ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Red (2024) ⭐TMDB: 0% User Score 🎬 #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 54 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pula (2024) ========= Pula ဆိုတာ တိတ်ဆိတ်အေးချမ်းတဲ့နယ်မြို့လေးတစ်ခုဖြစ်ပါတယ်။မြို့သူမြို့သားတွေကလည်း ရိုးသားငြိမ်းချမ်းကြပြီး ဘာသာတရားကိုင်းရှိုင်းသူ ရှေးရိုးစွဲသူတွေဖြစ်ကြတယ်။ တစ်နေ့မှာတော့ မြို့လေးရဲ့ငြိမ်းချမ်းမှုကိုလှုပ်နှိုးလိုက်တဲ့ ဖြစ်ရပ်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက် အသတ်ခံရမှုဖြစ်ပြီး အဲ့ဒီမတိုင်ခင်ကတည်းက မြို့မှာ ကပ်ဆိုးတစ်ခုဆိုက်ရောက်လာတော့မယ့် နိမိတ်ပုံတွေပြနေခဲ့တာပါ။ အဲ့ဒီနိမိတ်တွေဟာ အယူသီးတဲ့ မြို့သူမြို့သားတွေရဲ့အစွဲအလန်းတစ်ခုပဲလား။ဒါမှမဟုတ် သူတို့ရဲ့အယူအဆဟာ တကယ်ပဲမှန်ကန်နေမလား? ကပ်ဆိုးဟာ သူတို့ဆီကို ဘယ်လိုပုံစံမျိုးနဲ့ဆိုက်ရောက်လာမလဲ ဆိုတာတွေကို ဇာတ်လမ်းထဲမှာ အဖြေရှာရပါလိမ့်မယ်။ ၂၁ ရာစုရဲ့ထူးချွန်ဆုအများဆုံးမင်းသားတစ်ယောက်ဖြစ်တဲ့ Coco Martin နဲ့ ဇနီးချော Julia Montes တို့ခေါင်းဆောင်ပါဝင်ထားပြီးလိင်အသားပေးကားတွေကနေ Mainstream လောကကို တိုးဝင်လာပြီဖြစ်တဲ့ Vivamax sweetheart လေး Christine Bermas လည်းပါဝင်အားဖြည့်ထားပါတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
A Chef's Deadly Revenge (2024) ⭐IMDB: 4.5/10 (116 Votes) 🎬 #Thriller 🗓 2024 🎞 tv movie 🌎 #UnitedStates ⏰ 1 နာရီ 28 မိနစ် 38 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 A Chef’s Deadly Revenge (2024)======================== လူစီ လို့ခေါ်တဲ့အမျိုးသမီးတစ်ယောက်ဟာ အနိုင်ကျင့်နှိပ်စက်တတ်တဲ့ ယောက်ျားနဲ့ဆက်ဆံရေးဆီကနေ ထွက်ပြေးပြီး မြို့အသစ်မှာ စားသောက်ဆိုင်ဖွင့်ထားပါတယ်။ အဲဒီနောက်မှာ ဖရန့်ဆိုတဲ့ လူတစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်ပြီး နှောက်ယှက်ခြင်းကို ခံရပါတော့တယ်။ အနိုင်ကျင့်နှိပ်စက်တဲ့ ယောက်ျားဆီကနေ ထွက်လာတဲ့လူစီဟာ ဒီတစ်ခါမှာတော့ ငြိမ်မခံတော့ဘဲလိုက်နှောက်ယှက်တဲ့သူကို ပြန်ပြီး လက်စားချေပါတော့တယ်။စားဖိုမှူးတစ်ယောက်ဖြစ်တဲ့လူစီဟာ ထက်မြတ်ရဲရင့်တဲ့ မိန်းမတစ်ယောက်ပီပီ လာပြီးနှောက်ယှက်တဲ့သူကို ဘယ်လိုပြန်ပြီးလက်စားချေမလဲ၊ ဖရန့်ကရော ဘာလို့ လူစီကို လိုက်နှောက်ယှက်နေရတာလဲဆိုတာကို စိတ်၀င်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Theo Katt ဖြစ်ပါတယ်)...
Blind Date Book Club (2024) ⭐IMDB: 6.8/10 (601 Votes) 🎬 #Romance #TVMovie 🗓 2024 🎞 tv movie 🌎 #Canada #UnitedStatesofAmerica ⏰ 1 နာရီ 24 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Blind Date Book Club (2024)======================IMDb Rating – 6.8/10 ပူပြင်းလွန်းတဲ့ကာလမှာ လောင်စရာ စိတ်ရှုပ်စရာမလိုဘဲ ပေါ့ပေါ့ပါးပါးကြည့်ရမဲ့ ရိုးရိုးရှင်းရှင်းအချစ်ဇာတ်လမ်းလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ခါတလေတော့လည်း အရိုးရှင်းဆုံးကအကောင်းဆုံးဖြစ်နေတတ်တယ် မဟုတ်ပါလား။ ဇာတ်လမ်းအကျဉ်းကတော့-အိမ်ခြံမြေအေးဂျင့်ဘ၀ကနေ မိခင်ရဲ့စာအုပ်ဆိုင်လေးကို ဆက်ခံရင်းနယ်မြိုလေးမှာ စာအုပ်ဆိုင်ပိုင်ရှင်ဖြစ်လာတဲ့ အမျိုးသမီးလေး မက်ဂ်။ဆယ်ကျော်သက်လူငယ်ကြိုက်၀တ္ထုတွေနဲ့ နာမည်ကြီးလာပေမဲ့ ဂန္ထ၀င်၀တ္ထုမျိုးကိုရေးကြည့်ဖို စိတ်ကူးယဉ်နေတဲ့ နာမည်ကျော်စာရေးဆရာဂရေဟမ်။ Blind Date Book Club ဆိုတဲ့ နာမည်ကြောင့် လူအများအာရုံစိုက်စရာဖြစ်လာတဲ့ နယ်မြိုလေးက မီမီစာအုပ်ဆိုင်လေးဟာ သူတို့နှစ်ဦးရဲ့ဆုံမှတ်ဖြစ်လာတဲ့အခါ။ မက်ဂ်နဲ့ဂရေဟမ်တို့ ဘယ်လိုစတင်ဆုံဆည်းကြမလဲ၊ သူတို့နှစ်ဦးတွေ့ဆုံရာ မြို့ငယ်လေးမှာ ဘယ်လိုအဖြစ်လေးတွေ ကြုံရမလဲဆိုတာ ရယ်တစ်ခါ ပြုံးတစ်လှည့်နဲ့ ကြည်ကြည်နူးနူးပေါ့ပေါ့ပါးပါးလေး ကြည့်ရှုလိုက်ရအောင်နော်…။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့C’mon ဖြစ်ပါတယ်)...
Suicide Island (2024) ⭐TMDB: 0% User Score 🎬 #Fantasy 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 40 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လူတွေက ရောဂါကပ်ဘေးတွေကိုသဘာဝကပ်ဘေးလို့ထင်ကြပေမယ့်တကယ်တော့ ဒီထူးဆန်းတဲ့ရောဂါပိုးတွေဟာသိပ္ပံပညာရှင်တွေရဲ့သုတေသနတွေကနေဖြစ်လာတာဖြစ်ပါတယ်။ ဒီဇာတ်ကားမှာ ထူးဆန်းတဲ့ရောဂါပိုးကြောင့် ရုတ်တရက်မျိုးရိုးဗီဇပြောင်းသွားပြီသာမန်လူထပ်အစွမ်းတွေပိုရှိသွားတဲ့ လူတစ်ယောက်အကြောင်းကိုရိုက်ထားတာဖြစ်ပါတယ်။ သူဟာသူ့ကိုယ်သူပြန်လည်ကုသနိုင်စွမ်းရှိတဲ့အတွက်သေခါနီးသန်းကြွယ်သူဌေးကြီးတစ်ယောက်က သူ့ရောဂါကိုကုသဖို့အတွက်ဒီမျိုးရိုးဗီဇပြောင်းလူသားကိုရှာပြီး ဆေးဖော်ဖို့ကြိုးစားတာဖြစ်ပါတယ်။ဒီဇာတ်ကားမှာရိုက်ပြချင်တာတွေများပြီး အလယ်ပိုင်းမှာရှုပ်ထွေးပေမယ့်နောက်ဆုံးကျရင်တော့အားလုံးကိုရှင်းရှင်းလင်းလင်းပြန်ချပြနိုင်တဲ့အတွက် မဆိုးလှတဲ့ဇာတ်လမ်းတစ်ခုလို့ပြောလို့ရပါတယ်။...
Novoland (2024) ⭐TMDB: 0% User Score 🎬 #Fantasy 🗓 2024 🎞 Series 🌎 #China #Indonesia ⏰ 1 နာရီ 31 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်လမ်းလေးအကြောင်းပြောရမယ်ဆိုရင်တော့နန်ဟွိုင်မြို့က ထူးဆန်းတဲ့လူသေမှုတွေကနေ အစချီပြောရမှာပဲ ။ပထမဆုံးယွင်ကျိုးကနေလာတဲ့မှော်ဆရာတစ်ယောက်ကထူးထူးဆန်းဆန်း ကောင်းကင်ကအပေါက်ကြီးပေါ်လာပြီးသူလည်းသွေးအန်ပြီးသေဆုံးသွားခဲ့တာပါ ။ အဲဒီမှော်ဆရာရဲ့ဈာပနကိုတော့ သူ့မိတ်ဆွေမြေရှင်ချန်ကခမ်းခမ်းနားနားကျင်းပပေးခဲ့ပါတယ် ။ ဒါ့အပြင် နန်ဟွိုင်မြို့မှာနောက်ထပ် မကောင်းတဲ့အရာတွေမကပ်အောင်လို့မန္တန်တွေရွတ်ဖို့တခြားမှော်ဆရာတွေကိုပါဖိတ်ပြီး စားပွဲတစ်ခုပါကျင်းပခဲ့ပါတယ် ။ မထင်မှတ်ထားဘဲ အဲဒီဈာပနကျင်းပတဲ့ရက်မှာပဲ မြေရှင်ချန်ရောဖိတ်ထားတဲ့မှော်ဆရာပါ ဆန်းကြယ်စွာသေဆုံးသွားပါတယ်။နန်းတော်ကအစောင့်တပ်တွေစစ်ဆေးတဲ့အချိန်မှာသေဆုံးသူရဲ့ဒဏ်ရာတွေက ထျန်းလော်ကြိုးမျှင်လို့ခေါ်တဲ့လက်နက်ကြောင့်သေဆုံးခဲ့တာဖြစ်နေပါတော့တယ် ။ ဒီလိုနဲ့ သူ့ရဲ့ထျန်းလော်ကြိုးမျှင်လက်နက်ပျောက်သွားမှန်းတောင်မသိတဲ့ယွင်ကျန့်ရယ် သူ့ဆရာဖြစ်သူရယ်က ဘာမှမသိလိုက်ဘဲ အဖမ်းခံလိုက်ရပါတော့တယ် ။မဟုတ်မခံနဲ့ ဘာမဆိုဝင်ဖြေရှင်းတတ်တဲ့ယွင်ကျန့်တစ်ယောက်သူတို့ဆရာတပည့်အဖမ်းခံရတဲ့ကိစ္စကိုဘယ်လိုဖော်ထုတ်သွားမလဲ ?နောက်ကွယ်ကတရားခံကဘယ်သူဖြစ်နေမလဲ ?တခြားဘယ်လိုအမှုတွေရော ပါဝင်နေအုံးမလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ ဆက်ဆက်ကြည့်ဖို့ တိုက်တွန်းလိုက်ပါရစေ...
The Prince & Me (2004) ⭐TMDB: 62% User Score 🎬 #Comedy #Family #Romance 🗓 2004 🎞 movie 🌎 #CzechRepublic #Switzerland #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 21 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 တော်ဝင်မင်းသားလေးတစ်ပါးနဲ့ သာမန်ကျောင်းသူလေးတစ်ယောက်တို့ရဲ့ တက္ကသိုလ်နေ့စွဲများအကြောင်းကိုအခြေခံလို့ ချစ်ခြင်းမေတ္တာဖွဲ့ ရုပ်ရှင်ကားအဖြစ် The Prince & Me (2004) ဇာတ်ကားလေးကို လူသိများကြပါတယ်။ အမေရိကန်မင်းသမီးချော Julia Stiles က ဇာတ်ကားရဲ့အသက်ဖြစ်တဲ့ သာမန်ကျောင်းသူလေး မော်ဂန်ပေ့ချ်အဖြစ်သရုပ်ဆောင်ထားပြီး ဒိန်းမတ်တော်ဝင်မင်းသားအဖြစ် Luke Mably တို့မှ အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ တော်ဝင် ဓလေ့ထုံးတမ်း အလေ့အကျင့်တွေနဲ့ သာမန်နေထိုင်မှုပုံစံ ကွာခြားပြီး မတူညီတဲ့ဘဝနှစ်ခုက လူငယ်နှစ်ဦး တွေ့ဆုံကြရာမှာ ဖြစ်တတ်တဲ့လောက သဘာဝတွေကို မြင်တွေ့ရမှာပါ။ Family,Comedy,Romance အမျိုးအစားရုပ်ရှင်ဖြစ်တာနဲ့အညီ ကြည်ကြည်နူးနူးလိုက်ပါရယ်မောရမယ့်ဇာတ်ကားလေးဖြစ်ပါတယ်။...
The Godfather Part III (1990) ⭐TMDB: 74% User Score 🎬 #Crime #Drama #Thriller 🗓 1990 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 50 မိနစ် 15 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Godfather: Part III(1990) IMDb…7.6,,,,Rotten…67% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး… ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်… (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part III လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး… ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…1080p 5.1CHနဲ့ 720p တို့အပြင် 360p လေးနဲ့ အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Zuel Khant Thwinပဲဖြစ်ပါတယ်...
The Godfather Part II (1974) ⭐TMDB: 86% User Score 🎬 #Crime #Drama 🗓 1974 🎞 movie 🌎 #USA #UnitedStates #UnitedStatesofAmerica ⏰ 3 နာရီ 22 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Godfather: Part II(1974) IMDb…9,,,,,Rotten…..97% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part 2 လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး… တစ်ခုတော့ပြောလို့ရတယ်…ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာဝရအကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရော အမြဲရှိနေလိမ့်မယ်လို့ပါ… ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…1080p တော့မတင်တော့ဘူးစဉ်းစားထားတယ်…720p ကို အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်… (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) Part 2 လာပါပြီ …ထုံးစံအတိုင်းပေါ့ဗျာ… ဒီကားရဲ့အညွှန်းကိုတော့ မရေးရဲလို့မရေးတော့ဘူး… တစ်ခုတော့ပြောလို့ရတယ်…ခင်ဗျားတို့ရဲ့ ရုပ်ရှင်ကြည့်သမိုင်းမှာ ထာ၀ရအကောင်းဆုံးဆိုသော ဇာတ်ကားစာရင်းထဲမှာ အခုရော နောင်ရော အမြဲရှိနေလိမ့်မယ်လို့ပါ… ကိုင်းခံစားကြည့်လိုက်ပါဦးဗျို့…1080p တော့မတင်တော့ဘူးစဥ်းစားထားတယ်…720p ကို အကောင်းမွန်ဆုံးတင်ပေးထားပါတယ်.. ဘာသာပြန်သူကတော့ Ko Ye Pye Sone ပဲဖြစ်ပါတယ်...
Aavesham (2024) ⭐IMDB: 8.2/10 (3 k Votes) 🎬 #Action #Bollywood #Comedy 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 36 မိနစ် 47 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Aavesham (2024)“မြေအောက်လောက” IMDb 8.2ရုံတင်ငွေ ကုဋေ ၁၅၀ (ဘတ်ဂျက်ငွေ ငါးဆ) ပြန်ရခဲ့တဲ့အပြင် ၂၀၂၄ အတွင်းဝင်ငွေအကောင်းဆုံးစာရင်းဝင် မလေယာလမ်း အက်ရှင်ဟာသကားတစ်ကား တင်ဆက်ပေးလိုက်ပါတယ် ဒီကားလေးဟာဆိုရင်ဖြင့် ကျောင်းသားဇာတ်လမ်းဖြစ်ပေမယ့်လို့ ရိုမန့်တွေ အနုအရွတွေထက်စာရင်ထစ်ကနဲရှိ ချမယ့် အက်ရှင်ဇာတ်ကြမ်းလေးဖြစ်ပြီး ဝေဖန်ရေးဆရာတွေလည်း အကြိုက်တွေ့ခဲ့ပါတယ် အာဂျူ ဘီဘီ ရှန်သန်တို့က ဘန်ဂလောက အင်ဂျင်နီယာကောလိပ်တစ်ခုမှာ ပညာသင်ဖို့ရောက်လာကြပါတယ် ကျောင်းမှာ ဂျူနီယာတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်လေ့ရှိတဲ့ စီနီယာတစ်စုက သူတို့အဆောင်ကဘော်ဒါတစ်ယောက်ကို ထိုးလွှတ်လိုက်တာကြောင့် ဂျူနီယာအချင်းချင်း လူစုပြီး ဇိုးတစ်သိုက်ကို ပြန်ချဖို့လုပ်ပေမယ့် သူတို့ပါ အရှက်တကွဲ ဝိုင်းရိုက်ခံလိုက်ရပါတယ် ဒါကို တေးထားတဲ့ အာဂျူက လက်တုံ့ပြန်ဖို့အတွက်အရက်ဘားတွေမှာ လူမိုက်လိုက်ရှာရင်း ဘားတစ်ခုမှာ ဆုံတဲ့ လူထူးဆန်းတစ်ယောက်ကို ဆရာတင်လိုက်တဲ့အခါမှာ ဆိုရင်တော့… ကျောင်းမှာ ဗိုလ်ကျနေတဲ့ စီနီယာတွေကို ပြန်လက်စားချေနိုင်မှာလား အရှုပ်အရှင်းတွေထဲ ရောက်သွားမလားဆိုတာကို မြိုင်မြိုင်ဆိုင်ဆိုင် ကြည့်ရမယ့် ဇာတ်လမ်းလေးဖြစ်ပါတယ် အညွှန်းနဲ့ ဘာသာပြန်ကတော့ Suri ~ Alex ~ ToMo ~ V ~ KKKZ တို့ ဖြစ်ပါတယ်...
Beautiful Rebel (2024) ⭐IMDB: 6.4/10 (329 Votes) 🎬 #Biography #Drama #Music #History 🗓 2024 🎞 movie 🌎 #Italy ⏰ 1 နာရီ 54 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီရုပ်ရှင်လေးကတော့ အီတလီရဲ့ အအောင်မြင်ဆုံး Rock Starတစ်ယောက်ဖြစ်တဲ့ Gianna Nanniniရဲ့ ဘဝဇာတ်ကြောင်းကို ရိုက်ကူးတင်ဆက်ထားတဲ့ အတ္ထုပတ္တိဇာတ်ကားလေးပဲဖြစ်ပါတယ်….။ ငယ်စဥ်ကတည်းက ဂီတကိုရူးသွပ်ပေမယ့် မိသားစုရဲ့ အားပေးပံ့ပိုးမှုမရခဲ့တော့ အခက်အခဲမျိုးစုံကြားကနေ ကိုယ့်လမ်းကိုယ်ဖောက်ခဲ့တဲ့ အမျိုးသမီးရော့ခ်အဆိုရှင် တစ်ယောက်ယောက်အကြောင်းကိုမြင်တွေ့ရမှာပါ…။ ထိုခေတ်အခါက အီတလီဂီတလောကမှာက အမျိုးသမီးဆိုရင် ပေါ့ပ်အမျိုးအစားဆိုမှ..၊ကြွကြွရွရွလေးဝတ်စားနေထိုင်ပြမှဆိုတဲ့ ပုံစံခွက်ထဲကနေ သူ့ကိုယ်ပိုင် ရော့ခ်ဂီတ ရော့ခ်ဟန်ပန်တွေနဲ့ ထိုးဖောက်ခဲ့သူလည်းဖြစ်ပါတယ်။ ကိုယ်ယုံကြည်ရာ ကိုယ်လုပ်တဲ့ သူ့ရဲ့အကျင့်စရိုက်ကြောင့်လည်း အီတလီရောခ့်ဂီတမှာ ထိပ်တန်းကိုရောက်စေခဲ့တာလို့လည်း ပြောနိုင်ပါတယ်…။ အီတလီရော့ခ်စတားတစ်ဦးရဲ့ အောင်မြင်ခဲ့တဲ့ သီချင်းတွေကို ခံစားရင်း သူ့ဘဝဇာတ်ကြောင်းကိုပါ ရှုစားရမယ့် ဇာတ်ကားလေး ဖြစ်တာမို့တင်ဆက်ပေးလိုက်ရပါတယ်ဗျာ...
Mar3y El Breemo (2023) ⭐IMDB: 2.8/10 (180 Votes) 🎬 #Comedy 🗓 2023 🎞 movie 🌎 #Egypt ⏰ 1 နာရီ 43 မိနစ် 5 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 စိတ်တွေမွန်းကြပ်နေတဲ့အချိန်မှာ စိတ်ပြေလက်ပျောက် ဟာသကားလေး ကြည့်ချင်တယ်ဆိုရင် အခုတင်ဆက်ပေးမယ့် Marei The Primo ဆိုတဲ့အီဂျစ်ဟာသလေးကိုကြည့်ဖို့ ညွှန်းပေးလိုက်ချင်ပါတယ်။ဇာတ်လမ်းဇာတ်ကွက်တွေက မဆိုသလောက် မြန်မာကားလေးနည်းနည်းဆန်တယ်ဆိုပေမဲ့ Netflix တန်းဝင်ဖြစ်တဲ့အတွက် သူ့ဟာလေးနဲ့သူတော့ ကြည့်လို့အဆင်ပြေပါတယ်။ ဇာတ်လမ်းအစမှာတော့ ကျိကျိတက်ချမ်းသာတဲ့ သူဌေးကြီး တစ်ယောက်က ပျောက်ဆုံးနေတာကြာပြီဖြစ်တဲ့ သူ့ရဲ့မြေးဖြစ်သူကို ရှာနေပုံကိုတွေ့ရမှာဖြစ်ပြီး ဥစ္စာလိုချင်ဇောနဲ့အကြံအဖန် လာလုပ်တဲ့ ဂျင်းကောင်တွေကို နောက်တစ်ခါဆိုတာ မရှိတော့အောင် သင်ခန်းစာပေးနေပုံကိုတွေ့ရမှာဖြစ်ပါတယ်။ဒီလိုနဲ့ နောက်တစ်ခန်း မှာတော့ မာရီဆိုတဲ့ ဖရဲသီးကုန်သည်တစ်ယောက်နဲ့ သူ့ဘ၀ကို ရိုက်ကူးပြသထားပါတယ်။နောက်ပိုင်းမှာတော့ ပရိသတ်ကြီးထင်တဲ့ အတိုင်းပါပဲ မာရီကခုနကသူဌေးကြီးရဲ့တကယ့်မြေးအရင်းဖြစ်နေပြီး အဖိုးဖြစ်သူနဲ့ သွားရောက်တွေ့ဆုံခဲ့ရပါတယ်။အဖိုးဖြစ်သူက သူ့မြေးနဲ့တွေ့တဲ့အခါမှာ သူ့ပိုင်ဆိုင်မှုတွေကို မျက်စိကျနေတဲ့ သူတွေရှိနေတဲ့အတွက် အချိန်တွေဆွဲမနေတော့ပဲ မာရီ့ကို ပိုင်ဆိုင်မှုတွေ အားလုံးပေါင်းထားတဲ့ စိန်တွေပေးလိုက်ပြီး ထိန်းသိမ်းထားခိုင်းလိုက်ပါတော့တယ်။မာရီကလည်း ဖရဲသီးကုန်သည် ပီပီ အိမ်မှာထားထားတဲ့ ဖရဲသီးတွေထဲကနှစ်လုံးထဲမှာ အဲ့ဒီစိန် တွေကိုဖွက်ထားလိုက်ပါတော့တယ်။ အဲ့ဒီအထိ ကိစ္စမရှိသေးပေမဲ့ နောက်နေ့မနက်နိုးလာတဲ့အချိန်မှာ သူ့မိန်းမကအိမ်က ဖရဲသီးတွေ အကုန်လုံးကိုရောင်းလိုက်ပြီဖြစ်တဲ့အတွက် စိန်တွေပါသွားတာက တစ်ကြောင်း သူ့အဖိုးရဲ့ပိုင်ဆိုင်မှုတွေကို တပ်မက်နေတဲ့လူတွေပါ အိမ်အထိရောက်ချလာပြီး ခြိမ်းခြောက်တောင်းယူတာက တစ်ကြောင်းနဲ့ ပြဿနာပေါင်းစုံကြုံတွေ့ပြီးအဲ့ဒီစိန်တွေကို ပြန်ယူနိုင်ဖို့ကြိုးစားရတဲ့ခရီးကြမ်းကြီးကို ဟာသပေါင်းများစွာနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။...
Down the Rabbit Hole (2024) ⭐IMDB: 5.5/10 (193 Votes) 🎬 #Comedy #Drama 🗓 2024 🎞 movie 🌎 #Mexico ⏰ 1 နာရီ 43 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Down the Rabbit Hole ကတော့ ၂၀၂၄ မေလ ၁ ရက်မှာ အသစ်ထွက်ရှိထားတဲ့မက္ကဆီကိုရုပ်ရှင်ကားတစ်ခုဖြစ်ပါတယ်။ ဟာသ၊ ဒရမ်မာအမျိုးအစားဖြစ်ပြီး ရုပ်ရှင်ရဲ့နာမည်အတိုင်း ယုန်တွင်းထဲကိုဝင်သွားမှ ထူးခြားဆန်းပြားတာကိုမြင်တွေ့ နိုင်မှာဖြစ်ပါတယ်။ ၁၀ နှစ်သားကလေးငယ်တစ်ယောက်ရဲ့ ကြွယ်ဝချမ်းသာမှုတွေကိုစတင်ရိုက်ကူးပြထားပြီး ဆက်ကြည့် သွားရင်းနဲ့မှ မက္ကဆီကိုမူးယစ်ဂိုဏ်းခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဖခင်ရဲ့ရာဇဝတ်မှုလုပ်ငန်းတွေ၊ ရက်စက်မှုတွေကို တို့ရှ်ထလီဆိုတဲ့ကလေးငယ်တစ်ယောက်ရဲ့ရှု့ထောင့်ကနေ ကြည့်ရှု့ခံစားရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ***************မြို့ပြင်ကခမ်းနားတဲ့နန်းတော်ကြီးတစ်ခုထဲမှာကြီးပြင်းလာတဲ့ ၁၀ နှစ်သားလေးတို့ရှ်ထလီဟာ ဖခင်ကအလိုလိုက်ခံထားရသူဖြစ်ပြီး လိုတာတလိုက်တိုင်းရရှိနေခဲ့ပါတယ်။ တိရစ္ဆာန်ချစ်တဲ့တို့ရှ်ထလီအတွက် ဖခင်က ကိုယ်ပိုင်တိရစ္ဆာန်ရုံ တစ်ခုတည်ဆောက်ပေးထားသလို သားငယ်ပါးစပ်ကဟလိုက်တဲ့ အရာတိုင်းကို မဖြစ်ဖြစ်အောင်ဖန်တီးပေးခဲ့ပါတယ်။ ကိုယ်ပိုင်တိရစ္ဆာန်ရုံမှာ ရှားပါးတိရစ္ဆာန်တွေကိုပိုင်ဆိုင် ထားရတာတောင်မှ အာဖရိကရေမြင်းငယ်လေးတွေကိုမှ အရူးအမူးလိုချင်နေတဲ့တို့ရှ်ထလီအတွက် ဖခင်ဖြစ်သူက အာဖရိကအထိတောင်လိုက်ပို့ပေးခဲ့တာပါ။ ဒါပေမဲ့ တို့ရှ်ထလီဟာ နန်းတော်ကြီးရဲ့အပြင်ကိုထွက်ခွင့်မရှိသလို အမှန်တရားတချို့ ကိုလည်း သိခွင့်မရှိခဲ့ပါဘူး။ တကယ်တော့ တို့ရှ်ထလီရဲ့ဖခင်ဟာ မက္ကဆီကိုရဲ့အလိုအရှိဆုံး မူးယစ်ဂိုဏ်းခေါင်းဆောင်တွေထဲက တစ်ဦးဖြစ်ပါတယ်။ သားဖြစ်သူအပေါ်မှာနူးညံ့ကြင်နာသလောက် တခြားသူတွေအတွက်တော့ တို့ရှ်ထလီရဲ့ဖခင်က ရက်စက်ကြမ်းကြုတ် သူတစ်ဦးပါ။ တစ်ဖြည်းဖြည်းကြီးပြင်းလာတဲ့တို့ရှ်ထလီဟာ စူးစမ်းလိုစိတ်လည်းပြင်းပြလာတာကြောင့် ဖခင်ရဲ့ရာဇဝတ်ဂိုဏ်းအကြောင်းကိုလည်း နည်းနည်းချင်းသိရှိ လာခဲ့ပါတော့တယ်။...
Seksi: Pantasya at pelikula (2024) ⭐IMDB: 6.9/10 (13 Votes) 🎬 #Uncategorized #Documentary 🗓 2024 🎞 movie 🌎 #Philippines ⏰ 48 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Seksi: Pantasya at Pelikula (2024) ======================== SEKSI Pantasya at Pelikula ဟာဖိလစ်ပိုင်ရုပ်ရှင်လောကရဲ့ အဖော်အချွတ်ဇာတ်ကားတွေအကြောင်းသမိုင်းနောက်ခံနဲ့ အနိမ့်အမြင့်အတက်အကျတွေ၊တကျော့ပြန်အောင်မြင်လာပုံတွေကိုလေ့လာကြည့်ရှုရမယ့် documentry တစ်ခုဖြစ်ပါတယ်။ အတိတ်က နာမည်ကျော်ဇာတ်ကားတွေရော၊ လတ်တလောအောင်မြင်ထားတဲ့ ဇာတ်ကားတွေရဲ့ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်၊ ဒါရိုက်တာတွေနဲ့ကင်မရာနောက်ကွယ်က ဖန်တီးရှင်တွေရဲ့အင်တာဗျူးတွေကိုပါ တွေ့မြင်ရမှာဖြစ်တဲ့အတွက် ဝါသနာရှင်ပရိသတ်တွေအတွက် ဗဟုသုတရစရာ documentry တစ်ခုလည်းဖြစ်ပါတယ်။ တစ်ချိန်က အလှပဂေးမမကြီးတွေဖြစ်တဲ့ Alma Moreno ၊ Maui Taylor၊ Katya Santos တို့အပါအဝင် လက်ရှိနာမည်ကျော် vivamax မင်းသမီးလေးတွေဖြစ်တဲ့ AJ Raval ၊Angeli Khang ၊ Stephanie Raz တို့လည်းပါဝင်အားဖြည့်ထားပါသေးတယ်။ ( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့...
Abbabba (2024) ⭐IMDB: 9.5/10 (127 Votes) 🎬 #Bollywood #Comedy #Horror 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 25 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Abbabba (2024) အဆောင်မှအပြန်ခရီး ဒီနေ့မှာတော့ ၂၀၁၅ ခုနှစ်က ဟစ်ဖြစ်ခဲ့တဲ့မလေးယာလမ်ကား Adi Kappiyare Kootamaniကို မှီငြမ်းထားတဲ့Abbabbaကားကို တင်ဆက်ပေးလိုက်ပါတယ်။ အားလုံးရဲ့ဘဝမှာ အပျော်ရွှင်ဆုံးအချိန်ကိုမေးရင် တက္ကသိုလ်ကျောင်းသားဘဝလို့ဖြေကြမှာပါ။ လူ့ဘဝထဲ မဝင်ခင် တက္ကသိုလ်ကျောင်းသားဘဝမှာ ပူပန်စရာဆိုလို့ ကျောင်းခေါ်ချိန် မပြည့်တာရယ်၊ လမကုန်ခင်ပိုက်ဆံကုန်သွားလို့ ခေါက်ဆွဲပြုတ်နဲ့ညားတာရယ်၊ ချစ်သူရည်းစားအရေးကိစ္စတွေလောက်ပဲ ရှိကြမှာပါ။ တက္ကသိုလ်မှာ အဆောင်နေကြတဲ့အခါ ဘယ်လောက်ပဲကြမ်းပါတယ် ကျပ်ပါတယ်ဆိုတဲ့အဆောင်ပဲပြောပြော ရှာကြံပျော်ရပါးရကြသေးတာပါ။ ဇာတ်ဆောင်ဒီလိကတော့ အရမ်းစည်းကမ်းတင်းကြပ်ပါတယ် ဆိုတဲ့ဖာသာကြီးလက်အောက်က အဆောင်မှာ နေနေတဲ့သူပါ။ တက္ကသိုလ်မှာရတဲ့ ရည်းစားလေးနဲ့ ဘဝကိုပျော်မွေ့နေတဲ့ ဒီလိဟာ တစ်နေ့မှာချစ်ရသူရဲ့ အခက်အခဲကို ကူညီပေးရဖို့ ဖြစ်လာပါတော့တယ်။ ပိုက်ဆံမရှိ အစွမ်းအစမရှိတဲ့ တက္ကသိုလ်ကျောင်းသားလူမွဲလေးဟာ ကြံရာမရဖြစ်နေတုန်းမှာ သူတို့သမီးရည်းစားစကားဝိုင်းကို ကြားသွားတဲ့ အာကီလာကကူညီပေးမယ်ဆိုလာခဲ့တယ်။ အပြန်အလှန်အနေနဲ့ သူတို့ယောက်ျားလေးအဆောင်ကိုငါးမိနစ်လောက် ခိုးဝင်ခွင့်ပေးရမယ် ဆိုလာတဲ့အခါ…….ဘာတွေဆက်ဖြစ်သွားမလဲ။ ဒီလီတစ်ယောက် ချစ်ရသူနဲ့ရော ပေါင်းစည်းနိုင်ပါ့မလား။အာကီလာကရော ဘာလို့အဆောင်ထဲဝင်ချင်ရတာလဲ၊ အဆောင်ကရော ပြန်ထွက်လို့ရပါ့မလား ဆိုတာတွေကိုတက္ကသိုလ်အငွေ့အသက်တွေ၊ ယောက်ျားလေးအဆောင်မှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဟာသတွေနဲ့အတူ စောင့်မျှော်ကြည့်ရှုပေးကြပါဦး။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်)...
Once Upon a Forest (1993) ⭐TMDB: 66% User Score 🎬 #Adventure #Animation #Drama #Family 🗓 1993 🎞 movie 🌎 #Argentina #Canada #Denmark #Spain #Taiwan #UnitedKingdom #UnitedStatesofAmerica ⏰ 1 နာရီ 11 မိနစ် 19 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Once Upon a Forest (1993)====================IMDb Rating – 6.4/10 ဖြူကောင်လေးရက်ဆယ်လ်ရယ်၊ ကြွက်မလေးအဘီဂေးလ်ရယ်၊ပွေးကောင်လေးအက်ဒ်ဂါရယ်၊ ခွေးတူဝက်တူလေးမစ်ရှယ်လ်ရယ်က ဒက်ပယ်ဝုဒ်မှာနေကြတဲ့တောကောင်လေးတွေပေါ့။ မစ်ရှယ်လ်ရဲ့ဦးလေး ကော်နီးလီးယပ်စ်ဆီမှာ သူတို့အတူတူ ပညာသင်ယူနေကြသတဲ့။ တစ်နေ့တော့ သူတို့နေတဲ့ဆီမှာ အဆိပ်ဓာတ်ငွေ့တွေရောက်လာပြီးတောကောင်လေးတွေအကုန် ဒုက္ခရောက်ကြတာပေါ့။ မစ်ရှယ်လ်လည်း အဆိပ်ဓာတ်ငွေ့တွေရှူမိပြီး မေ့လဲသွားရှာတယ်။ အဲဒါကြောင့်သူတို့သူငယ်ချင်းကိုကယ်ဖို့ ရက်ဆယ်လ်တို့သုံးယောက် ဆေးပင်ရှာတဲ့စွန့်စားခန်းကြီးဖွင့်ရတော့တာပေါ့။ လူသားတွေကြောင့် တောကောင်လေးတွေ ဒုက္ခရောက်ရပုံတွေ၊ ရက်ဆယ်လ်တို့သူငယ်ချင်းတစ်စုရဲ့သတ္တိရှိရှိနဲ့ ဆေးပင်ရှာပုံတော်ဖွင့်ခန်းကို ကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Ngwe Zin ဖြစ်ပါတယ်)...
Willow (1988) ⭐TMDB: 70% User Score 🎬 #Action #Adventure #Fantasy 🗓 1988 🎞 movie 🌎 #UnitedStatesofAmerica ⏰ 2 နာရီ 7 မိနစ် 4 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Willow (1988) Old but Gold, ရှင်ရှင်ကားဟောင်း တစ်ကားကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။The Lord of the Rings တို့လို့ ရုပ်ရှင်ကားကောင်းတွေ မထွက်ခင်က၁၉၈၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ အတော်လေးကြည့်ကောင်းတဲ့ Fantasy, Adventure ရုပ်ရှင်ကားတစ်ကားပါ။၁၉၈၈ ခုနှစ်က ထွက်ခဲ့တာမို့လို့ ဒီဖက်ခေတ်နဲ့ ပြန်ကြည့်ရင် အထူးပြုလုပ်ချက် လိုအပ်ချက်တွေ၊ဇာတ်လမ်းလိုအပ်ချက်တွေ ရှိကောင်းတော့ ရှိနိုင်ပါတယ်။ဒါပေမယ့် Fantasy, Adventure ရုပ်ရှင်ကြိုက်သူတွေအတွက်တော့ ကြည့်ရကျိုးနပ်မှာပါ ဇာတ်လမ်းအကျဉ်းကတော့ မှော်ပညာတွေ၊ နတ်သမီးတွေ၊ ဘီလူးတွေ၊ ကျိန်စာတွေ၊ လူပုလေးတွေ၊ငလက်မလေးတွေ အမှန်တကယ် တည်ရှိတဲ့ စိတ်ကူးယဉ်လောကကြီးတစ်ခုထဲမှာဝီလို ဆိုတဲ့ လူပုလေး တစ်ယောက် နေထိုင်ပါတယ်။သူက မှော်ဆရာအရမ်းဖြစ်ချင်နေတဲ့ သာမန်လယ်သမားလေးတစ်ယောက်ပါ။ဒီလိုနဲ့ ဒိုင်ကီနီမျိုးနွယ်က ကလေးတစ်ယောက် မြစ်ထဲကနေ မျောလာပြီး သူ့ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာပါတယ်။ထိုကလေးကတော့ မကောင်းတဲ့ မှော်ဆရာမ ဘုရင်မကြီး ဘက်ဗ်မော်ဒါကို ဖြုတ်ချမယ်လို့နိမိတ်ဖတ်ခြင်းကို ခံရလို့ ဘုရင်မကြီး လိုက်သတ်တာ ခံရရင်း မြစ်ထဲမျောလာခဲ့တာပါ။ဝီလိုလည်း ရွာကို လူတွေကို ကလေးအကြောင်း အသိပေးလိုက်တော့ရွာကလူတွေက ကလေးကို လက်မခံထားရဲတာမို့ ပြန်ပေးလိုက်ဖို့ ပြောကြပါတယ်။ပြန်ပေးဖို့ တာဝန်ကိုတော့ ဝီလို့ကိုပဲ ပေးလိုက်ပါတယ်။အဲလိုနဲ့ ဝီလိုတစ်ယောက် စွန့်စားခန်းထွက်ဖို့ ဖြစ်လာပါတော့တယ်…… အညွှန်း နဲ့ ဘာသာပြန်ကတော့Leonard Linပဲ ဖြစ်ပါတယ်။...
The Godfather (1972) ⭐TMDB: 87% User Score 🎬 #Crime #Drama 🗓 1972 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 2 နာရီ 57 မိနစ် 24 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Godfather(1972) IMDb…9.2,,,,Rotten…98% (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်…..အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့….ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်…တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ…ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြည်းဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ…ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့….ဘာသာပြန်ပေးသူကတော့ Ye Pye Sone ပါ… (ဒီကားက ယခင် ကျွန်တော် channelmyanmar မှ တင်ဆက်ပေးဖူးပါတယ်..သို့ပေမယ့် စာတန်းထိုးလိုအပ်ချက်တစ်ချို့ရှိလို့ ယခု အသစ်ဘာသာပြန်ပြီးတင်ဆင်ပေးထားပါတယ်…) ဒီကားရဲ့ ကောင်းမွန်ခြင်းတွေ အောင်မြင်မှုတွေကို တော်တော်များများသိကြမယ်ထင်ပါတယ်…..အော်စကာ (၃)ဆုရထားသလို အကောင်းမွန်ဆုံးသော Rating ရ ကာစာရင်းထဲမှာ အမြဲတမ်း ရှိနေလေရဲ့….ဒီကားရဲ့ အညွှန်းကိုလည်း မရေးတာက ကြည့်တဲ့သူအတွက်ပိုကောင်းပါတယ်…တစ်ခုပြောချင်တာက မကြည့်ရသေးတဲ့သူတွေအဖို့ ရှေ့ပိုင်းမိနစ်(၃၀)လောက်ကို စိတ်ရှည်ပေးပါ…ဇာတ်လမ်းရဲ့ အဓိက ဇာတ်ကောင်တွေ စရိုက်တွေအပြုအမူတွေကို တဖြညး္ဖြည်းချပြရင်း တကယ့်အကောင်းအမွန်ဆုံးသော အပိုင်းတွေကို ဆွဲခေါ်သွားမှာပို့ပါ…ကိုင်း ရုပ်ရှင်ချစ်ပရိတ်သတ်ကြီးများ ပြန်လည်ခံစားကြည့်လိုက်ပါဦးဗျို့….ဘာသာပြန်ပေးသူကတော့...
Iron Dart (2024) ⭐TMDB: 0% User Score 🎬 #Action #Drama 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 37 မိနစ် 1 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားလေးကတော့ ကိုယ်ရံတော်ဇာတ်လမ်းတွေကိုကြိုက်နှစ်သက်တဲ့ပရိသတ်တွေအတွက် အကြိုက်တွေ့စေမဲ့ အက်ရှင်ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ –ယန်အိမ်တော်ရဲ့အ မွေပြဿနာတွေကြောင့် လီကွေ့ဖန်းလို့ခေါ်တဲ့အမျိုးသမီးဟာ သူ့ရဲ့မတ်ဖြစ်သူထံကနေ သမီးလေးလက်ကိုဆွဲပြီးထွက်ပြေးနေရတာပါ။ အဲဒီအချိန် ထျယ်ရန့်လို့ခေါ်တဲ့ လူငယ်လေးကလည်း မြို့ကိုသူ့အဘွားလုပ်ခိုင်းလိုက်တဲ့ကိစ္စလေးကြောင့် မြို့ကိုရောက်နေတဲ့ဒုက္ခတွေ့နေတဲ့ လီကွေ့ဖန်းတို့သားအမိကိုကယ်လိုက်ပါတော့တယ် ။ အဲဒီအချိန်မှာ လူဆိုးတွေကလည်းဆက်တိုက်လိုက်နေတော့ လီကွေ့ဖန်းကထျယ်ရန့်ကိုသူ့ကို ၃၂နာရီပဲကာကွယ်ပေးဖို့တောင်းဆိုပါတော့တယ် ။တကယ်လို့ သူတို့သားအမိကိုသာ မနက်ဖြန်၁၀ နာရီထိကာကွယ်ပေးရင် သိန်း၅၀ပေးမယ်လို့ကမ်းလှမ်းပါတယ် ။ အဲဒီကမ်းလှမ်းချက်ကို ထျယ်ရန့်တစ်ယောက်လက်ခံလိုက်မလား ?ဒါမှမဟုတ် ၃၂နာရီအတွင်း ဘာတွေများဖြစ်လာလိမ့်မလဲဆိုတာကိုစိတ်ဝင်စားစွာကြည့်ရှုရမှာဖြစ်လို့ အဆုံးထိကြည့်ရှု့ဖို့တိုက်တွန်းလိုက်ပါရစေ...
My Little Nightmare (2024) ⭐IMDB: 2.5/10 (62 Votes) 🎬 #Thriller #Horror 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 2 နာရီ 15 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 My Little Nightmare (2024)===================== ဒီဇာတ်လမ်းထဲမှာ သူငယ်ချင်းငါးယောက်က အပျော်ခရီးထွက်ရင်းကလေးလေးတစ်ဦးကို ကားနဲ့တိုက်မိပြီး ကလေးလေး သေသွားခဲ့တယ်။ လူငယ်တွေဖြစ်ပြီး မူးနေတာကြောင့် ထောင်မကျချင်တဲ့ သူတို့သူငယ်ချင်းငါးယောက်က ကလေးရဲ့အလောင်းကို လမ်းဘေးထားပြီးထွက်ပြေးဖို့ မှားယွင်းစွာ ဆုံးဖြတ်ခဲ့ကြတယ်။ ဒီမတော်တဆမှုကို အားလုံးက မေ့ပျောက်လိုက်ကြပေမဲ့ နောက်ပိုင်းနှစ်ကြာလာတဲ့အခါမှာ အဲဒီအရာက သူတို့ကိုပြန်လက်စားချေဖို့ တစ်ယောက်ချင်းစီကို ဘယ်လိုရောက်လာမလဲဆိုတာကိုတော့ ဒီဇာတ်လမ်းထဲမှာ သဲထိတ်ရင်ဖို ကျောချမ်းစွာကြည့်ရှုရမှာပဲ ဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့Thwal Htoo Zin ဖြစ်ပါတယ်)...
Poojai (2014) ⭐IMDB: 5.3/10 (1 k Votes) 🎬 #Action #Bollywood #Drama #Family #Romance 🗓 2014 🎞 movie 🌎 #India ⏰ 2 နာရီ 30 မိနစ် 17 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Poojai (2014)”ဆုတောင်းပွဲ”====================== တမီလ်နာမည်ကျော်မင်းသား ဗစ်ရှယ်နဲ့ မင်းသားကြီး ကာမယ်လ်ဟာဆန်ရဲ့သမီး ရှရူတီဟာဆန်တို့ရဲ့ ၂၀၁၄ ခုနှစ်ကထွက်ရှိခဲ့တဲ့ အက်ရှင်ကားဟောင်းလေးတစ်ပုဒ်ကို ချန်နယ်မြန်မာပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ ဗာဆူဟာ အတိုးနင်းကန်တောင်းပြီး ငွေတိုးချေးစားတဲ့ တက်သစ်စ စီးပွားရေးသမားလေးပါ။သူဟာ ဇာတ်လိုက်တွေရဲ့ထုံးစံ မဟုတ်မခံစိတ်ရှိသူဖြစ်ပြီး ထောင့်လည်းမကျိုးတာကြောင့်နယ်ခံဂိုဏ်းစတားတွေ မျက်မုန်းကျိုးတာခံနေရတဲ့သူပေါ့။ အလိုလိုမှ မျက်မုန်းကျိုးခံနေရတဲ့ဗာဆူဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို သဝာ်ဖို့ကြိုးစားတဲ့လုပ်ကြံရေးဂိုဏ်းတစ်ခုရဲ့အစီအစဉ်ကို မတော်တဆ ဖျက်မိသွားတဲ့အတွက် တစ်နွယ်ငင်တစ်စင်ပါဆိုသလို နောက်ဆက်တွဲပြဿနာတွေကြုံလာရတဲ့အတွက် ဖြေရှင်းဖို့ကြိုးစားရပုံတွေကို ဒီရုပ်ရှင်ထဲမှာ မြင်တွေ့ကြရမှာပါ…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)...
