cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Kyimyindaing Networks

ပြည်သူနှင့်အတူ - KMD18 Kyimyindaing Scout Channel - KSC ကြည့်မြင်တိုင်မြို.နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ. Contact 📌 @Skrillex191

Ko'proq ko'rsatish
Reklama postlari
10 525
Obunachilar
+2224 soatlar
+1767 kunlar
+60530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

နိုင်ငံတကာက မိတ်ဆွေတွေနဲ့ ပြောဖြစ်တဲ့ကိစ္စလေး တခုရှိတယ်။ အဲ့ဒါက လွန်ခဲ့တဲ့သုံးနှစ်မှာ စစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ် တဲ့လုပ်ရပ်တွေက နေ့စဉ်နဲ့အမျှဖြစ်ပျက်နေတော့ ဒါတွေကို ဖြစိရိုးဖြစ်စဉ်သဘောလို့ ထင်လာကြတာ။ ထင်လာ ကြတော့ နောက်ပိုင်းမှာ ဒီလိုဖြစ်စဉ်တွေကို သိပ်အလေးမ ထားတော့ပဲ normalization လုပ်လာကြတာ။ စိတ်ပညာရှင် တွေကတော့ desensitization လို့ခေါ်မလားမသိဘူး။ ဆိုးရွားလှတဲ့အနိဌာရုံလုပ်ရပ်တွေကို ကြုံရဖန်များလာတော့ စိတ်က ထုံပြီးဟုံသွားတာမျိုးပေါ့။ အဲ့ဒီအတွက် အဲ့ဒီလိုဖြစ်ရပ်တွေနဲ့ပတ်သက်ပြီး ထူးပြီးမပြောကြတော့ဘူး။ ပြောရင်တောင် ဒီလူတွေကတော့ ဒါမျိုးလုပ်မှာပဲလေ ဆိုတာမျိုးဖြစ်လာမယ်။ အဲ့ဒါရဲ့နောက်ဆက် တွဲကတော့ လူမဆန်တဲ့ရက်စက်ကြမ်းကြုတ်မှုတွေဟာ ဖြစ်ရိုးဖြစ်စဉ်သဘောလိုဖြစ်လာတယ်။ ဘာတွေ ဘယ် လောက်ပဲကျူးလွန်၊ ကျူးလွန် ပြစ်ဒဏ်ကင်းလွတ်နိုင်တယ် ဆိုတဲ့အသိ immunity ပိုအားကောင်းလာတယ်။ ဒီတော့ ရက်စက်ကြမ်းကြုတ်တဲ့လုပ်ရပ်တွေကို ပိုလို့ပိုလို့တောင် ကျူးလွန်လာကြတယ်။ တချို့ကတော့ ဒီကောင်တွေ ဒါမျိုးလုပ်တာကိုတော့ အားလုံးသိနေတာပဲ။ ထူးပြီး ပြောနေစရာမရှိတော့ပါဘူးဆိုတာမျိုးလည်းရှိတယ်။ အင်မတန်မှ စိုးရိမ်စရာကောင်းတဲ့ စဉ်းစားပုံပါပဲ။ လူသား မျိုးနွယ်ကို အန္တရာယ်ပြုနေတဲ့ရက်စက်ကြမ်းကြုတ်မှုတွေ ကို လက်မခံဘူးဆိုရင် ဖြစ်ရပ်တိုင်း ဖြစ်ရပ်တိုင်းကို နှုတ် ဆိတ်နေလို့မရဘူး။ စမန်သာပါဝဲလ်ပြောဖူးတဲ့
“Silence in the fact of Atrocity is acquiescence”
ဆိုတာ အရေးကြီးတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေကို တွေ့ကြုံရတဲ့အခါ နှုတ်ဆိတ်နေတာဟာ ဒါဟာ သဘောတူရာရောက်ပါတယ်။ ဒီတော့ သူတို့ကိုတော့ ထူးပြီးမပြောတော့ဘူး။ အားလုံးသိ နေတာပဲဆိုတဲ့ စဉ်းစားပုံဟာ အင်မတန်မှ အန္တရာယ်များပါ တယ်။ ✍️Ko Ye #KyimyindaingNetworks
Hammasini ko'rsatish...
💯 6👍 3❤‍🔥 1 1
00:06
Video unavailableShow in Telegram
အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၁၄ရက် ရှိပြီဖြစ်
မေလ 2️⃣9️⃣ရက် ပြည်သူများ၏ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုများကို မလိုက် လျောသလို ဆန္ဒပြသူများအား စစ် ကောင်စီတပ်များက အကြမ်းဖက်ဖမ်းဆီးခြင်း၊ ရက်ရက်စက်စက် သေနတ်ဖြင့်ပစ်သတ်ဖြတ်ခြင်းများပြုလုပ်ခဲ့သည်။ ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုမှုကို လျစ်လျူရှုပြီး ဆန္ဒပြသူများကို  အကြမ်းဖက်သတ်ဖြတ်လာသဖြင့် ပြည်သူများက စစ်ပညာသင်ယူပြီး လက်နက်ဆွဲကိုင်၍ စစ် ကောင်စီကို ခုခံ တော်လှန်စစ်ဆင်နွှ နေကြသည်။ တစ်ချိန်တည်းတွင် ပြည်သူများက စစ်အာဏာရှင်ဖြုတ်ချ ရေး ငြိမ်းချမ်းစွာဆန္ဒထုတ် ဖော်မှုများကို ပုံစံမျိုးစုံဖြင့် ပြုလုပ် နေဆဲဖြစ်သလို စစ်တပ်ထွက်ကုန်များကိုလည်း သပိတ် မှောက် နေကြသည်။ #KyimyindaingNetworks #KyimyindaingScoutChannel
Hammasini ko'rsatish...
👍 2❤‍🔥 2🫡 2🔥 1
Hammasini ko'rsatish...
စာသလို့မကုန် လာသမျှ အကုန်သေပါတယ် အဘ (172) #seinthee #revolution #စိန်သီး #myanmar

မင်္ဂလာပါ မြန်မာ ပြည်သူပြည်သားများ အခုလို ကာလ ဆိုးကြီးမှာ ကျန်းကျန်းမာမာနင့် ‌ဘေးရန်ခက်သိမ်း ကင်းကြပါစေ။

6
Hammasini ko'rsatish...
ပထမဦးဆုံးတိုင်းစစ်ဌာနချုပ်ကြီးကို သိမ်းနိုင်မဲ့အဖွဲ့ဖြစ်လာနိုင်သော AAနဲ့KIA

ပြည်သူ့အားမာန်ငါတို့အသံအစီအစဥ်ကနေ ယခုနောက်ဆုံး မြစ်ကြီးနားဌာနချုပ်ကွက်ကွက်လေးသာကျန်တော့တဲ့ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အကြောင်းနဲ့ ရခိုင် အမ်းတိုင်းစစ်ဌာနချုပ်ကြီးကို ဝိုင်းရံတိုက်ခိုက်နေတဲ့ AA တပ်ဖွဲ့တို့အကြောင်းသာမက ချင်းပြည်နယ်က ညီကိုတွေရဲ့အားတက်ဖွယ်တော်လှန်ရေးအကြောင်းတွေကိုပြောထားပါတယ်ဗျ.... #KIA #BBM #ရခိုင် #AA

👍 3🫡 2❤‍🔥 1
Photo unavailableShow in Telegram
🔄မြန်မာနိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံး
မေလ 🔤🔤ရက် မြန်မာနိုင်ငံတစ်ဝန်း မေလ ၂၈ ရက်နေ့ ရရှိထားသော အချက်အလက် များအရ အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာ ကွယ်ရေး တပ်ဖွဲ့များ၏ ထုတ်ပြန်ချက်နှင့်ပြောဆိုချက် များ အရ သိရှိရသည်။ ရန်ကုန်ခေတ်သစ်အနေဖြင့် နေ့စဉ် စစ်သား သေဆုံးမှု စာရင်းများကို ထုတ်ပြန် ရာတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များနှင့် ပြောဆိုချက် များကို စုစည်းဖော် ပြရခြင်းဖြစ်ပြီး မြေပြင် အခြေအနေတွင် အမှန်တကယ် အကြမ်းဖက်စစ်သားများ သေဆုံးမှု ရှိ၊ မရှိ ကွင်းဆင်း အတည်ပြုနိုင်ခြင်း မရှိသည်ကို သိစေအပ်ပါသည်။ #KhitThitMedia #KyimyindaingNetworks
Hammasini ko'rsatish...
👍 3🫡 2❤‍🔥 1👏 1
00:48
Video unavailableShow in Telegram
The News of 🔤🔤🔤🔤🔤🔤
မေလ 2️⃣8️⃣ရက် 📍ရန်ကုန် ©အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၆၀ ကျပ်အထိ စံချိန်တင် စျေးတက်လာသဖြင့် ရွှေစျေးနှုန်းမှာ ၅၃ သိန်း ၇သောင်းအထိ စံချိန်တင် စျေးထိုးတက် ■မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမရတော့၍ ရွှေစျေးကွက် တွင် မီးလင်းရွှေ ထုတ်ရောင်းသူနည်းပါးနေပြီး ဝယ်လိုသူအလွန်များပြား ➡️မြန်မာ့စီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာစျေးနှုန်းသည် စံချိန်တင် စျေးမြင့်တက်နေပြီး အမေရိကန်တစ်ဒေါ်လာလျှင် မြန်မာကျပ်ငွေ ၄၃၆၀ ကျပ်အထိ စံချိန်တင် စျေးနှုန်းမြင့်တက်သွားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ အမေရိကန်ဒေါ်လာတန်ဖိုးမြင့်တက်မှုနှင့်အတူ မြန်မာ့ရွှေစျေးနှုန်းမှာလည်း ထပ်မံ စံချိန်တင်မြင့်တက်လာရာ ယခုလက်ရှိတွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၃ သိန်း ၇ သောင်းကျပ်စျေးရှိကြောင်း၊ ရောင်းသူနည်းပြီး ဝယ်လိုအား အလွန်များပြားကြောင်း စျေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ လက်ရှိ မြန်မာကျပ်ငွေ တန်ဖိုး ထိုးကျနေရခြင်းမှာ စစ်ကောင်စီထံတွင် ပြည်ပ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မရှိတော့ခြင်း၊ ဗဟိုဘဏ်က နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ ထုတ်ရောင်းမှု မရှိတော့ခြင်း၊ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်ရေး၊ ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးအားလုံး စစ်ပွဲများကြောင့် လုံး၀ ရပ်ဆိုင်းသွားခြင်း၊ စစ်ကောင်စီက စစ်သားအသစ် ၅၀၀၀ လစဉ်ခေါ်ယူပြီး စစ်အသုံးစရိတ် တိုးမြှင့်နေခြင်း ၊ စစ်ကောင်စီဗဟိုဘဏ်ကလည်း ဘတ်ဂျက်အတွက် လိုအပ်သမျှ ငွေများနှင့် စစ်တပ်အတွက် ငွေလိုအပ်ချက်များကို ငွေစက္ကူသစ်များစွာ ရိုက်ထုတ်၍ ဖြေရှင်းနေခြင်းတိုကြောင့် မြန်မာကျပ်ငွေတန်ဖိုးမှာ ထိန်းမနိုင် သိမ်းမရ ကျဆင်းနေခြင်းဖြစ်ကြောင်း UMFCCI မှ စီးပွားရေးလုပ်ငန်းရှင်က သုံးသပ်ပြောဆိုသည်။ ©KTM 📍ရန်ကုန် ©မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်းအထိ စျေးတက်သွားပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွား ➡️ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ် ၅၅ သိန်း ၅ သောင်းအထိ စျေးမြင့်တက်လာပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက် ၂ ခုစလုံးတွင် ၁၆ ပဲရည် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွားကြောင်း ရွှေကုန်သည်များက ပြောဆိုသည်။ "ဒီနေ့ မနက်ပိုင်းမှာ စျေးစဖွင့်တော့ ၅၃ သိန်း ၅ သောင်းနဲ့စဖွင့်တာ။ နေ့လယ်မှာ ၅၃ သိန်း ၇ သောင်း။ မွန်းလွဲပိုင်းမှာ ၅၄ သိန်း ၆ သောင်း။ အခု ညနေ ၄ နာရီဝန်းကျင်မှာ ၅၅ သိန်း ၅ သောင်း။ ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
Hammasini ko'rsatish...
👍 3🔥 2
#️⃣ကလေးမြိုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်မှုကို စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး https://t.me/kyimyindaingnetworks/40604 #️⃣မြန်မာ့အခေါက်ရွှေတစ်ကျပ်သားလျှင် ၅၅ သိန်း ၅ သောင်းအထိ စျေးတက်သွားပြီး ရန်ကုန်နှင့်မန္တလေး ရွှေစျေးကွက်တွင် အခေါက်ရွှေ ရောင်းချမှု ရပ်တန့်သွား https://t.me/kyimyindaingnetworks/40606 #️⃣မရမ်းကုန်းမြိုနယ်၊ စွယ်တော် အိမ်ရာဝင်းထဲရှိ ရဲစခန်းကို ဖောက်ခွဲ တိုက်ခိုက်မှု အကြမ်းဖက်စစ်သားများ ထိခိုက်မှုရှိ https://t.me/kyimyindaingnetworks/40614 #️⃣ရွှေဘိုမြိုပေါ်နှင့် ကျေးရွာများရှိ အကြမ်းဖက်စစ်တပ် တပ်စွဲထားသော စခန်း ၃ ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက် (ရုပ်/သံ) https://t.me/kyimyindaingnetworks/40616 #️⃣📸Photo News - အကြမ်းဖက်ဖက်စစ်ကောင်စီတပ်သားအစား ပြည်သူ့ကာကွယ်ရေးတပ်သားအဖြစ် ရွေးခဲ့သည့်လူငယ်များ https://t.me/kyimyindaingnetworks/40617 #️⃣ရခိုင်ပြည်နယ်တွင် ရိုဟင်ဂျာအရေးနှင့်ပတ်သက်၍ အတိတ် ကကြုံဖူးသည့်အမှားများကို သင်ခန်းစာ ယူကာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲရေးမူ အပေါ် ရပ်တည်ကြရန် NUG သမ္မတ တိုက်တွန်း https://t.me/kyimyindaingnetworks/40625 #️⃣📸Photo News - ဆောမြိုနယ်အတွင်း ဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ ကျေးရွာသူ/ ကျေးရွာသားများအား ဂန့်ဂေါခရိုင်အမှတ် (၅) တပ်ရင်းမှ ကျန်းမာရေးစောင့်ရှောက်မှုပေး https://t.me/kyimyindaingnetworks/40629 #️⃣ဂန့်ဂေါမြိုနယ်၊ မြောက်ခင်ရန်းရွာရှိ အကြမ်းဖက်စစ်တပ်လက်ပါးစေ ပျူစောထီးများကို ရော့ကတ်များဖြင့် ပစ်ခတ် တိုက်ခိုက် https://t.me/kyimyindaingnetworks/40636 #️⃣မြိုင်မြိုနယ်တွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် ပျူစောထီး စခန်းတိုကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူ များပြား https://t.me/kyimyindaingnetworks/40637 #️⃣📸Photo News - ကရင်နီအမျိုးသားများကာကွယ်ရေးတပ်၊ KNDF စစ်ဗျူဟာ အမှတ် (၇) သင်တန်းကာလမှတ်တမ်းများထုတ်ပြန်။ https://t.me/kyimyindaingnetworks/40638 #️⃣တပတ်အတွင်း မြို (၃) မြိုနဲ့ တပ်စခန်း (၁၁) ခုကို တော်လှန်ရေး အင်အားစုတွေ ဆက်လက် သိမ်းပိုက်ထိန်းချုပ် https://t.me/kyimyindaingnetworks/40644 #️⃣တရုတ်ကျားဖြန့်လုပ်ငန်းနှင့် ဆက်နွယ်၍ ဖမ်းဆီးထောင်ချ အရေးယူခံရသော အကြမ်းဖက်စစ်တပ်၏ ကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ် အောင်လင်းထွန်း ၏နေရာတွင် ဒုတိယ တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ် ဗိုလ်ချုပ် ကိုလေးကို အစားထိုးခန့်အပ် https://t.me/kyimyindaingnetworks/40649 #️⃣Today’s People STRIKE - အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ https://t.me/kyimyindaingnetworks/40650 #️⃣We Are TOGETHER - တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ https://t.me/kyimyindaingnetworks/40651
Hammasini ko'rsatish...
Kyimyindaing Networks

ကလေးမြိုတွင် အကြမ်းဖက်စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်မှုကို စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံး မေလ 2️⃣8️⃣ရက် စစ်ကိုင်းတိုင်း၊ ကလေးမြိုတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းနှင့် တပ်စွဲထားသော နေရာကို တိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ အရာရှိ ၁ ဦး အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာကို ပြောဆိုသည်။ မေလ ၈ ရက်နေ့ တွင် ကလေးမြို အနောက်ပိုင်း မြိုလှရပ်ကွက် အင်ဒိုင်းကုန်းကျေးရွာရှိ တော်လှန်ရေး တပ်ဖွဲများ အသင့်ထောင်ထားသော မိုင်းကွင်းထဲကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ဝင်ရောက်လာစဉ် ရှေ့ထွက်မိုင်းဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၂ ဦး အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။ မေလ ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၃၅ မိနစ်ခန့်တွင် ကလေးမြို အနောက်ပိုင်း မြိုလှရပ်ကွက် အင်ဒိုင်းကုန်းကျေးရွာရှိ တော်လှန်ရေးတပ်ဖွဲဝင်များကို အကြမ်းဖက် စစ်တပ်က ကား ၂ စီး၊ လူအင်အား ၄၀ ဖြင့် စစ်ကြောင်း ထိုးလာကာ လက်နက်ကြီးများ၊လက်နက်ငယ်များနှင့် ဒရုန်း ၅ စီးဖြင့် လာရောက် တိုက်ခိုက်ခဲ့ကြောင်း၊ ထိတွေ့ တိုက်ပွဲအတွင်း တော်လှန်ရေး တပ်ဖွဲဝင်များ အထိအခိုက်မရှိ သော်လည်း ကျေးရွာအတွင်းရှိ နေအိမ် ၁ လုံး မီးလောင် ပျက်စီးခဲ့ကြောင်း သိရှိရသည်။ ယင်းနေ့ ည ၈ နာရီ ၄၇ မိနစ်ခန့်တွင် ကလေးမြို တောင်ပိုင်း သုံးအိမ်စုကျေးရွာနှင့် အင်ဒိုင်းကုန်းကျေးရွာလမ်းဆုံထိပ်ရှိ ဖောက်သည် ဘီယာဆိုင်နှင့် မြိုလှဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို တော်လှန်ရေး တပ်ဖွဲများက ၆၀ မမ ဖြင့် ပစ်ခတ် ခိုက်ခိုက်ရာ အကြမ်းဖက် စစ်တပ်ဘက်မှ ဗိုလ်ကြီး ၁ ဦး ၊ တပ်ကြပ်ကြီး ၁ ဦးနှင့် တပ်သား ၁ ဦး သေဆုံးခဲ့ပြီး အများအပြား ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်းသိရသည်။ အဆိုပါတိုက်မှုကို ကလေးခရိုင် ပြည်သူ့ကာကွယ်ရေး (အထူးတိုက်ခိုက်ရေးအဖွဲ)၊ ကလေးမြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ၊ ကလေးမြို မြိုပြစီမံချက် (U.G)တော်လှန်ရေး အဖွဲ နှင့် ပူးပေါင်းတော်လှန်ရေးတပ်ဖွဲများက လုပ်ဆောင်ခဲ့ကြောင်း ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲမှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ #KhitThitMedia #KyimyindaingNetworks

4👍 2🫡 1
Photo unavailableShow in Telegram
🩸🩸🩸🅰️❓ Headline News
မေလ 2️⃣8️⃣ရက် #️⃣အကြမ်းဖက်စစ်ခေါင်းဆောင်များက ၎င်းတို၏ ကိုယ်ကျိုးစီးပွားအတွက် နိုင်ငံတော်အာဏာကို မတရားသဖြင့် အတင်းအဓမ္မသိမ်းယူထားသည်မှာ ၁၂၁၃ရက် ရှိပြီဖြစ် https://t.me/kyimyindaingnetworks/40585 #️⃣လှိုင်သာယာတွင် ပြည်သူများ၏နေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖျက်ဆီးခဲ့သော မြိုနယ်စည်ပင်သာရုံးကို Dark Shadowမှ ဗုံးခွဲတိုက်ခိုက် https://t.me/kyimyindaingnetworks/40589 #️⃣လက်ပံတန်းမြိုနယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော လင်မယား ၂ ဦး ပစ်ခတ်ခံရပြီး သေဆုံး https://t.me/kyimyindaingnetworks/40590 #️⃣မြ၀တီတွင် တရုတ်နိုင်ငံသား လင်မယား ၂ ဦးကို တရုတ်ငွေ ယွမ် ၁ သိန်းဖြင့် ကျားဖြန့်လုပ်ငန်းထံသို ရောင်းစားခံရမှု တရုတ်ရဲများက အမှုဖွင့် စုံစမ်းနေ https://t.me/kyimyindaingnetworks/40592 #️⃣ရေဦးမြိုရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ဂိတ်ဖွင့်တပ်စွဲထားသည့် ရွှေကျီးမင်းဂိတ်အား ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက် https://t.me/kyimyindaingnetworks/40597 #️⃣Breaking News☄️အမေရိကန်တစ်ဒေါ်လာလျှင် ၄၃၆၀ ကျပ်အထိ စံချိန်တင် စျေးတက်လာသဖြင့် ရွှေစျေးနှုန်းမှာ ၅၃ သိန်း ၇ သောင်းအထိ စံချိန်တင် စျေးထိုးတက် ■ မြန်မာကျပ်ငွေတန်ဖိုး ထိုးကျမှု ထိန်းမရတော့၍ ရွှေစျေးကွက်တွင် မီးလင်းရွှေ ထုတ်ရောင်းသူန ည်းပါးနေပြီး ဝယ်လိုသူအလွန်များပြား https://t.me/kyimyindaingnetworks/40598 #️⃣ပူတာအိုတွင် ခလရ ၁၃၇ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ချမ်းဇေဟိန်းကို ဒဏ်ရာများဖြင့် အရှင် ဖမ်းမိပြီး ဆေးကုပေးစဉ် သေဆုံး ■ ရှေ့တန်းထွက်သည့် ခလရ ၁၃၇ စစ်ကြောင်းတစ်ခုလုံး တိုက်ပွဲအတွင်း သေဆုံးသွားခဲ့ https://t.me/kyimyindaingnetworks/40599 #️⃣ရွာငံမြိုနယ်တွင် အကြမ်းဖက်စစ်သားများ လိုက်ပါလာသော ကား ၅ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရပြီး ကား ၂ စီး ပျက်စီး၊ ➕ရေဦးမြိုအနီးရှိ အကြမ်းဖက်စစ်တပ် ဂိတ်ကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် https://t.me/kyimyindaingnetworks/40600 #️⃣စစ်အာဏာသိမ်း (၁၂၁၂) ရက်အတွင်း သတ်ဖြတ်ခံရသူ (၅၁၄၈) ဦးအထိရှိလာ https://t.me/kyimyindaingnetworks/40601 #️⃣မကွေးခရိုင်၊ အမှတ်(၁)တပ်ရင်း သင်တန်းဆရာမတွေက မြန်မာ့သိုင်းပညာအစွမ်းပြသ (ရုပ်/သံ) https://t.me/kyimyindaingnetworks/40602 ဆက်လက်ဖတ်ရှု.ရန်❗️❗️❗️
Hammasini ko'rsatish...
👍 3
Photo unavailableShow in Telegram
We Are 🌷🔤🔤🔤🌷🔤🔤🌹
တော်လှန်ရေးအင်အားစုများ၏ ပြည်သူ့အကျိုးပြုလုပ်ငန်းများ မေလ 2️⃣8️⃣ရက် 🌷ဆားလင်းကြီးမြိုနယ် NUG ပညာရေးကျောင်း၃ ကျောင်းတွင်ပညာသင်ကြားနေသော ကျောင်းသားကျောင်းသူ ၇၀၀ကျော်အား စာအုပ်များနှင့် သင်ထောက်ကူပစ္စည်းများ အညာပစ်တိုင်းထောင်လေးများအဖွဲ့မှ ထောက်ပံ့ခဲ့တယ်လို့သိရပါသည်။ 🌷ယင်းမာပင်မြိုနယ်အတွင်းရှိ စစ်ဘေးရှောင်ပြည်သူများကို ဗကသများအဖွဲချုပ်နှင့် Mini Rats' Force - MRF တိုပူးပေါင်း၍ ပေါင်မုန့်ရေခဲညှပ်ကို ယနေ့ မေလ ၂၈ရက်နေ့ နေ့လယ်ခင်းတွင် ကျွေးမွေးခဲ့ကြောင်း သိရှိရသည်။ 🌷မုံရွာမြိုနယ်ရှိ ရက်ရှည် စစ်ဘေးရှောင်ပြည်သူများကို အမျိုးသမီးမဟာမိတ်အင်အားစု (WAB) နှင့် မုံရွာ-အမြင့်လမ်းသပိတ်ဦးဆောင်ကော်မတီတို ပူးပေါင်း၍ ရေခဲမုန့် နှင့် မုန့်များကျွေးမွေး လှူဒါန်းခဲ့ကြကြောင်း သိရှိရသည်။ 🌷စစ်ကိုင်းတိုင်း၊ ဝက်လက်မြိုနယ်၊ ရှိန်းမကားကျေးရွာကနေ တိမ်းရှောင်နေရတဲ့စစ်ရှောင်တွေကို ရွှေဘိုမြိုနယ်ထောက်ပိုရေးအဖွဲနဲ့ Bo Tiger - ဗိုလ်ကျားကြီး အဖွဲတိုပူးပေါင်းကာ စစ်ရှောင် အိမ်ထောင်စု ၄၂ စုအတွက် ဆန်၊ ဆီ၊ မိုးကာ၊ ဆေးဝါးအချိုနဲ့ စားသောက်ကုန်ပစ္စည်း ကျပ်သိန်း ၂၀ ကျော်ဖိုး ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါသည်။ 🌷ဆောမြို့နယ်အတွင်း ဒေသများမှ နေရပ်စွန့်ခွာ စစ်ဘေးရှောင်ပြည်သူများ ကျေးရွာသူ/ ကျေးရွာသားများအား ဂန့်ဂေါခရိုင်အမှတ် (၅) တပ်ရင်းမှ ဆေးတပ်သားများမှ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခဲ့ကြလို့ သိရပါသည်။ 🌷စစ်ကိုင်းတိုင်း ဆားလင်းကြီးမြိုနယ်တွင် ရက်ရှည်စခန်း ၃နေရာမှ စစ်ရှောင်ပြည်သူများကို အညာပစ်တိုင်း ထောင်လေးများအဖွဲက အလှူရှင်ကိုယ်စား ထမင်းနှင့်ဟင်း သွားရောက်လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 🌷မွန်ပြည်နယ် ဘီးလင်းမြိုနယ်ရှိ ရန်ကုန်-မော်လမြိုင်လမ်းပိုင်းတွင် ပိတ်မိနေသော ကားဆရာများနှင့် ပြည်သူများကို ထမင်းဘူးများနှင့် ရေသန့်ဘူးများ WK Youth Charity Association အဖွဲက ယနေ့ မတ် ၂၈ ရက်နေ့တွင် သွားရောက် လှူဒါန်းခဲ့ကြောင်း သိရှိရသည်။ 🌷မကွေးတိုင်း၊ စလင်းမြိုနယ်၊ ကင်မွန်းခြုံကျေးရွာရှိ စစ်ဘေးရှောင်ပြည်သူများကို မကွေးနည်းပညာတက္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့် Mission 21 - Magway တိုမှ လူသားချင်းစာနာမှု အကူအညီများ နှင့် အဟာရကျွေးမွေးခြင်းများကို တာဝန်ယူ ဆောင်ရွက်လျှက်ရှိကြောင်းသိရှိရပါသည်။ ဆက်လက်ဖတ်ရှု.ရန်
Hammasini ko'rsatish...
🫡 4 3❤‍🔥 2👌 1
Photo unavailableShow in Telegram
Today’s People 🔤🔤🔤🔤🔤🔤
အသံမတိတ် အလံမလိပ်တဲ့ တိုက်ပွဲကြားက လူထုသပိတ်စစ်ကြောင်းများ မေလ 2️⃣8️⃣ရက် ⭐️ယင်းမာပင်မြို့နယ်ရဲ့ "နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ်စစ်ကြောင်း" က အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြသပိတ်ကို ပြုလုပ်ခဲ့ကြပါတယ်။ တော်လှန်ပြည်သူတွေက "CHINA ; Stop trying to operate Myanmar Wanbo and Myanmar Yang Tse Copper Limited" ဆိုတဲ့ စာသား ကိုင်ဆောင်ပြီး အကြမ်းဖက် စစ်တပ်ကျရှုံးရေး ဟစ်ကြွေးမှုတွေ ပြုလုပ်ခဲ့ကြတာပါ။ ဒေသခံတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှုကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံး ရေး ဆန္ဒပြသပိတ်ကို နေ့စဉ်ပြုလုပ်နေကြပါသည်။ ⭐️စစ်ကိုင်းတိုင်း ၊ ယင်းမာပင် - ဆားလင်းကြီး ရွာပေါင်းစုံသပိတ်စစ်ကြောင်း ၁၁၂၁ရက်မြောက်နေ့အဖြစ် ဒေသတွင်း သပိတ်အင်အားစုတွေနဲ့ ပူးပေါင်းကာ စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ်ကို ဒီနေ့မှာ ပြုလုပ်ခဲ့ပါတယ်။ တော်လှန်ပြည်သူတွေက " စစ်အာဏာရှင်စနစ်အမြန်ဆုံးကျဆုံးပါစေ " ၊ " ပြည်သူ့အရေးတော်ပုံမုချအောင်ရမည် " ၊ " အောင်လံလွှင့်မည်ဒေါင်းသွေးနီသပိတ်စစ်ကြောင်း " ၊ " အောင်လံလွှင့်မည်ရွှေရေကြည်သပိတ်စစ်ကြောင်း " " ကယ်တင်ရှင်မရှာတို့ကျေးရွာသပိတ်စစ်ကြောင်း" ၊ သွေးမအေးတဲ့ရွှေနွယ်သွေးသပိတ်စစ်ကြောင်း" နဲ့ " ယင်းမာပင်_ဆားလင်း ကြီး_ရွာပေါင်း စုံသပိတ်ဦးဆောင်ကော်မတီ" စတဲ့ စာသားကိုင်ဆောင်ပြီး ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှု ကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို နေ့စဉ်ပြု လုပ်နေတာပါ။ ⭐️ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်က ဒီနေ့မှာ အကြမ်းဖက်စစ်တပ် ကျရှုံးရေးအဖြစ်နဲ့ ချီတက်ဆန္ဒပြ ပွဲကို ပြုလုပ်ခဲ့ကြပါတယ်။ ဆန္ဒပြ တော်လှန်ပြည်သူတွေက “ယင်းမာပင်မြို့နယ် မြောက်ခြမ်းကျေးရွာများသပိတ်” ဆိုတဲ့ စာသားကို ကိုင်ဆွဲပြီး အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဟစ်ကြွေး မှုတွေနဲ့ ချီတက်ဆန္ဒပြ လှည့်လည်ခဲ့ကြတာပါ။ ဆန္ဒပြတော်လှန်ပြည်သူတွေက နယ်မြေမငြိမ်သက်မှု ကြားထဲကနေပဲ အကြမ်းဖက်စစ်တပ်ကျရှုံးရေး ဆန္ဒပြ သပိတ်ကို နေ့စဉ်ပြု လုပ်နေကြပါသည်။ #PeopleStrike #KyimyindaingNetworks
Hammasini ko'rsatish...
👍 3🫡 3 2