မင်းပြောတဲ့ကဗျာဆိုတာဒါလား
2 215
Obunachilar
+524 soatlar
+387 kunlar
+15530 kunlar
- Kanalning o'sishi
- Post qamrovi
- ER - jalb qilish nisbati
Ma'lumot yuklanmoqda...
Obunachilar o'sish tezligi
Ma'lumot yuklanmoqda...
Photo unavailableShow in Telegram
ဘ၀ဟာ ငါးတွေလိုပဲ ဘယ်မြစ်ကိုမှ အပိုင်မရသလို ဘယ်ကမ်းကိုမှလည်း စိတ်လွှတ်ကိုယ်လွှတ် ကပ်ခွင့်မရှိဘူး ရယ်စရာတွေဆိုတော့လည်း ပြုံးရ ငိုစရာတွေဆိုလည်း သိမ်းထားရ ။
-လင်းခက်
❤ 19😢 4💔 1
လောကဓံမှာ မျက်နှာတစ်ချက်မပျက်တော့
အဖေက မာန်ပါပါနဲ့ ငါ့သားကွတဲ့။
ဟုတ်တယ် အဖေ၊
ကျွန်တော် အဖေ့လက်မှာ နာရီပတ်ပေးချင်သေးတယ်။
-ခန့်သွယ်
-လူငယ်ဘ၀ဆိုတာ ဘာလဲ
❤ 24🔥 2
စက္ကူပန်းတို့ဒိုင်ယာရီ
တစ်ယောက် မရှိရင် တစ်ယောက် မဖြစ်တော့တဲ့နေ့တွေထဲ တစ်ယောက်ပေါ် တစ်ယောက် မေတ္တာတွေ ပိုခဲ့တယ်။
ရှေ့ဆက်လျှောက်ရမဲ့ ခရီးထဲ နှစ်ဦးနှစ်ဖက်ဟာ
ဖိအားတွေ အပြည့်နဲ့ ချစ်တယ်ဆိုတာ ဘာလည်းဟင်လို့ ကျွန်မမေးတိုင်း အကိုက ပန်းတွေသာ ပေးခဲ့တယ် ။
မိန်းမသားမဆန်တဲ့ မိန်းမ တစ်ယောက်ပါ ချွဲ့နွှဲ့မူပျော့တဲ့ ပုံစံထက် မာကျောခက်ထန်တဲ့ စိတ်နဲ့သူပါ ရှင်ရယ် ဖြစ်နိုင်မယ်ဆိုရင် မဖြစ်နိုင်တာတွေကြီး ရွေးပြီး ဖြစ်ချင်တယ် ။
စစ်တွေ မဖြစ်ဖို့နဲ့
အကို့ ပုခုံးပေါ် ခေါင်းလေးမှီဖို့ အဲ့သလိုပေါ့ အဲ့သလိုပေါ့ အကိုရယ်။
ခေတ်အဆက်ဆက် နှိမ့်ချခံခဲ့ရတဲ့ထဲ ကျွန်မတို့ မိန်းမသားတွေ အကျရှုံးများရတယ် လူမှု့၀န်းကျင်ကနေစလို့ ချစ်မေတ္တာတွေထိ ။
တိမ်တွေကို ငေးတဲ့အခါ လက်ဖ၀ါးညိုလေးကို ဖမ်းဆုပ်ခွင့်ရှိမလား ဒါမှမဟုတ်လည်း ကျွန်မရဲ့ တေးဆိုငှက်လေးအဖြစ် အချိန်တိုင်း အတူရှိပေးနိုင်မလား ။
ရူးတယ်ဆိုပေမဲ့ ကျွန်မရူးတာဟာ အတ္တကင်းစင်ပါတယ်အကို အခုဆို စစ်ရောစိတ်ပါ အထိအခိုက်တွေများလာပြီ တစ်ယောက်တည်း လျှောက်ရမဲ့ လမ်းတွေမှာ အနွေးဓာတ်တစ်ချို့ ခပ်မျှင်းမျှင်းမျှ လိုအပ်နေပြီ။
တစ်ခုခုဆို ဒေါသကို ရှေ့တန်းတင်နေတုန်းလား
တစ်ခုခုဆို စီးကရက်တွေကြီး ထိုင်သောက်နေတုန်းလား တစ်ခုခုဆို
တစ်ခုခုဆို ငိုယိုပြီး ၀မ်းနည်းနေအုံးမှာပဲလား ။
အကိုသိလား အကိုပြောဖူးတဲ့ ကလေးမလေးက အရာရာကို လူကြီးတစ်ယောက်လို လက်ခံတတ်လာပြီ ။
အကိုပြောဖူးတဲ့ ရယ်စရာပြက်လုံးတွေ
အကိုပြောဖူးတဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေ
အကိုပြောဖူးတဲ့ အတ္တနဲ့မာနတွေ ။
ချစ်တယ် အကိုရယ် သိပ်ချစ်တယ်
ကျွန်မ ကမ္ဘာမှာတော့ဖြင့် အကိုရယ် ချစ်စရာကြောင်လေးတွေရယ်နဲ့ အပူပင်ကင်းလှတယ် ဒါတွေကို ကျွန်မပြန်ပြောပြတဲ့အခါ စိတ်ကူးယဥ်ဆန်တယ်ဆိုပြီး ရယ်နေအုံးမှာလား။
မရယ်ပါနဲ့ အကိုရယ် တစ်ကယ်ချစ်ရသည်မို့ တစ်ကယ်ရူးရပါတယ် ။
ပျော်စရာပြန်တွေးပြီးမှတော့ ၀မ်းမနည်းနေချင်ဘူး ဒီဒဏ်ရာတွေဟာ နက်ရှိုင်းခဲ့ပေမဲ့ ဒီအသည်းကတော့ နုပျိုဆဲပဲ အကို ။
တစ်ဘ၀တစ်ခါ တွေ့ခွင့်ရမဲ့ ရေကြည်စက်လေးဆိုရင်တောင် ကျွန်မကောင်းကင်မှာပဲ ငွေ့ရည်ဖွဲ့လို့ တိမ်ဖြစ်ပါ ။
ရနံ့ မသင်းချင်လို့ စက္ကူပန်းဘ၀ကို ရွေးခဲ့သူပါ
လာမှာဆိုလည်း စောင့်ပါ့မယ် မလာဘူးဆိုလည်း မျှော်ပါ့မယ် ။
အကို ပြောဖူးသလိုပါပဲ ကမ္ဘာဟာ ဘယ်နှစ်ပတ်လည်လည် ဆန္ဒရှိရင် ကျွန်မတို့ တိုက်မိနိုင်တယ် မဟုတ်လား ။
-နှင်းသရသွင်
❤ 14😢 2
မှိုကန်စွန်းကို ခင်ဖုန်းသက်ဝေစိတ်ကောက်သလို
ဘောက်ဆပ်ဘောက်ဆပ်လေး ကြော်ပေးကွာ။
ခရုဆီလျှော့ဟေ့
ခင်ဖုန်းသက်ဝေက မချွဲတတ်ဘူး။
မင့် ဟင်းရည်ကလည်းကွာ
ခင်ဖုန်းသက်ဝေမျက်စောင်းလို မချိုပါ့လား။
-သန်းတင့်
❤ 30🍓 3🔥 1
ပြန်မလိုချင်တော့ဘူး ပြောပြီး
ပြန်လာမလား စောင့်မျှော်နေတတ်တဲ့
မိုးတိမ်ဟာ ကိုယ်ပဲ။
-လင်းညီ
❤ 36🔥 1
Photo unavailableShow in Telegram
မရေရာတဲ့ မနက်ဖြန်တွေကြား
သေချာမဲ့ လက်တစ်စုံကို ဖမ်းဆွဲခွင့်ပြုပါ ပန်းပဲပျိုးရ ဓါးပဲထမ်းရ မင်းဖက်က လက်ပြရင် သံဿရာအဆက်ဆက် တံခါးချပ်တွေ ရိုက်ချိုးခဲ့ပါ့မယ်။
-လင်းခက်
❤ 31🍓 2
အကို ပြောဖူးသလိုပါပဲ ကမ္ဘာဟာ ဘယ်နှစ်ပတ်လည်လည် ဆန္ဒရှိရင် ကျွန်မတို့ တိုက်မိနိုင်တယ် မဟုတ်လား
-နှင်းသရသွင်
❤ 18🍓 13😢 5❤🔥 1
သူကလည်း ကျွန်တော့်ကိုစိတ်မချဘူး
ကျွန်တော်ကလည်း သူ့ကိုစိတ်မချဘူး
လမ်းအတူတူဖြတ်ကူးရင်တောင်
တစ်ယောက်ယောက် ရူးသွားနိုင်တဲ့ခေတ်လေ
မီးလောင်နေတာကတော့
လမ်းမတွေအားလုံးပါဘဲ။
ကြည်ဇော်အေး
🔥 18❤ 4🍓 3
ဒီကမ္ဘာမှာ ပန်းတွေ မပွင့်လည်း ဘာအရေးလည်း ကိုယ့်သေနတ်ကိုယ်ကိုင် ကိုယ်ပန်းကိုပျိုးပြီး ကောက်ကောက်ကွေ့ကွေ့ မြစ်ထဲ လူငယ်ဆန်မှု့တွေ မျှောချခဲ့ရတယ်။
-လင်းခက်
😢 14❤🔥 5
ရင့်ကျက်တယ်ဆိုတာ
အသက်အရွယ်နဲ့မဆိုင်ပါဘူး
ရခဲ့တဲ့ဒဏ်ရာတွေနဲ့ပဲဆိုင်တယ်
ငါဟာလူလိမ်
အရမ်းလွမ်းနေတာကိုဖွင့်မပြောဘူး
ဘာမှမဖြစ်သလိုနေတယ်
ဟာသပါပြောလိုက်သေးတယ်
-လင်းမာအို
❤ 23😢 5❤🔥 3
Boshqa reja tanlang
Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.