cookie

Sizning foydalanuvchi tajribangizni yaxshilash uchun cookie-lardan foydalanamiz. Barchasini qabul qiling», bosing, cookie-lardan foydalanilishiga rozilik bildirishingiz talab qilinadi.

avatar

Khit Thit Media ခေတ်သစ်မီဒီယာ

Khit Thit Media ခေတ်သစ်မီဒီယာ ရန်ကုန်ခေတ်သစ်သတင်းဌာနသည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့တွင် စတင်ထူထောင်ခဲ့သော သတင်းဌာနဖြစ်ပါသည်။ https://yktnews.com/ https://t.me/khitthitmedianews https://t.me/khitthitmediagroup https://t.me/earnppmoney2020_bot?start=r0

Ko'proq ko'rsatish
Reklama postlari
124 384
Obunachilar
+9624 soatlar
+6777 kunlar
+10430 kunlar

Ma'lumot yuklanmoqda...

Obunachilar o'sish tezligi

Ma'lumot yuklanmoqda...

စစ်အာဏာသိမ်းပြီးနောက် လတ်တလောဖြစ်ပေါ်လျက်ရှိသော အခြေအနေများနှင့် ပတ်သက်၍  နေ့စဉ်ထုတ်ပြန်ချက် အကျဉ်းချုပ် https://aappb.org/bu?p=28237 ရက်စွဲ – မေလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်၊ ၂၀၂၁ ခုနှစ် မတရားစစ်အာဏာလုမှုဖြစ်စဉ်စတင်ချိန်မှ မေလ ၂၇ ရက်၊ ၂၀၂၄ ခုနှစ်အထိ အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်း၏လက်ပါးစေများကြောင့် နွေဦးတော်လှန်ရေးကာလအတွင်း သေဆုံးခဲ့ရသည့် ဒီမိုကရေ စီရေး လှုပ်ရှားသူများနှင့် ပြည်သူစုစုပေါင်းမှာ (၅၁၄၈) ဦး ရှိခဲ့ပြီဖြစ်သည်။ အေအေပီပီအနေဖြင့် အတည်ပြုရန် လိုအပ် နေသည့် အမည်စုံစမ်းဆဲ သတ်ဖြတ်ခံရသူ (၁၈၀၀) ဝန်းကျင်စာရင်းကိုလည်း သီးခြားပြုစု ထားသည်။ ထို့အပြင် မတရားအာဏာလုမှုဖြစ်စဉ်နှင့် ဆက်စပ်၍ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း (၂၆၇၄၇) ဦးရှိပြီး ထိုအထဲမှ (၂၀၄၉၉) ဦးမှာ ထိန်းသိမ်းခံနေရဆဲဖြစ်ကာ ထိန်းသိမ်းခံနေရသူများအနက်မှ (၉၀၃၇) ဦးမှာ ထောင်ဒဏ်ချမှတ်ခံထားရသည်။  မေလ […]
Hammasini ko'rsatish...
😢 3
Daily Briefing in Relation to the Military Coup https://aappb.org/?p=28231 Date – 27 May 2024 Since the 1 February 2021 coup, a total of (5,148) people, including pro-democracy activists and civilians have been killed by the junta and pro-military groups during the Spring Revolution. In addition to the total fatality figure, AAPP has documented around (1,800) deceased persons whose names are unknown and still need […]
Hammasini ko'rsatish...
😢 1
အိုင်ဇောလ်မှာ မြန်မာနိုင်ငံသားတစ်ဦးထံ ရူပီး သိန်း ၁၀၀ ကျော်တန် ဘိန်းဖြူများဖမ်းဆည်းရမိ https://zalen.info/%E1%80%A1%E1%80%AD%E1%80%AF%E1%80%84%E1%80%BA%E1%80%87%E1%80%B1%E1%80%AC%E1%80%9C%E1%80%BA%E1%80%99%E1%80%BE%E1%80%AC-%E1%80%99%E1%80%BC%E1%80%94%E1%80%BA%E1%80%99%E1%80%AC%E1%80%94%E1%80%AD%E1%80%AF/
Hammasini ko'rsatish...
🤬 9👍 5
Khit Thit သတင်းဌာန၏ မေ ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် https://www.youtube.com/watch?v=2guFvKe6Vp4
Hammasini ko'rsatish...
👍 24 7
တီးတိန်မြို့ပေါ် စစ်ကောင်စီကလေကြောင်းဖြင့်ဗုံကြဲတိုက်ခိုက်၊ ဒေသခံတစ်ဝက်နီးပါးတိမ်းရှောင် https://zalen.info/%E1%80%90%E1%80%AE%E1%80%B8%E1%80%90%E1%80%AD%E1%80%94%E1%80%BA%E1%80%99%E1%80%BC%E1%80%AD%E1%80%AF%E1%80%B7%E1%80%95%E1%80%B1%E1%80%AB%E1%80%BA-%E1%80%85%E1%80%85%E1%80%BA%E1%80%80%E1%80%B1%E1%80%AC/
Hammasini ko'rsatish...
👍 10😢 4
စစ်ကိုင်းတိုင်းတွင် သပိတ်စစ်ကြောင်း ၂ ခု ပေါင်း၍ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ https://www.facebook.com/568312915396319/posts/813462864214655 စစ်ကိုင်းတိုင်းတွင် သပိတ်စစ်ကြောင်း ၂ ခု ပေါင်း၍ စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒပြ(ရုပ်/သံ) ရန်ကုန်၊ မေ ၂၆ စစ်ကိုင်းတိုင်းတွင် အောင်လံလွှင့်မည် ရွှေရေကြည် လူထုသပိတ်စစ်ကြောင်းနှင့်အတူ ကယ်တင်ရှင်မရှာ တို့ကျေးရွာ လူထုသပိတ်စစ်ကြောင်းတို့ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက် ဆန္ဒထုတ်ဖော် သပိတ်မှောက်ခဲ့ကြသည်။ ဆန္ဒပြချီတက်ပွဲတွင် တော်လှန်ပြည်သူများက အာဏာသိမ်းစစ်တပ်ကို အလိုမရှိကြောင်း၊ မတရားစစ်မှုထမ်းဥပဒေ အလိုမရှိကြောင်း ဆန္ဒပြထုတ်ဖော်ခဲ့ကြသည်။ (Feed generated with FetchRSS (https://fetchrss.com/))
Hammasini ko'rsatish...
👍 24 11
(Feed generated with FetchRSS (https://fetchrss.com/))
Hammasini ko'rsatish...
အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို https://www.facebook.com/568312915396319/posts/813725394188402 အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှု မထိန်းနိုင်တော့ သော စစ်ကောင်စီဗဟိုဘဏ်က နိုင်ငံခြားငွေအဝယ်အရောင်းနှင့် စျေးကစားသည့် Facebook Page နှင့် အင်တာနက်စာမျက်နှာ ၁၆ ခုကို ဖော်ထုတ်အရေးယူမည်ဟုဆို ■ Facebook Page နှင့် အင်တာနက်စာမျက်နှာများကို အရေးယူရုံမျှဖြင့် ဒေါ်လာတန်ဖိုး မကျနိုင်ဘဲ အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ် မကြာမီရက်ပိုင်းအတွင်း ရောက်ရှိမည်ဟုဆို ရန်ကုန်၊ မေ ၂၇ ပြည်တွင်းစီးပွားရေးစျေးကွက်တွင် အမေရိကန်ဒေါ်လာ စျေးမြင့်တက်မှုကို မထိန်းနိုင်တော့သည့် စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာအဝယ်အရောင်းနှင့် စျေးကစားသည့် အင်တာနက်စာမျက်နှင့် Facebook Page ၁၆ ခုကို အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ မေလ ၂၆ ရက်နေ့ တွင် စစ်ကောင်စီဗဟိုဘဏ်က ထိုသို့ ကြေညာလာခြင်းဖြစ်ပြီး နိုင်ငံခြားငွေများ ရောင်းဝယ်ပြီး စျေးကစားသည့် အင်တာနက်စာမျက်နှာ နှင့် Facebook Page ၁၆ ခုကို အရေးယူမည်ဖြစ်ကြောင်း၊ အဆိုပါ Page ၁၆ ခုမှာ ၁- ငွေစျေးနှုန်းနှင့်ငွေလွှဲဆိုင် ၂-Moe Latt ၃-Si Thu & bro များ ၄-ရန်ကုန်ငွေစျေး ၅-ဒေါ်လာဝယ်ရောင်းတိုက်ရိုက် USD Exchange ၆- ဒေါ်လာရောင်းဝယ် ၇-December Snow ၈- June Lin Htet Naing ၉-Htet Yan Money Exchange ၁၀-Global Value Services-GVS Money Exchange and Transfer ၁၁-Boss Online Money Exchange Services (Family Money Exchange) ၁၂-Lucky Sky Gold Smith ၁၃-Nay Myo Htet ၁၄-Gold Market Myanmar ၁၅- Ye Mon ၁၆- ​Naing Lu တို့ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ Facebook Page နှင့် အင်တာနက်စာမျက်နှာများတွင် တရားမဝင် နိုင်ငံခြားငွေများ ရောင်းဝယ်၍ စျေးကစားနေသူများကို နိုင်ငံခြားငွေ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၃၈ နှင့် ၄၂ အပြင် အများပြည်သူ အကျိုးထိခိုက်စေသည့်အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မများဖြင့်ပါ အရေးယူသွားမည်ဟု စစ်ကောင်စီဗဟိုဘဏ်က ဆိုသည်။ လက်ရှိတွင် စျေးကွက်တွင် အမေရိကန်တစ်ဒေါ်လာလျှင် ၄၂၀၀ ကျော်ရှိနေပြီးယင်းသို့ ဒေါ်လာတန်ဖိုး မြင့်တက်နေခြင်းမှာ ပြည်တွင်း ဝယ်လိုအားအတွက် လုံလောက်သော ဒေါ်လာငွေကြေး မရှိခြင်း၊ စစ်ကောင်စီက ဒေါ်လာ ရောင်းချပေးမှု မရှိတော့ခြင်းတို့ကြောင့် ဖြစ်ကြောင်း ၊ Facebook Page နှင့် အင်တာနက်စာမျက်နှာများကို အရေးယူရုံမျှဖြင့် ဒေါ်လာတန်ဖိုး ကျဆင်းစရာမရှိကြောင်း UMFCCI မှ စီးပွားရေးသမားတစ်ဦးက ရှင်းပြသည်။ "ဗဟိုဘဏ်ကလည်း သူတို့ လုပ်တာလည်း နည်းလမ်း ကုန်နေပြီဆိုတော့ ဒေါ်လာစျေးတက် မထိန်းနိုင်တော့ ထင်ရာ မြင်ရာ လျှောက်လုပ်တဲ့သဘောပဲ။ အခု ဒေါ်လာတန်ဖိုးတက်တာက ပြည်တွင်းမှာ ဒေါ်လာ ရှားလာတယ်။ စစ်ကောင်စီဗဟိုဘဏ်ကလည်း အရင်လို ထုတ်ကို မရောင်းနိုင်တော့ဘူး။ ဒေါ်လာက ပြင်ပ ပုဂ္ဂလိက စီးပွား ရေးသမားတွေ လက်ထဲမှာကို အတော်ကို နည်းပါးလာတာ။ စီးပွားရေးက ၃ နှစ်ကျော်လာတော့ နာလန်မထူနိုင်အောင်ကို ဖြစ်နေတာကြောင့်အဓိကပါ။ Facebook Page နဲ့ အင်တာနက်စာမျက်နှာတွေကို အရေးယူရုံနဲ့တော့ ဒေါ်လာတန်ဖိုး မကျနိုင်ပါဘူး။ သိပ်မကြာခင် အမေရိကန်တစ်ဒေါ်လာ ၅၀၀၀ ကျပ်ကတော့ ဖြစ်သွားပါလိမ့်မယ်" ဟု UMFCCI မှ စီးပွားရေးသမားက သုံးသပ်ပြောဆိုသည်။ ဓာတ်ပုံ- စစ်ကောင်စီဗဟိုဘဏ်ဥက္ကဋ္ဌ သန်းသန်းဆွေနှင့်အဖွဲ့ဝင်တချို့။
Hammasini ko'rsatish...
👍 26🤣 3