uz
Feedback
ဇာတ်ညွှန်းများ • FDMN

ဇာတ်ညွှန်းများ • FDMN

Yopiq kanal

🚩 Channel was restricted by Telegram

Ko'proq ko'rsatish
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
A Dangerous Method (2011) ⭐TMDB: 64% User Score 🎬 #Biography #Drama #Romance #Thriller 🗓 2011 🎞 movie 🌎 #Switzerland #UnitedKingdom #Germany #Canada ⏰ 1 နာရီ 39 မိနစ် 55 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီဇာတ်ကားကတော့ စိတ်ပညာရပ်နယ်ပယ်မှာ ဖခင်ကြီးတစ်ဖြစ်တဲ့ အော်စတြီးရန်းနိုင်ငံသာ ဂျူးလူမျိုး အာရုံကြောပါရဂူ ဆစ်ဂ်မန်ဖရွိုက်ဒ်နဲ့ ကားလ်ဂျန်ဆိုတဲ့ စိတ်ကုထုံးကညာရှင်တစ်ဦးရဲ့အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ Biography Drama ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဒေါက်တာကားလ်ဂျန်ဟာ စိတ်ဖောက်နေတဲ့ ရုရှားသူ ဆဘရီနာရှပီရွိုင်းဆိုသူကို လူနာအဖြစ် လက်ခံကုသပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ကိုကုသရမှာ သူတို့ခေတ်အခါက ကုထုံးတွေ နည်းလမ်းတွေကိုသုံးပြီး စိတ်ကိုစိစစ်ကုသပေးခဲ့ပါတယ်။ သို့ပေမဲ့လည်း သူတစ်ဦးတည်းကုသဖို့ အဆင်မပြေတဲ့အခါ ပရော်ဖက်ဆာဖရွိုက်ဒ်နဲ့ တွေ့ဆုံပြီး နည်းလမ်းအသစ်တွေရှာဖို့ကြိုးစားပါတော့တယ်။ ဇာတ်လမ်းကတော့ ပညာရပ်ပိုင်းဆိုင်ရာဇာတ်ကားဖြစ်တဲ့အတွက် ခက်ခဲနက်နဲပြီး တွေးရတာကြိုက်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားတစ်ကားဖြစ်ပါတယ်။ ဒီဇတ်ကားက ဒိတ်ဒိတ်ကြဲဆရာကြီးတွေရဲ့ စကားဝိုင်းတွေ အတွေးအခေါ်တွေအပေါ်ကို အခြေခံရိုက်ကူးထားတာဖြစ်လို့ သာမန်လူတစ်ယောက်အနေနဲ့ကြည့်မယ်ဆိုရင် လိုက်မီဖို့ ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ သင်က လက်ရှိခေတ်စိတ်ပညာရပ်ပိုင်းဆိုင်ရာရဲ့ သမိုင်းကြောင်း မြစ်ဖျားခံရာကို လေ့လာလိုသူဆိုရင်တော့ ဒီဇာတ်ကားက သင့်အတွက်ပါပဲ။
...

Hellboy: The Crooked Man (2024) ⭐TMDB: 44% User Score 🎬 #Action #Adventure #Fantasy #Horror 🗓 2024 🎞 movie 🌎 #Germany #UnitedStatesofAmerica ⏰ 1 နာရီ 39 မိနစ် 56 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အခု အသစ်ထွက်တဲ့ ဟဲလ်ဘွိုင်းရုပ်ရှင်ကတော့ ပထမဆုံး နှစ်ကားရဲ့အဆက်မဟုတ်သလို ၂၀၁၉ ရဲ့ အဆက်လည်းမဟုတ်ဘဲ reboot ရိုက်ကူးထားတာဖြစ်ပါတယ်။ ၁၉၅၀ ကို အခြေခံထားတဲ့ သဘာဝလွန်ဟော်ရာ စူပါဟီးရိုး ရုပ်ရှင်အမျိုးအစားပဲဖြစ်ပါတယ်။ ဟဲလ်ဘွိုင်းအဖြစ် Jack Kesy က သရုပ်ဆောင်ထားပြီး Crank ရုပ်ရှင်တွေကို ဖန်တီးခဲ့တဲ့ ဒါရိုက်တာ Brian Taylor က ရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ၁၉၅၀ ဝန်းကျင်မှာ ဟဲလ်ဘွိုင်း နဲ့ B.P.R.D ( ပရလောက သုတေသန နဲ့ ကာကွယ်ရေး ဗြူရို) ရဲ့ သုတေသန သမား ဘော်ဘီဂျို တို့ဟာ Appalachian Mountains တောင်တန်းတွေဘက်ကို တာဝန်တစ်ခုနဲ့ထွက်လာရင်း စုန်းတွေချည်းပဲ လွှမ်းမိုးနေတဲ့ နယ်တစ်ခုထဲကိုရောက်သွားပါတယ်။ အဲဒီနယ်ထဲကို ပြန်လာတဲ့၊ စုန်းဘဝကနေ ထွက်ပြေးရင်း ဒုက္ခရောက်နေတဲ့လူတစ်ယောက်ကိုကူညီရင်း စုန်းတွေကို လိုက်ပြီး ဝိညာဉ်နုတ်သိမ်းနေတဲ့ စေတန်ရဲ့ လက်ပါးစေ လူကောက်ကွေးကြီးဆိုတဲ့ မိစ္ဆာနဲ့ ရင်ဆိုင်ရပါတော့တယ်။ စူပါဟီးရိုးအက်ရှင်ထက် ဟော်ရာနဲ့ အခြောက်အလှန့်ဘက်ကို များများ အသားပေးထားတာမို့ ဟော်ရာကြိုက်တဲ့သူတွေအတွက် ကြည့်လို့ကောင်းမဲ့ ရုပ်ရှင်တစ်ခုပါပဲ။
...

The Stepfather (2009) ⭐TMDB: 58% User Score 🎬 #Crime #Thriller #Horror 🗓 2009 🎞 movie 🌎 #USA #UnitedStatesofAmerica ⏰ 1 နာရီ 43 မိနစ် 18 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Stepfather (2009) မင်းသမီးချော Amber Heard , မင်းသားချော Penn Badgley , မင်းသားကြီး Dylan Walsh ,မင်းသမီးကြီး Sela Ward တို့ပါဝင်တဲ့ ဒီရုပ်ရှင်ကားက1987 တုန်းက ထွက်ခဲ့တဲ့ဇာတ်ကားကို ပြန်ရိုက်ထားတာဖြစ်ပြီး Crime,Thriller အမျိုးအစား ထိတ်လန့်ခြောက်ခြားစရာဇာတ်ကားပါ။ သူက လူကြီးလူကောင်းတစ်ယောက်ပါ ဆိုတာကတော့ ဒီကားထဲမှာ အကြားရများဆုံးစကားပါ။ပြေပြစ်တဲ့အပြုံးတွေရှိမယ် .. စကားလုံးလှလှတွေနဲ့‘မိသားစု’ ဆိုတာကို ပါးစပ်ကမချဘဲ ပြောတတ်မယ် ..အရာရာမှာ နားလည်ဂရုစိုက်ပေးပြီး ကြင်နာတတ်မယ်…ဒါတွေဟာ ဒီကားရဲ့ အဓိကဇာတ်ဆောင် ပထွေးဖြစ်သူရဲ့အများသိစရိုက်လက္ခဏာတွေပေါ့.. ဒါတွေအားလုံးရဲ့ နောက်ကွယ်မှာတော့ ‘သိပ်ကိုပြီးပြည့်စုံတဲ့မိသားစု’ လို့သူယူဆသတ်မှတ်ထားတဲ့ စံတစ်ခုကို စွဲကိုင်ပြီးဒီစံနဲ့ မကိုက်လာဘူးထင်ရင် သွေးအေးအေးနဲ့ သတ်ပစ်လိုက်နိုင်တဲ့အမေရိကရဲ့ အလိုရှိဆုံးလူသတ်သမားတစ်ယောက်ဟာ ခိုအောင်းလို့နေပါတယ်.. ဒီကားရဲ့ ဇာတ်ကြောင်းသရုပ်မှန်ကိုကြည့်သူပရိတ်သတ်ကို ဖွင့်ပြပြီးသားအနေအထားပေါ်မှာပဲနောက်ထပ်သားကောင်ဖြစ်လာမယ့် သားအမိတွေနဲ့သူနဲ့ကြားက ဇာတ်လမ်းကိုကြည့်ရမှာဖြစ်ပါတယ်.. ။အထူးသဖြင့်တော့ မိသားစုအသစ်ရဲ့ သားအကြီးဆုံးဖြစ်သူ မိုက်ကယ်နဲ့နာမည်အတည်တကျမရှိသူ လူကြီးလူကောင်းယောင်ဆောင်သူ ပထွေးကြားက သံသယနဲ့ အားပြိုင်မှုတွေကိုကြည့်ရပါမယ်။ ဒီဇာတ်လမ်းမှာ နောက်ထပ်အသတ်ခံသားကောင်တွေပဲတိုးလာမလား..ပထွေးဖြစ်သူရဲ့ မျက်နှာဖုံးတွေပဲ ကွာကျသွားမလားဆိုတာတော့
...

Deepwater Horizon (2016) ⭐IMDB: 7.1/10 (186 k Votes) 🎬 #Action #Drama #History #Thriller 🗓 2016 🎞 movie 🌎 #HongKong #USA #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 35 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Deepwater Horizon (2016) IMDb Rating (7.1) / Rotten Tomatoes (82 %) ၂၀၁၀ခုနှစ် Mexico ပင်လယ်ကွေ့ ရေနံစင်မှာ Gas ယိုစိမ့်ရာမှ ရေနံစင်မီးလောင်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး လူ (၁၁) ဦး သေဆုံးကာ လူအမြောက်အမြား ဒဏ်ရာရရှိခဲ့ပါတယ်။ ဒီမီးလောင်မှုကို ၃၆ နာရီကြာ မီးငြိမ်းသတ်ခဲ့ရပြီး အကျိုးသက်ရောက်မှုအနေနဲ့ ပတ်ဝန်းကျင်မှ လူပေါင်း ၄၈,၀၀၀ ကျော် ရွေ့ပြောင်းခဲ့ရကာ မိုင် ၂၅၀၀ ကျော် (ပေပေါင်း ၁၃.၅ မီလီယံ) လောက် ရေထုညစ်ညမ်းသွားခဲ့ပြီး ၂၀၁၄ ဒီဇင်ဘာလအထိ သဘာဝပါတ်ဝန်းကျင် ရှင်းလင်းထိန်းသိမ်းရေးလုပ်ငန်းတွေ ဆက်လက်လုပ်ဆောင်ခဲ့ရပါတယ်.ဒီမတော်တဆပေါက်ကွဲမှု ဖြစ်ရပ်မှန်ကို အခြေခံရိုက်ကူးထားတဲ့ Deepwater Horizon ဆိုတဲ့ Movie မှာတော့ မင်းသား Mark Wahlberg နဲ့ မင်းသမီး kate Hudson တို့က အဓိကပါဝင်ပြီး Lone Survivor, Hancock တို့ ကို ရိုက်ကူးခဲ့တဲ့ Director Peter Berg က ရိုက်ကူးတင်ဆက်ထားပါတယ်. Deepwater Horizon အဖြစ်အပျက်က ဗြိတိန်နိုင်ငံရဲ့ British Petrol #BP ကော်ပိုရေးရှင်းရဲ့ ရေနက်ပိုင်း ကမ်းလွန်လုပ်ကွက်မှာဖြစ်ခဲ့တာပါ။Drilling အတွက် ကန်ထရိုက်ရတဲ့ Transocean ကော်ပိုရေးရှင်းရဲ့ Drilling rig ဖြစ်တဲ့ Deepwater Horizon မှာ ဖြစ်ခဲ့တဲ့ မတော်တဆမှုပါ။Crew ၁၂၆ ယောက်ရှိတဲ့အနက် ၁၁ ဦး ဆုံးပါးခဲ့ရပါတယ်။ပင်လယ်ထဲက ကမ်းလွန်ရေနံတူးစင် တွေမှာ ကြမ်းကြမ်းတမ်းတမ်း အလုပ်လုပ်ရတဲ့ အင်ဂျင်နီယာတွေ တက်ကနစ်ရှင်တွေ အော်ပရေတာတွေ ဝန်ထမ်းတွေရဲ့ ခက်ခဲတဲ့ ဘဝတွေကို ထင်ဟပ်ထားပါတယ်။မတော်တဆဖြစ်မှုကြောင့် ပလက်ဖောင်းတစ်ခုလုံး မီးလောင်ပေါက်ကွဲပြီး အန္တရာယ်နဲ့ကြုံရတဲ့အခါ အသက်ဘေးကလွတ်မြောက်အောင် စွမ်းစွမ်းတမံ ရုန်းကန်ကြိုးစားကြပုံတွေကို ကြည့်ရမှာပါ။OIM(Offshore Installation Manager) ဂျင်မီဟာရဲလ်(Kurt Russell) ရဲ့ ဒဏ်ရာအပြင်းအထန် ကြားထဲက တာဝန်ခံမှု၊ Chief Electronic Technician မိုက်ခ်ဝီလီယမ် (Mark Wahlberg) ရဲ့ အစွမ်းကုန်အားထုတ်မှု တွေကိုလည်း ရှုစားရပါလိမ့်မယ်။မီးလောင်ပေါက်ကွဲမှုကြောင့် ဝုန်းဒိုင်းကြဲနေတဲ့ကရိန်းကိုအသက်ကယ်လှေတွေထားရာ စုရပ်မှာ စုဝေးနေတဲ့ လုပ်ဖော်ကိုင်ဖက်တွေ အပေါ်ကို ပြုတ်ကျမလာအောင် မီးတောက်တွေ ပေါက်ကွဲမှုတွေကြားကနေ တာဝါပေါ်ကို မရအရတက်ပြီး ကြိုးစားထိန်းချုပ်ရင်း အသက်စွန့်သွားတဲ့ အယ်ရွန်ဒေးလ်ဘာကီးန် ဟာလည်း Deepwater Horizon ရဲ့ သူရဲကောင်း တစ်ယောက်ပါ။ သူအသက်စွန့် ကယ်တင်ခဲ့လို့ ကျန်တဲ့ Crew တွေအားလုံး အသက်ဘေးကလွတ်ခဲ့တာပါ။Jason Kirkpatrick က ဒေးလ် အဖြစ် သရုပ်ဆောင်ထားပါတယ်။ကမ်းလွန်ပင်လယ်ပြင် ရေနက်ထဲက ရေနံနဲ့သဘာဝဓာတ်ငွေ့ ထုတ်တဲ့ Offshore Platform တွေမှာ အလုပ်လုပ်ကြတဲ့ လူတွေကို ဝင်ငွေကောင်း တယ်လို့သာ သိကြပါတယ်။ အသက်နဲ့ရင်းပြီး ပင်ပင်ပန်းပန်း ရုန်းကန်ကြရတဲ့ ကြမ်းတမ်းတဲ့ ဘဝတွေဖြစ်ကြောင်းကိုတော့ ရောက်ဖူးတဲ့သူတွေမှသာ ကိုယ်ချင်းစာပြီးတော့ နားလည်ပေးနိုင်ကြပါလိမ့်မယ်။ (ရုပ်ရှင်အညွှန်းကို မင်းအောင်ခန့်ဇော် FB မှ ကူးယူဖော်ပြပါသည်။)
...

Captain Ron (1992) ⭐TMDB: 55% User Score 🎬 #Adventure #Comedy 🗓 1992 🎞 movie 🌎 #UnitedStatesofAmerica ⏰ 1 နာရီ 41 မိနစ် 20 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဟောင်းပေမဲ့ ရယ်မောနေရဆဲဖြစ်တဲ့ 1992 ခုနှစ်ထွက်ဟာသရုပ်ရှင်ကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ အမွေရတဲ့ရွက်‌လှေကို ပြန်ရောင်းဖို့အတွက်သွားယူကြရင်း အပြန်လမ်းခရီးမှာ စွန့်စားခန်းမျိုးစုံကြုံတွေ့ခဲ့ရတဲ့ မိသားစုတစ်စုရဲ့အကြောင်းဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ ဆုံးသွားတဲ့ ဦးလေးဖြစ်သူဆီကနေ အပျော်စီးရွက်လှေတစ်စီးကို ချီကာဂိုကဟာဗေးမိသားစုအမွေရလိုက်ပါတယ်။ လှေကိုပြန်ရောင်းဖို့အတွက်ဆို လက်ရှိလှေရှိနေတဲ့ ကျွန်းကနေ မိုင်ယာမီကို ပြန်သယ်လာရမှာဖြစ်လို့  မိသားစုတစ်ခုလုံးလှေကိုသွားယူခဲ့ကြပါတယ်။ဒါပေမဲ့လည်း ရွက်လွှင့်ဖူးတဲ့အတွေ့အကြုံမရှိကြတာမလို့ မာလိန်မှူးတဖြစ်လဲ ရွက်လွှင့်နည်းတွေသင်ပေးလို့ရအောင် ကျွန်းပေါ်ကဒေသခံ ကပ္ပတိန် ရွန်ကိုငှားပြီး မိုင်ယာမီကိုပြန်ရွက်လွှင့်လာခဲ့ကြရင်း ပြောင်းမြောက်လှတဲ့ ကပ္ပတိန်ရွန်ရဲ့ ပဲ့ကိုင်စွမ်းရည်တွေတောင် ဘဝတစ်သက်စာမမေ့နိုင်မဲ့စွန့်စားခန်းတွေကိုဘယ်လိုဖြတ်ကျော်ကြရမလဲဆိုတာ ကြည့်ရှုလိုက်ကြပါဦး။
...

At 23000 Feet (2023) ⭐TMDB: 0% User Score 🎬 #Bollywood #Documentary 🗓 2023 🎞 movie 🌎 #India ⏰ 1 နာရီ 19 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 At 23000 Feet (2023)“ပင်လယ်ရေမျက်နှာပြင်အထက် ပေပေါင်း ၂၃၀၀၀”======================================= အိန္ဒိယရဲ့အမြင့်ဆုံး တောင်တန်းတွေကြားကိုကိုယ်တိုင်ရောက်သွားသလိုခံစားရစေမယ့် တောင်တက်မှတ်တမ်းရုပ်ရှင်တစ်ခုကို ပရိသတ်တွေအတွက်တင်ဆက်ပေးချင်ပါတယ်။ ကရာတေး ခါးပတ်နက်ရ နိုင်ငံအဆင့် ရေကူးသမားကိုဗစ်မီတယ်ဆိုတဲ့လူငယ်တစ်ယောက်ရဲ့ တတိယမြောက် တောင်တက်ခရီး။ ကိုဗစ်မီတယ်ဟာ ကမ္ဘာ့အမြင့်ဆုံးတောင်ထိပ်ဖြစ်တဲ့ ဧဝရတ်တောင်ထိပ်ကို တက်ဖို့ရည်ရွယ်ချက်ရှိတဲ့သူဖြစ်ပြီး ရှေ့မှာလည်း တော်တော်လေးမြင့်တဲ့ တောင်နှစ်တောင်ကိုတက်ခဲ့တဲ့ မှတ်တမ်းရုပ်ရှင်နှစ်ခု ထွက်ရှိထားပါတယ်။ သူ ဒီတစ်ခါတက်မယ့်တောင်ကတော့ ဧဝရတ်တောင်ကို မတက်ခင် နောက်ဆုံးတက်ဖို့ကြိုးစားတဲ့အမြင့်ပေ ၂၃၀၀၀ မှာရှိတဲ့ တောင်တစ်လုံးပဲဖြစ်ပါတယ်။ အဲဒီတောင်ထိပ်ကို သူ ရောက်သွားမှာလား၊ ဘာအခက်အခဲတွေကြုံရမှာလဲဆိုတာကိုရင်သက်ရှုမောဖြစ်စရာရှုခင်းတွေနဲ့အတူ ဒီမှတ်တမ်းရုပ်ရှင်ထဲမှာ မြင်ကြရမှာပဲဖြစ်ပါတယ်…။ (ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။)
...

The Great Illusionist (2020) ⭐TMDB: 20% User Score 🎬 #Adventure #Fantasy 🗓 2020 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 CM တရုတ်ကားဖန်တွေအတွက် ဒီတစ်ခေါက်မှာတော့ ရှားပါး ဖုန်တက်ကားကောင်းလေးတစ်ခုကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်…ဒီကားထဲက မင်းသားကတော့ တရုတ်ဖုတ်ကောင်ကားဖန်တွေဆို သိကြမှာမို့ဒီမင်းသားမြင်တာနဲ့ ဘယ်လိုကားမျိုးဆိုတာ မှန်းနိုင်မှာပါ… ဇာတ်လမ်းအကျဉ်းလေးကတော့ ပေဟိုင်မြို့ ထူးဆန်းတဲ့ကွင်းဆက်လူသတ်မှုတစ်ခုကို လုံစုန်အရာရှိအပါအဝင် စခန်းအားလုံးခေါင်းခဲနေရတာပေါ့… ဘယ်လိုလူသတ်မှုမျိုးလဲဆိုရင်တော့…ရုတ်တရက်ကြီးလမ်းလယ်ခေါင်မှာ ရုတ်တရက်သေသူတွေကိုအလောင်းစစ်ဆေးတော့ရေနစ်ပြီးသေကြောင်းအဖြေထွက်လာတာကြောင့်ပေါ့… ဒီအမှုကနေစပ်ဆက်လေ့လာလိုက်တော့ လူ ၁၇ ယောက်လောက်တစ်ချိန်တည်းဒီလိုပုံစံတူသေတာလည်းရှိတာမို့ထူးဆန်းတဲ့ ကွင်းဆက်လူသတ်မှုလို့နာမည်တပ်ခဲ့ရတာပေါ့… ဒီလိုနဲ့ မစ္စတာရော်ဘင်အကူအညီနဲ့ အမှုကို စုံစမ်းဖော်ထုတ်တဲ့ခရီးစဉ်ဆက်ခဲ့တာပေါ့… ဒီအမှုကိုစုံစမ်းရာကနေ သဘာဝလွန်ထူးခြားဖြစ်စဉ်တွေပါ ရှာဖွေတွေ့လာရာကနေ အမှုမှန်ပေါ်ပေါက်ပါ့မလား…အမှုနောက်ကွယ်မှာ ဘာလျို့ဝှက်ချက်ရှိမယ်ဆိုတာလေး ဇာတ်လမ်းလေးရင်ခုန်စိတ်လှုပ်ရှားစွာကြည့်လိုက်ကြပါတော့
...

Memoir Seorang Guru (2024) ⭐IMDB: 8.3/10 (61 Votes) 🎬 #Biography #Drama #History 🗓 2024 🎞 movie 🌎 #Malaysia ⏰ 1 နာရီ 44 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Memoir Seorang Guru (2024) IMDb Rating (8.4) ဇာတ်ကားကတော့ ပညာပေးဇာတ်လမ်းပါ။ မလေးရှားနိုင်ငံက ရွာဘက်က ကျောင်းတစ်ကျောင်းမှာ ပညာရေးပြုပြင်ပြောင်းလဲမှုတွေလုပ်သွားတဲ့ဆရာတစ်ယောက်ရဲ့အကြောင်းကို ဇာတ်လမ်းအဖြစ် ရိုက်ကူးထားပါတယ်။ ကျောင်းဆရာက အရည်အသွေးကို အဓိကမထားဘဲ ဘွဲ့တွေဂုဏ်တွေ၊ လုပ်ထုံးလုပ်နည်းသက်သက်ကို ဦးစားပေးလာတဲ့ ပညာရေးကို မကြိုက်တော့ပါဘူး။ ဒီလိုနဲ့ ပညာရေးဝန်ကြီးဌာနရဲ့သတ်မှတ်ချက်ကို လိုက်မနာဖို့ဆုံးဖြတ်မိတယ်ဆိုရင်ပဲ အဲဒီကျောင်းဆရာဟာ နယ်ဘက်ကို ပြောင်းရွှေ့ခံရတော့တာပဲ။ ဒါပေမယ့် ဆူနန်အတွက်တော့ နယ်ဘက်မှာ ကျောင်းဆရာဖြစ်ရတာကိုပဲ ဂုဏ်ယူခဲ့ပါတယ်။ ကလေးတွေကို ပြုစုပျိုးထောင်ပေးရတာကိုက ကျောင်းဆရာရဲ့ ဂုဏ်ပဲလို့ သူက မှတ်ယူတယ်။ ဒါပေမယ့် သူ့ရည်ရွယ်ချက်တွေ အောင်မြင်သွားသလားဆိုတာတော့.. ။ ဒီရုပ်ရှင်ကားကို ဒါရိုက်တာ Kyoll Hamzah က စီစဥ်ရိုက်ကူးခဲ့ပြီး (IMDb rating 8.4) ရရှိထားပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thy Santa ဖြစ်ပါတယ်။)
...

Not Out (2022) ⭐TMDB: 0% User Score 🎬 #Bollywood #Comedy #Drama 🗓 2022 🎞 movie 🌎 #India ⏰ 1 နာရီ 28 မိနစ် 00 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Not Out (2024)“ပြဿနာ” အသစ်ထွက်ရှိလာတဲ့ ကန်နားဒါး ဟာသရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် အာဂျေးဟာ လူနာတင်ကားမောင်းတဲ့သူဖြစ်ပြီးသူ့ကောင်မလေး ရှရီကတော့ အိပ်မက်တွေနဲ့မိန်းကလေးပါ ဒေဗာရာ့ဂျ်ဆိုတာကတော့ တပည့်လူမိုက်တွေမွေးထားတဲ့အကြွေးရှင်ကြီးတစ်ယောက်ဖြစ်ပြီး အကြမ်းနည်းကိုသုံးရမှာ တစ်စက်မှ ဝန်မလေးတဲ့သူဖြစ်ပါတယ် အာဂျေးကလည်း သူ့ဆီက ပိုက်ဆံချေးထားရတဲ့သူတွေထဲက တစ်ယောက်အပါအဝင်ပေါ့ရှရီနဲ့ အာဂျေး နှစ်ယောက်လုံး နိုင်ငံခြားမှာ အလုပ်သွားလုပ်ဖို့ အင်တာဗျူးအောင်သွားပေမယ့် သူနဲ့သူ့ကောင်မလေးရဲ့ စာရွက်စာတမ်းတွေကို ဒေဗာရာ့ဂျ်ရဲ့ တပည့်တွေက အကြွေးလာတောင်းရင်း သိမ်းသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြေရှင်းကြမလဲ ပေါ့ပေါ့ပါးပါးကြည့်ရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ် အညွှန်းနဲ့ဘာသာပြန်ကတော့ V ~ KKKZ ~ ToMo ~ Alex ~ Zwe တို့ကပါ
...

The Fallen Bridge (2022) ⭐TMDB: 52% User Score 🎬 #Crime #Drama 🗓 2022 🎞 movie 🌎 #China ⏰ 1 နာရီ 54 မိနစ် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 “တရားမျှတမှုနဲ့ အမှန်တရားဆိုတာ အမြဲတစေဆိုသလို ဒွန့်တွဲနေတဲ့အရာတစ်ခုပါအမှန်တရားဆိုတာ ဘယ်လိုမှ ဖုံးဖိလို့မရတဲ့ အရာတစ်ခုဆိုလဲမမှားဘူး” ဖခင် သေဆုံးမှူအတွက် အမှန်တရားကိုအပူတစ်ပြင်းရှာဖွေနေတဲ့ တက္ကသိုလ်ကျောင်းသူလေး – ဝမ်ရှောင်းယွီဝမ်ရှောင်းယွီရဲ့ ဖခင်သေဆုံးမှုက မျက်မြင်သက်သေတစ်ယောက်ဖြစ်တဲ့ စက်ပြင်သမားလေး – မုန့်ချောင်း ကျုံးနမ်တံတားဟူသည် ဟွမ်ချွဲ့မြို့ကြီးရဲ့ အဓိကပေါင်းကူးတံတားဆိုရင်လဲ မမှားပါဘူးတစ်နေ့မှာ တံတားကြီး ပြိုကျပျက်ဆီးသွားခဲ့တဲ့အခါထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပေါ်လာခဲ့ပါတယ် အဲ့တာကတော့ တံတားအတွင်းမှာ လူသေအရိုးစုတစ်ခုတွေ့ရှိခဲ့ရခြင်းပါပဲ အဲဒီသေဆုံးသူကတော ဝမ်ရှောင်းယွီရဲ့ဖခင်ဖြစ်သူ ဝမ်လျောင့်ပါ တစ်နေ့မှာတော့မုန့်ချောင်းရဲ့ အကူအညီပေးမှုနဲ့အတူ ဖခင်ရဲ့သေဆုံးမှုဟာသွေးရိုးသားရိုးမဟုတ်တဲ့အကြောင်း ဝမ်ရှောင်းယွီသိရှိသွားခဲ့ပါတော့တယ်နစ်မြုပ်နေတဲ့ သဲလွန်စ တစ်စချင်းဆီနောက်ကိုနှစ်ယောက်သား အတူတူလိုက်လံရှာဖွေရင်းဝမ်ရှောင်းယွီရဲ့ မွေးစားအ​ဖေဖြစ်သူကျူးဖန်းကျန့် ကလူသတ်သမားဖြစ်နိုင်​ချေရှိတဲ့အကြောင်း သိရှိသွားချိန်မှာတော့…..? ❏ ဘာတွေဆက်ဖြစ်ကြမလဲ ?❏ နောက်ကွယ်က လျို့ဝှက်ဆန်းကြယ်တဲ့ အရာတွေကရော ဘာတွေဖြစ်လာမလဲ ?❏ လူသတ်သမားကရော သူတို့ထင်ထားတဲ့အတိုင်းဖြစ်နေနိုင်ပါ့မလား ?❏ သူတို့တွေ အပူတပြင်းရှာနေတဲ့ အမှန်တရားကရော ထွက်ပေါ်လာပါ့မလား ?ဆိုတာ စိတ်ဝင်စားဖွယ် ရင်တထိတ်ထိတ်ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်ရှင် သရုပ်ဆောင်တွေအနေနဲ့ကတော့ တရုတ်ပြည်မကြီးမှာ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်တဲ့TFBOYS အဖွဲ့ရဲ့ ခေါင်းဆောင် ဝမ်ကျွင့်ခိုင်(မုန့်ချောင်း) နဲ့နာမည်ကြီး သရုပ်ဆောင်မင်းသမီး မာစစ်းချွမ်(ဝမ်ရှောင်းယွီ) တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်ရှင်
...

Charge Forward (2024) ⭐TMDB: 90% User Score 🎬 #History #War 🗓 2024 🎞 movie 🌎 #China ⏰ 1 နာရီ 28 မိနစ် 6 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ဒီကားလေးက တောင်ကိုရီးယား-မြောက်ကိုရီးယား စစ်ပွဲကိုမြင်နေကြ ဖတ်ဖူးနေကြ မဟုတ်တဲ့ မတူညီတဲ့ရှုထောင့်ကနေ ရိုက်ပြထားတဲ့ကားပါ.. တောင်-မြောက်ကိုရီးယား စစ်ပွဲမှာ တောင်ကိုရီးယားဖက်ကိုစစ်ကူအဖြစ် အမေရိကားဖက်က ကူချိန်မှာ…ချဉ်းကပ်ဖို့ လမ်းကြောင်းမှာ တရုတ်နဲ့ တိုက်ခိုက်တဲ့အခါမှာကြုံတွေ့တာကို ပုံဖော်ရိုက်ကူးထားတာပေါ့… တစ်မြို့တစ်ပုဒ်ဆန်းဆိုသလိုပဲ.. သူ့ဖက်ကိုယ့်ဖက်သမိုင်းမှတ်တမ်းတွေနဲ့ ရိုက်တာဆိုတော့ဒီဇာတ်လမ်းလေးကိုဘယ်လိုပုံဖေါ်ထားတယ်ဆိုတာကိုဇာတ်လမ်းလေးထဲမှာပဲကိုယ်တိုင်ကြည့်ရှုခံစားလိုက်ပါ
...

King of Baji Fist (2023) ⭐TMDB: 0% User Score 🎬 #Action #Comedy #Drama 🗓 2023 🎞 movie 🌎 #China ⏰ 1 နာရီ 29 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 လက်ဝှေ့ပွဲတွေကြိုက်တတ်တဲ့သူတွေအတွက် တရုတ်ရိုးရာပါးကျီလက်ဝှေ့အစွမ်းကိုပြထားတဲ့ လက်ဝှေ့ကားလေးတင်ပေးလိုက်ပါတယ်။ကွန်ဖူးပညာတွေဟာ ရှေးတုန်းက ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့သုံးကြပေမယ့်ခေတ်နဲ့အမျှပြောင်းလဲလာတဲ့နောက်မှာ အထိနာအသက်အန္တရာယ်ဖြစ်စေမယ့်တိုက်ကွက်တွေကိုတားမြစ်ပြီး ကျန်တဲ့တိုက်ကွက်တွေကိုလက်ဝှေ့ပွဲတွေမှာအသုံးပြုခွင့်ပေးထားပါတယ်။ ပါးကျီလက်ဝှေ့ပညာဟာ တရုတ်ရိုးရာလက်ဝှေ့ပညာတွေထဲက အစွမ်းထက်တဲ့ပညာတစ်ခုပါ။ဒါပေမယ့် ဒီရိုးရာလက်ဝှေ့ပညာကိုဆက်ခံသူတစ်ဖြည်းဖြည်းနဲ့နည်းပါးလာပါပြီ။ပါးကျီမျိုးဆက်ဖြစ်တဲ့ ရွှီမျိုးနွယ်ညီအစ်ကို၂ယောက်မှာ အစ်ကိုဖြစ်တဲ့သူကလက်ဝှေ့နဲ့အသက်မွေးပြီး ညီဖြစ်သူကိုတက္ကသိုလ်ကျောင်းတက်နိုင်အောင်ထောက်ပံ့ပေးနေပါတယ်။ မထင်မှတ်ပဲလက်ဝှေ့ပွဲတစ်ပွဲမှာဒဏ်ရာအပြင်းအထန်ရသွားတဲ့အခါ မိသားစုမှာအားကိုးရာမဲ့သွားခဲ့ပါတယ်။ အဲဒီလိုနဲ့ ညီဖြစ်တဲ့သူက မိသားစုတာဝန်ကိုထမ်းဖို့ကြိုးစားရင်အစ်ကိုဖြစ်သူဒဏ်ရာရသွားတာ သွေးရိုးသားရိုးမဟုတ်ဘူးဆိုတာ သိလိုက်ရတဲ့အခါ……သူ့အစ်ကိုကိုဒုက္ခရောက်စေတဲ့ တရားခံကိုဘယ်လိုဖော်ထုတ်မလဲ……မိသားစုအမွေဖြစ်တဲ့ ပါးကျီလက်ဝှေ့ပညာကို သူတစ်ယောက်ထဲထိန်းသိမ်းသွားဖို့ဖြစ်နိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုလိုက်ပါဦးနော်
...

Beetlejuice Beetlejuice (2024) ⭐IMDB: 7.0/10 (63 k Votes) 🎬 #Comedy #Fantasy #Horror 🗓 2024 🎞 movie 🌎 #UnitedStates #France #UnitedStatesofAmerica ⏰ 1 နာရီ 45 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Beetlejuice Beetlejuice (2024) IMDb Rating (7.0) / Rotten Tomatoes (77%) Wednesday မင်းသမီး Jenna Ortega ပါဝင်ထားတဲ့ သဘာဝလွန် ဟော်ရာ ဟာသ စိတ်ကူးယဉ် ရုပ်ရှင်အသစ်ကြီး ရပါပြီ။ ဒါရိုက်တာကတော့ Wednesday, 9, Beetlejuice, Edward Scissorhands, Copse Bride စတဲ့ ကမ္ဘာကျော် ဟော်ရာကားတွေရဲ့ ဖန်တီးရှင် တင်မ် ဘာတန်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ Beetlejuice (1988) ရဲ့ sequel အနေနဲ့ထွက်ရှိလာတာ ဖြစ်ပါတယ်။ ဘီတယ်ဂျုစ်အဖြစ် မင်းသားကြီး Michael Keaton က ပါဝင်ထားပါတယ်။ မမ Monica Bellucci , Willem Dafoe , Winona Ryder တို့လို ဝါရင့်သရုပ်ဆောင်တွေလဲ ပါဝင်ထားပါသေးတယ်။ ဇာတ်လမ်းအကျဉ်းကတော့… လစ်ဒီရာဆိုတဲ့ အမျိုးသမီးဟာ သရဲတွေကို မြင်နိုင်တွေ့နိုင် စကားပြောနိုင်တယ်လို့ နာမည်ကြီးပြီး သူ့ရဲ့ ရှိုးအစီအစဉ်တွေကလည်း အရမ်းကိုလူကြိုက်များပါတယ်။ သူ့ရဲ့အစွမ်းကိုအလိမ်အညာတွေလို့ပဲ သတ်မှတ်ထားတဲ့ သူ့ရဲ့သမီးနဲ့တော့ သိပ်မသင့်မြတ်ပါဘူး။ လစ်ဒီရာရဲ့ ခင်ပွန်းကလည်း သေသွားတာကြာပြီဖြစ်ပေမဲ့ လစ်ဒီရာက သူ့ကိုမမြင်ရဘူး ရှာမတွေ့ဘူးဆိုတာကြောင့်လည်း သူ့ရဲ့သမီး အက်စထရစ်က မယုံတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ လစ်ဒီရာရဲ့ အဖေ ဆုံးသွားတာကြောင့် ဈာပနလုပ်ဖို့ အိမ်ပြန်လာခဲ့ပါတယ်။ အဲဒီအိမ်မှာပဲ လစ်ဒီရာတစ်ယောက် သူ့ကို လက်ထပ်ချင်နေတဲ့ နတ်ဆိုးတစ်ကောင်နဲ့ ရင်ဆိုင်ရသလို လစ်ဒီရာရဲ့သမီး အက်စထရစ်ကလည်း ကောင်လေးတစ်ယောက်နဲ့ ခင်မင်ပြီး ချိန်းတွေ့မိရင်း တမလွန်လောကကို မတော်တဆ ရောက်သွားခဲ့ပါတယ်။ အက်စထရစ်ကို ကယ်ဖို့နဲ့ နတ်ဆိုးလက်ကနေ အလွတ်ရုန်းဖို့ လစ်ဒီရာတစ်ယောက် ဘယ်လို ကြိုးစားမလဲဆိုတာ မြင်ရမှာပါ။ (ရုပ်ရှင်အညွှန်းနဲ့ ဘာသာပြန်ကို Mr.Anderson မှ တင်ဆက်ထားပါတယ်။)
...

Pogumidam Vegu Thooramillai (2024) ⭐TMDB: 0% User Score 🎬 #Bollywood #Drama #Family #Thriller 🗓 2024 🎞 movie 🌎 #India ⏰ 2 နာရီ 12 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Pogumidam Vegu Thooramillai (2024) “ဤခရီး မဝေးပါ” ဇာတ်လမ်းဇာတ်အိမ်ခပ်ဆန်းဆန်းနဲ့ တမီးလ်ရုပ်ရှင်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ တီရူနယ်ဗယ်လီမှာ စော်တအားကြည်လို့ မိန်းမတစ်ယောက်ထက်မကယူလိုက်တဲ့နာရာယာနာဆိုတဲ့လူတစ်ယောက်ရှိတယ်။ မယားကြီးနဲ့ရော မယားငယ်နဲ့ရော မွေးလိုက်တဲ့သားတွေက စိတ်ကြမ်းကိုယ်ကြမ်း လူ့ဘီလူးတွေ။နာရာယာနာကြီး မတော်တဆမှုနဲ့ ချန်နိုင်းမှာလျှောသွားတော့ ဈာပနကျင်းပဖို့အရေးမယားကြီးနဲ့ မယားငယ်ရဲ့ သားသမီးတွေ အလောင်းလုဖို့စိုင်းပြင်းကြပါရော။ အလောင်းသွားပို့ရမှာက မွေးခါနီးဖွားခါနီးဇနီးသည်နဲ့ ဒုက္ခများနေတဲ့ ကူးမား။ဇနီးသည်မီးဖွားစရိတ်ရဖို့အရေး အလောင်းပို့မယ်လုပ်တော့ အလောင်းလုမဲ့အရေးသိနေတဲ့နယ်ခံတွေကဘယ်သူမှမလိုက်ရဲကြ။ ဒါကိုမသိဘဲ ကူးမားတစ်ယောက် တီရူနယ်ဗယ်လီဆီ အလောင်းတစ်ခု ကိုယ်တစ်ခုရယ်နဲ့ခရီးနှင်လာခဲ့ပြီးလမ်းမှာ ကိုလေပေါတစ်ကောင်က လမ်းကြုံလိုက်လာရာကစ ဘယ်မှာဆုံးမလဲ ခံစားကြည့်ရှုကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်)
...

Chop (2011) ⭐IMDB: 5.5/10 (1 k Votes) 🎬 #Comedy #Horror #Thriller 🗓 2011 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 19 မိနစ် 53 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Chopသဲထိပ်ရင်ဖိုလည်းဖြစ် ဟာသလည်းဆန်တဲ့ ရုပ်ရှင်မျိုးကို ကြည့်ချင်တဲ့သူများအတွက် ဒီဇာတ်ကားလေးက ကွက်တိပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းမှာ လန့်စ်ဆိုတဲ့လူတစ်ယောက် လမ်းမှာကားထပျက်တော့ ဘေးကလမ်းကြုံခေါ်ပေမယ့် လူတစ်ယောက်နောက်လိုက်သွားပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ လမ်းကြုံကားတင်ပေးတဲ့သူဟာ သူ့ကိုရန်ညှိုးရှိနေတဲ့သူဖြစ်ပြီး သူ့ကိုပြန်ပေးဆွဲပါတော့တယ်။ အဲဒီလူဟာ လန့်စ်ကိုပြန်ပေးဆွဲပြီးတဲ့အခါမှာ လန့်စ်မှာရှိသမျှအရာတွေကို တစ်ခုပြီးတစ်ခုဖျက်ဆီးပစ်ပါတော့တယ်။ ဒါပေမဲ့ ဘာလို့များ သူလန့်စ်ကိုဒီလိုလုပ်နေရတာလဲ ဘယ်လိုအခြေအနေတွေက လန့်စ်ကို ဒီလိုဖြစ်စေခဲ့လဲဆိုတာကို ဟာသဆန်ဆန် သွေးထွက်သံယိုတွေကြည့်ရမှာပဲဖြစ်ပါတယ်
...

Killer Heat (2024) ⭐IMDB: 5.6/10 (6 k Votes) 🎬 #Crime #Drama #Mystery #Romance #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 36 မိနစ် 51 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 Mystery/ Crime ရုပ်ရှင်အမျိုးအစားဖြစ်တဲ့ ဒီဇာတ်လမ်းထဲမှာတော့ Divergent ရုပ်ရှင်တွေနဲ့ The Fault in Our Stars တို့က မင်းသမီးချော ‘Shailene Woodley’၊ Bodyguard စီးရီးက မင်းသား ‘Richard Madden’ နဲ့ (500) Days of Summer နဲ့ Don Jon ဇာတ်ကားတို့က မင်းသား ‘Joseph Gordon-Levitt’ တို့က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းကတော့ –ဂရိနိုင်ငံက လူသူခေါင်ခိုက်တဲ့ကျွန်းတစ်ကျွန်းပေါ်မှာ ‘လီယို’ဆိုတဲ့ သူဌေးသားတစ်ယောက်က ကိရိယာမဲ့ တောင်တက်ရင်း ခြေချော်ကျကာ တောင်ပေါ်ကပြုတ်ကျပြီး သေဆုံးသွားခဲ့ပါတယ်။ လီယိုမှာက ‘အီလီယက်စ်’လို့ခေါ်တဲ့ အမြွှာညီအစ်ကိုရှိပြီး သူ့အမြွှာရဲ့ ဇနီးလုပ်သူ ‘ပန်နီလိုပီ’ဆိုတဲ့ မိန်းမချောလေးနဲ့က တက္ကသိုလ်တက်စဉ်အရွယ်က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်း ဖြစ်ခဲ့ဖူးပါတယ်။ ‘နစ်ခ် ဘာလီ’ကတော့ နယူးယောက်ကနေ မိသားစုရေးရာပြဿနာတစ်ခုကြောင့် အေသင်ဘက်မှာ အလွတ်စုံထောက် လုပ်နေသူတစ်ဦး ဖြစ်ကာ ပန်နီလိုပီက သူမရဲ့ မတ် တစ်ဖြစ်လဲ သူမ တစ်ချိန်က ရင်းနှီးခဲ့ရတဲ့ မိတ်ဆွေတစ်ဦးဖြစ်သူ လီယိုရဲ့ သေဆုံးမှုကို စုံစမ်းဖို့အတွက် နစ်ခ်ကို ပိုက်ဆံအများကြီးပေးပြီး သူမတို့မိသားစုနေထိုင်ရာ ကျွန်းကြီးဆီကို ခေါ်လိုက်ပါတော့တယ်။ မိသားစုစီးပွားရေးမှာလည်း ဘာမျှဝင်မပါဘဲ အေးအေးဆေးဆေးနေတတ်တဲ့ လီယိုရဲ့ သေဆုံးမှုက တကယ်ပဲ မတော်တဆမှုလား သတ်ခံရတယ်ဆိုရင်ရော ဘယ်သူကသတ်လိုက်တာဖြစ်မလဲ အမေရိကားကနေ ထွက်ပြေးလာတဲ့ နစ်ခ်ရဲ့ ရာဇဝင်ကရော ဘာဖြစ်မလဲဆိုတာကို စိတ်ဝင်စားဖွယ်မြင်တွေ့ရမှာပဲ ဖြစ်ပါတယ်။
...

The Tracey Fragments (2007) ⭐TMDB: 60% User Score 🎬 #Drama 🗓 2007 🎞 movie 🌎 #Canada ⏰ 1 နာရီ 19 မိနစ် 34 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 The Tracey Fragmentsဒီဇာတ်လမ်းထဲမှာတော့ လက်ရှိခေတ်စားနေတဲ့ စီးရီးတစ်ခုဖြစ်တဲ့ The Umbrella Academy မှာ ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီးကြီး Elliot Page ရဲ့ ကလေးဘဝသရုပ်ဆောင်ထားတဲ့ ဇာတ်ကွက်တွေကို တွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းကိုတော့ ထရေစီလို့ခေါ်တဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ကြောင်းကို အခြေခံထားတာပါ။ ထရေစီဟာ ငယ်ငယ်ကတည်းက အတွေးအမြင်တွေ ဆန်းသစ်လွန်းလို့ သူ့မိဘတွေက သူ့ကို စိတ္တဇဆိုပြီးနာမည်တပ်ပြီး အိမ်ထဲမှာ မျက်သာလုံးဝမပေးခံရတာပါ။ ဒီလိုနဲ့ တစ်နေ့မှာ သူဟာ သူ့မောင်လေး ဆန်နီနဲ့ကစားနေရင် တစ်နေရာမှာ သူ့မောင်လေးပျောက်သွားပါတယ်။ ဒါကို သူ့အိမ်ကကော ကျောင်းပတ်ဝန်းကျင်က တခြားဖိအားတွေနဲ့ ပေါင်းသွားတဲ့အခါမှာ ထရေစီဟာ တကယ့်အရူးသယောင် ဖြစ်သွားရပါတော့တယ်။ ဒီဇာတ်ကားထဲမှာတော့ စိတ္တဇတစ်ယောက်ရဲ့ တွေးတောဆင်ခြင်ပုံ လူတစ်ယောက်က စိတ်ဒဏ်ရာရသွားတဲ့အချိန်မှာ ဦးနှောက်နေ သူတို့ရဲ့မှတ်ဉာဏ်ကို ဘယ်လိုမျိုးပြောင်းလဲပစ်တတ်လဲဆိုတာကို တစိုးတစမြင်ရမှာပဲဖြစ်ပါတယ်။
...

Wolfs (2024) ⭐IMDB: 6.5/10 (31 k Votes) 🎬 #Action #Comedy #Thriller #Crime 🗓 2024 🎞 movie 🌎 #UnitedKingdom #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 47 မိနစ် 28 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 မင်းသားကြီး ဂျော့ကလူနီ နဲ့ ဘရက်ပစ်တို့ ပါဝင်ထားတဲ့ သည်းထိပ်ရင်ဖိုမှုခင်းကားအသစ်ပါ။ ဒါရိုက်တာကတော့ Spider-Man : No Way Home ကိုရိုက်ခဲ့တဲ့ Jon Watts ပါပဲ။ ဇာတ်လမ်းအကျဉ်း တိုင်းရှေ့နေမကြီးတစ်ယောက်က လူငယ်လေးတစ်ယောက်နဲ့ ဟိုတယ်မှာ ချိန်းတွေ့ရင်း လူငယ်လေးက ဆေးလွန်ပြီး သေသွားတယ်။ ဒီလိုကိစ္စမျိုးတွေကို ရှင်းပေးတဲ့ ပရော်ဖက်ရှင်နယ်ကြီးတစ်ယောက်ကို ဖုန်းဆက်ပြီးခေါ်လိုက်တယ်။ ဒါပေမဲ့ ဟိုတယ်ပိုင်ရှင်ကလည်း ဒီကိစ္စကိုရှင်းဖို့ ပရော်ဖက်ရှင်နယ်လေးတစ်ယောက်ကို ထပ်ပြီးခေါ်မိတယ်။ အဲဒီမှ ရှင်းလင်းရေးသမားနှစ်ယောက် ထိပ်တိုက်တိုးပြီး ဒီလူသေမှုကို အတူတူ အစဖျောက်ဖို့ကြုံလာတယ်။ ဒါပေမဲ့ ဒါက သာမန်အမှုမဟုတ်ဘဲ ဘိန်းဖြူဂိုဏ်းတွေနဲ့ပါ ပတ်သတ်နေတာမို့ နှစ်ယောက်လုံး ကြားညပ်ပြီး အစကနေအဆုံးထိ လိုက်ရှင်းရင်း အသက်ရှင်ဖို့ ကြိုးစားရပါတော့တယ်။
...

First Shift (2024) ⭐IMDB: 4.3/10 (1 k Votes) 🎬 #Action #Crime #Drama #Thriller 🗓 2024 🎞 movie 🌎 #UnitedStates #UnitedStatesofAmerica ⏰ 1 နာရီ 29 မိနစ် 36 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 ရဲမေအသစ်လေးတစ်ယောက် အတ္တလန်တာကနေ နယူးယောက်စီးတီးကို တာဝန်ပြောင်းရွှေ့ချထားခံရတာကနေ စတဲ့ဇာတ်လမ်းပါ။ နယူးယောက်စီးတီးက ရဲဌာနမှာတော့ ဘယ်သူနဲ့မှ မတည့်တဲ့ဂွစာတစ်ယောက်နဲ့ ပါတနာအဖြစ် တာဝန်ချခံထားခဲ့ရတယ်။ သူ့ပထမဆုံးကင်းလှည့်တဲ့အဆိုင်းမှာ introvertဖြစ်နေတဲ့ သူ့ပါတနာနဲ့ extrovertဆန်တဲ့ သူနဲ့ကို အထက်လူကြီးက တွဲဖက်တာဝန်ချပေးလိုက်တဲ့အခါ သူတို့နှစ်ယောက်ကြား အဆင်ပဲပြေလာမလား ပြဿနာတွေပဲ ဆက်တက်မလား ကြည့်ရမှာပါ။ တိုက်တိုက်ဆိုင်ဆိုင် သူတို့အဆိုင်းမှာမှ ပြဿနာပေါင်းစုံတက်လာတဲ့အခါ သူတို့အတူ ဘယ်လိုဖြေရှင်းကြမလဲ ကြည့်ရမှာပါ။ တစ်ခုရှိတာက ဒီကားမှာ အမှုကြီးကြီးမားမားတွေကို ပြထားတာမျိုးမရှိဘဲ တကယ်ကြုံနေရသလိုမျိုး ရိုးရှိုးရှင်းရှင်းနဲ့ပဲပြထားတာမို့ လက်တွေ့ကျကျ ကြည့်ချင်ရင်တော့ ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ( ဘာသာပြန်ပြီး အညွှန်ရေးသားထားသူတော့
...

Undergrads (2024) ⭐TMDB: 0% User Score 🎬 #Adult #Drama 🗓 2024 🎞 movie 🌎 #Philippines ⏰ 1 နာရီ 6 မိနစ် 16 စက္ကန့် 👑 Channel Myanmar
ဇာတ်ညွှန်း 📜 အယ်လီနဲ့ဆိုဖီတို့ဟာ တစ်ဦးနဲ့တစ်ဦး သိပ်ချစ်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး အယ်လီကတော့ ဆိုဖီအပေါ်တိတ်တခိုးသံယောဇဉ်တွယ်နေခဲ့ပါတယ်။ ဒီလိုနဲ့ ဆိုဖီတစ်ယောက်ရည်းစားရသွားတာကိုသိလိုက်ရတဲ့နောက် အယ်လီလည်း အားကျမခံကောင်လေးတစ်ယောက်နဲ့လိင်မှုကိစ္စသက်သက် အပျော်သဘောတွဲဖြစ်ခဲ့ပါတယ်။ တစ်နေ့တော့ ဆိုဖီမှာ ကိုယ်ဝန်ရှိနေခဲ့ပြီး သူ့ချစ်သူက တာဝန်မယူဘူးဆိုတာရယ် အဲ့ဒီချစ်သူဆိုတာ သူတို့ကျောင်းက ဆရာတစ်ယောက်ဖြစ်နေတာရယ်ကို အယ်လီသိလိုက်ရတဲ့အချိန်မှာတော့ သူ့ခံစားချက်တွေပေါက်ကွဲထွက်ကုန်ပါတော့တယ်။ အယ်လီနဲ့ဆိုဖီအဖြစ် နောက်ပေါက်တွေထဲက မခေလှတဲ့ Rica Gonzales နဲ့ Athena Red တို့ဦးဆောင်ပါဝင်ထားတာမို့ အားပေးရကျိုးနပ်မယ့်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)
...