uz
Feedback

Firibgarlarga uchmang! Telemetrio bunday kanallarni topadi va belgilaydi 👉 Belgini ko‘rmoqchi bo‘lsangiz, obuna bo‘ling

ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Focus (2015) ⭐IMDB: 6.6/10 (259 k Votes) 🎬 #Comedy #Crime #Drama #Romance 🗓️ 2015 🎞️ Movie 📺 1080p 🌎 #UnitedStates #Argentina #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 2 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 မင်းသားကြီး Will Smith နဲ့ ဟာလေကွင်း မင်းသမီးချော Margot Robbie တို့ အဓိကပါဝင်ထားတဲ့ ဇာတ်ကားပါ။ ဇာတ်လမ်းက လူလိမ်သူခိုးဇာတ်လမ်းဆိုတော့ ကတုံးပေါ်ထိပ်ကွက် ခွကွက် ကျော်ကွက်တွေ အများကြီးနဲ့ တင်ဆက်ထားပါတယ်… Professional လုပ်ငန်းတွေမှာ ပါစင်နယ်ကိစ္စတွေ မရောသင့်ဘူးဆိုတာမျိုးကို အနောက်နိုင်ငံမှာ ပိုသုံးကြပါတယ်။ လူလိမ်လုပ်ငန်းမှာဆိုရင်တော့ ပိုဆိုးတာပေါ့..ပါစင်နယ်ရောလို့မရဘူး။ တစ်ယောက်ကိုတစ်ယောက် လျှို့ဝှက်တတ်တဲ့ လူလိမ်ပါတ်ကား ၂ ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်သွားကြတဲ့အခါမှာတော့… သူတို့ရဲ့မစ်ရှင်တွေအောင်မြင်ပါ့မလားဆိုတာ…….။ သရုပ်ဆောင် ၂ ယောက်ရဲ့ အက်တင်ကောင်းကောင်းနဲ့ ဇာတ်လမ်းရဲ့လှည့်ကွက်တွေကို ရှုစားရမှာပါ။ IMDb Rating (6.6) ရရှိထားပါတယ်။

Mother's Day (2023) ⭐IMDB: 5.3/10 (292 Votes) 🎬 #Action #Drama #Thriller 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India #Poland ⏰ 1 နာရီ 36 မိနစ် 11 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Mother’s Day (2023) ဒီတစ်​ခေါက် မိတ်ဆက်​ပေးမှာက​တော့ ခပ်ကြမ်းကြမ်း အက်ရှင်ကား​တွေကိုမှ ကြိုက်တဲ့သူ​တွေအတွက် Netflix မှာထွက်ထားတဲ့ သည်းထိတ်ရင်ဖို အက်ရှင်ကား​လေးပဲဖြစ်ပါတယ်။ ~ ဇာတ်လမ်းအကျဉ်း ~ ​နေတိုးအထူး​အေးဂျင့်​ဟောင်းတစ်ဦးဖြစ်တဲ့ နီနာတစ်​ယောက် နှစ်​ပေါင်းများစွာ တစ်​ယောက်တည်း ဇာတ်မြုပ်​နေရာက​နေ ရုတ်တရက် အ​​မေများ​နေ့မှာ သားဖြစ်သူ မက်စ် တစ်​ယောက် ရန်သူ​တွေရဲ့ အငြိုး​ကြောင့် ပြန်​​ပေးဆွဲခံလိုက်ရတဲ့အခါ သူ့ရဲ့ ​အေးဂျင့်တုန်းက စ​ကေး​တွေကို ဘယ်လိုထုတ်သုံးပြီး ပြန်ကယ်ထုတ်မလဲဆိုတာကို အက်ရှင်ခန်းများများနဲ့ ခပ်မိုက်မိုက် ကြမ်းကြမ်း​လေး ကြည့်ရမယ့် သည်းထိတ်ရင်ဖိုကား​လေး တစ်ကားပဲဖြစ်ပါတယ်။ (ဒီဇာတ်ကားနဲ့အညွှန်းကိုDBမှ ပြန်ဆို ရေးသားထားပါတယ်)

The Long Dark Trail (2022) ⭐IMDB: 3.0/10 (167 Votes) 🎬 #Horror 🗓️ 2022 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 18 မိနစ် 50 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 အခုဇာတ်ကားလေးကတော့ တကယ့်လက်တွေ့ဘဝမှာ ညီအစ်ကိုနှစ်ယောက်ဖြစ်တဲ့ Braddy O’Donnell နဲ့ Carter O’Donnell တို့က ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပါတယ်။ အဲဒါအပြင် ဝါရင့်သရုပ်မင်းသားကြီးတစ်ဦးဖြစ်တဲ့ Alex Huges ကပါ ပါဝင်အားဖြည့်ပေးထားပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ ဟင်နရီ နဲ့ ဂျေကော့ပ်လို့ခေါ်တဲ့ ဆင်းရဲနွမ်းပါးတဲ့ ညီအစ်ကို နှစ်ယောက်ဟာ သူတို့ကို ကိုယ်ထိလက်ရောက် နှိပ်စက်တတ်တဲ့ သူတို့အဖေဆီကနေ ထွက်ပြေးလာခဲ့ကြပါတယ်။ အဲဒီနောက်နှစ်ရှည်လများ အဆက်အသွယ်ပြတ်နေခဲ့တဲ့ သူတို့အမေအကြောင်းကို နားစွန်နားဖျားကြားလိုက်ရတဲ့အခါမှာ သူတို့အမေကိုလိုက်ရှာဖို့အတွက် ပန်ဆယ်ဗေးနီးယားမြို့ရဲ့ အနောက်မြောက်ဘက်မှာရှိတဲ့ တောအုပ်ကြီးဆီကို ခရီးထွက်ခဲ့ကြပါတော့တယ်။ တကယ်တမ်း သူတို့ရဲ့အမေက ဘယ်လိုနေထိုင်နေရပြီးတော့ ဘာတွေဖြစ်နေမလဲ၊ သူတို့ကို ဘာကြောင့် ငယ်ငယ်က စွန့်ပစ်သွားခဲ့ရတာလဲဆိုတာကိုတော့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားဖွယ် ကြည့်ရှုရမှာဖြစ်လို့ လာရောက်ကြည့်ရှုဖို့အတွက်ကို ဖိတ်ခေါ်လိုက်ပါတယ် ခင်ဗျ။

Step Up All In (2014) ⭐IMDB: 5.9/10 (35 k Votes) 🎬 #Drama #Music #Romance 🗓️ 2014 🎞️ Movie 📺 720p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်း ပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolution က ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီ ဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမား တွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေ အယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက် ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးက ပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင် ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီ တောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာ တောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာ လက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူက နိုင်သွားရင် အဲဒီမှာပဲ ၃ နှစ် သေချာပေါက် စာချုပ်ချုပ်ပြီး ဆက်တိုက် ဖျော်ဖြေပေးနေရမယ်တဲ့။ ဒီမှာတင် မုစ်ကို အသေအလဲကပ်ညှိတော့ လူတွေပတ်ခေါ်လိုက်ကြတာ မင်းသမီးဟောင်း အန်ဒီပါလာတယ် ဆန်တီယေဂို အမွှာ စက်ရုပ်ကြီး ဗလပ် ဂျပန်မကီဒို စသဖြင့် အုပ်စု အသစ်ပြန်ဖွဲ့ကြပြီး အနိုင်ရအောင်လုပ်ကြမှာကို ကြည့်ရမှာပါ။ ဒီမှာ ပြိုင်ဖက်အသစ် Grim Knight ဆိုတာ ဘယ်သူတွေလဲ၊ နောက်ထပ် စပရိုက်အသစ်တိုက်မယ့် အဖွဲ့ကတော့ ဘယ်သူတွေလဲ ဘာအခက်အခဲတွေ ကြုံဦးမလဲ ဒီလိုနဲ့ ကုလားကားဆန်ဆန် အုပ်လိုက်တွေ ရှယ်ကကြရင်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရမယ့် ကားလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ။

Step Up All In (2014) ⭐IMDB: 5.9/10 (35 k Votes) 🎬 #Drama #Music #Romance 🗓️ 2014 🎞️ Movie 📺 1080p 🌎 #UnitedStates #Canada #UnitedStatesofAmerica ⏰ 1 နာရီ 52 မိနစ် 8 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 5.9/10 Step Up ရုပ်ရှင်တွေရဲ့ နောက်ဆုံးကားဖြစ်ပါတယ်။ သူကတော့ ထူးထူးခြားခြား All In ဆိုတဲ့အတိုင်း ရှေ့ကလူတွေချည်း ပြန်သုံးထားတာပဲဖြစ်ပါတယ်။ အဓိက မင်းသားနေရာဆို Revolution က ရှောန် ပြန်ဖြစ်သွားပြီး မင်းသမီးနေရာကျ No 2 ထဲက အန်ဒီ ဖြစ်သွားပါတယ်။ နောက်ပြီး အရင်ကားက နာမည်ကြီး အကသမား တွေလည်း ပြန်ပါပေးထားတာပါ ဆရာသမား မုစ်အပါအဝင်ပေါ့လေ။ ဇာတ်လမ်းအရတော့ ရှောင်န်တို့အုပ်စု Revolution အပြီး မိုင်ယာမီကနေ အယ်အေကို ချီတက်လာကြပုံရတယ်။ လူရွေးပွဲတွေဝင်လျှောက် ခွေးတွေဖြစ် ပိုက်ဆံကမကျန် စသဖြင့်ပေါ့လေ ဒီတော့ တစ်ဖွဲ့သားလုံးက ပြန်ကြမယ်ပေါ့ မိုင်ယာမီ အိမ်ကွင်းမှာပဲ ဆက်ကြိုးစားကြရအောင် ပြောတော့ စကားများကြပြီး ရှောင်န်တစ်ယောက်တည်းသာ ကျန်ခဲ့ပါတယ်။ ဒီတော့ နေစရာမရှိတဲ့အတွက် မုစ်ကို အကူအညီ တောင်းတော့ သူတို့အဖိုးအဖွားရဲ့ ရွန်ဘအကသင်တန်းကျောင်းမှာ တောက်တိုမယ်ရလုပ်ရင်း ကပ်နေရပါတော့တယ်။ အဲဒီအချိန်မှာ လက်စ်ဗီးဂတ်စ်မှာ Vortex ဆိုတဲ့ ပြိုင်ပွဲသစ်ပေါ်လာတယ် သူက နိုင်သွားရင် အဲဒီမှာပဲ ၃ နှစ် သေချာပေါက် စာချုပ်ချုပ်ပြီး ဆက်တိုက် ဖျော်ဖြေပေးနေရမယ်တဲ့။ ဒီမှာတင် မုစ်ကို အသေအလဲကပ်ညှိတော့ လူတွေပတ်ခေါ်လိုက်ကြတာ မင်းသမီးဟောင်း အန်ဒီပါလာတယ် ဆန်တီယေဂို အမွှာ စက်ရုပ်ကြီး ဗလပ် ဂျပန်မကီဒို စသဖြင့် အုပ်စု အသစ်ပြန်ဖွဲ့ကြပြီး အနိုင်ရအောင်လုပ်ကြမှာကို ကြည့်ရမှာပါ။ ဒီမှာ ပြိုင်ဖက်အသစ် Grim Knight ဆိုတာ ဘယ်သူတွေလဲ၊ နောက်ထပ် စပရိုက်အသစ်တိုက်မယ့် အဖွဲ့ကတော့ ဘယ်သူတွေလဲ ဘာအခက်အခဲတွေ ကြုံဦးမလဲ ဒီလိုနဲ့ ကုလားကားဆန်ဆန် အုပ်လိုက်တွေ ရှယ်ကကြရင်း နောက်ဆုံးပိတ် အိတ်နဲ့လွယ်ရမယ့် ကားလေးဖြစ်ပါတယ်လို့ ပြောလိုက်ပါရစေ။

Step Up Revolution (2012) ⭐IMDB: 6.4/10 (57 k Votes) 🎬 #Drama #Music #Romance 🗓️ 2012 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 6.4/10 Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက် ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီ Revolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲ Falsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Message တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီး ပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကို တော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်း ဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်) သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင် Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameo အဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ဟိုတယ် တစ်ခုမှာ ဝန်ထမ်းလုပ်နေရင်း တစ်ဖက်မှာ သူ့သူငယ်ချင်းတွေနဲ့ Youtube မှာ လူ ၁ သန်း ကြည့်ရှုသူရအောင် The Mob ဆိုတဲ့ အဖွဲ့နဲ့ ထူးဆန်းတဲ့ Mob ကကွက်တွေ ဖန်တီးနေသူ။ ကြည့်တဲ့လူ ၁ သန်းပြည့်ရင် ဆုကြေးက တစ်သိန်းပေးမှာကိုး။ တစ်ဖက်မှာ အမ်မလီဆိုတဲ့ကောင်မလေးကကျ ဒီဟိုတယ်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး အဖေဖြစ်သူနဲ့ သဘောထား ကွဲလွဲပြီး အကသမား ဖြစ်ချင်နေတဲ့လူ။ အဲဒီမှာ နှစ်ယောက်သား ရေစက်ပါလို့ တွေ့ဆုံကြရင်းနဲ့ အမ်မလီကလည်း ဒီ The Mob ဆိုတဲ့ အဖွဲ့ကို ဝင်ချင်တဲ့အချိန်၊ အမ်မလီရဲ့အဖေက ရှောင်န်တို့ ရပ်ကွက်တွေကို ငွေနဲ့ပေါက်ဝယ် သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်ဖို့လုပ်တဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ သားအဖနှစ်ယောက်က ဘယ်လိုဖြစ်မလဲ ရှောင်န်တို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာကို ကကွက်ဝေဝေဆာဆာတွေ သီချင်းအမိုက် တွေနဲ့ ရှယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Step Up Revolution (2012) ⭐IMDB: 6.4/10 (57 k Votes) 🎬 #Drama #Music #Romance 🗓️ 2012 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 6.4/10 Step Up ရုပ်ရှင်တွေ အများကြီးထွက်ခဲ့တဲ့နောက် ကျွန်တော့်အတွက်တော့ အကြိုက်ဆုံးတွေက No 2 ပြီးရင် ဒီ Revolution ဖြစ်လိမ့်မယ်ထင်တယ် ဘာလို့လဲဆိုတော့ သူသွားတဲ့ ပုံစံက အရင်ကားတွေ အဖွဲ့လိုက် ယှဉ်ပြိုင်တာမျိုးတွေ မဟုတ်ပဲ Falsh Mob လို့ခေါ်တဲ့ အများလူကြားမှာ ပြချင်တဲ့ Message တစ်ခုကို ကြိုတင်ပြင်ဆင်ထားပြီး ရုတ်တရက် ထကကြပြီး ပုံဖော်တာမျိုးကို အသုံးပြုထားလို့ပဲ ဖြစ်တယ်။ ဒီကားမှာတော့ နာမည်က Revolution ဆိုတဲ့အတိုင်း တစ်ခုခုကို တော်လှန်တာတဲ့အကြောင်း Mob တွေ လုပ်ကြတာပေါ့။ ဒီကားမှာပါတဲ့ ကခန်းတွေကလည်း ပိုပြီး အနုပညာဆန်လာတယ် မျက်စိပဒေသာလည်း ဖြစ်တယ် (ပြတိုက်အခန်းနဲ့ ရုံးပုံစံ အခန်းဆို တော်တော်ကိုမိုက်တယ်) သီချင်းတွေလည်း အဲဒီခေတ်တုန်းက ခေတ်စားခဲ့တဲ့ Dubstep တွေအပြင် Hip Hop အလန်းစားတွေနဲ့ အရှေ့ကားက Legend တွေလည်း Cameo အဖြစ် ပြန်သရုပ်ဆောင်ထားကြသေးတာ။ ကဲ ဇာတ်လမ်းအကျဉ်းလေးကတော့ ရှောင်န်ဆိုတဲ့လူငယ်လေးက ဟိုတယ် တစ်ခုမှာ ဝန်ထမ်းလုပ်နေရင်း တစ်ဖက်မှာ သူ့သူငယ်ချင်းတွေနဲ့ Youtube မှာ လူ ၁ သန်း ကြည့်ရှုသူရအောင် The Mob ဆိုတဲ့ အဖွဲ့နဲ့ ထူးဆန်းတဲ့ Mob ကကွက်တွေ ဖန်တီးနေသူ။ ကြည့်တဲ့လူ ၁ သန်းပြည့်ရင် ဆုကြေးက တစ်သိန်းပေးမှာကိုး။ တစ်ဖက်မှာ အမ်မလီဆိုတဲ့ကောင်မလေးကကျ ဒီဟိုတယ်ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်ရဲ့ သမီး အဖေဖြစ်သူနဲ့ သဘောထား ကွဲလွဲပြီး အကသမား ဖြစ်ချင်နေတဲ့လူ။ အဲဒီမှာ နှစ်ယောက်သား ရေစက်ပါလို့ တွေ့ဆုံကြရင်းနဲ့ အမ်မလီကလည်း ဒီ The Mob ဆိုတဲ့ အဖွဲ့ကို ဝင်ချင်တဲ့အချိန်၊ အမ်မလီရဲ့အဖေက ရှောင်န်တို့ ရပ်ကွက်တွေကို ငွေနဲ့ပေါက်ဝယ် သိမ်းပိုက်ပြီး ဟိုတယ်တွေဆောက်ဖို့လုပ်တဲ့အချိန် ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲ ကြည့်ရမှာပါ။ သားအဖနှစ်ယောက်က ဘယ်လိုဖြစ်မလဲ ရှောင်န်တို့ကရော ဘယ်လိုတားဆီးကြမလဲဆိုတာကို ကကွက်ဝေဝေဆာဆာတွေ သီချင်းအမိုက် တွေနဲ့ ရှယ်ကြည့်ရမှာပဲ ဖြစ်ပါတယ်။

Step Up 3D (2010) ⭐IMDB: 6.1/10 (59 k Votes) 🎬 #Drama #Music #Romance 🗓️ 2010 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ် အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထား တာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့ နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲ ဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကို ဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမား မုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီး တော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYU ကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေ ပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်း သူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့ World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့ တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကို စည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။ တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာ တွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက် သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊ နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာ တွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။

Step Up 3D (2010) ⭐IMDB: 6.1/10 (59 k Votes) 🎬 #Drama #Music #Romance 🗓️ 2010 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 6.1/10 Step Up Franchise ရဲ့ ၃ ကားမြောက်လည်းဖြစ် အဲဒီခေတ်က 3D နည်းပညာပေါ်ပြီဆိုတော့ 3D နဲ့ရိုက်ထား တာလည်း ဖြစ်တဲ့ Step Up 3D ကားလေးပါ။ ဒီကားကိုတော့ နံပါတ် ၂ ကားကို ရိုက်ကူးခဲ့တဲ့ ဒါရိုက်တာ Jon M.Chu ပဲ ဆက်ရိုက်ကူးခဲ့တာပါ အဲဒါကြောင့်လားတော့ မသိ သူ့လူတွေကို ဝေဝေဆာဆာ ပြန်သုံးထားတာကို မြင်ရပါမယ် ဥပမာ မုစ်ပေါ့ ဒီကားမှာဆို အဓိကဇာတ်ရုပ်နီးပါး လုပ်ခွင့် ရသွားခဲ့တယ်။ ဒီကားလေးရဲ့အကြောင်းကတော့ ကျွန်တော်တို့ဆရာသမား မုစ်တစ်ယောက် နံပါတ် ၂ ကားထဲမှာ MSA အဖွဲ့နဲ့ သောင်းကျန်းပြီး တော့ မိဘကို နောက်ထပ်မကတော့ပါဘူး ကတိပေးပြီး NYU ကျောင်းကို အင်ဂျင်နီယာမေဂျာတက်ဖို့ ရောက်လာခဲ့တယ်။ အဲဒီမှာ ဝါသနာကို မစွန့်လွှတ်နိုင်ပဲ ကပွဲတစ်ခုမှာ ဝင်ကရာကနေ ပြဿနာတက်ပြီး လုခ်ဆိုတဲ့ လူတစ်ယောက်က ကယ်သွားခဲ့တယ်။ ဖြစ်ချင်တော့ ဒီ လုခ်ဆိုတဲ့ဘဲက အကပါရမီရှိတဲ့လူတွေကို စုဆောင်း သူ့ဂိုထောင်မှာ အတူတူထားပြီး ဆုကြေးငွေ ၁ သိန်းရှိတဲ့ World Jam ဆိုတဲ့ ပြိုင်ပွဲ ဝင်ပြိုင်ချင်တဲ့လူ။ မုစ်နဲ့ ပြဿနာဖြစ်ခဲ့ တာကလည်း သူတို့ရဲ့ ပြိုင်ဖက်တွေ အဲဒါနဲ့ လုခ်က မုစ်ကို စည်းရုံးသိမ်းသွင်းပြီး အဖွဲ့ထဲကိုခေါ်ပါတော့တယ်။ တစ်ဖက်မှာလည်း လျှို့ဝှက်ဆန်းကြယ်စွာ ပေါ်ပေါက်လာတဲ့ နာတာလီလို့ ခေါ်တဲ့ကောင်မလေးလည်း အဖွဲ့ထဲကို ဝင်ရောက်လာခဲ့ပါတယ်။ ဒီတော့ မုစ်တစ်ယောက် ကျောင်းပြဿနာ ကောင်မလေးပြဿနာ တွေနဲ့ ပြိုင်ပွဲတွေ ကောင်းကောင်းဝင်ပြိုင်နိုင်ပါ့မလား၊ လုခ်တစ်ယောက် သူ့ရဲ့လူတွေကို ဒီနေရာမှာဆက်ထိန်းထားနိုင်ဖို့ ဘာပြဿနာတွေကြုံရမလဲ၊ နာတာလီဆိုတဲ့ကောင်မလေးကရော ဘယ်သူလဲဆိုတာကို 3D နည်းပညာ တွေနဲ့ ရှယ်က ရှယ်ကြုံးကြတာကို ကြည့်ရမယ့် တတိယမြောက်ကားဖြစ်ပါတယ်။

Step Up 2: The Streets (2008) ⭐IMDB: 6.2/10 (89 k Votes) 🎬 #Drama #Music #Romance 🗓️ 2008 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 6.2/10 ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင် သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။ အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာ ပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသား Chaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆို နောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step Up Revolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။ အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံက လမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကို ကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်း တွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင် မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေက Cameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ မုစ်ပါပဲ။ ဒီရုပ်ရှင်အကြောင်းပြောရမယ်ဆို သူက မူလရုပ်ရှင်နဲ့ နည်းနည်းလေး ဆက်စပ်နေပါတယ်။ Step Up မှာတော့ မယ်ရီလန်းအနုပညာကျောင်းက တိုင်လာနဲ့ နိုရာအကြောင်း ပြီးသွားတဲ့နောက် တိုင်လာ့ညီမဝမ်းကွဲဖြစ်တဲ့ အန်ဒီအကြောင်းကို အခြေခံထားတာပါ တိုင်လာလည်း Cameo အဖြစ် ပြန်ပါထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်ဒီဆိုတဲ့ကောင်မလေးက လမ်းဘေးဖရီးစတိုင်အကကို ကနေရတာ ကျောင်းတွေလစ်ပြီး ကရလောက်တဲ့ထိကို ရူးသွပ်သူပေါ့။ မိခင်ဖြစ်သူ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့အတွက် အမေ့သူငယ်ချင်းအုပ်ထိန်းမှုအောက်နေရပြီး ပြန်အာခံတတ်သူလေးပေါ့။ အဲဒီမှာ အုပ်ထိန်းသူက မနိုင်တော့လို့ နယ်ပို့မယ့်အချိန်မှာ မယ်ရီလန်းအကကျောင်းတက်ရင် နယ်မပို့တော့ ဘူးဆိုလို့ ကြိတ်မှိတ်တက်လိုက်ရရော။ ဒီမှာတင် အရင်အဖွဲ့က လမ်းဘေးစတိုင်နဲ့ ဘဲလေးအက တူညီစရာလား ဘာလား မကျေမနပ်တွေဖြစ်ပြီး သူ့ကို ထုတ်လိုက်တော့ သူက လက်ရှိကျောင်းက ရွက်ပုန်းသီးတွေကို ရွေးထုတ် ကိုယ့်ဘာသာအဖွဲ့ထောင်ပြီး ဒီ The Streets လို့ ခေါ်တဲ့ လမ်းမကပွဲကို ဝင်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လိုကကြ လန်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ ကျွန်တော့်အတွက်ကတော့ မုစ်တစ်ယောက် မိုးရေထဲမှာ Timbaland သီချင်းကြီးနဲ့ ကပြသွားတာဆို ခုထိ မျက်စိထဲကနေ မထွက်သေးဘူး ပြောရမယ်။ နောက်ပြီး ၂၀၀၈ ပတ်ဝန်းကျင်က မြန်မာမှာရော ကမ္ဘာမှာရော နာမည်ကြီးခဲ့တဲ့ “ဆော်တကာ Low Low….” ဒီ Low ဆိုတဲ့သီချင်းဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးပဲ ဖြစ်ပါတယ်။ (ခုထိလည်း နားထောင်ကောင်းတုန်းပါ)

Step Up 2: The Streets (2008) ⭐IMDB: 6.2/10 (89 k Votes) 🎬 #Drama #Music #Romance 🗓️ 2008 🎞️ Movie 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 38 မိနစ် 6 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Genre – Drama, Music, RomanceIMDB – 6.2/10 ခင်ဗျားတို့တွေကို အကရုပ်ရှင် ဘာကောင်းလဲမေးလိုက်ရင် သေချာပေါက် Step Up ကားတစ်ကားကို ညွန်းပေးကြလိမ့်မယ်။ အဲဒီလို ညွန်းရအောင်လည်း သူက ၂၀၀၀ ခုနှစ်အကျော်တွေမှာ ပေါက်ခဲ့ပြီး Franchise ကြီးကို ဖြစ်သွားခဲ့တာကိုး။ မင်းသား Chaning Tatum စတင်ခဲ့လိုက်တဲ့ Step Up ရုပ်ရှင်ဟာဆို နောက်ပိုင်း Step Up 2 The Streets, Step Up 3D, Step Up Revolution နဲ့ Step Up All In ထိ ဆက်တိုက်ထွက်ခဲ့တယ်။ အဓိကကျောရိုးကတော့ ကျွန်တော်တို့ငယ်စဉ်ဘဝက သိခဲ့ကြတဲ့ ဟစ်ဟော့အက၊ ဖရီးစတိုင်၊ Underground လမ်းဘေးအကပေါင်းစုံက လမ်းဘေးကလူငယ်တွေရဲ့ လွတ်လပ်တဲ့ဘဝ၊ ရွေးချယ်မှုတွေကို ကိုယ်စားပြု တော်လှန်ရေးပြယုဂ်အနေနဲ့ဆိုပြီး သီချင်းကောင်းကောင်း တွေနဲ့ ရိုက်ကူးတင်ဆက်ပြတာမျိုး။ ဒီထဲက နာမည်ကြီးဇာတ်ကောင်တွေဆိုလည်း အဓိကဇာတ်ကောင် မဖြစ်ရပေမယ့် နောက်ပိုင်းကားတွေမှာပါ ဆရာကြီးနေရာတွေက Cameo ပြန်ပါတတ်ကြတယ်၊ ကျွန်တော်အကြိုက်ဆုံးကတော့ ဒီရုပ်ရှင်မှာ စပါဝင်လာတဲ့ မုစ်ပါပဲ။ ဒီရုပ်ရှင်အကြောင်းပြောရမယ်ဆို သူက မူလရုပ်ရှင်နဲ့ နည်းနည်းလေး ဆက်စပ်နေပါတယ်။ Step Up မှာတော့ မယ်ရီလန်းအနုပညာကျောင်းက တိုင်လာနဲ့ နိုရာအကြောင်း ပြီးသွားတဲ့နောက် တိုင်လာ့ညီမဝမ်းကွဲဖြစ်တဲ့ အန်ဒီအကြောင်းကို အခြေခံထားတာပါ တိုင်လာလည်း Cameo အဖြစ် ပြန်ပါထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့ အန်ဒီဆိုတဲ့ကောင်မလေးက လမ်းဘေးဖရီးစတိုင်အကကို ကနေရတာ ကျောင်းတွေလစ်ပြီး ကရလောက်တဲ့ထိကို ရူးသွပ်သူပေါ့။ မိခင်ဖြစ်သူ ကင်ဆာနဲ့ ဆုံးပါးသွားတဲ့အတွက် အမေ့သူငယ်ချင်းအုပ်ထိန်းမှုအောက်နေရပြီး ပြန်အာခံတတ်သူလေးပေါ့။ အဲဒီမှာ အုပ်ထိန်းသူက မနိုင်တော့လို့ နယ်ပို့မယ့်အချိန်မှာ မယ်ရီလန်းအကကျောင်းတက်ရင် နယ်မပို့တော့ ဘူးဆိုလို့ ကြိတ်မှိတ်တက်လိုက်ရရော။ ဒီမှာတင် အရင်အဖွဲ့က လမ်းဘေးစတိုင်နဲ့ ဘဲလေးအက တူညီစရာလား ဘာလား မကျေမနပ်တွေဖြစ်ပြီး သူ့ကို ထုတ်လိုက်တော့ သူက လက်ရှိကျောင်းက ရွက်ပုန်းသီးတွေကို ရွေးထုတ် ကိုယ့်ဘာသာအဖွဲ့ထောင်ပြီး ဒီ The Streets လို့ ခေါ်တဲ့ လမ်းမကပွဲကို ဝင်ပြိုင်ဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုအခက်အခဲတွေကြုံပြီး ဘယ်လိုကကြ လန်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။ ကျွန်တော့်အတွက်ကတော့ မုစ်တစ်ယောက် မိုးရေထဲမှာ Timbaland သီချင်းကြီးနဲ့ ကပြသွားတာဆို ခုထိ မျက်စိထဲကနေ မထွက်သေးဘူး ပြောရမယ်။ နောက်ပြီး ၂၀၀၈ ပတ်ဝန်းကျင်က မြန်မာမှာရော ကမ္ဘာမှာရော နာမည်ကြီးခဲ့တဲ့ “ဆော်တကာ Low Low….” ဒီ Low ဆိုတဲ့သီချင်းဟာ ဒီရုပ်ရှင်ရဲ့ ဇာတ်ဝင်တေးပဲ ဖြစ်ပါတယ်။ (ခုထိလည်း နားထောင်ကောင်းတုန်းပါ)

Step Up (2006) ⭐IMDB: 6.5/10 (122 k Votes) 🎬 #Crime #Drama #Music #Romance 🗓️ 2006 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့ teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာ ကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။ မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင် ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။ တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာ အကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီး တွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေး နိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့ စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့ သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်း အကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှု ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီး လူမှုအကျိုးဆောင်အနေနဲ့ တိုင်လာ မယ်ရီလန်းကျောင်းမှာ နာရီ ၂၀၀ ကျောင်းပြုပြင်သန့်ရှင်းရေး ဆောင်ရွက်ရပါတယ်။ စိတ်ပါလက်ပါ သွက်သွက်လက်လက်ကပြ လေ့ကျင့်နေတဲ့ နိုရာကို အမြဲကြည့် နေတတ်သူ တိုင်လာနဲ့၊ လူစားထိုးဖို့ လူမရှိရာက သင့်တော်တဲ့သူမ​တွေ့တဲ့ အဆုံး လေ့ကျင့်သူနေရာမှာ ရွက်ပုန်းသီးလေးတိုင်လာ လူစားထိုးဝင်ပေးရာက …

Step Up (2006) ⭐IMDB: 6.5/10 (122 k Votes) 🎬 #Crime #Drama #Music #Romance 🗓️ 2006 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 43 မိနစ် 49 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Channing Tatum ဆိုတဲ့ဘဲကြီးဆို မသိတဲ့သူ မရှိလောက်ပါဘူး။ ဒီဘဲကြီး ငယ်စဉ်ကရိုက်ခဲ့တဲ့ အကဖက်စပ် လူငယ်ကားတွေပေါ့။ ဒီကားက Step up Franchise ရဲ့အစပါ။ ၂၀၀၀ ခုနစ်ကနာမည်ကြီးခဲ့တဲ့ teenage ကားတွေထဲကတစ်ခုပေါ့။အမေရိကန်အကရုပ်ရှင်တွေရဲ့ ခေတ်ကဒီကားတွေက စတာပေါ့။အကကြိုက်တဲ့သူတွေ၊ အကအခုန် ဝါသနာ ကြီးသူတွေတော့ လက်လွှတ်မခံသင်တဲ့ ဇာတ်ကားတွေပါပဲ။ မင်းသမီး Jenna Dewan ဆိုတာကလည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တဲ့သူမို့ သူ(မ)ရဲ့ ရင်ခုန်စရကကွက်လေးတွေနဲ့တင် ဇာတ်ကားကကြည့်ရတာတန်နေပါပြီ။ ပထမကားရဲ့အစကတော့ ဒီလိုပါ။ တစ်ကားစီဖြတ်ကြည့်လို့ရပေမဲ့ ဇာတ်လမ်းအားလုံးကို ကြည့်ထားတာ အကောင်းဆုံးပါ။ဖြစ်နိုင်ရင် အစဉ်လိုက်ကြည့်ဖို့ recommend ပေးပါတယ်။ ပထမဆုံးအနေနဲ့ မယ်ရီလန်းအနုပညာကျောင်းက မြို့ထဲကကျောင်းကြီး တွေထဲက တစ်ကျောင်းပါ။အဲ့ကျောင်းမှာ တက်နေတဲ့ ကျောင်းသူမလေး နိုရာကတော့ အကကိုဝါသနာပါပြီး ဘဝတစ်ခုလုံး ရင်းနှီးပုံအပ်ထားတဲ့ စိတ်အားထက်သန်တဲ့ အကကျောင်းသူလေးပေါ့။သူ(မ) သူ(မ)အတွက် အရေးအကြီးဆုံးဖြစ်တဲ့ ကျောင်းရဲ့ Senior Showcase မှာ အကောင်းဆုံး ဖျော်ဖြေတင်ဆက်နိုင်ဖို့ အားခဲနေတာပါ။တစ်ဖက်က တိုင်လာကတော့ သူငယ်ချင်းတွေနဲ့ လမ်းမထက်မှာ ပျော်ပါးအချိန်ကုန် ဖြတ်သန်းနေရင်း အကပညာမှာပါရမီပါလာတဲ့ အညတရသားလေးပါ။သူတို့နှစ်ဉီးရဲ့ ဇာတ်လမ်းကတော့ သူ့သူငယ်ချင်းတစ်စုနဲ့ မယ်ရီလန်းကျောင်းပိုင် ပစ္စည်းတွေကို ဖျက်ဆီးကျောင်းထဲခိုးဝင် လက်သရမ်းမြူးထူးမှု ဖြစ်ရပ်ကနေ စတင်ခဲ့ပါတယ်။ တရားရုံးကနေ ပြစ်ဒဏ်ချမှတ်ခံရပြီး လူမှုအကျိုးဆောင်အနေနဲ့ တိုင်လာ မယ်ရီလန်းကျောင်းမှာ နာရီ ၂၀၀ ကျောင်းပြုပြင်သန့်ရှင်းရေး ဆောင်ရွက်ရပါတယ်။ စိတ်ပါလက်ပါ သွက်သွက်လက်လက်ကပြ လေ့ကျင့်နေတဲ့ နိုရာကို အမြဲကြည့် နေတတ်သူ တိုင်လာနဲ့၊ လူစားထိုးဖို့ လူမရှိရာက သင့်တော်တဲ့သူမ​တွေ့တဲ့ အဆုံး လေ့ကျင့်သူနေရာမှာ ရွက်ပုန်းသီးလေးတိုင်လာ လူစားထိုးဝင်ပေးရာက …

Raghavendra Stores (2023) ⭐IMDB: 8.2/10 (774 Votes) 🎬 #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #India ⏰ 1 နာရီ 44 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raghavendra Stores (2023)IMDb 8.2/10အိမ်မှုကိစ္စမကူ မိန်းမကို အမျိုးမျိုးဆူပူအနိုင်ကျင့်ကြတဲ့ အိန္ဒိယကားထုံးစံတွေကိုကြည့်ရတာ ငြီးငွေ့လာတဲ့သူတွေအတွက် ပျော်ပျော်နေတတ်ပြီး အချက်အပြုတ်တော်တဲ့မဟားဒယားမိန်းမလိုချင်နေတဲ့ အသက်၄၀အရွယ် လူပျိုကြီးအကြောင်းရိုက်ထားတဲ့ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ လူပျိုကြီး ဟာယာဗာဒါနာတယောက် သာရေးနာရေးပွဲတွေမှာ အိုးသူကြီးလုပ်ရင်းလူမှုအကျိုးပြုတွေလုပ်ရင်း ဘ၀ကိုပျော်ပျော် ဖြတ်သန်းနေပါတယ်။တရက် သူ့အိုးသူကြီးအဖွဲ့ကစကားမပြောတတ်တဲ့ ကိုဂလီကို မိန်းမလိုက်တောင်းပေးရာကစပြီး လူပျိုကြီးတယောက်မိန်းမအသည်းအသန်လိုချင်ပါတော့တယ်။လိုတာမရ ရတာမလိုနဲ့ နောက်ဆုံး အဖေဖြစ်သူကူညီစောင်မမှုနဲ့ သူကြိုက်တဲ့ကောင်မလေးတော့ ရပါရဲ့။မင်္ဂလာဆောင်တဲ့နေ့မှာ ဗေဒင်ဆရာကဂြိုလ်တွေနက္ခတ်တွေမကိုက်လို့ သတို့သား သတို့သမီးကို ၄ ရက်လောက်အတူမနေဖို့ပြောပါလေရော။ ကဲ ကျွန်တော်တို့ လူပျိုကြီး ဘယ်လိုဆက်ပြီး အလွဲလွဲ အချော်ချော်တွေနဲ့ မိန်းမနဲ့အတူနေဖို့ကြိုးစားမလဲဆိုတာ မပြုံးပဲ ဝက်လုံးကွဲရီရင်း ကြည့်လိုက်ကြပါအုံး။(အညွှန်းကို Bpl ရေးထားပြီး ဘာသာပြန်ကတော့ Bpl & chiclon3 & Saii & Yunni တို့ဖြစ်ပါတယ်)

Raghavendra Stores (2023) ⭐IMDB: 8.2/10 (774 Votes) 🎬 #Bollywood #Comedy #Drama 🗓️ 2023 🎞️ Movie 📺 1080p 🌎 #India ⏰ 1 နာရီ 44 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Raghavendra Stores (2023)IMDb 8.2/10အိမ်မှုကိစ္စမကူ မိန်းမကို အမျိုးမျိုးဆူပူအနိုင်ကျင့်ကြတဲ့ အိန္ဒိယကားထုံးစံတွေကိုကြည့်ရတာ ငြီးငွေ့လာတဲ့သူတွေအတွက် ပျော်ပျော်နေတတ်ပြီး အချက်အပြုတ်တော်တဲ့မဟားဒယားမိန်းမလိုချင်နေတဲ့ အသက်၄၀အရွယ် လူပျိုကြီးအကြောင်းရိုက်ထားတဲ့ဟာသကားလေး တင်ဆက်ပေးလိုက်ပါတယ်။ လူပျိုကြီး ဟာယာဗာဒါနာတယောက် သာရေးနာရေးပွဲတွေမှာ အိုးသူကြီးလုပ်ရင်းလူမှုအကျိုးပြုတွေလုပ်ရင်း ဘ၀ကိုပျော်ပျော် ဖြတ်သန်းနေပါတယ်။တရက် သူ့အိုးသူကြီးအဖွဲ့ကစကားမပြောတတ်တဲ့ ကိုဂလီကို မိန်းမလိုက်တောင်းပေးရာကစပြီး လူပျိုကြီးတယောက်မိန်းမအသည်းအသန်လိုချင်ပါတော့တယ်။လိုတာမရ ရတာမလိုနဲ့ နောက်ဆုံး အဖေဖြစ်သူကူညီစောင်မမှုနဲ့ သူကြိုက်တဲ့ကောင်မလေးတော့ ရပါရဲ့။မင်္ဂလာဆောင်တဲ့နေ့မှာ ဗေဒင်ဆရာကဂြိုလ်တွေနက္ခတ်တွေမကိုက်လို့ သတို့သား သတို့သမီးကို ၄ ရက်လောက်အတူမနေဖို့ပြောပါလေရော။ ကဲ ကျွန်တော်တို့ လူပျိုကြီး ဘယ်လိုဆက်ပြီး အလွဲလွဲ အချော်ချော်တွေနဲ့ မိန်းမနဲ့အတူနေဖို့ကြိုးစားမလဲဆိုတာ မပြုံးပဲ ဝက်လုံးကွဲရီရင်း ကြည့်လိုက်ကြပါအုံး။(အညွှန်းကို Bpl ရေးထားပြီး ဘာသာပြန်ကတော့ Bpl & chiclon3 & Saii & Yunni တို့ဖြစ်ပါတယ်)

Miller's Crossing (1990) ⭐IMDB: 7.7/10 (138 k Votes) 🎬 #Crime #Drama #Thriller 🗓️ 1990 🎞️ Movie 📺 720p 🌎 #UnitedStates ⏰ 1 နာရီ 55 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.7/10ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller’s crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ

Miller's Crossing (1990) ⭐IMDB: 7.7/10 (138 k Votes) 🎬 #Crime #Drama #Thriller 🗓️ 1990 🎞️ Movie 📺 1080p 🌎 #UnitedStates ⏰ 1 နာရီ 55 မိနစ် 12 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 IMDb 7.7/10ဒီတစ်ခေါက် မိတ်ဆက်ပေးချင်တဲ့ဇာတ်ကားကတော့ Miller’s crossing ဆိုတဲ့ ဂန်းစတားရုပ်ရှင်ပဲဖြစ်ပါတယ်ဇာတ်လမ်းကတော့ မြို့မှာအကြီးဆုံးဂိုဏ်းရဲ့ ခေါင်းဆောင် Leo ဟာ တခြားဂိုဏ်းခေါင်းဆောင် Caspar တောင်းဆိုတာကို ငြင်းလွှတ်လိုက်တာကနေစထားပါတယ်။ Caspar တောင်းဆိုတာကတော့ Leo ကောင်မလေးရဲ့မောင်ဖြစ်သူ Bernie က သူ့ကို သစ္စာဖောက်သွားလို့ သူ့လက်ထဲထည့်ဖို့ပါ တောင်းဆိုတာပါ။ အဲတော့ Leo ကမပေးဘူးပေါ့။Leo ရဲ့ အယုံကြည်ရဆုံး Tom ကတော့ တခြားဂိုဏ်းခေါင်းဆောင်တစ်ယောက်ကို စိတ်ကွက်အောင်လုပ်ဖို့ထက် Bernie ကိုပေးလိုက်ဖို့ အကြံပေးပါတယ်။ အဲလိုနဲ့ Tom တစ်ယောက် ဂိုဏ်းနှစ်ဂိုဏ်းကြားက ပါဝါဘက်ညီမှု ပြိုပျက်သွားတာကို ဘယ်လို ရင်ဆိုင်ဖြေရှင်းမလဲဆိုတာ ဒီဇာတ်လမ်းထဲမှာကြည့်ရှုခံစားကြရမှာပါ

Love & Death (2023-2023) ⭐IMDB: 7.6/10 (9 k Votes) 🎬 #Crime #Drama #Biography #Mystery #Thriller 🗓️ 2023-2023 🎞️ Series 📺 1080p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 53 မိနစ် 17 စက္ကန့် (တစ်ပိုင်းလျှင်) 👑 Channel Myanmar ဇာတ်ညွှန်း 📜 Love & Death (2023)Love & Death (2023) Ongoing Limited Series  ~ IMDb – 7.8/10, Rotten Tomatoes – 60% ~ (အချို့သော အခန်းတွေက အနည်းငယ်ကြမ်းလို့ မိသားစုနဲ့အတူ ကြည့်ရှူဖို့ မသင့်တော်ပါဘူး) ကြက်‌သွေးရောင်စုန်းမ တဖြစ်လဲ ဝန်ဒါ ဆိုတဲ့ အဗန်ဂျာဇာတ်ကောင်အနေနဲ့ လူသိများကြတဲ့ မင်းသမီး အဲလိဇဘက်အိုဆန်ရဲ့ စီးရီးအသစ်ထွက်လာပါပြီ။ ဒီစီးရီးဟာ ဖြစ်ရပ်မှန်ပေါ်အခြေခံပြီး ဒရာမာပြန်ခင်း ရိုက်ထားတာပဲဖြစ်ပါတယ်။ ၁၉၈၀ တုန်းက လူတစ်ယောက်ကို ပုဆိန်နဲ့ ရက်ရက်စက်စက်သတ်လိုက်တဲ့ နာမည်ကျော်မှုခင်းအကြောင်းကို အခြေခံထားတာပါ။ ပုဆိန်နဲ့ အချက်ပေါင်း ၄၁ ချက်တိတိ ခုတ်သတ်ခဲ့‌လို့ ပုဆိန်လူသတ်သမ ဆိုပြီးတော့တောင် အမေရိကန်ရဲ့မှုခင်းသမိုင်းမှာ နာမည်ကျော်ခဲ့တဲ့ Candy Montgomery ရဲ့အကြောင်းပေါ့။ ကန်ဒီ့မှာ ပတ်ဆိုတဲ့ ရိုးရိုးအေးအေးယောကျ်ားတစ်ယောက်ရှိပြီ ကလေးတွေနဲ့အတူ အိမ်ထောင်ရေးကို ပျင်းရိစရာ ဖြတ်သန်းနေပါတယ်။ အဲဒီမြို့လေးမှာ သူ့လိုပဲ ပျင်းရိစရာ အိမ်ထောင်ရှင်ယောကျ်ားတစ်ယောက်ရှိနေပြန်ပါရော။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ ဖောက်ပြန်ဖို့ တိုင်ပင်ဖြစ်ကြပါတော့တယ်။ ဒါပေမဲ့ အိမ်ထောင်ရေးကိုမထိခိုက်ကြေး ခံစားချက်တွေမပါကြေး စသဖြင့် စည်းကမ်းတွေနဲ့ စတင်လာခဲ့ပါတော့တယ်… ဒါပေမဲ့ ဘာတွေဘယ်လိုဆက်ဖြစ်လာပြီး နောက်ဆုံးမှာ ခံစားချက်တွေ ဘယ်လို ဖောက်ပြန်လာကြပြီး လူသတ်ပွဲတွေဖြစ်လာမလဲဆိုတာကိုတော့ တစ်ပတ် တစ်ပိုင်း ဆက်စောင့်ကြည့်ကြရအောင်… (ဒီစီးရီးကို အညွှန်းရေးသား ဘာသာပြန်ပေးသူကတော့ Mr. Anderson ပဲဖြစ်ပါတယ်)Size ~ 650MB+

Phantom (2013) ⭐IMDB: 5.9/10 (15 k Votes) 🎬 #Thriller #Drama #History #War 🗓️ 2013 🎞️ Movie 📺 720p 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 9 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 (၁၉၆၂) ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ ကျူးဘားဒုံးပျံအရေးအခင်းက ဆိုဗီယက်ပြည်ထောင်စုနဲ့ယူအက်စ်ကို နျူကလီးယားစစ်ပွဲဖြစ်ဖို့ ကိုက်အနည်းငယ်အကွာကို တွန်းပို့ခဲ့တယ်ဆိုရင် (၁၉၆၈) ခုနှစ်မေလမှာ ဖြစ်ပျက်ခဲ့တဲ့ ရုရှားဒုံးပစ်ရေငုပ်သင်္ဘောကြီး ရုတ်တရက်ပျောက်ဆုံးသွားခြင်းက တစ်ကမ္ဘာလုံးကို တတိယကမ္ဘာစစ်ဖို့ လက်မအနည်းငယ်အလိုထိ တွန်းပို့ပေးခဲ့တယ်လို့ ဆိုရပါမယ်။ ဒီဇာတ်လမ်းဟာဆိုရင် ဖြစ်ရပ်မှန်အပေါ်မှာ တစ်စိတ်တစ်ပိုင်းအခြေတည် ရိုက်ကူးထားတာဖြစ်ပြီး အတိတ်ကမတော်တဆမှုတစ်ခုကြောင့် အတိတ်ရဲ့အရိပ်တစ္ဆေခြောက်လှန့်ခြင်းကိုခံနေရတဲ့ ဇာတ်လိုက်ကပ္ပတိန်ဖြစ်သူ ဒယ်မီဟာ သူရဲ့နောက်ဆုံးမစ်ရှင်အဖြစ် သူတစ်ချိန်ကကွပ်ကဲခဲ့ဖူးတဲ့ ဘီ (၆၇) ရေငုပ်သင်္ဘောကြီးနဲ့အတူ ပင်လယ်ပြင်ခရီး စတင်ခဲ့ရပါတော့တယ် ကိုယ်ကိုယ်တိုင်တောင် ဘာမှန်းသိခွင့်မရှိတဲ့ မစ်ရှင်တစ်ခုအတွက် အစားထိုးဝန်ထမ်း ထူးဆန်းတဲ့လူတစ်စုနဲ့အတူ ပင်လယ်ပြင်ခရီးထွက်လာတဲ့ သင်္ဘောအရာရှိတစ်စုအတွက် ထူးဆန်းတဲ့အဖြစ်အပျက်တွေက စောင့်ကြိုနေတဲ့အခါ ဒီသင်္ဘောအရာရှိတစ်စုအနေနဲ့ လွတ်မြောက်ဖို့ဘယ်လိုကြိုးစားကြမလဲ ပျောက်ဆုံးသွားမဲ့ ဒီရေငုပ်သင်္ဘောကြီးဆီကနေ ဘယ်သူတွေအသက်ရှင်ရက် လွတ်မြောက်လာနိုင်မလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ် IMDB rating အနေနဲ့ 5.9 အထိရရှိထားပြီး စစ်ကားဖြစ်တာမို့ လူတိုင်းကြိုက်လောက်မဲ့အထဲမှာမပါပေမဲ့ Thriller ဆန်ဆန်စစ်ကားတွေ သဘောကျတတ်တဲ့သူတွေအတွက်တော့ စိတ်ကျေနပ်မှုအပြည့်အဝရစေမဲ့ ဇာတ်အိမ်ခိုင်ခိုင်စစ်ကားကောင်းတစ်ကားဖြစ်ပါတယ်ခင်ဗျာ

Fanfic (2023) ⭐IMDB: 5.1/10 (311 Votes) 🎬 #Drama 🗓️ 2023 🎞️ Movie 📺 720p 🌎 #Poland ⏰ 1 နာရီ 35 မိနစ် 55 စက္ကန့် 👑 Channel Myanmar ဇာတ်ညွှန်း 📜 Fanfic (2023)============ နေ့စဥ်လူ​နေဘဝမှာ စိတ်ပင်ပန်းစရာ​တွေ၊​ပျော်ရွှင်စရာ၊ ဝမ်းနည်းစရာတွေက လူတိုင်း​တွေ့ကြုံခံစား​နေရတဲ့ကိစ္စ​တွေပါပဲ၊ “ငါက ဘယ်လိုလူလဲငါက ဘာမို့လို့ ဒါကိုမလုပ်နိုင်ရတာလဲ” စသဖြင့် မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံး​နေတာလည်း ပိုပြီးဆိုးရွားတဲ့ခံစားချက်ပါပဲ “။ ငါ လမ်း​​ပျောက်​နေပြီ၊ ငါဘာဆက်လုပ်မလဲ၊ ငါကဘာ​ကောင်မှန်းမသိ​တော့ဘူး” ဒါ​တွေကကျွန်​တော်တို့ အ​တွေး​တွေထဲ အမြဲတ​စေ တခါတရံဖြစ်​ပေါ်လာတတ်ပါတယ်။ မိသားစုပြဿနာ​တွေ၊ အလုပ်ကိစ္စအဆင်မ​ပြေတဲ့အခါ၊ သမီးရည်းစားရန်ဖြစ်တာမျိုး​တွေမှာ၊ နှစ်ဦးနှစ်ဖက်ညှိနှိုင်းမရတဲ့အခါမျိုး​တွေမှာ စိတ်ရူးမတတ်အ​ခြေအ​နေမျိုး​တွေဖြစ်လာတတ်တယ်၊ အထူးသဖြင့် ခံစားချက်ကို ထိန်းချုပ်ဖို့မလွယ်တဲ့ ဆယ်​ကျော်သက်အရွယ်​တွေ​ပေါ့။ ဒီဇာတ်လမ်းမှာ ဆယ်​ကျော်သက်တွေဖြစ်တတ်တဲ့ စိတ်ကူးအယဥ်လွန်ပြီး​အမှားလုပ်မိတာ​တွေ၊ မိမိကိုယ်မိမိယုံကြည်မှု​ပျောက်ဆုံးတာ၊တဖက်လူရဲ့ခံစားချက်ကိုထည့်မတွက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တတ်တာ၊ အရာရာကိုငါသိငါတတ်ဆိုတဲ့စိတ်​အခံ​တွေ၊ မိဘနဲ့သားသမီးကြားက မလိုအပ်တဲ့ အသေးအမွှားပြဿနာ​လေး​တွေကို​ဖော်ကျူးထားတာဖြစ်လို့ ငါသာဆိုရင်သူ့​နေရာမှာ ဘာလုပ်မလဲ စသဖြင့် ​ကိုယ်တိုင်ခံစားဖြည့်​တွေးရင်း ကြည့်ရှုရမယ့် ဇာတ်ကားလေးမို့ ခံစားကြည့်ရှုလိုက်ကြပါဦး။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ZWT ဖြစ်ပါတယ်)