cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Dream

Hey! အထီးကျန်ရင် အဖော်ပြုပေးမယ့် စာတိုတွေနဲ့ zodiac signတွေက ကြိုဆိုနေပါတယ်...။

Ko'proq ko'rsatish
Myanma11 860Myanma10 171Toif belgilanmagan
Reklama postlari
2 054
Obunachilar
-624 soatlar
-97 kunlar
-4530 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

နောက်အပိုင်းတွေဖတ်ရင်း တွဲနားထောင်ဖို့ သီချင်းလေး :3 #owner
Hammasini ko'rsatish...
LANY_13_Official_Audio__NDWJWILEA7o_139.m4a1.37 MB
4
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၁ ) " ကောင်းစံဟာ အိမ့်ကို အရိပ် အကြိမ်ကြိမ်ပြခဲ့သည်။ အိမ့်ကမလှုပ် ။ နောက်ဆုံး ကောင်းစံ ဖွင့်ပြောဖို့ ဆုံးဖြတ်ခဲ့သည်။ စိတ်လောနေသဖြင့် ဖုန်းခေါ်လိုက်သည်။ " ဟယ်လို " " မမ အားလား " " အားတယ် ပြော " ကောင်းစံ ခေတ္တခဏလောက်တုံ့ဆိုင်းနေမိသည်။ စက္ကန့်အနည်းငယ်လောက်ကြာတော့ " မမ ကျွန်တော်လေ မမကို မြတ်နိုးတယ် ။ ကျွန်တော် အဲ့တာကြောင့် အခုနောက်ပိုင်း ဘယ်ကောင်မလေးနဲ့မှ မတွဲဖြစ်တော့ဘူး " အိမ့်ဘက်မှ အသံမထွက်လာခဲ့ ။ " မမ မင်းကို မောင်လေးလိုပဲ မြင်တယ် ကောင်းစံ " မာယာ ဒီလောက်အတန်တန်သတိပေးသည့်ကြားက အိမ့်စကားအရွေးမှားသွားသည်။ ကောင်းစံဘက်က ရယ်သံ ထွက်လာသည်။ ရင်နာသော ရယ်သံ ။ " ကျွန်တော်ကလည်း မမကို အစ်မလိုပဲသဘောထားပါတယ်နော် ။ ကျွန်တော်ကြိုက်နေတဲ့ ကောင်မလေးကို ဒီလိုဖွင့်ပြောမလို့ ။ ဘယ်လိုနေလဲ အကြံလာတောင်းတာ " အိမ့်စကားရွေးမှားခဲ့သည်။ ဖုန်းဆက်ပြောသောကြောင့် သူမကို အလေးမထားခြင်းဟု တလွဲမာနနှင့် စကားရွေးမှားခဲ့သည်။ ရည်းစားများခဲ့သော ကောင်းစံကို သံသယဖြင့် စကားရွေးမှားခဲ့သည်။ ကောင်းစံလည်း မာနကို ရှေ့တန်းတင်ခဲ့သည်။ ဒဏ်ရာထပ်ရမှာစိုး၍ နောက်ဆုတ်ခဲ့သည်။ နှစ်ယောက်ဟာ နီးပါရက်နဲ့ ဝေးသွားရသည်။ ကိုယ့်ကိုယ်ကို ပြန်လိမ့်ခဲ့ကြသည်။ သံသယကြောင့် လိမ်ခဲ့ကြသည်။ ဒဏ်ရာကြောင့် လိမ်ခဲ့ကြသည်။ ___ သို့သော် နှစ်ယောက်စလုံး အနေမပျက်ခဲ့ပါ။ အိမ့်ဘက်ကလည်း ဘာမှမကြားခဲ့သလိုဟန်ဆောင်သည်။ ကောင်းစံကလည်း ဘာမှမပြောခဲ့သလို ဟန်ဆောင်သည်။ နှစ်ယောက်စလုံး ဒီတိုင်းလေးက အဆင်ပြေသည်လို့ တွေးထင်ကြသည်။ " မမ ကျွန်တော်နဲ့ club လိုက်ခဲ့ပါလား " အလုပ်ချိန်အတွင်း club အကြောင်းပြောလာသော ကောင်းစံကို ဘယ်လိုအဖြေပြန်ပေးရမယ်မှန်း အိမ့် မသိ။ " ဘာလို့ " " ကျွန်တော်သူငယ်ချင်းအချို့ club သွားကြမယ်ချိန်းတာ ၊ ဘာရယ်မဟုတ် မမလိုက်မလားလို့ ၊ လိုက်ခဲ့ပါလား " အိမ့် ခေါင်းငြိမ့်လိုက်သည်။ ___ ကောင်းစံခေါ်လို့သာလိုက်လာသည်။ ဆူညံသော အသံတွေ ၊ မီးရောင် မမှောင်တမှောင် ပျိုးပျိုးပြက်ပြက် ၊ alcohol အနံ့တွေ ၊ ယစ်မူးကခုန်နေကြသော လူတွေ ။ အိမ့်ကို ခေါ်လာပြီး bar နားထားခဲ့ကာ ကောင်မလေးတချို့နှင့် ကနေသော ကောင်းစံ။ " မြတ်နိုးတယ် ။ အလကားပါ ။ ငါ့ကိုပါလာပလေးချင်တာ ။ အခုကျ တခြားကောင်မလေးတွေနဲ့ ကနေပြီပဲကို " ဆိုသည့်စိတ်နှင့် လာချပေးသော alcohol မှန်သမျှ အိမ့်ဖိသောက်မိသည်။ လူငယ်ပီပီ အရွဲ့တိုက်ကာ အိမ့်မနာလိုအောင် ကောင်မလေးတွေနဲ့ တွဲကနေသော ကောင်းစံကလည်း " အစကတည်း သွေးအေးတဲ့ မမကို ငါကဘာတွေမျှော်လင့်ခဲ့မိတာလဲ " ဟု တွေးသည်။ နောက်ဆုံး အိမ့် club ထဲကနေထထွက်သွားသည်။ Alcohol ဒဏ်မခံနိုင်သည့် အိမ့် မူးနေပြီဖြစ်သည်။ အိမ့် bar ကနေထထွက်သွားတာမြင်သည်နှင့် ကောင်းစံလည်း အနောက်က မှီအောင်လိုက်သည်။ " မမ နေဦးလေ " ကောင်းစံ စကားကို မကြားချင်ယောင်ဆောင်သော အိမ့်။ " မမ နေဦးလို့ " လက်ကို လှမ်းဆွဲလိုက်တော့မှ ရပ်သွားသည်။ " ပြန်မလို့ " " နေဦး ကျွန်တော် grab ခေါ်ထားတယ် ။ ဒီလိုပုံစံနဲ့ တစ်ယောက်တည်း မပြန်နဲ့ " တစ်အောင့်နေတော့ grab ရောက်လာသည်။ ကားပေါ်တွင်လည်း တိတ်ဆိတ်နေသော လေထု ။ အိမ့်ကတော့ မူးနေရသည့်အထဲ သူ့စိတ်နှင့်သူရန်ဖြစ်နေသည်။ ကောင်းစံက သူ့ကို ပလေးသည်ဟုပဲ ထင်နေသည်။ ပြန်ရောက်တော့လည်း တိုက်ခန်းလှေကားတွေကို နှစ်ထပ်စီမြင်နေရသည်။ ချားရဟတ်လို တစ်ပတ်လည်နေသော အိမ့်ကို ကောင်းစံက သတိထားမိသဖြင့် ကောက်ချီသည်။ " လွှတ် ဘာလုပ်တာလဲ ပြန်ချပေး " အတန်းရုန်းကန်ကာ ပြန်ဆင်းဖို့လုပ်နေသည်။ " မမ လှေကားတတ်နိုင်မှာမဟုတ်ဘူး " " တတ်နိုင်တယ် ၊ ပြန်ချပေး " " ဒီလိုအခြေအနေနဲ့ ဘယ်လိုလုပ်တတ်နိုင်မှာလဲ ။ မချဘူး။ ငြိမ်ငြိမ်နေ " ဟု စိတ်မရှည်သော လေသံနှင့် အော်လိုက်တော့မှ ငြိမ်ကျသွားသည်။ " မမ သော့ရော ၊ သော့ ၊ တံခါးဖွင့်ဖို့ " " ချပေး ကိုယ့်ဘာသာ ဖွင့်မယ် " သူ့ဘာသာဖွင့်ပြီး အထဲဝင်သွားကာ တံခါးပြန်မပိတ်ခဲ့ ။ အမူးလွန်သောမမ တစ်ခုခုဖြစ်မည်စိုး၍ ကောင်းစံလည်း လိုက်ဝင်သည်။ အိမ့် ပြန်လှည့်ကြည့်ကာ " ပြန်တော့လေ " " ခဏပဲနေမှာ၊ ပြန်မယ် " သဘောပဲ ဆိုသည့် facial expressions လုပ်ပြပြီး ဆိုဖာပေါ်ထိုင်ချကာ ချက်ချင်း အိပ်ပျော်သွားသော အိမ့် ။ အိပ်ရာပေါ်ပြောင်းပေးဖို့ အနားကပ်သွားလိုက်ပေမယ့် အိမ့်ကို ကြည့်ပြီး မရုန်းထွက်နိုင်သော ကောင်းစံ။ အိမ့်ရဲ့ ဖြောင့်စင်းနေသော နှာတံကို လက်နဲ့ ပွတ်သပ်မိသည်။ အထိအတွေ့အကြောင့် မျက်မှောင်ကြုတ်သွားသော အိမ့် ၊ ချက်ချင်းသတိပြန်ဝင်ကာ ထထွက်သွားသော ကောင်းစံ ။ ___ Script writer position အတွက် လျှောက်ထားသော အလုပ်က အိမ့်ကို အလုပ်ခန့်ကြောင်း mail ပို့လာသည်။ ထို့ကြောင့် ပန်းဆိုင် part time အလုပ်နားရန် အိမ့် ဆုံးဖြတ်လိုက်သည်။ သူဌေးကို အကျိုးသင့်၊အကြောင်းသင့်ပြောပြတော့ သူဌေးကလည်း နားလည်ပေးသည်။ " ကောင်လေး ကောင်းစံကိုရော ပြောပြီးပြီလား " " မပြောရသေးဘူး သူဌေး " " မင်းတို့နှစ်ယောက် လမ်းခွဲလိုက်တာတော့ မဟုတ်ပါဘူးနော် " " ရှင် " #fictional #forward_only #owner
Hammasini ko'rsatish...
😢 13 4
00:07
Video unavailableShow in Telegram
Spoiler for next episode #forward_only #owner
Hammasini ko'rsatish...
10.48 MB
😢 24 3
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၁၀ ) " " ဒီ‌တိုက်လှေကားမှာပဲထိုင်နေမလို့လား " " မဟုတ်ပါဘူး " " အဲ့တာကြောင့် လာလို့ ၊ တိုက်ခန်းထဲ ခဏမိုးခိုလို့ " အိမ့် တိုက်ခန်းထဲရောက်သည်နှင့် တောင်ကြည့်၊မြောက်ကြည့်နှင့် စပ်စုနေသော ကောင်းစံ ။ " ရော့ အဝတ်တွေစိုနေတယ်မလား ။ လဲထားလိုက် " " မမက တစ်ယောက်တည်းနေတာမလား ။ ဘယ်လိုလုပ် ယောင်္ကျားလေးအဝတ်အစားရှိနေတာလဲ " " မောင်ရှိတယ်လေ " " ဗျာ ၊ မောင်? " မျက်နှာမှာ မဟုတ်သော အရိပ်တွေဖြတ်ပြေးသွားသော ကောင်းစံ။ " ဘာတွေလျှောက်တွေးနေတာလဲ ။ မောင်အငယ်ဆုံးရှိတယ် ။ တစ်ခါတစ်လေ လာနေတတ်လို့ သူ့အဝတ်အစားရှိနေတာ " " မမက မောင်လို့ ပြောတာကို " " မင်းမှဆုံးအောင်နားမထောင်တာ ! " မိုးက တော်တော်နှင့် မတိတ်သည့်အပြင် ညတဖြည်းဖြည်းနက်လာသည်။ " Grab လည်း တစ်စီးမှမတွေ့ ၊ bike ကလည်း ရေစိုနေတော့ တာယာတွေက ချောမှာ " တစ်ယောက်တည်း ငြီးငြူနေသောကောင်းစံ ။ " ဒီနားမှာ တည်းခိုခန်းရှိတယ် " အလိုမကျသော မျက်နှာဖြင့် " ကျွန်တော် မှတ်ပုံတင်ပါမလာဘူး " " မင်းက ဘာလို့ မှတ်ပုံတင်မဆောင်ထားတာလည်း " " မမကရော ကျွန်တော်ဒီမှာနေလို့ရတာကို ဘာလို့ တည်းခိုခန်း နှင်လွှတ်လဲ " " ဒီမှာနေမလို့လား " " မရဘူးလား " " မဟုတ်ဘူးလေ " " ကျွန်တော် ဧည့်ခန်းမှာပဲ အိပ်မှာလေ " " ဧည့်ခန်းမှာပဲ အိပ်ရမှာပါနော် " စောင်တွေ၊ခေါင်းအုံးတွေပေးပြီး အိမ့်လည်း ကိုယ့်အခန်းထဲ ကိုယ်ပြန်လာလိုက်သည်။ အခန်းတံခါးကိုတော့ လိုရမယ်ရ lock ချထားလိုက်သည် ။ ___ မနက်ရောက်တော့ မီးဖိုချောင်ထဲ ဆူညံသံတွေကြောင့်နိုးလာသည်။ အိပ်ချင်မူးတူးထကြည့်တော့မှ ကောင်းစံ ။ " မမ မီးဖိုချောင်မှာ ဘာမှလဲသိပ်မရှိပါလား ၊ ရေခဲသေတ္တာထဲမှာရောပဲ " " ချက်မှမစားတာ " " ဗျာ ၊ ဒါဆို မနက်စာကရော ? " " လမ်းက မုန့်တခုခုဝယ်စားလိုက်တယ်လေ " " ခက်တယ် " ဆိုတဲ့ မျက်နှာပေးနှင့် အိမ့်ကို ကြည့်တော့သည်။ ရေချိုးခန်းထဲ မျက်နှာသစ်ဖို့ အိမ့်ဝင်သည်နှင့် " ကျွန်တော် toothbrush အသစ်တွေ့လို့ ယူသုံးထားလိုက်တယ်နော် " အိမ့်ပြန်ထွက်လာတော့ တခုခုကို ချက်နေသော ကောင်းစံကို တွေ့လိုက်ရသည်။ " ပေါင်မုန့်နဲ့ ကြက်ဥပဲတွေ့လို့ ပေါင်မုန့်ကြက်ဥကြော် ကြော်နေတာလေ " ကြော်ပြီးထားသည်ထဲက တစ်ခုယူပြီး အိမ့်ပါးစပ်ထဲ ထည့်ပေးသည်။ ___ ကောင်းစံနှင့် အိမ့် ပိုရင်းနှီးလာသည်။ တစ်ယောက်စိတ် တစ်ယောက်မပြောဘဲသိသည် အထိ ရင်းနှီးခဲ့သည်။ ပိုရင်းနှီးလာသည်ဟု အိမ့်စိတ်ကို အိမ့်ညာခဲ့သည်။ " မမရေ ကျွန်တော်တို့ jf ဖြစ်တာ ငါးလရှိပြီနော် " မနက်စောစောစီးစီး noti ဝင်လာသည် ။ " သိတယ် " " ညကျ ကျွန်တော်ခဏလာခဲ့မယ် ၊ လက်ဆောင်ပေးစရာရှိလို့ " " ဘာလို့ညမှလဲ " " ညမှအားတာကို ၊ လက်ဆောင်ပေးပြီးပြန်မှာပါ " " Ok " ___ မှောင်ရိပ်သန်းလာသော 6နာရီလောက်တွင် ဂစ်တာလွယ်လျက် ကောင်းစံရောက်လာသည်။ " ဂစ်တာက ဘာလုပ်ဖို့လဲ " " လက်ဆောင်လေ ၊ မမ ဂစ်တာကြိုက်တယ် တစ်ခါပြောဖူးတယ်လေ " " မမမှ မတီးတတ်တာ " " ကျွန်တော်သင်ပေးမယ်လေ " " မသင်ချင်ပါဘူး ၊ လက်နာတယ် ကြားဖူးတယ် " နဖူးပေါ်ကျနေတဲ့ ဆံပင်အချို့ကို သပ်တင်ပြီး ကောင်းစံရယ်သည်။ " ဂစ်တာကျတီးချင်တယ် ၊ လက်ကျမနာချင်ဘူးပေါ့ " ထို့နောက် ဂစ်တာကို ကောက်ကိုင်ပြီး ကြိုးညှိနေတော့သည်။ " မမ Justin Bieber ရဲ့ Ghost နားထောင်ဖူးလား " " ဒါပေါ့ " ဂစ်တာကြိုးအချို့ပေါ် ကောင်းစံလက် ပြေးလွှားကစားသည်နှင့် သံစဉ် အချို့ထွက်လာသည်။ " Youngblood thinks there's always tomorrow " ကောင်းစံ ဂစ်တာသံထွက်ပေါ်လာကတည်းက အိမ့်သည် ကောင်းစံကို တလက်လက်တောက်နေသော မျက်ဝန်းများနှင့် ကြည့်တော့သည်။ ကောင်းစံ မသိသည်က အိမ့်မျက်ဝန်းတွေနောက်မှာ ချစ်ခြင်းတွေ ကိန်းအောင်းနေသည်ကို ။ " Since the love that you left is all that I get I want you to know " အိမ့်မသိသည်ကလည်း ကောင်းစံက နှလုံးသားနှင့် သီဆိုနေခြင်းဖြစ်သည်။ " That if I can't be close to you I'll settle for the ghost of you I miss you more than life " ပြောသည့်အတိုင်း သီချင်းဆုံးသည်နှင့် ကောင်းစံ ပြန်ဖို့ပြင်သည်။ " ဂစ်တာက မယူသွားတော့ဘူးလား " " လက်ဆောင်ပါဆို " အိမ့် ကောင်းစံကို တိုက်အောက်ထိပြန်လိုက်ပို့သည်။ Bike ပေါ်တတ်ခါနီးတွင် ရုတ်တရတ် အိမ့်လက်ကို ဆွဲကာ ပါးတစ်ဖက်ကို အနမ်းခြွေလိုက်လေသည်။ " ဒါ ကျွန်တော်ရဲ့ စိတ်ရင်းပဲ " ဟုဆိုကာ မောင်းထွက်သွားတော့သည်။ လက်တွေ့နဲ့ အဆက်အသွယ်ခဏပြတ်ပြီး မလှုပ်နိုင်ပဲ ကျန်ခဲ့သော အိမ့်မှူး ...။ ___ ထိုအကြောင်းအရာကို မာယာအား ပြောပြဖြစ်သည်။ " ဟဲ့ နင့်ကိုကြိုက်နေတာ အဲ့တာ ၊ တွဲလိုက်တော့ " " ဘယ်လိုတွဲရမှာ ၊ သူမှမပြောတာ တွဲဖို့ " " အေး ဟုတ်သား သူကလည်း " " နင်ကရော သူ့ကို ချစ်လား " " ငါဒီတိုင်းပဲသဘောထားတာ " " ဟဲ့ ဘယ်လိုကြီးလဲ " " ငါကောင်းစံကို ချစ်သူလို မချစ်ဘူး " အိမ့်တစ်ယောက် ကိုယ့်စိတ်ကို ပြန်ညာသည်။ ကိုယ့်နှလုံးသားကို ပြန်ညာသည်။ " သူမကို လာကစားနေသော ချာတိတ်လေး တစ်ယောက် " ဆိုတဲ့ သံသယနဲ့ အိမ့်ကိုယ်ကိုယ်ကို ပြန်ညာခဲ့သည်။ ___ #fictional #forward_only #owner
Hammasini ko'rsatish...
15❤‍🔥 1
Photo unavailableShow in Telegram
မနက်ဖြန် ညနေ 1နာရီလောက် ကျွန်တော် live stream လေးလုပ်ပါမယ် ~ တစ်ခါမှ channel မှာ live stream မလုပ်ဘူးလို့ try တယ်ပဲ ဆိုကြပါစို့ ဆွေးနွေးချင်တဲ့ topic ဆွေးနွေးလို့ရသလို မေးချင်တာလည်းမေးလို့ရပါတယ် ။ Hope to see you there ~ #owner
Hammasini ko'rsatish...
28🍓 4❤‍🔥 1
" မတွေ့ခဲ့ကြရင် ကောင်းသား ( အခန်း - ၉ ) " ကောင်းစံပေးထားသော ခွက်ကို ညွှန်ပြသည်။ " သူငယ်ချင်းအချင်းချင်း အကြောင်းသိတွေကို နင်က လျှိုချင်တယ်ပေါ့ ၊ ရပါတယ် ၊ နင်ငါ့ကို သူငယ်ချင်းလို့ မသတ်မှတ်မှန်း သိလိုက်ပါပြီ " " တော်ပါတော့ drama တွေ ၊ ပြောပြမယ် ၊ ပြောပြမယ် " " ပြော ပြော " ချက်ချင်းမျက်လုံးတွေလက်ကာ အပီအပြင်နားထောင်ဖို့ပြင်နေသော မာယာ ။ " ငါအချိန်ပိုင်းအလုပ်လုပ်တဲ့ပန်းဆိုင်မှာ ကောင်လေးတစ်ယောက် အသစ်ရောင်လာတာကနေစတာ " " ဟယ် ဟယ် ၊ နေဦး ၊ ကြိုက်သွားကြပြီလား " " ဟဲ့ ၊ ဘယ်လိုဖြစ် " တစ်ချက်လှမ်းရိုက်လိုက်သည်။ ဘာမှန်းမသိ လိုရာစွတ်တွေး ။ ဖြစ်ကြောင်းကုန်စင်ပြောပြပြီးတော့ မာယာက အကြံပေးဖို့ပြင်တော့သည်။ " ငါ့ experience အရဆို နင့်ကိုကြိုက်နေတာပဲ " " ကောင်းစံက? မဖြစ်နိုင်ပါဘူး ။ သူက ရှုပ်တယ်ဟ " " ဖွင့်မပြောသေးတာကို ကြည့်ရတာ trauma ကြောင့်ထင်တယ် " " ဘယ် trauma? " " အော် သူ ghost ခံလိုက်ရတဲ့ကောင်မလေးလေ ၊ အဲ့တာ trauma အဖြစ်ကျန်ခဲ့တယ် ထင်တယ် " " အာ " " နေဦး၊ တကယ်လို့ ဖွင့်ပြောလာခဲ့ပြီပဲထား ၊ နင်ဘယ်လိုလုပ်မလဲ " " ငါသူ့ကို မောင်လေး လိုပဲ သဘောထား... " " လာပြန်ပြီ မောင်နှမဇုန် ၊ နင်ကလေ " " ငါ ပြန်ကြိုက်တယ်ပဲထား ၊ ငါမှမအားတာ ၊ အလုပ်တွေနဲ့ " " နင်က အဲ့တာပဲ ရှေ့ရေးကိုတအားတွေးလွန်းတာ ၊ နင့်လိုလူတွေကြောင့် right person, wrong time ဆိုတဲ့ စကားဖြစ်လာတာ " " ငါ ဘဝအတွက် ကြိုးစားရှာဖွေစုဆောင်း... " " Single ဖြစ်နေတာ မဆန်းဘူး " " နင့်လိုတော့ အသည်းကွဲလိုက်၊ကမ္ဘာပျက်လိုက် မဟုတ်ပါဘူးနော် " " ငါပြောပြမယ် ။ နင်တကယ်ကြိုက်ပေမယ့် အခြေအနေကြောင့် မတွဲနိုင်ဘူးဆိုရင်တောင် သူ့ကိုသေချာပြောပြပြီး စောင့်ခိုင်း ၊ ဇွတ်မောင်နှမဇုန်ထဲ မဆွဲသွင်းလိုက်နဲ့ " " အင်း.. အင်းပါ " မာယာက တော်ကီတွေပွား ၊ သူကိုယ်တိုင်က အသည်းကွဲလိုက်၊ငိုလိုက် ဖြစ်နေပေမယ့် အိမ့်ကိုတော့ ဆရာလုပ်သွားသည်။ နှစ်နာရီလောက်နေမှ " လာ ငါတို့အပြင်သွားရအောင် ၊ တူတး အပြင်မသွားရတာ ကြာပြီ " " ဟာ နင်ကလည်း အိမ်မှာပဲနေရအောင်ဟာ ၊ အပြင်ထွက်ရတာ ပင်ပန်းတယ် " " Introvert တအားမဆန်နဲ့ဟာ ၊ လာ ၊ သွားမယ် " အတင်းပူညံပူညံလုပ်ကာ ပြောနေသဖြင့် မသွားချင်၊သွားချင် သွားဖို့ပြင်ရတော့သည်။ " ဟဲ့ လှလှလေးဝတ်နော် ၊ outfit သေချာရွေး ၊ အမြဲ style ကျနေရမယ် " ___ တိုက်အောက်တွင် ကောင်းစံနှင့်ပက်ပင်းတိုးသည်။ ဆိုင်ကယ်ကိုမှီရပ်ပြီး phone ကိုကြည့်နေသော ကောင်းစံ။ အိမ့်ကို မြင်သည်နှင့် " ဟာ မမ ကျွန်တော်အခုပဲ phone လှမ်းခေါ်တော့မလို့ " မာယာက အိမ့်ကို မျက်နှာရိပ်၊မျက်နှာကဲဖြင့် ဘယ်သူလဲ ဟုလှမ်းမေးသည်။ " ကောင်းစံလေ " ဟုလွှတ်ခနဲ ထွက်သွားသည်။ " ဗျာ " " မဟုတ် ၊ မဟုတ်ဘူး ။ မမသူငယ်ချင်းကို ပြောပြနေတာ ဒါကောင်းစံ လို့ " ငါးခူပြုံးနှင့် မာယာ ။ " မင်းက ကောင်းစံကို " " ဟုတ်တယ်ဗျ " " ဒါမမရဲ့ အရင်းဆုံးသူငယ်ချင်း " " တော်ပါသေးတယ် အရင်းဆုံးရှိလို့ " " မရှိဘူးထင်လို့လား ? " မာယာက ဖြတ်ခနဲဝင်မေးသည်။ " မမက တည့်တိုးဆန်တော့ .. " " ဒါနဲ့ ‌မင်းဒီဘာလာလုပ်တာလဲ " " မမကို coffee သောက်မလားလို့ လာခေါ်တာ " " မရပါဘူးနော် ။ ဒီနေ့အတွက် အိမ့်က မာယာအပိုင်ပဲ " ကောင်းစံ ရယ်လျက် " အမ မာယာကို ဆက်သွယ်ဖို့ တခုခုပေးပါလား " " တို့ကို ? " " ဟုတ်တယ်ဗျ " မာယာက အိမ့်ကိုလှမ်းကြည့်သည်။ " နင်ပေးချင်ပေး ၊ မပေးချင်မပေးနဲ့လေ ။ ဘာလို့ငါ့ကို လာကြည့်နေတာလဲ " မာယာသည် ကောင်းစံကို ph number ပေးလိုက်သည်။ ပြီးလျှင် အိမ့်နား ကပ်ကာ " နင့်လူက တစ်မျိုးပဲနော် " " ငါ့လူ မဟုတ်ပါဘူး " ဟု ထအော်မိသည်။ ___ နောက်နေ့ညနေတွင် ကောင်းစံ ထပ်ရောက်လာသည်။ " မမ ကျွန်တော် တိုက်အောက်မှာ " ဟု noti ရသည်။ အိမ့်လည်း ‌ရှပ်အင်္ကျီထပ်ဝတ်ကာ အောက်ဆင်းလိုက်သည်။ " ‌ဘာလာလုပ်ပြန်တာတုန်း " " တွေ့ချင်လို့လေ " " အတည်မေးနေတာ " " အတည်ဖြေနေတာ " ရုတ်တရတ် လက်ကို ဆွဲကာ " ဘာ ဘာလုပ်တာလဲ " " လိုက်သာလိုက်ခဲ့စမ်းပါ မမကလည်း " " လိုက်မယ် ၊ လက်ကိုသာလွှတ် " " ဆောရီး လောသွားလို့ " တော်တော်ကြာကြာလမ်းလျှောက်ပြီးတော့ တွေ့လိုက်ရသည်က coffee ဆိုင်တစ်ခု ။ " ဒီက မုန့်တွေ အရသာကောင်းလို့ ခေါ်လာတာ " " မုန့်တွေအရသာကောင်းသည် " လို့ ကြားပြီးကတည်းက ကော်ဖီဆိုင်ထဲ ချက်ချင်းဝင်သော အိမ့်။ " မမ စောင့်ဦးလေ " ___ ကော်ဖီဆိုင်က အပြန်တွင် ထီးမယူလာမိခဲ့သဖြင့် ရုတ်တရွတ်ရွာသောမိုးကို မရှောင်နိုင်ခဲ့။ " မမ မိုးရွာနေတာ မပြေးဘူးလား ? " " ပြေးတော့ရော လွတ်မှာကျနေတာ ။ မမအိမ်ပြန်ရောက်ဖို့က လိုသေးတယ် ။ ဒီတိုင်းလေး လျှောက်တာလည်း မဆိုးပါဘူး " " ကျွန်တော်ကတော့ ပြေးမှရမယ် bike ကို အမိုးအောက် parking မထိုးထားခဲ့မိဘူး " " ဟာ အဲ့လိုဆို ပြေးရမယ်လေ ၊ မြန်မြန် " အိမ့်တို့ရောက်တော့ ကောင်းစံဆိုင်ကယ် မိုးရေအရွှဲသား။ ကောင်းစံကိုယ်တိုင်လည်း မိုးရေတွေရွှဲနေသဖြင့် " လာ ၊ အိမ်ထဲ ခဏမိုးရပ်အောင်စောင့်လိုက် " " ဗျာ " #fictional #forward_only #owner
Hammasini ko'rsatish...
13🍓 3
Wanna join live stream? #ownerAnonymous voting
  • Yess
  • Noo
0 votes
6🍓 2
ကျွန်တော် channel စထောင်တုန်းက age ဘယ်လောက်လို့ထင်လဲ? #ownerAnonymous voting
  • 15
  • 16
  • 17
  • 18
0 votes
11🍓 4
Photo unavailableShow in Telegram
ကမ္ဘာပေါ်ပြုတ်ကျခဲ့တာ 17 နှစ်ရှိပြီ ။ ငါ့စိတ်ထဲက အတွေးတွေဟာ အရူးလွယ်အိတ်နဲ့ နင်လား ၊ ငါလားပဲ ...။ တစ်ခါတစ်လေ ဟစ်တလာဖြစ်ချင်တယ် ။ လူတန်းစားမခွဲခြားဘဲ အမြစ်ဖျက်ချင်တယ် .. ။ မီးညှိပြီး ပြေးထွက်သွားတဲ့ မီးခြစ်တွေကြောင့် ငါ့မှာ အငွေ့တလူလူနဲ့ ကျန်ခဲ့ပေါင်းမနည်း ။ ဆေးလိပ်မစွဲပါရက်နဲ့ တဟွတ်ဟွတ်ဆိုးတဲ့ ချောင်း အတင်းဝင်လာမျိုးလည်း ကြုံဖူးတယ်။ ပိုးသား၊ ဖဲသား ဆင်မြန်းထားပါရက်နဲ့ အတွင်းခန္ဓာမှာ မဖြူသောစိတ်တွေ ရှိတဲ့ လူအမျိုးအစားလည်း တွေ့ဖူးတယ်။ သူတို့ခေတ်အခါက ဉာဏ်ရည်ကို အကြောက်တရားနဲ့ ဖွဲ့စည်းထားတဲ့ အဟောင်းစော်နံနေတဲ့လူတွေကို ကြည့်မရတဲ့အပိုင်းလည်း ရှိတာပဲ ။ ပင်ကိုယ်သဘာဝကြောင့် ကန့်လန့်သွားတဲ့ ဂဏန်းနဲ့ စိတ်အတွင်းကြောင့် ကန့်လန့်သွားတဲ့ လူ ဘာကွာသလဲ ? တချို့ပညာတတ်တွေဟာ ခေါင်းစဉ်တပ်ထားတဲ့ ဗလာစာအုပ်တစ်အုပ်သာသာပဲ ..။ လူ့လောကပေါ်ပြုတ်ကျလာတဲ့ တောင်ပံတွေကို သိပ်သနားမိတယ်။ " ဘဝကနေပျော်တာလား ၊ မပျော်တာလား " တွေးမယ့်အစား ကလောင်ပဲထမ်းပြေးပလိုက်မယ် ..။ #sarto #forward_only #owner
Hammasini ko'rsatish...
50❤‍🔥 2🍓 2👍 1🔥 1🕊 1🦄 1
Photo unavailableShow in Telegram
" စိတ်စီရင်ချက် " မျှော်လင့်ချက်ဆိုတဲ့ ငမိုက်သားကို ကွပ်မျက်ပလိုက်စမ်း ။ ဒင်းကြောင့် စိတ်တွေအခါခါသေနေရတာ ။ ခဏခဏ နာကျင်စေသော အမှုနဲ့ နှလုံးသားကို သံတိုင်တွေနောက်ပို့လိုက် ။ ထကြွသောင်းကျန်းနေတဲ့ အိမ်မက်‌တွေကို တွေ့တဲ့နေရာမှာ သတ်လိုက် ...။ မဟုတ်လည်း သေကြမှာပဲ ...။ အနာဂတ်ဆိုတဲ့ ရုပ်ထုကြီးကို ပယ်ဖျက်လိုက်ကြ ။ ဖြစ်မလာတဲ့အရာကို ပယ်ဖျက်တာက ရာဇဝတ်မှု မမြောက်ဘူး ။ ( ရာဇဝတ်မှုမြောက်မယ်ဆိုလည်း ကျူးလွန်လိုက်မယ် ) မျက်ရည်တွေကို တွေ့တဲ့နေရာမှာဖမ်းကြ ။ လွတ်ထွက်သွားလို့ ဘာမှကောင်းကျိုးမရှိဘူး ။ #sarto #forward_only #owner
Hammasini ko'rsatish...
33👍 2💔 2🦄 2❤‍🔥 1👾 1
Boshqa reja tanlang

Joriy rejangiz faqat 5 ta kanal uchun analitika imkoniyatini beradi. Ko'proq olish uchun, iltimos, boshqa reja tanlang.