uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling 👈

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Dune: Part Two (2024) ⭐IMDB: 8.8/10 (305 k Votes) 🎬 #Action #Adventure #Drama #ScienceFiction #SciFi 🗓 2024 🎞 movie 🌎 #UnitedStates #Canada #UnitedArabEmirates #Hungary #Italy #NewZealand #Jordan #Gambia #UnitedStatesofAmerica ⏰ 2 နာရီ 46 မိနစ် 49 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Dune: Part Two (2024) ထွက်ရှိလာပါပြီ… အညွှန်းကိုတော့ part 1က ဟာကိုပဲ စပွိုင်လာရှောင်တဲ့အနေနဲ့ထည့်ပေးထားပါတယ်… သာမန် Sci- fic​တွေထက် အပုံကြီးကျယ်ပြန့်တဲ့ Frank Herbertရဲ့ Duneစာအုပ်​တွဲ​တွေကို မှီငြမ်းရိုက်ကူးထားတဲ့ ဇာတ်လမ်း၊ ​Timotheé Chalamet, Zendaya, Oscar Issac, တို့အပါအဝင် ကောင်း​ပေ့ဆိုတဲ့ Cast​တွေ၊ Legendary soundtrack ​တွေပဲ တီးခတ်တဲ့ Hans Zimmer၊ ​ ပြောင်​မြောက်လွန်းတဲ့ VFXနဲ့ CGI​တွေရဲ့ ​​ပေါင်းစပ်မှုအပြီးမှာ DUNE 2021ဇာတ်ကားဟာ ပရိတ်သတ်​တွေ အ​​မျှော်လင့်ဆုံး ဇာတ်ကားဆိုရင်လည်း မမှားနိုင်ပါဘူး။ အနာဂတ်နှစ်​ပေါင်း၂၀၀၀၀​ကျော်မှာ အ​ခြေပြုထားတဲ့ ​ ခေတ်လွန် Dune Universeထဲမှာ Known Universeကို အုပ်ချုပ်​နေတဲ့ Emperorဆိုတာရှိပြီး သူတို့ရဲ့လက်​အောက် မှာ​တော့ Houses​တွေက နယ်​မြေအသီးသီးကို အုပ်ချုပ်ပါတယ်။ ဒီဇာတ်လမ်းရဲ့ အဓီကအ​ကြောင်းရင်းက​တော့ House​ Harkonnen​တွေ နှစ်​ပေါင်း၈၀ကြာ​​​အောင် အုပ်ချုပ်လာတဲ့ Planet Dune တဖြစ်လဲ Planet Arrakisကို Emperorရဲ့ အထက်အမိန့်အရ House Atreides​တွေကို ​ပြောင်းလဲ အုပ်ချုပ်​စေခြင်းကစပါတယ်။ ဒါ​ပေမဲ့ Harkonnen​တွေဟာ Arrakis ဂြိုလ်​​ပေါ်ကရတဲ့ Spiceဆိုတဲ့အရာ​ကြောင့် ဂြိုလ်ကိုလွယ်လွယ်လက်လွှတ်မခံနိုင်ပါဘူး၊ Spiceဆိုတာဟာ Dune universeတစ်ခုလုံးမှာ အဖိုး အတန်ဆုံးအရာပါ၊ Spiceကိုစားသုံးရင် စိတ်အာရုံနိုးကြားကာ အသိဉာဏ်ပညာတိုးပွားလာခြင်း၊ သက်ရှည်ကျန်းမာ​စေခြင်းစတဲ့ စွမ်းအား​တွေရရှိမှာဖြစ်ပြီး သူ့ကိုလည်း Arrakisဂြိုလ်တစ်ခုထဲ မှာပဲ တူး​ဖော်နိုင်မှာပါ၊ တူး​ဖော်ခွင့်ရှိတဲ့ Houseဟာလည်း Emperorထက်​တောင် ပိုပြီးချမ်းသာသွားမှာပါ။ ဒါ​ကြောင့်မလို့ နိုင်ငံ​ရေးအရ​ရော၊ စီးပွား​ရေးအရပါ အချက်အချာ ဖြစ်​နေတဲ့ Duneဂြိုလ်ကို လွှဲ​ပြောင်းယူလိုက်ရတဲ့ House Atreides အ​နေနဲ့ House Harkonnenရဲ့ ဒုက္ခ​ပေးလာမှု​ရော၊ Emperorနဲ့ တခြားHouse​တွေရဲ့ ရန်စလာမှုကိုပါ ဘယ်လိုကြံ့ကြံ့ခိုင်ရမလဲ၊ House Atreidesရဲ့ သား​​​​တော်… အိမ်​တော်ရဲ့အနာဂတ် The Oneအဖြစ် တင်စားခံရတဲ့ Paulက​ရော Atreides​တွေကို ဘယ်​​လောက်ထိ ​ ခေါင်း​ဆောင်​ပေးသွားမလဲ…… Dune: Part Two (2024)********************** ဇာတ်လမ်းအကျဉ်း Dune ဒုတိယမြောက်ရုပ်ရှင်မှာတော့ အေထရီးဒီး အိမ်တော်ကျဆုံးပြီး ပေါလ်အေထရီးဒီးတို့သားအမိ ဖရေးမန်းတွေနဲ့ပူးပေါင်းမိသွားတာကနေ စပါတယ်။ ဖရေးမန်းတွေထဲက ဘာသာရေးယုံကြည်သူတွေအလိုအရ အေထရီးဒီးရဲ့ မိခင်က မယ်တော်ကြီးဖြစ်လာပြီး ပေါလ်အေထရီးဒီးကလည်း သူ့ကို လီဆန် အာ-ဂါရစ်ဆိုတဲ့ ကယ်တင်ရှင်ပရောဟိတ်လို့ ယုံကြည်နေကြသူတွေနဲ့ မယုံကြည်ကြသူတွေကို စည်းရုံးပြီး ဟာကွန်နင်အိမ်တော်နဲ့ အင်ပါယာကို ဖြုတ်ချဖို့ ကြိုးစားပါတော့တယ်။ ပထမ ရုပ်ရှင်က ဇာတ်လမ်းအပျိုးမို့ နိုင်ငံရေးနဲ့တိုက်ပွဲအသေးစားတွေပဲ ပါပေမယ့် ဒီရုပ်ရှင်မှာတော့ အဆုံးအဖြတ်တိုက်ပွဲကြီးတွေ ဖြစ်လာပြီး နောက်ရုပ်ရှင်အတွက် ပိုကြီးတဲ့တိုက်ပွဲတွေကိုလည်း အစပျိုးသွားပါပြီ။ ကြည့်လိုက်ကြပါဦး
...

Farrey (2023) ⭐IMDB: 6.2/10 (6 k Votes) 🎬 #Bollywood #Crime #Drama #Thriller 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 49 မိနစ် 43 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Farrey (2024)IMDb.6.3CM ပရိတ်သတ်တွေအတွက် remake ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေထိုင်းမှာသာမက ကမ္ဘာတစ်ခုလုံးမှာပေါက်ခဲ့တဲ့ Bad genius ကားရဲ့ အိန္ဒိယဗားရှင်းremakeလေးပါ…IMDb 6.3ရထားပြီး အိန္ဒိယစတိုင်သီချင်းအလန်းစား.အကအမိုက်စားလေးတွေနဲ့ ကြည့်ရှုရမှာပါ… နီယာတီက ငယ်စဥ်ကတည်းက မိဘမဲ့ဂေဟာမှာကြီးပြင်းလာတာပါ.အားတဲ့အချိန်တွေမှာ ဂိုက်သင်ပြီးအပိုဝင်ငွေရှာလေ့ရှိပါတယ်.တစ်ရက်တော့ နီယာတီက USPCစာမေးပွဲမှာ တစ်နိုင်ငံလုံးအဆင့်ပထမရပြီးတဲ့နောက်မှာ သူ့ဘဝတစ်ဆစ်ချိုးပြောင်းလဲသွားပါတော့တယ်..နာမည်ကြီးသူဌေးကျောင်းကိုစကော်လာနဲ့ဝင်ခွင့်ရပြီး ကျောင်းတက်ခွင့်ရခဲ့ပါတယ်.. မိဘမဲ့ဂေဟာအတွက် ငွေအရမ်းရှာပေးချင်တဲ့ နီဟာတီဟာ အဲဒီကျောင်းမှာ သူ့လိုပဲ ဉာဏ်ကြီးရှင်အာကတ်ရှ်နဲ့ပေါင်းပြီးနှစ်ယောက်သားငွေအတွက် ဘယ်လိုလုပ်ရပ်မျိုးတွေလုပ်ကြမလဲဆိုတာကတော့….ဒီဇာတ်ကားလေးမှာကြည့်ရှုပေးကြပါဦး အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်
...

Eien no 831 (2022) ⭐IMDB: 4.9/10 (82 Votes) 🎬 #Adventure #Drama #ScienceFiction #Animation #Fantasy #SciFi 🗓 2022 🎞 tv movie 🌎 #Japan ⏰ 1 နာရီ 45 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခုတစ်ခါမှာတော့ 2022 ခုနှစ်က ထွက်ရှိခဲ့တဲ့ ဂျပန်စိတ်ကူးယဉ် animation ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်. ဒီဇာတ်လမ်းလေးထဲမှာဆိုရင် စိတ်ဝင်စားစရာ မြှုပ်ကွက်လေးတွေအပြင် ဂျပန်ဇာတ်လမ်းလို့မထင်မှတ်ရလောက်အောင် ကောင်းတဲ့ Animation လေးတွေကိုပါ ကြည့်ရှုခံစားလို့ရမှာဖြစ်ပါတယ်. ဇာတ်လမ်းအကျဉ်း ဆူဇူရှီရိုဆိုတဲ့ သတင်းစာပို့တဲ့ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ပုံမှန်အတိုင်းလုပ်ဆောင်ပြီး ပညာသင်ဆုအတွက် ကြိုးစားနေတဲ့ လူငယ်လေးတစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ဆူဇူရှီရိုမှာ အချိန်ကိုရပ်တန့်နိုင်တဲ့ စွမ်းအင်တစ်ခုရှိနေပါတယ်။ အဲ့ဒီ့စွမ်းအင်ရှိနေတာကိုလည်း ဆူဇူရှီရိုတစ်ယောက် သိခဲ့တာတော့ သိပ်မကြာသေးပါဘူး. ဒါပေမယ့် သူတို့နေတဲ့ နေရာမှာ ဆူဇူရှီရိုအပြင် နောက်ထပ်အချိန်ကို ရပ်တန့်နိုင်တဲ့ လူတွေရှိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ သူတို့နဲ့ ဆူဇူရှီရိုတို့ မထင်မှတ်ပဲ တွေ့ဆုံဖြစ်ခဲ့ပြီး ဇာတ်ရဲ့အဓိက အလှည့်အပြောင်းက ဘယ်လိုမျိုးတွေဆက်ဖြစ်မလဲ. အချိန်ရပ်တန့်နိုင်တဲ့သူတွေရဲ့ အဓိကရည်ရွယ်ချက်ကရော ဘာတွေဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖို့ကောင်းအောင် တင်ဆက်ပြသထားတဲ့ Mystery, Adventure နဲ့ Thriller အမျိုးအစားဇာတ်လမ်းလေးဖြစ်ပါတယ်။ ဘာသာပြန်နဲ့ အညွှန်းကိုတော့ Jo Joe မှ ရေးသားထားပါတယ်။
...

Crimes of Fashion: Killer Clutch (2024) ⭐IMDB: 6.0/10 (322 Votes) 🎬 #Mystery #TVMovie #Crime #Drama 🗓 2024 🎞 tv movie 🌎 #Canada #UnitedStates #Hungary ⏰ 1 နာရီ 24 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အားလပ်ရက်တွေမှာ ကြည့်စရာ အေးအေးငြိမ့်ငြိမ့် ရုပ်ရှင်တစ်ကားလောက် ရှာနေပါသလား? ဇာတ်အိမ် ငြိမ်ပြီး ဆွဲဆောင်မှုရှိတဲ့ ဇာတ်ကောင်တွေပါဝင်တဲ့ ဒီဖက်ရှင်စုံထောက်ကားလေးကို ရွေးချယ်လိုက်ပါ! ဖက်ရှင်နယ်ပယ်မှာ ဦးတည်အလုပ်လုပ်တဲ့ အမေရိကန်သူ စိတ်ပညာရှင် လောရမ် အဲလီးရက်ဟာ အလုပ်သစ်တစ်ခုကြောင့် ပါရီမြို့ကို ယာယီပြောင်းရွှေ့ခဲ့ရပေမဲ့ တိုက်တိုက်ဆိုင်ဆိုင် သူမရဲ့ လုပ်ငန်းခွင်အသစ်ဖြစ်တဲ့ ပါရီဖက်ရှင်ပွဲမှာပဲ လူသတ်မှု ကြီးတစ်ခုကို ကြုံတွေ့လိုက်ရတဲ့အခါမှာ… ထက်ထက်မြက်မြက် အမေရိကန်မလေး လောရမ်နဲ့အတူ စည်းမျဉ်းစည်းကမ်းအတိုင်း တစ်သွေမတိမ်းလုပ်တတ်တဲ့ ပြင်သစ်စုံထောက် အန်ဒရေ ဒူဗရိုင်းက ဘယ်လိုတွေ့ဆုံ လက်တွဲပြီး ဒီအမှုကို အဖြေရှာမလဲဆိုတာကို ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ အသံဩရှရှ ပြင်သစ်လေသံတွေ၊ ပေါ့ပါးတဲ့ဟာသတွေ၊ အဓိကဇာတ်ဆောင် နှစ်ယောက်ကြားက chemistry ကိုက်မှု တွေနဲ့အတူ မလေးလံတဲ့ မှုခင်းစုံစမ်းရေးတွေ ရောပြွန်း ပါဝင်နေတာကြောင့် အပျော်တမ်းကြည့်စရာ ရုပ်ရှင်ကား ကောင်းတစ်ခုဆိုတာကို ညွှန်းလိုက်ပါရစေ။
...

State of Consciousness (2022) ⭐IMDB: 5.0/10 (201 Votes) 🎬 #Thriller 🗓 2022 🎞 movie 🌎 #Italy #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 26 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Flash, The Walking Dead, 9-1-1 စတဲ့ Series တွေရဲ့ DirectorMarcus Stokes ရိုက်ကူးထားတဲ့ Thriller ဇာတ်ကားလေးတစ်ကားပါ Into The Wild နဲ့ The Girl Next Door ထဲက မင်းသား Emile Hirsch အဓိကပါဝင်သရုပ်ဆောင်ထားပြီး မင်းသမီး Tatjana Nardone နဲ့ Kesia Elwin တို့ပါဝင်သရုပ်ဆောင်ထားပါတယ် ဇာတ်လမ်းကတော့ စတီဖင် ဟာ ကိုယ်ပိုင် စတိုးဆိုင်လေးနဲ့ ဆီပန့်ဆိုင်လေးဖွင့်ထားပြီးဘဝကို ရိုးရိုးရှင်းရှင်းဖြတ်သန်းနေတဲ့ စစ်ပြန်ကြီးတစ်ယောက်ပေါ့ တစ်နေ့တော့ လူသတ်မှုတစ်ခုနဲ့ ထောင်ချောက်ဆင်ခံရပြီး ထောင်ထဲကိုသွားရမယ့်အစား ပြစ်ဒဏ်ပိုသက်သာရအောင်ဆိုပြီး စိတ်ဒဏ်ရာရပြီး စိတ်ရောဂါဖြစ်ဖူးတဲ့မှတ်တမ်းရှိဖူးတာကို အသုံးချပြီးတော့ စိတ်ကျန်းမာရေးဆေးရုံကိုသွားဖို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့တယ်…… ဆေးရုံမှာသူ့ကို ဒေါက်တာ ဖီဒါ က စိတ်ငြိမ်ဆေးတစ်လုံးထိုးပေးရာကနေ……အဖြစ်အပျက်တွေက အရှေ့ရောက်လိုက် အနောက်ရောက်လိုက်နဲ့….ဘယ်ဟာက အမှန်တကယ်၊ ဘယ်ဟာက ထင်ယောက်ထင်မှား၊ ဘယ်ဟာက အိပ်မက်ဆိုးမှန်း မကွဲတော့ဘဲ နောက်ဆက်တွဲဖြစ်ရပ်တွေနဲ့ သူ့ကိုယ်သူ နားလည်ဖို့ကြိုးစားရင်း သူ့ရဲ့ ဘဝအမှန်ကို နောက်ဆုံးမှာ တဖြေးဖြေးသိလာရတဲ့အခါမှာတော့……… ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ်
...

Sunshine (2007) ⭐TMDB: 70% User Score 🎬 #Drama #Thriller #ScienceFiction 🗓 2007 🎞 tv movie 🌎 #UnitedKingdom ⏰ 1 နာရီ 48 မိနစ် 37 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အာကာသခရီးသွား ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပြီး ရုပ်ရှင်ဒါရိုက်တာကို ရှာကြည့်တဲ့အခါမှာ 28 Days Later, Slumdog Millionaire, Yesterday စသဖြင့် ပရိသတ်ကြိုက်ကားတွေကို ရိုက်ဖူးတဲ့ Danny Boyle ဆိုသူ ဖြစ်နေတယ့်အပြင် သရုပ်ဆောင်တွေအနေနဲ့လည်း လက်ရှိအော်စကာရထားတဲ့ Cillian Murphy အပါအဝင် မြန်မာနိုင်ငံသားတိုင်းသိကြတဲ့ The Lady က မီရှဲလ်ယို၊ Chris Evans, Benedict Wong စသဖြင့် စုံစုံလင်လင် အားဖြည့်ထားတာကို တွေ့ရပါတယ် ဇာတ်လမ်းကို ၂၀၅၇ မှာ တည်ထားပြီး နေမင်းဟာ ပျက်စီးလုဆဲဆဲ ကမ္ဘာမြေအေးခဲပြီး လူသားမျိုးနွယ်ပျက်သုဥ်းမယ့် အရေးကို ကြုံနေရပါတယ် သိပ္ပံပညာရှင်တစ်သိုက်က Icarus 1 ကို မောင်းနှင်ပြီး နေကို အနုမြူဗုံးဖောက်ခွဲ အသက်သွင်းဖို့ လုပ်ဆောင်ခဲ့ပေမယ့် မအောင်မြင်ခဲ့လို့ ၇ နှစ်အကြာမှာ အဖွဲ့ဝင် ၈ ယောက်ပါ Icarus အမှတ် 2 နဲ့ နောက်တစ်ကြိမ် နေကို အသက်သွင်းဖို့ ကြိုးစားကြပါတယ် အာကာသကားဆိုတော့ ထုံးစံအတိုင်း ခရီးစဥ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေ၊ စွန့်လွှတ်အနစ်နာခံရမှုတွေ၊ ပဋိပက္ခတွေ စသဖြင့် ကြုံရတာပေါ့ဗျာ သိပ္ပံဇာတ်လမ်းချည်းမဟုတ်ပဲ Drama ပိုင်းကိုလည်း သေချာ လေးနက်အောင် ရိုက်ကူးထားတဲ့ ကားလေးမို့ ဒေါင်းကြည့်လိုက်ပါဦး
...

Black Sheep (2007) ⭐TMDB: 58% User Score 🎬 #Comedy #Horror 🗓 2007 🎞 movie 🌎 #NewZealand #SouthKorea ⏰ 1 နာရီ 27 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Black Sheep က ၂၀၀၆ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ မြင်ရခဲတဲ့ နယူးဇီလန်ဇာတ်ကားတစ်ကားဖြစ်ပြီး comedy horror အမျိုးအစားပါ။ ဇာတ်လမ်းအကျဉ်းအနေနဲ့ဟင်နရီဆိုတဲ့ မွေးမြူရေးခြံပိုင်ရှင်မျိုးဆက်လူငယ်လေးဟာ ၁၅ နှစ်ကြာမှ မွေးရပ်မြေကို တစ်ခေါက်ပြန်လာခဲ့ပါတယ်။အကြောင်းရင်းကတော့ မိဘအမွေကိုဆက်ခံထားတဲ့ သူ့အစ်ကိုဆီက သူရထိုက်တဲ့အမွေကိုခွဲယူပြီး မြို့ကိုချက်ချင်းပြန်သွားဖို့ပါပဲ။ဟင်နရီဟာ ငယ်စဉ်ကအတိတ်ဆိုးတစ်ခုကြောင့် သိုးတွေကိုကြောက်ရွံ့တဲ့ phobia တစ်မျိုးရရှိနေသူပါ။ အဲ့ဒီလိုပြန်လာချိန်မှာ သူ့အစ်ကိုက သိုးတွေအပေါ်စမ်းသပ်သုသေသနတွေပြုလုပ်နေပြီး မျိုးရိုးဗီဇပြုပြင်ထားတဲ့သိုးတွေကို ကမ္ဘာမှာချပြတော့မှာဖြစ်ပါတယ်။ အဲ့ဒီကနေဘေးထွက်ဆိုးကျိုးအဖြစ်သိုးတွေဟာ ရက်စက်တဲ့လူသားစားသတ္တဝါတွေအဖြစ်ကိုပြောင်းလဲသွားပြီး နီးစပ်ရာလူမှန်သမျှကိုတိုက်ခိုက်ကြပါတယ်။ သူတို့တိုက်ခိုက်ခံရတဲ့သူတွေကပါ အသိစိတ်လွတ်ပြီး ဖုတ်ကောင်တစ်ပိုင်းသိုးတစ်ပိုင်း ဘ၀ကိုပြောင်းလဲသွားကြတဲ့ အန္တရာယ်နဲ့နဂိုကတည်းက သိုးတွေကိုကြောက်တတ်တဲ့ ဟင်နရီနဲ့ထိပ်တိုက်ရင်ဆိုင်တွေ့ရချိန်မှာတော့..။ ရက်စက်တဲ့ ဖုတ်ကောင်အကြမ်းဖက်ခန်းတွေဖောဖောသီသီပါဝင်ပြီး အဲ့ဒီကြားထဲက ကမောက်ကမဖြစ်ရပ်တွေကို ဟာသနှောပြီးသွက်သွက်လက်လက်တင်ပြထားတာဖြစ်ပါတယ်။ horror ပရိသတ်ရော comedy ပရိသတ်တွေက အကြိုက်တွေ့စေမယ့်ကားကောင်းလေးတစ်ကားပါပဲ။
...

Good Luck Chuck (2007) ⭐TMDB: 59% User Score 🎬 #Comedy #Romance 🗓 2007 🎞 movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 39 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ယခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၀၇ ခုနှစ်ထွက် အချစ်ဟာသဇာတ်လမ်းလေးပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးကပေါ့ပေါ့ပါးပါးနဲ့ စိတ်ကိုလွတ်လပ်ပေါ့ပါးစေမဲ့ကားလေပါ။ဆု‌တွေလည်းရရှိထားပါတယ်။ ဇာတ်လမ်းရဲ့အဓိကဇာတ်ဆောင်တွေကတော့ Dane Cook၊ Dan Foglerနဲ့ မင်းသမီးကတော့ Fantastic four ဇာတ်ကားထဲကမင်းသမီး Jessica Alba ကသရုပ်ဆောင်ထားပါတယ်။ ဇာတ်လမ်းကတော့ဆန်းဆန်းလေးနဲ့ရီရပါတယ်။ သွားဆရာဝန် ဒေါက်တာချာလီလိုဂန်ဟာ ငယ်စဉ်ကလေးဘဝတုန်းက ဆော့ကစားရင်နဲ့ ကလေးတစ်‌ယောက်ရဲ့ကျိန်စာအတိုက်ခံခဲ့ရပါတယ်။ သူနဲ့တွဲတဲ့မိန်းကလေးတိုင်း နောက်ကောင်တစ်ယောက်ဆီပါသွားစေရမယ်ဆိုပြီး ကျိန်စာတိုက်ခံလိုက်ရတာပါ။ အသက်ကြီးလာတော့ ရည်စားအများကြီးတွဲခဲ့ဖူးပေမဲ့လည်း အချစ်စစ်ကိုမခံစားဖူးခဲ့ပါဘူး။ သူဟာသူရည်းစားဟောင်းရဲ့မင်္ဂလာဆောင်ကိုသွားရင်းနဲ့ အမျိုးသမီးတွေကြားနာမည်ကျော်ကြားသွားပါတယ်။ သတို့သမီးကချာလီနဲ့ပြတ်ပြီးတော့မှ သူ့ရဲ့အချစ်စစ်ကိုတွေ့ရှိခဲ့ကြောင်းပြောလိုက်တဲ့အတွက် ချာလီကိုလာဘ်ကောင်လေး‌ဆိုပြီးအမျိုးသမီးတွေကထင်မှတ်လာကြပါတယ်။ ဒီတော့အမျိုးသမီးတွေကချာလီနဲ့အတူအိပ်ခွင့်ရဖို့ကြိုးစားလာကြပါတယ်။ ချာလီကတော့ ဒီကိစ္စကိုအယုံအကြည်မရှိပေမဲ့လည်း သူ့သူငယ်ချင်း ‌ဒေါက်တာစတူရဲ့မြှောက်ပင့်ပြောဆိုမှုကြောင့် မိန်းကလေးတွေကိုပါရမီဖြည့်ပေးတဲ့အနေနဲ့ သူတို့နဲ့အတူအိပ်ပေးခဲ့ပါတယ်။ (အတော်ကံကောင်းတဲ့လူပါ) ကြာလာတဲ့အခါချာလီဟာဒီကိစ္စကိုစိတ်ကုန်လာပါတယ်။ အချစ်မပါတဲ့လိင်ဆက်ဆံရေးလည်းဖြစ်၊ဒီမိန်းကလေးတွေကလည်းသူနဲ့အတူဆက်ဆံနေချိန်မှာတောင် သူ့အပေါ်စိတ်မရောက်နေပဲ အချစ်စစ်ဖြစ်လာမဲ့ နောက်ကောင်တစ်ယောက်အကြောင်းတွေးနေကြလို့ပါ။ ချာလီဟာဒီလိုလာဘ်ကောင်ကိစ္စဖြစ်ပြီးတဲ့နောက်မှာ သူဟာအမျိုးသမီး‌တွေရဲ့အသုံးချခံပဲဖြစ်နေတယ်လို့ထင်မှတ်လာပြီး အချစ်စစ်ကိုလိုချင်လာပါတော့တယ်။ သူကသူရဲ့လက်တွဲဖော်ဟာ မင်္ဂလာဆောင်မှာတွေ့ခဲ့တဲ့ ပင်ဂွင်းစောင့်ရှောက်ရေးမှာအလုပ်လုပ်တဲ့ ကမ်ဝက်ဇ်လာလို့ထင်မှတ်ပါတယ်။ကမ်ဝက်ဇ်လာကတော့ချာလီရဲ့လာဘ်ကောင်ကိစ္စကြောင့်ချာလီကိုမတွဲချင်ခဲ့ပါဘူး။ ဒါပေမဲ့ ချာလီရဲ့ကြိုးစားမှုကြောင့်ကမ်ဝက်ဇ်လာကချိန်းတွေ့ကြဖို့သဘောတူလိုက်ပါတယ်။ အဲ့ဒီမှာပြဿနာစတာပါပဲ။ ချာလီဟာကမ်နဲ့အတူအိပ်လို့မရပါဘူး။ အိပ်လိုက်တာနဲ့နောက်ကောင်တစ်ယောက်ဆီကိုပါသွားမှာပါ။ ဒီတော့ချာလီနဲ့ကမ်တို့နှစ်ယောက် ဘယ်လိုဆက်ဖြစ်မလဲ…ပေါင်းဆက်ဖြစ်မလားဆိုတာကိုဆက်လက်ခံစားကြပါခင်ဗျာ။ ဒီဇာတ်လမ်းလေးကမထင်မှတ်ထားတဲ့အချိန်မှာ မထင်မှတ်ထားတဲ့ဟာသပြကွက်လေးတွေနဲ့ဆို‌တော့ကြည့်ပျော်ပါတယ်။ မင်းသမီးရဲ့နမော်နမဲ့နိုင်ပုံလေး‌တွေကလည်းချစ်ဖို့ကောင်းပါတယ်။ တစ်ခုရှိတာက 18 + ဇာတ်ဝင်ခန်းများ၊အသုံးအနှုန်းများပါဝင်တဲ့အတွက် ကလေးငယ်များကြည့်ရှုရန်မသင့်တော်ပါဘူးခင်ဗျာ။
...

The Golden Compass (2007) ⭐TMDB: 61% User Score 🎬 #Adventure #Fantasy 🗓 2007 🎞 tv movie 🌎 #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 53 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Fantasy Fiction ဇာတ်လမ်းကောင်း တစ်ကားကို မိတ်ဆက်ပေးပါရစေ။ Main characterတွေအနေဖြင့် ကျွန်တော်တို့ရဲ့ ဂျိမ်းစ်ဘွန်း မင်းသားကြီး Daniel Craigနဲ့ The Secret of Moonacre၊ Dustbin Babyနဲ့ Endeavourတိုရဲ့ မင်းသမီး Dakota Blue Richardsက ဦးဆောင် သရုပ်ဆောင် ပါဝင်ထားပါတယ်။ ဗီလိန်တွေအနေနဲ့လည်း အထူးတလည်မိတ်ဆက်ပေးစရာ မလိုတဲ့ Nicole Kidmanက ဇာတ်အိမ်ကို ပိုမိုခိုင်လုံအောင် အားဖြည့်ပေးထားပါတယ်။ ဒါ့အပြင် Eva Green, Sam Elliott, Freddie Highmore, Ian McKellenတို့နှင့် တခြားသော ဝါရင့် ပါရမီရှင် သရုပ်ဆောင်တွေ ပါဝင်ထားတော့ ယခု ရုပ်ရှင်ဟာ Castတွေနဲ့တင် တန်နေပါပြီ။ ကျွန်တော်တို့ စကြာဝဋ္ဌာတွေကြားမှာ အချင်းချင်းအပြိုင်ဖြစ်နေကြတဲ့ စကြဝဠာတွေ ကမ္ဘာတွေ အများကြီး ရှိနိုင်ပါတယ်။ ကျွန်တော်တို့ ကမ္ဘာမှာဆိုရင် လူတွေရဲ့ဝိညာဉ်တွေက ခန္ဓာကိုယ်ထဲမှာ နေထိုင်ကြတယ်။ Parallel Universeထဲက ကမ္ဘာတစ်ခုမှာတော့ ဝိညာဥ်တွေက လူသားတို့နဲ့အတူတူ ရောထွေးနေထိုင်ကြပါတယ်။ သူတို့ကမ္ဘာမှာတော့ နတ်ဆိုးလို့ ခေါ်ကြပါတယ်။ သူတို့ရဲ့ကမ္ဘာမှာ စကော်လာတွေကအမှန်တရားကို တိုင်းတာ သိရှိနိုင်တဲ့ အလိသီအိုမီတာကို တည်ထွင်ခဲ့ပါတယ်။ ရွှေရောင်သံလိုက်အိမ်မြှောင်လို့လည်း ခေါ်ကြပါသေးတယ်။ အဲဒီသံလိုက်အိမ်မြှောင်က ဖုန်းကွယ်ထားတာမှန်သမျှကို ပြပေးတဲ့စက်ဖြစ်ပါတယ်။ ပြောရရင် လိမ်ချင်တိုင်း လိမ်လို့ မရတော့ဘူးပေါ့။ လူတွေကို ထိန်းချုပ်ဖို့ မှော်ဝင်ရေးရာဝန်ကြီးဌာနက နည်းမျိုးစုံ သုံးပြီး လိမ်လည်ကြရပါတယ်။ အဲဒီလို လိမ်လည်ခြယ်လှယ်နေရတဲ့ မှော်ဝင်ရေးရာဝန်ကြီးဌာနက သူတို့အလိမ်တွေ ပေါသွားမှာစိုးလို့ အလိသီအိုမီတာတွေကို ဖျက်စီးလာပါတော့တယ်။ အဲဒီလိုနဲ့ အလိသီအိုမီတာတွေကို ဖျက်စီးလာလိုက်တာ အ​ချိန် တစ်ခုထိ ရောက်လာပြီး လူငယ်မျိုးဆက်တွေဆိုရင် အလိသီအိုမီတာ ရှိမှန်းတောင် မသိကြတော့ပါဘူး။ လိုင်ရာဘယ်လာကွာက မိဘတွေမရှိတော့လို့ ဦးလေးဖြစ်သူ အက်စ်ရီရယ်က ပြုစုစောင့်ရှောက်ပေးထားတဲ့ ဂျော်ဒန်ကောလိပ်မှာ တက်ရောက်နေတဲ့ ကျောင်းသူလေးဖြစ်ပါတယ်။ လောဒ့် အက်စ်ရီရယ်က ဒက်စ်လို့ခေါ်တဲ့ စကြာဝဋ္ဌာတွေကြား ခုန်ကူးနိုင်မယ့် အမှုန်တွေကိုလေ့လာနေသူပါ။ မှော်ဝင်ရေးရာဝန်ကြီးဌာနက အဆိုပါ ဒက်စ်တွေရဲ့အကြောင်းကို လူတွေ မသိအောင် ဖျောက်ဖျက်ထားတာ ကြာပါပြီ။ ဒက်စ် အမှုန်တွေကလည်း ပျောက်ကွယ်သွားတာ ကြာလှပါပြီ။ အဲဒီလိုနဲ့ တနေ့ကြတော့ ရုတ်တရပ် မြောက်ဝင်ရိုးစွန်းမှာ ဒက်စ်တွေ ပြန်လည်ပေါ်ပေါက် လာပါတယ်။ အဲဒီလိုနဲ့ အက်စ်ရီရယ် တစ်ယောက် မြောက်ဝင်ရိုးစွန်းကို သွားရောက်လေ့လာပါတော့တယ်။ လိုင်ရာကလည်း စူးစမ်းချင်သူပီပီ မစ္စ ကော့တလာနဲ့အတူတူ ဦးလေးဖြစ်သူ သွားရာ မြေက်ဝင်ရိုးစွန်းဘက်ကို လိုက်သွားပါတော့တယ်။ ဒက်စ်အကြောင်း သွားရောက်လေ့လာတဲ့ အက်စ်ရီရယ်က ဘယ်လိုအခက်ခဲတွေ ကြုံရမလဲ …. ဦးလေးနောက် လိုက်သွားတဲ့ လိုင်ရာလေးကိုရော မကောင်းတဲ့လူတွေက ဘယ်လိုဒုက္ခပေးကြမလဲ ….ဂေါ်ဘလာလို့ခေါ်တဲ့ ကလေးဖမ်းတဲ့လူတွေကရော ဘယ်သူတွေလဲ ….ဘာကြောင့် ကလေးတွေကို လိုက်ဖမ်းနေတာလဲ ….. လက်ကျန် အလိသီအိုမီတာကိုရော ဘယ်လိုအသုံးချကြမလဲ … ဒီဇာတ်ကားရဲ့ ဉာဏ်ကွန့်နိုင်စွမ်းကတော့ အင်မတန်မှ လှပလွန်းပါတယ်။ Battle scene တွေဆိုရင်လည်း တော်တော်မိုက်ပါတယ်။ ဇာတ်လမ်းကလည်း ၂နာရီမပြည့်တပြည့်လေးမှာကိုတင် ပြည့်ပြည့်စုံစုံနဲ့ တင်ပြထားနိုင်ပါတယ်။ နိဂုံးချုပ်ပြောရရင် ကလေးလူကြီးမရွေး စိတ်ကူးဉာဏ် ကွန့်မြူးချင်သူတွေ ဒီရုပ်ရှင်ကို အကြိုက်တွေ့စေမှာ ဖြစ်ပါတယ်။ အညွှန်းနဲ့ ဘာသာပြန်သူက Minn Khant Kyi Win ဖြစ်ပါတယ်။
...

The Peasants (2023) ⭐IMDB: 7.8/10 (5 k Votes) 🎬 #Animation #Drama #History 🗓 2023 🎞 movie 🌎 #Poland #Serbia #Lithuania ⏰ 1 နာရီ 55 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Peasants ဇာတ်ကားဟာ ၁၉၄၂ ခုနှစ်မှာ စာပေဆိုင်ရာ နိုဘယ်ဆုရရှိခဲ့တဲ့ ပိုလန်ဝတ္ထုတစ်ခုကို အခြေခံရိုက်ကူးထားတဲ့ ဘောင်ဝင်တန်းဝင် ဇာတ်ကားကြီး ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်. အခုလို ရိုက်ကူးထွက်ရှိလာတဲ့အခါမှာလည်း ဆုတွေအများကြီး ဆန်ကာတင်စာရင်းတွေထဲ အများကြီးဝင်ထားတဲ့ အရမ်းကို အနုပညာဆန်တဲ့ ရုပ်ရှင်ကားတစ်ကားဖြစ်ပါတယ်.. ဒီဇာတ်ကားက သူများနဲ့ မတူတာကတော့ တစ်ကားလုံးကို rotoscoped oil painting စတိုင်မျိုးနဲ့ ပြုလုပ်ထားတာဖြစ်လို့ ဇာတ်ကားရဲ့ ဘယ်နေရာကိုပဲ pause pause ပန်းချီကားတစ်ချပ်ကို ခံစားနေရသလိုမျိုး မြင်နေရမှာ ဖြစ်ပါတယ်. ဇာတ်လမ်းကိုတော့ ကြည့်ရပေါ့သွားမှာစိုးလို့ အများကြီး မပြောတော့ဘူးနော်. အဓိကကတော့ Jagna ဆိုတဲ့ ပိုလန်ရွာ လေးတစ်ရွာက အရမ်းချောမောလှပတဲ့ မိန်းကလေးတစ်ယောက်ရဲ့ ဇာတ်ကြောင်းပါ. ချောမောသူဖြစ်တဲ့အလျှောက် ရွာထဲက လူပျို လူအို မုဆိုးဖို စတဲ့သူ အကုန်လုံးက သူနဲ့ လက်ဆက်ချင်ကြပါတယ်. ပိုလန်ရိုးရာတွေကို အသားပေးရိုက်ပြထားပြီး သူမရဲ့ အချစ်ရေး အိမ်ထောင်ရေး ဇာတ်လမ်းတွေ ဘယ်လိုရှုပ်ထွေးမလဲ… အဆုံးသတ်မှာ သူဘယ်လိုဖြစ်သွားမလဲဆိုတာကို ပန်းချီပြခန်းထဲ လမ်းလျှောက်သွားသလို ကြည့်ရှုခံစားနေရမှာဖြစ်လို့ ကြည့်ကိုကြည့်ရမဲ့ကားလေး ဖြစ်ကြောင်း အသိပေးပါရစေ
...

An Easter Bloom (2024) ⭐IMDB: 6.4/10 (285 Votes) 🎬 #Drama 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက် ဆုံးသွားတဲ့ ဖအေဖြစ်သူဆီက ရခဲ့တဲ့ပျိုးခင်းလေးကို တာဝန်ယူလုပ်ကိုင်နေတဲ့အချိန် ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဝင်လာတယ်။ ရေခဲပြီး နွေမဝင်သေးတဲ့အတွက် ပျိုးခင်းတွေဟာ အီစတာမတိုင်ခင် မဖူးပွင့်လာပဲ ရှိနေတယ်။ ပျိုးခင်းနေရာကို ပိုက်ဆံပေး ဝယ်ယူလိုသူတွေလည်း ရှိနေတယ်။ ဘဏ်ကနေချေးငွေ လျှောက်ပေမဲ့လည်း ရောင်းကြေးနည်းလို့ ချမပေးတဲ့အပြင် ပိတ်သိမ်းကြောင်း အကြောင်းကြားစာ ပို့ထားတယ်။ ဒီအချိန်မှာ ပျိုးခင်းနားကို ကားပျက်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီပေးလိုက်တော့ သူက ပန်းအလှဆင်သမားဟောင်းဖြစ်ပြီး အမန်ဒါကိုလည်း ဒီပညာတွေ သင်ပေးမယ် နှစ်ပတ်လည် ပန်းအလှဆင်ပြိုင်ပွဲ ဝင်ပြိုင်ပေါ့လေ။ အစကတော့ အင်တင်တင်ဖြစ်နေပေမဲ့ ပြိုင်ပွဲဆုကြေး ၂ သောင်းက သူတို့ခြံလေးကို ကယ်တင်ပေးနိုင်မယ်ဆိုတာသိပြီး အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် ဘုရားကျောင်းကို ဖခင်ဆုံးပါးကတည်းက မသွားတတ်တဲ့ အမန်ဒါတစ်ယောက် သင်းအုပ်ဆရာအသစ်လေးနဲ့တွေ့ဆုံပြီး ဘာတွေပြောင်းလဲသွားဦးမလဲဆိုတာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။
...

Shirley (2024) ⭐IMDB: 6.3/10 (2 k Votes) 🎬 #Drama #History #Biography 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 59 မိနစ် 7 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ၁၉၇၂ မှာ အမေရိကန်ပြည်ထောင်စုရဲ့ သမ္မတရွေးကောက်ပွဲမှာ သမ္မတနေရာအတွက် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ သမိုင်းမှာ ပထမဆုံးသော လူမဲအမျိုးသမီး ရှာလီ ချီဆန်အကြောင်းကို တင်ဆက်ရိုက်ကူးထားတဲ့ ဗဟုသုတရဖွယ် သမိုင်းကြောင်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ရှာလီချီဆန်ဟာ ဘရွတ်ကလင်က သာမန်လူမဲကျောင်းဆရာမလေးဘဝကနေ လူထုမေတ္တာခံယူရင်းနဲ့ နယူးရော့ခ်ရဲ့ ၁၂ ကြိမ်မြောက် ဗဟိုပြည်နယ်ညီလာခံမှာ လွှတ်တော်အမတ်အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ သူမဟာ လူဖြူတွေကြီးစိုးတဲ့ ကျားရဲတွင်းသဖွယ် လွှတ်တော်ထဲမှာ နိုင်ငံသားအခွင့်အရေး၊ ကျားမတန်းတူညီမျှရေး၊ လူမျိုးရေးခွဲခြားဆက်ဆံမှု အစရှိတဲ့ အဓိကပြဿနာတွေကို ရွပ်ရွပ်ချွံချွံ ဖြေရှင်းဖို့ ကြိုးစားရင်း ပြည်သူ့အကျိုးကို ဒီထက်ပိုပြီး ထိထိရောက်ရောက် တာဝန်ထမ်းဆောင်နိုင်ဖို့အတွက် သမ္မတရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ပါတော့တယ်။ ကျားမခွဲခြားမှု ပြင်းထန်နေသေးတဲ့ခေတ်ကာလမှာ လူမဲအမျိုးသမီးဖြစ်တဲ့ သူမဟာ သမိုင်းမှာ မကြုံစဖူး ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်တဲ့အခါ ဘယ်လိုအခက်အခဲ အတားအဆီးတွေကို ကျော်ဖြတ်ရမလဲ၊ အနာဂါတ်မျိုးဆက်သစ်တွေကိ ဘယ်လို လမ်းစဖောက်ပေးခဲ့လဲဆိုတာက အားတက်ဖွယ် အတုယူဖွယ် ကြည့်ရှုရမှာဖြစ်ပါတယ်။ IMDb မှာ Rating 6.3/10 ရရှိထားပြီးတော့ Rotten Tomatoes မှာတော့ Rating 72 % ရရှိထားပါတယ်။ ဘာသာပြန်ဆိုသူကတော့ Matteo ဖြစ်ပါတယ်။
...

Drift (2023) ⭐IMDB: 6.2/10 (342 Votes) 🎬 #Drama #Romance 🗓 2023 🎞 movie 🌎 #UnitedStates #Greece #France #UnitedKingdom ⏰ 1 နာရီ 33 မိနစ် 44 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဂျက်ကွီလင်းဆိုတဲ့ ကောင်မလေးဟာ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး လန်ဒန်မှာ သွားရောက်နေထိုင်နေသူပါ။တစ်ရက်မှာတော့ မိသားစုတွေနဲ့ တွေ့ဆုံဖို့ သူဟာ Liberia ကိုနှစ်ပတ်ကြာပြန်လာခဲ့ပါတယ်။ အဲ့ဒီအချိန်နိုင်ငံအတွင်းမှာ ပဋိပက္ခပေါင်းများစွာနဲ့ ပြည်တွင်းစစ်ပေါ်ပေါက်လာပြီး ဂျက်ကွီလင်းတို့ ဝန်ကြီးမိသားစုအိမ်ဟာလည်း ပုန်ကန်သူတွေလက်အောက်ကို ကျရောက်ကာ ကံကြမ္မာဆိုးဝင်ခဲ့ပါတော့တယ်။ နိုင်ငံဟာလည်း စစ်မီးကြောင့် ပျက်စီးနေတဲ့အချိန် ဂျက်ကွီလင်းဟာ နိုင်ငံ‌က ထွက်ပြေးပြီး ဂရိကျွန်းလေးတစ်ကျွန်းကို ရောက်ရှိသွားခဲ့ပါတယ်။ ဝန်ကြီးသမီးတစ်ဦးဖြစ်ပြီး ဘဝမှာ အဆင်ပြေပြေနေခဲ့ရသူတစ်ယောက် နိုင်ငံပျက်စီးနေချိန် ဂရိကျွန်းမှာ နေ့စဉ်ဘဝကို ခက်ခဲစွာရှင်သန်နေထိုင်ရပုံကို ကြည့်ရှုခံစားရမယ့် Drama ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်
...

The Illusionist (2006) ⭐TMDB: 73% User Score 🎬 #Drama #Fantasy #Romance #Thriller 🗓 2006 🎞 Series 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 50 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Edward Norton ရဲ့ နာမည်ကျော် ရုပ်ရှင်ကောင်းတစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ Now You See Me လို မျက်လှည့်ကားကောင်းကောင်းမျိုးတွေထဲက တစ်ကားပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း မဖြစ်နိုင်တဲ့အရာတွေကိုအာရုံစိုက်လွန်းတဲ့အခါ ဖြစ်နိုင်ချေရှိတဲ့အချက်တွေကိုလွတ်ထွက်သွားတတ်ပါတယ်။ မျက်လှည့်ဆိုတာ ဒီလိုမျိုးပါပဲ။ လူငယ်မျက်လှည့်ဝါသနာရှင်အက်ဝဒ်က မြို့စားသမီးနဲ့ လူငယ်သဘာဝချစ်ကြိုက်ခဲ့ကြတယ်။ဒါပေမဲ့ မျိုးရိုးဂုဏ်မတူတဲ့သူတို့နှစ်ယောက်က ဘယ်လိုမှပေါင်းဖက်ဖို့မဖြစ်နိုင်ခဲ့ပါဘူး။ ဒီလိုနဲ့ အက်ဝဒ်က အချစ်ဦးဆိုဖီနဲ့ဝေးပြီး၁၅နှစ်ကြာတဲ့အခါ မျက်လှည့်ဆရာအိုက်စ်ဟန်ဖြစ်လာခဲ့တယ်။ အချစ်ဦးနဲ့ နောက်ထပ်ပြန်တွေ့တဲ့အချိန်မှာတော့ အိုက်စ်ဟန်က သူ့ရဲ့မျက်လှည့်ပြကွက်တွေနဲ့အချစ်ဦးကိုပြန်ရဖို့ကြိုးစားမှာပါ။ မျက်လှည့်ဆိုတဲ့အရာကဘယ်လောက်ထိစွမ်းနိုင်လဲဆိုတာနဲ့ အဆုံးသတ်မှာအိုက်စ်ဟန်ဖြစ်ချင်သလိုဖြစ်လာနိုင်မလားဆိုတာတွေကိုတော့ ဇာတ်လမ်းထဲမှာဆက်လက်ကြည့်ရှုနိုင်ပါတယ်။
...

Late Checkout (2023) ⭐IMDB: 3.0/10 (151 Votes) 🎬 #Horror 🗓 2023 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 9 မိနစ် 30 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Late Checkout 2023 (Review) တောအရပ်မှာ အေးအေးချမ်းချမ်းသွားနေမယ်ဆိုတဲ့သူတွေကို စိတ်ကင်ဆာအမျိုးမျိုးပေးမယ့် ဇာတ်ကားမျိုး ဖြစ်ပါတယ်။Horror Gerne ဖြစ်ပြီး Thriller ဖြစ်စေမယ့် Vibe သိပ်မပါတာကြောင့် တအားကြီးတော့ လန့်စရာမကောင်းပါဘူး။ဒါပေမဲ့ R-rated ဖြစ်တာကြောင့် သွေးသံရဲရဲတွေကိုမှ ကြိုက်တဲ့သူတွေအတွက် Exciting ဖြစ်စေမှာပါ။ရိုက်ချက်တွေကတော့ အသက်ဝင်ပြီး plot ပိုင်းကတော့ အားရစရာမရှိပါဘူး။ Runtime လည်း တိုတာကြောင့်လည်း ပါမှာပါ။ ဇာတ်လမ်းအကျဉ်းကတော့ ဘော်ဒါတစ်သိုက်ဟာ ပိတ်ရက်မှာ ကဲဖို့အတွက် တောတွင်းတစ်နေရာက အိမ်တစ်လုံးကို စုငှားလိုက်ကြပါတယ်။ငယ်ပေါင်းကြီးဖော်တွေဖြစ်တာကြောင့် အားလုံးတူတူ တပျော်တပါး သောက်ကြကဲကြဖို့ လာခဲ့တာဖြစ်ပြီးချစ်သူကို လက်ထပ်ခွင့်တောင်းဖို့အတွက် လိုက်လာတဲ့သူ၊ ရည်းစားလိုချင်လို့ လိုက်ခဲ့တဲ့သူ ဘော်ဒါတွေ စုံနေခဲ့ပါတယ်။သောက်ကြစားကြ မူးကြပြဲကြတာဆိုတော့ ပေါက်ကရတွေပြောရင်း အဲဒီပြောတဲ့ပေါက်ကရတွေက စကားနောက် တရားပါသလို အမှန်တကယ် ဖြစ်လာမှာတော့… ဘော်ဒါတွေထဲမှာ ဘယ်သူတွေ ရှင်ကျန်ခဲ့မှာလဲ…?လူသတ်သမားကတော့ ဘော်ဒါတွေထဲကပဲလား…?ဒါမှမဟုတ် တခြားတစ်ယောက်လား…? သိချင်ရင်တော့ ဇာတ်လမ်းလေးကိုသာကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Khant Zaw Naingပဲ ဖြစ်ပါတယ်။
...

An Easter Bloom (2024) ⭐IMDB: 6.4/10 (275 Votes) 🎬 #Drama 🗓 2024 🎞 tv movie 🌎 #Canada ⏰ 1 နာရီ 24 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အမန်ဒါဆိုတဲ့ ကောင်မလေးတစ်ယောက် ဆုံးသွားတဲ့ ဖအေဖြစ်သူဆီက ရခဲ့တဲ့ပျိုးခင်းလေးကို တာဝန်ယူလုပ်ကိုင်နေတဲ့အချိန် ကံဆိုးမှုတွေ ဆက်တိုက်ဆိုသလို ဝင်လာတယ်။ ရေခဲပြီး နွေမဝင်သေးတဲ့အတွက် ပျိုးခင်းတွေဟာ အီစတာမတိုင်ခင် မဖူးပွင့်လာပဲ ရှိနေတယ်။ ပျိုးခင်းနေရာကို ပိုက်ဆံပေး ဝယ်ယူလိုသူတွေလည်း ရှိနေတယ်။ ဘဏ်ကနေချေးငွေ လျှောက်ပေမဲ့လည်း ရောင်းကြေးနည်းလို့ ချမပေးတဲ့အပြင် ပိတ်သိမ်းကြောင်း အကြောင်းကြားစာ ပို့ထားတယ်။ ဒီအချိန်မှာ ပျိုးခင်းနားကို ကားပျက်သွားတဲ့ အမျိုးသမီးကြီးတစ်ယောက်ကို ကူညီပေးလိုက်တော့ သူက ပန်းအလှဆင်သမားဟောင်းဖြစ်ပြီး အမန်ဒါကိုလည်း ဒီပညာတွေ သင်ပေးမယ် နှစ်ပတ်လည် ပန်းအလှဆင်ပြိုင်ပွဲ ဝင်ပြိုင်ပေါ့လေ။ အစကတော့ အင်တင်တင်ဖြစ်နေပေမဲ့ ပြိုင်ပွဲဆုကြေး ၂ သောင်းက သူတို့ခြံလေးကို ကယ်တင်ပေးနိုင်မယ်ဆိုတာသိပြီး အနိုင်ရဖို့ ကြိုးစားပါတော့တယ်။ ဒီမှာတင် ဘုရားကျောင်းကို ဖခင်ဆုံးပါးကတည်းက မသွားတတ်တဲ့ အမန်ဒါတစ်ယောက် သင်းအုပ်ဆရာအသစ်လေးနဲ့တွေ့ဆုံပြီး ဘာတွေပြောင်းလဲသွားဦးမလဲဆိုတာပဲ ကြည့်ရမှာ ဖြစ်ပါတယ်။
...

Crank (2006) ⭐TMDB: 66% User Score 🎬 #Action #Crime #Thriller 🗓 2006 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 35 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး Jason Statham ရဲ့အမိုက်စား ခပ်ကြမ်းကြမ်းအက်ရှင်တွေနဲ့ ဒီရုပ်ရှင်က မထင်မှတ်ဘဲ ပေါက်သွားပြီး ပရိတ်သတ်တွေအသည်းစွဲရတဲ့ အက်ရှင်တစ်ကားဖြစ်ခဲ့ပါတယ်။ ဇာတ်လမ်းဇာတ်ကွက်နဲ့ Non-stop အက်ရှင်တွေက တစ်ကားလုံးထိုင်ရာမထဆွဲဆောင်သွားမှာပါ။ ကြေးစားလူသတ်သမားအချင်းချင်း အောက်လမ်းနည်းပေါင်းစုံနဲ့လုပ်ကြံကြတဲ့ ကစားပွဲမှာ အသက်ရှင်ဖို့ အရာအားလုံးကို ဖြတ်ကျော်မယ့် Chev Chelios အဖြစ် Jason Statham ကို အမိုက်စားမြင်တွေ့ရမှာပါ။ Chev Chelios ကို ရန်သူတွေက ဖမ်းမိတဲ့အခါမှာ တခါထဲအပြတ်မရှင်းဘဲ တမြေ့မြေ့နောင်တရစွာ သေဆုံးသွားဖို့ တခါမှမစမ်းဖူးတဲ့ တရုတ်ကဆေးတစ်မျိုးနဲ့ လုပ်ကြံလိုက်ကြပါတယ်….ဒီဆေးက နှလုံးခုန်နှုန်းကို အချိန်မရွေးရပ်တန့်သွားစေနိုင်တာမလို့  Chev Chelios တစ်ယောက်အသက်ရှင်ဖို့လမ်းစမရှိပါဘူး….ဒါပေမယ့် ခေါင်းမာပြီး အဆိပ်ပြင်းတဲ့  Chev Chelios ကတော့ သူ့နှလုံးခုန်နှုန်းကို မရပ်ဖို့ ရရာပစ္စည်းတွေနဲ့ အသက်ဆက်ပြီး ရန်သူတွေတမျိုးလုံးတဆွေလုံးကို အမြစ်ကလှန်ဖို့ မနားတမ်း မမောတမ်း ဖိုက်ပါတော့တယ်။ IMDb (7) ထိရရှိထားတဲ့ Action , Crime , Thriller အမျိုးအစားဇာတ်ကားဖြစ်ပြီး မင်းသမီး Amy Smart မှလဲ ခပ်ဟော့ဟော့ ခပ်ကြမ်းကြမ်းဇာတ်ကောင်အဖြစ် ဇာတ်လမ်းနဲ့အပြိုင်  ပါဝင်အားဖြည့်ထားပါတယ်။ Blu-Ray Director’s Cut Version နဲ့မလို့ တကားလုံး ထိုင်ဆဲနေပြီး အသက်ရှင်ဖို့ လူရှေ့သူရှေ့မရှောင် တွေ့ရာဆော်တဲ့အခန်းတွေရော သွေးထွက်သံယိုအခန်းတွေရော ဖောချင်းသောချင်းပါတာမလို့ အသက်အရွယ်ပြည့်မီသူများသာကြည့်ရှုရမယ့်ဇာတ်ကားလဲဖြစ်ပါတယ်။ အောင်မြင်မှုရရှိခဲ့တာကြောင့် Crank 2 အနေနဲ့ Crank: High Voltage (2009) အဆက်ထပ်မံထွက်ရှိခဲ့ပါတယ်။
...

Crank: High Voltage (2009) ⭐TMDB: 61% User Score 🎬 #Action #Crime #Thriller 🗓 2009 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Crank (2006) ဇာတ်ကားရဲ့နောက်ဆက်တွဲဇာတ်ကားဖြစ်ပြီး ပထမကားထဲက မင်းသားကြီး Jason Statham ပဲ အဓိကဇာတ်ဆောင်အဖြစ်ပါဝင်ထားပါတယ်…. ပထမကားတုန်းက အားလုံးက သေကြပြီလို့ ယူဆကြတဲ့ Chev Chelios တစ်ယောက် အသက်ဘယ်လိုဆက်ပြီး ဘယ်လိုထပ်ကြမ်းဦးမလဲဆိုတာ ထိုင်ကြည့်ရမှာပါ…. တကားလုံး ထိုင်ဆဲနေပြီး အသက်ရှင်ဖို့ လူရှေ့သူရှေ့မရှောင် တွေ့ရာဆော်တဲ့အခန်းတွေရော သွေးထွက်သံယိုအခန်းတွေရော ဖောချင်းသောချင်းပါတာမလို့ အသက်အရွယ်ပြည့်မီသူများသာကြည့်ရှုရမယ့်ဇာတ်ကားလဲဖြစ်ပါတယ်။
...

Aberrance (2022) ⭐IMDB: 7.2/10 (105 Votes) 🎬 #Crime #Drama #Horror #Mystery #Thriller 🗓 2022 🎞 movie 🌎 #Mongolia ⏰ 1 နာရီ 16 မိနစ် 52 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aberrance (2022) 2022 တုန်းကထွက်ရှိထားတဲ့ မွန်ဂိုလီးယားက Thriller ဇာတ်ကားလေးနဲ့ မိတ်ဆက်ပေးပါရစေ။IMDB မှာလဲ 7.3 အထိရရှိထားပြီး ခရမ်းချဉ်သီးမှာလဲ လတ်လတ်ဆတ်ဆတ် 83% တောင်ရထားတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းတင်ဆက်ပုံကလည်း မြင်နေကျပုံစံမဟုတ်ဘဲThriller ဆိုတိုင်း အမှောင်ကားတွေလို့ ထင်ရင်မှားသွားပါလိမ့်မယ်။လင်းလင်းချင်းချင်းကြီးမှာတင် ရိုက်ကူးထားပြီးဇာတ်လမ်းဇာတ်သွားကလဲ တဖြည်းဖြည်းနဲ့ ဆွဲခေါ်သွားတဲ့ပုံစံပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မြို့ပေါ်ကနေ ကျန်းမာရေးအတွက်တောရွာလေးတစ်ခုကို ခဏပြောင်းလာတဲ့ လင်မယားနှစ်ယောက်ဆရာဝန်အကြံပေးတဲ့အတိုင်းပြောင်းရွေ့လာခဲ့ကြပါတယ်။အိမ်နီးချင်းဘေးအိမ်ဆိုလို့လဲ တစ်အိမ်ထဲရှိပါတယ်။ဒါပေမဲ့ ပြောင်းလာတဲ့ လင်မယားနှစ်ယောက်က သိပ်မမူမမှန်ဘဲယောက်ျားဖြစ်သူက မိန်းမကိုအမြဲတစေ နှိပ်စက်နေတတ်ပါတယ်။ဒါကို ဘေးအိမ်ကလူက မသင်္ကာတာကြာနေပါပြီ။နောက်ဆုံး ဘေးအိမ်က အိမ်နီးချင်းက မနေနိုင်တဲ့အဆုံးလင်မယားနှစ်ယောက်အကြောင်းကို စောင့်ကြည့်နေရာမှလင်မယားနှစ်ယောက်ရဲ့ လျှို့ဝှက်ချက်ဟာ ဘာဖြစ်မလဲအိမ်နီးချင်လူကကော ဒီဇာတ်လမ်းထဲမှာ ဘယ်လိုနေရာကနေဝင်ပြီးပါဝင်ပတ်သက်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး …. အညွှန်း နဲ့ ဘာသာပြန်ကတော့K.Heinပဲ ဖြစ်ပါတယ်။
...

Believers (2022) ⭐IMDB: 6.3/10 (91 Votes) 🎬 #Drama 🗓 2022 🎞 movie 🌎 #Japan ⏰ 1 နာရီ 59 မိနစ် 27 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 (18+) Believers (2022) မေးခွန်းပေါင်းများစွာနဲ့ ကြည့်ရှုရမယ့် ဂျပန်ရုပ်ရှင် Believers (2022) ကို CM မှာ ကြည့်လို့ရပါပြီနော်။18+ ဇာတ်ဝင်ခန်းတွေလည်း ပါတာမို့ လူကြီးမိဘတွေနဲ့အတူ မကြည့်ကြဖို့တော့ သတိပေးချင်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဘာသာရေးအဖွဲ့အစည်းတစ်ခုရဲ့ညွှန်ကြားချက်ကြောင့်လူ ၃ ယောက်ဟာ ကျွန်းငယ်လေးတစ်ခုပေါ်မှာ သုံးယောက်တည်း နေခဲ့ကြရပါတယ်။ဒီအစီအစဉ်ကိုတော့ “သီးခြားကျွန်း အစီအစဉ်” လို့ ခေါ်ပါတယ်။သူတို့ရဲ့ရည်ရွယ်ချက်ကတော့ ယိုယွင်းနေတဲ့ သာမန်လူ့အဖွဲ့အစည်းကနေ ထွက်လာပြီး ဒီကျွန်းပေါ်မှာ ကိုယ့်ကိုယ်ကိုယ် သန့်စင်ကြဖို့ပါ။ဒါပေမဲ့ အမျိုးသားနှစ်ယောက်နဲ့ အမျိုးသမီးတစ်ယောက်ပါဝင်နေတဲ့ ဒီအဖွဲ့ဟာတဖြည်းဖြည်းနဲ့ သာမန်လူသားတွေရဲ့လိင်စိတ်ဆန္ဒတွေကို တပ်မက်လာကြတဲ့ အခါမှာတော့သူတို့ရဲ့ရည်ရွယ်ချက်ဖြစ်တဲ့ သန့်စင်မှုကို အပြီးထိ လုပ်ဆောင်သွားနိုင်ပါ့မလား။ဒါမှမဟုတ် ဖြစ်ပေါ်လာတဲ့ တပ်မက်စိတ်တွေကြောင့်သူတို့ရဲ့ရည်ရွယ်ချက် ပျက်စီးသွားမလား ဆိုတာကိုတော့ပရိသတ်ကြီးကိုယ်တိုင်ပဲ ကြည့်ရှုလိုက်ကြပါဦးနော်။ အညွှန်း နဲ့ ဘာသာပြန်ကတော့Hmwe Thet Winပဲ ဖြစ်ပါတယ်။
...