uz
Feedback
OJEIC(Okayama University Japan Educational Information Center)

OJEIC(Okayama University Japan Educational Information Center)

Kanalga Telegram’da o‘tish

"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Ko'proq ko'rsatish

📈 Telegram kanali OJEIC(Okayama University Japan Educational Information Center) analitikasi

OJEIC(Okayama University Japan Educational Information Center) (@ojeicmyanmar) Myanma til segmentidagi kanali faol ishtirokchi. Hozirda hamjamiyat 10 285 obunachidan iborat bo'lib, Taʼlim toifasida 19 206-o'rinni va Myanma mintaqasida 11 544-o'rinni egallagan.

📊 Auditoriya ko‘rsatkichlari va dinamika

невідомо sanasidan buyon loyiha tez o‘sib, 10 285 obunachiga ega bo‘ldi.

30 Iyul, 2026 dagi oxirgi ma’lumotlarga ko‘ra kanal barqaror faollikka ega. Oxirgi 30 kunda obunachilar soni -15 ga, so‘nggi 24 soatda esa -5 ga o‘zgardi va umumiy qamrov yuqori darajada qolmoqda.

  • Tasdiqlash holati: Tasdiqlanmagan
  • Jalb etish (ER): Auditoriya o‘rtacha 3.00% darajada jalb etiladi. Nashrdan keyingi dastlabki 24 soatda kontent odatda umumiy obunachilar sonining 1.50% ini tashkil etuvchi reaksiyalarni to‘playdi.
  • Post qamrovi: Har bir post o‘rtacha 309 marta ko‘riladi; birinchi sutkada odatda 154 ta ko‘rish yig‘iladi.
  • Reaksiyalar va o‘zaro ta’sir: Auditoriya faol: har bir postga o‘rtacha 1 ta reaksiya keladi.

📝 Tavsif va kontent siyosati

Muallif resursni shaxsiy fikrni ifoda etish maydoni sifatida ta’riflaydi:
"ဂျပန်ပညာတော်သင်သွားခြင်း"နှင့်ပတ်သက်ပြီး OJEIC Myanmar Facebook Pageတွင် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

Yuqori yangilanish chastotasi (oxirgi ma’lumot 31 Iyul, 2026 da olingan) sababli kanal doimo dolzarb va katta qamrovli bo‘lib qoladi. Analitika auditoriya kontent bilan faol hamkorlik qilishini, uni Taʼlim toifasidagi muhim ta’sir nuqtasiga aylantirishini ko‘rsatadi.

10 285
Obunachilar
-524 soatlar
-27 kunlar
-1530 kunlar
Postlar arxiv
<No.5> 🎌Josai International University 🎌 ✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည့် ကျောင်းမိတ်ဆက်ခြင်း ✨ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 🖥 Josai International University Online Group Consultation 📅Date : August 28, 2026 (Friday) ⏰Time : 1:30 PM - 2:25 PM (Myanmar Time) 🤩 Don't forget registration to join this meeting! 🤩 🎓Josai International University ကတော့ ၁၉၉၂ ခုနှစ်‌မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပြီး နိုင်ငံတကာက ကျောင်းပေါင်း ၂၀၀ ကျော်နဲ့ ချိတ်ဆက်ထားတဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပါတယ်။ 🎓 JIU ရဲ့ Graduate School of International Administration (GSIA) ဟာဆိုရင်အင်္ဂလိပ်ဘာသာ နဲ့လေ့လာနိုင်မှာဖြစ်ပြီး Public Policy, International Politics and Economics, International Business, Tourism စတဲ့ နယ်ပယ်တွေကို အဓိကထားပြီး လေ့လာသင်ယူနိုင်မှာဖြစ်ပါတယ်။ 🔺Graduate School of International Administration (GSIA) : https://www.jiu.ac.jp/eng/inter_administration/ 🔷Undergraduate programs ▪️Faculty of International Humanities ▪️Faculty of Tourism ▪️Faculty of Management and Information Sciences ▪️Faculty of Media Studies ▪️Faculty of Pharmaceutical Sciences ▪️Faculty of Social Work Studies ▪️Faculty of Nursing ▪️Faculty of Health Sciences 🔶Graduate Programs ▪️Graduate School of Humanities ▪️Graduate School of Management and Information Sciences ▪️Graduate School of Social Work Studies ▪️Graduate School of Business Design ▪️Graduate School of Pharmaceutical Sciences ▪️Graduate School of International Administration (GSIA) ▪️Graduate School of Health Sciences 🎓Special Program ▪️Japanese Studies Program Scholarship အစီအစဉ်အနေနဲ့ Josai International University Scholarship Program အပြင် အခြားScholarship အစီအစဉ် တွေလည်းအများအပြားရှိပါတယ်။ ♦️Josai International University နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ 🔻Homepage: https://www.jiu.ac.jp/eng/ 🔻Admission: https://www.jiu.ac.jp/eng/admissions/ 🔻Tuition&Scholarship: https://www.jiu.ac.jp/admissions/detail/id=3872 ✨“Online Study in Japan Fair 2026 For Myanmar" ရဲ့ Special Website ကနေတဆင့် ပွဲအကြောင်းနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေ။စကော်လားရှစ်အစီအစဥ်တွေအကြောင်း လေ့လာနိုင်ပါတယ်။✨ 🚩Special Website :https://www.okayama-u.ac.jp/user/myanmar/prepare2026.html

Online Study in Japan Fair 2026 For Myanmar (28th&29th August, 2026) တွင်ပါဝင်သွားမဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံး (The Embassy of Japan in Myanmar) Registration Link : https://forms.gle/UEvGn3NowhL81Eka7 Online Study in Japan Fair 2026 For Myanmar မှာဆိုရင် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံရုံးက လည်း ပါဝင်သွားမှာဖြစ်ပါတယ်။ MEXT Scholarship (Embassy Recommendation) ကိုလျှောက်ထားဖို့ စိတ်ပါဝင်စားသူတွေအနေနဲ့ Zoom Group Consultation မှာ ဆက်ဆက်ပါဝင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ The Embassy of Japan in Myanmar Group Consultation Date : August 28, 2026 (Friday) Time : 4:30 P.M -5:55 P.M (Myanmar Time) Online Study in Japan Fair 2026 For Myanmar ကို အောက်ဖော်ပြပါလင့်ခ်တွေ မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ကြရအောင်။ Special Website : https://www.okayama-u.ac.jp/user/myanmar/prepare2026.html Registration Link : https://forms.gle/UEvGn3NowhL81Eka7

<No4> 🎌J.F. Oberlin University 🎌 ✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည့် ကျောင်းမိတ်ဆက်ခြင်း ✨ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 🖥 J.F. Oberlin University Online Group Consultation 📅Date : August 29, 2026 (Saturday) ⏰Time : 1:00 PM - 1:55 PM (Myanmar Time) 🤩 Don't forget registration to join this meeting! 🤩 🌸J.F. Oberlin Universityဟာ Tokyoမြို့ Machida မှာ တည်ရှိပြီး ၁၉၆၆ ခုနှစ်မှာ တည်ထောင်ခဲ့တာဖြစ်ပါတယ်။ Liberal Arts ဘာသာရပ်ကို အလေးထားသင်ကြားပေးနေတဲ့ ပုဂ္ဂလိကတက္ကသိုလ်တစ်ခုဖြစ်ပြီး ဘွဲ့ကြိုဌာန ၅ ခု၊ ဘွဲ့လွန်ဌာန ၆ ခုဖြင့် ဖွဲ့စည်းထားပါတယ်။ 🔷Undergraduate Programs 🔹College of Arts and Sciences 🔹Faculty of Global Communication (JP or Eng Track) 🔹Faculty of Business Management 🔹Faculty of Health and Welfare 🔹Faculty of Performing and Visual Arts 🔶Graduate Programs 🔸Graduate School of International Studies 🔸Graduate School of Business Administration 🔸Graduate School of Language Education 🔸Graduate School of Psychology 🔸Graduate School of Higher Education Administration (On-Campus/Distance Learning) 🔸Graduate School of Gerontology 🏆Scholarship အစီအစဥ်အနေနဲ့ ထူးချွန်တဲ့ကျောင်းသားတွေအတွက် ကျောင်းလခလျော့ချပေးတဲ့ အစီအစဥ် နဲ့ JASSO scholarship အပြင် Private Foundations တွေကပေးတဲ့ scholarship စတဲ့ အစီအစဥ်တွေလည်းရှိပါတယ်။ 🤩J.F. Oberlin University ရဲ့ ကျောင်းမိတ်ဆက်၊ ကျောင်းဝင်ခွင့်စာမေးပွဲ၊ ပညာသင်ဆု စတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ကြရအောင်။ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 ♦️J.F. Oberlin University နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ 🔻Homepage: https://www.obirin.ac.jp/en/ 🔻Admission: https://www.obirin.ac.jp/en/admissions/ 🔻Tuition&Scholarship: https://www.obirin.ac.jp/en/campus/tuition/ ✨“Online Study in Japan Fair 2026 For Myanmar" ရဲ့ Special Website ကနေတဆင့် ပွဲအကြောင်းနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေ။စကော်လားရှစ်အစီအစဥ်တွေအကြောင်း လေ့လာနိုင်ပါတယ်။✨ 🚩Special Website :https://www.okayama-u.ac.jp/user/myanmar/prepare2026.html

【ပညာတော်သင်ဆွေးနွေးပွဲ】 【留学アドバイザーによる留学相談会】
【ပညာတော်သင်ဆွေးနွေးပွဲ】 【留学アドバイザーによる留学相談会】

【ပညာတော်သင်ဆွေးနွေးပွဲ】 【留学アドバイザーによる留学相談会】 ဂျပန်သံရုံးအနေဖြင့် တစ်လလျှင်တစ်ကြိမ် ပညာတော်သင်ဆွေးနွေးပွဲကို ကျင်းပလျက်ရှိပါသည်။ သြဂုတ်လ၏ ပညာတော်သင်ဆွေးနွေးပွဲတွင်  Toyo University က တက္ကသိုလ်အကြောင်းကို မိတ်ဆက်ပေးမည့် အစီအစဉ်လည်းရှိပါသည်။ စိတ်ပါဝင်စားသူများ အနေဖြင့် ဆက်ဆက် တက်ရောက်ကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။ ပညာတော်သင်ဆွေးနွေးပွဲကို တက်ရောက်လိုပါက အောက်ပါလင့်ခ်တွင် စာရင်းသွင်း လျှောက်ထားနိုင်ပါသည်။ ○ နေ့ရက်နှင့်အချိန်။ ။ သြဂုတ်လ ၅ ရက်၊ ၂၀၂၆ ခုနှစ် (ဗုဒ္ဓဟူးနေ့) နေ့လယ် ၂နာရီ မှ ၄နာရီအထိ ○ ကျင်းပမည့်ပုံစံ။ ။ အွန်လိုင်း (Zoom) ○ စာရင်းသွင်းလျှောက်ထားရန်လင့်ခ်။ ။ https://forms.gle/tnwEK4XSxJprSRzd6 ○ ဆွေးနွေးပေးမည့်ပုဂ္ဂိုလ်။ ။ MAJA, OJEIC, Toyo University-Prof. Ikuko OKAMOTO (Faculty of Global and Regional Studies, Graduate School of Global and Regional Studies) ○ မှတ်ချက်။ ။ ၂၀၂၆ ခုနှစ် သြဂုတ်လ ၂၈ ရက်နေ့မှ သြဂုတ်လ ၂၉ ရက်နေ့အထိ “၂၀၂၆ ခုနှစ် ဂျပန်ပညာရေးပွဲတော် (Study in Japan Fair 2026 for Myanmar)” ကို ကျင်းပမည်ဖြစ်သဖြင့်၊ နောက်တစ်ကြိမ် ကျင်းပမည့် ပညာတော်သင်ဆွေးနွေးပွဲကို အောက်တိုဘာလတွင် ပြုလုပ်သွားမည်ဖြစ်ပါသည်။ 日本国大使館では月1回程度、留学アドバイザーによる留学相談会を開催しています。8月の相談会は東洋大学の紹介セッションがあります。ご興味のある方はぜひご参加ください! 参加希望の方は以下の予約フォームリンクよりお申し込みください。 ○日時: 2026年8月5日(水)14時~16時 ○開催形式: オンライン(Zoom) ○予約フォームリンク: https://forms.gle/tnwEK4XSxJprSRzd6 ○アドバイザー: MAJA、OJEIC ○ゲスト: 東洋大学 岡本郁子教授(国際学部国際地域学科、国際学研究科国際地域学専攻) ○その他: 2026年8月28日~8月29日に、「2026年度ミャンマー向け日本留学フェア (Study in Japan Fair 2026 for Myanmar)を開催しますので、次回の留学相談会は10月開催となります。

<No.3> 🎌Eikei University of Hiroshima 🎌 ✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည့် ကျောင်းမိတ်ဆက်ခြင်း ✨ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 🖥Eikei University of Hiroshima Online Group Consultation 📅Date : August 28, 2026 (Friday) ⏰Time : 3:30 PM -4:25 PM (Myanmar Time) 🤩 Don't forget registration to join this meeting! 🤩 🌸Hiroshima ပြည်နယ်မှာတည်ရှိတဲ့ Eikei University of Hiroshima (EUH) ဟာ ၂၀၂၁ ခုနှစ်က စတင်ဖွင့်လှစ်ခဲ့တဲ့ Local Public University တစ်ခုဖြစ်ပါတယ်။ အသစ်အသစ်တွေကိုမှလေ့လာချင်ပြီး ခေါက်ရိုးကျိုးနေတဲ့အတွေးအခေါ်တွေကိုပြောင်းလဲချင်တဲ့ ကျောင်းသားကျောင်းသူတွေအတွက် ရွေးချယ်သင့်တဲ့ကျောင်းတစ်ကျောင်းဖြစ်ပါတယ်။ နိုင်ငံတကာ ကျောင်းသားကျောင်းသူတွေအတွက် English ဘာသာနဲ့သင်ယူနိုင်တဲ့ course ကတော့ Social System Design Course ပဲဖြစ်ပါတယ်။ 🤗Department of Social System Design ရဲ့ course ဖြစ်ပြီး လေ့လာရမဲ့ဘာသာရပ်တွေက 🌐Fundamental courses: Peace, Partnership 🌐Advanced courses: ✍🏻People - Humanities (Identity Design) ✍🏻Prosperity - Economics (Business Design) ✍🏻Planet - Natural Sciences/ Environmental Studies (Ecosystem Design) 🏆ကျောင်းဝင်ခွင့်ရရှိသူ နိုင်ငံတကာကျောင်းသားကျောင်းသူတိုင်းအတွက် Scholarship အခွင့်အရေးအနေနဲ့ ကျောင်းလခ 50%လျှော့ချပေးတဲ့ ပညာသင်ဆုနဲ့ လစဉ်ယန်း 50,000 ပညာသင်ထောက်ပံ့ကြေး (Special Scholarship) အပြင် JASSO scholarships အခွင့်အရေးလည်းရှိပါတယ်။ 🤩Eikei University of Hiroshima ရဲ့ ကျောင်းမိတ်ဆက်၊ ကျောင်းဝင်ခွင့်စာမေးပွဲ၊ ပညာသင်ဆု စတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ကြရအောင်။ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 ♦️Eikei University of Hiroshima နဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ 🔻Homepage: https://eikei.ac.jp/english/ 🔻Admission: https://admissions.eikei.ac.jp/english/ 🔻Scholarship: https://eikei.ac.jp/english/life/scholarship/ 🔻Pamphlet: https://eikei.ac.jp/english/wp-content/uploads/sites/4/2025/08/eikei-en-fix-WEB.pdf ✨“Online Study in Japan Fair 2026 For Myanmar" ရဲ့ Special Website ကနေတဆင့် ပွဲအကြောင်းနဲ့ သက်ဆိုင်ရာတက္ကသိုလ်တွေ။စကော်လားရှစ်အစီအစဥ်တွေအကြောင်း လေ့လာနိုင်ပါတယ်။✨ 🚩Special Website :https://www.okayama-u.ac.jp/user/myanmar/prepare2026.html

💁Kyoto iUP Online Seminar For ASEAN Countries on 4th Sep🤩 🏯ဂျပန်နိုင်ငံရဲ့ နာမည်ကြီးထိပ်တန်းအစိုးရတက္ကသိုလ်တစ်ခုဖြစ်တဲ့ Kyoto University ရဲ့ Kyoto International Undergraduate Program (Kyoto iUP) ကိုစိတ်ဝင်စားတဲ့ ကျောင်းသားကျောင်းသူတွေနဲ့ 2027 Enrollment ကို လျှောက်ဖို့ရည်ရွယ်ထားသူတွေအတွက် Online Seminar ကို ကျင်းပပေးသွားမှာဖြစ်တာကြောင့် ဆက်‌ဆက်တက်ရောက်ကြဖို့ ဖိတ်ခေါ်ချင်ပါတယ်။🤗 📅Date: September 4, 2026 (Wed) ⏰Time: 1:00PM ~ 2:30PM (Myanmar time) 💻Platform: ZOOM 📌Register: https://forms.gle/WGTfZevH4essvcWV8 🏫Kyoto iUP Program အကြောင်းကိုလည်း အနည်းငယ် မိတ်ဆက်ပေးချင်ပါတယ်။ 💁Kyoto iUP Program ဟာ ၆လတာ Preparatory Course နဲ့အတူ ဘွဲ့ကြိုတန်း၄နှစ် စုစုပေါင်း၄နှစ်ခွဲကြာ တက်ရောက်သင်ယူရမယ့် Program ဖြစ်ပါတယ်။ Preparatory Course ၆လတာမှာ Intensive Japanese Class တွေကိုပါ တက်ရောက်ရမှာဖြစ်တဲ့အတွက် စတင်လျှောက်ထားတဲ့အချိန်မှာ ဂျပန်စာအရည်အချင်းမရှိလည်း လျှောက်ထားနိုင်ပါတယ်။ 📚ဘွဲ့ ကြိုတန်း ရဲ့ ပထမ နှစ်နှစ်မှာ ကျောင်းသားတွေဟာ Liberal Arts Courses တွေနဲ့ မိမိအထူးပြုလေ့လာလိုတဲ့မေဂျာရဲ့ Fundamental Courses တွေကို အင်္ဂလိပ်၊ဂျပန် နှစ်ဘာသာနဲ့ သင်ယူရမှာဖြစ်ပြီး နောက်ဆုံး( ၂ )နှစ်မှာတော့ ‌အထူးပြုမေဂျာရဲ့ ဘာသာရပ်တွေကို ဂျပန်ဘာသာနဲ့ အဓိက သင်ယူရမှာဖြစ်ပါတယ်။ ကျောင်းပြီးတဲ့အချိန်မှာတော့ မိမိအထူးပြု‌လေ့လာထားတဲ့မေဂျာရဲ့ bachelor's degree ကို ရရှိမှာဖြစ်ပါတယ်။ 🏫လျှောက်ထားနိုင်တဲ့ဌာနတွေကတော့🏫 • Faculty of Integrated Human Studies • Faculty of Education • Faculty of Letters • Faculty of Law • Faculty of Economics • Faculty of Science • Faculty of Pharmaceutical Sciences • Faculty of Engineering • Faculty of Agriculture တို့ဖြစ်ပါတယ်။ ⏳Application period for October 2027 Enrollment: November 2 - December 3, 2026 (5pm JST) 🔻 Application Guidelines: https://www.iup.kyoto-u.ac.jp/Application_Guidelines_for_October_2027_Enrollment.pdf 🔻Program Overview: https://www.iup.kyoto-u.ac.jp/ 🏫Kyoto University နဲ့ Kyoto iUP Program ကို စိတ်ဝင်စားတယ်ဆိုရင် ဒီ Seminar လေးကို တက်ရောက်ပြီး Information တွေရယူလိုက်ကြရအောင်🥳 📌Register Here : https://forms.gle/WGTfZevH4essvcWV8

<No.2> 🎌Chiba University 🎌 ✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည့် ကျောင်းမိတ်ဆက်ခြင်း ✨ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 🖥Chiba University Online Group Consultation 📅Date : August 29, 2026 (Saturday) ⏰Time : 12:00 PM -12:55 PM (Myanmar Time) 🤩 Don't forget registration to join this meeting! 🤩 🌸Chiba University ကတော့ ဂျပန်နိုင်ငံရှိ နိုင်ငံပိုင်တက္ကသိုလ်အကြီးဆုံးတွေထဲက တစ်ခုအပါအဝင်ဖြစ်ပြီး ၁၉၄၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဘွဲ့ကြိုဌာနပေါင်း ၁၁ ခု၊ ဘွဲ့လွန်ဌာနပေါင်း ၉ ခု ဖြင့် ဖွဲ့စည်းထားပြီး တက္ကသိုလ်တည်ရှိရာ Chiba မြို့ကတော့ တိုကျိုမြို့နဲ့ Narita International Airport ကြား အချက်အချာကျတဲ့နေရာဖြစ်တာကြောင့် သွားလာရလွယ်ကူပါတယ်။ 🔷Undergraduate Schools 🔹College of Liberal Arts and Sciences 🔹Faculty of Letters 🔹Faculty of Law, Politics and Economics 🔹Faculty of Education 🔹Faculty of Science 🔹Faculty of Engineering 🔹Faculty of Informatics 🔹Faculty of Horticulture 🔹School of Medicine 🔹Faculty of Pharmaceutical Sciences 🔹School of Nursing 🔶Degree programs offered in English 🔸Graduate School of Humanities and Studies on Public Affairs 🔸Graduate School of Science and Engineering 🔸Graduate School of Horticulture 🔸Graduate School of Medical and Pharmaceutical Sciences 🔸Graduate School of Nursing 📌https://www.chiba-u.ac.jp/e/course-program/offered/index.html 🏆Scholarship အစီအစဥ်အနေနဲ့ JASSO scholarship အပြင် Private Foundations တွေကပေးတဲ့ scholarship စတဲ့ အစီအစဥ်တွေလည်းရှိပါတယ်။ 🤩Chiba University ရဲ့ ကျောင်းမိတ်ဆက်၊ ကျောင်းဝင်ခွင့်စာမေးပွဲ၊ ပညာသင်ဆု စတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲ လိုက်ကြရအောင်။ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 ♦️Chiba University နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ 🔻Homepage: https://www.chiba-u.ac.jp/e/ 🔻Admission: https://www.chiba-u.ac.jp/e/admission/index.html 🔻Scholarship: https://www.chiba-u.ac.jp/international/isd/en/living/scholarship/index.html 🔻International Support Desk(ISD): https://www.chiba-u.ac.jp/international/isd/en/index.html 🔻Pamphlet : https://www.chiba-u.ac.jp/e/about/files/pdf/Chiba%20University%202025-2026.pdf 🚩Special Website : https://www.okayama-u.ac.jp/user/myanmar/prepare2026.html

✨🌏👩🏻‍💻2027 September Intake ဝင်ခွင့်အောင်မြင်သူတိုင်း ကျောင်းလခ တစ်ဝက်လျော့ချပေးတဲ့ စကော်လာရှိတဲ့ University of Hyogo ရဲ့ Englishလိုသင်ယူနိုင်မဲ့ Global Business Course (GBC)👩🏻‍💻🌏✨ University of Hyogo ဟာဆိုရင် Kobe မြို့ရှိ Local Public University တစ်ခု ဖြစ်ပါတယ်။ Global Business Course (GBC) ဟာဆိုရင် နိုင်ငံတကာစီးပွားရေးနဲ့ စီမံခန့်ခွဲမှုကို အခြေခံပြီး နိုင်ငံတကာစျေးကွက်ကိုထိုးဖောက်လိုတဲ့ လူငယ်တွေအတွက် ရည်ရွယ်ကာ 2019ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တဲ့ Undergraduate English Program တစ်ခုဖြစ်ပါတယ်။ ✅ကျောင်းလျှောက်ထားရန် အခြေခံလိုအပ်ချက်- 1. ၁၂နှစ်တာပညာရေးပြီးဆုံးအောင်မြင်ထားသူ။ (Between Sep 20, 2024 and Sep 19, 2027) 2. IELTS 5.5 (or) TOFEL iBT 72 (or) TOEIC L&R/S&W 1560 (or) Duolingo 100 နဲ့အထက် ရရှိထားသူ။ ✅2027 September Enrollment ⏰Registration Period: December 1 - 14, 2026 (JST) ⏰Application Period: Dec 1, 2025 - 25, 2026 (JST) 📌Application Guideline: https://www.u-hyogo.ac.jp/english/01ApplicationGuidelines2027.pdf 👩🏻‍💻ကျောင်းဝင်ခွင့်ရွေးချယ်မှုကိုတော့ Document Screening, Online Interview နဲ့ဆုံးဖြတ်သွားမှာဖြစ်ပြီး 2027 September Enrollment အတွက် နိုင်ငံတကာကျောင်းသားကျောင်းသူ 30 ဦးကို ကျောင်းဝင်ခွင့်လက်ခံပေးသွားမှာဖြစ်ပါတယ်။ 🏆Scholarship Information🏆 🤩GBC Program ကို September 2027 Enrollment အတွက် ဝင်ခွင့်အောင်မြင်တဲ့ နိုင်ငံတကာကျောင်းသားကျောင်းသူတိုင်း 50% Tuition Reduction Scholarship (Special Exemption) ကို 4နှစ်စာ ရရှိမှာဖြစ်ပါတယ်။2nd year ကနေစပြီး နှစ်စဉ် Academic Performance ရဲ့ Top 30% ထဲဝင်တဲ့ ကျောင်းသား‌ကျောင်းသူတွေကတော့ Additional Exemption အနေနဲ့ 100% Tuition Reduction Scholarshipကို ရရှိနိုင်မှာဖြစ်ပါတယ်။ 🔗Home Page: https://www.u-hyogo.ac.jp/english/ 🔗School of Economics and Management: https://www.u-hyogo.ac.jp/em/en/index.html 🔗GBC Course: https://www.u-hyogo.ac.jp/english/academics/em/gbc/ 🔗Scholarship: https://www.u-hyogo.ac.jp/english/admissions/scholarship/ 📩Inquires → GBC Office: gbc@ofc.u-hyogo.ac.jp

<No.1> 🎌Asia University 🎌 ✨Online Study in Japan Fair 2026 For Myanmar (28th ~ 29th August, 2026) တွင်ပါဝင်သွားမည့် ကျောင်းမိတ်ဆက်ခြင်း ✨ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 🖥Asia University Online Group Consultation 📅Date : August 28, 2026 (Friday) ⏰Time : 12:30 PM -1:25 PM (Myanmar Time) 🤩 Don't forget registration to join this meeting! 🤩 🗼Tokyo မြို့ရှိ Private University တစ်ခုဖြစ်တဲ့ Asia University မှာဘွဲ့ကြိုဌာန ( ၆ ) ခု နဲ့ ဘွဲ့လွန်ဌာန ( ၃ ) ခု ရှိပါတယ်။နှစ်စဥ် ASEAN နိုင်ငံတွေက အထက်တန်းအောင်မြင်ပြီးခါစနဲ့ အထက်တန်းအောင်မြင်ခါနီး ကျောင်းသားကျောင်းသူတွေအတွက် ကျောင်းလခကင်းလွတ်ခွင့်နဲ့ အဆောင်လခ ( ၂ ) နှစ်စာအခမဲ့ရရှိနိုင်မဲ့ ‟Asia University Scholarship for the Students from ASEAN Countries” ပညာသင်ဆုကို ထောက်ပံ့ပေးလျက်ရှိပါတယ်။ 🔷Undergraduate Faculties 🔹Faculty of Business Administration 🔹Faculty of Economics 🔹Faculty of Law 🔹Faculty of International Relations 🔹Faculty of Sociology 🔹Faculty of Health and Sport Science 📌https://www.asia-u.ac.jp/english/academics/ 🔶Graduate Faculties 🔸Graduate School of Asian and International Business Strategy 🔸Graduate School of Economics 🔸Graduate School of Law 📌https://www.asia-u.ac.jp/english/graduate/ 🤩Asia University ရဲ့ ကျောင်းမိတ်ဆက်၊ ကျောင်းဝင်ခွင့်စာမေးပွဲ၊ ပညာသင်ဆု စတဲ့ ကျောင်းနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို သိရှိဖို့ အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲလိုက်ကြရအောင်။ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 ♦️Asia University နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကို အောက်ပါဝက်ဘ်ဆိုဒ်တွေမှာ ဖတ်ရှုနိုင်ပါတယ်။ 🔻Homepage: https://www.asia-u.ac.jp/english/ 🔻Admission: https://www.asia-u.ac.jp/english/admissions/ 🔻Scholarship: https://www.asia-u.ac.jp/english/campuslife/scholarship/asia.html 🔻Asia University PV for Myanmar :https://youtu.be/UWulxAO4LcM 🚩Special Website : https://www.okayama-u.ac.jp/user/myanmar/prepare2026.html

🎉Study in Japan Fair 2026 for Myanmar ၏ Special website ကိုဖွင့်လှစ်လိုက်ပါပြီ။🎉 📌Special Website : https://www.okayama-u.ac.jp/user/myanmar/prepare2026.html 📣အောက်ပါလင့်ခ်မှတစ်ဆင့် မြန်မြန်စာရင်းပေးသွင်းရန် ဖိတ်ခေါ် လိုက်ပါသည်။ 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7 🏫Okayama University (Global Network Project to Promote Study in Japan) ၊ မြန်မာနိုင်ငံဆိုင်ရာဂျပန်သံရုံးနှင့် မြန်မာနိုင်ငံဂျပန်ပြန်ပညာသင်ဟောင်းအသင်း (MAJA) တို့မှ ကြီးမှူးပြီး "Online Study in Japan Fair 2026 For Myanmar" ကို ဩဂုတ်လ ၂၈ ရက်နေ့ နှင့် ၂၉ ရက်နေ့တွင် အွန်လိုင်းမှတစ်ဆင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။ 1️⃣Online General Information Seminar 🧑‍🏫 ⏰28th August, 9:00AM to 11:00PM (Myanmar Time) 2️⃣Online Group Consultation 👨‍💼👩‍💼🧑‍💼 ⏰28th August , 11:30PM to 5:30PM (Myanmar Time) ⏰29th August , 9:00AM to 3:00PM (Myanmar Time) 💁‍♀️Fair တွင် ပါဝင်သွားမည့် တက္ကသိုလ်အသီးသီးနှင့် အွန်လိုင်း (Zoom) ဖြင့် အဖွဲ့လိုက်ဆွေးနွေးမှုကို ပြုလုပ်သွားမည်ဖြစ်ပါသည်။👍 🏫ပါဝင်သွားမည့် ဂျပန်နိုင်ငံမှနာမည်ကြီးတက္ကသိုလ်များနှင့် နည်းပညာကောလိပ်🏫 ▪️Asia University ▪️Chiba University ▪️Eikei University of Hiroshima ▪️J.F. Oberlin University ▪️Josai International University, Graduate School of International Administration ▪️Kanazawa University ▪️Kumamoto University ▪️Kyoto University of Advanced Science ▪️Nagasaki University ▪️Niigata University ▪️Okayama University ▪️Ritsumeikan University ▪️Ritsumeikan Asia Pacific University ▪️Tohoku University ▪️Tokyo International University ▪️Tokyo University of Foreign Studies ▪️Toyo University ▪️Tsuda University ▪️University of Tsukuba ▪️National Institute of Technology (KOSEN) 🤩ဂျပန်နိုင်ငံရှိ မိမိစိတ်ဝင်စားရာ တက္ကသိုလ်အသီးသီးနှင့် အွန်လိုင်းဖြင့် တိုက်ရိုက်ဆွေးနွေးမှုရယူပြီး ပညာတော်သင်ဆိုင်ရာ၊ အလုပ်အကိုင်ပိုင်းဆိုင်ရာ သတင်းအချက်အလက်များကို သိရှိနိုင်ရန် အောက်ပါလင့်ခ်မှတစ်ဆင့် စာရင်းပေးသွင်းပြီး အခမဲ့ပါဝင်ဆင်နွှဲရန် ဖိတ်ခေါ်အပ်ပါသည်။🤗 📌Registration Link : https://forms.gle/UEvGn3NowhL81Eka7