uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Subspecies V: Bloodrise (2023) ⭐IMDB: 5.5/10 (332 Votes) 🎬 #Horror #Fantasy 🗓 2023 🎞 movie 🌎 #Romania #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 21 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သွေးစုပ်ဖုတ်ကောင် ဘုရင်ကြီး ဗလက်ဒီဆလက်စ်နဲ့ မသေမျိုး စုန်းမကြီး ဆီဆာ တို့ရဲ့ သားလေးဟာအမှောင်ခေတ်မှာ အဖေကိုယ်ပြန်သတ်မယ်ဆိုတဲ့ ရှေ့ဖြစ်ဟောနိမိတ်နဲ့ မွေးဖွားလာခဲ့ပါတယ် အဲဒါကိုသိတဲ့ ခရူးဆိတ်စစ်သားတွေက ဆီဆာ ဆီကနေ ကလေးနဲ့ နတ်ဆိုးသတ်တဲ့ ဓားမြှောင်ကိုခိုးသွားခဲ့ပြီးတော့ ကလေးကို မကောင်းဆိုးဝါးသွင်ပြင်ကနေ လူပုံစံဖြစ်အောင် ပြင်ဆင်ပြီး မကောင်းဆိုးဝါး သုတ်သင်တဲ့သူဖြစ်အောင် သင်ကြားပေးလိုက်ပါတော့တယ် အဲဒီကလေး နာမည်ကတော့ ရာဒူးပါ သူက နှစ်ပေါင်းများစွာ တိုက်ကြီးတွေဖြတ်ပြီး မကောင်းဆိုးဝါး တွေကို သုတ်သင်ခဲ့ရာကနေ တနေ့မှာတော့ ကံကြမ္မာအလှည့်အပြောင်းကြောင့် သူ့ရဲ့အဖေ သွေးစုပ်ဖုတ်ကောင်ဘုရင်ကြီးရဲ့ ရဲတိုက်ကို သွေးကျောက်တုံးယူဖို့ ရောက်သွားတဲ့အခါ ဘာတွေဆက်ဖြစ်မှာလဲ ရှေ့ဖြစ်နိမိတ်ကရော တကယ်ဖြစ်လာမှာလား လူပုံစံဖြစ်အောင်အတင်းပြင်ထားတဲ့ ရာဒူးကရော သေမျိုးလား မသေမျိုးလား မကောင်းဆိုးဝါးတွေကိုရော ဘယ်လိုဆက်သုတ်သင်မှာလဲဆိုတာ ဆက်လက်ကြည့်ရှုအားပေးလိုက်ကြပါဦး...

All Because of Me (2022) ⭐TMDB: 75.0% User Score 🎬 #Drama 🗓 2022 🎞 Movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...

All Because of Me (2022) ⭐TMDB: 75.0% User Score 🎬 #Drama 🗓 2022 🎞 Movie 🌎 #Japan ⏰ 2 နာရီ 2 မိနစ် 25 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 It’s All My Fault (2022) ယုတ ဆိုတဲ့ ကောင်လေးက ငယ်စဉ်တည်းက မိဘမဲ့စောင့်ရှောက်ရေးဂေဟာမှာ နေလာရတဲ့ကလေးတစ်ယောက်ဖြစ်ပါတယ်။ သူ့မှာ အမေရင်းရှိပေမဲ့ မတွေ့ခဲ့ရတာကြာပြီဖြစ်ပြီး သူအလယ်တန်းကျောင်းရောက်ရင် သူ့အမေနဲ့တွေ့ခွင့်ရနိုင်တယ်လို့ ဆရာမတွေကပြောဖူးတာကြောင့် အဲဒီနေ့ကိုပဲ စောင့်နေခဲ့တဲ့ကလေးပါ။ တစ်နေ့မှာ သူ့အမေကိုဆက်သွယ်လို့ရမယ့်နည်းကို တိတ်တဆိတ် စုံစမ်းပြီး ဂေဟာကနေ ထွက်ပြေးခဲ့ပါတယ်။ ဘယ်မှမသွားဖူးတဲ့ ယုတက အမေရှိတဲ့နေရာထိရောက်အောင် လာခဲ့ပြီး သူ့အမေကလည်း သူ့ကို တွေ့တွေ့ချင်းမှာတော့ ပျော်သွားခဲ့ပါတယ်။ ဒါပေမဲ့ ဂေဟာဆရာမက သူတို့အိမ်တံခါးဝကို လာခေါက်တဲ့အချိန်မှာ ယုတရဲ့ အပျော်တွေအားလုံး အငွေ့ပျံသွားရပါတယ်။ သူအရမ်းတွေ့ချင်ခဲ့တဲ့အမေက သူ့ကိုမလိုချင်မှန်းသိလိုက်ရချိန်မှာ ထပ်ပြီးထွက်ပြေးခဲ့ပါတယ်။ ဒီလိုနဲ့ ထရပ်ကားအပျက်ပေါ်မှာ အိမ်လိုလုပ်ပြီးနေတဲ့ ဂျွန်နီဆိုတဲ့ ဦးလေးကြီးတစ်ယောက်နဲ့ ဆုံခဲ့ပါတယ်။ ဂျွန်နီကလည်း အမေဖြစ်သူရှိတဲ့မြို့ကို ပြန်ဖို့ ထရပ်ကားစုတ်ကြီးကို ပြင်ဖို့ကြိုးစားနေတာမှန်း သိလိုက်ရတဲ့အခါ မိခင်မေတ္တာကို ငတ်မွတ်နေတဲ့ယုတက ဂျွန်နီကိုကူပြီး ပိုက်ဆံရှာပေးဖို့ကြိုးစားပါတယ်။ သူအရင်ကမလုပ်ဖူးတဲ့ စက်ဘီးခိုးတာတွေ ကလိမ်ကျတဲ့အလုပ်တွေကိုပါ ကူညီပေးရင်း မိခင်ဆီပြန်နိုင်ဖို့ ငွေကူစုပေးခဲ့တာပါ။ ဒီလိုနဲ့ ငွေအတန်အသင့်ရလာလို့ မျှော်လင့်ချက်တွေရှိလာပေမဲ့ ယုတရဲ့ ကံကြမ္မာက သူ့ရဲ့တည်ရှိမှုကိုက အမှားတစ်ခုဖြစ်နေတယ်လို့ သတ်မှတ်လိုက်ချင်စရာဖြစ်နေတဲ့အခါမှာတော့… (ဒီဇာတ်ကားနဲ့အညွှန်းကိုIngyin Sanမှ ပြန်ဆို ရေးသားထားပါတယ်)...

Ang mga kaibigan ni Mama Susan (2023) ⭐IMDB: 4.7/10 (101 Votes) 🎬 #Horror #Thriller 🗓 2023 🎞 movie 🌎 #Philippines ⏰ 1 နာရီ 53 မိနစ် 34 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mama Susan’s Friends (2023) ဂါလိုဟာ မိဘမဲ့ကောလိပ်ကျောင်းသားလေးတစ်ဦးဖြစ်ပြီး ဦးလေးနဲ့အဒေါ်ရဲ့ စောင့်ရှောက်မှုအောက်မှာနေထိုင်ပြီး ကျောင်းတက်နေပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ဟာ သူ့အပေါ်ကောင်းသလိုရှိပေမဲ့ သူ့သားသမီးအရင်းတွေနဲ့ယှဉ်ရင်တော့ မျက်နှာသာမပေးတာ ခွဲခြားတာမျိုးတွေရှိတတ်တဲ့အတွက် တစ်ခါတလေ စိတ်ညစ်ရတာရှိပေမဲ့ ဂါလိုက ပျော်ပျော်ပဲနေတတ်ပုံရပါတယ်။ သူ့ဦးလေးနဲ့အဒေါ်ထက် ပိုစိတ်ညစ်ဖို့ကောင်းတာက ညညဆိုရောက်လာတတ်တဲ့ အိမ်မက်ဆိုးတွေပါပဲ။ မျက်နှာမည်းမည်းနဲ့လူတစ်ယောက် သူ့နောက်ကလိုက်နေတတ်တာ။ အဲဒီလိုပဲတစ်ကိုယ်လုံးမည်းနက်နေတဲ့ မိန်းမကြီးတစ်ယောက် သူ့ကို ဂုတ်ကနေကိုင် လေထဲမြှောက်ထားတာတွေကို မြင်မက်တတ်ပြီး အိမ်မက်နဲ့မတူအောင်ပြက်ပြက်ထင်ထင်ဖြစ်နေတတ်တာတွေကထူးခြားပါတယ်။ တစ်နေ့မှာတော့ သူ့ငယ်ဘဝမွေးရပ်မြေ ကျွန်းမြို့ငယ်လေးဆီက သူ့အဖေသေပြီဆိုတဲ့အကြောင်း ကြေးနန်းရောက်လာတဲ့အချိန်မှာ ဂယ်လိုတစ်ယောက် ဇာတိကိုပြန်ရဖို့ ဖြစ်လာပါတော့တယ်။ သူ့ဇာတိ သူမွေးတဲ့ အိမ်မှာ သူ့အဘွားဆူဇန်တစ်ယောက်သာ လက်ရှိနေထိုင်နေပါတယ်။ တစ်အိမ်လုံးမှာရှိနေတာကတော့ ဘာသာရေးရုပ်တုတွေ ပုံစံအမျိုးမျိုးနဲ့ဖြစ်ပြီး တစ်ချိန်က အိပ်မက်ဆိုးတွေဟာ ဒီအိမ်ကြီးကိုရောက်တဲ့အချိန်မှာ တစ်ဖြည်းဖြည်းလက်တွေ့ဆန် ကြောက်မက်ဖွယ်ကောင်းလာတာတွေကိုတွေ့ရတဲ့နောက် ဂယ်လိုတစ်ယောက် ပဟေဠိတွေကြားကနေ ရုန်းထွက်လွတ်မြောက်ဖို့ကြိုးစားရပါတော့တယ်။ နာမည်ကျော် ဖိလစ်ပိုင်စာရေးဆရာ Bob Ong ရဲ့ဘတ်ဆဲလားတစ်အုပ်ဖြစ်တဲ့ Ang mga Kaibigan ni Mama Susan ကိုအသက်သွင်းထားတာဖြစ်ပြီး ”မာမားဆူဇန်ရဲ့ မိတ်ဆွေများ” လို့ အဓိပ္ပါယ်ရပါတယ်။ အဲဒီမိတ်ဆွေတွေက ဘယ်သူများလဲ… သူ့အဘွားရဲ့မိတ်ဆွေတွေဟာ သူ့အတွက်ရော မိတ်ဆွေဆန်ပါ့မလား… ကြောက်မက်စရာအိမ်အိုကြီးနဲ့ ရုပ်တုတွေရဲ့နောက်က လျှို့ဝှက်ချက်တွေက ဘာတွေဖြစ်နေလဲ… စတာတွေကိုဆက်လက်အဖြေရှာကြပါ။ Jump Scare မပါသလောက်နဲ့ ကျောထဲစိမ့်လာမယ့်ပဟေဠိတွေအပြည့်နဲ့ Horror ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...

Surongo (2023) ⭐IMDB: 6.6/10 (27 k Votes) 🎬 #Bollywood #Crime #Drama #Mystery #Uncategorized #Thriller #Romance 🗓 2023 🎞 movie 🌎 #India #Bangladesh ⏰ 2 နာရီ 37 မိနစ် 57 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Surongo (2023)IMDb-6.6/10 မထင်မှတ်ထားတဲ့ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့မင်းသားကြီးအာဖရန်နီရှိုးရဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဘင်္ဂလားဒေ့ရှ်ငွေ သန်းနှစ်ဆယ်အသုံးပြုရိုက်ကူးခဲ့ပြီးနှစ်ဆကျော်ပြန်လည်ရခဲ့တဲ့ရုပ်ရှင်ဇာတ်ကားလေးလည်းဖြစ်ပါတယ်။ မာဆုဒ်ဆိုတာ ရွာထဲမှာလျှပ်စစ်ပစ္စည်းအမျိုးမျိုးပြုပြင်နေတဲ့လူငယ်တစ်ယောက်။တစ်ရက်စျေးထဲဓာတ်တိုင်က မီးသီးတက်ပြင်နေရင်း မြင်လိုက်ရတဲ့မိုနာဆိုတဲ့အမျိုးသမီးလေးကြောင့်အချစ်မှာကျရှုံးမိပါလေရော။ ချစ်သူတောင်းဆိုသမျှ လိုက်လျောဖို့အသင့်ဖြစ်နေခဲ့သူလေး မောင်မာဆုဒ်တစ်ယောက်ဆန္ဒတွေပြည့်၀သွားပြီး ချစ်သူနဲ့နှစ်ကိုယ်တူလက်ထပ်ပေါင်းသင်းပြီးနောက်မှာတော့လိုအင်ဆန္ဒတွေများပြားလွန်းလှတဲ့ ဇနီးဖြစ်သူမိုနာရဲ့ တောင်းဆိုမှုလိုအပ်ချက်တွေအားလုံးကို ဖြည့်ဆည်းမပေးနိုင်တော့။ ချစ်ဇနီးမျက်နှာအညှိုးမခံချင်သူ မာဆုဒ်တစ်ယောက်မိဘလက်ငုတ်လက်ရင်း အိမ်လေးကိုပေါင်ပြီးမလေးရှားတက်အလုပ်လုပ်ပါလေရော။ အထက်မှာပြောခဲ့သလိုပဲ ကြည်နူးစရာအချစ်ဇာတ်လမ်းလေးကနေမထင်မှတ်ထားတဲ့ဇာတ်ကွက်ဇာတ်အိမ်အလှည့်အပြောင်းတွေနဲ့ဇာတ်လမ်းလေးကို ဆက်လက်ကြည့်ရှုခံစားလိုက်ကြပါဦး။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Yunni~YH~Zwe~BpL~Vတို့ပဲဖြစ်ပါတယ်)...

Old Man (2022) ⭐IMDB: 4.8/10 (3 k Votes) 🎬 #Thriller #Horror 🗓 2022 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 48 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Old Man (2022)============ Horror ကားကို ဘာဆက်ဖြစ်မလဲဆိုပြီး အဆုံးထိ ရင်တထိတ်ထိတ်နဲ့ ကြည့်ချင်ကြသူတွေ အကြိုက်တွေ့ကြမယ့် ဇာတ်ကားပါ။ဇာတ်လမ်းကတော့ ဂျိုးဆိုတဲ့ကောင်လေးတစ်ယောက် တောထဲမှာလမ်းပျောက်ပြီး တောထဲက သစ်လုံးအိမ်လေးဆီ ရောက်သွားရာကနေ စပါတယ်။ ကူကယ်ရာမဲ့နေရာကနေ ကယ်တင်ရှင်တွေ့ပြီဆိုပြီး ဝမ်းသာအားရနဲ့ သစ်လုံးအိမ်ထဲ ဝင်သွားခဲ့ပေမဲ့ အထဲမှာ ရူးကြောင်ကြောင်အဘိုးကြီးတစ်ယောက်နဲ့ တွေ့ပြီး နှစ်ယောက်သား ဘယ်လိုတွေနှစ်ပါးသွားကြမလဲဆိုတာကြည့်ရှုကြရမှာပါ။ တဲအိမ်လေးထဲမှာပဲ ပြီးသွားတဲ့ ဇာတ်ကားဖြစ်ပေမဲ့ မထင်ထားတဲ့plot twist တွေလည်း ပါဝင်တာကြောင့်ကြည့်ပျော်တဲ့ ဇာတ်ကားပါ။ရူးကြောင်ကြောင် အဘိုးကြီးအဖြစ် Avatar ကားထဲက မင်းသားကြီးStephen Lang က သရုပ်ဆောင်ထားပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Roman Nox ဖြစ်ပါတယ်)...

Never Too Late to Celebrate (2023) ⭐IMDB: 6.7/10 (259 Votes) 🎬 #Romance #TVMovie #Comedy 🗓 2023 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 32 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 စပိန်လူမျိုးတွေရဲ့ ဓလေ့ထုံးစံမှာ မိန်းကလေးတွေ အသက် ၁၅ နှစ်ပြည့်တဲ့မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနား ကျင်းပပေးတတ်ကြပါတယ်။ အရွယ်ရောက်ပြီဆိုတဲ့ အထိမ်းအမှတ်အနေနဲ့ပေါ့။ အဲအခမ်းအနားလေးကို quinceañera or quince လို့ခေါ်ပါတယ်။ စပိန်လူမျိုးဖြစ်ပေမယ့် အမေရိကမှာ ပြောင်းရွှေ့အခြေချ နေထိုင်ခဲ့ရတဲ့ အဖေဖြစ်သူနဲ့ အမေရိကန်သူဖြစ်တဲ့ အမေဆီက မွေးဖွားလာတဲ့ ကပြားလေး ကာမီလာ လိုပက်ဇ်ကတော့ အဖေဖြစ်သူကို ဆုံးရှုံးထားရတဲ့အတွက် အဖေ့ကို တသသဖြစ်ပြီး လွမ်းဆွတ်နေသူပါ။ အဲလိုဖြစ်တာနဲ့အမျှ ကိုယ့်ကိုယ်ကိုယ် မအားလပ်အောင်ထားဖို့အတွက် အလုပ်တွေပဲ ဖိလုပ်နေတဲ့ အလုပ်ကြမ်းပိုးလေးပေါ့။ အဲလို နိစ္စဓူဝ အပ်ကြောင်းထပ်နေတဲ့ ကိုယ်ပိုင်အချိန်ဇယားမှာ အသားကျနေတဲ့ ကာမီလာတစ်ယောက် အမေဖြစ်သူအလုပ်လုပ်တဲ့ကျောင်းကို သွားတွေ့ရင်းနဲ့ အချိန်ပိုင်းဆရာလေး ဟာဗီနဲ့ တွေ့ဆုံခဲ့ပါတော့တယ်။ စတွေ့ကတည်းက ဟာဗီပြောခဲ့တဲ့ စကားလေးတစ်ခွန်းကြောင့် အဖေဖြစ်သူကို သတိရပြီး သူစိမ်းရှေ့မှာ ငိုကြွေးခဲ့မိရာကနေ ကာမီလာတစ်ယောက် ရှေ့ဆက်ပြီး ဘယ်လိုဆုံးဖြတ်ချက်တွေ ချမိမလဲ အဖေဖြစ်သူ မရှိဘူးဆိုတဲ့ အတွေးကြောင့် ၃၀ နှစ်ပြည့်မွေးနေ့ကိုပါ မကျင်းပဖို့ ဆုံးဖြတ်ထားပေမဲ့ ဘယ်အရာတွေကြောင့် Double quince လုပ်ဖို့ဖြစ်လာမလဲဆိုတာကို အရိုတစ်လိုင်း ကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။ အရိုကားလေးဆိုပေမယ့် အဖေနဲ့သမီးကြား၊ သားအမိကြား မေတ္တာတွေကိုပါ ပေါ်လွင်အောင်ပုံဖော်ထားတာမလို့ တစ်ရှူးလေး ကြိုဆောင်ထားကြစေချင်ပါတယ်။ ပြုံးပြုံးကြီး ကြည့်မိရင်း နောက်ခံသီချင်းလေးတွေကိုပါ ကြိုက်နှစ်သက်မိမှာဖြစ်လို့ အချစ်ဇာတ်လမ်းကြိုက်နှစ်သက်သူတွေ Down ပြီးရင် နောင်တမရမယ့် ဇာတ်လမ်းလေးဖြစ်ကြောင်း အသိပေးလိုက်ချင်ပါတယ်။ မင်းသားနဲ့မင်းသမီးက လက်တွေ့လောကမှာ တကယ့်လင်မယားတွေဖြစ်ပြီး သားသမီး ၃ ယောက်ပါ ထွန်းကားထားသေးတာမလို့ Chemistry မိချက်ကတော့ ပြောစရာမလိုသလို စပိန်ရိုးရာဓလေ့စရိုက်တွေကို သီချင်းလေးတွေ စားစရာတွေနဲ့အတူ မရိုးရအောင် တင်ဆက်ပြသထားတာမလို့ စိတ်ဝင်တစားကြည့်ရှုရမှာ ဖြစ်ပါတယ်နော်။...

Desierto (2015) ⭐IMDB: 6.1/10 (10 k Votes) 🎬 #Action #Adventure #Drama #Thriller 🗓 2015 🎞 movie 🌎 #Mexico #France ⏰ 1 နာရီ 28 မိနစ် 54 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ကိုယ်နေထိုင်တဲ့ နေရာမှာမလုံခြုံတဲ့ အတွက် တခြားနိုင်ငံကိုခိုးဝင် ကြတာတွေကိုသိကြမှာပါ။ဒီကားထဲမှာလဲ အဲ့လိုမျိုးမက္ကဆီကိုကနေ အမေရိကန်ကိုခိုးဝင်တဲ့လူတွေအကြောင်းရိုက်ကူးထားတာကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဒီဇာတ်ကားကိုကြည့်ခြင်းအားဖြင့် ဒုက္ခခံပြီး အန္တရာယ်တွေကြားက တခြားတစ်နိုင်ငံကို ခိုးဝင်ရတဲ့ လူတွေရဲ့ဘဝကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအစမှာ မက္ကဆီကိုကနေ အမေရိကန်ကိုခိုးဝင်ဖို့အတွက် ကားတစ်စီးနောက်မှာ လူတွေကိုတင်လာခဲ့ပါတယ်။ဒါပေမယ့် နယ်စပ် အရောက်မှာ ကားပျက်သွားပြီးတော့ ကန္တာရကြီးထဲကနေ တစ်ဆင့် လမ်းလျှောက်ပြီး ဖြတ်ကူးရပါတော့တယ်။ဖြစ်ချင်တော့ တခြားတစ်ဖက်မှာ မျိုးချစ်လိုလို စိတ္တဇလိုလိုအမေရိကန် လူတစ်ယောက်က အဲ့ဒီသတင်းကို ကြားမိပြီး ခိုးဝင်လာတဲ့လူတွေကို လိုက်ရှာနေပါတော့တယ်။သူတို့ကိုတွေ့တဲ့ အခါမှာတော့ တစ်ယောက်ချင်းစီသေနတ်နဲ့ စိမ်ပြေနပြေထိုင်ပစ်ပါတော့တယ်။ ဒီလိုနဲ့ လူတွေတစ်ယောက်ပြီးတစ်ယောက် သေဆုံးကုန်ပြီး ထွက်ပြေးတဲ့ လူတွေကလဲ ထွက်ပြေးကြပါတယ်။ဒီလိုနဲ့နောက်ဆုံးမှာတော့ ခိုးဝင်လာတဲ့ လူတွေအကုန်သေသွားမလား သူတို့ကိုအမဲလိုက်နေတဲ့ မုဆိုးကရော ဘာတွေဆက်ဖြစ်ကြမလဲဆိုတာကိုကြည့်ရှုရမှာပဲဖြစ်ပါတယ်။...

My Best Friend's Wedding (1997) ⭐TMDB: 66.0% User Score 🎬 #Comedy #Drama #Romance 🗓 1997 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 My Best Friend’s Wedding (1997) ~ IMDb – 6.3/10, Rotten Tomatoes – 74% ~ တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ ဂျူလီယန်: “မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ”ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်” ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်…” မိုက်ကယ်: “ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ချစ်မှုရေးရာတွေ ဖူးစာရှင်တွေ လက်ထပ်တာတွေဟုတ်မနေဘူးလေ။ အဲဒါအတွက်လည်း နင်အမြဲဂုဏ်ယူနေခဲ့တာမလား။ အဲဒါကြောင့်လည်း နင့်ကိုလက်ထပ်ရမှာ ငါကြောက်မိခဲ့တာထင်တယ်။ ငါလိုချင်တာက အားနွဲ့ပြီးငါ့ကိုအမြဲလိုအပ်နေမယ့်မိန်းကလေးမျိုး…” ချစ်မှုရေးရာနဲ့ပတ်သက်လာရင် အတ္တကြီးတတ်၊ တွေဝေတတ်၊ အမှားတွေလုပ်တတ်ကြတဲ့လူတွေရဲ့သဘောသဘာဝတွေကို တစ်မျိုးဆန်းတဲ့ပုံစံနဲ့တင်ဆက်ထားတဲ့ 90s ခေတ် Romcom တွေကိုနှစ်သက်တဲ့သူတွေ အလွမ်းပြေမယ့်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ (ဒီဇာတ်ကားနဲ့အညွှန်းကိုHnin Ei Paiမှ ပြန်ဆို ရေးသားထားပါတယ်)...

Famous (2023) ⭐IMDB: 5.2/10 (30 Votes) 🎬 #Drama #Music 🗓 2023 🎞 movie 🌎 #Canada ⏰ 1 နာရီ 11 မိနစ် 4 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 သွေးမတော်သားမစပ် မွေးစားညီအစ်ကို နှစ်ယောက်ဖြစ်ကြတဲ့ Wayne နဲ့ Famous ဆိုတဲ့ ညီအစ်ကို နှစ်ယောက်ရဲ့ music business အထဲမှာ ကျင်လည်ကြပုံကို ရိုက်ထားတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်က ဆန့်ကျင်ဖက်တွေဖြစ်ကြပြီး Wayneက Famousရဲ့ ပရိုဂျူဆာဖြစ်ပါတယ်။ Famous က ဆေးစွဲနေတဲ့သူတစ်ယောက်ဖြစ်ပြီးတော့ သူ့အစ်ကိုရဲ့ ထိန်းချုပ်ခြင်းကိုခံနေရသူပါ။ တညမှာ ခရစ်ယာန်ဘုရားကျောင်းတစ်ခုရဲ့ ဆေးဖြတ်တဲ့သူတွေကိုအထောက်အပံ့ပေးတဲ့ အဖွဲ့အစည်းတစ်ခုကို ငွေသွားလှူခဲ့ရင်း Eileen ဆိုတဲ့အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ သူ့ဘဝရဲ့ လက်တွဲဖော်အဖြစ်ရည်မှန်းထားတဲ့ Eileenရဲ့ နောက်ကြောင်းကို သူသိသွားတဲ့အခါမှာ၊သူ့ကို ထိန်းချုပ်ထားတဲ့ သူ့အစ်ကိုက Eileenနဲ့ သဘောတူကြည်ဖြူရဲ့လား သူရောဆေးဖြတ်ပြီး သူ့အစ်ကို ထိန်းချုပ်မှုအောက်ကနေ ရုန်းထွက်နိုင်မလား ရုန်းထွက်လို့မရတဲ့ ထိန်းချုပ်မှုဆိုတာကရော တကယ်ရှိတာလား ဆိုတာသိရဖို့ ရုပ်ရှင်ကားကိုပဲ ဆက်လက်ကြည့်ရှုလိုက်ပါ။...

The Great Seduction (2023) ⭐IMDB: 6.5/10 (314 Votes) 🎬 #Comedy #Romance 🗓 2023 🎞 movie 🌎 #Mexico ⏰ 1 နာရီ 35 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 လူ့လောကရဲ့ နိဗ္ဗာန်ဆိုတာက ဂုဏ်တွေ ပကာသနတွေ ငွေကြေးတွေနဲ့ ပြည့်နှက်နေတဲ့ နေရာတစ်ခုမဟုတ်ပါဘူး။စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး အားလုံးအတူတူပျော်ရွှင်စွာ နေထိုင်နိုင်ကြတဲ့နေရာလေးတစ်ခုကိုဆိုလိုတာပဲ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဆန်တာမာရီယာဆိုတဲ့ ကျွန်းမြို့လေးကို အဲ့လိုနိဗ္ဗာန်လေး တစ်ခုလို့တင်စားထားပါတယ်။အဲ့ဒီမှာ နေထိုင်တဲ့လူတွေက အချင်းချင်း ချစ်ခင်ကြပြီးတော့ ပျော်ရွှင်စရာကောင်းတဲ့နေရာလေးတစ်နေရာဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူတို့အနီးအနားကမြို့မှာ ငါးတွေကိုဖမ်းပြီး ထုပ်ပိုးရောင်းချတဲ့ ကုမ္ပဏီတစ်ခုကို ထောင်ခဲ့တဲ့အချိန်မှာ သူတို့အတွက် ငါးတွေရော အလုပ်အကိုင်တွေရောမရှိတော့ပါဘူး။ဒီလိုနဲ့ပျော်ရွှင်စရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ နေရာကနေ အမေရိကားကိုပြောင်းရွှေ့တဲ့ လူတွေကပြောင်းရွှေ့ ကုန်ကြပြီး အခုအချိန်မှာတော့ အစိုးရကပေးတဲ့ ထောက်ပံ့ကြေးလေးတွေနဲ့ပဲ အသက်ဆက်နေရပါတော့တယ်။ဒီလိုနဲ့ တစ်နေ့မှာ ဆန်တာမာရီယာကိုအရမ်းချစ်တဲ့ ဂါမန်ဆိုတဲ့ ကောင်လေးတစ်ယောက်က သူတို့မြို့လေးကိုအဖက်ဆယ်ဖို့အတွက် အကြံရသွားပါတော့တယ်။အဲ့ဒါကတော့အဲ့ဒီစက်ရုံကိုသူတို့ မြို့လေးမှာလဲလာ ဖွင့်ခိုင်းဖို့ပါပဲ။ဒါပေမယ့် အဲ့လိုဖွင့်ဖို့အတွက်သူတို့မြို့မှာ ဆရာဝန်တစ်ယောက် လိုအပ်နေပါတယ်။စီးပွားပျက်ကပ်ဆိုက်နေတဲ့ မြို့တစ်မြို့မှာ နေချင်တဲ့ဆရာဝန် ဆိုတာက မရှိသလောက်ကို ရှားတဲ့အတွက်ဆရာဝန်ရှာဖို့ကြိုးစားခဲ့ပါတော့တယ်။ ဒီလိုနဲ့ ကံကောင်းပြီးတော့ သူတို့မြို့ကို တစ်လတာ တာဝန်လာထမ်းဆောင်တဲ့ ဆရာဝန်တစ်ယောက် ရောက်လာခဲ့ပါတယ်။အဲ့ဒီဆရာဝန်ကို သူတို့နဲ့ရေရှည် လက်တွဲပြီး နေထိုင်အောင်လို့ဆရာဝန်ရဲ့အကြိုက်တွေကိုပဲ တစ်မြို့လုံးက လိုက်လျောပြီး ဟန်ဆောင်နေထိုင်ခဲ့ပါတော့တယ်။ဒီလိုနဲ့ မြို့သူမြို့သားတွေနဲ့ ဆရာဝန်ကြားမှာ သံယောဇဉ်တွေဖြစ်လာတော့ ဆက်ပြီးလိမ်ညာနေဖို့က ခက်ခဲလာတော့ပါတယ်။ဒီလိုနဲ့သူတို့ကြားမှာဘာတွေဆက်ဖြစ်ကြမလဲ ဆန်တာမာရီယာမြို့လေးကရော အရင်လိုပြန်လှပလာပြီး နိဗ္ဗာန်ဘုံလေး တစ်ခုပြန် ဖြစ်လာနိုင်ပါ့မလားဆိုတာကို ကြည့်ရမဲ့ကားလေးပဲဖြစ်ပါတယ်။...

Lop Nor Tomb (2023) ⭐TMDB: 90.0% User Score 🎬 #Action #Adventure 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 19 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 BC ၂ရာစုလောက်တုန်းကပိုးလမ်းမအနီး တိဘက်ဒေသအနီးမှာလော်လန်ဆိုတဲ့ရှေးဟောင်းနိုင်ငံတစ်ခုရှိခဲ့ဖူးတယ်လို့ဆိုတယ်။လော်လန်တိုင်းပြည်အကြောင်းကိုရှေးသုပါမောက္ခကြီးယန်က သုတေသနလုပ်ရင် ပျောက်သွားခဲ့တာ ဆယ်နှစ်ကျော်ခဲ့ပါပြီ။ဒီလိုနဲ့သိုးသားရေပေလိတ်တစ်ခုမှာ လော်လန်အမှန်တကယ်ရှိကြောင့် အထောက်အထားရလာတဲ့အခါသမီးဖြစ်သူနုဲ့ရှေးသုပါမောက္ခတို့လူတစ်စုဟာ ပျောက်သွားတဲ့ ပါမောက္ခကိုရှာဖို့ လော်လန်ရှေးဟောင်းတိုင်းပြည်ရှိတာ သဲကန္တာရကို ခရီးထွက်လာခဲ့ကြတယ်။ အဆုံးမရှိတဲ့သဲကန္တာပြင်ကြီးမှာ ဘယ်လိုအန္တရာယ်တွေကစောင့်နေမလဲ……ရှေးဟောင်းလော်လန်တိုင်းပြည်ကြီးမှာဘယ်လိုလျှို့ဝှက်ချက်တွေရှိနေမလဲ…… ရှေးဟောင်းသုတေသနအဖွဲ့လေးကဘယ်လိုအရာတွေကြုံတွေရမလဲ……ထူးဆန်းထွေလာ ရှေးသမိုင်းတွေကိုစိတ်ဝင်စားတဲ့သူလေးတွေအတွက် အရမ်းသင့်တော်တဲ့ကားလေးပဲဖြစ်ပါတယ်။...

Butterfly on a Wheel (2007) ⭐TMDB: 63.0% User Score 🎬 #Crime #Drama #Thriller 🗓 2007 🎞 movie 🌎 #UnitedKingdom #Canada #UnitedStates #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 00 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Shattered(2007) *************** မင်းသားကြီးPierce Brosnanနဲ့Gerard Butler တို့အဓိက ပါဝင်သရုပ်ဆောင်ထားတယ်….သူ့နာမည် နေးလ် ရမ်ဒဲတဲ့။ သူ့မှာ ဝင်ငွေကောင်းတဲ့ အလုပ်ကောင်းကောင်းလည်းရှိတယ်။ အိမ်ကောင်းကောင်း ကားကောင်းကောင်းလည်းပိုင်ထားတယ်။ ဇနီးချောလေးအပြင် သမီးချောလေးတစ်ယောက်ပါရှိသေးတယ်။ လူတိုင်းအားကျရတဲ့ ဘဝကိုပိုင်ဆိုင်ထားရှာတဲ့ နေးလ် ပေါ့။ သူ့ဇနီး အက်ဘီကိုလည်း အရမ်းချစ်တတ်သလို အက်ဘီကလည်းသူ့ကိုသိပ်ချစ်တယ်။ ကုမ္ပဏီမှာလည်း အလုပ်လုပ်တာတော်တော့ သူဌေးမျက်နှာသာပေးတာလည်းခံရတယ်။ တစ်နေ့ သူ့ သူဌေးက အိမ်ကိုအလည်ခေါ်လို့ နေးလ်ကခရီးထွက်ဖို့ပြင်ပြီး အက်ဘီကတော့ သူ့သူငယ်ချင်းနဲ့လျှောက်လည်မယ်လို့စီစဉ်ထားကြတယ်။ သမီးလေး ဆိုဖီကိုတော့ ကလေးထိန်းနဲ့ ထားခဲ့ကြမယ်ပေါ့လေ။ အဲ့လိုနဲ့ သူတို့နှစ်ယောက် ကားမောင်းထွက်လာပြီးမကြာဘူး ကားပေါ်မှာခိုးလိုက်လာတဲ့ လူတစ်ယောက်က သူတို့သမီးလေးဆိုဖီကို ပြန်ပေးဆွဲထားတာဖြစ်ကြောင်း \ သူခိုင်းတာမှန်သမျှလုပ်ပေးရမယ်ဖြစ်ကြောင်းပြောရင်း ခြိမ်းခြောက်ပါတော့တယ်။ ဇာတ်လမ်းအစကနေအဆုံးထိ tension မကျပဲ ဆွဲခေါ်သွားတာဖြစ်လို့ ကြည့်ရတန်တဲ့ဇာတ်ကားတစ်ခုပါပဲ။ ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Muse ပဲဖြစ်ပါတယ်…...

The Headless General Who Stole the Book of Heaven (2023) ⭐TMDB: 0.0% User Score 🎬 #Action #Horror #Mystery 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 22 မိနစ် 40 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဒဏ္ဍာရီအရ ချဲ့ထျန်းမျိုးနွယ်စုဟာ ငရဲပြည်က တစ္ဆေတံခါးကို ဖွင့်ခဲ့ပြီးချဲ့ထျန်းလျှို့ဝှက်ပညာကို ကျင့်ကြံခဲ့တယ်။ အဲဒီပညာရဲ့ လျှို့ဝှက်ချက်တွေကိုချဲ့ထျန်းစာအုပ်မှာ မှတ်တမ်းတင်ထားတယ်တဲ့။ အားဂူလိဦးဆောင်တဲ့ဝံပုလွေတပ်ကြီးဟာ ချဲ့ထျန်းမျိုးနွယ်ရဲ့ နဂါးသွေးကြောရတနာနဲ့မိန်းမလှလေး ရှီထျန်းကျောင်းကို လိုချင်တဲ့အတွက် ကျွိလန်မြို့ကိုအပိုင်သိမ်းချင်နေကြပါတယ်။ မြို့စောင့်စစ်သူကြီးရှီဝမ့်ဖူးဟာရန်သူအင်အားကို မနိုင်တဲ့အတွက် မြို့ထဲကပြည်သူတွေနဲ့ သူ့သမီးကိုကယ်တင်ဖို့အတွက် ရှောင်းပုဖျင်နဲ့ ပူးပေါင်းပြီး ချဲ့ထျန်းစာအုပ်ထဲမှာမှတ်တမ်းတင်ထားတဲ့ လျှို့ဝှက်ပညာတွေကို အသုံးချပြီး ကျွိလန်မြို့ကိုတစ္ဆေမြို့အဖြစ်ပြောင်းလဲခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကြောက်စရာကောင်းတဲ့ကျိန်စာ ၇ ခုကိုလည်း ကျိန်ဆိုခဲ့ပြီး သူ့ရဲ့ခေါင်းကိုဖြတ်ပြီးတစ္ဆေအဖြစ်ပြောင်းလဲသွားခဲ့ပါတယ်။ ဝံပုလွေတပ်တွေကလည်းရှီဝမ့်ဖူးကို သေပြီအထင်နဲ့ မြို့ထဲကို ဝင်လာခဲ့ပါတယ်။မထင်ထားဘဲ မြို့ထဲမှာ နိမိတ်ဆိုးတွေ ဆက်တိုက်ပြပြီးဝံပုလွေတပ်က စစ်သူကြီးတို့လည်း ဆက်တိုက်အသေဆိုးနဲ့ သေခဲ့ရပါတယ်။“ခေါင်းပြတ်စစ်သူကြီးထွက်လာပြီး ကျိန်စာတွေ အမှန်ဖြစ်လာမယ်”ဆိုတဲ့ကောလာဟလက ပျံ့သွားပြီး အားလုံးကြောက်လန့်နေကြပါတယ်။အားဂူလိတစ်ယောက် နဂါးသွေးကြောကို ရှာတွေ့နိုင်မလား……ခေါင်းပြတ်စစ်သူကြီးကရော မြို့နေပြည်သူတွေနဲ့ သူ့သမီးကိုဘယ်လို ကယ်တင်မလဲဆိုတာကို ဇာတ်လမ်းလေးနဲ့အတူ အဖြေရှာလိုက်ရအောင်နော်။...

Power Book IV: Force (2022- ) ⭐IMDB: 8.1/10 (7 k Votes) 🎬 #Crime #Drama 🗓 2022- 🎞 tv series 🌎 #UnitedStates #UnitedStatesofAmerica ⏰ 59 မိနစ် 44 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Power Book IV: Force (2022) CompleteDrug dealer​တွေ Gangs​တွေနဲ့ ပတ်သတ်တဲ့ ရုပ်ရှင်၊ စီးရီးတိုင်းမ​ပေါက်​မြောက်တာ ရှားသလို Audience​တွေ အကြိုက်မ​တွေ့တဲ့ ဇာတ်ကားဆိုတာခပ်ရှားရှားပါ။ အခုတစ်​ခေါက်လည်း IMDb 8.3Rotten Tomatoes 100%အပြည့်နဲ့ အမိုက်စား Drugs CrimeSeriesတစ်ခုကို တင်ဆက်​ပေးလိုက်ပါပြီ၊ Power Book IV : Forceက Starzရဲ့ original seriesဖြစ်ပြီးနာမည်ကြီးစာအုပ်တွဲဖြစ်တဲ့ Powerရဲ့ Sequel series​တွေထဲကတစ်ခုပါ။ Drugs Gangs​တွေအသား​ပေးထားတဲ့ series ဖြစ်ပြီးTV-MA ဖြစ်တာ​ကြောင့် အပစ်အခတ် အသတ်အဖြတ်​တွေ၊ BedScene​​တွေများစွာပါသလို အ​ပြောအဆို​​တွေလည်း ​​​​ရေလည်ကြမ်းပါတယ်။ Total Episodes 10ပိုင်းပါဝင်မှာပါ။ ဇာတ်လိုက်ဖြစ်သူ Tommy Eganဟာ နယူး​ယောက် Drug gang​လောကတိုက်ပွဲမှာ သူငယ်ချင်းဖြစ်သူ Ghostကို ဆုံးရှုံးလိုက်ရပြီးChicagoမြို့ကို ​ပြောင်းကာ Drug​လောကထဲ ပြန်ဝင်ဖို့ ကြိုးစားခဲ့ပါတယ်။ Chicagoမြို့မှာလည်း CBI အဖွဲ့နဲ့ Flynn Family တို့ကမြို့​တောင်နဲ့​မြောက်အဖြစ် နယ်​မြေပိုင်းကာ တစ်စင်​ထောင်လျက်ရှိ​နေသလို ဆားဘီးယား၊ ဂျ​မေကာနဲ့ အိုင်းရစ်ရှ်​တွေကလည်း အဖွဲ့ငယ်ကိုယ်စီနဲ့ ​ခြေချင်းလိမ်​နေတာ​ကြောင့် Tommyအ​နေနဲ့ဒီမြို့မှာဝင်ဆန့်ဖို့မလွယ်ဘဲ ဖြစ်​နေပါတယ်။ ဒါ​​ပေမဲ့ ငယ်စဉ်ကတည်းက Drug​လောကထဲ ကြီးပြင်းလာသူမလို့အရင်ဆုံး surviveဖြစ်နိုင်​​ရေးအတွက် မြို့ရဲ့အင်အားအကြီးဆုံးCBIနဲ့ Flynnအဖွဲ့​တွေကို ​ပြေးကပ်ပါတယ်။ Chicago drug ​လောကမှာ ကိုယ့်အပိုင်းမှာ ကိုယ့်ရဲ့ productပဲကိုယ်​ရောင်းပြီး တခြားအဖွဲ့နဲ့မပတ်သတ်တဲ့ ထုံးစံတစ်ခုရှိပါတယ်။ဇာတ်လိုက်​ကြီး Flynnက​တော့ နယ်ခံမဟုတ်ဘူးဆိုတဲ့ reasonနဲ့မြို့ထုံးစံ​တွေ ​ပြောင်​ပြောင်တင်းတင်းချိုး​ဖောက်တယ်။ အင်အား​တောင့်တဲ့ ၂ဖွဲ့ကို ရင်ကြား​စေ့​ပေးသလို အ​ယောင်ပြရင်း ကိုယ်ပိုင်အင်အား​တောင့်လာ​အောင်၊ တစ်စင်​ထောင်နိုင်​အောင်၊ Chicagoကို သူတစ်ဦးတည်းမင်းမူနိုင်​အောင် ကြိတ်ကြံပါ​တော့တယ်။ သူ့ရဲ့အကြံ​ အောင်မ​အောင်ကို​တော့ ဒီကြမ်း​​ပေ့ရမ်း​ပေ့ဆိုတဲ့ Seriesနဲ့ကိုယ်တိုင်အ​ဖြေရှာကြည့်လိုက်ပါ။ File Size – 900MB / 350MB @EpisodeQuality – 1080p NF WEB DL / 720pDuration – 60 minute (@Episode)Total Episodes: 10 EpsSubtitle – Myanmar HardsubFormat – Mp4Genre : Crime / Drama...

Kung Fu Boys (2016) ⭐IMDB: 5.0/10 (213 Votes) 🎬 #Action #Drama 🗓 2016 🎞 movie 🌎 #China ⏰ 1 နာရီ 36 မိနစ် 10 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 ဆင်းဆင်းရဲရဲမွေးလာရတာနဲ့ အနိင်ကျင့်ခံနေရတော့မှာလား……အကြားအာရုံချို့ယွင်းတာနဲ့ လှောင်ပြောင်ခံရတော့မှာလား…..လူငယ်လေးရဲ့သူရဲကောင်းအိပ်မက်ကမဖြစ်နိုင်တဲ့တောင်းဆုတစ်ခုပဲလား……နိဒါန်းမှာစုတ်ပြတ်နေလဲ နိဂုံးမှာဘုရင်အဖြစ်နဲ့အဆုံးသတ်အောင်လုပ်နိုင်ပါတယ်။ဆင်းရဲနုံချာပြီး အကြားအာရုံချို့ယွင်းနေတဲ့လူငယ်လေးတစ်ယောက်ရဲ့ ထိပ်ဆုံးကိုရောက်ဖို့ကြိုးစားပြီတိုက်ပွဲဝင်ပုံလေးကို နွေးထွေးတဲ့အချစ်တွေနဲ့သတ္တိအစွမ်းတွေကိုဖော်ကျူးထားတဲ့ Kung Fu Boysဒုတိယကား လူငယ်ကွန်ဖူးကားလေးဖြစ်ပါတယ်။...

Ramona (2022) ⭐IMDB: 6.3/10 (347 Votes) 🎬 #Comedy #Drama #Romance 🗓 2022 🎞 movie 🌎 #Spain ⏰ 1 နာရီ 17 မိနစ် 15 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb-6.3/10 ~ Rotten tomatoes-100% 2022 တုန်းကထွက်ရှိခဲ့တဲ့ စပိန်စကားပြော အချစ်ဟာသဇာတ်မြူးရုပ်ရှင်ကားကောင်းလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ ဇာတ်ဝင်ခန်းအများစုကို အဖြူ၊ အမဲနဲ့ရိုက်ထားပြီးတော့ ရာမိုနာ ဆိုတဲ့ကောင်မလေးရဲ့ သုံးပွင့်ဆိုင်အချစ်ကို ပြသထားတာပါ။ ဇာတ်လမ်းအကျဉ်းကတော့ အိုနာ (ရာမိုနာ) ဟာ သူနဲ့နှစ်အကြာကြီးတွဲခဲ့တဲ့ ကောင်လေးဖြစ်သူ နစ်ကို နဲ့အတူ လန်ဒန်မြို့ကနေပြီး မက်ဒရစ်မြို့ကိုပြန်ပြောင်းလာခဲ့တာပါ။ ရာမိုနာက မက်ဒရစ်မြို့မှာ အခြေချပြီးတော့အစက‌နေကြိုးစားရင်းနဲ့ မင်းသမီးလုပ်ပြီး သားသမီးတွေနဲ့ ဘဝကိုကုန်ဆုံးချင်သူပါ။ ဒီလိုနဲ့ သူဝင်ပြီးအ‌ရွေးခံမဲ့ သရုပ်ဆောင်ရွေးပွဲမတိုင်ခင် တစ်ရက်အလိုမှာ လူရွေးပွဲလုပ်မဲ့နေရာနားက ဘားကိုသွားရင်းနဲ့ သူ့ထက်အသက်ကြီးတဲ့ ဘရူနိုနဲ့စကားလက်ဆုံကျပြီး ဘဝကြီးအကြောင်း၊ ကမ္ဘာကြီးအကြောင်းပြောရင်းအဖွဲ့ကျနေခဲ့ပါတယ်။ ဒီအချိန်မှာ ဘရူနိုက ရုတ်တရက်သူ့ကိုချစ်နေကြောင်း ပြောလိုက်တဲ့အတွက် ရာမိုနာလည်းလန့်သွားပြီး စကားအများကြီးဆက်ပြောမနေ‌တော့ပဲ ထွက်လာခဲ့လိုက်ပါတယ်။ နောက်တစ်ရက် လူရွေးပွဲကိုသွားတဲ့အခါမှာ ဘရူနိုက ရုပ်ရှင်ရိုက်မဲ့ဒါရိုက်တာဖြစ်နေပြီး သူ့ကို ခေါင်းဆောင်မင်းသမီးအနေနဲ့ပဲတင်ရိုက်ဖို့ အတင်း‌ ရွေးတဲ့အတွက် ရာမိုနာလည်း သရုပ်မဆောင်နိုင်ကြောင်းပြောရင်း ထွက်လာခဲ့လိုက်ပါတယ်။ ဒီအကြောင်းကို နစ်ကို သိသွားတဲ့အချိန် နှစ်ခါပြန်မရနိုင်တဲ့ အခွင့်အရေးကို လက်လွှတ်မခံသင့်ကြောင်းပြောရင်းနဲ့ ပြန်ပြီးသရုပ်ဆောင်ဖို့တိုက်တွန်းခဲ့တာကြောင့် ဘရူနိုကို ပြန်ပြောရင်းနဲ့ ရာမိုနာရောသူဖြစ်ချင်တဲ့ မင်းသမီးဖြစ်မလား၊ သုံးပွင့်ဆိုင်သွားတဲ့ အချစ်ဇာတ်လမ်းလေးကရော ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦးဗျ။...

Huang Miao Village's Tales of Mystery (2023) ⭐TMDB: 0.0% User Score 🎬 #Action #Thriller 🗓 2023 🎞 Movie 🌎 #China ⏰ 1 နာရီ 10 မိနစ် 52 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 နေရာအနှံ့ ခရီးလျှောက်သွားနေတဲ့တာအိုဆရာ ဦးလေးကျိုနဲ့ တပည့်ဖြစ်သူ ချန်ကန်းနဲ့ ချိုးရွှေတို့ဟာဟွမ်မြောင်ရွာကို ရောက်သွားရာမှသတို့သမီးဖုတ်ကောင်နဲ့ ကြုံတွေ့ခဲ့ရပါတယ်အဲဒီနောက်မှာတော့ သတို့သမီးဖုတ်ကောင်ဟာဟွမ်အိမ်တော်က သခင်မမှန်းသိလိုက်ရတဲ့အခါမှာဟွမ်သခင်ကြီးရဲ့ ဖိတ်ခေါ်မှုကြောင့် ဟွမ်အိမ်တော်ကို ဖုတ်ကောင်ကိစ္စဖြေရှင်းဖို့ ရောက်သွားခဲ့ကြပါတယ် ဒီလိုနဲ့ ဖုတ်ကောင်ကိစ္စအပြင် ရွာထဲမှာ အဆိပ်ပိုးကောင်ကိစ္စတွေပါ ပါဝင်လာတဲ့အခါမှာတော့ဖုတ်ကောင်ကိစ္စဟာ မရိုးရှင်းတော့ဘဲ ဦးလေးကျိုနဲ့သူတပည့်တွေအတွက် ခေါင်းစားစရာ ဖြစ်လာပါတော့တယ် တဖြည်းဖြည်းနဲ့ သေတဲ့သူကသေ ရူးတဲ့သူကရူး ဖြစ်လာတဲ့အခါမှာဦးလေးကျိုတို့ ဆရာတပည့်တွေ ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းလေးမှာ အားပေးကြပါဦး...

Who Is Erin Carter? (2023-2023) ⭐IMDB: 6.5/10 (6 k Votes) 🎬 #Action #Adventure #Crime #Thriller 🗓 2023-2023 🎞 tv mini series 🌎 #UnitedStates #UnitedKingdom ⏰ 45 မိနစ် 46 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Who Is Erin Carter? (2023)Who Is Erin Carter? (2023) ===================One Man , Two Life ဆိုတဲ့ စကားကိုကြားဖူးကြမယ်ထင်ပါတယ်။ လူတစ်ကိုယ် ဘဝနှစ်ခုပေါ့..လူတော်တော်များများမှာ အများမသိစေ ချင်တဲ့ ကိုယ့်ရဲ့ အမှောင်ခြမ်းဆိုတာ ရှိကြပါတယ်။ ဒါဆို အယ်ရင်ကာ တာ ဆိုတဲ့ အမျိုးသမီးတစ်ယောက်မှာရော၊ သူ(မ)မှာလည်း သေချာ ပေါက်ရှိနေပါတယ်။ ဒါပေမဲ့ ချစ်ရတဲ့ သမီးလေးကို ပိုင်ဆိုင်လာရတဲ့ အချိန်မှာတော့ ဒါတွေ အကုန်လုံးကို ပြည်ဖုံးကားချပြီး အကုန်လုံးကို ကျောခိုင်းထွက်လာပြီး နေရာအသစ် အလုပ်အသစ်နဲ့ မိသားစုနဲ့အတူ နေထိုင်ခဲ့ပါတော့တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သမီးဖြစ်သူနဲ့ ရှော့ပင်းမောလ်မှာ ဈေးဝယ် နေရင်း လုယက်မှုတစ်ခုနဲ့ တိုးသွားချိန်မှာတော့ သူနဲ့ သူရဲ့ မိသားစုကြား ဝေးကွာဖို့ စတင်အကြောင်းဖန်လာပါတော့တယ်။ ဓားပြတွေလက်ထဲ ကနေ သမီးဖြစ်သူကို ကယ်တင်ဖို့ ဓားပြတွေထဲက တစ်ယောက်ကို အယ် ရင် တစ်ယောက် ပစ်သတ်လိုက်တဲ့အချိန်ကစပြီး သူ့ရဲ့ အတိတ်ဆိုးတွေက သူနောက်ကို ပြန်လိုက်လာတဲ့ အခါမှာတော့ အယ်ရင်ရဲ့ အရင်ဘဝက ဘယ်လိုမျိုးဖြစ်မလဲ၊ လက်ရှိအလုပ်အကိုင်က ဆရာမဆိုပေမဲ့ တစ်ကယ့် အစစ်အမှန် အယ်ရင်ကာတာ နှစ်သက်တဲ့ အလုပ်ကဘာများဖြစ်မလဲ၊ အယ်ရင်ကာတာ ဆိုတဲ့ အမျိုးသမီးက ဘယ်လိုလူစားမျိုးဖြစ်မလဲဆိုတာ ကိုတော့ ” Who is Erin Carter ? ” ဆိုတဲ့ စီးရီးကောင်းလေးမှာပဲ ဆက် လက်ကြည့်ရှုခံစားလိုက်ကြပါဦး။ (ဒီစီးရီးရဲ့ အညွှန်းကို Thetti Tun မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Thetti Tun, C’mon, Ngwe Zin တို့ဖြစ်ပါတယ်။) File Size………….(250 Mb) / (700 MB)...

Black Sands (2021- ) ⭐IMDB: 6.6/10 (667 Votes) 🎬 #Crime #Drama #Thriller 🗓 2021- 🎞 tv series 🌎 #Iceland ⏰ 43 မိနစ် 7 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Black Sands (2021)Black Sands (2021) ============== IMDb Rating – 6.6/10IMDb Rating 6.6 ရရှိထားတဲ့ ဇာတ်လမ်းတွဲလေးတစ်ခု တင်ဆက်ပေးချင်ပါတယ်။ မြင်နေကြ Streaming Service တွေ၊ Hollywood က ထုတ်လုပ်တာမျိုးမဟုတ်ဘဲ Iceland နိုင်ငံကမို့လို့ တမူထူးခြားတဲ့ အရသာမျိုးကို ရရှိမှာပါ။ တချို့အမြင်မသင့် တော်တဲ့ အခန်းလေးတွေ ပါတတ်တာမို့ မိသားစုတွေ၊ ကလေးငယ်တွေနဲ့ အတူကြည့် တဲ့ အခါ သတိထားဖို့ ကြိုပြောချင်ပါတယ်။ Drama, Thriller, Crime အမျိုးအစား မျိုးကို ကြိုက်နှစ်သက်သူဆိုရင် လက်လွှတ်မခံလိုက်ပါနဲ့။ ဇာတ်လမ်းအကျဉ်းကတော့ အာနီတာဆိုတဲ့ ရဲအမျိုးသမီးဟာ မြို့ကြီးကနေ မရောက် တာကြာပြီဖြစ်တဲ့ မွေးရပ်ကျေးလက်က မြို့လေးဆီကို တစ်ကျော့ပြန် ပြန်လာခဲ့ပါ တယ်။ သူ မြို့လေးကိုပြန်‌ရောက်ရောက်ချင်းမှာပဲ ကမ်းခြေမှာ ခရီးသွားအမျိုးသမီး တစ်ယောက်ရဲ့ အလောင်းကိုတွေ့ခဲ့ပါတယ်။ သူလည်း အဲအမှုကို ရဲစခန်းနဲ့အတူ လိုက်စုံစမ်းဖို့ ဖြစ်လာပါတယ်။ သူတို့မြို့လေးဟာ နာမည်ကြီး ခရီးသွားလာရေးနေရာ ဖြစ်တာမို့ ခရီးသွားတွေ အများအပြားလာကြပါတယ်။ ဒါပေမယ့် ခရီးသွားတွေ မတော် တဆ သေဆုံးမှု၊ ပျောက်ဆုံးမှုတွေလည်း မြင့်တက်နေခဲ့ပါတယ်။အဆိုပါအမှုတွေ ကြားမှာ ဘယ်လိုဆက်စပ်နေမလဲ၊ အာနီတာကရော ဘာအကြောင်း ကြောင့်မရောက်တာကြာပြီ ဖြစ်တဲ့ မြို့လေးကို ပြန်လာရသလဲဆိုတာကို ဇာတ်လမ်း ထဲမှာဆက်ပြီးကြည့်ရှု့လိုက်ပါဦး။(ဒီစီးရီးရဲ့ အညွှန်းကို Leonard Lin မှရေးသားပေးပြီး၊ ဘာသာပြန် ရေးသား ပေးသူများကတော့ Leonard Lin, Zaw Myo Thu, Roman Nox ဖြစ်ပါတယ်။)File Size………….(250 Mb) / (700 MB)...