ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
A Royal Christmas Crush (2023)
⭐IMDB: 5.5/10 (578 Votes)
🎬 #Romance #TVMovie #Comedy
🗓 2023 🎞 tv movie
🌎 #UnitedStates #Canada
⏰ 1 နာရီ 22 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ခရစ်စမတ်ရာသီလည်း နီးလာပြီဆိုတော့ Romance ကားကောင်းတွေ
ထွက်နေကျ Hallmark က ရိုက်ကူးထုတ်လုပ်ထားတဲ့ ဆွတ်ပျံ့ကြည်နူးဖွယ်
ခရစ်စမတ် အချစ်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မြောက်ဝင်ရိုးစွန်းနဲ့ အလှမ်းမဝေးတဲ့ ဖရီအိုလန်းဆိုတဲ့ မြောက်ပိုင်းနော်ဒစ်နိုင်ငံလေး
တစ်နိုင်ငံမှာ ပျိုတိုင်းကြိုက် မင်းသားချောလေး တစ်ယောက်ရှိပါတယ်။
ခရစ်စမတ်ကပွဲအတွက် ဆောင်းနန်းတော်ရဲတိုက်ကြီး တည်ဆောက်တဲ့နေရာမှာ
အတွင်းပိုင်းပြင်ဆင်ရေးအတွက် အေဗာဆိုတဲ့ ကောင်မလေးက ဖရီအိုလန်းကို
ရောက်လာခဲ့ပါတယ်။ မတူညီတဲ့ နောက်ခံအခြေအနေတွေနဲ့ သူတို့နှစ်ဦး အမှတ်မထင်
ဘယ်လိုတွေ့ဆုံကြမလဲ ဘယ်လိုအခက်အခဲမျိုးတွေ ရင်ဆိုင်ရမလဲဆိုတာကို
ရိုက်ကူးတင်ဆက်ထားပါတယ်။ နတ်သမီးပုံပြင်လေးထဲကလို နှင်းတွေ တဖွဲဖွဲကျ
ဖုံးလွှမ်းနေတဲ့ ရှုခင်းတွေနဲ့ Xmas Vibe အပြည့် ကြည့်ရှုရမှာပါ၊...
Have You Ever Seen Fireflies? (2021)
⭐IMDB: 6.2/10 (5 k Votes)
🎬 #Comedy #Drama
🗓 2021 🎞 movie
🌎 #Turkey
⏰ 1 နာရီ 54 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb 6.2/10
ဒီရုပ်ရှင်ကတော့ ၁၉၉၉ ခုနှစ်မှာ ရေးသားခဲ့တဲ့ ပြဇာတ်ကို ပြန်လည်ဖန်တီး
ရိုက်ကူးထားတာဖြစ်ပြီး မူရင်းပြဇာတ်ကလည်း စတင်ဖျော်ဖြေခဲ့တဲ့ ၁၉၉၉ ခုနှစ်
ဇန်နဝါရီလ ကနေ ၁၉၉၉ ခုနှစ်မေလအထိ လေးလအတွင်း ၉၇ ကြိမ်တိတိ
ပြန်လည်ဖျော်ဖြေခဲ့ရတဲ့အထိ အောင်မြင်ခဲ့တာဖြစ်ပါတယ် ။
“ ဒီနိုင်ငံမှာက ထက်မြက်တဲ့သူတွေ အပြစ်ပေးခံရတတ်တယ်တဲ့ “ ဂူဆယ်ရန်ရဲ့
အဖေက ဆယ်ကျော်သက်အရွယ် ဂူဆယ်ရန်လေးကို ပြောခဲ့တဲ့စကားပါ ။
ပိုးစုန်းကြူးလေးတွေအကြောင်း စိတ်ဝင်စားတဲ့ ဂူဆယ်ရန်က ခြောက်လအရွယ်မှာ
စကားစပြောတတ် ၊ နှစ်နှစ်အရွယ်မှာ စာဖတ်တတ်ပြီး အသက်ကြီးလာတော့လည်း
ဘယ်လိုဂဏန်းလေးလုံးပါတဲ့ ကိန်းမျိုးကိုမဆို စိတ်နဲ့မြှောက်နိုင်တဲ့အထိ ဉာဏ်ထက်တဲ့
မိန်းကလေးတစ်ယောက်ပါ ။ ၁၉၇၀ ပြည့်နှစ်ကျော် တူရကီနိုင်ငံရဲ့ အစိုးရအပြောင်းအလဲနဲ့
နိုင်ငံရေးပဋိပက္ခတွေကြားမှာ ဂူဆယ်ရန်တစ်ယောက် ဘယ်လိုဆက်ရှင်သန်မလဲ ။
ကမောက်ကမဖြစ်နေတဲ့ နိုင်ငံရေးအခြေအနေတွေကြားမှာ အချစ် ၊ အလွမ်း ရသမျိုးစုံကို
သာလွန်ဉာဏ်ရည်မျိုးရှိတဲ့ ဂူဆယ်ရန်ရဲ့ ရှုထောင့်ကနေ ရင့်နင်ဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပါတယ်...
Trust Game (2023)
⭐IMDB: 6.7/10 (187 Votes)
🎬 #Drama
🗓 2023 🎞 movie
🌎 #Bulgaria
⏰ 1 နာရီ 40 မိနစ် 47 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတင်ဆက်ပေးချင်တဲ့ဇာတ်ကားလေးကတော့ Trust Game ဆိုတဲ့ ဘူဂေးရီးယားဇာတ်ကားလေးပဲဖြစ်ပါတယ်
ဒီဇာတ်ကားလေးကတော့ စိတ်ဓာတ်ကြံ့ခိုင်သန်မာတဲ့အမျိုးသမီးနှစ်ယောက် သူတို့ဘဝလွတ်လပ်မှုရဖို့ကို ဘယ်လိုရှာဖွေကြိုးပမ်းမလဲဆိုတာကို ရိုက်ကူးပုံဖော်ထားတာဖြစ်ပါတယ်……
ဒီအမျိုးသမီးနှစ်ယောက်ကတော့ ဒန်နီရယ်လာနဲ့ အယ်လီနာဆိုတဲ့ အမျိုးသမီးနှစ်ယောက်ပဲဖြစ်ပါတယ် သူတို့နှစ်ယောက်က တကယ်တော့သားအမိပါ။
ဇာတ်လမ်းလေးကို အယ်လီနာတစ်ယောက် မျက်နှာမှာ ဒါဏ်ရာဒဏ်ချက်တွေနဲ့ ရဲစခန်းမှာ စစ်ဆေးမေးမြန်းခံနေရတာနဲ့ စတင်ဖွင့်ထားပါတယ် အဲ့ကနေမှ အယ်လီနာတစ်ယောက် သူ့ရဲ့အိမ်ထောင်ရေးမှာဘယ်လိုတွေဖြစ်ခဲ့တာလဲ သူငယ်ငယ်က သူ့အမေရဲ့ဘဝကရောဘယ်လိုလဲ သူ့အမေ ဒန်နီရယ်လာက သူမကို ယုံကြည်မှုကစားပွဲဆိုပြီး မိတ်ဆက်ပေးခဲ့ပါတယ် ယုံကြည်မှုကစားပွဲဆိုတာ ဘယ်လိုမျိုးလဲ……..
အမေရော သမီးရော သူတို့ရဲ့ဘဝတွေကို ယောက်ျားတွေရဲ့ ဖိနှိပ်မှုကနေ လွတ်လပ်အောင် ဘယ်လိုတွေကြိုးပမ်းရမလဲဆိုတာကို အမေရဲ့ ဘဝရော သမီးရဲ့ ဘဝရောကို တစ်လှည့်စီ စိတ်ဝင်စားဖွယ်ကောင်းအောင်ရိုက်ကူးပြထားတာဖြစ်ပါတယ်...
The Sacrament (2013)
⭐IMDB: 6.1/10 (21 k Votes)
🎬 #Horror #Thriller
🗓 2013 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 40 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းကတော့ ဂိုဏ်းဂဏတွေ၊cultအယူမှားတွေနဲ့ အယူကြီး
အယူသည်းတဲ့သူတွေကြားက ဖြစ်ရပ်ဆိုးတစ်ခုကို ပုံဖော်ရိုက်ကူး
ထားတာပဲ ဖြစ်ပါတယ်။ Midsommarနဲ့ ဇာတ်လမ်းကျောရိုးချင်း
အတော်လေးဆင်တူသလို တချို့ပြကွက်တွေက စိတ်မခိုင်သူတွေ
ကြည့်ဖို့မသင့်တဲ့ ပြကွက်တွေလည်း ပါဝင်ပါတယ်။
နယူးယောက်က နာမည်ကြီးမီဒီယာတစ်ခုဖြစ်တဲ့ VICE ကုမ္ပဏီရဲ့
တည်ထောင်သူ၂ယောက်က သူတို့မိတ်ဆွေ ကင်မရာဆရာရဲ့ ညီမ
ဆီက ရောက်လာတဲ့ စာတစ်စောင်ကြောင့် စိတ်ဝင်စားဖို့ကောင်းတဲ့
ဇာတ်လမ်းတစ်ပုဒ်ကို ရနိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ သူမဖိတ်တဲ့
နေရာတစ်ခုကို အတူတူခရီးထွက်လာကြပါတယ်။ ညီမဖြစ်သူဟာ
ဆေးဖြတ်စခန်းကို ရောက်နေသူဖြစ်ပေမယ့် ဖာသာတစ်ယောက်ရဲ့
လမ်းညွှန်မှုကြောင့် ဆေးပြတ်သွားသလို လက်ရှိမှာ ဖာသာနဲ့အတူ
တောတွင်းတစ်နေရာမှာ ကျောင်းတော်တစ်ခု ထောင်ထားတယ်လို့
စာထဲမှာ ရေးထားတာပါ။
ဒီလိုနဲ့ပဲ သူငယ်ချင်း၃ယောက် အဲဒီနေရာကို ရောက်သွားတဲ့အခါမှ
စာထဲမှာရေးထားတဲ့ အေးချမ်းဆိတ်ငြိမ်ပြီး မောဟကင်းတဲ့ရပ်ဝန်း
တစ်ခု၊ ငြိမ်းချမ်းတဲ့ဘဝကို ရောက်စေမယ့်ကျင့်စဉ်ဆိုတဲ့ ရေးထား
တာတွေ တစ်ခုမှမရှိနေဘဲ အထင်နဲ့အမြင် တက်တက်စင်လွဲနေတဲ့၊
တစ်ခုခုမှားယွင်းနေတဲ့ နေရာတစ်ခုကို ရောက်သွားရာ အဲဒီနေရာက
ပြန်ထွက်ပြေးလွတ်မြောက်ဖို့ ကြိုးစားရပါတော့တယ်။...
Room (2015)
⭐IMDB: 8.1/10 (441 k Votes)
🎬 #Drama #Thriller
🗓 2015 🎞 movie
🌎 #Canada #Ireland #USA #UnitedKingdom #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 57 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Room (2015)
==========
#Unicode
Room (2015) အသက် ၂၄ နှစ် ဂျွိုင်းနယူးဆမ်းဟာ ငါးနှစ်အရွယ် သူ့သားလေး ဂျက်ခ် နဲ့အတူ သူတို့ အခန်းလေးလို့ နာမည်ပေးထားတဲ့ ဂိုဒေါင်လေးထဲမှာ နေထိုင်ကြတယ်။ အဲဒီ ဂိုဒေါင်လေးထဲမှာ သူတို့ လိုအပ်မယ့် ပစ္စည်း အနည်းငယ် ရယ် ပြတင်းပေါက်ဆိုလို့ ကောင်းကင်အလင်းရောင်လေး ဝင်နိုင်တဲ့အပေါက်လေးရယ် ပဲရှိတယ်။ အဖိုးကြီးနစ်ခ် လို့ သူတို့ခေါ်တဲ့ သူက ဂျွိုင်း အသက် ၁၇ နှစ်ထဲက ဖမ်းထားခဲ့ပြီး ဒီအခန်းလေးထဲမှာ ၇နှစ်လုံးလုံး ပိတ်ထားခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းနေခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အဖိုးကြီးနစ်ခ်က ဂျက်ခ်လေးရဲ့ သွေးသားတော်စပ်မှု အရ အဖေ ဖြစ်ပေမယ့် ကလေးကို ရှိတယ်လို့တောင် သတ်မှတ်တာ မဟုတ်ပါဘူး။ ဂျွိုင်း က ကလေးကို ဒီအခန်းထဲက အရာတွေပဲ အစစ်ဖြစ်ပြီး ကျန်တာတွေက တီဗီ ထဲကအရာတွေလို့ အသိပေးထားပေမယ့် ဂျက်ခ်လေး အသက် ငါးနှစ်ပြည့်လို့ နားလည်နိုင်တဲ့အရွယ်ရောက်တော့ အပြင်လောက အကြောင်းကို နားဝင်အောင်ရှင်းပြခဲ့တယ်။ ကလေးကို အပြင်ရောက်ဖို့ နည်း အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် မရတဲ့အဆုံး သေဟန်ဆောင်ခိုင်းပြီး အပြင်ကိုထွက်ခွင့် ရအောင် ကြံတယ်။ အပြင်လောက ကို တစ်ခါမှ မမြင်ဖူးတဲ့ ငါးနှစ်ကလေးလေး ဂျက်ခ် တစ်ယောက် တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား လွတ်ခဲ့ရင်ရော အမေကို ပြန်ကယ်နိုင်ပမလား။
#Zawgyi
Room (2015) အသက် ၂၄ နှစ် ဂျွိုင်းနယူးဆမ်းဟာ ငါးနှစ်အရွယ် သူ့သားလေး ဂျက်ခ် နဲ့အတူ သူတို့ အခန်းလေးလို့ နာမည်ပေးထားတဲ့ ဂိုဒေါင်လေးထဲမှာ နေထိုင်ကြတယ်။ အဲဒီ ဂိုဒေါင်လေးထဲမှာ သူတို့ လိုအပ်မယ့် ပစ္စည်း အနည်းငယ် ရယ် ပြတင်းပေါက်ဆိုလို့ ကောင်းကင်အလင်းရောင်လေး ဝင်နိုင်တဲ့အပေါက်လေးရယ် ပဲရှိတယ်။ အဖိုးကြီးနစ်ခ် လို့ သူတို့ခေါ်တဲ့ သူက ဂျွိုင်း အသက် ၁၇ နှစ်ထဲက ဖမ်းထားခဲ့ပြီး ဒီအခန်းလေးထဲမှာ ၇နှစ်လုံးလုံး ပိတ်ထားခဲ့တယ်။ နည်းအမျိုးမျိုးနဲ့ ထွက်ဖို့ ကြိုးစားခဲ့ပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ အားနည်းနေခဲ့တာကြောင့် မလွတ်မြောက်နိုင်ခဲ့ပါဘူး။ အဖိုးကြီးနစ်ခ်က ဂျက်ခ်လေးရဲ့ သွေးသားတော်စပ်မှု အရ အဖေ ဖြစ်ပေမယ့် ကလေးကို ရှိတယ်လို့တောင် သတ်မှတ်တာ မဟုတ်ပါဘူး။ ဂျွိုင်း က ကလေးကို ဒီအခန်းထဲက အရာတွေပဲ အစစ်ဖြစ်ပြီး ကျန်တာတွေက တီဗီ ထဲကအရာတွေလို့ အသိပေးထားပေမယ့် ဂျက်ခ်လေး အသက် ငါးနှစ်ပြည့်လို့ နားလည်နိုင်တဲ့အရွယ်ရောက်တော့ အပြင်လောက အကြောင်းကို နားဝင်အောင်ရှင်းပြခဲ့တယ်။ ကလေးကို အပြင်ရောက်ဖို့ နည်း အမျိုးမျိုး ကြိုးစားခဲ့ပေမယ့် မရတဲ့အဆုံး သေဟန်ဆောင်ခိုင်းပြီး အပြင်ကိုထွက်ခွင့် ရအောင် ကြံတယ်။ အပြင်လောက ကို တစ်ခါမှ မမြင်ဖူးတဲ့ ငါးနှစ်ကလေးလေး ဂျက်ခ် တစ်ယောက် တကယ်ပဲ လွတ်မြောက်နိုင်ပါ့မလား လွတ်ခဲ့ရင်ရော အမေကို ပြန်ကယ်နိုင်ပမလား။
(ဒီဇာတ်ကားကို ဘာသာပြန်ပေးထားသူကတော့ Kira Rodriguez ပဲဖြစ်ပါတယ်။)...
Butchers (2020)
⭐IMDB: 4.6/10 (3 k Votes)
🎬 #Horror #Thriller
🗓 2020 🎞 movie
🌎 #Canada
⏰ 1 နာရီ 33 မိနစ် 40 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်ကားလေးကတော့ နာမည်အတိုင်းပဲ ရက်စက်စွာသတ်ဖြတ်တဲ့
လူသတ်သမားတွေအကြောင်းပဲဖြစ်ပါတယ်။
တစ်နေ့မှာ ဂျန်နာတို့သူငယ်ချင်းလေးယောက်ဟာ ဂျန်နာရဲ့ ၂၅ နှစ်ပြည့်
မွေးနေ့ပွဲကျင်းပပြီး Spencerville မြို့ကို ပြန်လာကြပါတယ်။ မြို့ကအပြန်
အဝေးလမ်းမရဲ့တစ်နေရာမှာ ကားရေတိုင်ကီပျက်သွားပါတယ်။
ဘယ်ရောက်နေမှန်းမသိပေမယ့် အရှေ့ဖက်တစ်နေရာမှာ ဓာတ်ဆီဆိုင်ရှိမှာပဲဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဂျန်နာရဲ့ရည်းစားမိုက်ခ်လမ်းလျှောက်ထွက်သွားပါတယ်။
ဂျန်နာရဲ့သူငယ်ချင်းတေလာကလည်းလိုက်သွားပြီး ခရစ်နဲ့ဂျန်နာကိုကားမှာ
စောင့်ခိုင်းခဲ့ပါတယ်။ဒီလိုနဲ့ နှစ်ယောက်တစ်ဖွဲ့စီကွဲ သွားတဲ့အခါမှာတော့
လူသတ်ကားတို့ထုံးစံအတိုင်းပဲ လူသတ်သမားတွေကသူတို့ကိုလိုက်ဖမ်းပါတော့တယ်။
ဂျန်နာတို့သူငယ်ချင်းတွေဘယ်လိုလွတ်အောင်ထွက်ပြေးကြမလဲ
ဘယ်နှစ်ယောက်အသက်ရှင်ကျန်ရစ်ခဲ့မလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုပေးပါဦး...
Forever (2023)
⭐IMDB: 6.4/10 (164 Votes)
🎬 #Drama #Sport
🗓 2023 🎞 movie
🌎 #Sweden
⏰ 1 နာရီ 43 မိနစ် 37 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ Sport Dramaအမျိုးအစား လေးဖြစ်ပြီး
တက်သစ်စလူငယ်ဘဝရဲ့ အိပ်မက်တွေ၊ ခင်မင်မှုတွေ၊ရင်းနှီးပေးဆပ်မှုတွေကို
ဖော်ညွှန်းပြထားတဲ့ Swedish movieလေးဖြစ်ပါတယ်…..။
အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ မီလာ နဲ့ ကီယာဟာ ငယ်ကတည်းက
ဘောလုံးကန်ရတာကို ဝါသနာထုံခဲ့ကြပြီး အိပ်မက်တွေကိုယ်စီရှိကြသူတွေပါ….။
ဒီထဲမှာမှ မီလာလေးဟာ ဘောလုံးကစားနည်းကို ပိုရူးသွပ်ပြီး
ဝုန်းဝုန်းဒိုင်းဒိုင်းလုပ်တတ်တဲ့ အကျင့်လည်းရှိတာမို့ ကီယာလေးက
ဘေးမှာအမြဲလိုက်ထိန်းပေးနေကျပေါ့….။
တစ်နေ့မှာတော့ သူတို့ရဲ့ဘောလုံးအသင်းလေးကို ပရော်ဖက်ရှင်နယ်ဘောလုံးသမား
တစ်ယောက်ဖြစ်ခဲ့ဖူးုတဲ့ လိုလိုဟာ နည်းပြအဖြစ်ရောက်လာခဲ့ပါတယ်….။
နည်းပြအသစ်ကို အားကျစိတ်နဲ့အတူ သူတို့ရဲ့အိပ်မက်တွေဆိုတာလည်း
လက်တစ်ကမ်းအလိုမှာရောက်နေပြီဆိုတာသိလိုက်ရတော့
မီလာနဲ့ကီယာလေးဟာ အစွမ်းကုန်ကြိုးစားကြတာပါတော့တယ်….။
ပြင်းထန်လှတဲ့ လေ့ကျင့်မှုတွေ၊စည်းမျဉ်းတွေအောက်မှာ ကိုယ်စီအိပ်မက်တွေဆီ
ရောက်ဖို့ ကြိုးစားရုန်းကန်ခဲ့ကြတဲ့ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ပေးဆပ်မှုတွေ၊
ဂရုဏာဒေါသလေးတွေ၊ လူငယ်သဘာဝစိတ်ခံစားချက်လေးတွေကို မြင်တွေ့ရမယ်
ဇာတ်ကားလေးဖြစ်ပါတယ်...
Dog Days of Summer(2023)
⭐-
🎬 #Drama #Comedy
🗓 2023 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 4 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Dog Days of Summer(2023)
**************************Castaway Diva ဇာတ်လမ်းတွဲထဲက ဂျောင်ဂီဟိုငယ်ဘဝနေရာမှာ သရုပ်ဆောင်ထားတဲ့ Moon Woo Jin ရဲ့
ဇာတ်ကားသစ်လေး ထွက်ရှိလို့လာပါတယ်။
Puberty Period ဆိုတာကိုတော့ လူတိုင်းဖြတ်သန်းခဲ့ကြဖူးပါတယ်။ဒီတစ်ခေါက်အလှည့်ကျလာတဲ့ KBS Special Drama လေးကဝောာ့
Puberty Period ကိုဝင်ရောက်လာတဲ့ လူငယ်လေးတွေကို အသားပေးရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။
ဇာတ်ကြောင်းလေးကတော့ ဖခင်ဖြစ်သူရဲ့ စီးပွားရေးအခြေအနေ မပြေလည်မှုကြောင့် အန်ယန်းကနေ
ဒယ်ဂူကို ပြောင်းရွှေ့လာတဲ့ ၁၄နှစ်အရွယ် ကောင်လေးနဲ့ အစပြုထားပါတယ်။
ဒယ်ဂူမြို့သူမြို့သားတွေကြားမှာ အန်ယန်းသားလေးဂင်အီဂျွန်တစ်ယောက် လေယူလေသိမ်း ကွာခြားမှုကြောင့် သူငယ်ချင်းတွေရဲ့ ကျီစယ်နောက်ပြောင်မှုကို ခံနေရရှာပါတယ်။ ဒါတင်မကသေးဘဲ ဒယ်ဂူရဲ့ ပူပြင်းတဲ့ရာသီဥတုဒဏ်ကြောင့်ပါ စိတ်ရှုပ်ရတာကြောင့် မျက်နှာစိမ်းအရပ်မှာ တစ်ယောက်တည်း ဒေါသပုန်ထနေခဲ့ရပါတယ်။
အဲ့ဒီနောက် သူနဲ့ရွယ်တူတွေဖြစ်ကြပြီး ခပ်ဆန်းဆန်းအတွေးနဲ့စိတ်ကူးတွေပိုင်ဆိုင်ထားတဲ့
ဟန်ယောရွမ်းဆိုတဲ့ ကောင်မလေးနဲ့ ဂျောင်ဂျီဝုဆိုတဲ့ ဘောဒါတွေနဲ့ ဆုံတွေ့ကြတဲ့အခါမှာတော့…။
ဒယ်ဂူရဲ့ ပူပြင်းတဲ့ရာသီဥတုနဲ့အတူ World Cupကျင်းပနေတဲ့ကာလမှာ Puberty Period ကိုဝင်ရောက်လာတဲ့ လူငယ်လေးတွေရဲ့ စိတ်အားထက်သန်မှုနဲ့ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲလာပုံတွေကို မြင်တွေ့ရမှာပဲဖြစ်ပါတယ်။
အသက်14နှစ်အရွယ် လူငယ်လေးတွေကို အသားပေးရိုက်ကူးထားတဲ့ ဒီဇာတ်ကားလေးထဲမှာတော့
Main Castတွေ အနေနဲ့ Moon Woo Jin , Park Seo Kyung နဲ့ Choi Hyun Jin တို့ပါဝင်သရုပ်ဆောင်ထားကြပါတယ်။
အညွှန်းကိုတော့ Treasure Htetမှရေးသားပေးထားပါတယ်...
Blackthorn (2011)
⭐IMDB: 6.5/10 (10 k Votes)
🎬 #Action #Adventure #Drama #Western
🗓 2011 🎞 movie
🌎 #Spain #France #Bolivia #UnitedKingdom
⏰ 1 နာရီ 43 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB rating – 6.5 Rotten Tomatoes- 75%
Rating မြင့်တဲ့ ဇာတ်ကားကောင်းလေးကိုတင်ဆက်ပေးပါတယ်။
၁၉၀၈ ခုနှစ် ဝန်းကျင်မှာဇာတ်အိမ်တည်ထားပြီး တစ်ချိန်က နာမည်ကြီး
သရုပ်ဆောင် Sam Sherpard က ဒီဇာတ်လမ်းရဲ့ အဓိကဇာတ်ကောင်ဖြစ်တဲ့
Blackthorn နေရာမှာသရုပ်ဆောင်ထားပြီး Blackthorn ရဲ့ငယ်ဘဝကို
Game of Throne ဇာတ်လမ်းတွဲထဲက ဂျိန်းလန်နစ်စတာကြီး
(Nikolaj Coster-Waldau) ကသရုပ်ဆောင်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်းကတော့
လွန်ခဲ့တဲ့နှစ်ပေါင်း ၂၀ ကျော်က နာမည်ကြီး တောပုန်းလူဆိုးကြီး
ဘုချ်ကတ်စစ်ဒီ ဟာ ဂျိန်းစ်ဘလက်သွန်းဆိုတဲ့နာမည်နဲ့ ဘိုလီဗီးယားနိုင်ငံက
မထင်မရှားရွာလေးမှာ မြင်းမွေးပြီးအသက်မွေးနေထိုင်တယ်။ တစ်နေ့သူချစ်ရတဲ့
အမျိုးသမီးတစ်ယောက်က သေဆုံးသွားပြီးဆိုတဲ့သတင်းကိုကြားတဲ့အတွက်
ကျန်ခဲ့တဲ့သားကိုစောင့်ရှောက်ဖို့ဆိုပြီး အမေရိကန်နိုင်ငံကိုပြန်ဖို့ပြင်ဆင်ပါတော့တယ်။
ဘဏ်မှာအပ်ထားတဲ့ သူ့ပိုက်ဆံတွေကိုအကုန်ထုတ်ပြီး မြင်းတစ်ကောင်နဲ့
ထွက်လာပြီး လမ်းမှာ ထွက်ပြေးလာတဲ့အယ်ဂွာဒိုဆိုတဲ့ စပိန်သားတစ်ယောက်က
သူ့ကိုလူမှားပြီးသေနတ်နဲ့ပစ်လိုက်တာ လူတော့မထိပေမယ့် မြင်းကတော့ထွက်ပြေး
သွားပါတယ်။ ရှိသမျှအကုန်ထုတ်ထားတဲ့ပိုက်ဆံတွေ ပါသွားတဲ့အတွက် အယ်ဂွာဒိုကို
သတ်မယ်အလုပ်မှာသူ့မှာ ပိုက်ဆံတွေအများကြီးရှိကြောင်း ၊ သူ့ကိုကယ်ပေးရင်ဆုံးရှုံးသွားတဲ့
ပိုက်ဆံတွေပြန်ပေးနိုင်ကြောင်းပြောတဲ့အခါမှာ ဇာတ်လမ်းကစတင်ပါတော့တယ်။...
Honeymoon (2014)
⭐IMDB: 5.7/10 (27 k Votes)
🎬 #Drama #Fantasy #Horror #ScienceFiction #Mystery #Romance #SciFi #Thriller
🗓 2014 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 28 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ပေါလ်နဲ့ ထရစ္စီတို့ဟာ ညားကာစလင်မယားဖြစ်ပါတယ်။
မင်္ဂလာဦးပျားရည်ဆမ်းခရီးထွက်ခါနီးမှာ ထရစ္စီနေမကောင်းဖြစ်တာကြောင့်
မြို့ကြီးပြကြီးတွေဆီမသွားဖြစ်တော့ဘဲ ထရစ္စီတို့မိသားစုပိုင်
သစ်တောအိမ်ကလေးမှာပဲ အနားယူဖို့ထွက်လာခဲ့ကြပါတယ်။ လူသူ
အရောက်အပေါက်နည်းတဲ့ တောအုပ်လေးနဲ့ ရေကန်လေးနားက အိမ်ကလေးမှာ
ကြင်စဦးဇနီးမောင်နှံနှစ်ယောက် အေးအေးလူလူအနားယူနေကြပါတယ်။
တစ်ညနေမှာ လမ်းလျှောက်ထွက်ရင်း မနီးမဝေးက စားသောက်ဆိုင်တစ်ဆိုင်ကို
ရောက်သွားပါတယ်။ ဆိုင်ထဲကိုရောက်တဲ့အခါ ဆိုင်တစ်ခုလုံးခြောက်ကပ်နေပြီး
ဆိုင်ရှင်ကလည်း ရန်လိုတဲ့ပုံစံနဲ့အတင်းနှင်ထုတ်တာကြောင့် လင်မယားနှစ်ယောက်
ပြန်ခါနီးဆဲဆဲမှာ ဆိုင်ရှင်က ထရစ္စီကို နာမည်ခေါ်ပြီးနှုတ်ဆက်လိုက်ပါတယ်။
ဆိုင်ရှင်ဟာ ထရစ္စီရဲ့ ငယ်ရည်းစား ဝီလ်ဖြစ်နေပြီး ဝီလ်ဟာအိမ်ထောင်ကျပြီးနောက်
ဇနီးဖြစ်သူအန်နီတို့မိသားစုပိုင်ဆိုင်တဲ့ တောကြိုအုံကြားက စားသောက်လေးမှာ
နေထိုင်နေတာဖြစ်ပါတယ်။ အဲဒီအချိန်မှာပဲ ဆိုင်ရှင်ဇနီးဖြစ်သူ အန်နီရုတ်တရက်
ရောက်လာပြီး ဧည့်သည်တွေကိုနှင်ထုတ်ပါတော့တယ်။ ဝီလ်ကဇနီးသည်နေမကောင်း
ဖြစ်နေတဲ့အတွက် ပြောမိတာဖြစ်ကြောင်း တောင်းပန်ပြီးပြန်လွှတ်လိုက်ပေမယ့်
ဧည့်သည်လင်မယားနှစ်ယောက်ဟာ ဆိုင်ရှင်နှစ်ယောက်ရဲ့ ထူးဆန်းတဲ့အမူအရာ
တွေကြောင့် သံသယစိတ်တွေနဲ့ ပြန်လာခဲ့ကြပါတယ်။
အဲဒီညမှာပဲ ပေါလ်ဟာ ဇနီးသည်ထရစ္စီတစ်ယောက် အိမ်ထဲကနေရုတ်တရက်
ပျောက်သွားတာ သိလိုက်ရပါတယ်။ အိမ်နားပတ်ချာလည်လိုက်ရှာရင်း အနီးက
တောအုပ်ထဲမှာ ထရစ္စီတစ်ယောက် အဝတ်အစားမပါဘဲ တစ်ယောက်တည်းငူငူကြီး
ရပ်နေတာ တွေ့လိုက်ရပါတော့တယ်။ ထရစ္စီကိုချက်ချင်းပြန်ခေါ်လာပြီး ဖြစ်ကြောင်း
ကုန်စင်မေးမြန်းပေမယ့် အိပ်ပျော်စဉ်လမ်းလျှောက်တာဆိုတဲ့ အဖြေကလွဲလို့ ရေရေ
ရာရာမသိခဲ့ရပါဘူး။ နောက်နေ့မနက်စကပြီး ထရစ္စီဟာ ရေတိုမှတ်ဉာဏ်တွေ သိသိ
သာသာအားနည်းလာတာ ပေါလ်သိလိုက်ရပါတယ်။ ပေါလ်ဟာထရစ္စီကို ဂရုတစိုက်
မေးမြန်းပေမယ့် ထရစ္စီကတော့ အဆင်ပြေကြောင်းသာပြောဆိုနေခဲ့ပါတယ်။ ထရစ္စီရဲ့
ပေါင်ရင်းမှာ ဒဏ်ရာတွေတဖြည်းဖြည်းပေါ်လာပြီး ထရစ္စီကိုယ်တိုင်လည်း ပေါလ်နဲ့လင်မယား
ကိစ္စမဖြစ်အောင် သိသိသာသာရှောင်ဖယ်လာခဲ့ပါတယ်။ ညဘက်ရောက်တဲ့အခါမှာလည်း
အိမ်အပြင်ကနေ ဓါတ်မီးနဲ့ထိုးနေတာတွေ၊ တချွတ်ချွတ်အသံကြားရတာတွေကြောင့်
ပေါလ်ဟာ ဒီကိစ္စမှာ ဝီလ်ရဲ့လက်ချက်မကင်းကြောင်းသံသယဝင်လာပါတော့တယ်။
ထရစ္စီရဲ့ရေတိုမှတ်ဉာဏ်ဟာ တစတစဆိုးရွားလာပြီး ပေါလ်နဲ့တွေ့ရင်ပြောရမယ့်
စကားတွေကိုပါ ထရစ္စီဟာအခန်းထဲမှာ တစ်ယောက်တည်းကြိုလေ့ကျင့်နေမှန်း
သိလိုက်ရတဲ့နောက်မှာတော့ ပေါလ်ဟာသံသယအကြီးအကျယ်ဝင်ပြီး အိမ်ပြန်ဖို့
စီစဉ်ပါတော့တယ်။ အိမ်မပြန်ခင်မှာ သူသံသယရှိတဲ့ဝီလ်နဲ့စာရင်းရှင်းဖို့သွားပေမယ့်
ဝီလ်ကိုမတွေ့ရဘဲ သူ့ဇနီးသည်အန်နီကိုသာတွေ့ခဲ့ပြီး အန်နီ့ဆီမှာလည်း ထရစ္စီလို
ဒဏ်ရာတွေရှိနေတာ၊ အန်နီရေးထားတဲ့စာတွေက ထရစ္စီရေးထားတဲ့စာတွေနဲ့
တူနေတာတွေ့လိုက်ရတဲ့နောက်မှာ ပေါလ်ဟာထရစ္စီရှိတဲ့ဆီပြန်လာပြီး အကြီးအကျယ်
စစ်ဆေးမေးမြန်းပါတော့တယ်။ အဲဒီအချိန်မှာပဲ ထရစ္စီရဲ့ခန္ဓာကိုယ်ထဲကနေထွက်လာတဲ့
အရာဝတ္ထုတစ်ခုကြောင့် ပေါလ်ဟာလုံးဝမယုံကြည်နိုင်လောက်အောင်ဖြစ်သွားချိန်မှာပဲ
ထရစ္စီဟာပေါလ်ရဲ့ခေါင်းကို ရိုက်နှက်ပြီးမေ့မျောသွားအောင်လုပ်လိုက်ပါတော့တယ်။
ပေါလ်သတိရတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ..။
ထရစ္စီခန္ဓာကိုယ်ထဲကထွက်လာတဲ့အရာဟာဘာလဲ။ ဝီလ်ကကော ဘယ်ရောက်သွားလဲ..။
ဝီလ်ဟာအဓိကလက်သည်ဖြစ်နိုင်လား..။ ဝီလ်ရဲ့ဇနီးသည်အန်နီကကော တကယ်ပဲ
စိတ်မူမမှန်နေတာ ဟုတ်ပါ့မလား..။ ထရစ္စီကိုယ်တိုင်ကကော ရိုးရိုးသားသားပဲလား..
ဟန်ဆောင်နေတာလား..။ သူတို့နှစ်ဦးရဲ့ကံကြမ္မာဘယ်လိုဆက်ဖြစ်မလဲဆိုတာ
ဇာတ်လမ်းလေးကို ဆက်လက်ရှုစားကြဖို့ Channel Myanmar ပရိတ်သတ်ကြီးအတွက်
တင်ဆက်လိုက်ရပါတယ်။...
Tuhog (2023)
⭐IMDB: 5.5/10 (44 Votes)
🎬 #Adult #Drama #Romance
🗓 2023 🎞 movie
🌎 #Philippines
⏰ 1 နာရီ 33 မိနစ် 24 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tuhog (2023)
အက်ဘီဟာ သူနာပြုအကူကောင်မလေးတစ်ယောက်ဖြစ်ပြီး သူ့ချစ်သူမိုက်ကယ်ကတော့ စစ်သားတစ်ယောက်ပါ။ ဖခင်နဲ့အဆင်မပြေတဲ့ မိုက်ကယ်ဟာ အက်ဘီနဲ့အတူသီးခြားနေခဲ့ပေမဲ့ သူ့ဖခင်နှလုံးရောဂါဖောက်ကြောင်း သတင်းရတဲ့အချိန်မှာတော့ အက်ဘီရဲ့ စေ့စပ်ပေးမှုနဲ့အတူ ဖခင်ကြီးနဲ့ပြန်အတူနေဖို့ဖြစ်လာခဲ့ပါတယ်။ ဖခင်အိမ်ပေါ်ရောက်ပြီး မကြာခင်မှာပဲ မိုက်ကယ်တစ်ယောက် ရှေ့တန်းပါသွားရင်း ကျဆုံးသွားခဲ့ပြီဆိုတဲ့သတင်းရောက်လာပါတော့တယ်။
အက်ဘီက သူ့ချစ်သူမရှိတော့တဲ့ အိမ်ကြီးမှာဆက်မနေနိုင်တော့ကြောင်းပြောဖို့ ကြိုးစားခဲ့ပေမဲ့ မိုက်ကယ့်ဖခင်ရဲ့တားမြစ်မှုကြောင့်နေဖြစ်ရာကနေ သန်တုန်းမြန်တုန်းယောက္ခမလောင်းကြီးနဲ့ သွေးသားဆူဖြိုးတဲ့အရွယ်ကိုမှ ယောက်ျားတွေရဲ့အထိအတွေ့နဲ့ဝေးတာကြာပြီဖြစ်တဲ့ အက်ဘီတို့ဟာ အိုးချင်းထား အိုးချင်းတီးကြပါတော့တယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ဇာတ်လမ်းစပြီး မကြာခင်မှာပဲ သေပြီလို့မှတ်ယူထားခဲ့တဲ့ မိုက်ကယ်အိမ်ပြန်ရောက်လာတဲ့အခါမှာတော့…။
Pantaxa Laiya ပြိုင်ပွဲဝင် Vivamax စင်တင်မင်းသမီးလေး Apple Dy ဦးဆောင်ပါဝင်ထားပြီး ထုံးစံအတိုင်း မင်းသမီးသစ်လေးတွေလည်း မြိုင်မြိုင်ဆိုင်ဆိုင် အားဖြည့်ထားပေးပါသေးတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုAliasမှ ပြန်ဆို ရေးသားထားပါတယ်)...
Secrets of A Celebrity Nanny (2023)
⭐IMDB: 5.5/10 (70 Votes)
🎬 #Thriller #TVMovie #Drama
🗓 2023 🎞 tv movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 31 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းကတော့ နန်နီဆိုတဲ့ စာရေးဆရာမဖြစ်ချင်တဲ့ကောင်မလေးတစ်ယောက်ဆီကို သူအမေနဲ့ငယ်သူငယ်ချင်းဖြစ်ခဲ့တဲ့ အဆိုတော်တစ်ယောက်က သူ့သမီးကိုကလေးထိန်းဖို့လာခေါ်တာကနေစတာပါ
ကလေးထိန်းဖို့သွားလိုက်တာကနေ အရင်ကလေးထိန်းအသတ်ခံခဲ့ရတဲ့အကြောင်းကိုသိသွားပြီး အဲဒီ အရင်ကလေးထိန်းကို ဘယ်သူသတ်တယ် ဘာကြောင့်သတ်ခဲ့တယ်ဆိုတာကို ရင်တလှပ်လှပ်နဲ့ စောင့်ကြည့်သွားရမဲ့ကားလေးပါပဲ...
Goblin Slayer (2018- )
⭐IMDB: 7.5/10 (10 k Votes)
🎬 #Animation #Action #Adventure #SciFi #Fantasy
🗓 2018- 🎞 tv series
🌎 #Japan
⏰ 24 မိနစ် 3 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Goblin Slayer Season 1Goblin slayer season 1R Rated Animeဖြစ်တာကြောင့်
အရွယ်ရောက်သူများသာ ကြည့်ရှုသင့်ကြောင်း သတိပေးလိုပါတယ်
Your browser does not support the video tag.အခုတစ်ခါ CM anime ပရိသတ်ကြီးအတွက် တင်ဆက်ပေးချင်တာတဲ့
စီးရီးလေးကတော့ Demon Slayer မဟုတ်ပါဘူး Goblin Slayer ပါ
၂၀၁၈ က ထွက်ရှိခဲ့တာဖြစ်ပေမဲ့ ဆွဲထားတဲ့ အန်နီမေးရှင်းတွေသပ်ရပ်ပြီး
အက်ရှင်ခန်းတွေလန်းတဲ့အပြင် သွေးထွက်သံယိုအခန်းတွေလဲ
ဒဲ့ပဲပြထားတာမို့ ပါလာတဲ့ ချစ်စရာ character လေးတွေနဲ့မှမလိုက် ကြည့်ရတာ လန်းနေမှာပါဇာတ်လမ်းကတော့ ရှင်းပါတယ်
မှင်စာတွေရှိတယ် ရွာထဲကိုမှင်စာတွေဝင်ရင်တော့ ဓားပြတွေဝင်တာထက်ဆိုးပါတယ်
ရှိသမျှစားစရာအကောင်ဆိုအရှင်ပါမကျန်ဖမ်းတဲ့အပြင် မိန်းကလေးတွေကိုပါ
ဖမ်းဆီး ရက်ရက်စက်စက် မုဒိမ်းကျင့်ကြပါတယ် အဲ့ကနေကံကောင်းလို့လွတ်လာတဲ့
မိန်းကလေးတွေက တစ်သက်လုံး စကားတောင်မပြောနိုင်အောင်ကို စိတ်ဒဏ်ရာရတဲ့ထိဖြစ်ပါတယ်ဂေါ်ဘလင်(မှင်စာ)တွေကို အရပ်ပုသလောက် တုံးတယ်လို့ အထင်မှားပြီး မနူးမနပ်နဲ့ သွားချတဲ့ စွန့်စားသူပေါက်စတွေလည်းရှိပါတယ်
ကံကောင်းရင်တော့ ဘစ်ကျွတ်အောင် ပြေးရပြီး ကံဆိုးရင်တော့ မာလကီးယားတဲ့အပြင် ပါလာတဲ့
အဖွဲ့သားမိန်းကလေးတွေလဲ တခြားကောင်မလေးတွေလို ကံကြမ္မာဆိုးနဲ့ ကြုံတွေ့ရပါတယ်ဇာတ်လမ်းအစမှာလဲ ကျောင်းမှာနေရတာပျင်းတယ်ဆိုပြီး မှော်ဆရာမလေးက စွန့်စားသူဖြစ်ချင်လို့
သူ့လို စွန့်စားသူအဖွဲ့ကြီးထဲကလူသစ်လေးတွေနဲ့အတူ မှင်စာတွေကို ထိပ်ပုတ်ခေါင်းပုတ်သွားလုပ်ဝာာ
တစ်ဖွဲ့လုံးမာလကီးယားတဲ့အပြင် မှော်ဆရာမပေါက်စလေးပါ ဘစ်ကျွတ်အောင်ပြေးနေရင်း
ဂေါ်ဘလင်စလေယာ(မှင်စာသတ်သမား)ကြီးနဲ့တွေ့တာကနေ စထားပါတယ်ဇာတ်လမ်းအစလေးက ရိုးရှင်းပေမဲ့ ဘာကိုမှမကွယ်မဝှက် အားရှိပါရှိ အစုံချပြထားတဲ့ dark fantasy အမျိုးအစားမို့
ကြည့်ရတာ Witcher လိုလန်းနေမှာဖြစ်လို့ ဒါမျိုး genre ကြိုက်တတ်တဲ့ ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်
သွေးထွက်သံယိုအခန်းများနဲ့ ညစ်ညမ်းအခန်းတွေကို ပြသထားတာမို့ ကလေးသူငယ်များနှင့် မိသားစုနဲ့အတူကြည့်ရန်မသင့်တော်သော် R rated ဖြစ်ပါတယ်...
Vacaciones de verano (2023)
⭐IMDB: 5.1/10 (305 Votes)
🎬 #Comedy #Family
🗓 2023 🎞 movie
🌎 #Spain
⏰ 1 နာရီ 40 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
“နွေရာသီအားလပ်ရက်”လို့အမည်ရတဲ့ ဟာသရုပ်ရှင်ကားသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
အော်စကာနဲ့ ဖီးလစ်တို့ဟာ သူငယ်ချင်းနှစ်ယောက်ပါ။ အော်စကာမှာတော့ ခရစ်စတိုဘော နဲ့ လော်ရာဆိုပြီး သားတယောက် သမီးတယောက်ရှိပြီး ဖီးလစ်မှာတော့ ကာမင်ဆိုတဲ့ သမီးတယောက်ရှိပါတယ်။
ဖီးလစ်ဟာ ရိုးသားကြိုးစား အရှက်အကြောက်ကြီးပြီး ပိန်ပါးသလောက် အော်စကာကတော့ အပျင်းကြီးပြီး အကျင့်ပုပ်တဲ့ လူ၀၀ကြီးပါ။
တနေ့မှာတော့ သူတို့နှစ်ယောက်ဟာ ရုတ်တရက်ဆိုသလို ကုမ္ပဏီကနေအလုပ်ပြုတ်သွားပြီး ဟိုတယ်တခုမှာ အလုပ်သွားလုပ်ဖို့အကြောင်းဖန်လာပါတယ်။
ဒါပေမဲ့ အလုပ်သွားလုပ်တဲ့အခါမှာ ဖီးလစ်နဲ့ အော်စကာနှစ်ယောက်တည်းမဟုတ်ဘဲ သူတို့ရဲ့ သားသမီးသုံးယောက်ပါ လိုက်ပါလာဖို့အကြောင်းဖန်လာတဲ့အချိန်မှာတော့ ဟိုတယ်ကိုရောက်သွားတဲ့အချိန်မှာ ဖီးလစ်တို့သူငယ်ချင်းနှစ်ယောက် ကလေးတသိုက်နဲ့ ဘယ်လိုတိုင်ပတ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။
ဇာတ်လမ်းအစပိုင်းက အကြောင်းအရာတွေကို စပွိုင်လာဖြစ်မှာစိုးတာကြောင့် ရီဗျူးကိုတိုတိုပဲရေးထားပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရယ်ချင်မောချင်ရင်တော့ ကြည့်ဖို့ရွေးချယ်သင့်ကြောင်း အကြံပေးရင်းနဲ့ပဲ ရီဗျူးကိုရပ်လိုက်ပါတော့မယ်။...
Feed (2022)
⭐IMDB: 5.0/10 (8 k Votes)
🎬 #Horror
🗓 2022 🎞 movie
🌎 #Sweden
⏰ 1 နာရီ 40 မိနစ် 26 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အခုတစ်ခေါက်တင်ဆက်ပေးလိုက်တဲ့ ရုပ်ရှင်က တော့သွေးထွက်သံယို အကြမ်းပတမ်းကြိုက်သူ တွေအတွက်နောက်ဆုံးအချိန်အထိ ရင်တမမကိုကြည့်ရမယ့်ဇာတ်ကားဖြစ်မျိုးပါတယ်
ဇာတ်လမ်း အကျဉ်းကတော့ ဆိုရှယ်မီဒီယာဆယ်လီတစ်စုက နယ်ခံသရဲဇာတ်လမ်းဗီဒီယိုတစ်ခုရိုက်ကူးဖို့ကျွန်းတစ်ခုကိုအလည်အပတ်သွားခဲ့ကြတယ်။ ဒေသခံတွေရဲ့စကားအရ ကျွန်းရဲ့ရေထဲမှာအဆုံးစီရင် သွားတဲ့ စုန်းမတစ်ကောင်ရှိတယ်ဆိုကြပါတယ်။
အစပိုင်းမှာ မှာအယုံအကြည်မရှိခဲ့ကြပေမဲ့ အထူးအဆန်းတွေဆက် တိုက်ကြုံလာရတဲ့ ဆယ်လီတသိုက် အသက်ရှင်လျက် ကျွန်းကထွက်နိုင်ဖို့အသက်လုကြိုးစားရာမှာတော့ အောင်မြင်နိုင်မလား မအောင်မြင်ဘူးလားဆိုတာ...
All the Light We Cannot See (2023-2023)
⭐IMDB: 7.7/10 (13 k Votes)
🎬 #Drama #History #War
🗓 2023-2023 🎞 tv mini series
🌎 #UnitedStates #UnitedStatesofAmerica
⏰ 55 မိနစ် 6 စက္ကန့် ခန့် (တစ်ပိုင်းလျှင်) ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All the Light We Cannot See (2023)
Your browser does not support the video tag. ကမ္ဘာပေါ်မှာ ကမ္ဘာစစ်ကြီး နှစ်ခါဖြစ်ခဲ့တယ်။ လူငယ်အရွယ်ကောင်းလေးတွေ အမျိုးသမီးတွေ ကလေးငယ်တွေ သန်းပေါင်း ၈၀ နီးပါး သေကြေပျက်ဆီးခဲ့ရတယ်။ ဒီလို လူအသေအပျောက်များလှတဲ့ စစ်ပွဲကြီးတွေကို လူတွေကပဲ ဖန်တီးတာပေါ့လေ။ဒီလိုမျိုး လူတွေထဲက လူတွေထဲမှာ ငြိမ်းချမ်းရေးကိုပဲ တစိုက်မက်မက် ချစ်မြတ်နိုးသူရယ်၊ သွေးဆာကြမ်းတမ်းပြီး သေနတ်တစ်ကမ်းအာဏာကို ရူးသွပ်ကြသူတွေရယ်၊ ဘာကိုမှနားမလည်ပဲ တစ်သွေးတစ်သံအမိန့်အောက်မှာ သေနတ်မောင်းကို အရာရှိလက်ညှိုးညွှန်ရာ မျက်စိစုံမှိတ် ဆွဲကြသူတွေ။ဒီတော့ စာရေးဆရာက သိပ်ကိုလှပပြီး စိတ်ဝင်စားစရာ သီအိုရီတစ်ခု ချပြခဲ့တယ်။ အလင်းရောင်နဲ့ အမှောင်အကြောင်းပါပဲ။ ဘဝမှာ အရေးအကြီးဆုံးအလင်းရောင်က ကိုယ့်မျက်လုံးနဲ့ မမြင်ရတဲ့ အလင်းရောင်ပါတဲ့။ ဒီတော့ အလင်းရောင်ကို မြင်ရသူနဲ့ မမြင်ရသူ ကွာသွားလို့ လူတွေ ကွာခြားသွားတာပေါ့။အနီးစပ်ဆုံး ဥပမာကိုပြောရရင် ကျွန်တော်တို့ရဲ့ ဦးနှောက်ပါပဲ။ သူက ကျွန်တော်တို့ခေါင်းခွံထဲမှာ ကြည်လင်တဲ့အရည်ကြည်တစ်ခုထဲ ပေါလောပေါ်နေတာပါ။ ဦးနှောက်ဆိုတဲ့အရာက သူအလုပ်စလုပ်ချိန်ကနေပြီး လုပ်ငန်းတွေ ရပ်သွားတဲ့အချိန်အထိ အလင်းရောင်နဲ့ ထိတွေ့ရရှာတဲ့ အင်္ဂါတစ်ခု မဟုတ်ပါဘူး။ဒါပေမဲ့ သူက ကျွန်တော်တို့မြင်ရတဲ့ အလင်းရောင်တွေ အရောင်တွေကို ဖန်တီးပေးသူပါ။ အမှောင်ထဲက အရာတစ်ခုက ဘာလို့များ ဒီလောက်တောင် အလင်းတွေပြည့်ဝနေပြီး အရောင်စုံနေရတာလဲ။ကျောက်မီးသွေးလေးတစ်တုံးလိုပေါ့။ သူက အလင်းရောင်ကို သူ့ကိုယ်ထဲမှာ နှစ်သန်းပေါင်းများစွာ သိုလှောင်ထိန်းသိမ်းထားတဲ့သူ။ သူ့ကို ခင်ဗျား မီးရှို့လိုက်ရင် သူသိမ်းထားတဲ့အလင်းရောင်တွေ ခင်ဗျားအတွက် ထုတ်ပေးသွားမှာပဲ။ဒီတော့ အလင်းရောင်ကို မြင်သူတွေနဲ့ မမြင်သူတွေကြားက စစ်ပွဲကြီးတွေ ကမ္ဘာမှာ အရုပ်ဆိုးအကျီးတန်စွာ ရှိခဲ့ဖူးတယ်။ အဲဒီထဲကမှ ကမ္ဘာနဲ့ချီပြီး ဖြစ်ခဲ့တဲ့ ကမ္ဘာစစ်ကြီးနှစ်ခု။ ကဲ ဒီနေ့မှာတော့ ဒုတိယကမ္ဘာစစ်ရဲ့ စာမျက်နှာတစ်ခုကို အပိုင်းလေးပိုင်းရှိတဲ့ မီနီစီးရီးလေးနဲ့ ဖွင့်ဖတ်ကြည့်လိုက်ရအောင်လားဗျာ။ဖက်ဆစ်ဝါဒနဲ့ စစ်ဦးဘီလူး ဂျာမဏီ နာဇီပါတီကြီးက ဟစ်တလာ (ဖခင်ကြီး) ရဲ့ဦးဆောင်မှုနဲ့အတူ ကမ္ဘာတစ်ခြမ်းကို သွေးနဲ့ စည်းသားခဲ့ဖူးတယ်။ V2 ဒုံးကျည်တွေနဲ့ မယ်ဂါတင့်ကားကြီးတွေနဲ့ နာဇီကောင်တွေက ရှင်သန်ခြင်းကိုစိန်ခေါ်ပြီး သေမင်းနဲ့ လည်ပင်းဖက်ပေါင်းလို့ ပျော်ပျော်ကြီး သတ်ဖြတ်နေကြတဲ့အချိန်။ပြင်သစ်နိုင်ငံ ပဲရစ်မြို့ကို သေနတ်တစ်ချက်မဖောက်ရဘဲ နာဇီတွေ သိမ်းသွားတယ်။ အဖိုးတန်ပစ္စည်းတွေ အကုန်ယူ၊ ညမထွက်ရအမိန့်တွေထုတ်၊ မြို့တံခါးတွေပိတ်၊ ခြေကုပ်ယူ ခံစစ်ပြင်ကြတာပေါ့လေ။ ရေဒီယိုကို နိုင်ငံခြားထုတ်လွှင့်မှုတွေနားထောင်ရင် သေဒဏ်၊ ရေဒီယိုကနေ အသံလွှင့်ခဲ့ရင် သေဒဏ်၊ အယုတ်ဆဆုံး ရေဒီယိုလက်ဝယ်တွေ့ရင် သေဒဏ်။ သေဒဏ်ဆိုတာ တစ်ယောက်တည်းမပြီးပါဘူး။ တွေ့တဲ့အိမ်က လူတွေအားလုံးကို ကလေးရော ခွေးပါမကျန် သတ်ပါတယ်။ ပြီးရင် အိမ်နီးချင်းတွေကို ခွေးတစ်ကောင် ကြောင်တမြီးမကျန်အောင် သတ်ပါတယ်။ပဲရစ်မြို့ အမျိုးသားသမိုင်းပြတိုက်က တန်ဖိုးကြီးလှတဲ့ ကျောက်မျက်ရတနာတွေကို မော်ကွန်းထိန်းလေးတစ်ယောက်က သူ့သမီး မျက်မမြင်မလေးနဲ့အတူ သယ်ယူထွက်ပြေးရတော့တာပဲ။ သူတို့ပြေးတဲ့မြို့လေးက သမုဒ္ဒရာနားက စိန့်မလို တဲ့။ သူတို့သယ်ပြေးတဲ့ ကျောက်မျက်တွေနောက်ကို လိုက်နေတဲ့ နာဇီအဆင့်မြင့်အရာရှိကြီးတစ်ယောက်။ ကျောက်မျက်တွေအားလုံးထဲကမှ သူ့ကို ထိတွေ့ကိုင်တွယ်မိတဲ့သူရဲ့ အချစ်ဆုံးသူတွေ ကံဆိုးမိုးမှောင်ကျတတ်တဲ့၊ ပိုင်ဆိုင်သူကို ထာဝရအသက်ရှင်ခြင်းပေးမဲ့ ကျိန်စာသင့်စိန်တစ်လုံး။ နာမည်က ပင်လယ်ရဲ့ မီးတောက်များတဲ့။ဒီတော့ စိန်ကိုယူပြေးတဲ့ ပြတိုက်မှူးရယ်၊ သူ့သမီးမျက်မမြင်လေးရယ်၊ ကျိန်စာသင့်စိန်တုံးနောက်ကို သဲသဲမဲမဲလိုက်နေတဲ့ နာဇီအရာရှိရယ်၊ ကလေးဘဝကတည်းက ရေဒီယိုအသံလွှင့်ကြိမ်နှုန်းတစ်ခုကြောင့် အလင်းရောင်ကို မြင်တတ်လာတဲ့ နာဇီ ရေဒီယိုတပ်သားလေးရယ်တို့ဟာ စိန့်မလိုမြို့တံတိုင်းအတွင်းက ထုတ်လွှင့်နေတဲ့ ကြိမ်နှုန်း လှိုင်းတိုမီတာ ၁၃.၁၀ ကြောင့် ဆုံစည်းကြတဲ့အခါ...
Aspirants (2021- )
⭐IMDB: 9.2/10 (307 k Votes)
🎬 #Drama
🗓 2021- 🎞 tv series
🌎 #India
⏰ 48 မိနစ် 39 စက္ကန့် ခန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Aspirants(2021)Aspirants(2021)ဇာတ်လမ်းတွဲအညွှန်း******************************
Your browser does not support the video tag.IMDb….9.0အပိုင်း(၁ မှ ၅)ထိ စ/ဆုံးအခုတခါမှာတော့ မကြာသေးမီကမှ ပူပူနွေးနွေး ထွက်ထားတဲ့ ခပ်မိုက်မိုက် Indian series လေးတစ်ခုနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။Aspirants လို့ အမည်ရတဲ့ ဒီ Web Series ဟာ အံ့သြဖို့ကောင်းလောက်အောင် Viewer (၃)သိန်းနီးပါးvoteထားပြီး IMDb..9.0ထိတောင်ရရှိထားတာတွေ့ရပါတယ်။India နိုင်ငံမှာ အခက်ဆုံးနဲ့ အကျော်ကြားဆုံး စာမေးပွဲ တစ်ခုရှိပါတယ်။
အဲ့ဒါကတော့ အရာရှိအရည်အချင်းစစ် စာမေးပွဲပါ။UPSC လို့ အတိုကောက်ခေါ်တဲ့ Union Public Service Commision ဟာ နှစ်စဥ် IAS အရာရှိ အရည်အချင်းစစ် စာမေးပွဲကို ကျင်းပပါတယ်။
ကမ္ဘာပေါ်မှာ ဒုတိယအခက်ဆုံးလို့ နာမည်ကြီးတဲ့ IAS စာမေးပွဲ ကို အောင်မြင်မှသာ India မှာ ထိပ်တန်းအဆင့် အရာရှိ တွေ ဖြစ်ခွင့်ရှိပါတယ်။Abhilash၊ Guri နဲ့ SK ဆိုတဲ့ သူငယ်ချင်း ၃ယောက်ရဲ့ IAS စာမေးပွဲ ဖြေဖို့အတွက်
India ရဲ့ နာမည်ကြီး အရာရှိသင်တန်းကျောင်းမှာ ကြိုးစားကြပုံတွေ၊ သူတို့ဘယ်လိုအခက်အခဲတွေကို ြဖတ်သန်းနေရပုံတွေကို စိတ်ဝင်စားဖွယ်ရာတွေ့ြမင်ရမှာဖြစ်ပါတယ်….သာမန် Bollywood ဇာတ်ကားတွေရဲ့ ပုံစံကနေ သိသိသာသာ ကွဲထွက်နေတဲ့ ဒီ web series ဟာအပိုင်း ၅ပိုင်း ပါရှိပြီး Imdb rating 9 ထိ ရရှိနေတာမို့ လုံးဝ လက်လွတ် မခံသင့်တဲ့ ဇာတ်လမ်းတွဲ တစ်ခုပဲဖြစ်ပါတယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Kaung Thet Naingပဲဖြစ်ပါတယ်...
Rumble Through the Dark (2023)
⭐IMDB: 6.6/10 (1 k Votes)
🎬 #Action #Mystery #Thriller
🗓 2023 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 56 မိနစ် 34 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Rumble Through the Dark (2023)
~ IMDb – 6.7/10, Rotten Tomatoes – 50% ~
“You either die a hero or live long enough to see yourself become the villain.”ဆိုတဲ့ နာမည်ကျော် ဒိုင်ယာလော့ကို ကြားရင် ခင်ဗျားတို့ ဘယ်သူ့ကိုပြေးမြင်ကြလဲ။ သေချာတာပေါ့… နိုလန်ရဲ့ The Dark Knight ထဲက ဟာဗီးဒန့် ခေါ် Two-Face ကြီးကိုပါပဲ။ ဒီဇာတ်ကောင်နေရာမှာ သရုပ်ဆောင်ခဲ့တဲ့ Aaron Eckhart ကိုလည်း ခင်ဗျားတို့ကောင်းကောင်းရင်းနှီးကြမှာပါ။ Olympus Has Fallen, London Has Fallen, I, Frankenstein နဲ့ Sully တို့အပါအဝင် တခြားကားကောင်းတွေအများကြီးမှာ သရုပ်ဆောင်ခဲ့တဲ့ ဝါရင့်မင်းသားကြီးပါပဲ။ တခြားမတွေးပါနဲ့ နိုလန်ခေါ်သုံးခံရတဲ့ထဲ ခပ်ညံ့ညံ့သရုပ်ဆောင်တစ်ကောင်မှ မရှိပါဘူး။ ဒီကားကတော့ အဲဒီ ဟာဗီးဒန့်ကြီး Aaron Eckhart ရဲ့ ဒီနှစ်ထွက် အက်ရှင်ရုပ်ရှင်အသစ်ပါ။ ရိတ်တင်ဘာညာလည်းမဆိုးလှပါဘူး။ ဒါကိုမှ ရုပ်လေးနဲ့ လုပ်စားလို့ကောင်းတဲ့ နာမည်ကြီး Midnight Sun ဇာတ်လမ်းထဲက မင်းသမီး Bella Throneပါ ထပ်ဖြည့်ပေးထားတော့ ဒီကားက စိတ်ပြေလက်ပျောက်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေ အက်ရှင်ရုပ်ရှင်တွေရဲ့ ပရိသတ်တွေနဲ့ အံကိုက်ပါပဲ။ ထုတ်ထားတာကလည်း နာမည်ကြီးကုမ္ပဏီ Lionsgate ကနေပါ။ အက်ရှင်ပရိသတ်တွေဟာ ဒီရုပ်ရှင်ကို တော်တော်လေးကြည့်ကောင်းတယ်လို့ မှတ်ချက်ပေးကြပြီး Aaron ကိုလည်း ဒီရုပ်ရှင်ကို ဆွဲတင်နိုင်ခဲ့တယ်လို့ ချီးကျူးထားကြပါတယ်။
ဇာတ်လမ်းကတော့ ခပ်ရိုးရိုးလေးပါပဲ။ အကြွေးတွေကို အကုန်ပြန်ဆပ်ပြီး အမေ့ရဲ့ နောက်ဆုံးခရီးမရောက်ခင် အိမ်လေးကိုပြန်ဝယ်ပြီး ထားပေးချင်တဲ့ ဖိုက်တာ ဂျက် တစ်ယောက်ရဲ့ နောက်ဆုံးထိုးသတ်ပွဲကို ရိုက်ပြထားတာပါ။ အထိုးအနှက်တွေကို သေချာလေးရိုက်ပြထားပြီး သွေးထွက်သံယိုခန်းတွေအများကြီးပါတာကြောင့် အကြမ်းအတမ်းကြိုက်တဲ့သူတွေကြည့်သင့်တဲ့ကားကောင်းတစ်ကားဆို မမှားပါဘူး။
(ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)...
Angel Whispers (2015)
⭐TMDB: 49.0% User Score
🎬 #Horror #Thriller
🗓 2015 🎞 movie
🌎 #China #HongKong
⏰ 1 နာရီ 25 မိနစ် 59 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီကားလေးကတော့ ပြည့်တန်ဆာတွေကိုပဲလိုက်သတ်တဲ့ကွင်းဆက်လူသတ်သမားကားဖြစ်လို့(၁၈)ယောက်ပေါင်းပြီးမှကြည့်သင့်တဲ့ကားလေးဖြစ်ပါတယ်။
ဇာတ်လမ်းကတော့ အစ်မလီလီဟာ ပြည့်တန်ဆာတွေကိုအခန်းငှါးစားတဲ့တိုက်ရှင်တစ်ယောက်ဖြစ်တယ်။ အစ်မလီလီဟာ သဘောကောင်းပြီးသူ့ဆီမှာနေတဲ့ပြည့်တန်ဆာမလေးတွေကို မိသားစုလိုပဲသဘောထားဆက်ဆံပေးတတ်တယ်။ တစ်ညမှာတော့အခန်းငှါးတဲ့ပြည့်တန်ဆာတစ်ယောက်ဟာ ပျောက်နေပါတယ်အပြင်လဲမထွက်သွားဘူးလို့ဆိုတဲ့အတွက် တိုက်ပေါ်ကအခန်းလွတ်တွေမှာလိုက်ရှာကြပါတယ်။
မထင်မှတ်ပဲတွေ့လိုက်ရတာတော့ လွန်ခဲ့တဲ့တစ်လကအိမ်ပြန်သွားပြီဆိုတဲ့ကောင်မလေးရဲ့ နိုင်ငံကူးလက်မှတ်စာအုပ်ကိုတွေ့လိုက်ရပါတယ်။ဒီလိုနဲ့ပြည့်တန်ဆာတွေကိုသတ်တဲ့လူရှိပြီးဒီတိုက်ထဲမှာပဲတရားခံကရှိနေတာကို သိလိုက်တဲ့အချိန်မှာ နောက်ကျသွားခဲ့ပါပြီ။တရားခံကဘယ်သူဖြစ်နေမလဲဆိုတာကတော့ ဆက်ကြည့်လိုက်ဦးနော်။...
Tantiram (2023)
⭐IMDB: 8.7/10 (1 k Votes)
🎬 #Bollywood #Fantasy #Horror #Mystery #Drama #Thriller
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 38 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Tantiram (2023)
“တစ္ဆေများရဲ့မာယာ”
IMDb 8.7 ရထားတဲ့ စိတ်ဝင်စားစရာ တေလဂူး Mystery Horror ကားကောင်းတစ်ကားပါမျက်နှာသိ သရုပ်ဆောင်တွေဖြစ်တဲ့ Priyanka Sharma နဲ့ Srikanth Gurram တို့ပါဝင်ထားပြီးဝေဖန်ရေးဆရာတို့ရဲ့ ရီဗျူးလည်း ကောင်းတာမို့ အချိန်ပေးရတာ တန်မှာပါ
“ထိုင်နေတော့ ကောင်းသား ထသွားမှ ကျိုးမှန်းသိ” ဆိုသလို ဘဝမှာ တချို့ကိစ္စတွေမှာကိုယ်က သူများရဲ့ အကူအညီယူမိကာမှ ဒုက္ခလှလှ တွေ့ရတဲ့ အဖြစ်တွေ ရှိတတ်ကြပါတယ်
ဒီဇာတ်လမ်းမှာ ရိုးရာ ဒဏ္ဏာရီဇာတ်လမ်းတစ်ခုကို နောက်ခံထားပြီး စတင်ထားပါတယ်
ဒီကားထဲက “ဂျင်” ဆိုတဲ့ စွမ်းအားမြင့် တစ္ဆေတွေကဘုရားသခင်ဖန်ဆင်းခဲ့တာဖြစ်ပြီး သူတို့ကို တားမြစ်ထားတဲ့ ပညတ်တွေလည်း ရှိလို့နေပါတယ်
ဒါကတော့ လူသားမိန်းမနဲ့ အိပ်လို့ မရတာပါပဲဒီစည်းမျဥ်းကို ဖောက်ဖျက်ကြတဲ့ “ဂျင်” တို့ဟာ ကြီးလေးတဲ့ အပြစ်ကို ခံကြရပါတယ်သို့ပေသိ တော်တော်ဖြစ်တဲ့ “ဂျင်” ပုဂ္ဂိုလ်တို့ဟာလူသားမိန်းမကို တပ်မက်လွန်းတာကြောင့် သူတို့ရဲ့ အထီးကျန်ဆန်ချိန်တွေကိုစောင့်ပြီး သွေးဆောင် ဖြားယောင်းကြပါတယ်
ဘာလာချန်ဒရန်က ခိုးရာလိုက်ပြီး သူ့အဖေကို ထားခဲ့တဲ့ အမေဖြစ်သူကို|စိတ်နာပြီး မိန်းမတွေကို မုန်းတီးနေသူတစ်ယောက်ပါ
သူ့အဖေလည်း တစ်ပင်လဲလို့ တစ်ပင်ကလည်း ထူချင် ထိုစဥ်က ရွာမှာ အသက်ရှင်တဲ့မိန်းမရှိရက်နဲ့ မယားငယ်ထားရင် ရွာက နှင်ထုတ်တတ်တဲ့ ဓလေ့လည်း ရှိနေတော့သူတို့ရဲ့ မီးရှူးမီးပန်း စက်ရုံကို သားဖြစ်သူဆီ လွှဲအပ်ခဲ့ပြီး ရွာပြင်မှာ ဇနီးသစ်လေးနဲ့ သွားနေပါတော့တယ်…သားဖြစ်သူကိုလည်း အချောဆုံးဆိုတဲ့ မိန်းကလေးနဲ့ ပေးစားလိုက်ပါတယ်
အဖေလည်းမရှိတော့ အထီးကျန်နေတဲ့ ဘာလာချန်ဒရန်က တစ်ညမှာစာရင်းတွက်နေတုန်း “ဂျင်” ရဲ့ ခြောက်လှန့်မှုကို ခံလိုက်ရပါတယ်
အစက မိန်းမတွေကို မုန်းပြီး ကိုယ့်ဇနီးသည်ကို အနားကပ်မခံတဲ့ ဘာလာ ဟာ အိပ်မက်ဆိုးတွေမက်တာကြောင့် ကြောက်ကြောက်နဲ့ ဇနီးလေးရဲ့ ပြုစုယုယမှုကို လက်ခံလိုက်ပြီး ချစ်ကြည်နူး တစ်တီတူး သွားကြပါတော့တယ်
သူတို့ရဲ့ ချစ်ခြင်းကို ခွဲမှာကတော့ “ဂျင်” ဆိုတဲ့ တဏှာရူးတစ္ဆေပဲ ဖြစ်ပြီး ဘာလာချန်ဒရန်ကိုအာလာဒင်ကားထဲက မီးခွက်စောင့်ဘီလူးလို လိုရာဆုတောင်းစေ ဆိုပြီး သူ့မိန်းမကို တဖန်စားရဖို့ ကြံပါတော့တယ်…..
ဒီကားရဲ့ ဇာတ်လမ်းသွားပုံ ဇာတ်ညွှန်း နဲ့ သရုပ်ဆောင်တွေကမိတ်ဆွေကို ထိုင်ခုံအစွန်းမှာ မြဲနေစေမှာ ဖြစ်တာမို့လို့ အခုပဲ ဒေါင်းကြည့်လိုက်ပါဦး
IMDb 8.7 ကလည်း လူထောင်ချီ vote ပေးထားတာမို့ ကြည့်ရတာ တန်မှာပါ
အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က KKKZ ~ Aditi ~ Cherry တို့ ဖြစ်ပါတယ်
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
