uz
Feedback
Great Light Private High School

Great Light Private High School

Kanalga Telegram’da o‘tish

Education

Ko'proq ko'rsatish
333
Obunachilar
Ma'lumot yo'q24 soatlar
Ma'lumot yo'q7 kun
Ma'lumot yo'q30 kun
Postlar arxiv
♦️၂၀၂၄ - ၂၀၂၅ ပညာသင်နှစ် ဘက်စုံထူးချွန်လူရည်ချွန် အတွက် မရမ်းကုန်းခရိုင် နှင့် ကမာရွတ်ခရိုင် ( ခရိုင်နှစ်ခု​ပေါင်း ) မှ ကျား - ၁ ၊ မ - ၁ ​ရွေးချယ်ခဲ့ရာ Great Light ကိုယ်ပိုင်အထက်တန်း​ကျောင်း၏ ♦️Grade - 11 မှ ​မောင်ထွန်းလင်းနိုင် ♦️သည် ထူးချွန်စွာ​ရွေးချယ်ခံရသည့်အတွက် ဝမ်း​မြောက်ဂုဏ်ယူပါ​ကြောင်းနှင့် မြန်မာစာ ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊အ​ထွေ​ထွေဗဟုသုတ၊ ကာယဘာသာရပ်များကို​လေ့ကျင့်သင်ကြား​ပေးကြ​သော ဆရာ/ မများအားလုံးကိုအထူးပင်​ကျေးဇူးတင်ရှိပါ​ကြောင်းမှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။♦️🥰🥰🥰

Great Light ၏ FB Page အသစ် ဖြစ်ပါသည် ။

Great Light Private High School ၏ Facebook Page ပျက်သွားပါ၍ အသစ်ထပ်မံ ဖွင့်ပြီး Post များ တင်​ပေးသွားမည့်အ​ကြောင်း မိဘများ နှင့် ​ကျောင်းသား / သူများအား အသိ​ပေးအပ်ပါသည် ။

အမှတ်​ပေး ဒိုင်များမှ အမှတ်​ပေါင်း​နေစဥ် Grade - 9 မှ ​မောင်သက်​နောင်စိုး က ခုနှစ်​ထွေအကဖြင့် ​ကျောင်းသား / သူများအား ​​ဖျော်​ဖြေတင်ဆက်စဥ် နှင့် ဆရာမကြီး​ပေး​သော အထူးချွန်ဆုံး အ​ပြောစွမ်းရည်နှင့် အကစွမ်းရည် ရရှိသွား​သော ဘက်စုံထူးချွန်​ကျောင်းသား​လေး ​မောင်သက်​နောင်စိုး 🥰

ယ​နေ့ကျင်းပသည့် Great Light ကိုယ်ပိုင်အထက်တန်း​ကျောင်း၏ (၇၇) ကြိမ်မြောက် အာဇာနည်နေ့အကြို​ ဟောပြောပွဲတွင် Grade - 9 ၏ ​ကျောင်းသား​ကျောင်းသူ ( ၁၁ ) ဦး မှ အာဇာနည်ကြီးများ၏ အတ္ထုပ္ပတိများ ၊ ဗိုလ်ချုပ်​အောင်ဆန်း၏ မိန့်ခွန်းများ နှင့် အာဇာနည်​နေ့ဖြစ်​ပေါ်လာပုံတို့ ကို စိတ်ဝင်စားဖွယ် အားမာန်အပြည့်နှင့် ​ဟော​​ပြောသွားသည့်အတွက် အထူးပင် ဂုဏ်ယူဝမ်း​မြောက်ပါ​ကြောင်း မှတ်တမ်းတင်လိုက်ရပါသည် ။

♦️ ၇၇ နှစ်​မြောက် အာဇာနည်​နေ့ အကြို အထိမ်းအမှတ် အဖြစ် စာစီစာကုံး ၊ ကဗျာ ၊ ပန်းချီ ပြိုင်ပွဲများကို ​ကျောင်း၏ ​အောင်မြင်ခန်းမ၌ ကျင်းပရာ မူလတန်း အလယ်တန်း ၊ အထက်တန်းက​လေးများ ယှဥ်ပြိုင်​ဖြေဆို​နေမှုမှတ်တမ်းများ ♦️