ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
Eye for an Eye (2019)
⭐IMDB: 6.6/10 (8 k Votes)
🎬 #Crime #Drama #Thriller
🗓 2019 🎞 movie
🌎 #Spain #France #UnitedStates #Belgium #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 48 မိနစ် 25 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDb Rating 6.6 ရရှိထားတဲ့ Eye for an Eye ဆိုတဲ့ ၂၀၁၉ ခုနှစ်က
ထွက်ရှိထားတဲ့ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။
ဒရာမာ ပြစ်မှု သည်းထိတ်ရင်ဖိုအစရှိတဲ့ ရသအမျိုးမျိုးအထွေအထွေကို
ပေါင်းစပ်ရိုက်ကူးထားပြီး ကြည့်ရကျိုးနပ်မဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။
ဇာတ်လမ်းအစမှာတော့
ပါဒင်ဆိုတဲ့ မူးယစ်ဆေးရောင်းဝယ်တဲ့ ဒုစရိုက်ဂိုဏ်းကြီးရဲ့ လှုပ်ရှားနေပုံတွေကို
တွေ့ရမှာဖြစ်ပြီး သူတို့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အဖေဖြစ်သူကတော့ ထောင်ကျနေရာကနေ
ကျန်းမာရေးမကောင်းတဲ့အတွက် ဆေးရုံတက်ဖို့ထောင်ထဲကထွက်လာခဲ့ပါတော့တယ်။
ဒီကိစ္စနဲ့ပတ်သတ်ပြီး မကျေနပ်ဖြစ်တဲ့သူက မကျေနပ်ကြပါဘူး။ဘာလို့လဲဆိုတော့
သူရောင်းခဲ့တဲ့ မူးယစ်ဆေးဝါးတွေကြောင့် ဘဝပျက်ခဲ့ရတဲ့လူတွေ သေခဲ့ရတဲ့လူတွေ
မနည်းလို့ပါပဲ။မာရီယိုဆိုတဲ့ လူတစ်ယောက်ကလည်း သူ့ညီကိုမူးယစ်ဆေးကြောင့်
ဆုံးရှုံးခဲ့ရဖူးပါတယ်။ဖြစ်ချင်တော့ မာရီယိုကမစ္စတာပါဒင်လာရောက်နေထိုင်တဲ့
သက်ကြီးရွယ်အို စောင့်ရှောက်ရေးဂေဟာကသူနာပြုဖြစ်နေတဲ့အခါမှာတော့
သူတို့နှစ်ယောက်တွေ့ကြပြီး ဘယ်လိုစိတ်ဝင်စားစရာတွေကြုံတွေ့ရမလဲဆိုတာကို
ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ်။...
P.S. Girls (2016)
⭐IMDB: 5.8/10 (25 Votes)
🎬 #Adult #Drama #Romance #Thriller
🗓 2016 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 32 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အကြွေးတွေ ချာလပါတ်နဲ့ ချစ်စရာ ကိုးရီးယားမယ်လေးအကြောင်းပြောပြရဦးမယ်သူ့ဘဝကအတော်ပြည့်စုံတယ်မရှိပါဘူး သူ့အဒေါ်လက်ထဲကလွတ်ဖို့လမ်းရှာရင်းဆေးရုံတစ်ရုံမှာ အလုပ်ရပါတယ်
တင်နေတဲ့အကြွေးတွေ ဆပ်ဖို့ကြိုးစားရင်း နောက်အလုပ်တစ်ခုထပ်ရှာဖို့ကြိုးစားရတာကနေသူငယ်ချင်းကောင်းမှု့ကြောင့် အွန်လိုင်းကနေအသံနဲ့ လိင်ဖျော်ဖြေပေးရတဲ့အလုပ်တစ်ခုရသွားပါတယ် ကံများကောင်းချင်တော့ ဆေးရုံအုပ်ကလည်း သူ့ကိုတန်းတန်းစွဲဖြစ်နေပါတယ်။ |
ဒါပေမဲ့ သူ့ရဲ့ဒုတိယအလုပ်အကြောင်း မသိပါဘူး။ သူတို့အလုပ်က အဆင်ပြေရင်ပြေသလို အပြင်မှာပါဝင်ငွေအတွက် အလုပ်လုပ်ကြပါတယ်။ အမျိုးစုံဘယ်လိုကြိုးခုန်မလဲဆိုတာစိတ်ဝင်စားဖို့ကောင်းတာမို့ DS fans တွေအတွက် တင်ဆက်လိုက်ပါတယ်။
(Dark Side Production မှ တင်ဆက်သည်။)
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။...
Iraivan (2023)
⭐IMDB: 5.0/10 (933 Votes)
🎬 #Action #Bollywood #Crime #Drama #Thriller #Horror
🗓 2023 🎞 movie
🌎 #India
⏰ 2 နာရီ 14 မိနစ် 30 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Iraivan 2023 (သို့) အပြုံးလူသတ်သမား
IMDb 5.1/10 ဘတ်ဂျက် သန်း ၂၈၀ သုံးထားပြီးသတ်ခန်းဖြတ်ခန်းတွေကို ဆင်ဆာဖြတ်ထားခြင်းမရှိဘဲ သွေးသံရဲရဲနဲ့ ကျောချမ်းစရာမြင်ကွင်းတွေကိုကွင်းကွင်းကွက်ကွက်ပြသထားတဲ့ ရုံကားတစ်ကားပဲဖြစ်ပါတယ် အပြုံးလူသတ်သမား ..
ဒီနာမည်ဖြစ်တည်လာပုံကတော့ စိတ္တဇလူသတ်သမားကသူသတ်တဲ့လူကို အပြုံးလှလှလေးတစ်ခုဖန်တီးပေးလိုက်လို့ပါပဲဘယ်လိုမျိုးလဲဆိုရင် သေရင်တောင်မှ ပီပြင်တဲ့အပြုံးတစ်ခုပေါ်လွင်လာဖို့ ပါးနှစ်ဖက်စလုံးမှာပါးစပ်ကိုဓားနဲ့ထိုးခွဲပြီးဖန်တီးပေးလိုက်တာပါ ဒါတင်မက မျက်လုံးတွေကိုပါဖောက်ထုတ်ပြီးတစ်ကိုယ်လုံးကိုဓားနဲ့မွှန်းပြီး လူမြင်ကွင်းမှာ သွားသွားပစ်ထားတတ်တာက သူ့အကျင့်လေးတစ်ခုပေါ့
ဒါပေမဲ့သူ့သင်္ကေတကတော့မိန်းကလေးတွေကိုပဲသတ်တာပါ ကျားဆိုယောင်လို့တောင်လှည့်မကြည့်တတ်တဲ့ဒီအပြုံးလူသတ်သမားကြောင့်ချန်နိုင်းရဲမင်းကြီးက ဒီအမှုကို မင်းသား၂လက်ဖြစ်တဲ့ အန်ဒရူးနဲ့ အာဂျွန့်ဆီတာဝန်ပေးအပ်လိုက်ပါတယ်သိုပေတည်း ၆လကြာတဲ့အထိ အသတ်ခံရတဲ့မိန်းကလေး ၁၂ယောက်တောင်ဖြစ်လာခဲ့ပြီး လူသတ်သမားအကြောင်းတစ်စွန်းတစ်စတောင်မသိရလေတော့ ပြည်သူတွေအုံကြွပြီး ဆန္ဒတွေပြကြနဲ့ အဘက်ဘက်ကဖိအားတွေနဲ့ သူတို့၂ယောက်..ဥာဏ်ပြေးလွန်းတဲ့ စိတ္တဇလူသတ်သမားနဲ့ ရဲတွေကြား ပညာပြိုင်ကြပုံကို ရင်တထိတ်ထိတ်နဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ်
(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး ဘာသာပြန်တွေကတော့ Yunni ~ BpL ~V ~ Zwe ~ Alex ~ ToMo ပဲဖြစ်ပါတယ်)
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Believer (2001)
⭐IMDB: 7.1/10 (40 k Votes)
🎬 #Drama
🗓 2001 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 38 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
The Believer (2001)
~ IMDb – 7.1/10, Rotten Tomatoes – 82% ~
ဒီရုပ်ရှင်က ဒါရိုက်တာ Henry Bean ရဲ့ မာစတာပိစ်လို့ ပြောလို့ရတယ်။ သူ့ရဲ့ရုပ်ရှင်တွေက အတွေးအခေါ်ပိုင်းဆိုင်ရာကို နက်နက်နဲနဲသေချာရိုက်ပြတတ်တယ်။ ဒါကတော့ ထောင်စုနှစ်နဲ့ချီအမြစ်တွယ်လာခဲ့တဲ့ ဂျူးမုန်းတီးရေးအကြောင်းပေါ့။ Ryan Gosling ကလည်း ဒီလိုရုပ်ရှင်တွေနဲ့မှ ကံပါတယ်ထင်ပါရဲ့။ သူ့ရဲ့ ခပ်အေးအေးမျက်နှာပေါက်က အဖြေထုတ်ရခက်တဲ့ အတွေးတွေကို ပိတ်ကားချထားမှန်း မြင်သာရတယ်။
အဓိကဇာတ်ကောင် ဒန်နီယယ်ဘေးလင့် (Ryan Gosling) က နာဇီတစ်ယောက်။ ပိုထူးခြားတာက သူကိုယ်တိုင်က ဂျူးဖြစ်နေပါရက် ဂျူးတွေကို သိပ်မုန်းတီးနေခဲ့တာပဲ။ ဂျူးနာဇီတစ်ယောက်ပေါ့လေ။ ဘာသာရေးကို မေးခွန်းထုတ်ရာကစလို့ သူ့ရဲ့ အစွန်းရောက်အတွေးအခေါ်တွေရဲ့ ခေါ်ဆောင်မှုနောက်လိုက်ရင်း နီယိုနာဇီလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။ ဂျူးတွေနဲ့ပတ်သက်လို့ သူပြောတဲ့စကားတွေက သိပ်ကို အစွန်းရောက်လွန်းတယ်။ အဲဒါတွေကြောင့် သူ့ကို ဂျူးဖြစ်မယ်လို့ ဘယ်သူမှ မထင်ခဲ့ကြဘူး။ ဒါပေမဲ့ အမှန်တရားဆိုတာ ဘယ်လိုဖုံးကွယ်လို့ရမလဲ။ လူတိုင်းဟာ ကိုယ့်လုပ်ရပ်ရဲ့ အကျိုးဆက်တွေကိုခံစားရတာပဲမလား။ အစကနေ အဆုံးထိ စိတ်ဝင်စားစရာသိပ်ကောင်းပါတယ်။
ဒီရုပ်ရှင်က ကြည့်ရှုတဲ့သူတွေကို ရှုပ်ထွေးတဲ့ယုံကြည်သက်ဝင်ခြင်းတွေအပေါ် ပြန်မေးခွန်းထုတ်စေတယ်။ ဒန်နီရဲ့ ဘဝကို ခြေရာကောက်ရင်း သူ့စိတ်တွင်းပဟေဠိတွေအပေါ် ဘယ်လိုအဖြေထုတ်ကြမလဲ ရွေးချယ်ခွင့်တွေပေးထားတယ်။ အစွန်းရောက်လွန်းနေတဲ့ ဒန်နီရဲ့ အတွေးအခေါ်တွေကို ကြည့်ရှုသူတွေနဲ့ ထိတွေ့ခွင့်ပေးပြီး ဒီလို ဆိုးယုတ်တဲ့လမ်းစဉ်အပေါ် ဘာကြောင့်လျှောက်လှမ်းစေသလဲဆိုတဲ့အဖြေကို ကြည့်ရင်းရှာဖို့ သဲလွန်စလေးတွေ ချန်ပေးခဲ့တယ်။
ရုပ်ရှင်ဇာတ်ကြောကောင်းလွန်းတဲ့အပြင် ရိုက်ကူးထားတဲ့ပုံစံကလည်း နက်နဲပြီး ကဗျာဆန်တယ်။ ဒန်နီရဲ့ စိတ်ကူးတွေကို အဖြူအမည်းနဲ့ အရောင်ခြယ်လိုက်ခြင်းက သူ့ရင်ထဲ စိုက်တဲ့ဓားသွားတွေ ဘယ်လောက်ထက်သလဲဆိုတာကို သွယ်ဝိုက်ဖော်ပြနေခဲ့သလိုပဲ။ အဲဒီလိုနောက်ကြောင်းပြန်တဲ့ပုံစံတွေက ဒန်နီရဲ့ စရိုက်ကို ပါ ထင်းနေအောင် ဖော်ပြတယ်။ ကျွန်တော်တို့ကိုယ်တိုင်ပါ ဒန်နီဖြစ်မှန်းမသိ ဖြစ်နေခဲ့ပြီလားလို့ ထင်ရစေတယ်။
ဒီရုပ်ရှင်ကို အဓိကထူးခြားစေတာက ရုပ်ရှင်ထွက်ပြီး ပေါ်လာတဲ့ဝေဖန်သံတွေပဲ။ လူတွေက ကောင်းကျိုးထက် ဆိုးကျိုးတွေပိုဖြစ်စေမယ်လို့ ဝိုင်းဝေဖန်ကြတယ်။ ဒါကတော့ ကြည့်ရှုသူနဲ့ပဲဆိုင်ပါလိမ့်မယ်။ လူမျိုးရေး၊ အစွန်းရောက်မှုနဲ့ပတ်သက်လို့ ရုပ်ရှင်အသိုင်းအဝိုင်းကဆွေးနွေးကြတိုင်း ဒီရုပ်ရှင်အကြောင်းက မပါမဖြစ်ပါခဲ့၊ ပါနေဆဲပဲ။
ဒီရုပ်ရှင်ဟာ လူတွေရဲ့ သက်ဝင်ယုံကြည်မှုတွေအပေါ် မေးခွန်းထုတ်ထားပြီး လူသားတွေရဲ့ စိတ်တွင်းအခြေအနေကိုပါ ထင်ဟပ်ထားတယ်။ စိတ်တွင်း ပဋိပက္ခတွေကနေ အစွန်းရောက်ခြင်းလမ်းမပေါ် ချော်ထွက်သွားဖို့ ဘယ်လောက်လွယ်ကူသလဲ။ ရုပ်ရှင်ပြီးတဲ့အချိန်အထိ မေ့မရမယ့် အတွေးတွေ ချန်ပေးခဲ့မယ့် ရုပ်ရှင်တစ်ခုပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုMin Thant Boမှ ပြန်ဆို ရေးသားထားပါတယ်)...
Flora and Son (2023)
⭐IMDB: 7.1/10 (7 k Votes)
🎬 #Drama #Music #Comedy
🗓 2023 🎞 movie
🌎 #Ireland #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 37 မိနစ် 29 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Flora and Son (2023)
~ IMDb – 7.1/10, Rotten Tomatoes – 94% ~
ဂီတဟာ လူတွေကို နှလုံးသားချင်းပိုနီးစေတယ်။ သီချင်းထဲမှာတော့ ဘဝဟာရှိချင်မှရှိမှာပေမဲ့ ဘဝထဲမှာတော့ သီချင်းကို အားလုံးလိုခဲ့ကြတယ်။ ဒီဇာတ်လမ်းက ငယ်ငယ်ရွယ်ရွယ်နဲ့ ကလေးရပြီး ကလေးကိုရော ကိုယ့်ဘဝကိုယ်ရော မုန်းနေတဲ့ အမေနဲ့ အမေကိုပါထထဆဲနေတဲ့ ဘာကိုမှမကျေနပ်နေတဲ့ကလေး သားအမိအကြောင်းပေါ့။ သားလေးသာ နည်းနည်းကြီးလာတယ်။ သားအမိကြား နားလည်မှုတစ်စက်မှမရဘဲ ဆဲလိုက်ဆိုလိုက် သေသွားရင်ကောင်းမယ်တွေးလိုက် လုံးလည်ချာလည်လိုက်နေတဲ့ သားအမိပါပဲ။ သားဆိုလည်း ခိုးမှုနဲ့ စခန်းခဏခဏရောက်နေတဲ့ လူပေလူရေလေး။
ဒီလိုနဲ့ သူ့အမေက သူ့သားမွေးနေ့မှာ ဂီတာဟောင်းတစ်လက် မွေးနေ့လက်ဆောင်ပေးတယ်။ သားက ဂီတာကိုစိတ်မဝင်စားဘူး။ ကွန်ပျူတာနဲ့ဖန်တီးရတဲ့ ဂီတကိုပဲ စိတ်ဝင်စားတာဆိုတော့ အဖက်မလုပ်ဘူး။ အဲဒါနဲ့ပဲ ကလေးအမေက ဂီတာကို အွန်လိုင်းကနေ သူ့ဘာသာသင်ရင်း ဂီတကိုပိုချစ်တတ်လာတယ်။ သူ့သားကလည်း သူ့ဘာသာတော့ သီချင်းတွေဖန်တီးနေတဲ့ကလေး။ ဒီလိုနဲ့ သူတို့သားအမိ၂ယောက်ပေါင်းပြီး သီချင်းတွေဖန်တီးဖြစ်သွားတယ်။ သူတို့ကြားက နားလည်မှုကလည်း ခိုင်မာလာခဲ့တယ်။ ရုပ်ရှင်ကတော့ ဒီထက်ပိုပါတယ်။ ဒါကတော့ ကျွန်တော်ပြောပြတတ်သလောက် ဇာတ်ကြောင်းပေါ့။ သေချာတာတော့ ဂီတာသင်ချင်တဲ့လူတွေရော ဂီတကို ချစ်တဲ့လူတွေရော ကြည့်သင့်တဲ့ ရုပ်ရှင်ကောင်းပါပဲ။
ဒီရုပ်ရှင်ကို ရိုက်တဲ့ဒါရိုက်တာ John Carney က Sing Street တို့၊ Once တို့၊ Begin Again တို့လို ဂီတနဲ့မကင်းတဲ့ကားတွေကို ရိုက်ခဲ့တဲ့ ဒါရိုက်တာဖြစ်သလို အဲဒီကားတွေအကုန် ဘယ်လောက်လန်းလဲ ကြည့်ဖူးတဲ့လူတွေသိမှာပါ။ တော်တော်များများလည်း အဲဒီသုံးကားစလုံးကို ကြည့်ဖူးကြမှာပါ။ Flora and Son ဟာလည်း သူ့ရဲ့အနုပညာအရအောင်မြင်ခဲ့တဲ့၊ ဂီတနဲ့မကင်းတဲ့ရုပ်ရှင် နောက်တစ်ကားအဖြစ် ထွက်ရှိလာပါတယ်။ မင်းသမီးကတော့ Robin Hood (2018), Bridge of Spies (2015) နဲ့ Behind Her Eyes (2021) တို့က မင်းသမီးဖြစ်သလို “(500) Days of Summer” ရုပ်ရှင်မှာ အားလုံးနဲ့ ခံစားချက်ထပ်တူကျခဲ့တဲ့ Joseph Gordon-Levitt ကလည်း ပါဝင်သရုပ်ဆောင်ထားပါတယ်။ Midsommar, Sing Street, Transformers: Age of Extinction တို့မှာ ပါဝင်ဖူးတဲ့ Jack Reynor လည်း ပါထားပါတယ်။ ဒါရိုက်တာရော Cast ရော လန်းတဲ့ ဂီတအသားပေးရုပ်ရှင်ကားကောင်းပါပဲ။
” အစိတ်စိတ်အမွှာမွှာမဟုတ်ပေမဲ့လို့ တတိတိတရိရိ ကြွေခဲ့ရတဲ့နေ့တွေ။ ဘာရယ်တော့ မဟုတ်ပါဘူး။ တစ်ခုခုရဲ့ လစ်လပ်ခြင်းမျိုးရဲ့ အသိအစွဲတွေ… ကမ္ဘာကို နားမထောင်ချင်ခဲ့တဲ့ အရိအရွဲတွေ။ နေ့တွေ ရက်တွေဟာ အလိုလိုသီချင်းဖြစ်သွားရင် ကမ္ဘာကို ငါနားထောင်ကြည့်ဖို့ မလိုလောက်ဘူး။ သီချင်းကို ငါ နားထောင်ကြည့်ဖြစ်တယ်။ င့ါကိုယ်ငါ ပြန်နားထောင်ကြည့်ဖြစ်တယ်။ သီချင်းထဲမှာ ကိုယ့်အသံတွေ ကိုယ်ပြန်ကြားရခဲ့ရပါတယ် ကမ္ဘာကြီးရေ။ မက်ဖို့ရာပဲ။ “
(ဒီဇာတ်ကားနဲ့အညွှန်းကိုWiRa Aungမှ ပြန်ဆို ရေးသားထားပါတယ်)...
Petty Romance (2010)
⭐IMDB: 6.3/10 (739 Votes)
🎬 #Adult #Comedy #Drama #Romance
🗓 2010 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 58 မိနစ် 38 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Petty Romance(2010)
********************၂၀၁၀ ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့တွင် ရုံတင်ပြသခဲ့သည့် Petty Romance ရုပ်ရှင်ဇာတ်ကားတွင်
နာမည်ကြီးမင်းသားမင်းသမီးများဖြစ်သည့် လီဆွန်းဂယွန်း(Lee Sun-kyun), ချွဲဂန်ဟီး(Choi Kang-hee),
ရူယောင်းဂယွန်း (Ryu Hyun-kyung), နာမည်ကြီးဇာတ်ပို့မင်းသားများဖြစ်သည့် အိုဂျန်ဆယ် (Oh Jung-Se),ဘတ်ဒိုဘင် ( Baek Do-Bin )တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။ဂျောင်ဘယ်သည် ကာတွန်းဆရာတစ်ဦးဖြစ်ပြီး ဒါရင်းသည် ဝတ္တုစာရေးဆရာမတစ်ဦးဖြစ်ပါသည်။
တစ်နေ့တွင် ဂျောင်ဘယ်ရဲ့သူငယ်ချင်းတစ်ဦးသည် 18+ ကာတွန်းပြိုင်ပွဲတွင် ဝင်ပြိုင်ပါက
ဆုရလျှင် ဆုကြေးငွေ ဒေါ်လာ တစ်သိန်း(ဝမ်သိန်းထောင့်သုံးရာ) ရရှိမည်ဟု ဂျောင်ဘယ်အား ပြောပြသောအခါဂျောင်ဘယ်သည် ဝတ္တုစာရေးဆရာမတစ်ဦးကို ခန့်ရန် ဆုံးဖြတ်ခဲ့ပါသည်။ဒီဆုံးဖြတ်ချက်ကြောင့်
အလွဲပေါင်းများစွာ ဖြစ်ပေါ်လာပါတော့တယ်...
What the Waters Left Behind: Scars (2023)
⭐TMDB: 66.0% User Score
🎬 #Horror
🗓 2023 🎞 movie
🌎 #Italy #NewZealand #Argentina #NewZealand
⏰ 1 နာရီ 26 မိနစ် 18 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
What the Waters Left Behind: Scars (2022)
မြို့တစ်မြို့ရှိတယ်။ ရေမြုပ်သွားတယ်။ နှစ်ကြာတော့ ပြန်ပေါ်လာတယ်။ ဒါပေမဲ့ စွန့်ခွာသွားတဲ့ မြို့သူမြို့သားတွေကတော့ အဲဒီမြို့ကို ပြန်ရောက်မလာတော့ဘူး။ ပြောရရင် အဲဒီမြို့က တစ္ဆေမြို့လိုဖြစ်သွားတယ်။ မအောင်မြင်တဲ့ တီးဝိုင်းတစ်ခုက အဖွဲ့သားတွေဟာ စော်ပွေတဲ့ဝိုင်းသား ကျေးဇူးနဲ့ တစ္ဆေမြို့ကိုရောက်လာတဲ့အခါမှာတော့ အဲဒီမြို့မှာ ဘာတွေကြုံရမလဲ သည်းထိတ်ရင်ဖို ကြည့်ရမယ့် ဟော်ရာကားပါပဲ။
လိင်အသားပေးအခန်းတွေ မနည်းပါတာမို့ သတိချပ်စေချင်ပါတယ်။ နာမည်ကျော် ဟော်ရာကားတွေမှာ ပါဝင်တတ်တဲ့အရာတွေကိုရောသမမွှေထည့်ထားသလို ဖြစ်နေတာမို့ ဟော်ရာဖန်တွေအတွက်တော့ ကြည့်ကောင်းပါလိမ့်မယ်။ ဟောလိုးဝင်းလည်းနီးပြီဆိုတော့ ဟော်ရာအငွေ့အသက်လေးတွေနဲ့ အောက်တိုဘာလကြီးကို ဖြတ်သန်းဖို့ ဓာတ်စာပေါ့။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)...
Dragon Lord (1982)
⭐TMDB: 63.0% User Score
🎬 #Action #Comedy #JackieChan #Sport
🗓 1982 🎞 movie
🌎 #HongKong
⏰ 1 နာရီ 36 မိနစ် 5 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကျွန်တော်တို့ရဲ့ childhood Kung Fu Heroကြီးဖြစ်တဲ့ ဂျက်ကီချန်းကားလေးပါ
ဒီကားလေးမှာတော့ဂျက်ကီချန်းနဲ့သူ့သူငယ်ချင်းဟာ သူတို့ရွာရဲ့အရှေ့ပိုင်းကသူဌေးသားနှစ်ယောက်ပါ သူတို့ကမြင်းသမျှသူ့အဖေတွေကလိုက်ရှင်းနေကြရတာပါ။
ဒီလိုနဲ့ တစ်နေ့ကမြင်းကျောထရင်းတိုင်းပြည်ရတနာတွေမှောင်ခိုရောင်းတဲ့အဖွဲ့နဲ့သွားရှုပ်မိပါတော့တယ် မှောင်ခိုအဖွဲ့နဲ့ကလေးနှစ်ယောက်တိုက်ပွဲကိုရှယ်ကြည့်ရမှာပဲဖြစ်ပါတယ် ဂျက်ကီချန်းကားတွေပီပီဟာသဆန်ဆန်စတန့်ကြမ်းကြမ်းတွေလဲမြင်ရမှာပါ သူတို့ရွာရဲ့ထူးထူးဆန်းဆန်းကစားပွဲတွေအကြောင်းလဲပါသေးတာမို့လို့ကြည့်ရှုခံစားပေးပါဦး...
Cassandra's Dream (2007)
⭐TMDB: 62.0% User Score
🎬 #Crime #Drama #Romance #Thriller
🗓 2007 🎞 movie
🌎 #UnitedStates #UnitedKingdom #France #UnitedKingdom #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
တစ်ဦးနဲ့တစ်ဦး အရမ်းချစ်ခင်ကြတဲ့ ဘလိန်းညီအစ်ကိုတွေဟာ ပြန်ရောင်းတဲ့ရွက်လှေအဟောင်းလေးတစ်စီးကို ဝယ်ဖို့ကြိုးစားပါတော့တယ်။
ထိုကဲ့သို့ကြိုးစားနေစဉ်မှာပဲ ညီဖြစ်သူကလည်း လောင်းကစားတွေဆက်တိုက်နိုင်လာသဖြင့် ရွက်လှေကို ပိုင်ဆိုင်ခွင့်ရသွားကြပါတယ်။ ဘလိန်းညီအစ်ကိုမှာ အောင်မြင်တဲ့ဆေးခန်းတွေကို ဖွင့်ထားတဲ့ ဦးလေးတစ်ယောက်လည်း ရှိပါတယ်။ တစ်နေ့တော့ ဦးလေးဖြစ်သူ သူတို့ဆီအလည်အပတ်လာတုန်း ဘလိန်းညီအစ်ကိုက သူတို့အခက်အခဲတွေကို ဦးလေးထံမှအကူအညီတောင်းဖို့ ကြိုးစားကြပါတော့တယ်။
သို့သော်လည်း သူတို့ကို အကူအညီမပေးခင်မှာ ဦးလေးဖြစ်သူက သူတို့ကို တစ်စုံတစ်ယောက်ကို သတ်ပေးဖို့ အကူအညီတောင်းသောအခါ ညီအစ်ကိုနှစ်ဦးက ငြင်းဆန်မလား ကိုယ့်အလို ဆန္ဒတွေပြည့်ဖို့ ဦးလေးခိုင်းတာကို လုပ်ပေးမလား လူသားတွေက ငွေနဲ့ပတ်သတ်လာရင် အရောင်ပြောင်းတတ်ပုံ၊စည်းတွေလျော့လာပုံ စသဖြင့် ကြောက်စရာလူ့သဘာဝကို ဖော်ကျူးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။...
Mr. Turner (2014)
⭐IMDB: 6.8/10 (27 k Votes)
🎬 #Biography #Drama #History
🗓 2014 🎞 movie
🌎 #UnitedKingdom #France #Germany #UnitedStates #UnitedStatesofAmerica
⏰ 2 နာရီ 30 မိနစ် 28 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အနုပညာ၊ သမိုင်းနဲ့ ပြဇာတ်ကို ကြိုက်နှစ်သက်သူတွေအတွက်
18 ရာစုနှစ်မှာကျော်ကြားခဲ့တဲ့ ဗြိတိသျှ ပန်းချီဆရာ J. M. W. Turner ရဲ့
၂၅ နှစ်စာ ဘဝဖြတ်သန်းပုံနဲ့ အလုပ်အကြောင်း ပြန်လည်ရိုက်ကူးပုံဖော်ထားတဲ့
အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။
ဒါရိုက်တာ Mike Leigh ရိုက်ကူးထားတာဖြစ်ပြီး
၈၇ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲနဲ့ ၆၈ ကြိမ်မြောက်
ဗြိတိသျှအကယ်ဒမီရုပ်ရှင်ဆုပေးပွဲတွေအပြင် များပြားလှတဲ့
ရုပ်ရှင်ဆုပေးပွဲတွေမှာ ဆန်ကာတင်စာရင်းအနေနဲ့ ပါဝင်ပြီး
ဆုတွေလည်းရရှိခဲ့ပါတယ်။
ပန်းချီဆရာ J. M. W. Turner အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့
သရုပ်ဆောင်မင်းသားကြီး Timothy Spall ဟာလည်း
ဒီရုပ်ရှင်နဲ့ ၂၀၁၄ ခုနှစ်ရဲ့ Cannes ရုပ်ရှင်ဆုပေးပွဲမှာ အ
ကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုကို ရရှိခဲ့ပါသေးတယ်။
ပန်းချီဆရာ မစ္စတာ Turner ရဲ့နောက်ဆုံး ၂၅ နှစ်ကြာအသက်မွေးဝမ်းကြောင်းဘဝကို
လေ့လာကြည့်ရှုရမှာဖြစ်ပြီး ၊ သူကြုံတွေ့ခဲ့ရတဲ့ ကိုယ်ရေးကိုယ်တာဆုံးရှုံးမှုတွေ၊
လူမှုရေးဖိအားတွေ၊ ပရော်ဖက်ရှင်နယ်စိန်ခေါ်မှုတွေနဲ့ သူ့ဘဝရဲ့ အချစ်ရေးရာ
ဆက်ဆံရေးတွေ ဘယ်လိုကိုင်တွယ်ဖြေရှင်းခဲ့သလဲဆိုတာတွေကို မြင်ရမှာပါ။
J. M. W. Turner ဥရောပတခွင်ပတ်ပြီး ဆွဲခဲ့တဲ့ သူ့ရဲ့ အကျော်ကြားဆုံး
ပန်းချီကားတွေကိုလည်း စိတ်ဝင်စားစရာ လေ့လာလို့ရပါသေးတယ်၊
Mr. Turner ရုပ်ရှင်ဟာ သာမာန်သူလို ကိုယ်လို ဘဝကို ဖြတ်သန်းခဲ့တဲ့ J. M. W. Turner နဲ့
အကျော်အမော် ပန်းချီဆရာ J. M. W. Turner ဘဝနှစ်ခုကြားက
ခြားနားမှုကို ဖမ်းယူထားတာမို့လို့ နာမည်ကျော်လှပါတယ်ဆိုတဲ့ပန်းချီဆရာတွေရဲ့
ကိုးကွယ်ချင်စရာကောင်းလောက်အောင် လှပတဲ့ ပန်းချီကားတွေနောက်ကွယ်မှာ
ဖြစ်ရပ်တွေရှိတယ်ဆိုတာကိုမြင်ရဦးမှာပါ။
အမြင်အားဖြင့် ရင်သပ်ရှုမောဖွယ်ကောင်းပြီး စိတ်ခံစားမှု ရသမျိုးစုံအောင်ပေးတဲ့အပြင်
ဆုများစွာကို ရရှိကာ ဝေဖန်အားပေးမှုများစွာလည်း ရရှိခဲ့တာမို့လို့
အလှတရားနဲ့ အနုပညာစွမ်းအားကို မြတ်နိုးသူတိုင်း လေ့လာသင့်တဲ့ အတ္ထုပ္ပတ္တိရုပ်ရှင်တစ်ပုဒ်ပါပဲ...
Three Summer Nights (2015)
⭐IMDB: 5.9/10 (34 Votes)
🎬 #Comedy #Drama
🗓 2015 🎞 movie
🌎 #SouthKorea
⏰ 1 နာရီ 47 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Three Summer Nights(2015)
************************၂၀၁၅ ခုနှစ်တွင် ရုံတင်ပြသခဲ့သည့် Three Summer Night ရုပ်ရှင်ဇာတ်ကားတွင် နာမည်ကြီးမင်းသားများဖြစ်တဲ့
ဂင်ဒုံဝူ(Kim Dong Wook)၊ ဆုန်းဟိုဂျွန်း (Son Ho Jun) တို့ အဓိကပါဝင်သရုပ်ဆောင်ထားပြီး
ဇာတ်ပို့သရုပ်ဆောင်ကြီး အင်ဝန်ဟီး (Im Won hee) နှင့် မင်းသမီးချော
ရူယောင်းဂယွန်းက ပါဝင်အားဖြည့်သရုပ်ဆောင်ထားပါသည်။
မြောင်ဆော့ ဟယ်ဂူ ဒါဆူဆိုတဲ့ သူငယ်ချင်းသုံးယောက်ရှိပါသည်။
မြောင်ဆော့သည် ရှေ့နေစာမေးပွဲဖြေရန် ကြိုးစားနေသူတစ်ဦးဖြစ်ပြီး ဟယ်ဂူကတော့ ဆေးဝါးကုမ္ပဏီတစ်ခုမှ
ဝန်ထမ်းဖြစ်ပါတယ်။ ဒါဆူသည် အရင်က ကွန်ပျူတာ ဝန်ဆောင်မှုစင်တာတစ်ခုတွင်
အလုပ်လုပ်ခဲ့ပြီး ပြဿနာများကြောင့် အလုပ်တစ်ခုပြီးတစ်ခု ပြုတ်နေသူ တစ်ဦးလည်း ဖြစ်ပါသည်။
တစ်နေ့တွင် သူတို့သည် စိတ်မွန်းကြပ်မှုများကို အပန်းဖြေရန် နွေရာသီတွင် ဘူဆန်မှာရှိသော
ဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေကို သွားခဲ့ပါသည်။ ထိုဟယ်အွန်းဒယ်ပင်လယ်ကမ်းခြေတွင်
အပန်းဖြေရင်း မူးယစ်ဆေးဝါးအရောင်းအဝယ် မသင်္ကာသူများအဖြစ် သံသယဝင်ခံရပြီး
ပြဿနာပေါင်းစုံကိုရင်ဆိုင်ရပါတော့တယ်...
Mike and Dave Need Wedding Dates (2016)
⭐IMDB: 6.0/10 (94 k Votes)
🎬 #Comedy #Romance
🗓 2016 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 39 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
REVIEW:Mike & Dave Need A Wedding Dates
ဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။
ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊
18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။
ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။
အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ
– ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို
သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။
ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊
ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို
ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။
တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့
မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို
သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။
လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား
ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။
ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့
အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။
ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။
ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက –
Mike အဖြစ်က Adam Devine ပါ။
လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊
နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။
Dave အဖြစ်နဲ့က Zac Efron ပါ။
ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။
မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင်
အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က
Aubrey Plaza တို့က သရုပ်ဆောင်ထားပါတယ်။
ခပ်ချောချောTom Boy အဖြစ်နဲ့ သရုပ်ဆောင်ထားတဲ့ Alice Wetterlund လည်းပါပါတယ်။
ဒါရိုက်တာကတော့ Jake Szymanski ပါတဲ့။
ဇာတ်ကားက R Rated ပါ
– ဝိတွေဘာတွေနဲ့ တိမ်တွေပေါ်မှာလွင့်နေတယ်လေ င
ါလေးတွေရော၊ ၁၈ယောက်စုစရာတွေရော၊ လူကြီးဟာသတွေရော ပါနေလို့ပါ။
IMDb – 6/10 နဲ့ Rotten Tomatoes မှာ Tomatometer 38/100 နဲ့ Audience Score 51/100 ရထားပါတယ်။
တကယ်ရယ်ရပါတယ်လို့ ဖြေမှာပါ။
ဆိုတော့ ကြည့်လိုက်ရင် တစ်နာရီခွဲလောက်တော့
အချိန်ကုန်သွားမှာပါ။
😬 ရယ်ရင်းမောရင်း ၁၈ယောက်စုရင်းနဲ့ ပြောပါတယ်။
ဟုတ်မဟုတ် ကြည့်ကြည့်ပြီး တခြားလူတွေလည်း
ဟုတ်မဟုတ် ကြည့်ဖို့ပြောလိုက်ပါဦး။...
Joseph: King of Dreams (2000)
⭐TMDB: 68.0% User Score
🎬 #Adventure #Animation #Biography #Drama #Family #History #Musical #Fantasy
🗓 2000 🎞 video movie
🌎 #UnitedStates #Canada #UnitedStatesofAmerica
⏰ 1 နာရီ 15 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဒီဇာတ်လမ်းလေးကတော့ ခရစ်ယာန်ဓမ္မကျမ်းစာဟောင်းထဲမှာပါတဲ့
ဂျိုးဆက်ပုံပြင်ကိုဆီလျော်အောင်ပြင်ဆင်ပြီးပြန်ရိုက်ထားတာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဥ်းကတော့ ကန်နန်လူမျိုးစုခေါင်းဆောင်ကြီးရဲ့
ဒုတိယဇနီးဟာ အမြုံလို့ထင်ထားရာကနေ မမျှော်လင့်ဘဲကိုယ်ဝန်ရလာခဲ့ပြီးတော့
၃၇ပတ်တည်းနဲ့သားလေးတစ်ယောက်ဖွားမြင်ခဲ့ပါတယ်။
ဖအေကြီးက ဘုရားသခင်ဆီလာတဲ့အံ့ဖွယ်ကလေးလို့မှတ်ယူပြီး
တစ်ခြားသားတွေလို ပင်ပင်ပန်းပန်းအလုပ်တွေမလုပ်စေရဘဲ
အနားမှာထားပြီးစာပေပညာတွေပဲလေ့လာသင်ကြားစေပါတယ်။
ဖခင်ရဲ့ပစားပေးမှုတွေက ညီအကိုတွေကြားထဲမှာ မနာလိုမှုတွေကို
တစ်ဖြည်းဖြည်းကြီးထွားလာစေပြီးတော့
ဂျိုးဆက်လေးကိုအန္တာရယ်တောထဲဆွဲပို့လိုက်ပါတော့တယ်။
သူ့အကိုတွေရဲ့ပယောဂနဲ့ ကျွန်ကုန်သည်တွေဆီကိုရောင်းစားခံလိုက်ရတဲ့ဂျိုးဆက်ဟာ
သူ့ရဲ့မွေးရာပါ ပါရမီဖြစ်တဲ့ အိပ်မက်အတိတ်နိမိတ်ကောက်ခြင်း
အတတ်ပညာနဲ့ညဏ်အမြော်အမြင်ရှိမှူတွေကြောင့် ကျွန်ဘဝကနေ
ဟိုးအမြင့်ဆုံးဘဝအထိဘယ်လိုတက်လှမ်းသွားမယ်ဆိုတာ
စိတ်ဝင်စားဖွယ်မြင်တွေ့ကြရမှာဖြစ်ပါတယ်။
IMDB မှာ 6.4 ရရှိထားတဲ့ဒီဇတ်ကားလေးဟာ ကြည့်မိလို့လူံးဝနောင်တမရစေဘဲ
ဇာတ်လမ်းအစကနေအဆုံးထိ ဆွဲခေါ်သွားနိုင်တယ်ဆိုတာ
ရဲရဲကြီးအာမခံနိုင်တာမို့
အခုပဲ Download ဆွဲပြီးကြည့်ရှုလိုက်ကြပါဦးလို့။...
I Killed Bapu (2023)
⭐TMDB: 0.0% User Score
🎬 #Biography #Bollywood #Drama #History
🗓 2023 🎞 movie
🌎 #India
⏰ 1 နာရီ 22 မိနစ် 10 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
I Killed Bapu(2023)IMDb – 7.3/10
နိဂုံးမလှတဲ့ မဟတ္တမဂန္ဓီ..။တစ်နိုင်ငံလုံးက ချစ်ခင်လေးစားရတဲ့ အိန္ဒိယရဲ့ နိုင်ငံ့ခေါင်းဆောင်ဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေ ၅ နာရီ၊ အသက် ၇၈ နှစ်အရွယ်မှာ ဟိန္ဒူလူမျိုး နာသူရမ် ဗီနာရက် ဂိုဆေးရဲ့ အနီးကပ်ပစ်ခတ်မှုနဲ့ သေဆုံးခဲ့ရပါတယ်။
ဟိန္ဒူလူမျိုးချင်းဖြစ်ပြီး ဘုရားတစ်ဆူလိုကိုးကွယ်ခံရတဲ့ ခေါင်းဆောင်ကြီး ဂန္ဓီလိုလူမျိုးကို လုပ်ကြံရခြင်းအကြောင်းဟာ ထင်ထားတာထက်ကို ရိုးရှင်းပြီး မျိုးချစ်စိတ်ပြင်းထန်လွန်းလှပါတယ်။ ပြည်ထောင်စုအိန္ဒိယနိုင်ငံကြီး တစ်စစီပြိုကွဲလာဝာာကို မကြည့်ရက်နိုင်တော့တဲ့ နိုင်ငံချစ်စိတ်နဲ့ ကိုယ့်လူမျိုးကို နှိမ့်ချတယ်ဆိုတဲ့ လူမျိုးကြီးဝါဒရဲ့ရိုက်ခက်မှုပါ ရောပြွန်းနေတဲ့ မီးစတစ်ဖက် ရေမုတ်တစ်ဖက်သော ကြံစည်မှုလို့ခေါင်းစဉ်တပ်ရမှာပါပဲ။
ဒီဇာတ်ကားမှာတော့ မဟတ္တမဂန္ဓီကို လုပ်ကြံသတ်ဖြတ်ခဲ့တဲ့ သမိုင်းမှာ နာမည်အကြီးဆုံးလုပ်ကြံရေးသမားနာသူရမ့်ရဲ့ အတွေးအမြင်နဲ့ လုပ်ကြံရခြင်းအကြောင်းအရင်းကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂန္ဓီသေဆုံးပြီးနောက်တရားခွင်တင်ခံလိုက်ရတဲ့ နာသူရမ်ဟာ တစ်နိုင်ငံလုံးက မုန်းတီးရွံရှာကြတာမို့ သူ့ဘက်ကနေလိုက်ပေးမယ့်ရှေ့နေတောင်မရှိတာမို့ ကိုယ်တိုင်ပဲ အမှုကိုခုခံလျှောက်လဲခဲ့ရပါတယ်။
ဂန္ဓီကို ဘာကြောင့်လုပ်ကြံခဲ့တာဖြစ်မလဲ…။ သူကရော ဘယ်လိုလူလဲ။ ဘာတွေဖြစ်ခဲ့လဲဆိုတာကိုတော့ပရိသတ်ကြီးကိုယ်တိုင်ကြည့်ရှုလို့ရအောင် CM BOLLYWOOD TEAM မှAditi နဲ့ Cherry တို့မှ ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်နော်။
( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ်...
The Woman in the Storm (2023)
⭐IMDB: 6.0/10 (41 Votes)
🎬 #Drama #Family
🗓 2023 🎞 movie
🌎 #China
⏰ 1 နာရီ 41 မိနစ် 58 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
မိသားစုတော်တော်များများမှာ အိမ်တွင်းဒုက္ခတွေကိုအပြင်ကိုထုတ်မပြောတတ်ကြဘူး။ရွှီမင်ဟာ အလုပ်အကိုင် ရုပ်ရည်အားလုံးပြည့်စုံတဲ့မိန်းမတစ်ယောက်ပါ။ဒါပေမယ့် သူ့မှာထုတ်ပြောဖို့ခက်တဲ့လျှို့ဝှက်ချက်တွေရှိနေပါတယ်။ထိန်းချုပ်လိုစိတ် ပိုင်ဆိုင်လိုစိတ်ပြင်းပြတဲ့ ခင်ပွန်းဖြစ်သူနဲ့ကွာရှင်းနိုင်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကွဲခြင်းဟာရှက်စရာလို့ယူဆတဲ့ အာရှနိုင်ငံသားတစ်ယောက်အနေနဲ့မလွယ်ကူတဲ့အပြင်ငယ်ရွယ်သေးတဲ့ကလေးတွေလဲရှိသေးတာကြောင့်ပတ်ဝန်းကျင်ဖိအားတွေ အိမ်တွင်းဖိအားတွေ အဘက်ဘက်ကနေခံစားနေရပါတယ်။
အဲဒီအချိန်မှာ ရှေ့နေလိုင်စင်ရခါစ ရှေ့နေပေါက်စမလေးဟာစာနာစိတ်ကိုအရင်းခံပြီးသူ့ကိုကူညီခဲ့ပါတယ်။ ကွာရှင်းခွင့်ရလိုက်ပေမယ့်ကလေးနှစ်ယောက်ကို တစ်ယောက်စီခွဲပြီးအုပ်ထိန်းခွင့်ရတဲ့အတွက် ပြဿနာတွေဟာပြီးမသွားပါဘူး။
ယောင်္ကျားဖြစ်သူက ဘယ်လိုတွေလိုက်တွယ်ကပ်ပြီးမိန်းမဖြစ်သူကိုဒုက္ခလိုက်ပေးနေမလဲ……ကွာရှင်းထားတဲ့မိဘကြောင့် ခွဲနေရတဲ့သနားစရာကလေးတွေကိုပါ ဘယ်လိုအသုံးချနေမလဲ……လူတွေကိုအပေါ်ယံပဲကြည့်ပြီး ဆုံးဖြတ်လို့မရတဲ့အကြောင်းအိမ်တွင်းအကြမ်းမှုဟာဘယ်လောက်ကြောက်ဖို့ကောင်းကြောင်းကို ပညာပေးရိုက်ပြထားတာပဲဖြစ်ပါတယ်။အိမ်တွင်းအကြမ်းဖက်မှုကိုဆန့်ကျင်တဲ့ပညာပေးဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်။...
Long Live Love! (2023)
⭐IMDB: 7.3/10 (493 Votes)
🎬 #Comedy #Romance
🗓 2023 🎞 movie
🌎 #Thailand
⏰ 2 နာရီ 16 မိနစ် 56 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Long Live Love! (2023)
Comedyပိုင်တဲ့ Sunnyနဲ့Chompooတို့ရဲ့“အချစ်သည် သက်တော်ရာကျော် ရှည်ပါစေသတည်း” ဆိုတဲ့ရုပ်ရှင်ဇာတ်ကားကြီးNetflix ကနေ ထွက်ရှိလာပါပြီ
GAPက Beckyလေးကလည်း ပါဝင်ထားပါသေးတယ်
ဒီကားကတော့ အလွယ်ပြောရရင်လူတွေရဲ့ အချစ်နဲ့ ဘဝအပေါ် အမြင်တွေကို မေးခွန်းထုတ်သွားတာပါပဲ။ဒီလိုမျိုး ကြုံလာရရင် ဘာလုပ်မလဲ လက်လျှော့မလား ပြန်ကြိုးစားမလားဆိုတာပေါ့။အမှန်တရားဆိုတာ ရှုထောင့်အပေါ်မူတည်တယ်ဆိုသလိုပဲ ဘယ်လိုဆုံးဖြတ်ရင် အမှားလည်း အမှန်လည်း ပြောဖို့လည်းမဖြစ်နိုင်ပါဘူး။
ဒီရုပ်ရှင်ထဲမှာ ပြောသွားသလိုပါပဲ –“လူတစ်ယောက်ကို အရမ်းချစ်မိသွားရင် ကိုယ့်ကိုယ်ကိုယ်ချစ်ဖို့ မေ့သွားတတ်တယ်” တဲ့။
ဒီတော့ ကိုယ့်ကိုယ်ကိုယ်ပြန်ချစ်တာကအမှန်လားလူတစ်ယောက်ကိုပဲ အရမ်းဆက်ချစ်သွားတာက အမှန်လား။
ဒီရုပ်ရှင်မှာတော့ အဓိက ဆေတီ နဲ့ မယ်တာဆိုတဲ့ စုံတွဲလေးက ပါဝင်ထားပါတယ်။သူတို့အရမ်းချစ်တဲ့စုံတွဲပါ၊ အရမ်းလည်းမုန်းတဲ့စုံတွဲပါ၊ သစ္စာမရှိတဲ့စုံတွဲပါ၊ သစ္စာလည်းရှိတဲ့စုံတွဲပါ၊နားလည်မှုမရှိတဲ့စုံတွဲပါ၊ အရမ်းနားလည်ပေးတဲ့စုံတွဲလည်းဟုတ်ပါတယ်။ဒီတော့ အချစ်ကို သက်တော်ရာကျော်ရှည်စေချင်တာ စုံတွဲတိုင်းပါပဲ။လက်တွေ့မှာတော့ အချစ်ကို ဖျားနာစေတဲ့ အရာတွေအများကြီးရှိနေပြီတာကို ဒီရုပ်ရှင်မှာ မြင်ရပါလိမ့်မယ်။အချစ်နေပြန်ကောင်းလားမလား အချစ်သေဆုံးသွားမလားဆိုတာတော့ ကိုယ်တိုင်ပဲ ကြည့်လိုက်ပါတော့။
အညွှန်းကိုတော့Mr.Andersonက ရေးထားပေးပြိးတော့ဘာသာပြန်ထားတာကတော့CM Teamပဲ ဖြစ်ပါတယ်။...
The Secret Life of Bees (2008)
⭐TMDB: 75.0% User Score
🎬 #Drama #Family #Adventure
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 50 မိနစ် 6 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
လီလီဆိုတဲ့ကောင်မလေးက သူမအရမ်းငယ်သေးတဲ့အချိန်မှာလုပ်မိတဲ့မတော်တဆမှုတစ်ခုကြောင့် အမေဖြစ်သူဆုံးပါးသွားခဲ့ပါတယ်။ အဖေဖြစ်သူနဲ့လည်းမတည့်တဲ့မိန်းမငယ်လေး လီလီဟာ အဖေဖြစ်သူဆီကနေ အမေ့အကြောင်းတွေမေးပေမယ့် အဖေဖြစ်သူကမပြောပြတာမို့ လူမည်းအိမ်အကူအမျိုးသမီးတစ်ယောက်နဲ့အိမ်ကနေထွက်ပြေးလာပြီး အမေ့အကြောင်းရှာပုံတော်ဖွင့်ပါတော့တယ်…..
ဒီဇာတ်လမ်းကလေးဟာ 1900 ခုနစ်တွေမှာ လူဖြူလူမည်းလူတန်းစားခွဲခြားမှုတွေ လူမည်းတွေမတရားခံရမှုတွေကို မြင်တွေ့ရပြီး ဘဝရဲ့လောကဓံရိုက်ချက်တွေကို ပြသထားတာမို့ အများကြီးညွှန်းစရာမလိုဘဲ ကြည့်ကောင်းမဲ့ကားကောင်းလေးတစ်ကားပါပဲရှင်...
They Wait in the Dark (2022)
⭐IMDB: 3.6/10 (423 Votes)
🎬 #Drama #Horror #Thriller
🗓 2022 🎞 movie
🌎 #UnitedStates
⏰ 1 နာရီ 25 မိနစ် 52 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ဇာတ်လမ်းအစပိုင်းမှာ အေမီဟာ သူ့သားကိုခေါ်ပြီး မွေးရပ်မြေက
သူ့မိဘတွေအမွေထားခဲ့တဲ့ အိမ်ကိုပြန်လာနေတယ်။
အိမ်ပြန်လမ်းတစ်လျှောက်မှာ ရှိစုမဲ့စုပိုက်ဆံကိုချွေတာသုံးရင်းနဲ့
သူနေထိုင်ခဲ့ရတာမြို့လေးဆီကိုရောက်လာခဲ့တယ်။ မြို့ကိုရောက်တော့
သားအမိနှစ်ယောက်က ကောက်ဖီဆိုင်တစ်ဆိုင်မှာဗိုက်ဖြည့်ဝင်လိုက်ကြတယ်။
ကော်ဖီဆိုင်မှာနှစ်ပေါင်းများစွာ အဆက်အသွယပြတ်ခဲ့တဲ့ ငယ်သူငယ်ချင်း
ဂျန်နီနဲ့တွေ့တယ်။ နောက်တော့ ကော်ဖီဆိုင်မှာ အလုပ်လုပ်နေတဲ့ ဂျန်နီက
အေမီတို့သားအမိကို အိမ်ပြန်လိုက်ပို့လိုက်ပြီးတော့ မကြာခဏလာကြည့်မယ်ဆိုတဲ့
အကြောင်းပြောခဲ့တယ်။ အေမီတို့အမွေရထားတဲ့အိမ်ဟာ လူသူမနေတာကြာပြီ
ဖြစ်တဲ့အတွက် ဆယ်ကျော်အရွယ်တွေပေါက်ကရလုပ်တဲ့ နေရာကောင်းတစ်ခု
ဖြစ်နေတော့ ရှုပ်ပွနေတဲ့အိမ်ကို အစအဆုံးသန့်ရှင်းစလုပ်ကြတယ်။ ဒီလိုနဲ့
အိမ်ကိုရောက်ပြီးသိပ်ကြာခင်မှာ ထူးထူးဆန်းဆန်းတွေစဖြစ်တဲ့အခါမှာတော့...
Righteous Kill (2008)
⭐IMDB: 6.0/10 (91 k Votes)
🎬 #Crime #Mystery #Thriller #Action #Drama
🗓 2008 🎞 movie
🌎 #UnitedStates #UnitedStatesofAmerica
⏰ 1 နာရီ 42 မိနစ် 44 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
IMDB 6/10 ရရှိထားပြီး Al Pacino (The Godfather)နဲ့ Robert De Niro (Midnight Run) ဆိုတဲ့ မင်းသားကြီးတွေ ပါဝင်သရုပ်ဆောင်ထားတဲ့ Crime/Drama/Action အမျိုးအစား ကားလေးဖြစ်ပါတယ်။
နယူးယော့ခ်ရဲဌာနက ဝါရင့်စုံထောက်ကြီးနှစ်ယောက်က အလုပ်လုပ်ရာမှာ တွဲဖက်ညီလှပြီး လုပ်သက်လည်းကြာမြင့်လှပြီဖြစ်လို့ အမှုလိုက်ရမှာ ကျွမ်းကျင်လှတဲ့သူနှစ်ဦးဖြစ်ပါတယ်။
တစ်နေ့မှာတော့ မူးယစ်ဆေးအမှုတစ်ခုကို လိုက်ရင်း သံသယတရားခံကို စိတ်မထိန်းနိုင်ဘဲ ကိုယ်ထိလက်ရောက် ကန်ကျောက်မိရာကနေ သေနတ်ကိုင်ဖို့ သင့်မသင့် စိတ်ရောဂါကုဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးရတဲ့အဆင့် ရောက်သွားပါတော့တယ်။ တစ်ချိန်တည်းမှာပဲ ကွင်းဆက်လူသတ်မှုလို့ ယူဆရတဲ့ အမှုတွေ ပေါ်လာခဲ့တာမို့ တခြား လူငယ်စုံထောက်လေးနှစ်ယောက်နဲ့ အပြိုင် အမှုလိုက်ဖို့ဖြစ်လာတာ့တာပေါ့လေ။
တခြားအမှုတွေနဲ့ မတူဘဲ ဒီကွင်းဆက်လူသတ်မှုရဲ့ ထူးခြားချက်ကတော့ တရားခံက လူသတ်ပြီးတိုင်း ကဗျာတစ်ပုဒ်ချန်သွားလေ့ရှိပြီး အသတ်ခံရသူတိုင်းကလည်း တရားဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး လွတ်သွားတဲ့ မကောင်းတဲ့ကောင်တွေဖြစ်နေတာပါပဲ။ ထူးခြားတဲ့ကွင်းဆက်လူသတ်မှုတွေကို ကြိုးစားစုံစမ်းကြရင်း အမှုကရုပ်လုံးပေါ်လာချိန်မှာတော့…
တရားခံဘယ်သူလဲ.. ဘာလို့သတ်တာလဲ.. တရားခံကိုရော ဘယ်လိုဖမ်းမိအောင် အမှုလိုက်ကြမလဲ.. တရားခံရဲ့ ကြီးမားတဲ့လှည့်ကွက်ကရော ဘာများဖြစ်မလဲ.. ဆိုတာကိုတော့ ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်။
(ဒီဇာတ်ကားရဲ့ အညွှန်းနဲ့ ဘာသာပြန်ကတော့ Emily ပါ)...
Dragon Gate Posthouse 9: Unexpected Romance (2018)
⭐TMDB: 0.0% User Score
🎬 #Action #DragonGatePosthouse #History #Mystery
🗓 2018 🎞 movie
🌎 #China
⏰ 1h 28 min
👑 Channel Myanmar
ဇာတ်ညွှန်း 📜
ကန္တာရရဲ့ အစွန်းဆုံးက ယွဲ့ယာမြို့ဟောင်းမှာ လုံမိန်ရပ်နားစခန်းတစ်ခုရှိပါတယ်။အခု CM ကဘာသာပြန်ပေးတဲ့ ရုပ်ရှင်လေးကတော့လုံမိန်ရပ်နားစခန်းနဲ့ ယွဲ့ယာမြို့အတွင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ဇာတ်လမ်းလေးတွေပဲ ဖြစ်ပါတယ်။
ဆယ်ကားထွက်ထားတဲ့ရုပ်ရှင်ဖြစ်တာကြောင့် ကျန်ဇာတ်ကားများအားလုံးကိုတစုတစည်းထဲ အောက်ကလင့်မှာရှာလို့ရပါတယ်
ဒီမှာရှာပါ
ဒါလေးကတော့ အချစ်အတွက် အချိန်တွေ သေရေးရှင်ရေးတွေကိုကျော်ဖြတ်ခဲ့တဲ့ ဖူးစာတစ်ခုပဲ ဖြစ်ပါတယ်။ မာတာ့လုဟာစာပေသမားဖန်းကျွင့်ကို ယွဲ့ယာမြို့မှာ စာသင်ကျောင်းဖွင့်နိုင်ရန် ကူညီပေးခဲ့ပါတယ်ဒါပေမဲ့ ၃ လအတွင်း ကျောင်းသား တစ်ယောက်မှ မရှိလို့ကျောင်းပိတ်လိုက်ရတော့မလို ဖြစ်နေပါတယ်။
ကံကောင်းစွာနဲ့ ကျူးအာဆိုတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အကူအညီရခဲ့ပြီးမှအခက်အခဲကို ကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ကျူးအာဟာ အလွန်ဉာဏ်ကောင်းပြီးဖန်းကျွင့်အပေါ်လည်း အလွန် ဂရုစိုက်သူ ဖြစ်ပါတယ်။ဖန်းကျွင့်ကတော့ သူ့ကို ပစ်သွားတဲ့ဇနီးလောင်း ရှန်ယန့်ကိုပဲ ပြန်လာစေချင်နေပါတယ်။
ရှန်ယန့်ဟာ သူ့ရဲ့သူဌေးနှင့် အိမ်ထောင်ပြုနိင်ဖို့အတွက်ဖန်းကျွင့်ကို ရက်စက်စွာ လုပ်ကြံခဲ့ပါတယ်။ ဖန်းကျွင့်ဟာအသက်အန္တရာယ်နှင့် ကြုံတွေ့ရချိန်မှာ ကျူးအာ ကဘယ်လိုကာကွယ်မလဲကျူးအာတစ်ယောက် ဖန်းကျွင့်ရဲ့ မေတ္တာတွေကို လက်ခံရနိုင်မလား……ကျူးအာရဲ့ သရုပ်မှန်ကရော ဘာဖြစ်နေမလဲ…..ဆိုတာကို ရုပ်ရှင်လေးနဲ့အတူ ခံစားကြည့်ရှုလိုက်ရအောင်နော်။...
