရင်လက်ခံပါမယ်လို့ ...သူ့ကိုသမီးပြောလိုက်မိပါတယ် "
ကျွန်မပြောပြီးတာနဲ့ ခေါင်းကိုငုံ့ထားလိုက်မိတယ်။ဒါက ရှက်တာလား။ ညီမလေး ဖူးငုံကို အားနာတာကြောင့်လားတော့ ကျွန်မကိုယ်တိုင်လဲမသိတော့ပါဘူး ။
" သမီးသဘောတူတယ်ဆိုရင် အဖေတို့လဲ လက်ခံပါတယ်သမီး ....တစ်ခုတော့ပြောပါရစေသမီးရယ် ..သမီးက အဖေတို့ရဲ့သမီးအရင်းပါကွယ် ...အဖေတို့သမီးကိုချစ်ပါတယ်... သမီးကိုစိမ်းကား သလို ပြုမူခဲ့မိတာတွေအတွက်...အဖေတောင်းပန်ပါတယ်ကွယ် ..သမီးအမေကလဲ သမီးကို သိပ်ချစ်ရှာတာပါပဲ သမီးရယ် ... သမီးကငယ်ငယ်ကတည်းက နို့ဆာရင်တောင်မတောင်းတတ်တဲ့ ကလေးဖြစ်ခဲ့တော့ ...အဖေတို့ဘက်က ပျက်ကွက်ခဲ့မိပါတယ်.... ဟော့ဒီမှာကြည့်ပါ သမီးရယ် ..အဖေနဲ့အမေကလေ သမီးရဲ့နောင်ရေးအတွက် စိတ်ပူမိလို့ ဘဏ်မှာသမီးအတွက်ငွေစုပေးထားပါတယ်ကွယ် .. ကျန်တဲ့ သားသမီးတွေက ... ပညာကိုယ်စီနဲ့မို့ သူတို့အတွက်အဖေတို့မပူခဲ့တာအမှန်ပါ ..သမီးလေးအပေါ် အဖေတို့ပစ်ထားခဲ့မိတာတွေအတွက် အဖေတို့ တောင်းပန်ပါတယ်ကွယ် ..သမီးက အဖေတို့ရဲ့သမီးအရင်းပါ ... သားကြီးနဲ့သမီးတို့လဲ ... သမီးလတ်အပေါ် ရိုင်းပျခဲ့တာတွေအတွက် တောင်းပန်လိုက်ကြပါအုံးကွယ် "
အဖေ့စကားအဆုံးမှာ ကျွန်မအမေ့ကို လှမ်းကြည့်မိတယ်။အမေက ခေါင်းကိုငုံ့ထားပြီး ငိုနေတာကိုမြင်ရတော့ ကျွန်မအမေ့နားမှာ သွားထိုင်လိုက်မိတယ်။
"အမေ "
ကျွန်မငိုသံပါကြီးနဲ့ ခေါ်လိုက်မိတော့ အမေကမော့ကြည့်လာတယ်။ပြီးတော့ ကျွန်မကိုလှမ်းဖက်လာတယ်။"အမေ " လို့ ကျွန်မကြည်ကြည်နူးနူးခေါ်လိုက်မိရင်း ပါးပြင်ပေါ်ကိုမျက်ရည်တွေ ပိုးပိုး ပေါက်ပေါက်စီးကျလာခဲ့မိတယ်။ရင်ထဲက နာကျင်မှုတွေအားလုံး ပိန်းကြာရွက်ပေါ်ရေမတင်သကဲ့သို့ လွင့်စင်ပျောက်ရှသွားကြတယ်။
~~~~~
"လာတောင်းဆိုတိုင်း လာတောင်းရလား .."
ကျွန်မ သူ့မျက်နှာကိုကြည့်ပြီး စူပုတ်ပုတ်နဲ့ ပြောလိုက်မိတယ်။ဟုတ်တယ်လေ သူက လူကြီးစုံရာနဲ့လာတောင်းချလိုက်တော့ နောက်လဆိုရင် ကျွန်မနဲ့သူ လက်ထပ်ရတော့မယ်လေ။ ကျွန်မအနှစ်နှစ်အလလ စိတ်ကူးယဉ်ခဲ့ရတဲ့ ချစ်သူဘ၀ကိုတစ်လပဲဖြတ်သန်းခွင့်ရတော့မှာမဟုတ်လား။
" လတ်ကလာတောင်းလို့ ပြောတော့ ...ကိုယ်လဲ မိဘတွေကို ဖွင့်ပြောပြီး တောင်းခိုင်းရတာပေါ့ကွာ ... တော်ကြာလတ် စိတ်ဆိုးသွားမှာကြောက်တယ်လေ ... ကိုယ်တို့နေဖို့အတွက် ကိုယ့်ရဲ့ခြံမှာပဲ... စီစဉ်ထားတယ် ..လတ်သဘောကျရဲ့လားဟင်.. လတ်သဘောမကျရင်လဲ နေချင်တဲ့နေရာကို ပြောနော် ..ကိုယ်စီစဉ်ပေးမယ် "
သူက ကျွန်မလက်ကို ကိုင်ပြီး တိုးဖွဖွပြောလာတယ်။
"ရပါတယ် ..နေတာကဘယ်နေရာပဲဖြစ်ဖြစ်ပါ .. ရှင် ကျွန်မကိုတော့ အနိုင်မကျင့်မနှိမ်ဘူးမဟုတ်လားကိုတိုးစည်သူ "
" ဟာ ..လတ်ရယ် ဘယ်လိုပြောလိုက်တာလဲ ..ချစ်လွန်းလို့ မနည်းရအောင်လိုက်ကပ်ထားရတာကိုကွာ ... လတ်ကိုယ့်ကို စောင့်ကြည့်လိုက်ပါ .."
"အင်း ..ပြီးတော့ ရှင့်ကိုမေးရအုံးမယ် ... ကျွန်မလိုရုပ်ဆိုးမကို ဘာလို့ကြိုက်တာလဲပြော "
" ဟာ..မေးခွန်းကခက်လိုက်တာကွာ ...ကိုယ့်မျက်လုံးထဲမှာတော့ ... လတ်ကမျက်လုံးပြူးလေးနဲ့အရမ်းချစ်စရာကောင်းနေတာပဲမြင်တယ်...တကယ်ပြောတာ လတ်ကိုစတွေ့လိုက်ကတည်းက ...ကိုယ့်စိတ်ထဲမှာ ရင်းနှီးနေခဲ့တာ..ပြီးတော့ တစ်နေ့မှာလတ်က ကိုယ့်ရဲ့ချစ်သူဖြစ်လာလိမ့်မယ်လို့လဲ စိတ်ထဲကတွေးလိုက်မိတာ .. လတ်ကရော ကိုယ့်ကိုချစ်တယ်မဟုတ်လားဟင် "
ကျွန်မသူ့ကို ခေါင်းလေး ငြိမ့်ပြလိုက်မိတယ်။သူက ကျွန်မ ပခုံးလေးကိုဖက်လိုက်ပြီး
"ပျော်လိုက်တာလတ်ရယ်..ကိုယ့်ဘ၀မှာ လတ်နဲ့ဆုံတွေ့ခဲ့ရတာကိုအကြည်နူးဆုံး ..အပျော်ရွှင်ဆုံးပဲ ..လတ်က ရောကိုယ့်ကို ဘာလို့ချစ်တာလဲဟင် "
သူ့အမေးကြောင့် ကျွန်မ ပြုံးလိုက်မိပြီး
"ရှင့်ကိုပန်းပေးခဲ့မိလို့ ချစ်တာပေါ့ " လို့ ဖြေလိုက်မိတယ်။ကျွန်မရဲ့ အဖြေကိုကြားတော့ သူက ကျွန်မနဖူးလေးကိုရှိုက်နမ်းလိုက်ပြီး " လတ်ပန်းမပေးခင်ကတည်းက..ကိုယ်က အရှုံးပေးပြီးသားပါလတ်ရယ် ' တဲ့လေ။ ကျွန်မကြည်နူးစွာပြုံးလိုက်မိပြီး သူ့လက်ဖဝါးလေးကို တင်းတင်းဆုပ်ကိုင်လိုက်မိတယ်။ပြီးတော့ တစ်ချိန်လုံး ကျွန်မ ရှာဖွေနေခဲ့ရတဲ့ သူ့မျက်နှာလေးကို မျက်တောင်မခတ်ဘဲ ငေးကြည့်နေမိတယ်။သူက ကျွန်မပါးပြင်တွေကိုအနမ်းတွေပေးလာခဲ့တယ်။ အခုတော့ဖြူပိတ်ပိတ် ကျွန်မရဲ့ အိပ်မက်ကြီးက နေရောင်လရောင်ကြယ်ရောင်တွေနဲ့ လင်းလက်တောက်ပနေခဲ့ပါပြီ....။...။
......ပြီးပါပြီ ......
ဖတ်ရှုပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါတယ်ရှင်
စာဖတ်ခ ၁၀၀၀ကျပ် ပေးသွင်းလိုသူများအတွက်
ပေးသွင်းရမည့် အကောင့်များမှာ
KPay
09773745413
Lai Lai Win
Wave
09773745413
Lae Lae Win ဖြစ်ပါတယ်
အားလုံးကိုကျေးဇူးအထူးတင်ပါတယ်ရှင်
တစ်မိသားစုလုံးက ..မိလတ်ကို အထင်သေးပြီးနှိမ်ခဲ့ကြတာမဟုတ်လား... ဒီမိသားစုရဲ့ကျေးဇူးတွေကို မိလတ် ဘယ်တော့မှမမေ့ပါဘူး ... မိလတ်ကို သွားခွင့်ပြုပါတော့ ..."
ကျွန်မပြောပြီးတာနဲ့ အိတ်ကိုဆွဲပြီးထရပ်လိုက်တယ်။ ကျွန်မရင်ထဲက နာကျင်မှုတွေကို ဖွင့်ထုတ်လိုက်ရလို့ ရင်ထဲက တင်းကြပ်နေတာတွေလဲ ပြေလျော့သွားခဲ့ရပါပြီ။
"သမီးလတ် ပြန်ထိုင်စမ်း...မိဘတွေပြောတာကို ..မနာခံဘဲဘာလို့ ပြောချင်ရာပြောနေရတာလဲ ..ပြီးတော့ အိမ်မှာဘာပြဿနာတွေဖြစ်နေတာလဲ ရီရီ ... အားလုံးအမှန်အတိုင်းပြောကြစမ်း "
အဖေ့ရဲ့အသံက ဟိန်းထွက်လာတယ်။တစ်အိမ်လုံးတိတ်ဆိတ်နေတယ်။
"ရီရီမင်းပြောလေ..သမီးလတ် ပြောပုံအရဆိုရင် ..ဒီပြဿနာကို မင်းသိမှာပဲ ..သမီးတွေ ဘာပြဿနာဖြစ်ကြတာလဲ .. "
အဖေ့ရဲ့ ဒုတိယအကြိမ်မြောက်မေးသံအဆုံးမှာ အမေက ငိုသံသဲ့သဲ့နဲ့ ဖြစ်ကြောင်းကုန်စင်ကို မိသားစုတွေရှေ့မှာ ပြောပြနေတယ်။အမေ့ရဲ့စကားအဆုံးမှာ အဖေကမျက်နှာကြီးနီးမြန်းသွားပြီး သမီးတွေကို ကြည့်တယ်။
" ဟုတ်ပြီ ဒါဆိုရင် .... အဖေမေးမယ်...မိလတ်က မောင်မျိုးဇော်နဲ့ မောင်တိုးစည်သူကို အရင်စကားလိုက်ပြောခဲ့တာလား `
ကျွန်မအဖေ့ကို မော့ကြည့်လိုက်ပြီး တစ်လုံးချင်းဖြေရှင်းလိုက်တယ်။
"ကိုမျိုးဇော် စပြီးလာတဲ့နေ့တုန်းကတော့ ..သမီး အသိနဲ့တူလို့ သမီးစကားအရင်သွားပြောခဲ့ပါတယ်... နောက်တော့ ဒါကိုဖူးငုံက မကြိုက်မှန်းသိလို့ ရှောင်လိုက်ပါတယ်...နောက်တစ်ကြိမ်ကိုမျိုးဇော်လာတော့... တိုးစည်သူပါလာခဲ့ပြီး... မမျှော်လင့်ဘဲ စကားပြောဖြစ်ခဲ့ပါတယ်..ဒါက လဲ သူကအရင်လာပြောတာပါ...နောက်ပိုင်းတွေမှာ တိုးစည်သူက ..သမီးဈေးသွားရင် ကားနဲ့လာစောင့်နေပြီး... လမ်းကြုံလို့ဆိုပြီး အိမ်ကိုပြန်ပို့ပေးတတ်ပါတယ်..ဒါကိုလဲ ဖူးငုံမကြိုက်မှန်းသိလို့ သမီးရှောင်လိုက်ပါတယ်... ဈေးကိုတောင် မနက်ဘက်မသွားတော့ဘဲ... ညနေဈေးပဲသွားတော့တာပါ ..ဒါပေမဲ့ တိုးစည်သူက သမီးကိုရအောင်လာတွေ့ပြီး ချစ်စကားပြောပါတယ်... တိုးစည်သူနဲ့ပတ်သက်တာကို အမေနဲ့ ဖူးငုံတို့က မကြိုက်မှန်းသိလို့ ...တိုးစည်သူကို သမီးလက်ခံစကားမပြောတော့ဘဲ....ကျွန်မကိုသဘောကျရင် ..ရှင့်မိဘတွေနဲ့ လာတောင်းလို့တော့ပြောလိုက်မိပါတယ် ... သူတို့ကို သမီးဘက်က အတင်းလိုက်ကပ်လိုက်ရောတာမျိုးတွေ မလုပ်ခဲ့ပါဘူး "
ကျွန်မရဲ့စကားအဆုံးမှာ တစ်အိမ်သားလုံးပါးစပ်အဟောင်းသားတွေနဲ့ ကျွန်မကို ကြည့်နေခဲ့ကြတယ်။အဖေက အတန်ကြာအောင် ငြိမ်သက်နေပြီးမှ
"သမီးငယ် ... အဖေ့ကို အမှန်တိုင်းပြောစမ်း...မောင်တိုးစည်သူနဲ့ သမီးဘယ်လိုပတ်သက်လဲ .. အလုပ်ကိစ္စပဲ ပတ်သက်တာလား...အဲ့ဒီထက်ပိုတာလား...အဖေ့သမီးတွေက အမှန်ကိုပဲပြောကြလိမ့်မယ်ဆိုတာ အဖေယုံတယ် "
အဖေ့ရဲ့အမေးကို ဖူးငုံထွေးက ချက်ချင်းပြန်မဖြေဘဲ အတော်လေးကြာမှ ခေါင်းမော့ကြည့်လာခဲ့တယ်။
"သ..သမီးတို့...အလုပ်ကိစ္စနဲ့ ပတ်သက်ရုံပါအဖေ "
"ဟုတ်ပြီလေ.... ဒါဆို သူ့ဘက်က သမီးအပေါ်မှာမရိုးမသား အပြုအမူတွေ များပြုမူနေတာတွေရှိလား..."
"ဟို .ဟို ..အဲ့ဒီလိုလဲမရှိပါဘူး အဖေ ..သမီးတို့က မလတ်ကိုတားတယ်ဆိုတာက ..ကိုတိုးစည်သူက..ပညာတတ်သူဋ္ဌေးသားမို့ ..မလတ်ကို အထင်သေးပြီးကျောရရုံကြံသွားမှာစိုးလို့ တားမြစ်ခဲ့မိတာပါ အဖေ "
ဖူးငုံးထွေးရဲ့ စကားအဆုံးမှာ အဖေကဘာမှမပြောဘဲ ခေတ္တမျှ တိတ်ဆိတ်သွားတယ်။ပြီးတော့မှ အားလုံးဘက်ကို လှည့်လိုက်ပြီး
"သားတို့သမီးတို့ရော ..တကယ်ပဲ သမီးလတ်ကိုမွေးစားသမီးလို့ ထင်ခဲ့ကြလို့ ..အဲ့ဒီလိုတွေ ဆက်ဆံခဲ့ကြတာလား .."
အားလုံးက တစ်ပြိုင်တည်းလိုလို ခေါင်းကို ခါယမ်းလိုက်ကြတယ် ။ ဒီအချိန်မှာပဲ အဖေ့ရဲ့ဖုန်းကထမြည်လာခဲ့တယ်။အဖေက ဖုန်းကို ကောက်ကိုင်လိုက်တယ်။
"ဟယ်လိုအမိန့်ရှိပါခင်ဗျာ ..."
တစ်ဖက်က ဘာတွေပြောနေသည်မသိ။အဖေက ငြိမ်သက်ကာ နားထောင်နေပြီးမှ ပြန်ပြောသံကို ကြားလိုက်ရတယ်။
"ကျုပ်မိသားစုနဲ့ ဆွေးနွေးလိုက်ပါအုံးမယ် ကိုအောင်နိုင်...အကြောင်းပြန်ပေးပါမယ် "
အဖေက ဖုန်းကိုချလိုက်ပြီးတော့ ကျွန်မကိုလှမ်းကြည့်တယ်။ပြီးတော့ အမေ့ကိုကြည့်လိုက်ပြီး
" ရီရီ ..ကိုအောင်နိုင်ဖုန်းဆက်တာလေ...ကိုအောင်နိုင်ကိုသိတယ်မဟုတ်လား ..မင်္ဂလာကိစ္စအကျိုးဆောင်ရှေ့နေကြီးလေ "
" ဟုတ်ကဲ့ သိပါတယ်အစ်ကို ..ဘာဖြစ်လို့လဲဟင် "
" အင်း ..မောင်တိုးစည်သူရဲ့ အဖေဦးတိုးဝင်းမိသားစုက ... သူ့ကိုအကျိုးဆောင်ခိုင်းလိုက်လို့ပါတဲ့လေ ... သူတို့က ကိုယ်တို့ရဲ့သမီးလတ်လတ်နွယ်ကို ...သူတို့သားအတွက် လူကြီးစုံရာနဲ့ လာရောက် နားဖောက်တောင်းရမ်းချင်လို့ပါတဲ့...မင်းသဘောတူလား ရီရီ ...ကိုယ်တော့ သမီးရဲ့သဘောပါပဲ "
"ရှင် "
အမေနဲ့ကျွန်မအပါအဝင် အားလုံး ပါးစပ်အဟောင်းသားနဲ့ ဖြစ်သွားကြတယ်။အမေက မယုံကြည်နိုင်စွာ အဖေ့ကိုထပ်မေးနေတယ်။မမခင်လေးနံ့ အငယ်မက တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး နှုတ်ခမ်းတွေကိုက်ပြီး ငြိမ်သက်နေကြတာကို တွေ့ရတယ် ။တိုးစည်သူဆိုတာ ဘယ်သူမှန်းမသိသေးတဲ့ကိုကိုကြီးက မမခင်လေးကို လှမ်းမေးလိုက်တာ ကိုတွေ့ရတယ်။ ဒီအခါမှာ မမခင်လေးက စားပွဲခုံပေါ်မှာရှိတဲ့ ဖူးငုံရဲ့အိတ်ထဲက လိပ်စာကတ် တစ်ခုကို ရှာဖွေယူလိုက်ပြီး ကိုကိုကြီးကို ပြနေတယ်။ကိုကိုကြီးက လိပ်စာကတ်ကိုယူကြည့်ပြီး
#အလတ်မလေး
အပိုင်း ၅ (ဇာတ်သိမ်းပိုင်း)
akyiphyu
*****
"ရီရီ ..ဒါ ဘာတွေဖြစ်နေကြတာလဲ "
အဖေက အံ့ဩတကြီးမေးရင်း ကျွန်မနားကို ရောက်လာခဲ့တယ်။ပြီးတော့ ကျွန်မဘေးမှာထိုင်ချလိုက်တယ်။
"လတ်လတ် သမီးဘာဖြစ်နေကြတာလဲ "
အခန်းက တိတ်ဆိတ်နေတယ်။အမေ့ဆီက ဘာသံမှ ထွက်မလာသေးခင်မှာ ကျွန်မအဖေ့ကို မော့ကြည့်လိုက်မိပြီး
"သမီးကို ဒီအိမ်ကထွက်သွားခွင့်ပြုပါအဖေ...ဒီအရွယ်ထိ သမီးကို ကျွေးမွေးစောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် အဖေ...ဒီကျေးဇူးတွေကို အခွင့်အခါရတာနဲ့ ချက်ချင်းလာဆပ်ပေးပါ့မယ် အဖေ...အခုတော့ သမီးထွက်သွားပါတော့မယ်.
"လတ်လတ် သမီး...ဘာတွေ ပြောနေတာလဲ.....ရီရီဘာတွေဖြစ်နေလဲ ပြောစမ်းပါအုံး "
ဒုတိယအကြိမ်မြောက်အဖေ့ရဲ့မေးသံအဆုံးမှာ အမေ့ဆီက စကားသံတွေ ထွက်လာခဲ့တယ်။
"ရှင့်သမီးက ..သူက ကျွန်မတို့ရဲ့မွေးစားသမီးမို့ ..ဒီအိမ်ကထွက်သွားခွင့်ပြုပေးပါတဲ့လေ "
"ဘာကွ ..ဘယ်လို "
အဖေ့ဆီက အံ့ဩ ထိတ်လန့်သွားဟန် အသံကြီးထွက်ပေါ်လာခဲ့ပြီး အဖေ့ရဲ့ လက်က ကျွန်မရဲ့ပခုံးပေါ်ကို ရောက်လာခဲ့တယ် ။
"သမီးလတ် ဘာတွေဖြစ်နေတာလဲ.... ကလေးလဲ မဟုတ်တော့ဘဲ ..ဘာတွေ ပေါက်ကရလုပ်နေတာလဲ "
ကျွန်မအဖေ့မျက်နှာကို စေ့စေ့ကြည့်လိုက်မိပြီး
"ဟုတ်ပါတယ် အဖေ...ကလေးတုန်းကတော့ ...သမီးကို လူမှားခေါ်လာခဲ့တယ်ဆိုတဲ့ စကားကို ... အမျိုးတွေက စတယ်ပဲထင်ခဲ့မိတာပါ...အခု ကြီးလာတော့မှ ဒီစကားက အမှန်ဖြစ်နေနိုင်မှန်းသိခဲ့ရတာပါ...သမီးကြောင့် အဖေတို့ စိတ်ညစ်ခဲ့ရတာတွေ အတွက်လဲ တောင်းပန်ပါတယ်...သမီးဘဝတစ်လျှောက်လုံးမှာ အနှိမ်ခံပြီးနေလာခဲ့ရတာပါ...ရုပ်မချောတာ ..... ပညာမှာထူးချွန်မှုမရှိတာတွေက သမီးလုပ်ယူဖန်တီးခဲ့တဲ့ အရာတွေမဟုတ်ပါဘူး.....ဒီအပြစ်တွေအတွက်လဲ..သမီးသိမ်ငယ်စွာ အမြဲနေခဲ့ပါတယ်...ပညာမှာ ထူးချွန်အောင် မကြိုးစားပေးနိုင်ခဲ့လို့ .. အိမ်အလုပ်တွေမှာ တာဝန်ကျေအောင် လုပ်ဆောင်ပေးခဲ့ပါတယ် ...ဒါပေမဲ့အဖေနဲ့အမေရယ် ..ညီကိုမောင်နှမတွေဆီက ..တူညီတဲ့ချစ်ခြင်းမေတ္တာကို မရရှိခဲ့ပါဘူး...အဖေတိုအမေတို့တွေက ... မမနဲ့ အငယ်မ အတွက်ရွှေတွေတစ်ကိုယ်စာ ဆင်ပေးခဲ့ကြပေမဲ့ ..သမီးအတွက်တော့ နားကပ်ဖူးလေးတစ်ရံပဲဝယ်ပေးခဲ့ကတည်းက သမီးသိခဲ့ပါတယ်... အဝတ်အစားအသစ်တစ်စုံလောက်လိုချင်လို ပူဆာမိရင် ...မမ၀တ်ပြီးသားကိုပဲ ရတာပါ ...သမီးအလုပ်အကိုင် အဆင်ပြေရဲ့လားလို့လဲ အဖေတစ်ခါမှ မမေးခဲ့ဖူးပါဘူး ... သမီးတို့မိသားစုတွေ အပျော်ခရီးထွက်ရင်တောင်..သမီးက အထုပ်ဆွဲ ...စားဖို့သောက်ဖို့ ပြင်ပေးဖို့ အဖော်လိုက်ပေးခဲ့ရတာပါ...အိမ်ကိုဘယ်သူ့ဧည့်သည်လာလာ...သမီးကို မိသားစုဝင်တစ်ယောက်လို ဘယ်သူမှ မိတ်ဆက်မပေးခဲ့ကြပါဘူး...အဖေတို့ရဲ့မိသားစုစကားဝိုင်းမှာ ..သမီးကအချိုပွဲပြင်ပေးရုံကလွဲလို့ ... ဝင်ပါခွင့်မရှိတဲ့သူပါ...ကိုကိုကြီးမင်္ဂလာဆောင်တုန်းကလဲ ...မမနဲ့ အငယ်မကိုပဲ သားသမီ အဖြစ်ပွဲထုတ်ခဲ့ကြတာပါ ."
"ဘာတွေဖြစ်နေကြတာလဲ အမေတို့ "
ကိုကိုကြီးအကြောင်း ရောက်လာတာမို့ ထင်ပါရဲ့။ ကိုကိုကြီးတို့ မိသားစုလဲရောက်လာခဲ့တယ်။အလုပ်ပိတ်ရက်ဆိုတော့လဲ မိသားစုတွေ ပိုစုံသွားကြတာပေါ့။ ဒီအခြေအနေကို ရောက်မှတော့လဲ ကျွန်မအတွက်မထူးတော့ပြီမို့ ခံစားခဲ့ရသမျှကို ရင်ဖွင့်ထုတ်ပစ်ဖို့ ဆုံးဖြတ်လိုက်ရပါတော့တယ်။မမခင်လေးက ကိုကိုကြီးတို့ကို အသံတိုးတိုးနဲ့ အကြောင်းစုံ ရှင်းပြနေဟန်တူတယ်။
"မိလတ် အရူးမ ... မိဘတွေ စိတ်ဆင်းရဲအောင်...ဘာတွေရူးတူးတူးပေါတောတော လုပ်နေတာလဲ....တယ်..ငါလုပ်လိုက်လို့ `
ကိုကိုကြီးက လက်ကို ရွယ်လိုက်တယ်။
"ရိုက်ချင်လဲရိုက်ပါ ကိုကိုကြီး ..အမြဲရိုက်နေကြပဲ မဟုတ်လား...ကိုကိုကြီးကနေအစဖူးငုံထွေးအထိ...မိလတ်အမြဲ သည်းခံပေးခဲ့တာပါ ... အကြီးတွေမို့ပြန်မပြောနဲ့ ...အငယ်မို့ ညှာရမယ်ဆိုတဲ့ ...အမေတို့ရဲ့ စကားကို မိလတ်အမြဲနာခံခဲ့တာပါ...ကိုကိုကြီးတို့ရဲ့ အဝတ်အစားကအစ ဖိနပ် အထိ...မိလတ်လျှော်ဖွပ်တိုက်ချွတ်ပေးခဲ့တာပါ...ဒါပေမဲ့ ကိုကိုကြီးတို့တွေ မိလတ်အဝတ်တစ်ထည်ကို လျှော်ပေးဖို့နေနေသာသာ ... မိလတ်ကို ကျေးဇူးတင်စကားတောင် ပြောခဲ့ကြဖူးလို့လား...မသိရင် ဒီအလုပ်ဒီတာဝန်တွေက ..မိလတ်ရဲ့တာဝန်တွေပဲလို့ ထင်မှတ်ခဲ့ကြတာမဟုတ်လား..မိလတ်ကို အိမ်အကူတစ်ယောက်လိုပဲ ထင်ခဲ့ကြတာမဟုတ်လား...မိသားစုလိုက် ဈေးဝယ်ထွက်တဲ့အခါတွေမှာရော မိလတ်ကိုခေါ်ခဲ့ကြဖူးလို့လား ...ဒါတွေကပြောပလောက်တဲ့ အပြုအမူတွေ.မဟုတ်ဘူးဆိုပေမဲ့ ...မိလက်အတွက်တော့ နာကျင်ခံစားခဲ့ရတာတွေပါ....မိသားစုဆွေမျိုးတွေ စုံချိန်တိုင်းမှာ ...မိလတ်တစ်ယောက်တည်း အပယ်ခံဖြစ်ခဲ့ရတာပါ...ဒါပေမဲ့မိသားစုကိုချစ်တဲ့စိတ်နဲ့ ...မိလတ်ဒါတွေကို သည်းခံပြီးနေခဲ့ပါတယ်...အခုတော့ မမနဲ့ အငယ်မက ... မိလတ်ကို လင်တရူးမတဲ့လေ... သူတို့မိတ်ဆွေတွေကို မိလတ်ကအတင်းလိုက်ကပ်နေတာတဲ့...ဒီစကားတွေကို အမေကပါယုံကြည်ပြီး ...မိလတ်ကို အညာသားတစ်ယောက်နဲ့ ပေးစားပြီး... အညာကိုထည့်လွှတ်လိုက်ဖို့ စီစဉ်နေတာကို မိလတ်ရင်နာလို့မဆုံးပါဘူး ...အခုတော့ အားလုံးကို မိလတ်သဘောပေါက်သွားပါပြီ..မိလတ်က ဒီအိမ်ရဲ့သွေးသားရင်းချာ တစ်ယောက်မဟုတ်နိုင်ဘူးလေ.... ဒါကြောင့်မို့လဲ ဖူးငုံကအစ ...
" မိ ..မိလတ် ..ညည်း..ညည်းဘာတွေပြောနေတာလဲ .."
အမေကအံ့ဩတကြီးနဲ့ ပြန်မေးနေတယ်။ကျွန်မကတော့ (၂၇) နှစ်လုံးလုံးမျိုသိပ်ထားခဲ့တဲ့ ခံစားချက်တွေကို ရင်ထဲကဖွင့်ထုတ်နေမိတယ်။အခုပြောနေတဲ့ စကားတွေက ကျွန်မရင်ထဲကလာတဲ့ နောက်ဆုံးသောခံစားချက်တွေပါပဲ။နာကျင်နေခဲ့ရတဲ့ နှလုံးသားက ကျွန်မကို အဝေးဆုံးကိုပြောင်းပြေးသွားဖို့ ဆုံးဖြတ်ချက်ကို ပိုပြီးခိုင်မာစေခဲ့ပြီလေ။ ကျွန်မနဲ့အမေစကားပြောနေချိန်မှာပဲ မခင်လေးနဲ့ဖူးငုံတို့ရှေ့ဆင့်နောက်ဆင့်ဆိုသလို အောက်ထပ်ကို ဆင်းလာခဲ့ကြတယ်။သူတို့နှစ်ယောက်က ကြမ်းပြင်မှာ ဒူးထောက်ထိုင်နေတဲ့ ကျွန်မကို အံ့ဩသလိုကြည့်နေကြတယ်။
"အစကတော့ ဘယ်သူမှမသိအောင်.. သမီးထွက်သွားမလို့ပါ အမေ ..ဒါပေမဲ့ ဒီလိုလုပ်သွားရင် အမေတို့ကျေးဇူးတွေကို စော်ကားသလိုဖြစ်မှာစိုးလို့ပါ ...ဒီနေ့ပဲပစ္စည်းတွေကို အကုန်ရှင်းပြီးသွားပါပြီ...ကျွန်မထွက်သွားပါတော့မယ် ... မမလေးခင်လေးနဲ့ မမလေးဖူးငုံပေါ်မှာ ရိုင်းခဲ့မိတာတွေအတွက်လဲ တောင်းပန်ပါတယ်ရှင် ... ကျွန်မလဲ ကိုယ့်ကိုယ်ကိုယ်သမီးအရင်းပဲထင်မိလို့ ဆိုးခဲ့မိတာပါ ..အားလုံးကိုတောင်းပန်ပါတယ် ....ဒီအထုပ်ထဲမှာ ကျွန်မ စက်ချုပ်လို့ရတဲ့ငွေနဲ့ ဝယ်ထားတဲ့ အဝတ်အစားတွေနဲ့ စက်ချုပ်ပြီး စုထားတဲ့ငွေတွေပဲ ယူသွားတာပါ "
"အ ..အမေ...မိလတ်ဘာတွေ ပြောနေတာလဲ "
ခင်လေးနွယ်က အလန့်တကြားနဲ့ မိခင်ကို မေးလိုက်တယ်။
"မိလတ် အရူးမ...နင့်ကို ငါ့ဝမ်းနဲ့လွယ်မွေးထားတာဟဲ့ သိရဲ့လား .... အကြီးမ နင့်အဖေကိုဖုန်းဆက်ခေါ်စမ်း...ဒီအရူးမဘာတွေအရူးထနေတာလဲမသိဘူး ...မအေကိုရင်ကွဲအောင်လုပ်နေတာ"
အမေကအငိုသံကြီးနဲ့ ပြောတယ် ကျွန်မကတော့ မျက်ရည်မကျတော့ဘဲ အံကိုတင်းတင်းကြိတ်ထားမိတယ်။
@@@@@@@@@@@@@@@
အပိုင်း(၅) ဇာတ်သိမ်းပိုင်းဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
* ဇာတ်သိမ်းပိုင်းကို မနက်စောစောတင်ပါမယ်ရှင် *
ကျွန်မရဲ့ စကားမဆုံးခင်မှာပဲ ဘယ်အချိန်က ရောက်လာမှန်းမသိတဲ့ အမေ့ရဲ့လက်ဝါးက ကျွန်မပါးပြင်ပေါ်ကို ခပ်ကြမ်းကြမ်းကျရောက်လာခဲ့ပြီး အမေ့နှုတ်ကနေ ဒေါသတကြီးနဲ့ဆူပူပြောဆိုသံ ထွက်လာခဲ့တယ်။
" မိလတ်...ညည်း..ညည်းဘယ်လိုပြောလိုက်တာလဲ...ဘယ်လိုအဆင့်အတန်းမရှိတဲ့ စကားတွေကိုပြောလိုက်တာလဲ ..ညီအစ်မချင်းတွေကို ယောကျာ်းတစ်ယောက်အတွက် အဲ့ဒီလောက်ပြောရလား ..အခုချက်ချင်း ညည်း အစ်မနဲ့ညီမကို ပြန်တောင်းပန်လိုက်စမ်း "
" သမီးမမှားလို့ မတောင်းပန်နိုင်ပါဘူး အမေ "
" အေး ..မတောင်းပန်ချင်ရင် ..အိမ်မှာမနေနဲ့နင်သွားချင်ရာကိုသွားတော့ "
အမေ့ရဲ့ ဒေါသတကြီး အော်ဟစ်ပြောဆိုသံကို ကျောခိုင်းပြီး ကျွန်မပြေးထွက်လာခဲ့လိုက်တယ်။ အရိုက်ခံလိုက်ရတာက ပါးပြင်ဆိုပေမဲ့ နာကျင်သွားတာက နှလုံးသားပါ။ နာကျင်ရလွန်းလို့ မျက်ရည်ကျဖို့ တောင်မေ့နေခဲ့မိတယ်လေ။
~~~~
"ရှင်..ရှင်..ဘာလာလုပ်တာလဲ ကိုတိုးစည်သူ..."
ခြံဝမှာရပ်နေတဲ့ သူ့ကို ကျွန်မအထိတ်တလန့်မေးလိုက်မိတယ်။
"လတ်လတ်ကို တွေ့ချင်လို့ပါ...မနေ့ကမနက်ကလဲ ဈေးသွားတဲ့လမ်းမှာစောင့်နေခဲ့တာ...ဒီနေ့တော့ရအောင်တွေ့မယ်ဆိုပြီး အိမ်ထိလိုက်လာခဲ့တာပါ "
" ဒီမှာ ကိုတိုးစည်သူ ..ရှင်နဲ့ ကျွန်မကြားမှာ ဘာမှမပတ်သက်ဘူးလေ...ကျွန်မတို့ တွေ့စရာ အကြောင်းလဲမရှိပါဘူး "
ကျွန်မအပြတ်ပြောပစ်လိုက်တယ်။
"မဟုတ်ဘူး လတ်လတ် .. ကျွန်တော်တို့ တွေ့ရမဲ့ အကြောင်းရှိပါတယ်... ကျွန်တော်လတ်လတ်ကိုချစ်တယ် ..."
ကျွန်မသူ့ကို ဖျတ်ခနဲ ကြည့်လိုက်မိတယ်။
"ကျွန်မကိုချစ်တယ်ဟုတ်လား...ကျွန်မကိုချစ်တယ် ပြောပြီး ..ညီမလေးဖူးငုံကို အချိန်မှန်လာတွေ့နေတာပေါ့ ဟုတ်လား."
"ဟာ ..လတ်လတ်အထင်မှားနေပြီ...ဖူးငုံဆီကို လာတယ်ဆိုတာက ... ကျွန်တော်နဲ့မျိုးဇော် စပ်တူလုပ်ထားတဲ့ အလုပ်တစ်ခုမှာ....တစ်ဖက်ကန်ထရိုက်က မူမမှန်လို့ တရားစွဲဖို့လုပ်နေလို့ လာနေရတာပါ ..မယုံရင် ဖူးငုံကိုရော ... မျိုးဇော်ကိုရောမေးကြည့်လို့ရပါတယ် "
" အို .. ဘာမှလာမပြောနဲ့မသိဘူး...ရှင်ကျွန်မကိုတကယ်ချစ်တယ်ဆိုရင် ..လူကြီးစုံရာနဲ့ လာတောင်းလေ "
" တ..တကယ်လားလတ်လတ် ..တ..တကယ်နော် "
"ရှင်သာလာတောင်းရဲရင် ... ကျွန်မလက်ခံမှာပါ ... တစ်ခုတော့ရှိတယ် ..ရှင့်မိဘ အကြီးအကဲတွေနဲ့ လာတောင်းပါ ... အခုတော့ ပြန်ပါတော့နော် ... ကျွန်မထပ်ပြီး အရှက်မကွဲချင်တော့လို့ပါ "
သူလဲပြောချင်ရာပြော ကျွန်မလဲပြောချင်ရာပြောပြီး ခြံတံခါးကိုပြန်ပိတ်ပစ်လိုက်တယ်။
~~~~~~~
"အားလုံးကို ကျွန်မတောင်းပန်ပါတယ်ရှင် ...တကယ်လို့.တစ်နေရာရာမှာလုပ်ငန်း ပြန်စဖြစ်တာနဲ့ ဖုန်းဆက်ပြီးအကြောင်းကြားပါ့မယ်နော်...."
စက်ချုပ်သမားတွေအားလုံး စိတ်မကောင်းဖြစ်နေကြတယ်။ကျွန်မကတော့ ချုပ်ပြီးသားအထည်တွေကို စက်ရုံကို ပို့လိုက်ပြီးနေရာပြောင်းမှာမို့ တစ်ပတ်လောက်စက်ချုပ်နားမဲ့ အကြောင်းကိုပြောခဲ့လိုက်တယ်။
~~~~~~
တစ်ညလုံးအိပ်ရာထဲမှာ တလူးလူးတလိမ့်လိမ့်နဲ့ ရှိနေခဲ့ပြီး မိုးလင်းတာနဲ့အဖေ့အလစ်ကို ချောင်းနေခဲ့မိတယ်။ကံကောင်းချင်တာလား၊ ကံဆိုးချင်တာလားတော့ မသိဘူး။ အဖေ့က က အပြင်ထွက်သွားခဲ့တော့ ကျွန်မပြောချင်တာတွေ ပြောဖို့ အခွင့်အရေးရခဲ့ပြီလေ။ဒီလို ပြောဖို့အတွက် တစ်ပတ်လုံးလုံးကျွန်မအဆင်သင့်ပြင်ဆင်ခဲ့ပြီး နာနာကျင်ကျင်နဲ့ဆုံးဖြတ်ခဲ့ရတာပါ။
"အမေ .. သမီးစကားနည်းနည်း လောက်ပြောချင်လို့ပါ ..အချိန်ခဏလောက်ပေးပါနော် "
အမေက ကျွန်မကို မော့ကြည့်လာတယ်။အမေ့မျက်နှာက တင်းမာခက်ထန်နေ တယ်။ကျွန်မအမေ့ရှေ့မှာ ဒူးထောက်ပြီးထိုင်ချလိုက်တယ်။
"ဖြစ်ခဲ့သမျှကိစ္စတွေအားလုံးအတွက် ... သမီးတောင်းပန်ပါတယ်အမေ ....ဟိုတစ်နေ့က ကိစ္စကလဲသမီးလဲရှက်လွန်းလို့ ပြောလိုက်မိတာပါ...မမခင်လေးနဲ့ မမလေးဖူးငုံကိုလဲ သမီးတောင်းပန်ပါ့မယ် ....သမီးကိုလူမှားပြီး ခေါ်လာခဲ့ကြပေမဲ့ ...သမီးအရင်းလိုသဘောထားပြီး ..ဒီအရွယ်ထိရောက်အောင် ကျွေးမွေးစောင့်ရှောက်ပေးခဲ့တာတွေအတွက်လဲ ဒီကျေးဇူးတွေကိုမမေ့ပါဘူးရှင် "
ကျွန်မပြောနေတာတွေကို အမေက မျက်လုံးအပြူးသားနဲ့ နားထောင်နေပြီမှ
"ဟဲ့ ..မိလတ်နင်ဘာစကားတွေ ပြောနေတာလဲ .. ညည်းကိုငါ့ဝမ်းနဲ့ငါကိုယ်တိုင်လွယ်မွေးခဲ့တာဟဲ့ ...ဘာကိုလူမှားပြီး ခေါ်ခဲ့တာလဲ "
" အခုချိန်မှတော့ အမေ ဘယ်လိုပြောပြော သမီးမယုံတော့ပါဘူးအမေ...သမီးကအမေတို့နဲ့ ရုပ်လဲမတူဘူး...ပြီးတော့ အဖေကလဲသမီးကို ဂရုမစိုက်သလို ..အမေကလဲ သမီးကိုအမြဲနှိမ်ခဲ့တာလေ .. ကိုကိုကြီးလဲဒီအတိုင်းပါပဲ ...မမခင်လေးနဲ့မမလေးဖူးငုံကိုပဲချစ်တာပါ ... ကျွန်မကိုတော့ သူ့ခိုင်းဖက်လို့ပဲ သဘောထားခဲ့တာပါ ... အခုဒါတွေအားလုံးကို သမီးနားလည်သွားပြီမို့ အားလုံးကို သမီးကပဲ တောင်းပန်ပါတယ် အမေ...သမီးအနေနဲ့ အမေတို့ကို ကျေးဇူးကန်းတာမဟုတ်ပေမဲ့ .. ဒီမှာဆက်နေဖို့ မဖြစ်နိုင်တော့တာမို့ ... အမေတို့ရဲ့အိမ်ကနေ ပြောင်းသွားပေးပါ့မယ်...
သမီးပြောင်းသွားခဲ့ရင်လဲ ...မမခင်လေးမ၀တ်ချင်လို့ ပေးထားတဲ့အဝတ်အစားတွေအားလုံး ပြန်ပေးခဲ့ပါ့မယ် ..အမေဆင်ပေးထားတဲ့ နားကပ်လေးလဲ ထားခဲ့ပါ့မယ် ..ပြီးတော့အမေဝယ်ပေးထားတဲ့ အပ်ချုပ်စက်လေးကိုလဲ ထားခဲ့ပါ့မယ် "
#အလတ်မလေး
အပိုင်း ၄
akyiphyu
*****
"ဘယ်လိုမေးလိုက်တာလဲ မိလတ်ရယ် ....မိန်းခလေးဆိုတာ ပြင်ပြင်ဆင်ဆင်တော့ ရှိရတာပေါ့ကွယ်..ဟိုက ညစ်တီးညစ်စုတ်ကြီးမြင်ရင် သဘောကျပါမလား "
" ဟုတ်ကဲ့ပါ အမေရယ် ...သမီး စဉ်းစားလိုက်ပါအုံးမယ်နော်.... "
" မိဘကစီမံပေးတာကို ညည်းကဘာစဉ်းစားစရာလိုလို့လဲ....မျိုးရိုးကောင်းသူဋ္ဌေးသားကိုရဖို့က လွယ်တယ်ထင်လို့လား "
" တော်ပါတော့ အမေရယ် ..သမီးဘဝလဲတန်ဖိုးတစ်စက်မှ မရှိတော့သလိုပါပဲ "
ကျွန်မတိုးတိတ်စွာပဲ ပြောလိုက်မိတယ်။
~~~~~
"အဖေ "
ကျွန်မအဖေ့ကို ခေါ်လိုက်တော့ အဖေကအံ့ဩဟန်နဲ့မော့ကြည့်လာတယ်။ကျွန်မအဖေ့ရဲ့ ဝေယျာဝစ္စတွေကို အမြဲ လုပ်ပေးနေခဲ့ပေမဲ့ အဖေနဲ့ စကားကောင်းကောင်းမပြောဖြစ်ခဲ့တာကြာပြီလေ။ ကျွန်မ လက်ထဲမှာပါလာတဲ တိုက်ပုံအင်္ကျီထုပ်လေးကို အဖေ့လက်ထဲထည့်ပေးလိုက်တယ်။
"သမီး အထည်တွေသွားပို့ရင်းနဲ့ အဖေ့အတွက် တိုက်ပုံအင်္ကျီဝယ်လာခဲ့လိုက်တာ ....အဖေကြိုက်ပါ့မလားတော့ မသိဘူး "
အဖေက အင်္ကျီထုပ်ကို လှမ်းယူရင်းနဲ့ ကျွန်မကိုသေချာကြည့်တယ်။ပြီးတော့ အင်္ကျီကို ၀တ်ကြည့်တယ်။အင်္ကျီက အပိုအလိုမရှိကွက်တိပဲ။
"သမီးတစ်ယောက်ပဲ ..အဖေ့ကိုယ်တိုင်းအမှန်ကိုသိတာပဲ "
အဖေ့ရဲ့ချီးကျူးစကားကြောင့် ကျွန်မရင်ထဲမှာ ကြည်နူးသွားမိတယ်။
"အဖေကတရားသူကြီးဆိုတော့ ...သမီမေးခွန်းတစ်ခုလောက်မေးချင်တယ် အဖေ "
" အမယ် ..ငါ့သမီးက အင်္ကျီဝယ်ပေးပြီး ..မေးခွန်းမေးတာပေါ့လေ ..ကဲ ...ဘာမေးမှာလဲမေးလေ "
"ဟို ..ဒီလိုပါအဖေ..သမီးကလေ.. အဖေနဲ့အမေ့လိုလဲမချောဘူး ..အဖေ့လိုလဲ ဉာဏ်ရည်မထက်ဘူး ....အဲ့ဒါသမီးကို တကယ်ပဲ ...ဘုရားပွဲဈေးကလူမှားပြီးခေါ်လာခဲ့တာများလားလို့ပါ အဖေရယ် "
" တယ် ..ဒီကောင်မလေး ဘာများလဲလို့ ..ဖအေကို လာပြောင်နေတယ် ... ညည်းအသက်က (၁၇)နှစ်မဟုတ်ဘူးနော် ..(၂၇) နှစ်သိရဲ့လား ... ငါရိုက်လိုက်လို..သွားတော့ ..သွား..သွား "
" ဟုတ်ကဲ့ပါ အဖေ .. သမီးက မွေးစားသမီးဖြစ်လဲ ...အဖေနဲ့အမေ့ကိုချစ်ပါတယ်နော် "
ကျွန်မပြောပြီးတာနဲ့ စာကြည့်ခန်းထဲက ထွက်လာခဲ့လိုက်တယ်။ရင်ထဲမှာလဲ တလှိုက်လှိုက်နဲ့ ဝမ်းနည်းနေမိတယ်။
~~~~
"လတ်လတ် "
အိမ်ထဲကို ကျွန်မဝင်လိုက်ချိန်မှာ တိုးစည်သူကိုတွေ့လိုက်ရတော့ ရုတ်တရက်လန့်ဖျပ်သွားမိပြီး မီးဖိုခန်းထဲကိုဝင်ပြေးဖို့ ကြိုးစားလိုက်မိတယ်။ဒါပေမဲ့ ကျွန်မနောက်ကျသွားမိတယ်။
"လတ်လတ် ကျွန်တော့်ကိုမခင်ချင်ဘူးလားဟင် ... လတ်လတ် ကြည့်ရတာ ..ကျွန်တော့်ကို ရှောင်နေသလိုပဲ ..မနက်ဘက် ဈေးသွားတာလဲ မတွေ့ဘူး "
သူကအသံခပ်တိုးတိုးနဲ့ ပြောလာတော့ ကျွန်မခပ်ယဲ့ယဲ့ပြုံးလိုက်မိတယ်။
"ကိုတိုးစည်သူနဲ့ကျွန်မက .. အခြေအနေချင်းမတူလို့ပါရှင် ..ကိုတိုးစည်သူက ပညာတတ်သူဌေးသားပါ ... ကျွန်မကတော့ ဖူးငုံတို့မိဘတွေက မွေးစားထားတဲ့ ပညာမတတ် ဘာမတတ်တဲ့သူပါ...အဖေနဲ့အမေ့ကျေးဇူးကြောင့် ကျွန်မဘ၀ ဒီလောက်တောက်ပြောင်နေတာ ပါ ...ဒါကြောင့် ကျွန်မကိုမခင်ချင်ပါနဲ့ "
မဟုတ်တာတွေရော၊ဟုတ်တာတွေရော ကျွန်မပြောပစ်လိုက်တယ်။ယောက်ျားတွေကြောင့် အနှိမ်ခံအပြောခံနေရတဲ့ဘ၀ကိုလဲ ကျွန်မတကယ်စိတ်ပျက်နေပါပြီ။
" လတ်လတ်ရယ် ... ဘာတွေ ပြောနေတာလဲဗျာ ... ကျွန်တော်ကလတ်လတ်ကိုခင်တာပါ .. ကျန်တဲ့ကိစ္စတွေကို ဘာမှစိတ်မဝင်စားပါဘူးဗျာ ....မှန်တာပြောရရင် ... ကျွန်တော်ပထမဆုံး လာခဲ့တုန်းက ... ခြံတံခါးလာဖွင့်ပေးတဲ့လတ်လတ်ကို ...မြင်မြင်ချင်းမှာပဲ ..."
"ဆောရီနော် ..ကိုတိုးစည်သူ ...ဖူးငုံနည်းနည်းလေးနောက်ကျသွားတယ်... "
အသံနဲ့အတူအနားကို ရောက်လာတဲ့ ဖူးငုံကြောင့် တိုးစည်သူရဲ့ စကားအဆုံးမသတ်ခင်မှာပဲ ရပ်တန့်သွားခဲ့ရတယ်။ ကျွန်မလဲ သူတို့နားကနေ ခပ်မြန်မြန်ထွက်လာခဲ့လိုက်တယ်။ရင်ထဲမှာလဲ တလှပ်လှပ်နဲ့ခုန်လှုပ်နေခဲ့ပြီး "ကျွန်မ ရှင့်ကိုမချစ်ရဲပါဘူး ကိုတိုးစည်သူရယ်"လို့ ရေရွတ်လိုက်မိတယ်။တကယ်ပဲ ကျွန်မတို့က အခြေအနေတွေမတူကြဘူး မဟုတ်လား။
~~~~
"လူလစ်တာနဲ့ စကား၀င်ပြောမယ်ဆိုတာချည်းပဲ ..မလတ်မရှက်တတ်ဘူးလား ... အရှက်မရှိဘူးလား "
" နင်မမိုက်ရိုင်းနဲ့ ဖူးငုံ ...ငါက သူရောက်နေမှန်းမသိလို့ ..အိမ်ထဲဝင်လာခဲ့မိတာ .. ပြီးတော့ သူကအရင်စကားလာပြောတာ ..ငါပြောတာမဟုတ်ဘူး ..."
"မိလတ်ရယ် ....နင်ကလဲနင်ပဲ ... တိုးစည်သူက ဖူးငုံကို စိတ်ဝင်စားနေမှန်းသိသိနဲ့ ဘာလို့ သူ့ကိုအတင်းလိုက်ရောနေရ တာလဲ ....ညီမရဲ့ချစ်သူကို နင် အတင်းလိုက်ရောနေတာကို မရှက်ဘူးလား "
မခင်လေးရဲ့အသံကခပ်စွာစွာပေါ်ထွက်လာခဲ့တယ်။ကျွန်မ တော်တော်လေးကို စိတ်တိုနေတာမို့ မခင်လေးကို ပြန်အော်ပစ်လိုက်မိတယ်။
"မမခင်က ဘာတွေသိလို့ ဝင်ပြောနေရတာလဲ ..ဖူးငုံနဲ့ တိုးစည်သူက ကြိုက်နေကြပြီလား ပြောပါအုံး ...တိုးစည်သူက ဖူးငုံကို ကြိုက်တယ်လို့ပြောပြီးပြီတဲ့လား ... ဘာမှမသိကြဘဲ ကိုယ်ထင်ရာကိုတွေးနေပြောနေတဲ့ မမခင်တို့ ညီအစ်မကမှ ... သိက္ခာမရှိဘဲလင်တရူးနေကြတာ သိရဲ့လား.... "
" ဖြန်း "
အခန်းထဲက စကားသံတွေကိုနားထောင်ပြီး ကျွန်မစိတ်တိုတိုနဲ့ လက်ထဲမှာပါလာတဲ့ အဝတ်ခြင်းကို အခန်းရှေ့က လမ်းလယ်ခေါင်မှာ ချပစ်ခဲ့လိုက်တယ်။အလကားအစုတ်ပလုတ်ညီအစ်မတွေ။ပညာတတ်မှ ညီအစ်မတော် ချင်တဲ့သူတွေ။ ကျွန်မက အတန်းပညာမတတ်ပေမဲ့ အသက်မွေးဝမ်းကျောင်း ပညာ တတ်တာကို သူတို့မေ့နေကြပုံရတယ်။တစ်ချိန်မှာ ကျွန်မလဲ အထည်ချုပ်စက်ရုံပိုင်ရှင်ကြီးဖြစ်လာနိုင်တာကို သူတို့ စဉ်းစားမိကြပုံမရဘူး။
~~~~~
"မိလတ်ခဏထိုင်အုံး..."
အမေ့ဆီကို နွားနို့သွားပို့ချိန်မှာ အမေ့ကနုညံ့ချိုသာတဲ့ အသံလေးနဲ့ ပြောလာခဲ့တယ်။ကျွန်မအမေ့ဘေးမှာ ဝင်ထိုင်လိုက်တယ်။
''ဟုတ်ကဲ့ အမေပြောပါ "
" အင်း.. ဒီမှာ ..ဓါတ်ပုံကို ကြည့်ပါအုံး "
အမေပေးတဲ့ ဓါတ်ပုံကို ကျွန်မယောင်ဝါးဝါးနဲ့ ယူကြည့်လိုက်မိတော့ ဓါတ်ပုံထဲမှာ အသက်လေးဆယ်အရွယ် ယောကျာ်းတစ်ယောက်ကို တွေ့လိုက်ရတယ်။ အသားမည်းမည်း နဖူးပြောင်ပြောင်နဲ့ ပုံကို ကြည့်ပြီး ကျွန်မအမေ့ကို မေးလိုက်မိတယ်။
"ဘယ်သူ့ပုံလဲ အမေ ... အညာကအမျိုးတွေလား "
" အင်း ..အညာဘက်ကတော့ ဟုတ်တယ် ..အမျိုးတွေတော့ မဟုတ်ပါဘူး .. သူ့နာမည်က မောင်ထွန်းမင်းတဲ့ ..အသက်ကသုံးဆယ့်ရှစ်နှစ်...တစ်ဦးတည်းသောသားလေ .... တောသူဌေးတွေပေါ့ ...ဆန်စက်တွေလဲပိုင်တယ် ..မကြာခင်မှာ ဘုရင့်နောင်မှာပွဲရုံဖွင့်မယ်လို့လဲပြောတယ် "
" ဟုတ်ကဲ့ အမေ ... ချမ်းသာသားပဲနော် ... ဒါနဲ့ ဘာလို့ အဲ့ဒါတွေ သမီးကိုပြောနေရတာလဲ အမေ "
ကျွန်မနားမလည်နိုင်ဘဲ မေးလိုက်မိတယ်။
"အင်း .. သူကသမီးကို သဘောကျလို့ လက်ထပ်ချင်လို့တဲ့လေ "
"ရှင် ... သူက သမီးကိုဘယ် လိုတွေ့သွားလို့ ...သဘောကျသွားရတာလဲအမေ "
ကျွန်မနားမလည်နိုင်စွာ မေးလိုက်မိတယ်။
''ဟိုလေ ....အညာက သမီးအဖေအမျိုးတွေက ..သမီးဓါတ်ပုံကို ပြလိုက်လို့တဲ့လေ .. အဲ့ဒါ ရှေ့လကုန်မှာ ..သူရန်ကုန်ကို လာလိမ့်မယ် ..ပြီးရင်အမေတို့ အိမ်မှာတည်းမှာ ... သမီးကောင်းကောင်းမွန်မွန် ဧည့်ခံပေးလိုက်ပေါ့ ....သမီးရဲ့လုပ်ပုံကိုင်ပုံတွေကိုမြင်ရင် ..မောင်ထွန်းမင်းက သဘောကျမှာပါကွယ် ..သူကအလိမ္မာအိမ်ပါ လေးကို လိုချင်တာတဲ့လေ "
"ရှင် "
ကျွန်မအမေ့ကို အံ့ဩစွာနဲ့ကြည့်နေမိတယ်။အမေပြောနေပုံက ကျွန်မကပဲလင်သိပ်လိုချင်နေတဲ့ပုံမျိုးဖြစ်နေပါရောလား။
" အ ..အဖေရော သိလားအမေ...အဖေ ဘာပြောသေးလဲဟင် "
ကျွန်မအလောတကြီးမေးလိုက်မိတယ်။
"သမီး အဖေကလဲသဘောတူပါတယ်ကွယ် ..သမီးလေးယောကျာ်းကောင်းကောင်းမွန်မွန်နဲ့ရမှာကို ..သူလဲ သဘောကျနေတယ်လေ "
" ဪ ..အမေရယ် " လို့သာ ကျွန်မနှုတ်က တိုးတိုးလေး ရေရွတ်လိုက်မိတော့တယ်။သမီးတွေချင်းတူတူတောင် ကျွန်မအပေါ် ရက်စက်လိုက်တာအမေရယ်လို့ပဲကျွန်မတွေးလိုက်မိပါတော့တယ်။
" အကြီးမနဲ့အငယ်မကြားမှာ ..အမေ့သမီးမျက်နှာငယ်ရတာ ..အားငယ်နေရတာကို အမေမတွေ့ချင်ဘူးမိလတ်... ကိုယ်နဲ့ တူညီတဲ့သူပဲ ကောင်းပါတယ် သမီးရယ် ...အဆင့်ကျော်လှမ်းရင် ပင်ပန်းပါတယ်ကွယ် ..ကဲ... ရောဒီမှာ အမေမုန့်ဖိုးပေးတာ ...အဲ့ဒီငွေနဲ့ မြန်မာဆန်ဆန်၀တ်စုံသုံးလေးစုံချုပ် လိုက် .. ပြီးတော့ ဒီမှာ အလှပြင်ဆိုင်လိပ်စာကတ်...သမီးဆံပင်တွေကိုသွား ကောက်ရမယ်...ဒါတွေအားလုံးကို မောင်ထွန်းမင်းရောက်မလာခင်အပြီးလုပ်ထားနော် သမီး "
ပြောပြီးတာနဲ့ အမေက နွားနို့ဖန်ခွက်ကို ယူသောက်လိုက်တယ်။ ကျွန်မ အမေ့မျက်နှာကို စေ့စေ့ကြည့်ပြီး မေးလိုက်မိတယ်။
"အမေ .. သမီးအရမ်းရုပ်ဆိုးနေတာလားဟင် .. ယောက်ျားတစ်ယောက်ရဖို့အတွက် .. အလှတွေပြင်ရမှာလားဟင်.."
@@@@@@@@@@@@@@
အပိုင်း (၄ ) ဆက်ရန်
A Kyi Phyu
#ဧကြည်ဖြူ
