ဇာတ်ညွှန်းများ • FDMN
Yopiq kanal
Ma'lumot yo'q
Obunachilar
-524 soatlar
-47 kun
+730 kun
Postlar arxiv
https://m.media-amazon.com/images/M/MV5BOTI1ZDQ5N2UtN2YxYy00YWE2LWFlOWUtNjViMmZmYWE1MDQ1XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Centaur (2022)
⭐IMDB: 5.3/10 (1 k Votes)
🎬 #Action #Adventure #Crime #Drama #Thriller
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #Spain
⏰ 1 နာရီ 30 မိနစ် 51 စက္ကန့်
👑 Gold Channel Movies
ဇာတ်ညွှန်း 📜
Centauro (2022)Action Thriller စပိန်ဇာတ်လမ်းလေးဖြစ်ပြီးသံယောဇဉ်ရှိနေဆဲ…သားရဲ့အမေဖြစ်သူတစ်ယောက် (ဇနီးဟောင်း) မူးယစ်ဆေးဝါးဂိုဏ်းအဖွဲ့နဲ့ပတ်သက်မိရာမှ…သူ့မိသားစု လုံခြုံရန်အတွက် သူမကိုဘယ်လိုကယ်တယ်မလဲ…သူ့ရဲ့အရည်အချင်းတွေနဲ့အတူ ဆိုင်ကယ်ပြိုင်ဘီးတစ်စီးနဲ့ အကွက်တွေ ဘယ်လိုပြမလဲဆိုတာ…Translated & Encoded by A.M.O
https://m.media-amazon.com/images/M/MV5BMjA5MjA1OTA4MV5BMl5BanBnXkFtZTcwMzQzMTAwMQ@@._V1_FMjpg_UX1000_.jpg
Fanfan (1993)
⭐IMDB: 6.7/10 (3 k Votes)
🎬 #Comedy #Romance
🗓️ 1993 🎞️ Movie 📺 720p HD
🌎 #France
⏰ 1 နာရီ 28 မိနစ် 45 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Fanfan (1993)
” ပြင်သစ်ကားတွေရဲ့ထုံးစံအတိုင်း မိသားစုနဲ့အတူ ကြည့်ရှူလို့ အဆင်မပြေနိုင်ပါခင်ဗျာ “
~ IMDb – 6.7/10, Rotten Tomatoes – 85% ~
ဒီရုပ်ရှင်ဟာ ပြင်သစ်ရုပ်ရှင်ကားဟောင်း၊ ကားကောင်းလေးတွေထဲမှာတော့ ရှေ့ဆုံးက ဦးဆောင်ခဲ့တဲ့ကားတစ်ကားပါပဲ။ အဓိကကတော့ ၂၀ ရာစုနှစ်ပြင်သစ်ရုပ်ရှင်ကားတွေကို ချုပ်ကိုင်ခဲ့တဲ့၊ ဂျိမ်းစ်ဘွန်းရုပ်ရှင်တွေမှာတောင် ပါဝင်ခဲ့တဲ့၊ ရုပ်ရှင်ဇာတ်လမ်းမကောင်းရင် ဘယ်တော့မှရိုက်လေ့ရိုက်ထမရှိတဲ့ ပြင်သစ်မင်းသမီးချော Sophie Marceau ကြောင့်လို့လည်း ဆိုရမှာပဲဖြစ်ပါတယ်။
အဆိုပါပြင်သစ်မင်သမီးကြီးရဲ့ရိုက်ကူးခဲ့သမျှ ရုပ်ရှင်ကားတိုင်းဟာ ဇာတ်လမ်းဇာတ်ကွက်အလွန်ကောင်းလှသလို IMDb – 6.2/10 အထက်မှာပဲ အမြဲနေရာယူထားတာလည်းဖြစ်ပါတယ်။ ဒီရုပ်ရှင်ကားလေးကတော့ တဖန်ပြန်လည် ခေတ်ထနေတယ်လို့သိရပြီး ခေတ်ပြန်ထချင်ရလောက်အောင်ကို ဒီဖက်ခေတ်မှာလည်း ကြည့်လို့ကောင်းနေတဲ့ Romance ကားတစ်ကားဖြစ်လို့နေပါတယ်။
တစ်ခါတလေတော့ အချစ်ဆိုတာ ဘယ်လိုမျိူးလဲတောင် နားလည်ဖို့အလွန်ခက်ခဲလှပါတယ်။ ဒီရုပ်ရှင်ကားကို Comedy လို့ပါ အမျိုးအစားတပ်ထားပေမဲ့ ကျွန်တော်အနေနဲ့တော့ Comedy ဆန်တာတစ်ခုမှမတွေ့ရဘဲ ဇာတ်ကောင်စရိုက်နိုင်လှတဲ့ သရုပ်ဆောင်တွေရဲ့ ဇာတ်ကောင်စရိုက်အားပြိုင်မှုတွေကြားမှာ အဆုံးထိကို မျောသွားရတဲ့ကားလေးပါ။
ဒီကားလေးကို ကြည့်ပြီးတဲ့အခါမှာတော့ ဖန်ဖန်ကို မုန်းသွားမလား၊ လောရက်ကိုပဲ သနားသွားမလား၊ အလက်ဇန်းဒါးလိုဇာတ်ကောင်မျိုးကိုပဲ ထရိုက်ချင်မလားကတော့ ခုရုပ်ရှင်ကားလေးထဲမှာ ရှုစားပေးလှည့်ပါဦး ခင်ဗျာ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုSan Thu Aungမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BMjEzMmE1NTYtYmUxYS00MzZmLWE4ZDktYTVkZTA3NDg3NGI4XkEyXkFqcGdeQXVyMjg1NDcxNDE@._V1_FMjpg_UX1000_.jpg
Godland (2022)
⭐IMDB: 7.3/10 (967 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Denmark #Iceland #France #Sweden
⏰ 2 နာရီ 23 မိနစ် 14 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Godland (2022)
~ IMDb – 7.3/10, Rotten Tomatoes – 88% ~
၁၉ရာစုက သာသနာပြုသင်းအုပ်ဆရာတစ်ပါးအကြောင်း ရုပ်ရှင်ပါ။ သူဟာ Iceland မှာ သာသနာပြုဖို့အတွက် ချာ့ချ်ကျောင်းတစ်ကျောင်းဆောက်လုပ်ဖို့ တာဝန်ပေးခံရတဲ့ဘုန်းတော်ကြီးပါ။ Iceland ဟာ သဲကွင်းတွေ တောင်တန်းတွေ ရေခဲမြစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ နေရာဖြစ်ပြီး ပထဝီအနေအထားအမြဲပြောင်းလဲနေတဲ့နေရာပါ။ ဒီနေရာမှာ တချို့ရာသီတွေဆို နေလုံးဝမဝင်ပါဘူး။ လင်းကျင်းနေတာပါပဲ။ ဒေသခံမဟုတ်ရင် နေ့ညတောင်မကွဲ အိပ်ဖို့တောင် အဆင်မပြေပါဘူး။ ဒီလိုအခက်အခဲတွေနဲ့ နေရာကို ဘုန်းတော်ကြီးလူးကပ်စ်ဟာ သာသနာပြုဖို့ စေလွှတ်ခံခဲ့ရပါတယ်။ ဒီရုပ်ရှင်ကတော့ အဲဒီဘုန်းကြီးရဲ့ သာသနာပြုခရီးအကြောင်းကို ရိုက်ကူးပြသထားတဲ့ ရုပ်ရှင်ပါပဲ။
၁၉ရာစုတုန်းက Iceland မှာ သေတ္တာတစ်လုံးတွေ့ရှိခဲ့ကြပြီး အဲဒီသေတ္တာထဲမှာ ဒိန်းမတ်ဘုန်းတော်ကြီးတစ်ပါး ရိုက်ကူးထားတဲ့ ဓာတ်ပုံဖလင်ခုနှစ်ချပ်ကိုပါ တွေ့ရှိခဲ့ကြပါတယ်။ အဲဒီဓာတ်ပုံတွေဟာ အရှေ့တောင်ကမ်းရိုးတန်းဒေသမှာရိုက်ကူးခဲ့တဲ့ ပထမဆုံးဓာတ်ပုံတွေဖြစ်ပြီး။ ဒီရုပ်ရှင်ကို အဲဒီဓာတ်ပုံတွေကနေ ဉာဏ်ကွန့်မြူးတင်ပြထားတာ ဖြစ်ပါတယ်။
(ဒီဇာတ်ကားနဲ့အညွှန်းကိုWမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BMWM1NWVkYTctMjIyYy00NGU1LWIxNDktOWY0ZDMzOWY3ZjRhXkEyXkFqcGdeQXVyMTIyNzY0NTMx._V1_FMjpg_UX1000_.jpg
Head Bush (2022)
⭐IMDB: 6.8/10 (1 k Votes)
🎬 #Action #Biography #Bollywood #Crime
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #India
⏰ 2 နာရီ 12 မိနစ် 16 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Head Bush (2022)Action, Biography, CrimeIMDB 6.8/10 (1.1K)
အခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ KGF မင်းသားတို့ရပ်ဝန်းကကန်နန်ဒါးဘာသာစကားနဲ့ထွက်ရှိလာပြီး မင်းသားဒန်နန်ဂျေယားနဲ့မင်းသမီး ပါယလ်ရာဂျ်ပွသ်တို့ကအဓိကပါဝင်သရုပ်ဆောင်ပေးထားပါတယ်။
ဒီဇာတ်ကားလေးဟာ Agni Sridhar ရဲ့ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ‘My Days in the Underworld’ ဆိုတဲ့ စာအုပ်အပေါ်အခြေခံထားပြီးဘန်ဂလောမြို့ မြေအောက်လောကအကြောင်းကို ရိုက်ကူးတင်ဆက်ထားခြင်းပဲဖြစ်ပါတယ်။
နိုင်ငံရေးမှာ ထာဝရ ရန်သူ ထာဝရမိတ်ဆွေဆိုတာ မရှိပါဘူး ထာဝရအကျိုးစီးပွားဆိုတာပဲ ရှိပါတယ်နိုင်ငံရေးသမားတွေဟာ သူတို့အာဏာတည်မြဲရေးအတွက်မြေပေါ်မြေအောက်နည်းလမ်းပေါင်းစုံနဲ့ အသုံးပြုကြပါတယ်The Guys of Rangoon ထဲက လမ်းမတော်ဖိုးတုတ်ဇာတ်လမ်းထဲမှာလဲဆန္ဒပြပွဲဖြစ်ပြီး အစိုးရတွေပြုတ်ကျဖို့ လူမိုက်တွေကို ငှားလုပ်ခိုင်းတာကို တွေ့ရမှာပါခုဇာတ်ကားက လမ်းမတော်ဖိုးတုတ် live action လိုပါပဲမိုက်ပေမဲ့ နှလုံးသားလှတဲ့ လူမိုက်ကြီး ဂျယ်ရက်ဂ်ျရဲ့ ဒီမြို့ကိုငါတို့ပိုင်တယ်ဆိုတဲ့ အထာအလန်းကြီးတွေနဲ့ ဂိုဏ်းစတားတွေကို တစ်ဝကြီးရှုစားရမှာပါ
https://m.media-amazon.com/images/M/MV5BNjg2NjA0NWMtMWIyZC00MGY0LTg2YzUtZjU4NWY2YzM3ZDU3XkEyXkFqcGdeQXVyNzI1NzMxNzM@._V1_FMjpg_UX1000_.jpg
Better Days (2019)
⭐IMDB: 7.5/10 (10 k Votes)
🎬 #Crime #Drama #Romance #Thriller
🗓️ 2019 🎞️ Movie 📺 720p HD
🌎 #China #HongKong
⏰ 2 နာရီ 16 မိနစ် 07 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Zawgyi
*******
ကျောင်းတွင်း အနိုင်ကျင့်မှုက နေရာတိုင်းမှာ ဖြစ်နေတာပါ…မြင်အောင်ကြည့်ရင် သင်ရှေ့မှာလည်း အနိုင်ကျင့်မှုတစ်ခုခု ရှိနေမှာပါ…ဒါပေမယ့်… အနိုင်ကျင့်မှုတစ်ခုကို မြင်ရင် ဘယ်လိုဖြေရှင်းမှာလဲ?ဒီကားထဲက ချန်နမ်ဆိုတဲ့ ကောင်မလေးကတော့ နှုတ်ဆိတ်နေခဲ့တယ်…ဒီကားထဲက ရှောင်ပေကတော့ သူ့နည်း သူ့ဟန်နဲ့ ကာကွယ်ပေးလိုက်တယ်…ဘယ်သူ့နည်းလမ်းက အမှန်ဖြစ်မှာလဲ?သင်ဆိုရင်ရော ဘယ်လိုလုပ်မှာလဲ ?
PS. မျက်ရည်ခိုင်မှ ကြည့်စေလိုပါတယ်
Unicode

https://m.media-amazon.com/images/M/MV5BNGU1OGMxOGYtNThiYS00NzFhLWEyNGUtYTZhNTQzMzM4OTE0XkEyXkFqcGdeQXVyOTg0NjAxMzI@._V1_FMjpg_UX1000_.jpg
Inventing the Christmas Prince (2022)
⭐IMDB: 6.6/10 (561 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 24 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Inventing the Christmas Prince(2022)
Christmas Prince ဆိုတာ မြောက်ဝင်ရိုးစွန်းတခွင်မှာ Santa Clause ပြီးရင် နာမည်အကြီးဆုံး လက်ဆောင်တွေ ဖြည့်ဆည်းပေးတဲ့ mythical character တစ်ယောက်ပေါ့
ဒါပေမယ့် Santa လောက်သူ့ကိုလူသိပ်မသိကြပါဘူး
Christmas Prince ဆိုတဲ့story လေးကို ကျောင်းမှာ မိဘတွေခေါ်ပြီးပုံပြောခိုင်းတဲ့အစီစဥ်မှာ ရှယ်ဘီက သူ့ဖတဆိုးသမီးလေး ဂရေစ့်ကိုပြောပြပါတယ်
အဲ့ကတည်းက Christmas prince ကဂရေစ့်ရဲ့စိတ်ထဲ စိုးမိုးနေတော့တာပေါ့
ရှယ်ဘီဟာ တဖက်ကလည်း ဂရေစ့်လေးကိုထိန်းရ တဖက်မှာလည်း Rocket Engineer ဆိုတဲ့အတိုင်းအလုပ်တွေကဇယ်ဆက်သလိုကိုလုပ်ရပါတယ် သူ့အတွက်ပိုဆိုးစေတာက သူတို့ရဲ့ ဘောစ့်အယ်ဗန်ပါ
အယ်ဗန်ဟာ Christmas Carole ထဲက Scrooge လောက်မဆိုးပေမယ့် nearly Scrooge ပေါ့
အဲ့တော့အရမ်းလူ့ဂွစာကြီးပေါ့ တစ်နေ့မှာဖြစ်ချင်တော့ ရှယ်ဘီတယောက်သမီးဖြစ်သူကို အလုပ်ခေါ်သွားရင်း ပုံပြင်ထဲက Christmas Prince ရဲ့ လက်ကအမှတ်နဲ့ မစ္စတာအယ်ဗန်ရဲ့လက်ကအမှတ်သွားတူနေပြီး
ဂရေစ့်လေး အယ်ဗန်ကို တကယ့် Chrostmas prince လို့ထင်သွားပြီးနောက်ပိုင်း ဘယ်လိုတွေဆက်ဖြစ်မလည်း ကြည့်ရတာစိတ်ဝင်စားဖို့ကောင်းပါတယ် ဟာသလေးတွေလည်းပါတော့
ပေါ့ပေါ့ပါးပါးနဲ့ Christmas ကာလမဟုတ်တော့တောင်အတော်ကြည့်လို့ကောင်းပါတယ်
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ )
https://m.media-amazon.com/images/M/MV5BNjA5YjEzNGMtY2QzYi00NDgwLWIwODEtN2Y4YThhYjAyZjA5XkEyXkFqcGdeQXVyMTUyODkxMDAz._V1_FMjpg_UX1000_.jpg
All Saints Christmas (2022)
⭐IMDB: 5.8/10 (364 Votes)
🎬 #Comedy #Drama #Romance
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Canada
⏰ 1 နာရီ 24 မိနစ် 36 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
All Saints Christmas(2022)
လစ်ဇက်နဲ့ မတ်သရူးတို့ဟာ အောင်မြင်ပြီးသား အဆိုတော်နှစ်ယောက်ပေါ့
လက်ရှိမှာတော့ သူတို့နှစ်ယောက်ဟာ break up ဖြစ်ထားတယ်
လစ်ဇက်ကလည်းသူ့ဟာသူshow ပွဲတွေဆက်ဆို မတ်သရူးကလည်း music producing အပိုင်းတွေလုပ်ပြီး အဆက်သွယ်ပြတ်နေကြတဲ့ ရည်းစားဟောင်းတွေပေါ့
ဒါပေမယ့် အမှတ်မထင် ခရစ္စမတ်အတွက်စျေးဝယ်ထွက်လာရင်း အခုခေတ်လို social media ခေတ်ထနေတဲ့အချိန်မှာ
သူတို့နှစ်ယောက်ပြန်တွဲနေကြပြီဆိုပြီး သတင်းတွေတက်လာတော့တာပေါ့
အဲ့မှာမိသားစုတွေရော သူငယ်ချင်းတွေရော ပရိတ်သတ်တွေကပါ
အထင်မှားနေတဲ့ကိစ္စကိုပြေလည်အောင်နှစ်ယောက်ဘယ်လိုတွေဖြေရှင်းနေရင်းနဲ့ အချိန်အတန်ကြာငြိမ်းနေခဲ့တဲ့သူတို့ရဲ့အချစ်မီးတောက်လေး ဘယ်လိုပြန်အစပျိုးလာမလည်းဆိုတာ
ခရစ္စမတ်ကာလ အေးအေးလေးမှာ အပန်းဖြေကြည်ကြည့်ကြပါ FA တွေလည်းကြည့်လို့ရပါတယ်နော်
( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Hein That Naing ပါ )
https://m.media-amazon.com/images/M/MV5BZmQ0N2RkNzMtMzU1MC00NWFmLTg5NTgtZDdiNTc3MGFlYTM2XkEyXkFqcGdeQXVyNTk1MjA5MjM@._V1_FMjpg_UX1000_.jpg
Ghouls (2017)
⭐IMDB: 4.4/10 (964 Votes)
🎬 #Action #Fantasy #Horror #Thriller
🗓️ 2017 🎞️ Movie 📺 1080p FHD
🌎 #Russia
⏰ 1 နာရီ 17 မိနစ် 31 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Ghouls (2017)===========
ဇာတ်လမ်းလေးက ရိုးမလိုနဲ့ဆန်းပြီး Horror/Drama ဘက်ကိုကူးသွားတာမို့ အသစ်အဆန်းသဘောတွေ့တဲ့သူအတွက် အကြိုက်တွေ့မယ့်ကားလေးဖြစ်နိုင်ပါတယ်။
မာရှာဆိုတဲ့ကောင်မလေးကတော့ ပြင်သစ်အဆင်လေး ဂေဘရီရယ်နဲ့တွေ့ရဖို့ ဆန္ဒတွေစောနေခဲ့ပါတယ်။ မာရှာရဲ့အတန်းဖော် ပိုလီနာကတော့ သူတို့အတွဲတွေ့ဖြစ်အောင် စီစဉ်ပေးရတဲ့ Third Wheel လေးပေါ့။ ဒါပေမဲ့ ပိုလီနာတစ်ယောက်တည်းဖြစ်မှာစိုးလို့ ဂေဘရီရယ်ကရှန်းဆိုတဲ့တရုတ်တစ်ယောက်ကိုလည်း ခေါ်လာပေးခဲ့ပါတယ်။ အဲ့ဒါနဲ့လေးယောက်ပေါင်းလောင်းကျော်ပြီး အရမ်းလှပြီးနာမည်ကြီးတဲ့ ရေကန်နားမှာ ပျော်ပွဲစားထွက်လာခဲ့ကြပါတယ်။ အဲ့ဒီရေကန်ရဲ့ မလှမ်းမကမ်းမှာရွာလေးတစ်ရွာရှိပြီး နုန်းမြေကြီးလည်းရှိပါတယ်။
သူတို့လုံးဝမသိသေးတဲ့အချက်က အဲ့ဒီရွာလေးမှာ ဘယ်သူမှမရှိဘဲ ပက်ခ်ဟိုတို့သားအမိနှစ်ယောက်ပဲ ရှိနေတာပါ။ အဲ့ဒါအပြင် ရေကန်နားကနုန်းမြေကြီးကလည်း လူစားတယ်လို့ နာမည်ကြီးနေပြီး နှစ်ပေါင်းများစွာငြိမ်သက်နေတဲ့ဒဏ္ဍာရီက ပိုလီနာတို့လေးယောက်ကြောင့် အသက်ဝင်လာတဲ့အခါ… ဘာတွေဆက်ဖြစ်မလဲဆိုတာတော့ ဆက်ကြည့်လိုက်ပါတော့နော်။
(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Jo Jo Vaဖြစ်ပါတယ်)
https://m.media-amazon.com/images/M/MV5BYmE5MmNhYjctMDk4OS00NTMzLTljZTEtMDA0ZDkzODMyMWU2XkEyXkFqcGdeQXVyMTA0MjU0Ng@@._V1_FMjpg_UX1000_.jpg
Pacifiction (2022)
⭐IMDB: 6.6/10 (896 Votes)
🎬 #Drama #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #France #Spain #Germany #Portugal
⏰ 2 နာရီ 46 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Pacifiction (2022)
ဒီနေ့မှာတော့ လူ့သဘာဝကို ထိထိမိမိနဲ့သရုပ်ဖော်နိုင်လွန်းလို့ ပရိသတ်တွေရဲ့ချီးကျူးမှုတွေကို သိမ်းပိုက်ထားတဲ့ Albert Serraရဲ့ နာမည်ကျော်လက်ရာတစ်ခုဖြစ်တဲ့ Pacifiction 2022ဆိုတဲ့ရုပ်ရှင်လေးကို တင်ဆက်ပေးမှာပါ။ Albert Serraရဲ့လက်ရာပီပီ ဒီကားလေးကရော ဒီတစ်ခါမှာ ဘယ်လိုတွေးစရာတွေပေးသွားမလဲဆိုတာ အားလုံးတူတူကြည့်လိုက်ရအောင်ပါ။
ပြင်သစ် ပေါ်လီနီးစီးယားရဲ့ ကျွန်းလေးတစ်ကျွန်းပေါ်ကအုပ်ချုပ်ရေးမှူး အစိုးရအရာရှိလေး ဒီရိုလာတစ်ယောက်ဟာ လူတော်တွေကို မြေတောင်မြှောက်ပေးပြီး လိုအပ်နေသူတိုင်းကို ကူညီတတ်တဲ့လူတစ်ယောက်ပါ။ ဆိတ်ငြိမ်လှတဲ့ ကျွန်းမြို့လေးတစ်မြို့အတွက် ကြီးကျယ်တဲ့ပြဿနာရယ်လို့ ရှိလာမှာမဟုတ်ဘူးလို့ပဲ အားလုံးကထင်မှတ်ထားကြတာပေါ့။ ဒါပေမဲ့ သူတို့ရဲ့ကျွန်းမှာ nuclearစမ်းသပ်မှုလုပ်မယ်ဆိုပြီး ခပ်သဲ့သဲ့ထွက်လာတဲ့သတင်းနဲ့အတူ မြို့နားမှာ ရုတ်တရက်ပေါ်လာတဲ့ ရေတပ်သားတွေ၊ စစ်တပ်ရဲ့လှုပ်ရှားမှုတွေကြောင့် ဒီရိုလာတစ်ယောက် ခေါင်းခဲရဖို့ဖြစ်လာတဲ့အခါ…
တစ်ဖက်က အစိုးရပိုင်းကရာထူးအကြီးဆုံးတွေနဲ့ တခြားတစ်ဖက်က ဩဇာအာဏာဆိုလို့ စိုးစဉ်မျှမရှိကြရှာတဲ့ ကျွန်းနေပြည်သူ၊ ထိပ်ဆုံးနဲ့အောက်ဆုံးကြားက နိုင်ငံရေးအင်အားပြိုင်ပွဲမှာ လက်ဝင်ရှိုမိတဲ့ ဒီရိုလာတစ်ယောက် တစ်ချက်အမှားမခံတဲ့ဆုံးဖြတ်ချက်တွေချရဖို့ ဖြစ်လာတဲ့အခါ ဘယ်လိုဆက်လုပ်မှာလဲဆိုတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။
ဒီကားလေးထဲမှာတော့ နိုင်ငံရေးဆိုတဲ့မျက်နှာဖုံးအောက်က အာဏာရှင်လက်မည်းကြီးတွေရဲ့ပြိုင်ဆိုင်မှုနဲ့အတူ၊ အကျိုးအမြတ်နဲ့ပတ်သက်လာတဲ့အခါမှာတော့ သေမင်းနဲ့ပဲ အပြိုင်စစ်ခင်းရပါစေ ဘယ်သူသေသေ ငတေမာရင်ပြီးရောဆိုတဲ့ လောဘသားတွေရဲ့စရိုက်နဲ့ လူ့သဘောသဘာဝကို ပေါ်လွင်အောင်ရိုက်ကူးထားတာဖြစ်လို့ ကြည့်ရှုသူတိုင်း philosophical thinkingတစ်ခုစီတော့ ရသွားစေမှာပါ။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Janeပါ။)
https://m.media-amazon.com/images/M/MV5BMjExZGQyMTAtMGFlMS00OGZiLTg3MDktY2VkZDRiNGNlNDlmXkEyXkFqcGdeQXVyMTE5NTM5NTU5._V1_FMjpg_UX1000_.jpg
Catfish Killer (2022)
⭐IMDB: 4.8/10 (109 Votes)
🎬 #Thriller
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 25 မိနစ် 21 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Catfish Killer (2022)
** မူရင်းကိုက 720p ပဲ ရှိတာကြောင့် 1080p တင်ပေးနိုင်ဦးမည်မဟုတ်ပါ **
အခုတင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့ ဟန်နာ၊ ဂျိန်းနဲ့ စကော့ ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းသုံးယောက်ကြားထဲက ပဟေဠိ ဆန်ဆန် ဇာတ်ကွက်အလှည့်အပြောင်းတွေနဲ့ စိတ်ဝင်စားဖို့ကောင်းတဲ့ ဇာတ်ကားလေတစ်ကားပဲဖြစ်ပါတယ်။
ကျောင်းသားတွေအများကြီးထဲကမှ ပညာသင်ဆုကိုရရှိသွားတဲ့ ဟန်နာ …ဟန်နာ့ရဲ့ ပညာသင်ဆုနဲ့ ပတ်သက်ပြီး မကျေမနပ်ဖြစ်နေတဲ့ အီလီ …
အဲ့နောက် ဟန်နာ့ရဲ့ ပညာသင်ဆုကိုဆုံးရှုံးသွားအောင် ကြံစည်မှုတွေဖြစ်ပေါ်လာတော့ ဘယ်သူလဲ အဖြေရှာကြည့်ကြတဲ့အခါမှာ …
ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲ ဆက် ကြည့်လိုက်ကြစို့နော်။
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Aung Win Htutပါ။)
https://m.media-amazon.com/images/M/MV5BNTYyYjAxMDUtNTEyMS00ZDkzLWFlMTQtNDNmM2VhMjE0YWE5XkEyXkFqcGdeQXVyMTUwNzkzOTg5._V1_FMjpg_UX1000_.jpg
My Broken Mariko (2022)
⭐IMDB: 6.4/10 (87 Votes)
🎬 #Drama
🗓️ 2022 🎞️ movie 📺 720p
🌎 #Japan
⏰ 1 နာရီ 25 မိနစ် 00 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Broken Mariko (2022)
အခုတစ်ခါတင်ဆက်ပေးမယ့် ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်ကြားကသံယောဇဉ်လေးကို သရုပ်ဖော်ထားတဲ့ ကာတွန်းစာအုပ်အား ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ rating ကောင်းကောင်းရရှိထားတဲ့ စာအုပ်ဆိုလဲမမှားပါဘူး။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်း စိတ်ဓါတ်ကျမှူ၊ စွန့်ပစ်ခံရမှုနဲ့ စော်ကားခံရမှုတို့နဲ့ ပြည့်နှက်နေတဲ့ မာရီကိုရဲ့ဘက်မှာ ရပ်တည်ပေးတဲ့သူကတော့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်သူ တိုမိုယိုရှီနိုပဲရှိပါတယ်။
မာရီကိုနဲ့ရှီနိုတို့ရဲ့ သံယောဇဉ်ဟာ အတော်လေးကိုနက်ရှိုင်းကြတယ်။ တစ်နေ့ဒီလိုနဲ့ မာရီကိုသေဆုံးသွားတဲ့သတင်းကို ရှီနိုကြားလိုက်ရတဲ့အချိန်မှာ သူအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။
ရှီနိုဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို အမှောင်ထဲကနေရုန်းထွက်ဖို့ မကူညီနိုင်ခဲ့သလို ခံစားခဲ့ရတာကြောင့် မာရီကိုရဲ့အရိုးပြာတွေကို နောက်ဆုံးခရီးတစ်ခုအတွက် လွတ်မြောက်ပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်မှာတော့ …
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Tin Myo Lwinပါ။)
https://m.media-amazon.com/images/M/MV5BNTYyYjAxMDUtNTEyMS00ZDkzLWFlMTQtNDNmM2VhMjE0YWE5XkEyXkFqcGdeQXVyMTUwNzkzOTg5._V1_FMjpg_UX1000_.jpg
My Broken Mariko (2022)
⭐IMDB: 6.4/10 (85 Votes)
🎬 #Drama
🗓️ 2022 🎞️ Movie 📺 720p HD
🌎 #Japan
⏰ 1 နာရီ 25 မိနစ် 35 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Broken Mariko (2022)
အခုတစ်ခါတင်ဆက်ပေးမယ့် ဒီဇာတ်လမ်းလေးကတော့ သူငယ်ချင်းမိန်းကလေးနှစ်ယောက်ကြားကသံယောဇဉ်လေးကို သရုပ်ဖော်ထားတဲ့ ကာတွန်းစာအုပ်အား ပြန်လည်ရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။
ဂျပန်နိုင်ငံမှာ rating ကောင်းကောင်းရရှိထားတဲ့ စာအုပ်ဆိုလဲမမှားပါဘူး။ ဇာတ်ကားရဲ့ နာမည်လေးအတိုင်း စိတ်ဓါတ်ကျမှူ၊ စွန့်ပစ်ခံရမှုနဲ့ စော်ကားခံရမှုတို့နဲ့ ပြည့်နှက်နေတဲ့ မာရီကိုရဲ့ဘက်မှာ ရပ်တည်ပေးတဲ့သူကတော့ သူ့ရဲ့တစ်ဦးတည်းသော ငယ်သူငယ်ချင်းဖြစ်သူ တိုမိုယိုရှီနိုပဲရှိပါတယ်။
မာရီကိုနဲ့ရှီနိုတို့ရဲ့ သံယောဇဉ်ဟာ အတော်လေးကိုနက်ရှိုင်းကြတယ်။ တစ်နေ့ဒီလိုနဲ့ မာရီကိုသေဆုံးသွားတဲ့သတင်းကို ရှီနိုကြားလိုက်ရတဲ့အချိန်မှာ သူအရမ်းကိုတုန်လှုပ်သွားခဲ့တယ်။
ရှီနိုဟာ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်းကို အမှောင်ထဲကနေရုန်းထွက်ဖို့ မကူညီနိုင်ခဲ့သလို ခံစားခဲ့ရတာကြောင့် မာရီကိုရဲ့အရိုးပြာတွေကို နောက်ဆုံးခရီးတစ်ခုအတွက် လွတ်မြောက်ပေးနိုင်ဖို့ စိတ်ပိုင်းဖြတ်ပြီးတဲ့နောက်မှာတော့ …
(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့Tin Myo Lwinပါ။)
https://channelmyanmar.org/wp-content/uploads/2023/01/k4.jpg
(21+) My Lovely Stepsister {SDMF-007}
⭐IMDB: ⁉️
🎬 #Adult #Asian
🗓️ 007 🎞️ Movie 📺 1080p FHD
🌎 #⁉️
⏰ 2 နာရီ 12 မိနစ် 15 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
အမူအယာလေးတွေကြည့်ရုံနဲ့ သင့်ကိုစိတ်လှုပ်ရှားစေနိုင်မယ့်ကောင်မလေးမျိုးမလိုချင်ဘူးလား မိတ်ဆွေရုပ်ရည်ကလဲ အရမ်းကို နှလုံးရပ်စေလောက်အောင်ညှိ့အားပြင်းတဲ့အပြင် ကိုယ်လုံးကိုယ်ပေါက်ကလဲ
မျက်စိမလွှဲချင်လောက်အောင် သိပ်မိမိုက်နေတော့ကဲ နာမည်လေးကတော့ Kaho Imai ပါတဲ့ဗျာပြောသလိုဖြစ်မဖြစ်ကတော့ မိတ်ဆွေကိုယ်တိုင်ကြည့်ရှုခံစားဆုံးဖြတ်ပြီးမှ ကျွန်တော့်ကိုပြန်လာပြောပေးပါ
Dark Side Production Facebook Page ခနခနပျက်နေတာကြောင့် Telegramhttps://t.me/Darksideproductionmmမှာ Join ထားပေးကြပါ။
https://m.media-amazon.com/images/M/MV5BYWM2ZDliNjItZTcxOC00NTY2LWE1ODctNzRhNGM3YWIyYjBiXkEyXkFqcGdeQXVyNTIzOTk5ODM@._V1_FMjpg_UX1000_.jpg
My Girl (1991)
⭐IMDB: 6.9/10 (83 k Votes)
🎬 #Comedy #Drama #Family #Romance
🗓️ 1991 🎞️ Movie 📺 720p HD
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Girl (1991)
ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့…။
သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ…။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။
အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး… ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်… ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်…။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။
ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ…။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်…
My Girl ဟာ နာမည်ကျော် Coming of Age ဒရာမာတစ်ခုဖြစ်ပြီး သိပ်လှပချစ်ဖို့ကောင်းသလို Macaulay Culkin လို Home Alone နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ကလေးပေါက်စနနဲ့ 80s ခုနှစ်တွေမှာတင်မက ခုထိ ကမ္ဘာကျော်နေဆဲ Jamie Lee Curtis တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 1991 ခုနှစ်ရဲ့ ကားကောင်းတွေထဲက တစ်ကားဖြစ်သလို ဒီကားမှာမှ စပြီးသရုပ်ဆောင်လောကထဲဝင်လာတဲ့ Anna Chlumsky အတွက်လည်း စပြီး နာမည်ကြီးလာစေတဲ့ ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BYWM2ZDliNjItZTcxOC00NTY2LWE1ODctNzRhNGM3YWIyYjBiXkEyXkFqcGdeQXVyNTIzOTk5ODM@._V1_FMjpg_UX1000_.jpg
My Girl (1991)
⭐IMDB: 6.9/10 (83 k Votes)
🎬 #Comedy #Drama #Family #Romance
🗓️ 1991 🎞️ Movie 📺 1080p FHD
🌎 #UnitedStates
⏰ 1 နာရီ 43 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
My Girl (1991)
ဗေဒါလေးဟာ ငယ်ငယ်လေးနဲ့ အသိကြွယ် ဉာဏ်ပြေးတဲ့ ကလေးမလေးတစ်ယောက်ပါ။ ဗေဒါ့ဖေဖေက ဈာပနအခမ်းအနားတွေ တာဝန်ယူပြင်ပေးရတဲ့သူပေါ့…။
သူ မသိတတ်ခင်ကတည်းက ဆုံးသွားတဲ့ မေမေ၊ အသိ သတိ မကောင်းတော့တဲ့ ဖွားဖွား၊ နေ့စဉ်နဲ့အမျှ ဝင်ချည်ထွက်ချည်မြင်နေရတဲ့ အလောင်းတွေနဲ့ ပူဆွေးတမ်းတသူတွေ…။ နေ့စဉ်ဘဝလိုဖြစ်နေတဲ့ သေခြင်းနဲ့ ရှင်ခြင်းကြားက မျဉ်းပါးပါးလေးကို ဗေဒါလေး ဘယ်လိုများ နားလည်ထားသလဲ။
အဆိုးတွေချည်းပဲတော့ မဟုတ်ပါဘူး… ၁၁နှစ်ဆိုတဲ့ တစ်ဆယ်စွန်းစ ဆယ်ကျော်သက်မဖြစ်တစ်ဖြစ်ကလေးမှာ အနားက အရိပ်လိုလိုက်မယ့် သူငယ်ချင်းလေး တစ်ယောက်ရှိတယ်… ကဗျာရွတ်ပြတာတွေ ကြိတ်ကြွေနေရတဲ့ ကျောင်းဆရာတစ်ယောက်ရှိတယ်…။ နှာတစ်ဖျားအသာနဲ့လည်း ရွယ်တူတွေကို ဖျံကျတတ်တယ်။
ဒါပေမဲ့လည်း အလောင်းတွေကြားမှာ ဘဝကို မြှုပ်နှံထားတဲ့ ဖအေဖြစ်သူရဲ့ အာရုံစိုက်ခံရဖို့ကိုတော့ ညစ်ကြယ်ကြယ် ဉာဉ်လေးနဲ့ နိစ္စဓူဝကြိုးစားရတုန်းပါပဲ…။ ဒီလိုနဲ့ တစ်ရက်မှာတော့ ဗေဒါတို့ သားအဖဘဝထဲကို ရှယ်လီဆိုတဲ့ မိတ်ကပ်ဆရာမတစ်ဦး ပေါက်ချလာပါတော့တယ်…
My Girl ဟာ နာမည်ကျော် Coming of Age ဒရာမာတစ်ခုဖြစ်ပြီး သိပ်လှပချစ်ဖို့ကောင်းသလို Macaulay Culkin လို Home Alone နဲ့ ကမ္ဘာကျော်ခဲ့တဲ့ ကလေးပေါက်စနနဲ့ 80s ခုနှစ်တွေမှာတင်မက ခုထိ ကမ္ဘာကျော်နေဆဲ Jamie Lee Curtis တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ 1991 ခုနှစ်ရဲ့ ကားကောင်းတွေထဲက တစ်ကားဖြစ်သလို ဒီကားမှာမှ စပြီးသရုပ်ဆောင်လောကထဲဝင်လာတဲ့ Anna Chlumsky အတွက်လည်း စပြီး နာမည်ကြီးလာစေတဲ့ ကားကောင်းတစ်ကားပါပဲ။
(ဒီဇာတ်ကားနဲ့အညွှန်းကိုZမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BNTM2ZmEwZTEtOGI4OC00NDJlLWFhYWUtNGIyMDU5NGE5OTE4XkEyXkFqcGdeQXVyMTQxNzMzNDI@._V1_FMjpg_UX1000_.jpg
Phantoms (1998)
⭐IMDB: 5.4/10 (21 k Votes)
🎬 #Horror #Sci-Fi #Thriller
🗓️ 1998 🎞️ Movie 📺 1080p FHD
🌎 #UnitedStates #Japan
⏰ 1 နာရီ 37 မိနစ် 13 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Phantoms (1998)
မြို့ငယ်လေးတစ်ခုက ရှိသမျှလူတွေအားလုံးကို နာရီပိုင်းလောက်နဲ့ အသက်ဇီဝိန်ချွေသွားတဲ့ အဖြစ်အပျက်ကြီး အမေရိကားမှာ ဖြစ်ပေါ်ခဲ့ပါတယ်။ ဇာတ်ကားကိုပြောတာနော်။ တကယ်မဟုတ်ဘူး။
မနက်ခင်းကြီး မြို့ငယ်ကနေထွက်၊ ရည်းစားတစ်ကောင်နဲ့ ပရောပရည်လုပ်နေတဲ့ အယ်လ်အေက ညီမကို အတင်းအကျပ်ပြန်ခေါ်လာတဲ့ အစ်မကြီးလုပ်သူ ညနေခင်းအချိန် မြို့ထဲအရောက်မှာ လူတွေအားလုံး ပျောက်သူပျောက် သေသူသေဖြစ်ကုန်ကြပါတယ်။ ညီအစ်မနှစ်ယောက်သား မြို့ထဲကပြန်ထွက်ဖို့ နည်းမျိုးစုံကြိုးစားပေမဲ့ ပိတ်မိသွားတဲ့အခါ…
လူသားမျိုးနွယ်ရဲ့ မျိုးတုံးပျက်သုဉ်းခြင်းကို ယူဆောင်လာနိုင်တဲ့၊ လူတွေလိုပဲ စဉ်းစားဉာဏ်အသိပညာနဲ့ Stranger thing (လူထူးသူစိမ်း) ကြီးကို အဏုဇီဝပညာရှင်တစ်ယောက်၊ ရဲအရာရှိတစ်ယောက်၊ ဆရာဝန်မတစ်ယောက်နဲ့ မနူးမနပ်အပျိုပေါက်မလေးတို့ လေးယောက်သား ဘယ်လိုရင်ဆိုင်ခဲ့သလဲဆိုတာ အထိတ်ထိတ်တလန့်လန့်ကြည့်ရှုရမယ့် ၁၉၉၈ က ဇာတ်ကားတစ်ကားပါ။
တစ်ခါတစ်ခါကျ ဇာတ်ကား Rating တွေထက် သရုပ်ဆောင်တွေက အလေးပိုသာသွားတဲ့အချိန်ရှိတတ်သလိုပဲ ဒီကားထဲပါတဲ့ သရုပ်ဆောင်များကတော့ နှယ်နှယ်ရရ မဟုတ်ပါဘူး။
ပထမဆုံး သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းဆရာ Ben Affleck ကို မြင်တွေ့ရပါမယ်။ Pearl Harbor (2001) ရဲ့ မင်းသားကြီး၊ Good Will Hunting (1997) ရဲ့ သရုပ်ဆောင်နဲ့ ဇာတ်ညွှန်းရေးဆရာ၊ ရွှေကမ္ဘာလုံးဆု သုံးဆုရှင်ကြီးက ဦးဆောင်ပါဝင်ထားပါတယ်။
မင်းသမီးကတော့ Horror Films Queen ဖြစ်တဲ့ သရဲကားထိပ်ခေါင်တင် Rose McGowan ပါပဲ။ Scream (1996) နဲ့ Devil in the Flash (1998) တို့ရဲ့ အကြီးအကျယ်အောင်မြင်ခဲ့သူ မင်းသမီးကြီးပါ။
အခြား သရုပ်ဆောင်များအနေနဲ့ Lawrence of Arabia (1962) ရဲ့ မင်းသားကြီး Peter O’Toole ရယ်၊ Joanna Going တို့လိုသရုပ်ဆောင်များနဲ့ ဝေဝေဆာဆာရိုက်ကူးထားလို့ ကြည့်ရှုအားပေးသင့်တဲ့ ဇာတ်ကားဟောင်းလေးပါလို့…
(ဒီဇာတ်ကားနဲ့အညွှန်းကိုArr Khun Winchesterမှ ပြန်ဆို ရေးသားထားပါတယ်)
https://m.media-amazon.com/images/M/MV5BNWY5MTc3MTMtYjkwMi00YjU2LWFhMjktMzZlNzc0NjhiNjZkXkEyXkFqcGdeQXVyNjI4NDY5ODM@._V1_FMjpg_UX1000_.jpg
Gangnam Zombie (2023)
⭐IMDB: 4.5/10 (27 Votes)
🎬 #Horror
🗓️ 2023 🎞️ Movie 📺 1080p FHD
🌎 #SouthKorea
⏰ 1 နာရီ 21 မိနစ် 27 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Gangnam Zombie (2023)
Ji II Jooနဲ့ Park Ji-yeon တို့ ပါဝင်သရုပ်ဆောင်ထားကြပါတဲ့ Gangnam Zombie လေးရပါပြီ။ Ji-yeonလေး ၇ နှစ်အကြာမှ ပထမဆုံးပြန်ရိုက်တဲ့ ကားလေးဖြစ်ပြီးတော့ Ji-yeon ပုံစံလေးအတိုင်း ခပ်ချေချေ စတိုင်လေးကို ပြန်တွေ့ရမှာဖြစ်ပါတယ်။
ဇာတ်လမ်းအကျဉ်း …
ကိုရိုနာအပြီး အကုန် ပြန်အဆင်ပြေဖို့ လူတွေက မျှော်လင့်နေကြတဲ့အချိန် ဆိုးလ်မြို့ရဲ့ ဂန်းနမ်ခရိုင်မှာ မြို့သူမြို့သားတွေက ပုံမှန်မဟုတ်တဲ့ ရောဂါလက္ခဏာတွေကို စတင်ခံစားလာရတယ်။
အဲဒီကနေ လူတွေက မကောင်းဆိုးဝါး ဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားပြီး ဘယ်လိုတွေ ကြုံတွေ့ရင်ဆိုင်ကြရမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာပဲ ဆက်လက်ကြည့်ရှုလိုက်ကြစို့နော်။
(ဇာတ်လမ်းအညွှန်းကိုတော့Miriက ရေးပေးထားပါတယ်။)
https://m.media-amazon.com/images/M/MV5BYTRiNDQwYzAtMzVlZS00NTI5LWJjYjUtMzkwNTUzMWMxZTllXkEyXkFqcGdeQXVyNDIzMzcwNjc@._V1_FMjpg_UX1000_.jpg
Game of Thrones (2011-2019)
⭐IMDB: 9.2/10 (2 M Votes)
🎬 #Action #Adventure #Drama #Fantasy
🗓️ 2011-2019 🎞️ tv series 📺 1080p FHD
🌎 #UnitedStates #UnitedKingdom
⏰ 52 မိနစ် 37 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Game of Thrones Season 1-8 [COMPLETE]ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….
နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး
ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။
Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်စီးရီးထဲမှာ Top ပါပဲ။Season( 8 ) မှာ အဆုံးသတ်ထားပြီး CM အနေနဲ့ အစ/အဆုံး တင်ဆက်ထားပြီးဖြစ်ပါတယ်။
https://m.media-amazon.com/images/M/MV5BYTRiNDQwYzAtMzVlZS00NTI5LWJjYjUtMzkwNTUzMWMxZTllXkEyXkFqcGdeQXVyNDIzMzcwNjc@._V1_FMjpg_UX1000_.jpg
Game of Thrones (2011-2019)
⭐IMDB: 9.2/10 (2 M Votes)
🎬 #Action #Adventure #Drama #Fantasy
🗓️ 2011-2019 🎞️ tv series 📺 1080p FHD
🌎 #UnitedStates #UnitedKingdom
⏰ 55 မိနစ် 38 စက္ကန့် (တစ်ပိုင်းလျှင်)
👑 Channel Myanmar
ဇာတ်ညွှန်း 📜
Game of Thrones Season 1 [COMPLETE]ဒီ TV Series ကို April 17, 2011 ခုနှစ်မှာ HBO ရုပ်သံလိုင်းက စတင်ထုတ်လွှင့်ခဲ့တာ ဖြစ်ပါတယ်။
George R.R. Martin ရဲ့ရောင်းအကောင်းဆုံးစာအုပ်ဖြစ်တဲ့ “A Song of Ice and Fire” စာအုပ်ကိုအခြေခံပြီး ရိုက်ကူးထုတ်လွှင့်ခဲ့တာဖြစ်ပါတယ်။ဇာတ်လမ်းကတော့ ခုနှစ်ပြည်ထောင်တိုင်းရဲ့ ပလ္လင်ကို လုကြမယ့် မျိုးနွယ်စုတွေ…မိသားစုတွေ….
နဂါးတွေ…လူရိုင်းတွေ…လူသန်ကြီးတွေ…မကောင်းဆိုးဝါးတွေ…စတဲ့ မျိုးနွယ်မတူကြသူတွေတိုက်ခိုက်ကြမှာ ဖြစ်ပြီး
ကြမ်းကြုတ်ရက်စက်မှုတွေ…..မေတ္တာတရားတွေ…လိမ်လည်လှည့်ဖျားမှုတွေ…ရိုးသားဖြောင့်မတ်သစ္စာစောင့်သိမှုတွေကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။
ဇာတ်လမ်းက တကယ့်ကို မထင်မှတ်တာတွေပဲရိုက်ပြထားပြီးသတ်တာဖြတ်တာတွေပီပြင်လွန်းတာကြောင့် စိတ်မခိုင်သူများမကြည့်သင့်ပါဘူး။
အမှန်တရားမရှိတဲ့ အရိုင်းဆန်ဆန်ခေတ်တစ်ခုကိုမြင်ရမှာဖြစ်ပြီး ပွင့်လင်းလွန်းစွာတင်ဆက်ထားပါတယ်။တကယ်လဲ လူ့လောကကြီးဆိုတာ အင်အားကြီးသူက အနိုင်ကျင့်ဗိုလ်ကျတဲ့ တောနက်ကြီးတစ်ခုပဲ မဟုတ်လား။ဇာတ်ကားက အစပိုင်းလောက်မှာ(ဇာတ်ကောင်တွေကိုမသိသေးတာကြောင့်)နည်းနည်းအေးနေပေမယ့်
နောက်ပိုင်းတွေမှာတော့ ထိုင်ရာမထ (အိပ်ရေးပျက်ခံ)ကြည့်ရှုမိမယ့် စီးရီးမျိုးဖြစ်ပါတယ်။Adventure | Drama | Fantasy | 18+ အမျိုးအစားဖြစ်ပြီး IMDb Rating က (9.5/10) ထိရရှိထားတာဖြစ်ပါတယ်။
Rating မြင့်သလို ဇာတ်ညွှန်းကလဲ ဆွဲဆောင်မှုအပြည့်ရှိတဲ့ TV Series တစ်ခုဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးရုပ်ရှင်စီးရီးထဲမှာ Top ပါပဲ။Season( 8 ) မှာ အဆုံးသတ်ထားပြီး CM အနေနဲ့ အစ/အဆုံး တင်ဆက်ထားပြီးဖြစ်ပါတယ်။
BluRay 1080p Quality နဲ့ ယခင်တင်ဆက်ဖူးတဲ့ WEb-DL 480p Quality တို့အား တင်ဆက်လိုက်ပါတယ်။Quality….BluRay 1080p / WEB-DL 480p
File Size….(1 GB Appx) / (400 MB Appx)
Format…mp4
Total Episode… 10 Episode
Subtitle….Myanmar Subtitle (Hardsub)
Encoder….Nyeinsaeya Aung1080pVIP Members >>> VIP[11GB]Complete Zip File VIP / Yoteshin[1-4] / Yoteshin[5-7] / Yoteshin[8-10]Episode 1 >>> Yoteshin / Megaup / Usersdrive
Episode 2 >>> Yoteshin / Megaup / Usersdrive
Episode 3 >>> Yoteshin / Megaup / Usersdrive
Episode 4 >>> Yoteshin / Megaup / Usersdrive
Episode 5 >>> Yoteshin / Megaup / Usersdrive
Episode 6 >>> Yoteshin / Megaup / Usersdrive
Episode 7 >>> Yoteshin / Megaup / Usersdrive
Episode 8 >>> Yoteshin / Megaup / Usersdrive
Episode 9 >>> Yoteshin / Megaup / Usersdrive
Episode 10 >> Yoteshin / Megaup / Usersdrive480pSeason 1 Complete Zip(3.86 GB)>>Yoteshin / Megaup / Userdrive Game of Thrones Season အားလုံးကို ဒီမှာ https://channelmyanmar.org/?s=game+of+thrones ကြည့်ပါ။
Yoteshin Linkကို Web Browserမှ ဒေါင်းမည့်သူများ ဒီလင့်မှာ login အရင်ဝင်ထားပေးဖို့လိုအပ်ပါတယ်။
https://m.media-amazon.com/images/M/MV5BYjg2MzY4NmUtZTA1Ny00ZTk0LWIwYTQtYjYzZmRiOTVmMGMzXkEyXkFqcGdeQXVyODE5NzE3OTE@._V1_FMjpg_UX1000_.jpg
8 x 10 Tasveer (2009)
⭐IMDB: 5.4/10 (6 k Votes)
🎬 #Action #Bollywood #Crime #Drama #Fantasy #Mystery #Thriller
🗓️ 2009 🎞️ Movie 📺 720p HD
🌎 #India
⏰ 1 နာရီ 59 မိနစ် 32 စက္ကန့်
👑 Channel Myanmar
ဇာတ်ညွှန်း 📜
8 x 10 Tasveer (2009)Action, Crime, DramaIMDb 5.4/10 (5.8K)
အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ မင်းသားကြီးအရှေးကူမားနဲ့မင်းသမီးအိုင်ရှားတာကီယာတို့ရဲ့ကားကောင်းလေးတစ်ကားပဲဖြစ်ပြီး Box Office မှာလည်းအိန္ဒိယရူပီ ၂၃၅.၈သန်းအထိ ပြန်လည်ရရှိခဲ့တဲ့ကားလေးပဲဖြစ်ပါတယ်။
ဂျယ်ဟာ မိဘပိုင်လုပ်ငန်းကို စိတ်မဝင်စားဘဲ ကိုယ်ဝါသနာပါရာကိုလုပ်ရင်းပျော်မွေ့နေသူတစ်ယောက်ပါ။
ဂျယ်ရဲ့ကောင်မလေးကတော့ ရှီလာပေါ့။ သူတို့နှစ်ယောက်ဟာ သိပ်ချစ်ကြပါတယ်။
တစ်ရက် ဂျယ်ရဲ့ဖခင်ဖြစ်သူဟာ ဂျယ်ဆီလာပြီး ကိစ္စတစ်ခုကို ပြောပြဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ ဂျယ် နားမထောင်ခဲ့ပါဘူး။ အဲ့ဒီနေ့မှာပဲ ဂျယ်ရဲ့ဖခင်ဟာ မတော်တဆ ဆုံးပါးသွားခဲ့ပါတယ်။
ဖခင်ဆုံးပြီးသွားနောက် ဂျယ်ဆီကို စုံထောက်တစ်ယောက်ရောက်လာပြီးဒီသေဆုံးမှုဟာ မတော်တဆမှုမဖြစ်နိုင်ကြောင်း။ အသတ်ခံရတာဖြစ်ကြောင်း ပြောလာပါတယ်။
ဂျယ်ဟာ လူတစ်ယောက်ရဲ့ဓါတ်ပုံတစ်ပုံကို ကြည့်ပြီး အဲ့ဒီလူရဲ့အတိတ်ကိုပြန်သွားနိုင်တဲ့လူမသိသူမသိ အစွမ်းလေးတစ်ခုရှိနေပါတယ်။
ဒီလိုနဲ့ ဖခင်ဖြစ်သူရဲ့အမှုကို တစ်ကိုယ်တော် စုံစမ်းခန်းဖွင့်လာတဲ့အခါမှာတော့ဘယ်လိုတွေ စိတ်လှုပ်ရှားစရာကောင်းလာမလဲဆိုတာကို လှည့်ကွက်လေးတွေနဲ့ရှုစားရဦးမှာဖြစ်ပါတယ်နော်။