uz
Feedback
သရက်ခရိုင်အမှတ် - ၄ တပ်ရင်း

သရက်ခရိုင်အမှတ် - ၄ တပ်ရင်း

Kanalga Telegram’da o‘tish
345
Obunachilar
Ma'lumot yo'q24 soatlar
+147 kunlar
+5930 kunlar
Postlar arxiv
သတင်းထုတ်ပြန်ကြေညာချက် ၁၀. ၄. ၂၀၂၃ ၁။ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသ သရက်ခရိုင် တပ်ရင်း-၄(Eagle Force)နှင့် ကျောင်းသားလက်ရုံးတပ်တော်(S.A.F)၊ လွတ်မြောက်ရေးတပ်တော်(W.O.L.F)တို့ ပူးပေါင်းကာ၊ (၁၀. ၄. ၂၀၂၃)ရက်၊နံနက်(၄)နာရီ(၃ဝ)မီးနစ်အချိန်ခန့်တွင် သရက်ခရိုင်၊မင်းတုန်းမြို့၊ ကျောက်တိုင်ကျေးရွာ၊ ရဲစခန်းအား အနီးကပ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသည်။ ၂။ မီးနစ်(၃၀)ခန့် အပြန်အလှန် ပစ်ခတ်ပြီး စခန်းအတွင်း ဝင်ရောက် စီးနင်းနိုင်ခါနီးတွင် ပူးပေါင်းတပ်ဖွဲ့ဝင်များ ကျည်လုံလောက်မူမရှိတော့၍ အထိအခိုက်မရှိ အောင်မြင်စွာ ပြန်လည်ဆုတ်ခွာခဲ့ကြပါသည်။ ၃။ကျွန်တော်တို့ ပူးပေါင်းအဖွဲ့၏ တိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်ဖွဲ့ဝင် (၂)ယောက် ကျဆုံးပြီး (၄)ယောက် အပြင်းအထန် ထိခိုက်ဒဏ်ရာ ရရှိသွားပါသည်။ ၅။တိုက်ပွဲဖြစ်စဥ်အတွင်း ခရီးသွားလာပြည်သူအချို့အား မြေပြင်အခြေအနေအရ အော်ဟစ်ဆူပူခဲ့ရမူများအား ပူပေါင်းတပ်ဖွဲ့မှ အနူးညွတ်တောင်းပန်အပ်ပါသည်။ KO MYAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သရက်ခရိုင် တပ်ရင်း-၄(Eagle Force)

◾ သတင်းထုတ်ပြန်ကြေညာချက် ◾၁၄. ၃. ၂၀၂၃ ကာကွယ်ရေးဝန်ကြီးဌာန၊အမှတ် (၁) စစ်ဒေသ သရက်ခရိုင် တပ်ရင်း-၄(Eagle Force)နှင့် မိုးကြိုးပြောက်ကျားတပ်ဖွဲ့၊ ကျောင်းသားလက်ရုံးတပ်(S.A.F)တို့ ပူးပေါင်းကာ ၁၄.၃.၂၀၂၃ရက်၊နံနက်(၆)နာရီအချိန်တွင်သရက်ခရိုင်၊မင်းတုန်းမြို့၊ပုသိမ်-မုံရွာ ကားလမ်းမ ဘေးရှိ စစ်ကောင်စီ၏ (၅)မိုင် စစ်ဆေးရေးဂိတ်အား (၄၀)မမ ဗုံးပစ်လောင်ချာဖြင့် (၁)ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ပါသည်။ ထိုတိုက်ခိုက်မူနှင့် တစ်ချိန်တည်းတွင်ပဲ၊ မင်းတုန်းမြို့နယ်၊စပါးတန်းကျေးရွာ၌၊စစ်ကောင်စီလက်အောက်ခံ တပ်သားများ တပ်စွဲထားရာ၊ ဂိတ်စခန်းကုန်းအား၊ drone(၂)စင်းဖြင့်၊ ဗုံးသီး (၂)လုံးချ တိုက်ခိုက်ခဲ့ပါသည်။ တိုက်ခိုက်မူများကြောင့် စစ်ကောင်စီလက်အောက်ခံ စခများမှ ပြန်လည်ပစ်ခတ်မူများရှိခဲ့ပြီး ကျွန်တော်တို့ ပူးပေါင်းတပ်ဖွဲ့ဝင်များ အားလုံး အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါသည်။ နောက်ဆက်တွဲ သတင်းအချက်အလက်များအား စုံစမ်းအတည်ပြု ထုတ်ပြန်ပေးသွားပါမည်။ KO MYAT သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ သရက်ခရိုင် တပ်ရင်း-၄(Eagle Force)

သရက်ခရိုင်အမှတ် - ၄ တပ်ရင်း - Telegram kanali @eagleforce4 statistikasi va tahlili